ဒီနတ်သမီးက...တကယ်တော့ နဂါးမွေးထားတဲ့ ပထမဆုံးမြေခွေးလား?!
Vol. 19 Ch. 276
"မဆိုးပါဘူး နောက်ဆုံးတော့ အသွင်ကူးပြောင်းမှုကြီးကို ပြီးသွားပြီ..."
ချင်းယန်သည် ခြံဝင်းထဲက ၎င်း၏ကိုယ်ပွားရှေ့တွင် ရပ်ကာ ကိုယ်ပွားကို ခဏလောက် စစ်ဆေးပြီးနောက် အဆင့်ခြောက် အခင်းအကျင်း၏ တည်ငြိမ်မှုကို အတည်ပြုရန် ခင်းကျင်းထားသော လိုင်းများ၏ လက်ကျန်ချိန်ခွင်လျှာကို အကြိမ်ပေါင်းများစွာ စစ်ကြည့်နေခဲ့သည်။
ပြီးသွားပြီးနောက် သူအလွန် ကျေနပ်သွားခဲ့သည်။
*တာအိုအစီအရင်၏ စစ်မှန်သော ရှင်းလင်းချက်* ထဲရှိ အစီအရင်များဟာ အလွန်ရှုပ်ထွေးပြီး တစ်ခုလုံးက ကြယ်စွမ်းအင် ချိန်ခွင်လျှာကို ညှိနှိုင်းရန်အတွက် ကြယ်ကျောက်များကို အစီအရင် မျက်လုံးအဖြစ် အသုံးပြုထားရသည်။
အလေးချိန်များပြီး ကြယ်ကျောက်များ ခံနိုင်ရည်ရှိသော ကန့်သတ်ချက်အထက်သို့ ရောက်သွားပါက ကြယ်ကျောက်တုံးများ ကွဲအက်သွားကာ အစီအရင်က မလွဲမသွေ ပြိုကျသွားလိမ့်မည်။
ဒါပေမယ့် အခုက မတူတော့ပါ။
"ကြယ်ကျောက်တွေအစား ငါ့ကိုယ်ပွားကို သုံးလိုက်ရင် စွမ်းအားက သိသိသာသာ တိုးလာလိမ့်မယ်"
ချင်းယန် တွေးတောလိုက်သည်။
ဤကိုယ်ပွားများ၏ အကူအညီဖြင့် သူသည် အဆင့်ခြောက် ကြီးမားသောဖွဲ့စည်းမှုကို အလွယ်တကူ တည်ဆောက်နိုင်ပြီ။ တစ်နည်းအားဖြင့် ဆိုရလျှင် ဤအရာသည် မကောင်းဆိုးဝါး မှော်ဆရာများ၏ ဖွဲ့စည်းမှုနည်းစနစ်နှင့် ခပ်ဆင်ဆင် တူပေသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ၎င်းတို့သည် အပြစ်မဲ့ပြင်ပလူများကို အသုံးပြုကြပြီး သူကတော့ သူ၏ကိုယ်ခန္ဓာကို "ကောင်းကင်မြေကြီး အသက်ရှည်ခြင်း" နည်းဖြင့် ဖျက်ဆီးကာ သူ့ကိုယ်ပိုင် သွေးကိုယ်ပွားများကို အသုံးပြုနေမှာ ဖြစ်သည်။
စွမ်းအားကို ဆယ်ဆ၊ အဆတစ်ရာလောက်တောင် ထုတ်လွှတ်နိုင်လောက်၏။ ကောင်းကင်အဓိပတိ မုန့်ထျန်းရွှမ်ကို ဤအဆင့်၆ အစီအရင်ဖြင့် ဖမ်းချုပ်ထားနိုင်လျှင် ရပြီ။
"မဆိုးပါဘူး"
ဤအတွေးများဖြင့် ချင်းယန်သည် ပြန်ထကာ ဖုန်မှုန့်များကို သန့်စင်လိုက်သည်။ စစ်မှန်သော နဂါးခန္ဓာပုံစံကို ဆက်လက်နားလည်ရန် ဉာဏ်အလင်းလောကထဲသို့ ဝင်ဖို့ ပြင်၏။
"သခင်... ညစာ အဆင်သင့်ဖြစ်ပြီ!"
