← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 14 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 14 Ch. 155-156

အခန်း ( ၁၅၅ ) လူမှားပြီး သွားရှုပ်မိခြင်း။

တပ်သား အမျာစုက ချပ်ဝတ်တန်ဆာတောင် ဝတ်ဆင်မထားဘဲ စစ်တန်းလျားတွေဆီ ပြေးသွားခဲ့ကြသည်။

ဆူညံသံတွေကြောင့် ဝူလင် နိုးလာချိန်မှာတော့ တပ်သား တစ်ဝက်ကျော်လောက်က ခြေရာလက်ရာတောင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ကျန်တဲ့ တပ်သာတွေကလည်း မတရား အရက်မူးနေကာ မတ်တပ်ရပ်နိုင်ဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့သည်။

“ ဘာတွေ ဖြစ်နေတာလဲ။ ” ဝူလင်က ဒေါသထွက်သွားပြီး အတိုင်ပင်ခံထန်ကို အော်ပြောလိုက်သည်။ “ မင်း ရွာလူကြီးချူကို ဘာပြောထားတာလဲ။ သူ ဘာလို့ ငါတို့ကို ရုတ်တရက်ကြီ လာတိုက်ခိုက်တာလဲ။ ”

“ ဟို … ” အတိုင်ပင်ခံထန်က ကြောက်ရွံ့မှုကြောင့် ချွေးစေးတွေ စိမ့်ထွက်နေသည်။ “ သူ ပိုပြီး ယုတ္တိရှိရှိနဲ့ သဘာဝကျအောင် ဟန်ဆောင်နေတာ ဖြစ်မယ် ထင်တယ်။ ”

“ ဒါကို မင်းက ဟန်ဆောင်တယ်လို့ ပြောနေတာလား။ ”

ဝူလင်သည် အတိုင်ပင်ခံထန်ကို ချောက်ကမ်းပါးစွန်းကနေ ကန်ချပစ်ချင်သွား၏။

ရွက်ဖျင်တဲ တော်တော်များများက မီးစွဲနေပြီ ဖြစ်ပြီး အယောက် ( ၁၀၀ ) ထဲက ခေါင်းဆောင်တစ်ယောက်ကိုတောင် မမြင်ရတော့ပါ။ တပ်သားတွေက ဉီးခေါင်းမဲ့သော ယင်ကောင်တွေပမာ ဆောက်တည်ရာမရ ဖြစ်နေပြီး တစ်ဝက်ကျော်လောက်က တိုက်ပွဲအရိပ်အယောင်တွေကို စမြင်ကတည်းက ထွက်ပြေးစွန့်ခွာသွားခဲ့ပြီပင်။

ဒါက စစ်တပ်မှ မဟုတ်တော့တာ ၊ ဒုက္ခသည် လူစုကြီး ဖြစ်နေပြီ။ သူ့တပ်သားတွေက ဘယ်အချိန်တုန်းက ဒီလောက်တောင် ပျော့ညံ့သွားတာလဲ … ။

“ တပ်သားတွေ အကုန်လုံးကို ဒီမှာ စုခိုင်းလိုက်။ ထွက်ပြေးတဲ့ ဘယ်သူ့ကိုမဆို ဘာမှ မေးမြန်းမနေဘဲ သုတ်သင်ပစ်လိုက်။ ”

“ အခြေအနေကို ချက်ချင်း ထောက်လှမ်းပြီး ဘာတွေ ဖြစ်ကုန်တာလဲ ဆိုတာ ရအောင် စုံစမ်းခဲ့။ ”

ဗိုလ်မှူးရဲ့ လောဆော်မှုဟာ သူ့ဘေးက တပ်သားတွေကို အမူးပြေသွားစေခဲ့သည်။ သူတို့က တပ်သားတွေကို ဖြည်းဖြည်းချင်း စတင်စုဝေးခဲ့ပြီး ခါးလေးတွေကို ကုန်း၍ စခန်းအစပ်ကို သွာကာ အခြေအနေကို စူးစမ်းခဲ့ကြသည်။

ခေါင်းဆောင်ကျန်းကတော့ အလွန်အမင်း ဒေါသထွက်နေသလို ဟန်ဆောင်ပြီး ဗိုက်ကို တင်းကျပ်စွာ ဖိထားခဲ့သည်။

“ အဲ့ဒီ သောက်ကျိုးနည်း ဟုန်ရှန်းသစ်တပ်က ခွေးတွေက ငါတို့ကို ထောင်ချောက်ဆင်ပြီး ငါတို့ရဲ့ စစ်တပ် တစ်တပ်လုံးကို ရှင်းပစ်ဖို့ ကြိုးစားနေတာ။ သူတို့ကို ပြန်ခံတိုက်ကြမယ် ညီအစ်ကိုတို့။ ”

တပ်သားတွေက ပုံမှန်အတိုင်းဆို လုပ်ချင်ကိုင်ချင်စိတ်မရှိ ပျင်းရိနေတတ်သော်လည်း သွေးကြွလွယ်တဲ့ လူငယ်တပ်သားတွေမို့ ခေါင်းဆောင်ကျန်းရဲ့ စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

“ မင်း ဘာလုပ်ဖို့ ကြံနေတာလဲ။ ”

“ လက်လွတ်စပယ် မလုပ်ကြနဲ့ဦး။ ကျွန်တော်တို့ အခုထိ ဘာအမိန့်မှ မရသေးဘူး။ ”

“ အမိန့် … ဟုတ်လား။ ” ခေါင်းဆောင်ကျန်းက လှောင်ရယ်လိုက်သည်။ “ စခန်းတောင် ပြာကျနေပြီကို အဲ့ဒီ ခေါင်းဆောင် အယောက် တစ်ရာ ၊ တစ်ထောင်တွေက ဘယ်ရောက်နေတာလဲ။ အရိပ်တောင် မမြင်ရဘူး။ ထွက်ပြေးသွားတာ ကြာလှပြီ နေမှာပေါ့။ ”

သူတို့က ထိုစကားကို မယုံကြည်ချင်ပုံဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သော်လည်း အဲ့ဒါက အမှန်တရားဖြစ်ပုံပေါ်သည်။

