← Chapters

ကျုပ်ကို ခစားပါ

Vol. 47 Ch. 684

ကျုပ်ကို ခစားပါ

Vol. 47 Ch. 684

...

“ခွန်အားကြီးမားတဲ့သူဖြစ်ရတာ ဘယ်လိုလဲ ခံစားလို့ကောင်းတယ် မဟုတ်လား”

သန့်စင်ပရောဟိတ်မသည် မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်နိုင်မီမှာပင် အာရန်၏ စကားလုံးများသည် သူမ နားထဲတွင် ပေါ်လာခဲ့သည်။

အာရန်သည် ရုတ်တရက် နေရာရွှေ့ပြောင်းခြင်းအစွမ်း သုံးလိုက်သကဲ့သို့ သူမ၏ အနားသို့ ရောက်ရှိနေခြင်းဖြစ်ပြီး သူ၏ နှုတ်ခမ်းများသည် သူမ နားရွက်နှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။

အကယ်၍ ဘဝသည်သာ ဂိမ်းတစ်ခု ဆိုလျှင် သူသည် အဆင့်ကြီးတစ်ခုအား ကျော်ဖြတ်ခဲ့သည်ဟု ဆိုလိုနိုင်သည်။

ယခင်အဆင့်ကို အလုံးစုံကျွမ်းကျင်အောင် မလေ့ကျင့်ပါဘဲ နောက်တစ်ဆင့်သို့ ခုန်တက်ရောက်ခြင်းသည် အန္တရာယ်များသည်မှာသော်လည်း ယခင်အဆင့်သို့ ပြန်ရောက်သွားချိန်တွင်မူ အကျိုးကျေးဇူးများသည် လုံးဝကို သိသာထင်ရှားသွားခဲ့ပြီ ဖြစ်၏။

သန့်စင်ပရောဟိတ်မသည် အနောက်တိုက် ဝတ္ထု၏ ဇာတ်လိုက်မ ဖြစ်သဖြင့် တိုက်ကြီးတစ်ခုလုံး၏ ကံတရားကို ပိုင်ဆိုင်ထားသည်ဆိုလျှင်ပင် လိုက်ဆန်ဒါ ကဲ့သို့သော နတ်ဘုရားတစ်ပိုင်းအဆင့်တစ်ဦးကို ယှဉ်ပြိုင်နိုင်မည်တဲ့လား..။

ယခု အာရန်သည် ထိုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သန့်စင်ပရောဟိတ်မသည် အနောက်ဘက်တိုက်ကြီး၏ ယခင် အရှင်သခင်အား ရင်ဆိုင်ခဲ့ဖူးပြီးဖြစ်သည်။

သို့သော် ထိုအရှင်သခင်သည်ပင် အာရန်လောက် သူမအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ခံစားချက်မျိုး မပေးစွမ်းနိုင်ခဲ့ပေ။

ထို့ပြင် သူမ၏ ဗီဇသိစိတ်ကလည်း သူမကို ထိုလူအား မတုံ့ပြန်ရန် သတိပေးနေသည်။

ဤဖိအားအောက်တွင်ပင် သူမသည် အသက်ရှူကြပ်သကဲ့သို့ ခံစားနေရပြီဖြစ်၏။ ပြည်သူများ၏ ကိုးကွယ်မှုမှတစ်ဆင့် ရရှိထားသော သန့်စင်ကောင်းချီးများကပင် ဤအော်ရာအား တွန်းလှန်နိုင်ရန် မလုံလောက်ပေ။

“ရှင်က ဘယ်သူလဲ”

အာရန်ထံမှ ထွက်ပေါ်နေသော ကြောက်ရွံ့ဖွယ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ဖိအားမျိုးသည် သာမန် လူသားတစ်ဦး ပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။ တစ်ချက်ချက်တွင် အာရန်၏ အော်ရာသည် သေခြင်းစွမ်းအင်များကို အသုံးပြုသော နစ်ခရိုမန်ဆာမျှော်စင်သခင် ကဲ့သို့ နတ်ဆိုးဆန်ဆန် အော်ရာနှင့်ပင် တူညီနေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ အာရန်၏ အော်ရာသည် ပိုမို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိနေပြီး သူမ နားလည်နိုင်သော အဆင့်ထက် ကျော်လွန်နေခြင်းပင်။