ထိုအချိန်တွင် ရှောင်ပိုင်သည် ၎င်း၏အမြီးကို ဟိုဘက်ဒီဘက် ဝေ့ယမ်းရင်း ချင်းယန်နံဘေးသို့ မျောလွင့်လာသည်။
"သခင် အစီအရင်တွေနဲ့ ဆော့နေတာ ရပ်လိုက်ပါတော့... မြန်မြန်ထပြီး ညစာလာစားတော့... တစ်ညလုံး အလုပ်ရှုပ်နေတာပဲ..."
"မင်း အရင်စားနှင့်"
ချင်းယန် ခေါင်းယမ်းကာ ကိုယ်ပွားများထံသွားကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
"ဒီခင်းကျင်းထားတဲ့ လောင်းကြေးတွေ တည်ငြိမ်မှုကို ငါပြန်စစ်ဆေးကြည့်ရမယ်... ဒီညတော့ ငါမင်းနဲ့ ရှုပ်ဖို့ အချိန်မရှိဘူး"
"အိုး... အဆင်ပြေရဲ့လား... ခင်းကျင်းထားတဲ့ လောင်းကြေးက ဘာလဲ?!"
ဒါကိုကြားလိုက်တာနဲ့ ရှောင်ပိုင်သည် ပတ်ဝန်းကျင် ကြယ်စွမ်းအင်တွေရဲ့ အနှောက်အယှက်ဖြစ်တာကို သတိပြုမိပြီး ခေတ္တရပ်သွားသည်။ သူမရဲ့အကြည့်တွေက ချင်းယန်ရဲ့ကိုယ်ပွားထဲက တစ်ယောက်အပေါ်ကို ကျရောက်သွားတဲ့အခါ ခေါင်းတွေ တဆတ်ဆတ် တုန်သွားတော့၏။
ဘာလောင်းကြေးလဲ။
အစီအရင် လောင်းကြေးလား?!
ရှောင်ပိုင်သည် ကြယ်မှုန်လေးများ အဆက်မပြတ် ထွက်ပေါ်နေသည့် ကိုယ်ပွားအရေပြားရှိ အက်ကွဲကြောင်းများကို သတိပြုမိကာ စူးစူးစိုက်စိုက် ကြည့်နေတော့သည်။
"ဒီသခင် တိုးတက်လာတဲ့ အစီအရင်က ကိုယ်ပွားလား"
အရင်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရတဲ့ နည်းလမ်းက မလုံလောက်သေးလို့ အခု နည်းလမ်းသစ်တစ်ခုကို တီထွင်လိုက်ပြန်ပြီ။
"သူ့ရဲ့ကိုယ်ပိုင် ကိုယ်ပွားကို အစီအရင် တစ်ခုအနေနဲ့သုံးနေတာပဲ သခင်က ရက်စက်လွန်းတယ်... သူ တကယ် အဆင့်သစ်တစ်ခုအထိ ရောက်သွားလောက်ပြီ..."
အဖြူရောင်လေးသည် ချင်းယန်ကို လုံးဝအထင်ကြီးသွားကာ မိမိကိုယ်ကိုတော့ စိတ်ပျက်သွားမိသည်။
ကိုယ်ပွားတစ်ခုအား အစီအရင်တစ်ခုနှင့် တိုက်ရိုက် ပေါင်းစပ်လိုက်တာမျိုး သူမ ယခင်က တစ်ခါမျှ မကြားဖူးခဲ့ချေ။ ဒါကြီးက သူမ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သခင် တစ်ဦးတည်းကသာ ထိုကဲ့သို့ ထူးထူးခြားခြား လုပ်ဆောင်မှုကို ဖန်းတီးနိုင်ခဲ့လေသည်။
"သခင့်ရဲ့ စိတ်ကူးက အရမ်းမိုက်တာပဲ... ဒါဆို ဒီကျွန် သခင့်ကို မနှောင့်ယှက်တော့ဘူး... သခင် ကံကောင်းပါစေ"
"ကောင်းပြီ မင်းအရင်စား... ခဏနေ ခြံဝင်းထဲမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နိုင်တယ် ငါ့ခွင့်ပြုချက်မရှိဘဲ ခြံထဲမလာနဲ့... ငါ့ကို မနှောင့်ယှက်နဲ့"
