← Chapters

မြှားနတ်ဘုရားရဲ့ ကျော်ကြားမှုကို အမွေဆက်ခံမယ့် လျိုဝူရွှမ်း

Vol. 19 Ch. 268

မြှားနတ်ဘုရားရဲ့ ကျော်ကြားမှုကို အမွေဆက်ခံမယ့် လျိုဝူရွှမ်း

Vol. 19 Ch. 268

"ခင်ဗျားက ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်ချင်တာလား"

ခြံဝင်းထဲ၌။ ချင်းယန် အသက်ပြင်းပြင်းရှူရင်း သူ့မျက်ခုံးတွေကို ပွတ်သပ်ရင်း ထိုမေးခွန်းကို ငြိမ်ငြိမ်လေး စဥ်းစားနေခဲ့သည်။

လျိုဝူရွှမ်း ဘာဖြစ်နေတာလဲ။

သူ ဘာလို့ အဓိပတိမဟာမိတ်က အဆင့်မြင့်ရာထူးကို စွန့်လွှတ်လိုက်တာလဲ?

ပြီးတော့ ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ နိမ့်ကျတဲ့ အဖွဲ့ဝင်ဖြစ်ဖို့တောင် ရွေးချယ်လိုက်သေးသည်။

"ခင်ဗျားက အဓိပတိမဟာမိတ်မှာ အရမ်းအဆင့်အတန်း မြင့်တယ်မလား"

ချင်းယန်သည် မေးစေ့ကို ပွတ်သပ်ရင်း နောက်သို့ ခြေတစ်လှမ်းဆုတ်ရင်း လျိုဝူရွှမ်းကို အပေါ်အောက် အကဲခတ် ကြည့်လိုက်သည်။

"အဲဒါကို လက်လွှတ်ဖို့ တကယ် ဆန္ဒရှိရဲ့လား"

"ရှိတယ်.. ငါ့အခြေအနေက နည်းနည်းလေးပါပဲ ဒု-ခေါင်းဆောင်တစ်ယောက်ပဲ မုန့်ထျန်းရွှမ် မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ရင် ငါကနောက်ထပ် မဟာမိတ်ခေါင်းဆောင်အတွက် အရွေးခံရဖို့ ဖြစ်နိုင်ချေများပါတယ်"

"?"

ချင်းယန်စိတ်ထဲ မေးခွန်းများ ပြည့်နေသည်။

"ဒါကို ခင်ဗျားက နည်းနည်းလို့ ခေါ်တာလား? မဟာမိတ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်က ရာထူးကြီးကြီးလေ... တကယ် စွန့်လွှတ်မယ်ပေါ့?"

အဓိပတိ မဟာမိတ်ခေါင်းဆောင်ကို လူထောင်ပေါင်းများစွာက လေးစားကြသည်။ လျိုဝူရွှမ်းသာ ဆက်နေမယ်ဆိုရင် သူ ထိပ်ဆုံးကို အနှေးနဲ့အမြန် ရောက်ရှိသွားလိမ့်မည်။ ဒါတောင် ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်ဖို့အတွက် အဓိပတိ မဟာမိတ်ခေါင်းဆောင်အဖြစ် ရာထူးကို စွန့်လွှတ်လိုက်လေ၏။

“…”

ချင်းယန် တိတ်ဆိတ်နေခဲ့သည်။

မယုံဘူး!

ချက်ချင်းပင် သူ အလွန်သတိရှိလာသည်။

"ဒါက ခင်ဗျားတို့ မဟာမိတ်ခေါင်းဆောင်ရဲ့ သူလျှိုကြံစည်မှု မဟုတ်လောက်ဘူးလား"

"မဟုတ်ဘူး! ဟိုအရင်တုန်းကနဲ့ အခုက မတူတော့ဘူး"

ချင်းယန်၏ သတိထားမှုကို ခံစားလိုက်ရသဖြင့် လျိုဝူရွှမ်း သက်ပြင်းချကာ ဝမ်းနည်းပူဆွေးစွာဖြင့် ရှင်းပြလာသည်-

