သွေးကိုယ်ပွားက ဖောက်ခွဲတဲ့ အနုပညာပဲ
Vol. 19 Ch. 273
ဒီစကားတွေ ပြောဖြစ်သွားပေမယ့် လူအိုလီမှာ စိတ်မသက်မသာ ခံစားလိုက်ရသည်။ တကယ်တော့ သူ့မှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ ရှိပါ၏။ လျိုဝူရွှမ်း ကဲ့သို့သော သူတစ်ယောက်သည်ပင် ဖောက်ခွဲကောင်းကင်ဂိုဏ်းတွင် ပါဝင်နိုင်သောကြောင့် သူလည်းပါဝင်ဖို့ ဖြစ်နိုင်လောက်သည်။
ဖောက်ခွဲကောင်းကင်ဂိုဏ်းတွင် ပါဝင်ရန် သွေးဆောင်ခံရမှုက ရိုးရှင်းလွန်းလှသည်။
၎င်းမှာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်မှု၊ မရေမတွက်နိုင်သောပစ္စည်းများ စုဆောင်းမှုနှင့် ဓားနတ်ဘုရား၏ ယခင်နေထိုင်ရာ နေရာကို လူကိုယ်တိုင် မြင်တွေ့ခွင့်ရမှု စသည်များကို တွေးလိုက်ရုံဖြင့် လူအိုလီ၏ နှလုံးသားမှာ တုန်လှုပ်ခြောက်ခြား သွားတော့သည်။
"ဟမ် ဟုတ်တယ် တစ်ယောက်ကတော့ စစ်ဆေးခဲ့တယ်"
လျိုဝူရွှမ်းက သူ့လက်ဖက်ရည်ကို ငုံ့ကာ တိတ်တဆိတ် လှည့်ပတ်ကြည့်ပြီးနောက် ပြောလိုက်သည် ။
"ပြီးတော့ အဲဒီလူက ချင်းယန်ပဲ... ဒီချင်းယန်ရဲ့ လက္ခဏာက မရိုးရှင်းဘူး သူက တကယ်ကို ထင်ရှားတဲ့ ရာထူးနဲ့ အားကောင်းမောင်းသန် ဂိုဏ်းရဲ့ လူငယ်ဂိုဏ်းချုပ်... ဖောက်ခွဲကောင်းကင်ဂိုဏ်းက အဓိပတိနယ်ပယ်တွေ အားလုံးက သူ့ကို သူတို့ရဲ့ အရှင်သခင်အဖြစ် လေးစားကြတယ်"
"ဟမ်? မိတ်ဆွေလေးချင်းက?"
လူအိုလီ ချက်ချင်းပင် အံ့အားသင့်သွားကာ ဤအဖြေအတွက် လုံးဝပြင်ဆင်ထားခြင်း မရှိခဲ့။
"တကယ်တော့ သူက အင်အားကြီးတဲ့ ဂိုဏ်းရဲ့ လူငယ်ဂိုဏ်းချုပ်တဲ့လား!?"
"ဘာလဲ?"
လျိုဝူရွှမ်းက မျက်ခုံးပင့်လိုက်ပြီး :"မင်းငါ့ကို မယုံဘူးလား"
"ကျုပ်တို့ယုံပါတယ် ယုံပါတယ်..."
လူအိုလီမှာ ဤအချက်အလက်ကြောင့် သူ့နှလုံးသားက ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ သို့သော် ၎င်းကို ယခင် အဓိပတိနယ်ပယ်တွေ မိမိကိုယ်ကို ဖျက်ဆီးရင်း ကာကွယ်ပေးခဲ့တာတွေကို တွေးကြည့်လိုက်ရင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ။
ချင်းယန်၏အသက်ကို ကယ်တင်ရန်အတွက် အဓိပတိနယ်ပယ်များက မဆင်မခြင် မိမိကိုယ်ကို ဖျက်ဆီးပစ်ခဲ့သည်။
"ပြီးတော့ သူက ဓားနတ်ဘုရားရဲ့ အကြီးဆုံးတပည့်ပဲ... ဓားနတ်ဘုရားရဲ့ အဆက်အနွယ်က ဖောက်ခွဲကောင်းကင်ဂိုဏ်း အတွင်းမှာ အရမ်းမြင့်မားတဲ့ ရာထူးကို ပိုင်ဆိုင်ထားပုံရတယ်!"
