← Chapters

အတင်းအဓမ္မ ဖိနှိပ်ခြင်း

Vol. 47 Ch. 683

အတင်းအဓမ္မ ဖိနှိပ်ခြင်း

Vol. 47 Ch. 683

....

“ခင်ဗျား... ခင်ဗျား ဘယ်လိုလုပ် သိနေတာလဲ”

ရိုကင်သည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်အား တစ်ဖက်လူ သိရှိနေကြောင်းသိလိုက်ရသဖြင့် လွန်စွာ ထိတ်လန့်သွားခဲ့ရကာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်မိသည်။

ထိုဧကရာဇ်ဆိုသူသည် သူ၏ သွေးမျိုးဆက်အကြောင်းကို သိနေရုံသာမက သူ၏ စနစ် အကြောင်းကိုပါ သိနေခဲ့၏။

စနစ်ဆိုသည့်အရာသည် ဤကမ္ဘာမှ လူများ နားလည်နိုင်မည့် အရာမျိုး မဟုတ်ပေ။

‘ခဏနေပါဦး ဒါကိုပါသိနေရအောင် သူက...’

ရူးသွပ်ဖွယ်ရာ အတွေးတစ်ခု ရိုကင် ၏ ခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

အကယ်၍ သူသာ ဤကမ္ဘာသို့ ကူးပြောင်းလာနိုင်လျှင် အခြားလူများလည်း ကူးပြောင်းလာနိုင်သည် မဟုတ်ပါလား...။

သူ ယခင်က ထိုအကြောင်းကို မစဉ်းစားမိခဲ့ပေ။

သန့်စင်ဧကရာဇ်မှ သူ၏ စနစ်အကြောင်းကို အစဖော်လိုက်သောအခါမှသာ ထိုဖြစ်နိုင်ခြေအား စတင်၍ စဉ်းစားမိလိုက်ခြင်း ဖြစ်သည်။

ဤကမ္ဘာမှ လူသားများသည် ဤကမ္ဘာ၏ အများလက်ခံထားသော အသိပညာ ဗဟုသုတများဖြင့် ချည်နှောင်ခြင်းကို ခံထားကြရသည်။

၎င်းတို့အနေဖြင့် သူ၏ ပြန်လည်ရှင်သန်နိုင်သောအစွမ်းကို နတ်ဘုရား၏ ကျေးဇူးတော် သို့မဟုတ် အားနည်းချင်ယောင်ဆောင်ခြင်းထက် ပို၍ တွေးတောနိုင်စွမ်း မရှိကြပေ။

ဤကမ္ဘာ၏ ဗဟုသုတများထက် ပိုလွန်သော အတွေ့အကြုံ ရှိသူများသာလျှင် စနစ် သို့မဟုတ် သူ၏ ထာဝရရှင်သန်ခြင်း ကဲ့သို့သော ရူးသွပ်ဖွယ်ရာ သွေးမျိုးဆက်စွမ်းရည်များ၏ တည်ရှိနေသည်ကို နားလည်နိုင်ပေလိမ့်မည်။

ရိုကင်သည် ခဏတာအတွင်း ပြောစရာ စကားလုံးပင်မဲ့သွားရ၏။

အကယ်၍ သန့်စင်ဧကရာဇ်သည်လည်း ကမ္ဘာကူးပြောင်းလာသူ တစ်ဦး ဆိုပါက နစ်ခရိုမန်ဆာမျှော်စင်သခင် ကို အနိုင်ယူနိုင်ခဲ့သည့် အကြောင်းရင်းကို ရှင်းပြပြီးသား ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဆိုပါက သန့်စင်ဧကရာဇ်၏ ရွှေလက်ချောင်းသည်လည်း သူ့ထက် အနည်းငယ်မျှပင် အားမနည်းကြောင်း သေချာလေသည်။