"ငါ အဓိပတိမဟာမိတ်ကို စစချင်းဝင်တုန်းက ရှားပါးပြီး အဖိုးတန်တဲ့ အရင်းအနှီးမျိုးစုံကို စိုက်ထုတ်ရင်း ဉာဏ်ပညာမဲ့တဲ့ မွေးရာပါနယ်ပယ်ပဲ ရှိသေးတာ...အဲဒီတုန်းက မုန့်ထျန်းရွှမ်က ငါ့ကို ညီလေးတစ်ယောက်လို ဆက်ဆံခဲ့ပြီး နောက်ပိုင်းမှာ ငါလည်း သူ့ကို အစ်ကိုတစ်ယောက်အနေနဲ့ လေးစားခဲ့တယ်..."

လျိုဝူရွှမ်း ချင်းယန်ကို ကြည့်ပြီး စိတ်ပျက်စွာ ပြောပြနေသည်။

"ချင်းကောင်လေး မင်းနဲ့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ အထွတ်အထိပ်တွေကို ငါတွေ့ရပြီးမှ နောက်ဆုံးတော့ မုန့်ထျန်းရွှမ်ရဲ့ ဇာတိရုပ်အစစ်ကို တွေ့လိုက်ရတာ... သူက ကြောင်သူတော်... သူက အသက်ကို တွယ်ကပ်နေတဲ့ သူရဲဘောကြောင်တဲ့ လူတစ်ယောက်ပဲ..."

ဒီလိုကြားရတော့ ချင်းယန် နားလည်သွားသည်။

မနေ့ညက ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ ဗုံးကြဲတိုက်ခိုက်မှုသည် ချိချင်းရှန်း၏ တာအိုနှလုံးသားကို ကွဲကြေစေရုံသာမက လျိုဝူရွှမ်းကိုပါ လှည့်စားနိုင်ခဲ့သည်။ တကယ်ကို မျှော်လင့်မထားတဲ့ ဘောနပ်စ်တစ်ခုပင်။

"ကျွန်တော် စဉ်းစားကြည့်မယ်"

ချင်းယန် သူ့လက်နှစ်ဖက်ကို ပိုက်လျက် အားသာချက် အားနည်းချက်များကို ချိန်ဆနေလိုက်သည်။ လျိုဝူရွှမ်းကို ဂိုဏ်းထဲ ဝင်ခွင့်ပြုမပြုက မေးခွန်းထုတ်စရာ များများစားစား မရှိပေ။

မည်သို့ပင်ဖြစ်စေ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက သူဖန်တီးထားသော အရာတစ်ခုမျှသာဖြစ်သည်။ သူသာ အရူးမဖြစ်ခဲ့ရင် တခြားဘာကမှ အရေးမကြီးချေ။

ထို့ထက် ပိုအရေးကြီးသည်မှာ လျိုဝူရွှမ်းဟာ နောင်နှစ်ပေါင်းငါးရာအထိ အသက်ရှင်နေထိုင်နိုင်သည့် ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်လေသည်။ သူ့ရဲ့ အလားအလာက ကြီးမားလွန်း၏။

သူ့ကို ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ထည့်လိုက်ရင် အဓိပတိနယ်ပယ်တစ်ယောက် ထပ်တိုးပြီဖြစ်သလို သူ၏တိုက်ခိုက်ရေး စွမ်းအားကိုလည်း သိသာထင်ရှားစွာ မြှင့်တင်ပေးလိမ့်မည်။

ပြီးတော့!

ပိုအရေးကြီးတာက တစ်နေ့မှာ ခွေးစနစ်က ဆုလာဘ်လှိုင်းကြီးကို ထုတ်လွှတ်လိုက်ပြန်ဦးမလား ဘယ်သူကသိမှာလဲ။

“ဘယ်လိုပဲကြည့်ကြည့် ဒါက အောင်ပွဲခံနိုင်မယ့် အခြေအနေပဲ…”

ဒါကိုစဉ်းစားရင်း ချင်းယန် တုံ့ဆိုင်းမနေတော့ဘဲ အနည်းငယ် ခေါင်းညိတ် သဘောတူလိုက်သည် ။

