ဘာလဲ၊ ဒီကောင်လေးက ဂိုဏ်းချုပ်ငယ်လေးလား?"
Vol. 19 Ch. 279
"စိတ်ပျက်စရာပဲ... ဘာလုပ်ရမလဲ"
လျိုဝူရွှမ်းရဲ့ စိုးရိမ်စိတ်တွေ ဟိုပြေးဒီပြေးနဲ့ ပြေးလွှားနေသည်။ မုန့်ထျန်းရွှမ်သာ သူ့ကို ပြန်ခေါ်သွားခဲ့မယ်ဆိုရင် သူသည် ဖောက်ခွဲကောင်းကင်ဂိုဏ်းသို့ ပြန်သွားရန် အခွင့်အလမ်းမရှိသလို သူ၏ ကျင့်ကြံမှုလည်း ဆုံးရှုံးသွားနိုင်သည်။
သို့ဖြစ်လျှင် သူ၏ကံကြမ္မာသည် အလွန်ဝမ်းနည်းဖွယ် ကောင်းသွားပေလိမ့်မည်။ သို့သော် အဓိပတိနယ်ပယ် နှစ်ခုအကြား ကွာဟချက်မှာ မြင့်မားလွန်းလှကာ မုန့်ထျန်းရွှမ်က သူ့ကို လက်တစ်ဖက်တည်းနဲ့ ချေမှုန်းပစ်နိုင်၏။ တိုက်ပွဲသည် ကြိုတင်နိဂုံးချုပ်လုနီးပါးဖြစ်ပြီး ဆက်လက်၍ လက်တုံ့ပြန်ရန် အခွင့်အလမ်းမရှိပေ။
မလွဲမသွေ နှောင့်နှေးနေလို့ မဖြစ်ချေ။
ဂိုဏ်းချုပ်ငယ်နှင့် သူ့အနာဂတ်အတွက် ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ တစ်ဖက်လူနှင့်အတူ ပျက်စီးဖို့သာ ဖြစ်နိုင်တော့သည်။
ဒါဆိုလည်း ဖြစ်ပါစေတော့!
"ငါသေရင်တောင် ငါ့ကို ပြန်ခေါ်သွားလို့ မရဘူး!"
ဒီလိုတွေးရင်း လျိုဝူရွှမ်းသည် မုန့်ထျန်းရွှမ်ကို စိုက်ကြည့်ကာ တုံ့ဆိုင်းမနေတော့ဘဲ အော်ဟစ်လိုက်သည်။
"မင်းက ကောင်းကင်အဓိပတိမှာရှိလို့ မင်းကိုယ်မင်း အားလုံးထက် သာလွန်တယ်လို့ မထင်နဲ့... မုန့်ထျန်းရွှမ် ငါ မင်းကို သေတဲ့အထိ တိုက်မယ်"
ဗုန်း!
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု အပြင်သို့ ပျံ့နှံ့သွားသည်။ လျိုဝူရွှမ်း၏ ဆံပင်နှင့် မုတ်ဆိတ်များ တဖျပ်ဖျပ် ခတ်နေပြီး တောက်လောင်နေသော လျှပ်စီးကြောင်းများက နဂါးတွေလို သူ့ကို ဝိုင်းလာ၏။
"ဟမ် ဒါက ဘာလဲ"
မုန့်ထျန်းရွှမ်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။
"ကိုယ့်ကိုကိုယ် ဖျက်ဆီးမယ်ပေါ့?"
ရင်းနှီးသော အရိပ်အယောင်တစ်ခုက သူ့အာရုံထဲသို့ ဝင်ရောက်လာသဖြင့် မုန့်ထျန်းရွှမ်၏ နှလုံးခုန်သံများ တုန်ခါသွားသည်။
ဒါပေမယ့် မကြာခင်မှာပဲ ထူးခြားတာ တစ်ခုခုကို သတိထားမိလိုက်၏။
တစ်ခုခု မှားနေတယ်!
"ဖောက်ခွဲကောင်းကင်ဂိုဏ်းသားတွေရဲ့ ကြယ်စွမ်းအားတွေက အသက်ရင်းမြစ်ကနေ ဆင်းသက်လာတာ... လျိုဝူရွှမ်း မင်း ရူးနေလား?! မင်းကိုယ်တိုင် ဖျက်ဆီးရင်တောင် မင်းငါ့ကို မသတ်နိုင်ဘူးကွ! အဲဒါက တကယ်တန်လား"
"ဟမ့် မင်းဘာသိလို့လဲ"
လျိုဝူရွှမ်းပါးစပ်မှ သွေးများ စီးကျလာသည်။
"မင်းငါ့ကိုဒီနေ့အတင်းအကြပ် ခိုင်းနေလို့ မဟုတ်ရင် ငါလည်း ဒီဂိမ်းကို ကစားမနေဘူး! မင်းနဲ့အတူ ပြန်သွားရတာထက် သေလိုက်မယ်!"
"ကောင်းပြီ မင်းမှာ သတ္တိရှိသားပဲ"
ဒါကိုကြားတော့ မုန့်ထျန်းရွှမ် ဒေါသနဲ့ ရယ်လိုက်သည်။
"မင်း ဒီလောက် ရဲရင့်နေတာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး ဒါပေမယ့် အခု မင်း အရမ်း ကြမ်းနေတယ်... ဒါဆိုငါလည်း မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပြီး မင်း ကိုယ်တိုင် ဖျက်ဆီးနေတာကို စောင့်ကြည့်ပေးမယ်!"
ဗုန်း!