ဒါကို သူ့စိတ်ထဲ တွေးတောရင်း လူအိုလီသည် သူ့ဘေးနားက လီကျစ်ရွှမ်းကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲမှာ မနာလိုစိတ်တွေ ပေါ်လာတော့သည်။
"မင်းရဲ့ဆရာတူအစ်ကို ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ လူငယ်ဂိုဏ်းချုပ်တဲ့... မင်းတကယ်အခွင့်အရေးကောင်း တစ်ခုရခဲ့တာပဲ ရွှမ်းရွှမ်း မင်းအရမ်းကံကောင်းတယ်"
"ဒါဆို ဆရာတူအစ်ကိုက ဂိုဏ်းရဲ့ လူငယ်ဂိုဏ်းချုပ်ပေါ့..."
လီကျစ်ရွှမ်းလည်း ထိုစကားကို ကြားသောအခါ အနည်းငယ်မှိန်းနေပုံရသည်။ ချင်းယန်၏ အရည်အချင်းကြောင့် ဤအဆင့်အတန်းကို ရထားသည်မှာ မဆန်းပေ။ ဤကမ္ဘာကြီးတွင် အန္တရာယ်များစွာ ခိုအောင်းနေ၏။ ဂိုဏ်းခေါင်းဆောင်ရာထူးကို အမွေဆက်ခံရမည့် လမ်းမှာ ရှည်လျားပြီး ခက်ခဲနေဆဲဖြစ်သည်။
"တစ်နေ့တော့ ငါ့ရဲ့ဆရာတူအစ်ကိုက ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အနာဂတ်ခေါင်းဆောင် ဖြစ်လာမယ်ဆိုတာ ငါသက်သေပြရမယ်!"
လီကျစ်ရွှမ်းသည် လျိုဝူရွှမ်းအား လျှို့ဝှက်စွာ ကူညီရန် ဆုံးဖြတ်ကာ စိုက်ကြည့်နေသည်။ အဲဒီမတိုင်ခင်အထိ ကျန်းဟိုင်မြှားနတ်ဘုရားကို သတ်ခဲ့တဲ့သူတွေကို ဂရုတစိုက် စောင့်ကြည့်ခဲ့ရသည်။ ဆရာတူအစ်ကိုရဲ့ ဘေးကင်းမှုကို အန္တရာယ်ဖြစ်စေဖို့ သူတို့ လုံးဝ ခွင့်မပြုနိုင်ချေ။
"ဒီကောင်မလေးက ငါ့ကိုဒီလို စိုက်ကြည့်နေပြန်ပြီ..."
စားပွဲက လျိုဝူရွှမ်းသည် လီကျစ်ရွှမ်း၏ မဖော်ရွေသော အမူအရာကို သတိပြုမိပြီး လက်ဖက်ရည်ကို တိတ်တဆိတ် ငုံ့ကာ မမြင်ချင်ယောင်ဆောင်လိုက်သည်။
တကယ်တော့ သူမဟာ ချင်းယန်ရဲ့ အငယ်တန်းညီမဖြစ်ပြီး သူ ကျန်းဟိုင် မြှားနတ်ဘုရားကို အရင်တုန်းက အပြစ်လုပ်ခဲ့တာကိုလည်း မြင်ဖူး၏။
"စိတ်မဆိုးပါနဲ့ ငါ အခုပဲ ထွက်သွားတော့မယ်"
လျိုဝူရွှမ်းသည် အတွင်းစိတ်တွင် သက်ပြင်းတစ်ချက်ချကာ မတ်တပ်ထရပ်လိုက်ပြီး :"ဘာမှ မရှိတော့ရင် အိမ်ပြန်မယ် ငါ့ပစ္စည်းတွေကို ထုပ်ပိုးပြီးမှ ဒီနေရာကို စောင့်ရှောက်ဖို့ ပြန်လာခဲ့မယ်"
လူအိုလီ: "ခဏ! အကြီးအကဲ လျိုဝူရွှမ်း...ခင်ဗျား ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်လိုက်ပြီ... မဟာမိတ်ခေါင်းဆောင်က ခင်ဗျားအတွက် အခက်အခဲတွေ ဖြစ်အောင် မလုပ်လာနိုင်ဘူးလား"
"မုန့်ထျန်းရွှမ်ကလား?"