"ကောင်းပြီ ခင်ဗျားက အရမ်းရိုးသားလို့ ကျနော်တို့နဲ့ပူးပေါင်းခွင့် ပေးမယ်... ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်"

သူက လျိုဝူရွှမ်းခါးမှာ ချိတ်ဆွဲထားတဲ့ 'မဟာမိတ်တံဆိပ်ပြား' ကို ကြည့်လိုက်ပြီး။

"ခင်ဗျားက အခုချိန်ထိ စောင့်ကြည့်နေတဲ့ သင်တန်းသားတပည့် အဆင့်ပဲ ရှိသေးတယ်... ကျနော်တို့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက ခင်ဗျားကို အချိန်မရွေး ထုတ်ပစ်နိုင်တယ်... ခင်ဗျားရဲ့ စွမ်းဆောင်မှုပြီးမှ တရားဝင် တပည့်အဖြစ် ရာထူးတိုးပေးမှာ.... ဒီအခြေအနေဆို ဘယ်လိုလဲ..."

"ကိစ္စမရှိပါဘူး..မင်းပြောတဲ့အတိုင်းလုပ်မယ်...ခဏ."

လျိုဝူရွှမ်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီးမှ ဝမ်းသာသွားသော်လည်း ရုတ်တရက် မျက်မှောင်ကြုတ်ကာ တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။

သူ လွယ်လွယ်နဲ့ သဘောတူခဲ့တာလား?

နည်းနည်းမြန်နေသလိုပဲ...

တိုင်ပင်ရန် ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ရှာဖွေခြင်း၊ သစ္စာခံလက်မှတ်ထိုးခြင်း သို့မဟုတ် ထိုကဲ့သို့သော လုပ်ငန်းစဉ်များကိုပင် မလုပ်ဆောင်ခဲ့ချေ။

"ချင်းကောင်လေး မင်းရဲ့ဂိုဏ်းထဲက လူကြီးတွေကို ခွင့်တောင်းရမှာ မဟုတ်ဘူးလား"

လျိုဝူရွှမ်း ချင်းယန်ကို ကြည့်ပြီး ခေါင်းကုတ်လိုက်သည်။

"သဘောတူလိုက်တာ နည်းနည်း အလျင်လိုနေသလိုပဲ... ငါ့မှာ အချိန်သိပ်မရှိဘူး ဖောက်ခွဲကောင်းကင်ဂိုဏ်းက ဂိုဏ်းချုပ်နဲ့ တခြားသူတွေကို မင်း သွားရှာပေးလို့ရမလား..."

"မလိုပါဘူး"

ချင်းယန် ဤမေးခွန်းကို မျှော်လင့်ထားပြီးသား ဖြစ်တာကြောင့် ကျွမ်းကျွမ်းကျင်ကျင် လိမ်ညာဖို့ သူ့လက်ကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်သည်။

"အခုအချိန် ရောက်လာမှတော့ ကျနော်ခင်ဗျားကို မဖုံးကွယ်တော့ဘူး...တကယ်တော့ ကျနော်က ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ လူငယ်ခေါင်းဆောင်ဖြစ်ပြီး ဂိုဏ်းချုပ်နေရာကို အနာဂတ်မှာ ဆက်ခံမယ့်သူပါ!"

"မင်းက ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်လေး!?"

လျိုဝူရွှမ်း မျက်လုံးပြူးသွားကာ သူ့ရှေ့မှ ချင်းယန်ကို စူးစူးစိုက်စိုက်စိုက် ကြည့်ရင်း တုန်လှုပ်ခြောက်ခြားသွားသည်။

"မင်းက...တကယ်တော့ မင်းက ဂိုဏ်းချုပ်ငယ်လေး?"

"ဘာလဲ မယုံဘူးလား မယုံရင် မေ့လိုက်တော့...ပြန်သွားပြီး သတင်းကိုသာ စောင့်နေ... ဂိုဏ်းချုပ်က တိတ်တိတ်ဆိတ်ဆိတ် နေတတ်တယ် သူ လောလောဆယ်တော့ တံခါးပိတ်ကျင့်ကြံနေတယ်..."