ခေါင်းဆောင်ကျန်းက ယုံကြည်လက်ခံချင်စရာကောင်းသော ပုံစံဖြင့် အခိုင်အမာ ကြေညာလိုက်သည်။ “ ကျွန်တော်တို့က ဝူလင်ရဲ့ တပ်သားတွေပဲ။ တခြားလူတွေကို ကျွန်တော်တို့အပေါ် အသားစီးယူခွင့် မပေးနိုင်ဘူး။ ညီအစ်ကိုတို့ ၊ ကျွန်တော်တို့က ဝူလင်ရဲ့ လူတွေပဲ။ ကျွန်တော်နဲ့ အတူတူ လိုက်ပြီး ဟုန်ရှန်းသစ်တပ်ကို တန်ပြန် ထိုးစစ်ဆင်ကြမယ်။ ”

ပုံမှန်ဆို မတက်ကြွပေမဲ့ အကုန်လုံးက သွေးကြွလွယ်တဲ့ လူငယ်တပ်သားတွေပီပီ သူ့စကားကို ချက်ချင်း တုံ့ပြန်ခဲ့ကြသည်။

“ ဒါဆို မင်း ဘယ်လို ထိုးစစ်ဆင်ဖို့ စီစဉ်ထားလဲ။ ”

“ ရန်သူတွေက ကျွန်တော်တို့ကို မီးမြားတွေနဲ့ပဲ ပစ်ပြီး အနားကပ်တော့ ရောက်မလာဘူး။ အဲ့တော့ သူတို့ တခြားတစ်ဖက်မှာပဲ ရှိဦးမယ် ဆိုတာ သေချာတယ်။ ” ဟု ခေါင်းဆောင်ကျန်းက ပြောလိုက်သည်။ “ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ။ ကျွန်တော်တို့ကို လုပ်ခဲ့တဲ့ နည်းလမ်းအတိုင်း သူတို့ကို လက်တုံ့ပြန်ရမယ်။ ကျွန်တော်တို့မှာ လောက်လေးခွတွေ ရှိတယ် မဟုတ်လား။ အဲ့ဒါတွေကို သုံးပြီး သူတို့ကို တိုက်ခိုက်မယ်။ ”

“ ငါတို့မှာ လောက်လေးခွတွေ ရှိပေမဲ့ ပစ်စရာ ဘာမှ မရှိဘူးလေ … ”

“ လောင်စာခဲယမ်းတွေကို ဘယ်နေရာမှာ ရှာရမလဲ ဆိုတာ ကျွန်တော် သိတယ်။ ” ဟု ခေါင်းဆောင်ကျန်းက ပြောလိုက်သည်။ “ ကျွန်တော် ကုန်တွဲတွေထဲမှာ ဗုံးတွေ အများကြီး တွေ့ထားတယ်။ ”

ခေါင်းဆောင် တစ်ယောက်မှ မရှိတဲ့အခါ တပ်သားတွေက တပ်မှူးမရှိတဲ့ တပ်ဖွဲ့လို ဖြစ်သွားသည်။ အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်ရတဲ့အခါ အခြေအနေ ၊ အချိန်အခါကို အကဲခတ်ပြီး အလိုက်သင့် တုံ့ပြန်ဖို့သာ တတ်နိုင်သည်။

ခေါင်းဆောင်ကျန်းသည် သူ့လူစုကို ဦးဆောင်ကာ လောင်စာခဲယမ်း လှည်း ဆယ့်နှစ်စီးကို ပြင်ဆင်ထားတဲ့ လောက်လေးခွတွေဆီသို့ တွန်းလာခဲ့သည်။ ထို့နောက် သူ့ရဲ့ ဝမ်းလျှောနေဆဲ ဖြစ်တဲ့ ဗိုက်ကို လျစ်လျူလျက် လောင်စာခဲယမ်းတွေကို ဖြစ်ကတတ်ဆန်း တင်ပြီး မီးညှိလိုက်သည်။

“ သူတို့ကို ထိထိရောက်ရောက် ချေမှုန်းပစ်မယ်။ ”

ဝှီးခနဲအသံနှင့်အတူ လောင်ကျွမ်းနေသော နေမင်းကဲ့သို့ မီးလုံးကြီးသည် လေထုထဲကို မြောက်တက်သွားကာ ချိုင့်ဝှမ်းကို ဖြတ်ကျော်၍ တစ်ဖက်ကမ်းက ဟုန်ရှန်းသစ်တပ်ကို တည့်တည့်မတ်မတ် ထိမှန်သွားခဲ့လေသည်။

ပထမဆုံး ပစ်လိုက်တဲ့ မီးလုံးကြီးက သစ်တပ်တံခါးကို ထိမှန်ပေါက်ကွဲသွားပြီး ဂိတ်တံခါး တစ်ခုလုံးကို မီးဟုန်းဟုန်းတောက်သွားစေခဲ့သည်။

ထို့နောက် ညကောင်းကင်မှာ မီးလုံးကြီးတွေ တစ်လုံးပြီး တစ်လုံး မြောက်တက်လာကာ ဟုန်ရှန်းသစ်တပ်ထဲကို ကျရောက်သွားသည်။

ရွက်ဖျင်တဲတွေရှေ့မှာ တပ်သားတွေကို စုဆောင်းနေတုန်း ဖြစ်တဲ့ ဝူလင်တစ်ယောက် ကြက်သေ,သေသွားရ၏။

“ ဘယ်ကောင်က တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တာလဲ။ ချက်ချင်း ရပ်စမ်း။ အခုချက်ချင်း ရပ်လိုက်ကြစမ်း။ ”

သို့သော်လည်း ခေါင်းဆောင်ကျန်းတို့ဘက်က လှုပ်ရှားသွားပုံမှာ ဖျတ်လတ်လွန်းသောကြောင့် ဝူလင် သူတို့ကို တားဆီးဖို့ လွှတ်လိုက်တဲ့ လူတွေ ရောက်သွားချိန်မှာ ရှိသမျှ လောင်စာခဲယမ်းတွေ အကုန်လုံးကို ပစ်တင်ပြီးခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှာ ဟုန်ရှန်းသစ်တပ်ထဲမှာတော့ မီးတောက်မီးလျှံတွေ အရှိန်ပြင်းပြင်း တောက်လောင်နေခဲ့ပြီး ချိုင့်ဝှမ်းရဲ့ အရှေ့တစ်ဝက်မှာ ရှိတဲ့ အိမ်များစွာဟာ မီးတောက်တွေရဲ့ အလင်းရောင်ဖြင့် နေ့အချိန်ပမာ ထင်းလင်းနေခဲ့သည်။