ဒါကိုကြားတော့ လျိုဝူရွှမ်း မျက်မှောင်ကြုတ်ပြီး သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါမလာခင် ဒီနှစ်တွေတစ်လျှောက်မှာ အဓိပတိမဟာမိတ်က ငါ့ကိုပေးခဲ့တဲ့အရာအားလုံးကို ပြန်ပေးခဲ့ပြီးပြီ.. ငါ့ဘက်က သူတို့အတွက် ဘာမှထပ်ပေးစရာ မရှိတော့ဘူး..."
……
……
အင်ပါယာမြို့တော်၌။
စည်ကားသိုက်မြိုက်သော ရှေးဟောင်းမြို့တော်ကြီးသည် နံနက်ခင်း အလင်းရောင်အောက်တွင် တောက်ပနေခဲ့သည်။
အဓိပတိ မဟာမိတ်နန်းတော်။
ဆေးဖက်ဝင်ရေချိုးခန်း တစ်ခုတွင် မုန့်ထျန်းရွှမ်သည် အနီရောင်အမှုန်အမွှားများဖြင့် ဝိုင်းရံထားသည့် အနီရောင်ရေကန်တွင် ရေစိမ်နေပြီး ဆေးဖက်ဝင်ကြာပန်းများစွာက ရေမျက်နှာပြင်ပေါ်တွင် လွင့်နေ၏။
မုန့်ထျန်းရွှမ်ရဲ့ လက်ရှိအခြေအနေက သူဗုံးကျဲခံရတုန်းကနဲ့ လုံးဝကို မတူတော့ပေ။ စုတ်ပြဲနေသော အရေပြားတွေ အနာကျက်သွားပြီး၊ ဖြတ်ထားသော သူ၏လက်မောင်းသည် ပြန်လည်ရှင်သန်လာပြီး အထွတ်အထိပ်သို့ ပြန်ရောက်သွားပုံရသည်။
"မဆိုးပါဘူး လုံးဝ ပြန်ကောင်းလုနီးပါး ဖြစ်သွားပြီ..."
မုန့်ထျန်းရွှမ် ဖြည်းညှင်းစွာ ထလာပြီး ညာဘက်လက်မှ ဒဏ်ရာကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အဖြူရောင်ရေချိုးဝတ်စုံကို ပြောင်းဝတ်ကာ စင်္ကြံဘက် ထွက်လာခဲ့၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ အရူးအမူး တိုက်ခိုက်ခြင်းအတွက် စိုးရိမ်သောကြောင့် သူသည် တလီတောင်များကိုဖြတ်၍ ရှည်လျားသောလမ်းကို တမင်တကာ စီးမျောရင်း အဓိပတိမဟာမိတ်သို့ ပြန်လာခဲ့ရသည်။
ထိုစဥ် တံခါးဝမှာ စောင့်နေတဲ့ လက်အောက်ငယ်သားတစ်ယောက်က ချဉ်းကပ်လာ၏။ ထိုလူက မြေပြင်ပေါ်တွင် လေးစားစွာ ဒူးထောက်ကာ။
"မဟာမိတ်ခေါင်းဆောင် အရင်က ညွှန်ကြားထားတဲ့တာဝန်ကို ပြီးသွားပါပြီ... မဟာမိတ်တစ်ခုလုံးကို ရှာဖွေခဲ့ပြီးပြီ ဒါပေမယ့် အဓိပတိ လျိုဝူရွှမ်းရဲ့ ခြေရာကို မတွေ့ပါဘူး။ သူ အဓိပတိမဟာမိတ်မှာ မရှိဘူးဆိုတာကို အတည်ပြုပြီးပါပြီ"
"ဒီမှာ မရှိဘူး?"