"ဒါပေမယ့် သူဘယ်တော့မှ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာမယ်ဆိုတာ ကျွန်တော်လည်း မသေချာဘူး တစ်နှစ်ခွဲလား၊ ဆယ်နှစ်လား... ဒါမှမဟုတ် ရာစုတစ်ခုတောင် ဖြစ်သွားနိုင်တယ် ခင်ဗျား တကယ်စောင့်ချင်တာ သေချာလား"

"ငါ...မင်းကိုယုံတယ်...စောင့်စရာ မလိုပါဘူး"

သူ နောက်ဆုံးတွင် ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ ဒီအခွင့်အရေးကို သူ လက်လွှတ်မခံနိုင်တာ သေချာသည်လေ။ ဒါ့အပြင် ချင်းယန်၏ အထောက်အထားနှင့် ပတ်သက်၍ ပြောရလျှင် မုန့်ထျန်းရွှမ်ကို တိုက်ခိုက်ခဲ့စဉ်ကတည်းက ခန့်မှန်းချက်အချို့ကို ထုတ်ခဲ့ပြီးသား ဖြစ်သည်။

တခြားကိစ္စတွေကို ထည့်မတွက်ရင်တောင် ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက မြေအဓိပတိများစွာက သူ့ကို ကာကွယ်ရန် မဆိုင်းမတွ အသက်စွန့်စားခဲ့ကြသည်မို့ ချင်းယန်၏ ထူးကဲသော စွမ်းရည်ကို ပြသရန် လုံလောက်ပါသည်။

မြေအဓိပတိတွေကို ခွေးတွေလို ပေါ့ပေါ့တန်တန် အမိန့်ပေးနိုင်တဲ့အချက်က သူ စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်နေပြီ။ ဒါက ဖောက်ခွဲကောင်းကင်ဂိုဏ်း အတွင်းက သူ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။

"အနာဂတ်ဂိုဏ်းချုပ်ရဲ့ အရိပ်အာဝါသက တကယ့်ကို ထူးထူးခြားခြားပဲ!"

ဒါကိုတွေးရင်း လျိုဝူရွှမ်း တုံ့ဆိုင်းမနေတော့ဘဲ ဒူးထောက်ကာ ရိုသေသောလေသံဖြင့် ဆိုလိုက်သည်။

"လက်အောက်ငယ်သား လျိုဝူရွှမ်းက ဂိုဏ်းချုပ်ငယ်လေးကိူ နှုတ်ဆက်ပါတယ်!!"

"ကောင်းပြီ အဲဒီလို စည်းမျဥ်းစည်းကမ်းတွေ မလိုပါဘူး ထတော့"

ချင်းယန် ခေါင်းခါလိုက်ပြီး :"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းမှာ စည်းမျဥ်းစည်းကမ်းတွေ အများကြီး မရှိဘူး... အခုကစပြီး ခင်ဗျား စိတ်ကြိုက်လုပ်ပါ ဒူးထောက်နေစရာ မလိုတော့ဘူး ခင်ဗျားနေခဲ့တဲ့ အဓိပတိမဟာမိတ်ရဲ့ နည်းလမ်းတွေက ဖောက်ခွဲကောင်းကင်ဂိုဏ်းမှာ အလုပ်မဖြစ်ဘူး"

“ဟုတ်ကဲ့…”

လျိုဝူရွှမ်း အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် မတ်တတ်ထရပ်လိုက်သည်။ သူ့အမူအရာသည် ချင်းယန်အပေါ် ပို၍ပင် လေးစားလာဟန် ပေါ်လာ၏။

"အခုချိန်ကစပြီး ဖောက်ခွဲကောင်းကင်ဂိုဏ်းက အမိန့်တစ်ခုခုရှိရင် ဂိုဏ်းချုပ်ငယ်လေးက ကျေးဇူးပြုပြီး ကျုပ်ဆီ ဆက်သွယ်လိုက်ပါ"

“ကောင်းပြီ ခင်ဗျား ဘယ်လောက် ရိုးသားလဲဆိုတာ ကြည့်ရတာပေါ့”

ချင်းယန် ခဏလောက် စဉ်းစားပြီး လျိုဝူရွှမ်း နောက်ကွယ်မှ မဟူရာလေးကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"အခု ခင်ဗျား ကျနော်တို့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲကို ဝင်လိုက်ပြီ... အဓိပတိမဟာမိတ်နဲ့ အဆက်အသွယ် ဖြတ်ပြီး ဘဝအသစ် ပြန်စသင့်တယ်"

"ဟမ်?"