ဤကဲ့သို့ အစွမ်းများရရှိလာစေရန် သူ့အနေနှင့် မည်သို့သော အခွင့်အရေးများ ရရှိခဲ့သနည်း။

ယခင် သန့်စင်ပရောဟိတ်မအနေဖြင့် ၎င်းအား တိုက်ခိုက်ခြင်းပင် မပြုဘဲ အရှုံးပေးပြီး စွမ်းအားများကို စွန့်လွှတ်ခဲ့ရခြင်းမှာ ဤအကြောင်းရင်းကြောင့်များလား...။

“ကျွန်မ...ကျွန်မတို့တပ်တွေ ဒီကနေ ပြန်ဆုတ်ခွာပေးပါ့မယ်” ဟု သန့်စင်ပရောဟိတ်မသည် အနည်းငယ် တုံ့ဆိုင်းစွာ ပြောလိုက်ပြီး ဤကျုးကျော်မှုအား လက်လျော့လိုကြောင်း ထုတ်ဖော်ပြသလိုက်သည်။

အကယ်၍ သူမ၏ ကိုယ်ပိုင် ကြောက်ရွံ့မှု သက်သက်ဖြင့်သာ ဆိုလျှင် သူမသည် သူမကိုးကွယ်သော နတ်ဘုရားမ၏ အကူအညီကို ယူရန် ကြိုးစားဦးမည် ဖြစ်၏။

သို့သော် နတ်ဘုရားမ ကိုယ်တိုင်ကပင် သူမအား ဤနေရာတွင် နောက်ပြန်လှည့်ရန် ပြောနေခဲ့သည်။

သူမအား ကောင်းချီးစွမ်းအင်များ ပေးသနားခဲ့သော နတ်ဘုရားမသည် ဤအောက်ကမ္ဘာကို အုပ်စိုးခဲ့သော နတ်ဘုရားမတစ်ပါး ဖြစ်လေသည်။

လွန်ခဲ့သော ရာစုနှစ်များအတွင်း အောက်ကမ္ဘာတွင် ကြီးမားသော ပြောင်းလဲမှုကြီးများ မဖြစ်ပေါ်မီ အချိန်ကဖြစ်လေသည်။

နတ်ဘုရားများစွာသည် အောက်ကမ္ဘာသို့ အပြိုင်အဆိုင် ဆင်းသက်လာပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ဤကမ္ဘာရှိ ကိစ္စရပ်များကို အထူးဂရုပြုခဲ့ကြသည်။

သူတို့သည် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာကို လာရောက် ရှာဖွေရန် ကြိုးစားခဲ့ကြသကဲ့သို့ပင်။

နတ်ဘုရား အများစုသည် ထိုအရာ သို့မဟုတ် ထိုသူကို မည်သို့မျှ ရှာဖွေမတွေ့သဖြင့် အချိန်တစ်ခု ကြာပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

ဤကမ္ဘာသည် အားနည်းလွန်းသည်မှာ မှန်သော်လည်း ၎င်း၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးထားသော အခြားဖြစ်တည်မှုကြီး တစ်ခု ရှိနေခဲ့သဖြင့် နတ်ဘုရားများအနေဖြင့် အချိန်ကြာကြာ နေ၍ မရနိုင်ခဲ့ပေ။

သူတို့သည် ဤနေရာသို့ ကိုယ်တိုင် ဆင်းသက်လာခြင်းဖြင့်ပင် စည်းမျဉ်းအချို့ကို ချိုးဖောက်ခဲ့ပြီး ဖြစ်သဖြင့် အထက်ကမ္ဘာများသို့ ပြန်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။

ကံမကောင်းစွာဖြင့် သူတို့၏ ခေတ္တခဏ အလည်အပတ် ခရီးသည် ဤအောက်ကမ္ဘာ၏ အရာအားလုံးကို ပြောင်းလဲစေခဲ့သည်။