ချင်းယန်သည် ရှောင်ပိုင်မှာ ကြောင်တက်တက် ရပ်နေတာကို တွေ့လိုက်ရတော့ သူမကို ညွှန်ကြားချက် အနည်းငယ်ပေးပြီး အိမ်ထဲ ပြန်ပို့လိုက်သည်။ ထို့နောက် မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အတွင်းစိတ်လောကထဲ နစ်ထားလိုက်၏။
သူ့စိတ်ထဲမှာတော့ နဂါးအစစ်၏ အဖြူရောင်အရိုးစုသည် ပို၍ပို၍ အသက်ဝင်လာသည်။ အရိုးများ၊ ကြွက်သားများနှင့် အရွတ်များကြားကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ပြီး အနှီနဂါးက သူ့စိတ်ထဲတွင် လွတ်လပ်စွာ သွားလာနေသည်။
ကြောက်မက်ဖွယ်ကောင်းသည့်ပုံ ပေါက်နေသေးသော်လည်း ၎င်းသည် ယခင်ကထက် ပိုမိုတင်းမာနေသေးသည်။ ယခင် နဂါးဖြူအရိုးစုကို သန့်စင်ပြီးနောက် ဤစစ်မှန်သော နဂါးခန္ဓာက တဖြည်းဖြည်း ခိုင်မာလာ၏။ အဓိပတိခန္ဓာ အသွင်ကို ထင်ရှားပြရန် နီးကပ်လာပြီဟု ပြောရမည်။
"ဒီထက်ပိုပြီး နက်နက်နဲနဲ လေ့လာကြည့်ရအောင်"
ဒါကိုတွေးရင်း ချင်းယန် သူ့စိတ်ကို ပြန်လည် အာရုံစူးစိုက်လိုက်သည်။
နောက်အခိုက်၌။
ဗုန်း!
ရွှေနဂါးကြီး၏ ရောင်ဝါများ ထိုးထွက်လာသည်။
သူ့ပတ်ဝန်းကျင်က မြေပြင်သည် တစ်လက်မလောက် အက်ကွဲသွားပြီး ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခု ဝုန်းကနဲ ပျံ့နှံ့သွားသဖြင့် အနီးနားမှာရှိတဲ့ မြက်ပင်တွေ၊ သစ်ပင်တွေနဲ့ ပန်းပွင့်တွေ အကုန်လုံး ကြေမွသွားတော့သည်။
ဝူး!
ရှည်လျားပြင်းထန်သော နဂါးဟောက်သံကြီး ပဲ့တင်ထပ်သွားသည်။
“?!”
ရှောင်ပိုင် လှည့်ပြီး ဧည့်ခန်းဘက်သို့ လှမ်းသွားသော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် တုန်တုန်ယင်ယင်နှင့် ရပ်သွားကာ သူမအနောက်မှ ပြင်းထန်သော ရောင်ဝါများ ထိုးတက်လာသည်ကို ခံစားလိုက်ရသည်။
နက်နဲမြင့်မြတ်တာကြောင့် သူမကို ချက်ချင်း ဦးညွှတ်ချင်စိတ်တောင် ဖြစ်လာစေ၏။
“သခင့်အငွေ့အသက်က ပိုကြောက်စရာ ကောင်းလာတယ်”
ရှောင်ပိုင် ချာကနဲ လှည့်ကြည့်လိုက်သည်။ ပြင်သစ်ပြတင်းပေါက် အပြင်ဘက်ရှိ ရွှေနဂါးရုပ်ကို မြင်လိုက်ရတဲ့အခိုက် သူမတစ်ကိုယ်လုံး အလိုလို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားတော့သည်။