လျိုဝူရွှမ်း အလွန်အံ့ဩသွားသည်။

"ဂိုဏ်းချုပ်လေး ဆိုလိုတာက? ကျုပ် အဓိပတိမဟာမိတ်နဲ့ ဘယ်လို အဆက်အသွယ်ဖြတ်ရမလဲ...ဂိုဏ်းချုပ်ငယ်ရဲ့ ညွှန်ကြားချက်တွေကို ငါလိုက်နာပါ့မယ်"

“သိပ်မရှုပ်ထွေးပါဘူး ခေါင်းစဉ်အသစ်ပဲ လိုတာ"

ချင်းယန်သည် ကောင်းကင်တွင် တောက်ပနေသော လကို ငေးကြည့်ရင်း တခဏမျှ စဉ်းစားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ကျွန်တော်တို့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက ရှေးခေတ်ကနေ အခုခေတ်အထိ အမွေဆက်ခံပြီး မရေမတွက်နိုင်တဲ့ မျိုးဆက်တွေ မွေးထုတ်တယ်... ရိုးရာအမွေကို လိုက်နာတယ်... ဦးလေးယဲ့ဖန်ရဲ့ ကောင်းကင်လက်ဝါး၊ ဦးလေးလင်တုံ့ရဲ့ အကျဉ်းချထား ကောင်းကင်လက်ချောင်းလို ကျင့်စဥ်တိုင်းကို ဧကရာဇ်အဆင့်အထိ မွေးမြူထားတယ်"

"ပြီးတော့ ခင်ဗျားလည်း ဖောက်ခွဲကောင်းကင်ဂိုဏ်းသား ဖြစ်လာပြီဆိုတော့ ခင်ဗျားကိုလည်း သဘာဝအတိုင်း ချန်ထားလို့ မရဘူး"

ချင်းယန် တည်တည်ငြိမ်ငြိမ်နဲ့ လျိုဝူရွှမ်းရဲ့နောက်ကွယ်က မဟူရာလေးကို စိုက်ကြည့်ရင်း စကားဆက်၏။

"လေးသမားတစ်ယောက်အနေနဲ့ ခင်ဗျားဘာလို့ ကျနော့် ဦးလေးငယ်လို မအောင်မြင်တာလဲလို့ စဉ်းစားမိတယ်...ခင်ဗျား 'မြှားနတ်ဘုရား' ဘွဲ့ကို အမွေဆက်ခံသင့်တယ်"

"မြှားနတ်ဘုရား...?!"

လျိုဝူရွှမ်း လုံးဝ အံ့အားသင့်သွားသည်။ ဒီစကားကြားတော့ သူ နားကြားမှားသွားပြီ ထင်ပြီး ခေါင်းကိုပါ ပြင်းပြင်းထန်ထန် ခါယမ်းမိ၏။

မြှားနတ်ဘုရားဘွဲ့?

ငါ ဖောက်ခွဲကောင်းကင်ဂိုဏ်းမှာ ပါဝင်ခဲ့ပြီး ချက်ချင်းပဲ ဂိုဏ်းချုပ်ငယ်လေးက ငါ့ကို မြှားနတ်ဘုရားဘွဲ့ ပေးလိုက်ပြီတဲ့လား?

"မဟုတ်ဘူး မဟုတ်ဘူး ဂိုဏ်းချုပ်ငယ်လေး ဒါက များလွန်းတယ်!"

လျိုဝူရွှမ်း ခေါင်းငုံ့ပြီး လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ရှက်ကြောက်စွာနဲ့ ဆိုလိုက်၏။

"မြှားနတ်ဘုရားက ကျုပ်ကြောင့် သေသွားတာ သူ့ဘွဲ့ကို ကျုပ်က ဘယ်လိုလုပ် အမွေဆက်ခံသင့်မှာလဲ.. လုံးလုံး မရိုမသေ ဖြစ်သွားလိမ့်မယ် ကျေးဇူးပြုပြီး ဘွဲ့ပြောင်းပေးပါလား ဘာမဆို လက်ခံနိုင်ပါတယ်"

"ကျစ်..."

