← Chapters

သေမျိုးများကြားမှ နတ်ဘုရားတစ်ပိုင်း

Vol. 47 Ch. 681

သေမျိုးများကြားမှ နတ်ဘုရားတစ်ပိုင်း

Vol. 47 Ch. 681

….

သန့်စင်ပရောဟိတ်မအပေါ် သစ္စာခံထားကြသော ဘုန်းတော်ကြီးများသည် အနည်းငယ်မျှပင် တွန့်ဆုတ်မနေကြပေ။

သန့်စင်ဧကရာဇ်အား စိုက်ကြည့်နေသော သူတို့၏ အကြည့်များတွင် ဒေါသတရားများ တောက်လောင်လျက် ရှိ၏။

သူတို့သည် ကောင်းချီးစွမ်းအားများအား ဆုံးရှုံးခဲ့ရပြီးနောက် ခံစားခဲ့ရသော ဒုက္ခများကို ယခုချိန်ထိ မေ့ပျောက်နိုင်ခြင်း မရှိသေးပေ။

သန့်စင်ဧကရာဇ်သည် သူတို့အား ဖမ်းဆီးရန် အမိန့်ပေးခဲ့ပြီး သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးကို နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့သည်။

ဘုန်းတော်ကြီးများသည် စုဆောင်းထားသော စည်းစိမ်ဥစ္စာများကို ဆုံးရှုံးခဲ့ရရုံသာမက သူတို့၏ ဂုဏ်ပုဒ်များနှင့် ဩဇာအာဏာများကိုပါ လုယူခြင်း ခံခဲ့ရ၏။

ထို့ပြင် ရာဇဝတ်သားများကဲ့သို့ပင် ဆက်ဆံခြင်းကို ခံခဲ့ရသည့်အပြင် အပြစ်လွတ်သွားသည့်တိုင် သာမန်ပြည်သူ များထက်ပင် ပိုမိုဆိုးရွားရွာ နှိမ့်ချဆက်ဆံခြင်းများ ခံခဲ့ရလေသည်။

သူတို့သည် ယခင်သန့်စင်ပရောဟိတ်မ၏ ဘုန်းတော်ကြီးများအဖြစ် ရွေးချယ်ခံရပြီးနောက် ဂုဏ်ကျက်သရေရှိစွာ နေထိုင်ခဲ့ကြရသည်။

ထို့သော် သန့်စင်ဧကရာဇ်လက်ထက်တွင်မူ အဆုံးမဲ့ အရှက်တရားများဖြင့်သာ စိုးထိတ်စွာ နေထိုင်ခဲ့ရ၏။

သူတို့သည် အင်ပါယာအား ယခုကဲ့သို့ လက်စားချေရန် အခွင့်အရေး ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။

ယခု ပရောဟိတ်မ အသစ်ကြောင့်သာ သူတို့၏ စွမ်းအားများကို ပြန်လည်ရရှိခဲ့ရုံသာမက ပိုမို၍ပင် ခွန်အားကြီးလာခဲ့ခြင်းဖြစ်လေသည်။

သူတို့သည် ချောင်တစ်ချောင်တွင် တိတ်ဆိတ်စွာ ပုန်းအောင်းနေရန် မလိုတော့ပေ။ ယခုအခါ သူတို့၏ ကိုယ်ပိုင် ခွန်အားဖြင့်ပင် လက်စားချေနိုင်နေပြီ ဖြစ်၏။

သန့်စင် အင်ပါယာ၏ တပ်ဖွဲ့များ ကျဆုံးသွားပြီးနောက် သူတို့အနေနှင့် ယခင်ကကဲ့သို့ မြင့်မြတ်သော ကောင်းချီးခံ ဘဝမျိုးပြန်ရရှိနိုင်ရန် လူတစ်ယောက်သာ ကြားတွင် အတားအဆီး အဖြစ် ရှိနေတော့သည်။