ဒါကိုကြားတော့ မုန့်ထျန်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
"သူဘယ်သွားတာလဲ သူ့အခန်းထဲမှာ တံခါးပိတ်ကျင့်ကြံနေတာလား... လွန်ခဲ့တဲ့ရက်ပိုင်းက သူ့ကို ဘာလို့မတွေ့တာလဲ"
"သူ သူ့အခန်းထဲမှာလည်း မရှိပါဘူး သူ့ကျွန်တွေ အဆိုအရ လျိုဝူရွှမ်းက သူ့အိတ်တွေကို ထုပ်ပိုးပြီး မြို့တော်ကနေ မထွက်ခွာခင် နေ့စဥ်လိုအပ်တာတွေ စုဆောင်းဖို့ ခဏပဲ ပြန်လာခဲ့ပါတယ်တဲ့"
လက်အောက်ငယ်သားက သူ့ဝတ်လုံထဲမှ ခေါက်သိမ်းထားသည့် မှတ်စုကို မုန့်ထျန်းရွှမ်ဆီ ပေးလိုက်သည်-
"ဒါကို အဓိပတိ လျိုဝူရွှမ်းရဲ့ စားပွဲပေါ်မှာ တွေ့တာပါ...."
"ဟမ်?"
ထိုစကားကို ကြားလိုက်သောအခါ မုန့်ထျန်းရွှမ် ရုတ်တရက် ထိန်းမနိုင်သိမ်းမရ ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လာခဲ့သည်။
သူသည် မှတ်စုကို ဖြည်းညှင်းစွာဖွင့်သည်။
မှတ်စုထဲတွင် အမျိုးမျိုးသော ပစ္စည်းများ၊ မှော်ဆန်သော ရှေးဟောင်းပစ္စည်းများ၊ ကျင့်ကြံမှု လက်စွဲစာအုပ်များ စသဖြင့် အားလုံးသည် ဂိုဒေါင်လိပ်စာတစ်ခုဆီသို့ ညွှန်ပြနေသော ပြောင်လက်တောက်ပသော ပစ္စည်းများအားလုံးကို ဖော်ပြထားပါသည်။ မှတ်စုအောက်တွင် စာတိုလေးတစ်စောင် ပါခဲ့သည်-
[အဓိပတိ မဟာမိတ်အဖွဲ့ရဲ့ အတိတ်က ကျေးဇူးတွေ အားလုံးကို ဒီနေရာမှာ ကျနော် လျိုဝူရွှမ်းက အပြည့်အ၀ ပြန်ပေးခဲ့ပါတယ်... ဒီနေ့ကစပြီး လျိုဝူရွှမ်းဟာ မြှားနတ်ဘုရားဘွဲ့ကို တလိုတလား စွန့်လွှတ်လိုက်တာကြောင့် အဓိပတိမဟာမိတ်အပေါ် ဘာအကြွေးမှ မတင်တော့ပါ]
"နောက်တော့ သူ မြို့တော်က ထွက်သွားပါတယ်... မဟာမိတ်အဖွဲ့ထဲက အကြီးအကဲတချို့ ပြောပုံအရဆို သူ ကျန်းဟိုင်ဘက်ကို ပျံသန်းသွားပုံရတယ်"
"သူ ဒီအတိုင်းထားသွားတာလား?"