နဂါးများက ဤကမ္ဘာပေါ်တွင် ဒဏ္ဍာရီမျှသာဖြစ်သည်ကို သိထားရမည်။ ၎င်းတို့သည် ဒဏ္ဍာရီလာများတွင်သာ တည်ရှိနေသော ဒဏ္ဍာရီလာကြယ်သားရဲများ ဖြစ်သည်။
အချိန်အတော်ကြာအောင် ကျင့်ကြံထားသော မြေခွေးမျိုးနွယ်စုရှိ အဘိုးအဘွားထံမှ ၎င်းတို့အကြောင်းကို ပုံပြင်လိုသာ ကြားသိခဲ့ရပြီး ထိုအချိန်ကပင် သူမကိုယ်တိုင် မျက်စိနှင့် မမြင်ခဲ့ရပေ။ သို့နှင့် မရေမတွက်နိုင်သော နှစ်များ ကုန်လွန်ခဲ့သည်။
ဒါပေမယ့် အခု အဖွားပြောသည့်အတိုင်း သခင်၏ အငွေ့အသက်သည် နတ်နဂါးတစ်ကောင်လို အတိအကျ ပျံ့နှံ့နေချေပြီ။
"သူ လူသားအသွင် ပြောင်းလဲတော့မှာလား"
ရှောင်ပိုင် ဆိုဖာနောက်သို့ ဆုတ်သွားပြီး အပြင်ဘက်က ထူးဆန်းသည့် ဖြစ်စဉ်ကို သတိကြီးကြီးထားပြီး ခေါင်းလေးကိုသာ ဖော်ထားလေသည်။ ရွှေနဂါးကြီး၏ သဏ္ဌာန်သည် ပိုမိုကြီးမားလာကာ ၎င်း၏အမြီးသည် ၎င်း၏နောက်တွင် ရွှင်မြူးစွာ ယိမ်းထိုးနေ၏။ ဒီအကြောင်းကို သူမ ပိုတွေးလေလေ သူမ ပိုစိတ်လှုပ်ရှားလေလေပါပဲ။
ဒါက သတင်းကောင်းပါပဲ။
"တကယ်လို့ သခင် နဂါးအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် ဒီနတ်သမီး... ငါက နဂါးမွေးထားတဲ့ ပထမဆုံး မြေခွေးဖြစ်လာမှာ မဟုတ်ဘူးလား"
…
…
ပြီးခဲ့သော နေ့ရက်များကို ချင်းယန် သာယာစွာဖြတ်သန်းခဲ့သည်။ တစ်ခါတလေ သူ့မြေခွေးနဲ့ လမ်းလျှောက်ရင်း အားလပ်ချိန်များတွင် အိမ်၌ ဂိမ်းကစားသည်။ နဂါးခန္ဓာကိုယ်ကို ထုတ်ယူ အသက်သွင်းပေးနေစဉ် ရံဖန်ရံခါ ဆင်ခြင်သုံးသပ်နေခဲ့၏။
သူသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ကျင့်ကြံနေခဲ့တာကြောင့် နဂါးခန္ဓာကိုယ် ဖွဲ့စည်းမှုကလည်း ပို၍ထင်ရှားလာသည်။ နဂါးအရိုးများ ခိုင်မာလာပြီး အရေပြားနှင့် ကြွက်သားများ တောင့်တင်းလာပြီပဲ ဖြစ်သည်။
ချင်းယန် အနည်းငယ် အာရုံစိုက်နေသမျှတော့ နဂါးအစစ်အဖြစ် အမှန်တကယ် ပြောင်းလဲသွားသကဲ့သို့ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အကြေးခွံများ ပေါ်လာမည် ဖြစ်သော်လည်း ၎င်းသည် အခြေတည်သည့် အဆင့်တွင်သာ ရှိနေသေးသည်။
ပြည့်စုံစွာ ထင်ရှားသော ခန္ဓာပုံစံ မဟုတ်သေးပေ။ သို့သော် ဒါကိုမြင်လိုက်ရတော့ ရှောင်ပိုင်တစ်ယောက် ၎င်း၏ထင်မြင်ယူဆချက်ကို ပို၍ပင် ယုံကြည်လာခဲ့သည်။
"ငါ့သခင်က တကယ့်နဂါးပဲ!!"
.......