သူတို့၏ လမ်းခရီးတွင် ကျန်ရှိနေသော နောက်ဆုံး အတားအဆီးမှာ သန့်စင်ဧကရာဇ် ကိုယ်တိုင်ပင် ဖြစ်၏။

သန့်စင်ဧကရာဇ်သည် ဒဏ်ရာရထားပြီး ယခင်ကထက် အင်အားအဆမတန် နည်းပါးနေသော အခြေအနေသို့ ရောက်ရှိနေသည်ဟူသော သတင်းကြောင့် သူ၏ တန်ပြန်တိုက်ခိုက်မှုကို စိုးရိမ်ရန် မလိုတော့ပေ။

မျက်နှာဖုံးတစ်မျိုးကို ဝတ်ဆင်ထားသော ဘုန်းတော်ကြီး တစ်ပါးသည် နတ်ဘုရားမမှ ကောင်းချီးပေးထားသော လက်နက်တစ်ခုကို မြှောက်လိုက်ကာ သန့်စင်ဧကရာဇ်အား ခုတ်ပိုင်းချလိုက်၏။

ထိုသို့ သန့်စင်ဧကရာဇ်အား တိုက်ခိုက်လိုက်သူသည် သူတစ်ဦးတည်း မဟုတ်ပေ။ အခြားဘုန်းတော်ကြီးများသည်လည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြခြင်းဖြစ်သည်။

သို့သော် သူတို့ အံ့အားသင့်သွားသည်မှာ သန့်စင်ဧကရာဇ်သည် အနည်းငယ်မျှပင် စိုးရွံ့ပုံ မရခြင်းပင်။

သူသည် အနည်းငယ်မျှပင် ကြောက်ရွံ့နေဟန် မပေါ်ချေ။

အာရန်၏ မျက်လုံးထဲ၌ အထက်ကမ္ဘာမှ မွန်းစတားများကို ရင်ဆိုင်ခဲ့ရပြီးနောက် ဤနေရာမှ ရန်သူများသည် သူ့အတွက် ကလေးကစားနေသကဲ့သို့ပင် တူညီနေခဲ့၏။

အာရန်သည် မြောက်ဘက်တိုက်မှ ကမ္ဘာကူးပြောင်းလာသူကို သတ်၍ မရနိုင်သော်လည်း သူ၏ ရှေ့ရှိ ဘုန်းတော်ကြီးများကို အဆုံးသတ်ပစ်ရန်အတွက်မူ သူ့အား တားဆီးနိုင်မည့်သူ မည်သူမျှ မရှိတော့ပေ။

ထို့နောက် အာရန်သည် လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

သူ၏ လှုပ်ရှားမှုများသည် သာမန်သေမျိုးတစ်ဦး လှုပ်ရှားနေသကဲ့သို့ အလွန် ရိုးရှင်းပုံရသည်။ သို့သော် ထူးဆန်းသော ဖြစ်ရပ်တစ်ခုတော့ ရှိနေဆဲပင်။

အာရန်၏ လှုပ်ရှားမှုနှင့်အတူ ရုတ်တရက် ကောင်းကင်ယံမှ မိုးချိန်းသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

တောက်ပပြီး ကြည်လင်နေသော ကောင်းကင်ပြင်သည် မိုးတိမ်မည်းများဖြင့် ဖုံးလွှမ်းသွားသည်။

သန့်စင်ဘုန်းတော်ကြီးများထံမှ ကျရောက်လာသော တိုက်ခိုက်မှု အားလုံးသည် အာရန်၏ လှုပ်ရှားမှုနောက်တွင် ကပ်ပါလာသော လေပြင်းတစ်ချက် အဝှေ့တွင် အလွယ်တကူပင် ပျက်စီးသွားခဲ့သည်။

အာရန်၏ လက်ရှိ အဆင့်သည် အထက်ကမ္ဘာရှိ ထိပ်ဆုံးပိုင်းနေရာများနှင့် နီးစပ်ခြင်းပင် မရှိသေးပေ။