ယခု သူ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားပြီဖြစ်၍ သန့်စင်ဧကရာဇ်သည် သူ့အား သတ်တော့မည် မဟုတ်ဟု ခံစားမိလိုက်သည်။

ထို့ကြောင့် သန့်စင်ဧကရာဇ်အား ဒေါသထွက်အောင် ဆွပေးရုံဖြင့် ထိုကိစ္စသည် အထမြောက်တော့မည် မဟုတ်ပေ။

သူသည် ဘက်ပြောင်းရန် ဖြစ်နိုင်ခြေကိုပင် စတင် စဉ်းစားလာမိလေသည်။

အကယ်၍ သန့်စင်ဧကရာဇ်သည်သာ အမှန်တကယ် ကမ္ဘာကူးပြောင်းလာသူ တစ်ဦး ဖြစ်မည်ဆိုပါက သူတို့သည် ကမ္ဘာတစ်ခုတည်းမှ ရောက်လာကြသူများပင် ဖြစ်နိုင်လေသည်။

ထိုသို့ဆိုပါက သူတို့ အချင်းချင်း ပိုမို နားလည်နိုင်ကြမည် မဟုတ်ပါလား...။

သန့်စင်ဧကရာဇ်သည် သူ၏ အခက်အခဲများကိုပင် ပိုမို နားလည်အောင်လည်း ကူညီပေးနိုင်ပေလိမ့်မည်။

သူသည် မေးခွန်းဘောက်ချာ ကို တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးလေသည်။

အကယ်၍ သန့်စင်ဧကရာဇ်၌လည်း မေးခွန်းဘောက်ခြာနောက်ထပ်တစ်ခုသာ ရှိနေမည်ဆိုပါက စာရေးဆရာဆိုသူ နှင့် နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံရန် အခွင့်အရေးတစ်ခု ရရှိနိုင်မည်ဖြစ်၏။

ထို့ကြောင့် ၎င်းနှင့် ပူးပေါင်းခြင်းသည် သန့်စင်ပရောဟိတ်မနှင့်ပူးပေါင်းခြင်းထက် ပိုမို အကျိုးကျေးဇူးများသော လုပ်ရပ်တစ်ခုဟု ယူဆ၍ ရလေသည်။

သူသည် ပိုမိုသန်မာစွာ ပြန်လည် မရှင်သန်နိုင်လျှင်ပင် နောင်အနာဂတ်တွင် ထိုအတွက် အခွင့်အရေးများက အမြဲတစေ ရှိနေဆဲပင် မဟုတ်ပါလား...။

ကမ္ဘာကူးပြောင်းလာသူ နှစ်ဦး ပေါင်းလိုက်လျှင် သူတို့အား စိန်ခေါ်နိုင်မည့်အရာ ဤကမ္ဘာငယ်လေးတွင် မရှိတော့သဖြင့် သူတို့၏ ပြဿနာများအာလုံးစုံ ရပ်တန့်သွားလိမ့်မည်ဟုတော့ မဆိုလိုပေ။

ထိုအခါ သူသည် သန့်စင်ဧကရာဇ်နှင့် ဆန့်ကျင်စရာ မလိုတော့သဖြင့် အနာဂတ်တွင် ပိုမို သန်မာလာနိုင်သည့် နည်းလမ်းများရှာတွေ့နိုင်လေသည်။

တကယ်တော့ သူ၏ အတွေးများအားလုံးသည် သူ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားသောကြောင့်သာ ဖြစ်ပေါ်လာခြင်းမျိုး ဖြစ်လေသည်။

ထိုအခြေအနေတွင် သူသည် အစစ်အမှန် မသေမျိုးတစ်ဦး မဟုတ်ကြောင်း၊ အခြားသူများ ထင်ထားသကဲ့သို့ လျှို့ဝှက် ခွန်အားများ ရှိမနေကြောင်း သန့်စင်ဧကရာဇ်အနေနှင့် သိနှင့်ပြီးဖြစ်သဖြင့် သူ့အား သတ်စရာ မလိုဘဲ အရှင်ဖမ်းရန်သာ လိုအပ်ကြောင်း သိနေပေလိမ့်မည်။