အထိအခိုက် အနည်းငယ်သာ ရှိသော်လည်း အဲ့ဒါကပင် မခံမရပ်နိုင်စရာကောင်းနေပါသေးသည်။

“ ဝူလင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ” ရွာလူကြီးချူက တဖြည်းဖြည်း ငြိမ်းသွားတဲ့ မီးလေးတွေကို ကြည့်နေပေမဲ့ သူ့နှလုံးသားထဲက မီးတောက်မီးလျှံတွေကတော့ ပိုလို့ အရှိန်ပြင်းပြင်းနှင့် တောက်လောင်လာခဲ့သည်။ “ ဒါက သရုပ်ဆောင်နေတာမှ ‌မဟုတ်တော့တာ။ ”

“ ရွာလူကြီး … အဲ့ဒီ ဝူလက် ဆိုတဲ့ လူက ဟန်ဆောင်တာပါ ဆိုပြီး ကျွန်တော်တို့ကို တကယ် တိုက်ခိုက်ဖို့ လုပ်နေတာများလား။ ”

ထိုစကားကို ကြားတော့ ရွာလူကြီးချူရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ အဲ့ဒါ လုံးဝ ဖြစ်နိုင်ချေမရှိတာတော့ မဟုတ်ပါ။

ဟုန်ရှန်းသစ်တပ်နှင့် ဝူလင်ရဲ့ ဆက်ဆံရေးက အပြန်အလှန် အကျိုးအမြတ်အပေါ် လုံးလုံးလျားလျား မူတည်နေတာမို့ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးမျိုး မဟုတ်ပေ။ အခုအချိန်မှာ တစ်ဖက်လူက သစ်တပ်ကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လာပြီမို့ သူတို့က ဟန်ဆောင်မှု ဆိုတဲ့ နာမည်ကို သုံးပြီး အမှန်တကယ် တိုက်ခိုက်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်သည်။

ထိုအချိန်မှာပဲ လူတစ်ယောက်က ထိတ်လန့်တကြား ပြေးဝင်လာသည်။ “ ရွာလူကြီး … တစ်ဖက်က မီးတွေနဲ့ အချက်ပြပြီး တစ်ယောက်ယောက်ကို စေလွှတ်ဖို့ လုပ်နေတယ်။ အတိုင်ပင်ခံထန်ကို လွှတ်ဖို့ လုပ်နေတာ ထင်တယ်။ ”

ရွာလူကြီးချူ မျက်မှောင်ကြုတ်သွားမိသည်။ ခဏလောက် စဉ်းစားပြီးတော့မှ သူ လေးပင်စွာ ပြောလိုက်ပါသည်။ “ သူ့ကို ဝင်ခွင့်ပေးလိုက်ပါ။ ငါလည်း သူ့ဆီက ဘယ်လို ဖြေရှင်းချက်မျိုး ကြားရမလဲ ဆိုတာ သိချင်တယ်။ ”

ခဏအကြာမှာပဲ အတိုင်ပင်ခံထန်က ကေဘယ်လ်ကြိုးကနေတစ်ဆင့် လျှောဆင်းလာခဲ့သည်။ သူ့ခြေထောက်တွေ မြေပြင်ပေါ် မကျသေးခင်ကတည်းက ဒေါသစကားသံ အရင် ထွက်ပေါ်လာသည်။ “ ဒါက ဘာသဘောလဲ ရွာလူကြီးချူ။ ”

“ ဘာသဘောလဲ ဆိုတာ ဘာကို မေးတာလဲ။ ”

“ ခင်ဗျားက ခင်ဗျားရဲ့ လူတွေကို ညသန်းခေါင်ကြီး ကျုပ်တို့ရဲ့ စစ်တန်းလျားတွေကို မြားတွေနဲ့လည်း ပစ်ခိုင်းတယ် ၊ မီးနဲ့လည်း တိုက်ရှို့ခိုင်းထားတယ်လေ။ ကျုပ်တို့ရဲ့ ရွက်ဖျင်တဲတွေ အကုန်လုံးနီးပါး ပြာကျသွားပြီ။ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ”

“ ကျုပ်က ဘာလုပ်ဖို့ ကြိုးစားရမှာလဲ။ ” ဟု ရွာလူကြီးချူက ဒေါသတကြီး ပြန်ပြောလိုက်သည်။ “ ခင်ဗျား လောက်လေးခွတွေ သုံးပြီး မီးလုံးတွေနဲ့ ပစ်လို့ ကျုပ်တို့ရဲ့ အဆောက်အအုံ တော်တော်များများ ပြာကျသွားပြီ။ ခင်ဗျားတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ဆိုတာကိုပဲ ကျုပ်လည်း မေးချင်နေတာ။ ”

“ အဲ့ဒါက … အဲ့ဒါက ဘာလို့လဲ ဆိုတော့ ခင်ဗျားဘက်က အရင် စလှုပ်ရှားလို့ပေါ့။ ”

“ ကျုပ်တို့ကို တိုက်ခိုက်ဖို့အတွက် ခင်ဗျားဘာသာ ဆင်ခြေရှာနေတာလား ဆိုတာ ဘယ်သူ သိမှာလဲ။ ”

တစ်ဖက်လူရဲ့ မဟုတ်မမှန် လုပ်ရပ်ကို စွပ်စွဲလို့ မရသောအခါ အတိုင်ပင်ခံထန်ရဲ့ မျက်လုံးအကြည့်က ပြောင်းလဲသွားပြီး မသင်္ကာစရာကောင်းတဲ့ တစ်ခုခု ဖြစ်နေပြီ ဆိုတာကို သဘောပေါက်သွားသည်။ “ ကျုပ်တို့က ခင်ဗျားကို ဘာကိစ္စ တိုက်ခ်ြုရမှာလဲ။ ‌ဒီကိစ္စနောက်ကွယ်မှာ မရိုးသားတဲ့ တစ်ခုခု ရှိနေတာ သေချာတယ်။ ကျုပ်တို့ ဒါကို အတူတူ စုံစမ်းရမယ်။ ”