မုန့်ထျန်းရွှမ် မှတ်စုကို ဖျက်ဆီးပစ်လိုက်ပြီး အလင်းနှင့် အရိပ်ကြားတွင် သူ့အမူအရာ ပြောင်းလဲသွားသည်။
"သူ အဓိပတိမဟာမိတ်မှာ ဆယ်စုနှစ်နဲ့ချီပြီး နေထိုင်ခဲ့တာ... ဆွေမျိုးတွေနဲ့ သူငယ်ချင်း တော်တော်များများတာကို ဒီမှာ နှုတ်ဆက်ပွဲ သင်္ကေတတောင် မပေးခဲ့ဘူးလား"
"ဟုတ်ကဲ့ မထွက်ခင် စကားတစ်ခွန်း ချန်ထားခဲ့ပါတယ်...."
လက်အောက်ငယ်သားမှာ ခေါင်းငုံ့ကာ တုန်တုန်ယင်ယင်ဖြင့် ပြောသည်၊
"လျိုဝူရွှမ်း မထွက်ခင်မှာ မဟာမိတ်အဖွဲ့ထဲက တခြားထိပ်တန်းအရာရှိတွေက သူ့ကို ဆက်နေဖို့ ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် သူက တစ်ချက်တည်းနဲ့ တုံ့ပြန်ခဲ့တာ... အဲဒီနောက်မှာတော့ သူ့ကို ဘယ်သူမှ မတားရဲခဲ့ကြပါဘူး..."
လက်အောက်ငယ်သား၏ ဦးခေါင်းမှာ ကြမ်းပြင်ပေါ် နစ်မြုပ်သွားလုမတတ် ငုံ့ထားရှာကာ နဖူးမှ ချွေးအေးများ စီးကျလာတော့သည်။
"သူဘာပြောသွားလဲ?"
မုန့်ထျန်းရွှမ်၏ မျက်နှာသည်လည်း မည်းမှောင်နေပြီး ဒေါသသံများက လည်ချောင်းထဲတွင် စိမ့်နေသည်။ သူက သူ့လက်အောက်ငယ်သားကို စူးစူးဝါးဝါး ကြည့်၍။
"ပြော!"
"ဟုတ်ကဲ့ ဟုတ်ကဲ့... ဟုတ်ကဲ့ ကြားပြီးရင် စိတ်မဆိုးပါနဲ့ မဟာမိတ်ခေါင်းဆောင်"
လက်အောက်ငယ်သားမှာ စကားပင် ထစ်လာကာ မျက်လုံးများကိုမှိတ်ချရင်း အံကြိတ်ကာ ပြောလိုက်သည်။
"သူ မထွက်ခင်မှာ သူ့ကိုနေဖို့ ဆွဲဆောင်ဖို့ ကြိုးစားတဲ့ ထိပ်တန်းခေါင်းဆောင် အားလုံးကို ဒေါသတကြီး ပြစ်တင်ဆုံးမခဲ့ပါတယ်... 'ငါ သိက္ခာရှိတဲ့ လျိုဝူရွှမ်း လူသေးသေးလေးတွေနဲ့ ပေါင်းသင်းရတာ ရှက်စရာကောင်းတယ်!!' လို့ ပြောသွားတာပါ"
ဝုန်း!!!
ကြမ်းပြင်ကြီး အက်ကွဲသွားခဲ့သည်။
နက်ရှိုင်းသော မီးတောင်ဝတစ်ခု စင်္ကြံထဲ ပေါက်ကွဲသွားပြီး အားကောင်းသော ကြယ်စွမ်းအင်များ ပျံ့နှံ့သွားသဖြင့် အနီးနားရှိ နံရံများကို ဖုန်မှုန့်များအဖြစ် ချက်ချင်း ပြောင်းလဲပစ်သည်။
"သစ္စာဖောက်!"
