← Chapters

ဒီအရှင်က သေရင်တောင် မင်းနဲ့ ပြန်မလိုက်ဘူး

Vol. 19 Ch. 278

ဒီအရှင်က သေရင်တောင် မင်းနဲ့ ပြန်မလိုက်ဘူး

Vol. 19 Ch. 278

မိုးကြိုးပစ်သလိုမျိုး မိုင်ပေါင်းများစွာ ပဲ့တင်ထပ်နေတဲ့ အသံကြောင့် ဆွံ့အ နားမကြားမှာပင် တုန်တက်သွားလောက်သည်။ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၊ ထန်ဖေး အဆောက်အဦ၌ အသံလှိုင်းများကြောင့် မှန်များ၊ ဖန်များ ကွဲကြေကုန်၏။

သင်ကြားရေး အဆောက်အအုံ၏ အစီအရင်ကြီးသည် အနှီဖိအားအောက်တွင် ပြင်းထန်စွာ လှုပ်ခါသွားကာ မြေပြင်တစ်ခုလုံး ဖုန်မှုန့်များ ဖုံးလွှမ်းသွားလေတော့သည်။

ရုတ်တရတ် ဖြစ်ပျက်သွားတာမို့ ဖြတ်သွားသော ကျောင်းသားများအားလုံး နားစည်ပေါက်ပြဲကာ သွေးများ ထွက်ကျလာသည်။ ကြောက်လန့်တကြား အော်ဟစ်သံများ လူအုပ်ကြား လျင်မြန်စွာ ပျံ့နှံ့သွားသည်။

"ကြောက်ကြောက်နဲ့ လျှောက်မပြေးကြနဲ့!"

စာသင်ကျောင်း အတွင်းတွင် ဆရာများသည် ကျောင်းသားများအား ကောင်းကင်ဘုံ၏ ဖိအားဒဏ်ကို ရှောင်ရှားနိုင်ရန် စနစ်တကျ ဘေးလွတ်ရာသို့ ထွက်ခွာရန် လမ်းညွှန်နေခဲ့သည်။

ကျန်းဟိုင်မြို့ဟာ မုန့်ထျန်းရွှမ်ဆီက တိုက်ခိုက်ခံရတာ တစ်လပင် မပြည့်သေးပေ။ ယခင်တိုက်ပွဲက ကျန်းဟိုင်ပြည်သူတိုင်း၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေသည့် မြင်ကွင်း ဖြစ်ပြီး အဖြစ်အပျက်တိုင်းက သူတို့ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

ကီလိုမီတာများစွာ အကွာအဝေးက အိမ်ခြေများပင့ ပြိုကျကာ နေထိုင်သူများကို ထိခိုက်စေခဲ့သည်။ အခုလည်း ရင်းနှီးပြီးသား မြင်ကွင်းတစ်ခု ပြန်ပေါ်လာပြန်ပါပြီ။ ပြင်းထန်သော ပြည်တွင်းတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာပေဦးမည်လား မသိတာကြောင့် သူတို့ ဘေးကင်းဖို့ အဝေးကို ပြေးရမည်။

ကိုယ်ခံပညာအကယ်ဒမီမှ ကျောင်းသားများသည် ပရမ်းပတာ ဖြစ်ကုန်ကာ အော်ဟစ်သံများနှင့် ထွက်ပြေးသံများ ရောနှောကုန်သည်။ စာသင်ကျောင်းအတွင်း မည်သူမျှ မနေချင်တော့ဘဲ ဘေးလွတ်ရာသို့သာ မြန်မြန် ထွက်ခွာသွားချင်လာကြ၏။

အထက်တန်းလွှာ ရုံးများအတွင်း၌။

ဝုန်း ဝုန်း!

ဖိနှိပ်ချုပ်ချယ်သော ဩဇာကြောင့် ရုံးကို ဝန်းရံထားသော မှန်များ ထိခိုက်သွားခဲ့သည်။ လက်ဖက်ရည်ခွက်များ ကြမ်းပြင်ပေါ် ပြုတ်ကျ ကွဲအက်သွား၏။ လူအိုလီသည် ပြင်သစ်ပြတင်းပေါက်များရှေ့တွင် ရပ်ကာ ကောင်းကင်က မုန့်ထျန်းရွှမ်ကို ငေးကြည့်ရင်း မျက်ခုံးတို့ တွန့်သွားသည်။

"သူကဘာလို့ ဒီမှာရှိနေတာလဲ..."