ချင်းယန် လျိုဝူရွှမ်းနံဘေးကို လျှောက်သွားပြီး တုန်နေတဲ့ ခန္ဓာကိုယ်ကို ဖိဖို့ သူ့လက်ကို မြှောက်လိုက်သည်။

"ခင်ဗျား ဘာတွေကြောက်နေတာလဲ?!"

"သေလွန်သူရဲ့ ဘွဲ့နာမည်ကို အသက်ရှင်သူက အမွေဆက်ခံနိုင်တာ ကျနော်တို့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ အစဉ်အလာတစ်ခုပဲ... ခင်ဗျား အပြစ်ရှိတယ်လို့ ခံစားရရင် မြှားနတ်ဘုရား အမွေကို ဆက်ခံပြီး နောက်ဆို အကျင့်ကောင်းမွေ... မြှားနတ်ဘုရား ဂုဏ်ပုဒ်အတိုင်း ကျင့်ကြံပေါ့..... ဟုတ်ပါတယ် ခင်ဗျား လက်မခံဖို့လည်း ရွေးချယ်လို့ရတယ်"

ခဏနားပြီးနောက် ချင်းယန်၏ မျက်လုံးများ အေးစက်သွားသည်၊

"ဒါပေမယ့် အခုချိန်ကစပြီး ခင်ဗျားအတွက် ဖောက်ခွဲကောင်းကင်ဂိုဏ်းမှာ နေရာမရှိတော့ဘူး..."

ထင်သာမြင်သာရှိသော သတ်ဖြတ်လိုစိတ်က လေထဲသို့ စိမ့်ဝင်သွားသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ချမ်းအေးလှသော ဆောင်းဦးညလေက ခြံဝင်းကို ပိုအေးသွားစေသည် ။

“…”

လျိုဝူရွှမ်း မှိန်းနေပြီး သူ့မျက်လုံးတွေက ဟိုဟိုဒီဒီ အာရုံမစိုက်နိုင်ဘဲ အတွေးတွေထဲ ပျောက်ဆုံးနေသည်။

လက်ခံရမလား လက်မခံရဘူးလား?

သရဖူဆောင်းထားရတဲ့ ဦးခေါင်းက အဆင်မပြေနိုင်ချေ။ မြှားနတ်ဘုရားရဲ့ နေရာကို သူရယူဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား။ ခက်ခဲသော အတွင်းစိတ် တိုက်ပွဲအပြီးတွင် လျိုဝူရွှမ်း နောက်ဆုံးတော့ ဆုံးဖြတ်ချက်ကိုချခဲ့သည်။

နောက်အခိုက်အတန့်တွင် သူသည် မြေကြီးပေါ်၌ ဒူးထောက်ချကာ ချင်းယန်ရှေ့တွင် ဦးညွှတ်ပြပြန်သည်။ သူကြွေးကြော်သည့်အတိုင်း သူ၏အသံသည် ပို၍ပင် ရိုသေလေးစားလာခဲ့သည်။

"မြှားနတ်ဘုရား လျိုဝူရွှမ်း! ဂိုဏ်းချုပ်ငယ်လေးကို လေးစားပါတယ်!!"

လျိုဝူရွှမ်း၏ နှလုံးသားထဲတွင် လေးလံသော မစ်ရှင်တစ်ခု တိုးဝင်လာသည်။

"ဟမ် မဆိုးပါဘူး အနာဂတ်မှာ ကောင်းကောင်းလုပ်ဆောင်ပါ...."