မုန့်ထျန်းရွှမ် သူ့သွားတွေကို အံကြိတ်ပြီး အော်လိုက်တဲ့အခိုက် သူ့မျက်နှာကလည်း နီမြန်းလာ၏။ တစ်ကိုယ်လုံးကလည်း ဒေါသကြောင့် တုန်နေသည်။
"ဒါ အဓိပတိမဟာမိတ်ကို သစ္စာဖောက်တာပဲ! လျိုဝူရွှမ်း! မင်းက ထွက်သွားရုံတင်မကဘူး ငါ့ရဲ့ဂုဏ်သိက္ခာကို စော်ကားသွားတယ်! မင်း သေလမ်းရှာနေတာပဲ!"
ဒီလိုပြောပြီး သူ့လက်အောက်ငယ်သားကို ကြည့်ကာ တိုက်ရိုက် အမိန့်ပေးလိုက်သည်။
"ချက်ချင်းစုံစမ်းပါ... ဒီသစ္စာဖောက် ဘယ်ရောက်သွားလဲ ရှာကြည့်! သတင်းရပြီးတာနဲ့ ချက်ချင်း ပြန်အကြောင်းကြား! !"
"ဟုတ်ကဲ့ပါ မဟာမိတ်ခေါင်းဆောင်!"
လက်အောက်ငယ်သားလည်း အမိန့်ကို လိုက်နာရင်း စင်္ကြံကနေ ခပ်သုတ်သုတ် ထွက်သွားရာ အသက်ရှူချိန် အနည်းငယ်အကြာတွင် စင်္ကြံလမ်းပေါ်၌ တိတ်ဆိတ်သွားသည်။
"ဟမ့် လျိုဝူရွှမ်း မင်းတကယ်ပဲ မဟာမိတ်အဖွဲ့ရဲ့ ပစ္စည်းတွေကို ပြန်ပေးရုံနဲ့ လုံလောက်တယ်လို့ ထင်နေတာလား?"
ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ အဆုံးမဲ့ စိမ်းလန်းသော တောင်တန်းများကို ငေးကြည့်လိုက်သည်။ သူ၏အကြည့်များသည် လျိုဝူရွှမ်း၏တည်နေရာကို အမိဖမ်းတော့မည့်နှယ် တောင်ထိပ်အလွှာများကို ဖြတ်ပြေးသွား၏။
လျိုဝူရွှမ်းသည် ထူးထူးခြားခြား ထက်မြက်ပြီး ကျွမ်းကျင်သော လေးသမားတစ်ဦးဖြစ်ပြီး မဟာမိတ်အဖွဲ့မှ ပြုစုပျိုးထောင်ပေးသည့် အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည်သာ ကောင်းကင်အဓိပတိကို ဖြတ်ကျော်ဝင်ရောက်ဖို့ ဖြစ်နိုင်ခြေအရှိဆုံး ကြယ်စစ်သည်တော်အဖြစ် ချီးကျူးခံရသည်။
ထို့အပြင် ဒု-မဟာမိတ်ခေါင်းဆောင်ရာထူးကိုလည်း ထမ်းဆောင်ထားခဲ့သည်။ ဒါကြောင့် အဓိပတိမဟာမိတ်၏ လျှို့ဝှက်ချက်များနှင့် အရေးကြီးသော အချက်အလက်များစွာကို ပိုင်ဆိုင်ထားပေ၏။
အခု မဟာမိတ်အဖွဲ့ကနေ ထွက်ပြေးသွားတဲ့အတွက် အဓိပတိမဟာမိတ် အပေါ် အကျိုးသက်ရောက်မှုက တွေးဆ၍ပင် မရနိုင်ချေ။
"ဒီမဟာမိတ်ခေါင်းဆောင် လက်ကနေ မင်း ဘယ်လောက်ကြာကြာ ပြေးနိုင်မှာလဲ...."
ဒီအကြောင်းကို သူပိုတွေးလေလေ၊ သူဆယ်စုနှစ်တွေကြာအောင် မွေးမြူထားတဲ့ ခွေးတစ်ကောင်က သစ္စာဖောက်သွားသလို ခံစားလိုက်ရသဖြင့် သူ့အလိုလို စိတ်ပျက်လာလေလေပါပဲ။
"အဓိပတိ မဟာမိတ်ကို သစ္စာဖောက်ရဲသူ ဘယ်သူမဆို သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ်!!"