"ဆရာ... မုန့်ထျန်းရွှမ်က လျိုဝူရွှမ်းကြောင့် ရောက်လာတာ ဖြစ်ရမယ်..."

လူအိုလီ ဘေးမှာရပ်နေတဲ့ လီကျစ်ရွှမ်း မျက်မှောင်ကြုတ်ပြီး ဝင်ပြောလာသည်။

"အကြီးအကဲ လျိုဝူရွှမ်းက လောလောဆယ် တောင်ပေါ်က ကျမ်းဂန်အဆောက်အအုံကို စောင့်နေတာ... အဓိပတိ မဟာမိတ်ခေါင်းဆောင်က သူဘက်ပြောင်းသွားတာကြောင့် ရောက်လာတာပဲနေမှာ..."

"အင်း... ငါတို့ ဘာလုပ်နိုင်မှာတဲ့လဲ"

လူအိုလီ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။ ပြီးနောက် သူ့မျက်နှာကလည်း အလွန်ပင် ညှိုးနွမ်းသွားခဲ့၏။ မုန့်ထျန်းရွှမ် ရောက်ရှိလာခြင်းက ရုတ်ချည်းပင် ဖြစ်သောကြောင့် ကြယ်သိုင်းရဲစခန်းဘက်က အကြောင်းကြားဖို့ အချိန်မရှိလိုက်ပေ။

ထို့အပြင် ဤသည်မှာ အဓိပတိနယ်ပယ် နှစ်ယောက်ကြားက နောက်ထပ်ပဋိပက္ခ တစ်ခုလည်း ဖြစ်နေပြန်သည်။ ကြယ်သိုင်းရဲစခန်းက ကြိုတင် အကြောင်းကြားထားရင်တောင် သူတို့ ပါဝင်ဖို့ မဖြစ်နိုင်ချေ။

"ရွှမ်းရွှမ်း... မိတ်ဆွေလေးချင်းကို မေးကြည့်ပါဦး... သူကူညီနိုင်မလား မသိဘူး... ဖောက်ခွဲကောင်းကင်ဂိုဏ်းက အကြီးတန်းအဖွဲ့ဝင်တချို့ကို အကယ်ဒမီကို လွှတ်စေချင်တယ်... မဟုတ်ရင် သူတို့ တိုက်ပွဲစတာနဲ့ ငါတို့ အကယ်ဒမီ ကုန်သွားနိုင်တယ်..."

"ဟုတ်... တပည့် ဆက်သွယ်လိုက်ပါမယ်"

လီကျစ်ရွှမ်း ခေါင်းညိတ်ပြကာ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ချင်းယန်နံပါတ်ကို အမြန် ဖုန်းခေါ်ဆိုလိုက်သည်။

တစ်ဖက်ကလည်း ဖုန်းကို အမြန်ဖြေလာသည်။

"ဆရာတူအစ်ကိုလား ကျန်းဟိုင်ကိုယ်ခံပညာအကယ်ဒမီမှာ တစ်ခုခုဖြစ်နေပြီ အစ်ကို အခု..."

"မလန့်ပါနဲ့ ညီမလေး .... သိပြီးပြီ"

ချင်းယန်၏ အသံသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာပြီး သူမစကားအား ဝင်နှောင့်ယှက်လိုက်သည်။ သူ့လေသံကတော့ အင်မတန် တည်ငြိမ်ဆဲ။

"မုန့်ထျန်းရွှမ် ပြန်ရောက်လာတာ မဟုတ်လား?"