သို့သော် အာရန်သည် နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် ထပ်တူညီသောအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် အောက်ကမ္ဘာတွင်မူ သူ၏ ဖြစ်တည်မှုသည် ပြိုက်ဘက်ကင်း အထွတ်အထိပ် အဆင့်ဟုပင် သတ်မှတ်၍ ရနေလေသည်။

သာမန် လှုပ်ရှားမှုလေး တစ်ခုတည်းဖြင့် ဘုန်းတော်ကြီးများ၏ တိုက်ခိုက်မှုကို ဖျက်ဆီးပစ်လိုက်ရုံသာမက အာရန်၏ ဆက်လက် လှုပ်ရှားမှုမှ ကပ်ပါလာသော လေပြင်းများသည် ဓားသွားများအလား ရှေ့သို့ ဆက်လက် တိုးဝင်သွားကြသည်။

"အား...."

သွေးများ ပန်းထွက်သွားပြီး လွန်ခဲ့သော စက္ကန့်ပိုင်းအလိုကမှ မောက်မားစွာ ကြွေးကြော်ခဲ့ကြသော ဘုန်းတော်ကြီးများ၏ အော်ဟစ်ငြီးတွားသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

ထို့ထက်ဆိုးရွားသည်မှာ သန့်စင်ဧကရာဇ်အနေဖြင့် သူတို့အား မည်သည့်လက်နက်ဖြင့် တိုက်ခိုက်လိုက် မှန်းကိုပင် မသိနိုင်ခဲ့ကြခြင်းပင်။

သို့သော် ထိုတိုက်ခိုက်မှုထဲတွင် သန့်စင်အော်ရာ အနည်းငယ်မျှပင် မပါဝင်ခဲ့ပေ။ ယင်းအစား သဘာဝ ဖြစ်စဉ်များကိုပင် ပြောင်းလဲစေနိုင်သော စကြဝဠာ နိယာမများကို အသုံးပြုထားသည့် တိုက်ခိုက်မှုတစ်ခုကဲ့သို့ပင် ခံစားလိုက်ကြရသည်။

အာရန်နှင့် သန့်စင်ဧကရာဇ်၏ ညီတော်အား ဝိုင်းရံထားသော ဘုန်းတော်ကြီးများသည် မျက်စိတစ်မှိတ် အတွင်းမှာပင် သေဆုံးသွားခဲ့ကြလေသည်။

သေဆုံးပြီးနောက်ပင် သူတို့၏ ခန္ဓာကိုယ်များသည် အကောင်းအတိုင်းပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။

၎င်းသည် ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုအား ဖန်တီးပေးလိုက်သည်။

"ဘာ...ဘယ်လိုလုပ်ပြီး......."

သန့်စင်ပရောဟိတ်မသည် မိမိမျက်ရှေ့မှမြင်ကွင်းအား မယုံနိုင်စွာဖြင့် မှင်သက်၍ စိုက်ကြည့်နေမိသည်။

သန့်စင်ဧကရာဇ်သည် ဒဏ်ရာရပြီး အားနည်းနေသည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သို့မဟုတ်ပါက သန့်စင်အင်ပါယာရှိ နယ်မြေများ ဤကဲ့သို့ ကျဆုံးနေချိန်တွင် သူသည် သူ၏ နန်းတော်ထဲ၌ အဘယ်ကြောင့် ပုန်းအောင်းနေဦးမည်နည်း။

သူမ၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်လာခဲ့သည်။

သန့်စင်ဧကရာဇ်သည် အစကတည်းက လိမ်ဆင်တစ်ခု ပြုလုပ်ထားခဲ့ခြင်းလား…။

သူက အားနည်းချင်ယောင်ဆောင်ပြီး ရန်သူအားလုံးကို တော်ဝင်မြို့တော် အဝန်းအဝိုင်းထဲသို့ ဆွဲသွင်းနိုင်ရန် သတင်းမှားများကို တမင်တကာ ဖြန့်ဝေခဲ့ခြင်းလား...။