ထိုအချိန်မှာပဲ သစ်တပ်ရဲ့ အတွင်းထဲကနေ အော်သံတွေ ရုတ်တရက် လျှံတက်ထွက်ပေါ်လာကာ လူတစ်ယောက်က သွေးပျက်ခြောက်ခြားစွာ ပြေးလာခဲ့သည်။

ရွာလူကြီးချူက ထိုလူကို ကြည့်ပြီး “ ဘာဖြစ်တာလဲ။ ” ဟု ထိတ်လန့်စွာ မေးလိုက်သည်။

“ သစ်တပ်နောက်ဘက်မှာ ရှောင်ဝါရွာနဲ့ ချင်းစုန့်ရွာက လူတွေ အများကြီး ရုတ်တရက် ပေါ်လာတယ် ရွာလူကြီး။ သူတို့က ရွာသားတွေကို ဝိုင်းထားပြီး ကျွန်တော်တို့ကို လက်မြှောက် အရှုံးပေးဖို့ အမိန့်ပေးနေတယ်။ ”

ရွာလူကြီးချူရဲ့ နားထဲမှာ လေတွေ အူထွက်သွားသလို ခံစားလိုက်ရသည်။ သူတို့ရဲ့ ကြံ့ခိုင်သန်စွမ်းသော လူတွေ အကုန်လုံးကို သစ်တပ်အရှေ့ပိုင်းမှာ စုထားတာမို့ နောက်ဘက်မှာ သူတို့ရဲ့ မိသားစုတွေနှင့် အိုမင်းကာ အားနည်းသော လူတွေသာ ကျန်ရစ်ခဲ့သည်။ အခု အကုန်လုံးက ဓားစာခံ လုပ်ခံလိုက်ရပြီ ဆိုတော့ ဘယ်သူက လွန်ဆန်ရဲမှာလဲ … ။

သစ်တပ်ထဲကို လူ သုံး ၊ လေးရာလောက် ရုတ်တရက် ရောက်လာတာကို ကြည့်ခြင်းအားဖြင့် လျှို့ဝှက်လမ်းကြောင်းကို ထုတ်ဖော်ခံလိုက်ရတာပဲ ဖြစ်လိမ့်မည်။ ဒါပေမဲ့ လက်ချိုးရေလို့ ရတဲ့ လူအရေအတွက်ပဲ ထိုလမ်းကြောင်း သိတာမို့ ဘယ်လိုလုပ် ပေါက်ကြားသွားရတာလဲ … ။

ထိတ်လန့်မှုကြောင့် အတိုင်ပင်ခံထန်ရဲ့ ခြေထောက်တွေက ဂျယ်လီတုံးတွေလို ပျော့ခွေလာသည်။ ဟုန်ရှန်းသစ်တပ်တော့ ပွဲသိမ်းပြီ ဆိုတာ သူ သိသည်။ သို့သော် သူလည်း ဟုန်ရှန်းသစ်တပ်နှင့်အတူ လိုက်ဇာတ်မသိမ်းနိုင်ပါ။

ထို့ကြောင့် သူ ကေဘယ်လ်ကြိုးဆီ ချက်ချင်း လှည့်ထွက်ပြေးလာပြီး ကြိုးမှာ ချိတ်ဆွဲထားသည့် လူဝင်ထိုင်လို့ ရတဲ့ ခြင်းထဲကို ဝင်ကာ ထွက်ပြေးလာခဲ့လိုက်သည်။

ရွာလူကြီးချူကတော့ သူ့ကို ထွက်ပြေးလွတ်မြောက်ခွင့်မပေးဘဲ ခါးမှာ ချိတ်ထားတဲ့ ဓားရှည်ကြီးကို ဆွဲထုတ်၍ ကေဘယ်လ်ကြိုးကို တစ်ချက်တည်း ခုတ်ဖြတ်ပစ်လိုက်လေသည်။

“ အား …… ”

အတိုင်ပင်ခံထန်ရဲ့ အော်သံနက်ကြီးနောက်မှာ ချောက်ကမ်းပါးအောက်ခြေကြမ်းပြင်နှင့် ရိုက်ခတ်သံ ဝုန်းခနဲ ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“ ရွာလူကြီးချူ။ ” ထိုအချိန်မှာပဲ ရွာလူကြီးမာ ဦးဆောင်လာတဲ့ လူစုက သစ်တပ်နောက်ဘက်ကနေ အရှေ့ပိုင်းကို‌ ရောက်လာသည်။ “ မတွေ့တာ ကြာပြီနော်။ ”

“ လတ်စသတ်တော့ ခင်ဗျား ဖြစ်နေတာပဲ။ ” ရွာလူကြီးချူက လှောင်ရယ်လိုက်သည်။ “ ဒီတစ်ခေါက်တော့ ခင်ဗျား နိုင်သွားတယ် ဆရာမာ။ ဒါပေမဲ့ ခင်ဗျား ကျုပ်တို့ဟုန်ရှန်းသစ်တပ်ထဲကို ဝင်တဲ့ လျှို့ဝှက်လမ်းကြောင်းကို ဘယ်လို ရှာတွေ့သွားတာလဲ ဆိုတာ ကျုပ် သိချင်တယ်။ ”

“ အဲ့ဒါလား။ လျှို့ဝှက်လမ်းကြောင်းနဲ့ ပတ်သက်ပြီး ကျုပ်ကို လူတစ်ယောက်က ပြောပြခဲ့တာ။ ”

“ အဲ့ဒီလူက ဘယ်သူလဲ။ ”

…

အခန်း ( ၁၅၆ ) မင်းတို့ရဲ့ အပြစ်ကြွေးတွေကို ခွင့်လွှတ်ပေးလိုက်မယ်။

“ သူ့နာမည်က အမျိုးသမီးလီလို့ ခေါ်တယ်။ ခင်ဗျား အခုတစ်ခေါက် ဖမ်းထားတဲ့ လူတွေက သူ့လက်အောက်က ကုန်သည်တွေပဲ။ ခင်ဗျား ဒီတစ်ခေါက် မထိသင့်တဲ့ လူကို သွားထိမိတာပဲ။ ”