"အင်း...ဘာလုပ်ရမလဲ အစ်ကိုကြီး"

လီကျစ်ရွှမ်း စိုးရိမ်တကြီး ဖြစ်လာသည်။

"သူက အကြီးအကဲ လျိုဝူရွှမ်းကို ပြဿနာလာရှာတာ ဖြစ်မယ် အဓိပတိမဟာမိတ်ကို ပြန်ခေါ်သွားချင်ပုံရတယ်.... ဆရာလီက အစ်ကို့ကို နောက်ထပ် လူနည်းနည်းလောက် လွှတ်ပေးဖို့ တောင်းဆိုချင်တာ....ဖောက်ခွဲကောင်းကင်ဂိုဏ်းက အကြီးအကဲ တစ်ယောက်လောက် မုန့်ထျန်းရွှမ်ကို ခြိမ်းခြောက်ဖို့ လွှတ်ပေးရင်ရော??"

"နားလည်ပြီ ကျန်တာတွေ ငါ ဆက်ရှင်းလိုက်မယ်... အကြီးအကဲတစ်ယောက် ထွက်သွားပြီ... သူ့အဆင့်အတန်းနဲ့ ခွန်အားက မုန့်ထျန်းရွှမ်ကို သေချာပေါက် ခြိမ်းခြောက်နိုင်လိမ့်မယ်... တခြားလူတွေ မထိအောင် မင်းနဲ့ လူကြီးလီက ကျောင်းသားတွေကို အရင် ကယ်ထုတ်သွားသင့်တယ်"

"တစ်ယောက်တည်းလား?"

လီကျစ်ရွှမ်း အံ့အားသင့်သွားသည်။

"ဒါနဲ့ လုံလောက်ပါ့မလား... အရင်က တစ်ဒါဇင်ကျော်တဲ့ အထက်လူကြီးတွေကို ပို့တာတောင် မုန့်ထျန်းရွှမ်ကို မနိုင်ဘူးလေ..."

"စိတ်မပူပါနဲ့"

ဖုန်းရဲ့အခြားတစ်ဖက်က ချင်းယန် ဒါကိုကြားတာနဲ့ အနည်းငယ် ပြုံးလိုက်သည်။

"ဒီလူကြီးက ရိုးရိုးရှင်းရှင်း မဟုတ်ဘူး သူ ဒါကို ကိုင်တွယ်နိုင်တယ် မင်းတို့ရဲ့ လုံခြုံရေးကိုပဲ အရင်ဆုံး အာရုံစိုက်သင့်တယ်"

"ကောင်းပြီ...သတိထားပါ့မယ်"

ချင်းယန်၏ကတိကို လက်ခံရရှိပြီးနောက် လီကျစ်ရွှမ်း စိတ်သက်သာရာရစွာ ခေါင်းတညိတ်ညိတ်နဲ့ ဖုန်းကိုချလိုက်သည်။ ယခု ဖောက်ခွဲကောင်းကင်ဂိုဏ်းက အကြီးအကဲတစ်ယောက် ရောက်လာပြီ ဆိုတာကြောင့် အခြေအနေ ကောင်းမွန်လာပြီဟု ဆိုရမည်။

ထို့အပြင် အစ်ကိုဖြစ်သူ၏ လေသံမှ သုံးသပ်ကြည့်လျှင် ယခု ရောက်ရှိလာသော အကြီးအကဲက သာမန်လူမဟုတ်ချေ။ ထိုသူက ဖောက်ခွဲကောင်းကင်ဂိုဏ်းတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပုံရသည်။

"ဘယ်သူဖြစ်နိုင်လဲ"

လီကျစ်ရွှမ်းသည် ကောင်းကင်အထက်က မုန့်ထျန်းရွှမ်ကို စိုက်ကြည့်ကာ သူမ၏ မျက်လုံးများက မျှော်လင့်ချက် အရိပ်အမြွက်တို့ လင်းလတ်သွားသည်။

“အဲဒါ ငါ့ရဲ့ မမြင်ရတဲ့ အကြီးတန်း ဦးလေးပဲ ဖြစ်မှာပါ…”

"ဘယ်လိုလဲ ရွှမ်းရွှမ်း..."