ထို ဖြစ်နိုင်ခြေအားတွေးမိလိုက်သည်နှင့် သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားမိခဲ့သည်။

အကယ်၍ အာရန်သည် ဤလိမ်ညာမှုကို ထိန်းသိမ်းရန်အတွက် သူ၏ တပ်သားများနှင့် ဤအင်ပါယာ၏ ကံကြမ္မာကိုပါ စတေးခဲ့သည် ဆိုပါက ဤဧကရာဇ်၏ နှလုံးသားသည် လွန်စွာ မဲနက်လွန်းနေကာ သွေးအေးရက်စက်လွန်းသူ တစ်ဦးဟု ခေါ်ဆိုရပေမည်။

သန့်စင်ဧကရာဇ်သည် အတုအယောင် ပရောဟိတ်မအား ထောက်ခံ၍ ပူးပေါင်းလုပ်ဆောင်ခဲ့သော လူယုတ်မာ တစ်ဦးဟု သူမအနေနှင့် သတ်မှတ်ထားပြီး ဖြစ်သည်။

အတိတ်က သူမအား သစ္စာဖောက်ခဲ့သူမှာလည်း ဤ သန့်စင်ဧကရာဇ်ပင် ဖြစ်သည်။ သို့သော် ထိုလူသည် သူ၏ လက်အောက်ငယ်သားများ အပေါ်၌ပင် ဤမျှအထိ ရက်စက်နိုင်လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

သူ၏ ညီအရင်းဖြစ်သူ သေလုမျောပါး ဖြစ်နေသည့် အချိန်တွင်ပင် သူ၏ အစစ်အမှန် ခွန်အားအား ထုတ်ဖော်မပြသခဲ့ချေ။

ဤဟန်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းရန်အတွက် သူ၏ ညီတော်ကိုပင် ဤမျှအထိ ဒဏ်ရာရစေခဲ့သည်။

နောက်ဆုံး အချိန်ရောက်မှသာ သူ၏ အစစ်အမှန် ခွန်အားကို ထုတ်ဖော်ပြသလာခြင်းဖြစ်သည်။

သန့်စင်ပရောဟိတ်မသည် ထိုအကြောင်းကို တွေးမိလိုက်သောအခါ အတော်လေး မျက်နှာပျက်သွားခဲ့ရသည်။

အစောပိုင်း တိုက်ခိုက်မှုတွင် သန့်စင်ဧကရာဇ် အသုံးပြုခဲ့သော ခွန်အား၏ အရင်းအမြစ်ကို သူမပင် နားလည်နိုင်ခြင်းမရှိပေ။

အင်ပါယာ ကျဆုံးခြင်းနှင့် အင်ပါယာ၏ ကံတရား အားနည်းသွားခြင်းတို့ကြောင့် သန့်စင်ဧကရာဇ် သည် ပိုမို၍ အားနည်းသွားသင့်သည်။

သို့သော် ယင်းအစား သူသည် ပိုမို သန်မာလာနေပုံရပြီး အမျိုးအမည်ပင် မဖော်ဆောင်နိုင်သော ထူးဆန်းသည့် တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်ပြခဲ့သည်။

ထိုစဥ် ပရောဟိတ်မနှင့် ဆန့်ကျင်ဘက်အနေဖြင့် မြောက်ဘက်တိုက်မှ ကမ္ဘာကူးပြောင်းလာသူ ရိုကင်မှာမူသည် တိတ်တဆိတ် ကြိတ်၍ ပျော်ရွှင်နေမိ၏။

သူ၏ ရန်သူသည် ပိုမို ခွန်အားကြီးလေလေ သူ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်သည်။ ရန်သူ့ ခွန်အားသည် သူ့အား ပိုမို သန်မာလာအောင် ကူညီပေးနိုင်သည့် အရာပင် မဟုတ်ပါလား...။

ထို့နောက် ရိုကင်သည် သန့်စင်ပရောဟိတ်မ၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး သန့်စင်ဧကရာဇ် ၏ မြင်ကွင်းမှ သူမအား ကွယ်ထားလိုက်သည်။