လူငယ်သည် ထိုသို့ အဖမ်းမခံချင်ပေ။

သူ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခံလိုက်ရပြီဖြစ်သဖြင့် သူ၏ အားသာချက် တစ်ဝက်လောက်သည် တိုက်ခိုက်မှုမစတင်ခင်မှာပင် အလိုလို ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။

ထို့ပြင် တစ်ဖက်လူ၏ အကြောင်းကိုမူ သူ့အနေနှင့် အနည်းငယ်မျှပင် သိထားခြင်းမရှိချေ။

သန့်စင်ဧကရာဇ်သည် တုံးအသူတစ်ယောက် မဟုတ်လျှင် သူ့အား အသေမသတ်ဘဲ အရှင် ဖမ်းဆီးလိမ့်မည် ဖြစ်သည်။

သန့်စင်ဧကရာဇ်ထံမှ မြင်တွေ့ခဲ့ရသော အန္တရာယ်ရှိသည့် အော်ရာအရ ထိုသူသည် သူ့အား အလွယ်တကူ သတ်ပစ်နိုင်ကြောင်း ရှင်းလင်းနေသည်။

သူတို့၏ ခွန်အား ကွာခြားချက်သည် ထိုမျှအထိ လွန်စွာကြီးမားလွန်းနေမည်ဆိုပါက သူ့အား ဖမ်းဆီးရန်မှာ ကြက်ကလေး ငှက်ကလေးဖမ်းရသည့်နှယ် လွယ်ကူနေပေလိမ့်မည်။

“ခင်ဗျား ကရော ကမ္ဘာကူး...”

ရိုကင်သည် စကားမဆုံးခင်မှာပင် သူ၏ နောက်စေ့တွင် ပြင်းထန်သော ရိုက်ချက်တစ်ခုကို ခံစားလိုက်ရသည်။

ရိုကင် ၏ ရုပ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်အားသည် သာမန်လူသထက် များစွာ ကျော်လွန်နေပြီ ဖြစ်၏။

သို့သော် အာရန် ရိုက်ချလိုက်သော ခွန်အားသည် သူ၏ ခံနိုင်ရည်ထက် ကျော်လွန်သွားခဲ့သည်။

ထို့နောက် အာရန်၏ ရိုက်ချက်ကြောင့် ရိုကင်တစ်ယောက် အမြင်အာရုံများ ဝေဝါး၍ သတိလစ်သွားခဲ့သည်။

အာရန်သည် သူ့နောက်သို့ ရုတ်တရက် ဝိညာဥ်တစ်ကောင်အလားး ရောက်ရှိသွား၍ သူ့အား ရိုက်နှက်လိုက်ခြင်းဖြစ်၏။

“မင်းနဲ့ဆွေးနွေးဖို့က အချိန်မတန်သေးဘူး”

အာရန်သည် ထိုလူငယ်၏ လည်ဂုတ်ကို ဆွဲကိုင်လိုက်ပြီး ကုသဆေးလုံးအချို့ကို ညီတော် ယူရီယယ် ထံသို့ ပစ်ပေးလိုက်သည်။

“အစ်ကိုယ်တော် ဒီပြဿနာတွေကို ဖြေရှင်းပြီးတဲ့အထိ ညီတော်ပဲ သူ့ကို စောင့်ရှောက်ထားလိုက်ပါ” ဟု အာရန်သည် သန့်စင်ဧကရာဇ် အဖြစ် ဟန်ဆောင်ထားဆဲ ဖြစ်ကာ ယူရီယယ်အား ပြောလိုက်သည်။

သန့်စင်ဧကရာဇ်၏ ညီတော် ယူရီယယ် သည် ခေါင်းကို မော့လိုက်ပြီး အိပ်မက်တစ်ခုမက်နေသကဲ့သို့ ခံစားလိုက်ရ၏။