ဒါကိုမြင်တော့ အဘိုးကြီးလီလည်း သူ့စိုးရိမ်မှုတွေကို မထိန်းနိုင်ဘဲ မေးလေတော့သည်။

“မင်းရဲ့ ဆရာတူအစ်ကိုက ဘာပြောလဲ”

"ဆရာတူအစ်ကိုက အကြီးအကဲတစ်ယောက် လာနေပြီ ပြဿနာမဖြစ်အောင် လူစုခွဲထားဖို့ပြောတယ်"

“ကောင်းပြီ”

အကြီးအကဲလီက သဘောတူကြောင်း ခေါင်းညိတ်သည်။

“ကျောင်းသားတွေ အများစုက ဘေးလွတ်ရာကို ရောက်သွားလောက်ပြီ ခဏ စောင့်ကြည့်ရုံပဲ…”

ဝုန်း!

ပြတင်းပေါက် အပြင်ဘက်တွင် ပြင်းထန်သော လေပြင်းတစ်ချက် ထပ်မံ တိုက်ခတ်လာပြန်သည်။

"လျိုဝူရွှမ်း! ဒီကို လာစမ်း! ပုန်းမနေနဲ့!"

မုန့်ထျန်းရွှမ် ကောင်းကင်ယံတွင် ပျံဝဲနေပြီး အကယ်ဒမီအတွင်းရှိ အဆောက်အဦများပေါ်တွင် သူ့အကြည့်များ ပျံ့လွင့်နေသည်။

"မင်းငါ့ကိုတွေ့ဖို့ ထွက်မလာမချင်း ငါရောက်နေတဲ့ အဆောက်အဦးတိုင်းကို ဖြိုချပစ်မယ်"

သူကပြောရင်း လက်ကို မြှောက်ကာ ကြယ်စွမ်းအင်များကို သူ့လက်ချောင်းထိပ်များကြားတွင် စုစည်းလိုက်သည်။ အနီးနားက လွတ်နေတဲ့ အဆောက်အဦကို ရည်မှန်းကာ ဖုံးအုပ်ထားလေ၏။

"ငါ မင်းကို နောက်ထပ် ဆယ်စက္ကန့် ပေးမယ်"

…………..

"ဒီအရူးတော့!"

ကျမ်းဂန်အဆောက်အအုံ အတွင်းကနေ ဤမြင်ကွင်းကို မြင်တွေ့နေရသော လျိုဝူရွှမ်းမှာ ထိုင်မနေနိုင်တော့ဘဲ မတ်တတ်ထရပ်ကာ ကျိန်ဆဲပစ်သည်။ သူအစကတော့ စောင့်ကြည့်နေဖို့ပဲ ရည်ရွယ်ခဲ့သည်။

သူ မုန့်ထျန်းရွှမ်နဲ့ မတိုက်ချင်ပါ။ အကယ်၍ မုန့်ထျန်းရွှမ်သာ အဆောက်အဦးများကို အမှန်တကယ် ဖျက်ဆီးခဲ့ပါက ကျမ်းဂန်အဆောက်အအုံလည်း ဖျက်ဆီးခံရလိမ့်မည်။ ချင်းယန် သူထံအပ်နှင်းထားသော အရေးပေါ်မစ်ရှင်မှာလည်း ပျက်စီးသွားမည် ဖြစ်သည်။

ဒါက သူမြင်ချင်နေတဲ့ အခြေအနေမျိုး မဟုတ်ချေ။

"မုန့်ထျန်းရွှမ် မင်းက တကယ့်ကို အရှက်ကင်းမဲ့ လူမိုက်ပဲ"

လျိုဝူရွှမ်း တွေးကာ အံသွားများကို အံကြိတ်ရင်း တံခါးခုံကို ကျော်တက်၍ မုန့်ထျန်းရွှမ်ဆီသို့ ပြေးထွက်သွားလေသည်။ မုန့်ထျန်းရွှမ် သူ့ကို သတိပြုမိချိန်မှာတော့ သူက လေထဲမှာ ခဏလေးပဲ ရပ်နေခဲ့ရသေး၏။

"ထင်းထားသလိုပဲ... ဒီနည်းကပဲ မင်းလိုသစ္စာဖောက်တဲ့ ကြွက်ကို ထွက်လာအောင် လုပ်လို့ရမှာ..."