အချိန်တွေ ကြာလာတာနဲ့အမျှ မျက်စိတစ်မှိတ်အတွင်း တစ်ပတ်ကုန်ဆုံးသွားသည်။ ချင်းယန်၏ ကျင့်ကြံမှု အကျိုးရလဒ်ကလည်း ထင်ရှားလာပါပြီ။
အွန်လိုင်းမုန်တိုင်းသည် ၎င်း၏အဖျားနားသို့ တဖြည်းဖြည်း တိုးကပ် ရောက်ရှိလာပြီးနောက် ရပ်တန့်သွားကာ စာကြည့်တိုက် အပြင်ဘက်ရှိ လူများလည်း ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာခဲ့သည်။
ဓားနတ်ဘုရား၏ အကြီးဆုံးတပည့် မပေါ်လာသောအခါတွင် စိတ်အားထက်သန်ခဲ့သော နိုင်ငံသားများ ထွက်ခွာသွားတာကြောင့် ကြယ်သိုင်းရဲစခန်း၏ အလုပ်ဝန်လည်း သိသိသာသာ လျော့ပါးသွားသည်။
ချင်းယန်သည် အဓိကဇာတ်ကောင်အဖြစ် မရှိနေတော့ဘဲ နောက်ဆုံးတွင် သတင်းကြီးက အလျင်အမြန် အဆုံးသတ်သွားခဲ့ရ၏။ သတင်းကြားပြီးနောက် လာခဲ့ကြသော အင်တာနက် ကျော်ကြားသူ အများအပြားသည် အပြင်တွင် စောင့်နေကြပြီး ဓားနတ်ဘုရား၏ အကြီးဆုံး တပည့် မပေါ်သေးသဖြင့် မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့ရသည်။
ထို့နောက် ဒေါသတကြီး ဖြစ်လာခဲ့ကြပြန်သည်။
အင်တာနက်က ကျော်ကြားမှုကို မြည်းစမ်းဖို့ ကျန်းဟိုင်မြို့ကို တလမ်းလုံး ခရီးထွက်ခဲ့ကြပေမယ့် အနှီဒုတိယမျိုးဆက် ဓားနတ်ဘုရားက အရိပ်တောင် မပြခဲ့ပေ။
တစ်ပတ်တစ်ဝက်နီးပါး စောင့်ပြီးနောက်တွင် စာကြည့်တိုက်အနီးရှိ ဟိုတယ်ဈေးနှုန်းများ မြင့်တက်လာကာ အာရုံစိုက်ရှာဖွေနေသည့် အင်တာနက်နာမည်ကြီးများကို ဆုတ်ခွာသွားချိန်တွင်မှ ဈေးကျသွား၏။ တချို့ကလည်း များပြားလှသော ယာဉ်ကြောကျပ်တည်းမှုကို မထိန်းနိုင်ဘဲ စိတ်ပျက်လက်ပျက်ဖြင့်သာ ထွက်ခွာသွားရသည်။
ထိုအချိန်မှစ၍ ကျန်းဟိုင်မြို့ အပြင်ဘက်တွင် အသည်းကွဲလူသစ် အုပ်စုတစ်စု ရောက်ရှိလာခဲ့သည်။
အွန်လိုင်းမှာလည်း အမြင်တွေ ကွဲလာ၏။
[ဓားနတ်ဘုရား တပည့်က မပေါ်လာဘူးဟေ့... သူ ငါတို့ကို တမင်ရှောင်နေတာလား]
[စာကြည့်တိုက်ဝန်ထမ်းက အကြီးဆုံးတပည့်က အရမ်းချောတယ်လို့ ပြောတယ်! သူ့ကို လူချင်းမတွေ့ရတာ နှမြောစရာကောင်းလိုက်တာ]
[အိုး! မင်းတို့မှာ ဒီလိုပြောဖို့ စိတ်တွေ ရှိသေးတယ်ပေါ့.. သူရဲ့ ပင်ကိုယ်စရိုက်ကို ကြည့်ရတာ ဆိတ်ငြိမ်ပြီး ဟန်ဆောင်မှုကင်းတဲ့ လူတစ်ယောက်ဖြစ်လောက်တယ်... လူအများကြီးက သူ့ကို အနှောက်အယှက် ပေးနေမှတော့ ပေါ်မလာတာ မဆန်းပါဘူး]
[ငါ့မှာ ဒုတိယမျိုးဆက် ဓားနတ်ဘုရားရဲ့ ကြည်ကြည်လင်လင် ပွင့်ပွင့်လင်းလင်း ဓာတ်ပုံဟောင်း တချို့ရှိတယ်... ဘယ်သူလိုချင်လဲ...!]