ဘာလို့ လီယောင်က သွားမထိသင့်တာလဲ ဆိုရင်တော့ သူမသာ ညသန်းခေါင်အချိန်မှာ ယောက်ျားတစ်ယောက်ကို ထိပ်ပြောင်သွားအောင် ဆံပင်တွေ အကုန်လုံးကို ရိတ်ပစ်နိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေလို့ပါပဲ။

“ မင်း ငါတို့ကို ဘယ်လို ကိုင်တွယ်မယ်လို့ စီစဉ်ထားလဲ။ ”

“ အစတုန်းကတော့ ခင်ဗျားတို့ဟုန်ရှန်းသစ်တပ်က ကျွန်တော်တို့ချင်းစုန့်ရွာနဲ့ရော ၊ ရှောင်ဝါရွာနဲ့ရော မပြေလည်ဘူး။ ဒါပေမဲ့ ခင်ဗျားသာ ဟုန်ရှန်းသစ်တပ်ကို စွန့်လွှတ်ပြီး အနီးအနားမှာ သစ်တပ်အသစ် တစ်ခု ပြန်ဆောက်မယ် ၊ ရာဇဝတ်မှုတွေ မကျုးလွန်တော့ဘဲနဲ့ တာ့လင်တိုင်းပြည်ရဲ့ ကုန်သည်တွေနဲ့ ကောင်းရောင်းကောင်းဝယ်လုပ်မယ် ဆိုရင် ခင်ဗျားကို သက်ညှာပေးမယ်လို့ ကျုပ်တို့ အမျိုးသမီးလီကို ကတိပေးထားတယ်။ ”

ငါတို့ကို အဲ့လောက် အလွယ်တကူ သက်ညှာပေးမှာလား … ။ ရွာလူကြီးချူက သူ နားကြားမှားသွားတာပဲ ဖြစ်ရမည် ဟူသော အထင်ဖြင့် မဖြစ်နိုင်ဘူးဟု အံ့ဩတကြီး ရေရွတ်လိုက်သည်။

“ သူ့မှာ ‌ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိလို့လား။ ” ဟု ရွာလူကြီးချူက မေးလိုက်သည်။ “ သူ ဘယ်မှာလဲ။ ငါ သူ့ကို ကိုယ်တိုင် မေးချင်တယ်။ ”

“ စိတ်မပူပါနဲ့။ ခင်ဗျား သူနဲ့ မကြာခင် တွေ့ရမှာပါ။ ” ရွာလူကြီးမာက တစ်ဖက်ကမ်းရှိ တောင်တန်းပေါ်က မီးတောက်မီးလျှံအရောင်တွေကို ကြည့်ကာ ပြောလိုက်သည်။ “ ပြီးတော့ ကျုပ်စိတ်ထင် ဝူလင်လည်း ဒီကို မကြာခင် ရောက်လာမယ် ထင်တယ်။ ”

…

ထိုအချိန်မှာ ဝူလင်ကတော့ အလွန် ဂယောင်ခြောက်ခြား ဖြစ်နေခဲ့သည်။ သူ့ကို ကာကွယ်ပေးနေတဲ့ သစ္စာခံအစောင့်တွေ အများကြီး ရှိရင်တောင် စစ်တပ်က ဖရိုဖရဲဖြစ်နေသရွေ့ သူ ဘယ်လိုမှ စိတ်အေးလက်အေး မနေနိုင်ပေ။

ဒီစစ်ချီတက်ခြင်း ခရီးစဉ်ထဲမှာ မချိုးဖောက်သင့်တဲ့ စစ်တပ်စည်းမျဉ်း အနည်းဆုံး လေး ၊ ငါးခုကို သူ ချိုးဖောက်ခဲ့တယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိသည်။ ထိုစည်းမျဉ်းတွေထဲက ဘယ်တစ်ခုကမဆို စစ်ရှုံးခြင်းကို ရင်ဆိုင်ရစေနိုင်ပြီး အခန့်မသင့်ရင် အသက်ကိုတောင် ဆုံးရှုံးစေနိုင်သည်။

သူ ဘယ်အချိန်တုန်းက ဒီလောက်ထိ သတိလက်လွတ်ဖြစ်သွားတာလဲ ဆိုတာကို နည်းနည်းလေး စဉ်းစားရကျပ်နေမိသည်။ ဟုန်ရှန်းသစ်တပ်ကို ရောက်နေတဲ့ အတိုင်ပင်ခံထန်တစ်ယောက် အမြန်ဆုံး အဖြေရှာပြီး ရုတ်တရက်ဆန်တဲ့ ဒီဖရိုဖရဲအခြေအနေကို အဆုံးသတ်နိုင်ဖို့သာ သူ မျှော်လင့်မိသည်။

လူတချို့က သတိလစ်နေတဲ့ ဗိုလ်မှူးကို တွဲခေါ်လာသည်။ ဝူလင်ကတော့ သူ့ရဲ့ သစ္စာခံ လက်အောက်ငယ်သားတွေ ဒီလို အထိနာနေတာကို ကြည့်ပြီး နှလုံးသားထဲမှာ လေးလံသွားမိလေသည်။

တစ်ယောက်ယောက်က လျှို့ဝှက်ပြီး ပြဿနာရှာနေတာပါ ၊ ဒါပေမဲ့ အဲ့လူက ဘယ်သူလဲ။

ဝူလင်သည် နဝမမြောက်မင်းသားကို ရုတ်တရက် သတိရသွားသည်။ ဧကရာဇ်က သူ့ကို သံသယဝင်နေလို့ နဝမမြောက်မင်းသားနဲ့ လျှို့ယွင်ကို တိတ်တဆိတ် လာခိုင်းပြီး သူ့ကို ထောင်ချောက်ဆင်ခိုင်းတာများလား … ။

ထိုသို့ တွေးမိတော့ ဝူလင် ဇောချွေးတွေ ပြန်လာရသည်။ သို့သော်လည်း နဝမမြောက်မင်းသားက ဒီကို တပ်သားတွေ တစ်ယောက်မှ မပါဘဲ ရောက်လာတယ် ဆိုတာကို တွေးမိတော့ သူ စိတ်ရှုပ်ထွေးသွားရပြန်ပါသည်။