"မဟာမိတ်ခေါင်းဆောင် မင်း ဒီမှာ ဘာလုပ်နေတာလဲ"

လျိုဝူရွှမ်းသည် မဟူရာလေးကို ဖြည်လိုက်ပြီး မြှားကို ခေါက်ကာ မုန့်ထျန်းရွှမ်အား ဖော်မပြသော အမူအရာဖြင့် စိုက်ကြည့်နေသည်။

"အခု ငါ အဓိပတိမဟာမိတ်ကနေ ထွက်သွားပြီးပြီ.. မင်းရဲ့ အဓိပတိမဟာမိတ် အဖွဲ့ဝင် မဟုတ်တော့ဘူး... မင်း ငါ့ကို ဘာလို့ အတင်းအကြပ် လုပ်နေတာလဲ"

"အိုး မင်းက ထွက်သွားပြီလား"

မုန့်ထျန်းရွှမ် မျက်မှောင်ကြုတ်ကာ လျိုဝူရွှမ်း ဦးခေါင်းမှ ခြေဖျားအထိ စေ့စေ့ကြည့်လေ၏။

"မင်းထွက်သွားဖို့ ငါဘယ်တုန်းက သဘောတူခဲ့တာလဲ"

"ဘာကိုဆိုလိုတာလဲ?"

လျိုဝူရွှမ်း ထူးဆန်းစွာ မျက်ခုံးပင့်လိုက်သည်။

"ငါ အဓိပတိမဟာမိတ်က ထွက်လာတော့ ဒီနှစ်တွေအတွင်း ငါရခဲ့တဲ့ ဝိညာဉ်ရတနာတွေနဲ့ စုဆောင်းထားတဲ့ အရာအားလုံးကို ပြန်ပေးထားပြီးသား... မုန့်ထျန်းရွှမ် မင်း ဘာထပ်လိုချင်သေးလဲ"

"ဟမ့်! မင်းက အိပ်မက်မက်နေတာပဲ!"

မုန့်ထျန်းရွှမ်က အေးစက်စွာပြောပြီး လက်နှစ်ဖက်ကို ဖြန့်ကာ တစ်ဖက်လူကို အထင်အမြင်သေးစွာဖြင့် ငုံ့ကြည့်လိုက်သည်။

"အဓိပတိ မဟာမိတ်အဖွဲ့က ထွက်သွားရင် ဝိညာဉ်ရတနာတွေကိုပဲ ပြန်ပေးရမယ်လို့ ဘယ်သူပြောလဲ?"

"..."

"ဒါဆို မင်းဘာလိုချင်လို့လဲ"

မုန့်ထျန်းရွှမ် ခြေတစ်လှမ်း နောက်ပြန်ဆုတ်ကာ :"မင်းတကယ်ပဲ အားလုံးကို ရှင်းပစ်ချင်တာလား?"

သူပြောရင်း လှည့်ကြည့်လိုက်သည်။

ယခုဆိုလျှင် မုန့်ထျန်းရွှမ်၏ အသွင်အပြင်ကြောင့် နိုင်ငံသားအများအပြား စုရုံးလာကြသည်။

"ဟီးဟီး... မင်းအရမ်းစိတ်ရှုပ်နေဖို့ မလိုပါဘူး။ ငါက လူဆိုးကြီးမှ မဟုတ်တာ...ဒါပေမယ့် မင်းဒီလို အဓိပတိမဟာမိတ်ကို စွန့်ခွာသွားတဲ့ပုံစံက မထင်ထားလောက်အောင် နုံအလွန်းတယ်... မင်းကို ငါတို့ နှစ်ပေါင်းများစွာ ပံ့ပိုးပေးခဲ့တယ်... ဒီနေ့ မင်းရဲ့ အောင်မြင်မှုတွေ ရထားတာက အဓိပတိမဟာမိတ်ရဲ့ ကျေးဇူးကြောင့်ပဲ... ပုံမှန်ဆို မင်း မဟာမိတ်က ထွက်သွားချင်ရင် ငါ မင်းကို တားမှာ မဟုတ်ဘူး.."