【ဘယ်လိုမှ မဖြစ်နိုင်ဘူး... မင်းလူလိမ် မင်းငါ့ကိုရောင်းမယ်လို့ ပြောပြီး နာမည်ကြီးဓာတ်ပုံတွေနဲ့ အတုလုပ်လိုက်တာ။】
……
ဖုဟိုင်ဗီလာ လူနေရပ်ကွက်တွင်။
“ဟူး... နောက်ဆုံးတော့ အခြေအနေတွေ ငြိမ်သက်သွားပြီ”
ချင်းယန် ဧည့်ခန်းထဲက ဆိုဖာပေါ် လှဲချကာ အွန်လိုင်းပေါ်က မှတ်ချက်များကို ကြည့်ရင်း စိတ်သက်သာရာ ရသွားသည်။ သူ မပေါ်သေးသရွေ့တော့ ဖောင်းပွမှုက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပုံမှန်ဘဝသို့ မကြာမီ ပြန်ရောက်မယ်မှန်း သိပြီးသားပါ။
"သာမန်ဖြစ်ရတာပဲ ကောင်းတယ်"
"သခင် ပါးစပ်ဟ!"
သူ့ဘေးမှာရပ်နေတဲ့ ရှောင်ပိုင်က စပျစ်သီးတစ်လုံးကို ကောက်ယူပြီး ချင်းယန်ကို ခွံ့ကျွေးနေသည်။
“ဒီအစေခံက ဒီမှာပါ”
“ကောင်းပြီ”
ချင်းယန် စပျစ်သီးစားရင်း ရှောင်ပိုင်ကို မော့ကြည့်လိုက်သည်။ ဘာ့ကြောင့်မှန်းမသိပေမယ့် သူမ၏ သဘောထား ကွဲလွဲမှုများက လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သိသိသာသာ တိုးလာသလို ခံစားနေရ၏။
တင်း!
ထိုအခိုက် သူ့ဖုန်းထဲ အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။
ရက်စွဲသတိပေးချက်ပင်။ ချင်းယန် စာကိုညဖွင့်လိုက်တဲအခါ ရှဟဲရဲ့ မင်္ဂလာပွဲက မနက်ဖြန်ဆိုတာ သတိရလိုက်သည်။
…
…
နောက်နေ့ မနက်စောစောမှာတော့ ချင်းယန်နဲ့ ရှောင်ပိုင်တို့ မင်္ဂလာပွဲကျင်းပရာ နေရာကို ရောက်သွားခဲ့ကြသည်။ ဟိုတယ်က ကြိုပြီး စီစဉ်ပေးတယ်။
ဆရာကြီးရှနှင့် ဦးစီးချုပ်သည် ကျန်းဟိုင်မြို့ရှိ အဆင့်မြင့် အရာရှိများစွာအား ခမ်းနားသော ဝင်ပေါက်တစ်ခု၌ ကြိုဆိုနေကြသည်။ ဟိုတယ်အဝင်ဝတွင် ဇိမ်ခံကားများဖြင့် ပြည့်နှက်နေပြီး လာရောက်လည်ပတ်ကြသော အမျိုးသမီးများအားလုံးမှာလည်း ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်သည်။
ချင်းယန် ဖိတ်စာနှင့်အတူ တံခါးဝသို့ ရောက်လာသည်။
"သခင် ကျွန်မတို့ တကယ်ဝင်သွားမှာလား"
ရှောင်ပိုင်သည် ဘေ့စ်ဘောဦးထုပ်ကို ၀တ်ဆင်ထားသည့် ဆံပင်ဖြူဖြူ ကလေးမလေးအဖြစ်သို့ ပြောင်းလဲပြီးနောက် ချင်းယန် အနားတွင် ရပ်နေခဲ့သည်။
"သခင် မလာဘူးလို့ ပြောထားတာ မဟုတ်ဘူးလား"
"ဘယ်သူပြောတာလဲ?"
ချင်းယန် မျက်လုံးပြူးသွားသည်။
"ငါ သတို့သားအရံ မလုပ်ဘူးလို့ပဲ ပြောခဲ့တာ... မင်္ဂလာဆောင်တာက ရှဟဲရဲ့ ဘဝမှတ်တိုင်တစ်ခုပဲ ဘာလို့မသွားရမှာ"
"ကောင်းပါပြီ"
ရှောင်ပိုင် ရှုံ့မဲ့စွာ လိုက်ချသွားသည်။
"ဘာပဲဖြစ်ဖြစ် ဒီနတ်သမီးက ဒီမှာ အခမဲ့ဒေါင်းလုဒ်လုပ်ဖို့ပဲ..."