အတိုချုံ့ ပြောရလျှင်တော့ အခုအချိန်မှာ ဝူလင်ရဲ့ စိတ်အခြေအနေဟာ လုံးဝကို ကစဉ့်ကလျား ဖြစ်နေခဲ့သည်။ ထိုအချိန်မှာပဲ အနီးအနား သစ်တောတွေထဲက ထွက်ပေါ်လာတဲ့ အော်ဟစ်သံ ၊ သတ်ဖြတ်သံတွေက ဝူလင်ကို သွေးပျက်တုန်လှုပ်သွားစေခဲ့လေသည်။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

“ ဗိုလ်မှူးကိူ အစီရင်ခံပါတယ်။ အရှေ့ဘက်နဲ့ မြောက်ဘက်သစ်တောတွေထဲမှာ လူတွေ အများကြီး ရှိနေတဲ့ပုံပါပဲ။ သူတို့က နန့်ကျောက်တိုင်းပြည်က လူတွေပါ။ ”

“ ဘာ။ ”

ဒီနေရာရဲ့ တောင်ဘက်မှာ ဟုန်ရှန်းသစ်တပ် ရှိပြီး အနောက်ဘက်မှာတော့ မိုးထိမတတ် မြင့်မားနေတဲ့ အဆုံးမရှိသော တောင်တန်းတွေ ရှိတာမို့ ဘယ်လိုမှ ဖြတ်ကျော်လို့ မရပါ။ အခု အရှေ့ဘက်နှင့် မြောက်ဘက်မှာပါ ရန်သူတွေ ရှိနေပြီ ဆိုတော့ သူတို့ အဝိုင်းခံထားရတာပဲ မဟုတ်လား … ။

နောက်ဆုံးတော့ သူ့စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ အဆိုးဝါးဆုံး အခြေအနေတွေ ရောက်လာပြီ။

“ မင်းတို့ရဲ့ လက်နက်တွေကို ယူပြီး ရန်သူတွေကို သွားတိုက်တော့။ မြန်မြန် သွားတိုက်တော့။ ”

တစ်ညလုံး ဝမ်းလျှောနေခဲ့တဲ့ တပ်သားတွေဟာ အားပျက်လုနီးပါး ဖြစ်နေသည်။ ရန်သူတွေကို ဒီလို အနေအထားမျိုးနှင့် တိုက်ခိုက်ရင်ဆိုင်ဖို့ ဆိုရင် သူတို့ လည်အဖြတ်ခံရရုံပဲ ရှိမှာ စိုးရိမ်ရသည်။

“ မင်းတို့ ဘာကို အချိန်ဆွဲနေကြသေစတယလဲ။ ” သူ့ရဲ့ သီးသန့် ကိုယ်ရံတော်တွေကအစ တုပ်တုပ်မလှုပ်တာကို မြင်ချိန်မှာ ဝူလင်ရဲ့ ဒေါသရေချိန်က မြင့်တက်သွားပြီး ကျယ်လောင်စွာ အော်ပြောခဲ့သည်။ “ သွားမတိုက်ခိုက်တဲ့ ဘယ်သူမဆို စစ်တပ်ဥပဒေနဲ့ ရင်ဆိုင်ရမယ်။ ”

သူတို့တွေ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တွန့်ဆုတ်စွာ တိုက်ပွဲဝင်ဖို့ ဟန်ပြင်နေတုန်းမှာပဲ လျှို့ဟူက တပ်သားသစ် တစ်ရာကျော်ကို ဦးဆောင်၍ အရှိန်အဟုန်ပြင်းပြင်းနှင့် ရောက်လာသည်။

အနည်းငယ်မျှ ပင်ပန်းနွမ်းနယ်ပုံမပြဘဲ ချပ်ဝတ်တန်ဆာ အပြည့်အစုံနှင့် အားမာန်တက်ကြွနေတဲ့ သူတို့ကို မြင်တော့ ဝူလင် အလွန် ပျော်ရွှင်သွားသည်။

“ မင်းက ဘယ်သူလဲ။ ”

“ ကျွန်တော်က တပ်မှုူးအသစ် လျှို့ဟူပါ။ ကျွန်တော်ရဲ့ တပ်သားတွေကို ဦးဆောင်ပြီး ဗိုလ်မှူးကို ကာကွယ်ပေးဖို့ ရောက်လာတာပါ။ ” လျှို့ဟူက လက်သီးနှစ်ဖက်ကို ယှက်၍ ဦးညွှတ်လိုက်သည်။ “ ကျွန်တော်တို့ကို တိုက်ခိုက်နေတဲ့ ရန်သူတွေက ရှောင်ဝါရွာနဲ့ ချင်းစုန့်ရွာက ဆိုတာ ကျွန်တော်တို့ ထောက်လှမ်းပြီးသွားပါပြီ။ ရန်သူအရေအတွက်က နှစ်ထောင်ဝန်းကျင် ရှိပါတယ်။ ”

“ ကောင်းတယ် ၊ သိပ်ကောင်းတယ်။ ” တစ်ဖက်လူက ဟုန်ရှန်းသစ်တပ် မဟုတ်သရွေ့ အရာအားလုံးကို ညှိနှိုင်းဆွေးနွေးလို့ ရသည်။ “ ငါ မင်းကို တပ်ရင်းမှူးရာထူး ခန့်အပ်လိုက်ပြီ လျှို့ဟူ။ စစ်တပ်ကို ဦးဆောင်ပြီး ရန်သူတွေကို သွားတိုက်ခိုက်တော့။ ”

“ ဟုတ်ကဲ့။ ” လျှို့ဟူက လက်ခံလိုက်သည်။ “ ဒါပေမဲ့ ရန်သူက အရမ်း အရေအတွက်များတယ် ဗိုလ်မှူး။ ဖရိုဖရဲ အခြေအနေတွေကြားထဲမှာ ဗိုလ်မှူး ထိခိုက်သွားမှာကို ကျွန်တော် စိုးရိမ်တယ်။ ဗိုလ်မှူးအတွက် လုံခြုံတဲ့ နေရာတစ်နေရာကို အရင်ဆုံး ရှာလိုက်တာ ပိုကောင်းလိမ့်မယ်။ ”