ယခင် ဤကမ္ဘာမှ နတ်ဘုရားများထဲမှ အချို့သည် သေဆုံးသွားခဲ့ကြကာ အချို့မှာ ဤကမ္ဘာမှ ထွက်ခွာသွားခြင်းမျိုး ပြုလုပ်ခဲ့ကြရသည်။

ဤသို့ဖြင့် အရှင်သခင် အသစ်လေးဦး ဦးဆောင်သော ခေတ်တစ်ခေတ် ပေါ်ထွက်လာခဲ့ကာ ဤတိုက်ကြီးလေးခုကမ္ဘာ၏ နေရာအသီးသီးကို ၎င်းတို့၏ သီးခြား လွှမ်းမိုးနိုင်သော ခွန်အားများဖြင့် အုပ်စိုးခဲ့ကြသည်။

သို့သော် ပိုမိုအရေးကြီးသည့် အချက်တစ်ချက်မှာမူ အရှင်သခင်လေးဦး ကြားထဲတွင်ပင် ရှိနေဆဲပင်။

၎င်း အရှင်သခင်များ၏ ရည်ရွယ်ချက်မှာ နတ်ဘုရားများ ရှာဖွေရန် ပျက်ကွက်ခဲ့သော အရာသို့မဟုတ် တစ်စုံတစ်ယောက်အား ဆက်လက် ရှာဖွေရန် ဖြစ်၏။

ဤကမ္ဘာ၏ ဇာတ်လိုက်မကို ကူညီပေးသော နတ်ဘုရားမသည်လည်း ထိုကပ်ဘေးကာလတွင် ကျဆုံးသွားခဲ့ရသူ ဖြစ်လေသည်။

ယခုအခါ သူမသည် ဝိညာဉ်ပုံစံဖြင့်သာ ကျန်ရှိတော့ပြီး အချိန်အများစုတွင် အိပ်ပျော်နေလေ့ရှိသည်။

အနာဂတ်အာရန်၏ လက်ချက်ဖြင့် အလင်းဘုရားကျောင်း၏ နတ်ဘုရားမ သေဆုံးခဲ့ပြီးနောက်မှသာ ဤအနောက်တိုက်၏ ဥပဒေသအချို့ ပြန်လည် နာလန်ထူလာနိုင်ခဲ့ပြီး သူမ၏ ဝိညာဉ်သည်လည်း ပြန်လည် နိုးထလာနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် ထိုဝိညာဉ်ကိုယ်တိုင်သည်ကပင် သန့်စင်ပရောဟိတ်မအား ဤနေရာမှ ထွက်ခွာရန်နှင့် ဤလူအား မဆန့်ကျင်ရန် ပြောဆိုနေခြင်း ဖြစ်သည်။

သန့်စင်ပရောဟိတ်မအနေဖြင့် မသိနိုင်သော်လည်း မူလနတ်ဘုရား၏ ဝိညာဉ်အကြွင်းအကျန်မှာမူ ဤလူငယ်၏ ခွန်အားသည် ဤကမ္ဘာ၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်လုနီးပါး ရောက်ရှိနေပြီဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နေရ၏။

အကယ်၍ ထိုသန့်စင်ဧကရာဇ်ဆိုသည့် လူငယ်သည်သာ ယခုထက် အနည်းငယ်မျှလောက် ထပ်မံ၍ ပိုမိုသန်မာလာခဲ့လျှင် အခြား နတ်ဘုရားများ မောင်းထုတ်ခံရသကဲ့သို့ သူသည်လည်း ဤကမ္ဘာမှနေ၍ မောင်းထုတ်ခံရပေလိမ့်မည်။

“ဒါက မင်းရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်လား။ ဒါမှမဟုတ် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့သူမရဲ့ ဆုံးဖြတ်ချက်လား”

သန့်စင်ပရောဟိတ်မသည် အာရန်၏ မေးခွန်းကြောင့် ထိတ်လန့်တကြားဖြစ်သွားခဲ့ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

သို့သော် အာရန်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပရောဟိတ်မ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ သူ့အနားသို့ ဆွဲယူလိုက်သည်။