ချင်းယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဤ 'မြှားနတ်ဘုရား' ဟူသော ဘွဲ့ကို အပြင်ပန်းက အမွေဟု ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ ဒါဟာ ချည်နှောင်မှုတစ်ခုပင်။

'အစကနေ အဆုံးထိ ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အပြည့်ရှိနေမှာ'

အခြေအနေကို အာမခံပြီးနောက် ချင်းယန် တစ်ဖက်လူကို ပြန်ထခိုင်းကာ မဟာမိတ်အဖွဲ့အကြောင်း မေးမြန်းခဲ့သည်။

၎င်း၏နောက်ဆက်တွဲ လှုပ်ရှားမှုများအရဆို ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိပြီးနောက် မုန့်ထျန်းရွှမ်သည် မဟာမိတ်အဖွဲ့ရှိ အဓိပတိများနှင့် အဆက်အသွယ်မပြုဘဲ မြို့တော်၏ အစွန်အဖျားနယ်စပ်ကို တိုက်ရိုက်ဖြတ်ကူးရင်း လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

လူတိုင်းရဲ့ မျက်လုံးနဲ့ နားတွေကို ရှောင်သွားခြင်း ဖြစမည်။ ထိုအချိန်မှစ၍ တလီတောင်တန်းတွေထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

“ဂိုဏ်းချုပ်ငယ်လေး တစ်ခုခုလိုအပ်ရင် အမိန့်ပေးဖို့ မတွန့်ဆုတ်ပါနဲ့... ကျုပ်က သူတို့ဘက်က ကြည့်ရင် အမြင့်ဆုံး မဟာမိတ်အဖွဲ့ထဲမှာ ရှိနေတုန်းပဲ ဖောက်ခွဲကောင်းကင်ဂိုဏ်း အတွက် အတွင်းပိုင်း သူလျှိုအဖြစ် ဆောင်ရွက်နိုင်ပါတယ်... အဲဒီမုန့်ထျန်းရွှမ် ပြန်လာရင် ချက်ချင်း အကြောင်းကြားလို့ရတယ်!"

"သူလျှိုလား?"

ချင်းယန် ခေါင်းညိတ် သဘောတူလိုက်သည်။

"ဒီနည်းလမ်းက ဖြစ်နိုင်ပါတယ်... ဒါပေမယ့် မနေ့က တိုက်ခန်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က တုန်လှုပ်စရာကောင်းလောက်အောင်ကို ဖြစ်ပေါ်စေခဲ့တာ.. အွန်လိုင်းမှာလည်း အငြင်းပွားမှုတွေ ပြင်းထန်နေတယ်...ဒီရက်ပိုင်းတော့ ကျန်းဟိုင်မှာ ခဏပုန်းနေလိုက်.. အချိန်မရွေး တပ်ဖြန့်ဖို့လည်း အဆင်သင့်ပြင်ထား! နားလည်လား?"

"ဟုတ်ကဲ့ စိတ်မပူပါနဲ့ ဂိုဏ်းချုပ်လေး... လျိုဝူရွှမ်း ကျုပ်က သူရဲဘောကြောင်မယ့်သူ မဟုတ်ပါဘူး"

လျိုဝူရွှမ်း သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ပွတ်တိုက်လိုက်ပြီး စိတ်ဓာတ်တွေ ပြင်းထန်လာသည်။

"အခု ငါ ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်ပြီးပြီ ငါက အချိန်မရွေး အဆင်သင့်ဖြစ်နေပြီ ဂိုဏ်းအတွက် မီးနဲ့ရေကို ဖြတ်သန်းဖို့လည်း ဆန္ဒရှိတယ် ဂိုဏ်းချုပ်လေး အမိန့်ပေးရုံနဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ တခြားအကြီးတန်းအဖွဲ့ဝင်တွေအတွက် ကိုယ်တိုင် ဖျက်ဆီးပစ်ဖို့ပါ ဆန္ဒရှိတယ်"

သူ စကားပြောနေစဉ်တွင် သူ့ပတ်ဝန်းကျင်ရှိ ကြယ်စွမ်းအားများသည် ဖရိုဖရဲ ဝေ့ဝဲလာသည်။

ဗုန်း ဗုန်း ဗုန်း!

ကြောက်စရာကောင်းတဲ့ ရောင်ဝါတွေ ပျံ့နှံ့သွားပြီး သူ့အရေပြားမှာ အက်ကြောင်းတွေ ပေါ်လာတော့သည်။

ချင်းယန် : "..."

All Chapters