...
...
ညနေပိုင်း။
ဖုဟိုင်ဗီလာ လူနေရပ်ကွက်။
လသာဆောင်တွင် ချင်းယန် တင်ပျဉ်ခွေထိုင်နေပြီး အေးမြသော ညခင်းလေညင်းက သူ့မျက်နှာကို ဖြတ်သန်း တိုက်ခတ်လာသည်။ ရုတ်တရက် သူ့ဆီကနေ ထွက်လာတဲ့ တာအိုရောင်ဝါက အားနည်းပြီး မမြင်နိုင်လောက်တဲ့ ငြီးငွေ့မှုကို ခံစားလိုက်ရသည်။
"အခု ဘယ်သူ ငါ့အကြောင်းပြောနေတာလဲ"
သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ကာ စိတ်ထဲ တစ်ခုခု လွဲချော်နေသလိုလည်း ခံစားနေရ၏။
ကောင်းကင်အဓိပတိသို့ ရောက်ခါနီးချေပြီ။ နဂါးခန္ဓာပုံစံကို ရိပ်စားမိသဖြင့် အကြောင်းနှင့် အကျိုးတရား၏ ခြေရာကို ထိမိသွားပြီ။ ဒါကြောင့် သူ့အပေါ် မည်သူမဆို မကောင်းသော အကြံအစည်မှန်သမျှကို ကြိုတွေးထားပါက သူ့စိတ်အာရုံက အလိုလို ခံစားလွယ်လာသည်။
ဒါပေမယ့် ကံမကောင်းစွာပဲ ထိုခံစားချက်က မရေရာသေးချေ။
"လေးလေးနက်နက် ခံစားမိဖို့ မဖြစ်နိုင်သေးဘူး... ကောင်းကင်အဓိပတိကို ဖြတ်ကျော်ပြီးမှ နားလည်နိုင်မယ့်ပုံပဲ"
ချင်းယန် ခဏလောက် စဉ်းစားပြီး ခေါင်းယမ်းကာ ထိုအတွေးများကို ရပ်တန့်လိုက်သည်။ ပြီးတာနဲ့ ဥာဏ်အလင်း လောကထဲ ဆက်လက် နှစ်မြှုပ်ကာ သွေးကိုယ်ပွားနည်းပညာကို အာရုံစူးစိုက်နေ၏။
သူ့စိတ်ထဲတွင် ၎င်းတို့၏ သွေးကြော၊ သွေးနှင့် အရိုးများ အားလုံးက သဲသဲကွဲကွဲ ကိန်းဂဏန်းများအလား ပေါ်နေပါပြီ။
"ဧကန္တ... ငါသွေးပမာဏနဲ့ စဖို့ ကြိုးစားရမှာများလား?"