ဒီလူငယ်လေးဟာ အတော်လေး သိတတ်သည်ဟု ဝူလင်ရဲ့ စိတ်ထဲမှာ ခံစားလိုက်ရပြီး သူ့နှလုံးသားထဲမှာ စိတ်ချယုံကြည်သွားမိသည်။ သူ လုံခြုံရာ နေရာတစ်နေရာကို အမှန်တကယ်ပင် ရှာဖွေသင့်သည်။ ပြဿနာရှာတာက ဟုန်ရှန်းသစ်တပ် မဟုတ်တာကို အခု အတည်ပြုပြီးသွားပြီမို့ တစ်ဖက်ကမ်းက သစ်တပ်မှာလည်း အန္တရာယ်ကင်းလောက်ပါပြီ။

“ ကောင်းပြီ။ ငါ သီးသန့်ကိုယ်ရံတော် အယောက် နှစ်ဆယ်ကို ခေါ်ပြီး ဟုန်ရှန်းသစ်တပ်မှာ ယာယီ သွားနေလိုက်မယ်။ ”

“ ဟုန်ရှန်းသစ်တပ် ….. ” လျှို့ဟူက ဇဝေဇဝါဖြစ်သွားသလို ဟန်ဆောင်လိုက်သည်။ “ ဟုန်ရှန်းသစ်တပ်က နန့်ကျောက်တိုင်းပြည်ထဲကလေ ဗိုလ်မှုးရဲ့။ ဗိုလ်မှူး အဲ့ဒီကို သွားရင် သူတို့က … ”

“ အဲ့ဒါကို စိုးရိမ်စရာမလိုဘူး။ ငါက ဟုန်ရှန်းသစ်တပ်ရဲ့ အကြီးအကဲနဲ့ ဆက်ဆံရေးပြေလည်တယ်။ ”

သူ့နှုတ်ကနေ ထိုစကားလုံးတွေ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ‘ သွားပြီ ’ ဆိုတဲ့ အတွေးက ဝူလင်ရဲ့ နှလုံးသားထဲကို ရုတ်တရက် ဝင်ရောက်လာသည်။ သူ ဒီစကားကို ဘယ်လိုလုပ် လက်လွတ်စပယ် ပြောထွက်သွားရတာလဲ … ။

ပြီးတော့ သူ့စိတ်ကို အေးစိမ့်သွားစေတာက လျှို့ဟူရဲ့ မျက်နှာပေါ်မှာ အပြုံးအရိပ်အယောင်တွေကို တစ်စွန်းတစ်စ မြင်လိုက်ရလို့ပဲ ဖြစ်လေသည်။

လျှို့ဟူက သူ့ကို ဝန်းရံနေတဲ့ တပ်သားတွေဘက်ကို လှည့်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ အကုန်လုံး အဲ့စကားကို ကြားတယ်နော်။ သူက အစောင့်တပ်ကို အမိန့်ပေးနိုင်စွမ်းရှိတဲ့ ဗိုလ်မှူးဖြစ်ပါရက်နဲ့ ဟုန်ရှန်းသစ်တပ်နဲ့ လျှို့ဝှက်ပူးပေါင်းခဲ့တယ်။ အဲ့ဒါက နိုင်ငံတော်ကို သစ္စာဖောက်တဲ့ ရာဇဝတ်မှုပဲ။ လာခဲ့ကြစမ်း ၊ သူ့ကို ဖမ်းဆီးလိုက်။ ”

ဝူလင်သည် “ မင်းကများ အတင့်ရဲလို့။ ” ဟု တုန်လှုပ်စွာ ဟိန်းဟောက်လိုက်သည်။ “ ငါက ဗိုလ်မှူးပဲ ၊ ငါ့မှာ စစ်တပ်လက်မှတ်လည်း ရှိတယ်။ မင်းတို့အားလုံး ငါ့အမိန့်ကို နာခံရမယ်။ လျှို့ဟူ ဆိုတဲ့ ဒီလူက ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ပုန်ကန်ဖို့ ကြိုးစားနေတာ။ မင်းတို့အားလုံး ငါ့အတွက် သူ့ကို ဖမ်းပေးရမယ်။ ”

တပ်သားတွေဟာ ခဏကြာသည်ထိ ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ အချင်းချင်း စိုက်ကြည့်နေမိသည်။ ဝူလင်နှင့် ဟုန်ရှန်းသစ်တပ်တို့ လက်ဝါးချင်းရိုက် ပူးပေါင်းနေတဲ့ ကိစ္စက သူတို့အားလုံး ကောင်းကောင်း သိနေတဲ့ ကိစ္စ ဖြစ်သည်။ အခြေခံသဘောတရားအရ သူတို့လည်း ထိုကိစ္စကနေ အကျိုးအမြတ်တွေ ရခဲ့သလို ဝူလင်ကလည်း ကုန်သည်တွေဆီက ပိုက်ဆံနည်းနည်းပါးပါးသာ လိမ်လည်ဖူးပြီး တာ့လင်တိုင်းသူပြည်သူသားတွေရဲ့ အသက်ကို ဒီလောက်ထိ အန္တရာယ်မပေးဖူးတာမို့ သူတို့က ငြိမ်ငြိမ်လေး ပိုက်ဆံယူခဲ့ကြတာပင်။

ဒါပေမဲ့ အခုတော့ တစ်စုံတစ်ယောက်က ထိုကိစ္စကို ထုတ်ဖော်လိုက်ပြီမို့ သဘောတရားက မတူညီတော့။

“ မင်းတို့ ဘာကို တွန့်ဆုတ်နေကြတာလဲ။ ငါ့ဆီကို လာခဲ့လေ။ ” ဝူလင်က သူ့ရဲ့ သီးသန့်ကိုယ်ရံတော်တွေကို အော်ပြောလိုက်သည်။ “ ငါ မင်းတို့အားလုံးကို ဒီတစ်လျှောက်လုံး ဘယ်လို ဆက်ဆံပေးခဲ့တာမို့လို့လဲ။ မင်းတို့က ရာရာစစ ငါ့အမိန့်ကို လွန်ဆန်ရဲတယ်ပေါ့။ ငါ မင်းတို့ကို ပြောလိုက်မယ်။ ငါ ကျရှုံးသွားရင် မင်းတို့လည်း အဆုံးသတ်ကောင်းမယ် မထင်နဲ့။ ”