ထိုသူသည် စစ်ပွဲကာလ တစ်လျှောက်လုံး ဒဏ်ရာကြောင့် နန်းတော်ထဲမှာ ပုန်းအောင်းနေခဲ့ရသော သူ၏ အစ်ကိုတော် မှ ဟုတ်ရဲ့လား...။

အဘယ့်ကြောင့် ရုတ်တရက်ကြီး အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသနည်း။

ထို့ပြင် အစ်ကိုတော်မှ ထိုလူငယ်နှင့် အစောပိုင်းကပြောနေသော စကားများသည် မည်သည့်အဓိပ္ပါယ်နည်း။

သူ့တွင် မေးခွန်းများစွာ ရှိနေသော်လည်း ဘယ်ကစမေးရမှန်းပင် မသိတော့ပေ။ ၎င်းသည် အစိတ်အပိုင်း သန်းပေါင်းများစွာ ပါဝင်နေသော ဧရာမ ပဟေဠိကြီး တစ်ခုကဲ့သို့ပင်။

သူ့တွင် ပဟေဠိ အစိတ်အပိုင်း များစွာ ရှိနေလျှင်ပင် ပြီးပြည့်စုံသော ပုံရိပ်မရှိဘဲ ၎င်းတို့ကို နေရာမှန်တွင် ထားရှိရန် မဖြစ်နိုင်ပေ။

ဘုန်းတော်ကြီး အများအပြားသည် အာရန်၏ လက်လေး တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် အသတ်ခံခဲ့ရသည်။

ထို့ပြင် ယခုအခါ သူ၏ အစ်ကိုယ်တော်ဖြစ်သူသည် စစ်ပွဲများစွာကို အနိုင်ရစေခဲ့သော သန့်စင်ပရောဟိတ်မ၏ ထောက်တိုင်ကြီးတစ်ခုကိုပါ တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်၏။

ကျန်ရှိနေသော ဘုန်းတော်ကြီးများသည်လည်း စတင်၍ တွန့်ဆုတ်စ ပြုလာကြသည်။ သန့်စင်ပရောဟိတ်မကိုယ်တိုင် သူတို့ရှေ့တွင် ရပ်နေသည့်တိုင် သူတို့သည် ယခင်ကလောက် ယုံကြည်မှုများ မရှိကြတော့ပေ။

“ငါကိုယ်တော် အခြားလုပ်စရာတွေ ရှိသေးတာမို့ ဒီတိုက်ပွဲကို မြန်မြန်လေး အဆုံးသတ်ချင်နေတယ်။ မင်းတို့အားလုံး တပြိုင်တည်း ဝင်လာပြီး ငါကိုယ်တော်ကို အလုပ်ရှုပ် သက်သာအောင် လုပ်ပေးရင် ပိုမကောင်းဘူးလား” ဟု အာရန်က ဘုန်းတော်ကြီးများအား မေးလိုက်သည်။

သူ၏ ပတ်ပတ်လည်တွင် ဘုန်းတော်ကြီး ရာပေါင်းများစွာ ရှိနေသေး၏။

သူတို့သည် အကွာအဝေး တစ်ခုတွင် စောင့်ကြည့်နေကြသော်လည်း အာရန်အနေဖြင့် ၎င်းတို့အား ထွက်သွားခွင့်ပြုရန် ရည်ရွယ်ချက် မရှိပေ။

အာရန်သည် အတိတ်က သန့်စင်ဧကရာဇ်အဖြစ်နှင့် သူတို့၏ ပိုင်ဆိုင်မှုများနှင့် ယုံကြည်ခြင်းများကိုသာ ရယူပြီး အသက်ချမ်းသာခွင့် ပေးထားခဲ့ဖူးသည်။