“ဒီနေရာက မင်း သဘောရှိ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ပြီး ဘာလျော်ကြေးမှ ပြန်မပေးဘဲ သွားလို့ရတဲ့နေရာသို့ တကယ်ကြီး ထင်နေတာလား”

“ရှင် ဘယ်လို လျော်ကြေးမျိုး လိုချင်တာလဲ”

သန့်စင်ပရောဟိတ်မသည် အာရန်၏ လက်အတွင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်ခဲ့ပေ။

“ဘာလျော်ကြေးမျိုး လိုချင်တာလဲ ဟုတ်လား”

“လျော်ကြေးကတော့ ....... ဒီမှာ နေခဲ့ပြီး ကျုပ်ကို ခစားရမယ်”

အာရန်သည် ပရောဟိတ်မ၏ မျက်လုံးများထဲသို့ စူးစိုက်ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

သူ၏ စကားများသည် ပရောဟိတ်မအား မှင်သက်သွားစေခဲ့သည်။

သူက သူမအား အမှန်တကယ်ပင် အစေခံ လုပ်ခိုင်းနေတာလား....။

သူ၏ ရိုးရှင်းသော စကားလုံးများ နောက်ကွယ်တွင် အဓိပ္ပါယ်များစွာ ပါဝင်နေလေသည်။

ထိုဧကရာဇ်သည် ထိုမျှလောက်ထိ ခွန်အားကြီးမာနေသူတစ်ဦးဖြစ်သဖြင့် သူမအား မည်သို့သော အလုပ်မျိုး စေခိုင်းစေလို၍ဖြစ်မည်နည်း။

သူ့အတွက် တိုက်ခိုက်စေလိုခြင်းတော့ မဖြစ်နိုင်ဘူး။

ထို့နောက် သူမအနေဖြင့် မကောင်းသော ခံစားချက်တစ်ခု ရရှိလိုက်သည်။

“ရှင်... ရှင် ကျွန်မကို ဘာလုပ်စေချင်တာလဲ”

သူမ၏ အကြည့်တွင် မရေရာမှုများနှင့် ကြောက်ရွံ့မှု အနည်းငယ် ပြည့်နှက်နေခဲ့၏။

သူမသည် ဤဆိုးယုတ်သည့် ဧကရာဇ်အား သတ်ဖြတ်ချင်နေခဲ့သည်။

သို့သော် နောက်ဆုံးတွင်မူ ဆန့်ကျင်ဘက်အနေဖြင့် သူ့အား ပြန်လည်၍ အလုပ်အကျွေး ပြုရတော့မည်တဲ့လား....။

သန့်စင် ဧကရာဇ်သည် သူမအား သူ၏ အိပ်ရာအတွင်း နွေးထွေးအောင် ပြုလုပ်စေလိုနေခြင်း များလား...။ သို့မဟုတ် ထိုအရာထက် ပိုမို ဆိုးရွာသော ကိစ္စများတွင် ခိုင်းစေလို၍လား....။

အာရန်သည် ပရောဟိတ်မ၏ အတွေးကို မြင်နိုင်နေသကဲ့သို့ သူ၏ နှုတ်ခမ်းများ အထက်သို့ ကွေးညွတ်သွားခဲ့သည်။

“ကျုပ်က မင်းကို ပြောနေတာ မဟုတ်ဘူး ကလေးမရေ။ ကျုပ်ပြောနေတာ မင်းခန္ဓာကိုယ်ထဲက သူမကို...”

အာရန်၏ အကြည့်သည် သန့်စင်ပရောဟိတ်မ၏ မျက်လုံးများဆီမှ မခွာဘဲ နတ်ဘုရားမ၏ ဝိညာဉ် ပုန်းအောင်းနေသော နေရာအား တည့်တည့်စိုက် ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။

သူသည် သန့်စင်ပရောဟိတ်မအား သူ့အတွက် အလုပ်လုပ်စေချင်သည်မှာ အမှန်ပင်။ သူမသည် အတော်လေး အသုံးဝင်သူတစ်ဦးဖြစ်သည့်အပြင် သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်စရာ မလိုဘဲ ကိစ္စရပ်အတော်များများအား ကိုင်တွယ်ဖြေရှင်းရန် စေခိုင်းနိုင်လေသည်။