ကိုယ်ရံတော်တွေက ထိုစကားကို ကြားတော့မှ ရုတ်တရက် သတိပြန်ဝင်လာသည်။ ဟုတ်ပါသည် ၊ သူတို့နှင့် ဝူလင်က ကြိုးတန်းတစ်ခုတည်းပေါ်က နှံကောင်တွေ ဖြစ်သည်။

ချွင် ချွင် ချွင် —

ကိုယ်ရံတော်ပေါင်းများစွာသည် တောက်ပနေတဲ့ ဓားရှည်တွေကို ဓားအိမ်ထဲမှ ဆွဲချွတ်ကာ ဝူလင့်ရှေ့မှာ စီတန်းလျက် လျှို့ဟူရဲ့ လူတွေကို ရင်ဆိုင်ခဲ့သည်။ သာမန်တပ်သားတွေကလည်း ထိုအခြေအနေကို မြင်တော့ စုဝေးလာပြီး နှစ်ဖက်စလုံးကနေ ဝန်းရံထားခဲ့ကြသည်။

ဓားရှည်တွေကို ခုတ်လွှဲ၍ ဒူးလေးတွေကို မောင်းတင်ဖို့ လုပ်နေတုန်းမှာပဲ အရပ်ရှည်ရှည်နှင့် ပိန်ပါးသော ပုံရိပ်တစ်ခုက လူအုပ်ကြီးကို ဖြိုခွင်းကာ ခြေလှမ်းကျဲများဖြင့် ခပ်သွက်သွက် လျှောက်လာခဲ့သည်။ ပုံရိပ်ပိုင်ရှင်ကတော့ နဝမမြောက်မင်းသား လျှို့ယွင်က လွဲလို့ တခြားသူ မရှိပါ။

လျှို့ဟူက က “ နဝမမြောက်မင်းသား ရောက်လာတာကို မင်းက ဘာလို့ အခုထိ ဒူးထောက်ပြီး အရိုအသေမပေးသေးတာလဲ ဝူလင်။ ” ဟု ပြောလိုက်သည်။

ကိစ္စတွေ အလွန် ဆိုးဝါးသွားပြီ ဆိုတာ ဝူလင် နားလည်လိုက်သည်။ ဒီနဝမမြောက်မင်းသားကို အကျဉ်းတိုက်ထဲမှာ ဖမ်းချုပ်ထားတာ မဟုတ်ဘူးလား … ။ သူ ဘယ်လို လွတ်မြောက်ပြီး ဒီမှာ ရုတ်တရက် ပေါ်လာရတာလဲ … ။

“ ဟမ့် ၊ မင်းက သူ့ကို မင်းသားလို့ ပြောတိုင်း သူက မင်းသား ဖြစ်သွားရောလား။ ” ဝူလင်က သူ့ကိုယ်သူ အတင်း စိတ်တည်ငြိမ်အောင် ထိန်းထားပြီး ပြောလိုက်သည်။ “ မင်းသားကို ရာရာစစ ဖမ်းချုပ်ထားရဲတဲ့ ပြစ်မှုတစ်ခုတည်းနဲ့တင် မင်းရဲ့ မျိုးဆက် ကိုးဆက်ကို ကွက်မျက်ဖို့ လုံလောက်နေပြီ။ ”

လျှို့ယွင်သည် တစ်ရက်နှင့် တစ်ည ဖမ်းချုပ်ခံခဲ့ရကာ သူ့နှလုံးသားထဲမှာ အုံဖွဲ့လာတဲ့ ဒေါသတွေဟာ တောင်တစ်လုံးလောက်ကို မြင့်မားနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အခုအချိန်မှာတော့ ဘာ့ကြောင့်ရယ်မသိဘဲ သူ့ကိုယ်သူ ထင်ထားသလောက် ဒေါသမထွက်မိပါ။

“ ဒါ ဘာလဲ ဆိုတာ ကြည့်လိုက်ပါ ဝူလင်။ ”

လျှို့ယွင်က သူ့ရဲ့ ကိုယ်ပိုင်တိုကင်ကို ထုတ်ယူပြီး ဝူလင်နှင့် လူတိုင်းရှေ့မှာ ပြလိုက်သည်။ သာမန်လူတွေက ဒီတိုကင်ကို မှတ်မိမှာ မဟုတ်ပေမဲ့ မှတ်မိတဲ့ ဝူလင်ရဲ့ မျက်နှာကတော့ ချက်ချင်းပဲ ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့သည်။ ကျန်တဲ့ လူတွေက သူ့တုံ့ပြန်မှုကို ကြည့်ပြီး ဒီတိုကင်က အတုမဟုတ်တာကို သဘောပေါက်သွားကြသည်။

ဘယ်သူက အရင် ဦးဆောင်လိုက်သလဲ မသိသော်လည်း ဝန်းရံထားတဲ့ တပ်သားတွေ အကုန်လုံးက သူတို့ရဲ့ လက်နက်တွေကို ချပြီး လျှို့ယွင်ကို ဦးညွှတ်လိုက်သည်။

“ မင်းက စစ်တပ်ဥပဒေကို ဆန့်ကျင်ပြီး ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်။ ဒါ့ကြောင့် တရားဥပဒေရဲ့ အရေးယူခြင်းကို ခံရမယ်။ ” လျှို့ယွင်က ဝူလင်ရဲ့ သီးသန့်ကိုယ်ရံတော်တွေကို ကျယ်လောင်စွာ ပြောလိုက်သည်။ “ ဒါပေမဲ့ မင်းတို့အားလုံးက ဝူလင်ကြောင့်သာ လမ်းလွဲသွားတဲ့ တာ့လင်တိုင်းပြည်ရဲ့ သားကောင်းတွေပဲ။ မင်းတို့ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ချင်စိတ် ရှိမယ် ဆိုရင် ၊ အနာဂတ်မှာ တာ့လင်တိုင်းပြည်ရဲ့ နယ်မြေကို ကျေကျေပွန်ပွန် ကာကွယ်ပေးမယ် ဆိုရင် ဒီဘုရင့်အာဏာစက်က မင်းတို့ရဲ့ အပြစ်ကြွေးတွေကို ခွင့်လွှတ်ပေးလိုက်မယ်။ ”

…

All Chapters