အကယ်၍ သန့်စင်ဧကရာဇ် သည်သာ သူမထံ ရောက်ရှိလိုပါက သူ့အား အရင် ကျော်ဖြတ်ရမည် ဖြစ်သည်။

ပြီးနောက် သူ့အား သတ်မှသာ ထိုသို့ ကျော်ဖြတ်နိုင်မည်လည်း ဖြစ်လေသည်။

အာရန်သည် ကမ္ဘာကူးပြောင်းလာသူလူငယ်၏ တုံ့ပြန်မှုကို အတော်လေး သဘောကျသွားခဲ့သည်။

အကယ်၍ သူသာ သေချာ မသိထားခဲ့လျှင် အနာဂတ် ခြိမ်းခြောက်မှုများအား ဖယ်ရှားရန် ထိုလူငယ်အား ဦးစွာ သတ်မိပေလိမ့်မည်။ သို့သော် ယခုမူ အာရန်သည် အားလုံးကို သိထားပြီးဖြစ်၏။

"မင်း နာမည် ဘယ်လိုခေါ်လဲ"

အာရန်သည် သူ၏ ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်မှတစ်ဆင့် ထိုလူငယ်၏ နာမည်ကို သိပြီးဖြစ်သော်လည်း မိတ်ဆက်ရန်လိုသဖြင့် သည်အတိုင်း မသိချင်ယောင်ဆောင် မေးလိုက်သည်။

"လူသေတစ်ယောက်က ကျုပ်နာမည်ကို သိစရာ မလိုဘူး"

လူငယ်သည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လျက်ရှိဟန်ဖြင့် သူ၏ ဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။

"ခင်ဗျားခွန်အားတွေ ပြန်ရလာပြီဆိုရင်‌တောင် ဒီနေ့ ခင်ဗျား သေရမှာပဲ"

လူငယ်သည် အာရန်အား စိတ်တိုလာအောင် ခြိမ်းခြောက်လိုက်သည်။

အာရန်အနေဖြင့် သူ့အား ရှောင်လွှဲ၍ မရနိုင်သော သေကွင်းသေကွက် တိုက်ကွက်မျိုးဖြင့် တိုက်ခိုက်လာစေလိုသည်။

အကယ်၍ ထိုသို့ ဖြစ်လာပါက အရာအားလုံး အဆင်ပြေသွားသွားမည် ဖြစ်လေသည်။ ထို့နောက် စနစ် အနေဖြင့်လည်း သူ့အား စွမ်းအားမြှင့်တင်ပေးရန် ငြင်းဆန်စရာ အကြောင်းပြချက် ရှိတော့မည် မဟုတ်ပေ။

ထိုလူငယ်တွင် မသေမျိုးကဲ့သို့ ဖြစ်စေနိုင်သည့် ထူးဆန်းသော သွေးမျိုးဆက်များ ရှိနေကြောင်း အာရန်အနေဖြင့် သိပြီးဖြစ်သည်။

သို့သော် အာရန် မသိသေးသည့် အရာမှာ သူ ပိုင်ဆိုင်ထားသည်မှာ သွေးမျိုးဆက် တစ်ခုတည်း မဟုတ်ခြင်းပင်။

သွေးမျိုးဆက်ကြောင့် အာရန်အနေနှင့် သတိမထားမိဘဲ ကျော်သွားခဲ့မိသော အရာတစ်ခု ထပ်မံ၍ ရှိနေသေး၏။

ယင်းက ယခင် အာရန်လက်ချက်ဖြင့် သေဆုံးသွားသော အရှေ့တိုက် ဇာတ်လိုက် ရဲ့လန် ကဲ့သို့ပင် သူ့တွင်လည်း သွေးမျိုးဆက်ကို ပံ့ပိုးပေးနိုင်သည့် စနစ် တစ်ခု ရှိနေခဲ့ခြင်းပင်။

#Catfoot

All Chapters