သို့သော် ၎င်းတို့သည် သူ၏ ကရုဏာကို တန်ဖိုးမထားဘဲ သူ၏ ဦးခေါင်းအား လာရောက်ယူငင်ရန် ကြိုးစားခဲ့ကြသည်။

သူသာ သန့်စင်အင်ပါယာကို ပြန်လည် ကယ်တင်ချင်လျှင် လမ်းဟောင်းအတိုင်း လျှောက်၍ မရတော့ပေ။

ဤတစ်ကြိမ်တွင် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်လာပြီ ဖြစ်သဖြင့် ယုံကြည်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ကောင်းချီး စွမ်းအားများသည်လည်း သူ့မျက်လုံးထဲတွင် အရေးမပါတော့သောကြောင့် နိုင်ငံသားများ၏ ယုံကြည်မှုအား ယခင်ကကဲ့သို့ မလိုအပ်တော့ချေ။

ယခု အာရန်၏ မျက်လုံးထဲတွင် ဤနေရာရှိ ဘုန်းတော်ကြီးများသည် သူ့အတွက် အတွေ့အကြုံ အမှတ်များသာ ဖြစ်လေ၏။

ပို၍ အရေးကြီးသည်မှာ သူတို့သည် စစ်တုရင် နယ်ရုပ်လေးများသာ ဖြစ်နေကြသည်။

အာရန်အနေနှင့် သူကိုယ်တိုင် ရှိမနေသည့် အချိန်များတွင် ယခုကဲ့သို့ သူ့အားပြန်လည် ပုန်ကန်ရဲခြင်းမျိုးနောက်ထပ် မရှိလာစေရန်နှင့် နိုင်ငံသားများ၏ နှလုံးသားထဲတွင် အကြောက်တရားများ ကိန်းအောင်းသွားစေရန် ဤဘုန်းတော်ကြီးများအား နမူနာအဖြစ် သတ်ပြမှသာ ဖြစ်ပေလိမ့်မည်။

သူသည် အောက်ကမ္ဘာတွင် အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်ပြီး အခြား အရှုပ်ထုပ်များကို ဖြေရှင်းရဦးမည် ဖြစ်၏။

ထိုအချိန်တွင် မလိုလားအပ်သော ပြဿနာများ နောက်ထပ် ရောက်ရှိလာမည်ကို သူ မလိုလားတော့ပေ။

ထို့နောက် အာရန်သည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီးနောက် လက်‌ဖျောက်တစ်ချက် တီးလိုက်သည်။

ဂီတသံစဉ် တစ်ခုကဲ့သို့ပင် ညီညာစွာဖြင့် ဘုန်းတော်ကြီးများ၏ ခေါင်းများသည် စတင် ပေါက်ကွဲထွက်ကုန်ပြီး ၎င်းတို့၏ သွေးများသည် နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။

သို့သော် အာရန်အနေနှင့် မည်သည့် စွမ်းရည်ကိုမျှ အသုံးပြုရန် မလိုအပ်ခဲ့ပေ။

ငရဲဘုံရှိ ပထမမူလကြယ် နှင့် အဆင့်တူညီလုနီးပါးဖြစ်သာ နတ်ဘုရားတစ်ပိုင်းအဆင့် တစ်ဦး အနေဖြင့် သူ၏ အော်ရာနှင့် တည်ရှိမှု တစ်ခုတည်းကပင် ဘုန်းတော်ကြီးများ၏ သိစိတ်ကို လွှမ်းမိုးပြီး သတ်ဖြတ်ပစ်ရန် လုံလောက်နေသည်။

ဤသို့ဖြင့် ဧရိယာ တစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းသွားပြီး အချို့မှာ အကြောက်လွန်း၍ ကျောက်ရုပ်ကဲ့သို့ ကြက်သေသေနေသော သန့်စင်ပရောဟိတ်မ ဆီသို့ပင် လွင့်စဉ် သွားခဲ့ကြသည်။

#Catfoot

All Chapters