မုန့်ထျန်းရွှမ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းသွားပြီး သူ့လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။

"မင်းရဲ့ လက်ရှိ အမြင့်ဆုံး ကျင့်ကြံမှု အဆင့်ကို မဟာမိတ်အဖွဲ့က ပေးထားတာ... မင်းကိုယ်တိုင် လွှင့်ပစ်ရင်တော့ အရာအားလုံး ရှင်းသွားလိမ့်မယ်"

"ကျင့်ကြံမှုကို ဖျက်စီးပစ်ရမယ် ဟုတ်လား?"

လျိုဝူရွှမ်း ထိတ်လန့်သွားပြီး သူ့လက်ထဲက မဟူရာလေးကို ငုံ့ကြည့်လိုက်သည်။ ကျင့်ကြံမှုကို ဖျက်ဆီးတာက ကျင့်ကြံသူတစ်ဦးအတွက် ခြေလက်အင်္ဂါ ဆုံးရှုံးသွားရသလိုပင်။

"မင်း လွန်တယ်! မင်းငါ့ကိုအရင်တုန်းက ပြောဖူးတယ်! အမြင့်ဆုံးမဟာမိတ်အဖွဲ့ထဲ ဝင်ပြီး ကန့်သတ်ချက်မရှိဘဲ ငါနှစ်သက်သလို လာသွားလို့ရတယ်...မုန့်ထျန်းရွှမ် မင်း မင်းစကား ဘယ်လိုလာပြောနေတာလဲ"

သူ့ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လျှပ်စီးလက်ပြီး တိမ်ညိုများ တောက်လောင်လာသည်။ အနီးနားရှိ သဘာဝနိယာမများကို ထိခိုက်စေခဲ့ကာ ကျယ်ပြန့်သော ကွဲလွဲမှုများ ဖြစ်ပေါ်လာစေသဖြင့် လေထုကလည်း ချက်ချင်း အေးခဲသွားခဲ့၏။

"ဒီမဟာမိတ်ခေါင်းဆောင်က မင်းဆီ အကြွေးလာတောင်းတာ! !"

အဓိပတိ မဟာမိတ်ခေါင်းဆောင်၏ အသံသည်လည်း ရေခဲအလား အေးစက်နေသည်။ သူက ကောင်းကင်သို့ လက်ညှိုးတစ်ချောင်း ညွှန်ပြပြီး နောက်တစ်ဖက်ကို မြေကြီးသို့ ညွှန်ပြလိုက်သည်။

"အဓိပတိမဟာမိတ်မှာ... ငါ့စကားတွေက စည်းမျဉ်းတွေပဲ! လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောမနေနဲ့... ငါ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်... မဟာမိတ်ဆီ ပြန်လာမလား ဒါမှမဟုတ် မင်းရဲ့ ကျင့်ကြံမှုကို ဖျက်စီးမလား!"

"အိပ်မက်မက်နေလိုက်!!"

ဒါကိုကြားတော့ လျိုဝူရွှမ်း မထိန်းနိုင်တော့ဘဲ မဟူရာလေးကို မြှောက်လိုက်သည်။ ကြိုးဆွဲနေတဲ့ သူ့လက်ချောင်းထိပ်တွေကနေ မုန့်ထျန်းရွှမ်ဆီ မြှားတစ်စင်း ချိန်ထားလေ၏။

"ငါ အဓိပတိမဟာမိတ်က ထွက်သွားပြီးပြီ.... မင်းလိုလူယုတ်မာတစ်ယောက်နဲ့ ဘာလို့ပြန်တွဲရမှာလဲ!" “

စကားတွေ ဆုံးသည်နှင့် သူ့လက်ချောင်းတွေကို ဖြန့်ပြီး မြှားကို လွှတ်ပေးလိုက်တော့သည်။