"လူကြီးမင်း.... ခင်ဗျားရဲ့ ဖိတ်စာပြပါ"
"ဒီမှာပါ..."
ချင်းယန် ဖိတ်စာတွေကို လွှဲပေးလိုက်သည်။ "ကျေးဇူးပြုပြီး ကျနော်တို့ကို ခေါ်သွားပေးပါဦး"
"ကိစ္စမရှိပါဘူး ခဏစောင့်ပါ ကျနော်စစ်ဆေးပေးပါ့မယ်"
တံခါးနားရှိ စားပွဲထိုးသည် ဖိတ်စာများကိုယူကာ ထိုင်ခုံအစီအစဥ်များနှင့် နှိုင်းယှဥ်ကာ ခဏအတွင်း သူ၏အမူအရာမှာ လေးစားသည့် အမူအရာမျိုး ဖြစ်လာသည်-
"လူကြီးမင်းတို့ ကျေးဇူးပြုပြီး ကျနော့်နောက်က လိုက်ခဲ့ပေးပါ..."
ချင်းယန်၏ အထူးအဆင့်အတန်း အကြောင်း ရှဟဲဘက်က အချက်များစွာကို ထည့်သွင်းစဉ်းစားခဲ့ပြီး နောက်ဆုံးတွင် နံရံဘက်က သီးခြားစားပွဲတစ်ခုတွင် ထိုင်နိုင်ရန် စီစဉ်ပေးထားခဲ့သည်။ ၎င်းက အာရုံစူးစိုက်မှုကို ရှောင်ရှားနိုင်၏။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ စင်မြင့်ရဲ့ အရှင်းလင်းဆုံး မြင်ကွင်းကို လှမ်းမြင်ရလေသည်။
“သူတို့က ဒါကို အများကြီး ထည့်စဉ်းစားပေးထားသားပဲ..."
ချင်းယန် စားပွဲထိုးရဲ့ လမ်းညွှန်ရာအတိုင်း လိုက်ကာ နောက်ဆုံးတော့ သူ့ထိုင်ခုံကို ရောက်သွားပါသည်။ စားပွဲကို ဝက်သား၊ စီချွမ်ဟင်းလျာ၊ သုံးထပ်သားအပြင် ဒေသထွက် စားဖွယ်မျိုးစုံ ခင်းကျင်းထား၏။
"စားစရာတွေ အများကြီးပဲ!"
ရှောင်ပိုင် စားပွဲပေါ်မှ စားပွဲကို စိုက်ကြည့်ရင်း ရွှဲနစ်နေသော မန်ချူဟန် ဧကရာဇ်ပွဲ ရောက်နေသည့်အလား ခံစားလိုက်ရကာ ၎င်း၏ ပါးစပ်မှ သွားရည်များ အထိန်းအကွပ်မဲ့စွာ စီးကျလာတော့သည်။
ချက်ချင်းဆိုသလိုပဲ သူမရဲ့ ဓားလေးကို ကောက်ကိုင်လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ချင်းယန်နှင့် နေ့တိုင်း ဟင်းတွေချည်း ချက်စားခဲ့ရတာကြောင့် သူမ ဟင်းချက်ရတာ ပျင်းနေပြီ။
အခုတော့ အရသာရှိတဲ့ အစားအသောက်တွေ ပြည့်နေတဲ့ ဒီစားပွဲနဲ့ ရင်ဆိုင်ရတဲ့အခါ လုံးလုံး သည်းမခံနိုင်တော့ပေ။
"ဒီပွဲကို နေ့တိုင်း အလကားလာစားရရင် ဘယ်လောက် ကောင်းလိုက်မလဲနော် သခင်"
ရှောင်ပိုင် ကလီစာတုံးတစ်တုံးကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်ရာ သူ့မျက်နှာလေးက ရွှင်လန်းလာတော့သည်။
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ လူငယ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သခင့်ရဲ့ အနေအထားကိုသာ ပြလိုက်ရင် ဒီလူသားတွေက သခင်ကို သူတို့ရဲ့ ပွဲတော်ကို ဖိတ်ဖို့ သေချာပေါက် လုကြလိမ့်မယ်... အဲ့ကျရင် ခမ်းနားတဲ့ အစားအသောက်တွေ အတွက် စိတ်ပူစရာ မလိုတော့ဘူး!"
ချင်းယန် : "..."