သို့သော် သူမသည် အရှင်ထားလျှင် အသုံးဝင်သည်မှာ မှန်သော်လည်း သေသွားလျှင် ပို၍ပင် အသုံးဝင်လေသည်။

ထို့ပြင် အာရန်အနေဖြင့် ဤကမ္ဘာမှ ဇာတ်လိုက်များကို သတ်ဖြတ်ရန် လိုအပ်လေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက အချိန်နှင့် ဆက်စပ်နေသော သူ၏ သွေဖယ်ခြင်း သွေးမျိုးဆက်အား နိုးထစေရန် တစ်ခုတည်းသော သဲလွန်စ ဖြစ်သောကြောင့်ပင်။

ပြီးခဲ့သည့်အကြိမ် ဇာတ်လိုက်များကို သတ်ဖြတ်ခဲ့စဉ်က သူ၏ သွေးမျိုးဆက် နိုးထမှုနှုန်းသည် များစွာ မြင့်တက်လာခဲ့သည်။

ထို့အပြင် အထက်ကမ္ဘာတွင် အန္တရာယ်များစွာ ရှိနေပြီဖြစ်သဖြင့် နောက်တစ်ခေါက်ပြန်သွားရန် သူ၏ အသက်နှင့် လောင်းကြေးထပ်လိုစိတ် မရှိပေ။

သူ့အနေဖြင့် ဆင်းသက်ခြင်းအစွမ်းကို အသုံးပြုခဲ့သည့် အချိန်ကတည်းကပင် သန့်စင်ပရောဟိတ်မအား သတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်၏။

သူသည် ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

သို့သော် ထိုသို့ မပြုလုပ်မီ သူမ အသက်ရှင်ရန် ကူညီပေးနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးအား ဖယ်ရှားပစ်ရန်လိုအပ်သေးသည်။

၎င်းက နတ်ဘုရားမ တစ်ပါး၏ ဝိညာဉ်မျှသာ ဖြစ်သည် ဆိုသော်လည်း တစ်ချိန်က အထက်ကမ္ဘာသို့ပင် ရောက်ရှိခဲ့ဖူးသူ တစ်ဦး ဖြစ်လေသည်။

အနောက်ဘက်တိုက်ကြီး ဝတ္ထု၏ အဆုံးတွင်မှ ဤဝိညာဉ်၏ အစစ်အမှန် လျှို့ဝှက်ချက်ကို ဖော်ပြမည်ဖြစ်ရကာ ၎င်းက အာရန်အတွက် လက်လွှတ်မခံလိုသော အရာတစ်ခုလည်း ဖြစ်နေခဲ့သည်။

အကယ်၍ သူသည် သန့်စင်ပရောဟိတ်မအား သည်အတိုင်း ချက်ချင်း သတ်ဖြတ်ရန် ကြိုးစားမိပါက ဤဝိညာဉ်အနေဖြင့် သူမအား လွတ်မြောက်ရန် မည်သည့် လျှို့ဝှက်နည်းလမ်းများ ရှိနေမည်ကို သူ့အနေနှင့် မသေချာပေ။

ဖြစ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်ရန်အတွက် သူသည် ထိုဝိညာဉ်အား အရသိမ်းပိုက်ရန် ရည်ရွယ်ထားသည်။

“ရှင်....”

ထိုစကားများက သန့်စင်ပရောဟိတ်မအား ထပ်မံ၍ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားစေခဲ့သည်။

အာရန်သည် သူမ၏ လျှို့ဝှက်ချက်ဖြစ်သော နတ်ဘုရားမ၏ ဝိညာဉ်အကြောင်း သိနေရုံသာမက သူ့အတွက်ပါ ၎င်းနတ်ဘုရားမအား အသုံးချနေလိုသည်တဲ့လား...။

ထို့နောက် သတိပြန်လည်လာသောအခါ “ဒါတော့ လုံးဝ မဖြစ်နိုင်ဘူး” ဟု သန့်စင်ပရောဟိတ်မလေးတစ်ယောက် ခါးခါးသီးသီး အော်ဟစ်၍ ပြောလိုက်မိသည်။

#Catfoot

All Chapters