ချင်းယန် မေးစေ့ကို ပွတ်သပ်ရင်း အတွေးထဲ ရောက်သွားသည်။
နောက်ဆုံး တိုက်ခန်းအနီးက မိမိကိုယ်ကို ဖျက်ဆီးခြင်း တိုက်ပွဲသည် သူ့ကို အတော်အတန် အောင်မြင်စေခဲ့လေ၏။ သူ့ကိုယ်ပွား ကိန်းဂဏန်းတွေသာ တိုးလာမယ်ဆိုရင် သူကိုယ်တိုင် ပါဝင်ပတ်သက်နေဖို့ မလိုတော့ပေ။
မိမိကိုယ်ကို ဖျက်ဆီးသော ဗုံးခွဲမှုကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်တာက ပိုကောင်းမည် မဟုတ်ပါလား။
လူတစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခု။
…
ထိုအချိန်တွင် ရှောင်ပိုင် အထဲမှာ လေ့ကျင့်နေဆဲ ဖြစ်သည်။
သူမအနားတွင် ချင်းယန်၏အလုပ်ရလဒ်ကို ဖြန့်ချထားသည်။ ၎င်းမှာ အခြားချင်းယန် ဖြစ်ကာ တူညီသောရောင်ဝါ ရှိသော်လည်း မွေးရာပါနယ်ပယ် အဆင့်တွင်သာ ရှိသည်။ ဤသည်မှာ ပဏာမအဆင့် မြှင့်တင်ထားသော သွေးကိုယ်ပွားပင်။
အင်အားအလွန်နည်းသော်လည်း ၎င်းသည် သွေးအနှစ်သာရ အနည်းငယ်ကို စားသုံးခြင်းဖြင့် မွေးရာပါနယ်ပယ် စွမ်းအားကို လွတ်လပ်စွာ ချိန်ညှိနိုင်သည်။ ချင်းယန်၏ အဓိကဗျူဟာမှာ ကိုယ်ပွားအရေအတွက် ကိန်းဂဏန်းများဖြင့် အနိုင်ရရန် ဖြစ်ပေ၏။
"ထင်ထားတဲ့အတိုင်းပဲ... ဟီး... မွေးရာပါနယ်ပယ်က ဒီနတ်သမီးလေးနဲ့ အသင့်တော်ဆုံးပဲ"
ရှောင်ပိုင် ဖုန်းကို ချလိုက်ပြီး သူ့ဘေးနားရှိ ချင်းယန်ဘက် တစ်ချက်ကြည့်လိုက်ကာ မြေခွေးနားရွက်များ လှုပ်ယမ်းသွားသည်။
"သခင်ရဲ့ အထွတ်အထိပ်နယ်မြေက ကြောက်စရာကောင်းလွန်းတယ်... ဒီကိုယ်ပွားကမှ ပိုကောင်းတာ... သခင် မြန်မြန်လုပ် "
ရှောင်ပိုင် လသာဆောင်ဘက်ကို လှမ်းအော်ပြောလိုက်သည်။
"ကိုယ်ပွားတွေ ဒါဇင်နဲ့ချီသွားရင် ကျွန်မတို့ စတူဒီယို esports အဖွဲ့ကို ဖွဲ့နိုင်ပြီ... ပြီးရင် esports ပြိုင်ပွဲတွေဆီ တန်းတန်းမတ်မတ် သွားမယ်... ပထမ၊ ဒုတိယနဲ့ တတိယနေရာကို ရအောင်ယူမယ်... ဟီးဟီး ဒီလိုဆို ကျွန်မတို့သုံးတာထက် ပိုက်ဆံပိုရလိမ့်မယ်"
"ကျစ်!"
လသာဆောင်အပြင်ဘက်မှ အသံ ပြန်ထွက်လာသည်။
"ငါ့ရဲ့ကိုယ်ပွားတွေက အနှစ်သာရသွေး မလိုအပ်ဘူးလို့ မင်းထင်နေတာလား ငါက အဲ့ဒါကို မင်းပေးဆိုတိုင်း ပေးရမှာလား? !"
"..."
ရှောင်ပိုင် အလိုလို နောက်ပြန်ဆုတ်သွားပြီး မွေးရာပါနယ်ပယ် ကိုယ်ပွားနောက်တွင် ပုန်းနေလိုက်သည်။
"မပေးဘူးဆို အေးအေးဆေးဆေး ပြောပေါ့.... ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ ဒါလည်း မဆိုးဘူး"
သူမသည် ဤမွေးရာပါနယ်ပယ်၏ ကိုယ်ပွားကို ပွေ့ဖက်ကာ သူမ ခေါင်းဖြင့် တစ်ဖက်လူရင်ဘတ်ကို အကြမ်းဖျင်း ပွတ်သပ်နေသည်။
"အူကြောင်ကြောင်နဲ့... ဒီနတ်သမီးနဲ့ ဂိမ်းလေး ဆော့ရုံပဲဟာ.... နင့်အရည်အချင်းက နည်းနည်းတော့ အားနည်းပေမယ့် တော်တော်လေး နာခံတတ်ပါတယ်!"