*ရွှီး!*

မြှားတစ်စင်းသည် ၎င်း၏ အမြီးဖြူဖြူများက လမ်းကြောင်းတစ်လျှောက် ချန်ထားခဲ့သည်။

*ဗုန်း!*

မြှားသည် ဖြတ်သွားရာ လမ်းတစ်လျှောက်က အရာအားလုံးကို ကွဲကြေသွားစေကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။ ၎င်းက အဆက်မပြတ် ပြန့်ကျဲကာ ပင်လယ်ထဲသို့ တိုးဝင်သွားသလို လှိုင်းလုံးကြီးများ ဖန်တီးပြီး တစ်ခဏအတွင်းထောင်ပေါင်းများစွာသော မြှားများ ထွက်ပေါ်လာလေ၏။ မြှားပေါင်းများစွာက ကောင်းကင်ကို မှုန်ဝါးသွားစေကာ မုန့်ထျန်းရွှမ်၏ တည်နေရာဆီသို့ ပစ်လွှတ်လိုက်သည်။

"သူ ငါ့ကို တကယ် တိုက်ခိုက်ရဲတယ်ပေါ့?"

ဒါကိုမြင်တော့ မုန့်ထျန်းရွှမ် အနည်းငယ် မျက်မှောင်ကြုတ်သွားပေမယ့် အရမ်းမထိတ်လန့်ချေ။ အဲဒီအစား လက်ဖဝါးကိုလှန်ပြီး သူ့ရှေ့က မြှားမိုးရွာဆီ တိုက်ရိုက်ပဲ ရင်ဆိုင်လိုက်သည်။

ဗုန်း!

ကြီးမားသော လက်ဖဝါးကြီးတစ်ခု ပြေးထွက်သွားကာ မြှားမိုးတွေပေါ် ဖြိုချပစ်ခဲ့သည်။ မြေအဓိပတိနှင့် ကောင်းကင်အဓိပတိ အကြား ခြားနားချက်မှာ ကြီးမားပြီး စွမ်းအင်များဖြင့် ပေါင်းကူး၍မရနိုင်ပါ။ မြှားမိုးရွာချလိုက်ပြီး တခဏချင်းမှာပဲ ၎င်းတို့အားလုံး မုန့်ထျန်းရွှမ်ရဲ့ လက်ဖဝါးထဲကို စုရုံးရောက်ရှိသွားကြပြီ။

မုန့်ထျန်းရွှမ် ဖြည်းဖြည်းချင်း ညှစ်ထည့်လိုက်ရင်ပဲ မြှားအားလုံး တစ်စစီ ဖြစ်ကုန်ကာ ကျိုးပဲ့နေသော မြှားများသည်လည်း မိုးစက်တွေလို ကြွေကျသွားသည်။

"အရှုံးပေးလိုက်တော့ လျိုဝူရွှမ်း..."

မုန့်ထျန်းရွှမ် သူ့လက်ဖဝါးထဲက မြှားအပိုင်းအစတွေကို ဖယ်ထုတ်လိုက်၏။

"မင်းရဲ့ ပုရွက်ဆိတ်လို အင်အားနဲ့ မဟာမိတ်ဖွဲ့တုန်းကတည်းက ငါ့ကို မရိုက်နိုင်ပါဘူး... ခုခံမနေနဲ့တော့! အဓိပတိ မဟာမိတ်မရှိရင် မင်းက ခွေးလေခွေးလွင့် တစ်ကောင်ကလွဲလို့ ဘာမှဖြစ်မလာဘူး... ဘယ်သူမှ မင်းကို ခေါ်သွားမှာ မဟုတ်ဘူး!"

"အိပ်မက်မက်လေ!"

လျိုဝူရွှမ်း အရူးတစ်ယောက်လို ပါးစပ်ထဲ သွေးတွေ ထွက်လာသည်။

သူ၏ ကြယ်စွမ်းအင်များ အပြင်းအထန် လှုပ်ရှားသွားခြင်းကြောင်း တုံ့ပြန်မှုကိုလည်း ခံစားလိုက်ရသဖြင့် သူ့သွားများကို အံကြိတ်ကာ ပါးစပ်ထောင့်မှ သွေးများကို သုတ်ပစ်လိုက်သည်-

"ဒီအရှင် လျိုဝူရွှမ်း သေသွားရင်တောင် မင်းနဲ့ ဘယ်တော့မှ ပြန်မလိုက်ဘူး"

All Chapters