လျိုဝူရွှမ်း၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး သူ့မျက်နှာပေါ်တွင် နာကျင်နေသည့် အကြည့်တစ်ခု ထွက်ပေါ်လာသည်။ သူ့ကိုယ်သူ ပျက်စီးအောင် စတင်နေပြီဖြစ်ပြီး၊ အချိန်မရွေး ဖောက်ခွဲပစ်တော့မည်။ ထိုကဲ့သို့ အရေးကြီးတဲ့ အခိုက်အတန့်၌ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။
"မြှားနတ်ဘုရား... ခဏနေပါဦး!!"
စစ်မြေပြင်ဆီသို့ ပြင်းပြင်းထန်ထန် ဖြတ်သန်းလာသော အသံတစ်သံပင်။
"ဟမ်!?"
ပြင်းထန်သော အသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေသဖြင့် လျိုဝူရွှမ်း နှလုံးဆောင့်ခုန်သွား၏။ သူ ချက်ချင်းပင် အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် အံ့သြမှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။
သူသည် မြှားနတ်ဘုရားဘွဲ့ကို အမွေဆက်ခံရုံသာ ရှိသေးပြီး ချင်းယန်မှလွဲ၍ ပြင်ပကမ္ဘာမှ အခြားမည်သူမျှ မသိနိုင်ပေ။ ယခုမူ ထိုလူက ပြတ်ပြတ်သားသား အော်ပြောလာခဲ့သည်။
သံသယဝင်စရာ မလိုပေ။ ၎င်းက သူ့ကိုကယ်ဆယ်ဖို့ ရောက်လာတဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက အကြီးအကဲ တစ်ယောက်ပဲ ဖြစ်ရမည်။
ဒီလိုတွေးရင်း လျိုဝူရွှမ်း ပတ်၀န်းကျင်ရှိ ကြယ်ရောင်များသည် အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။ သူသာမက မုန့်ထျန်းရွှမ်လည်း အသံ၏ ဦးတည်ရာဆီသို့ တပြိုင်နက် ခေါင်းလှည့်လိုက်ကြသည်။
အဝေးကြီးမှာ မြင်လိုက်ရတာက အနက်ရောင် ၀တ်စုံ ၀တ်ထားတဲ့ လူတစ်ယောက် သူတို့ဆီ ပြေးလာနေ၏။
ကြီးမားပြီး မည်းမှောင်နေသော ပေတံရှည်တစ်ခုကို သူ့နောက်ကျောတွင် ချည်နှောင်ထားသည်။ သူ၏ ၀တ်ရုံများက လေပြင်းကြောင့် တဖျတ်ဖျတ် ခတ်နေကာ သူ၏ ရောင်ဝါသည် တန်ခိုးကြီးသူအလား လွတ်လပ်စွာ စီးဆင်းသွားသည်။
"လာပြန်ပြီ.... မင်းကရောဘယ်သူလဲ!?"
ထိုမြင်ကွင်းကြောင့် မုန့်ထျန်းရွှမ်လည်း လန့်သွားပြီး အသံနက်ကြီးဖြင့် မေးလိုက်သည်။ နောက်သို့ ခြေတစ်လှမ်းဆုတ်မိကာ သူ့မျက်နှာ ပြာဝေသွားသည်။
အရှေ့က အနက်ရောင် ၀တ်စုံသည် ဖုံးကွယ်ထားနိုင်သော ရောင်ဝါတစ်ခုကို ပိုင်ဆိုင်ထားပြီး ကြယ်စွမ်းအင် အတက်အကျကို မတွေ့နိုင်ပေ။ ဤမသေချာမရေရာသော အခြေအနေတွင် ၌အမည်မသိသူသည် အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုလို ဖြစ်နေ၏။
*ဝူး!*
မကြာပါ။ အနက်ရောင်ဝတ်ရုံသည် မုန့်ထျန်းရွှမ်နှင့် လျိုဝူရွှမ်းတို၏ ပေအတော်အတန်အကွာတွင် ရပ်သွားသည်။ သူက ဦးညွှတ်ပြီး သူ့နာမည်ကို ကြေညာလိုက်သည်။
"ကျုပ်က ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ မီးတောက်ဘုရင် ရှောင်းရန်ပါ!"
"ရှောင်းရန်!!"
"ဟင်?"
ထိုအမည်ကို ကြားလိုက်ရသည်နှင့် မုန့်ထျန်းရွှမ် အေးခဲသွားပြီး သူ့ကျောရိုးမှ အေးစက်သွားသလို ခံစားလိုက်ရလေသည်။
နောက်ထပ် အဓိပတိနယ်ပယ် အသစ်တစ်ယောက်လား?
ရှောင်းရန်က ဘယ်သူလဲ။
သူ တစ်ဖက်လူကို မသိပေမယ့် အရေပြားယားယံစေတဲ့ "ဖောက်ခွဲကောင်းကင်ဂိုဏ်း" ဆိုတဲ့ စကားလုံးကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ချေ။
"ဒီဖောက်ခွဲ ကောင်းကင်ဂိုဏ်းမှာ အဓိပတိနယ်ပယ် ဘယ်နှစ်ယောက်တောင် ရှိတာလဲ"
မုန့်ထျန်းရွှမ် သူ့မျက်ခုံးများကို ပွတ်သပ်ရင်း စိတ်ပျက်လက်ပျက်နှင့် ဝမ်းနည်းလာသည်။ လေထဲတွင် လွင့်မျောနေသော ရှောင်းရန်ကို မော့ကြည့်လိုက်ပြီး။
"မင်းတို့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက ဘာလာလုပ်နေတာလဲ... မဟာမိတ်ခေါင်းဆောင်ငါ မင်းကို မနှိုးဆော်မိဘူးထင်တယ်"
"ဟမ်"
ရှောင်းရန်ကတော့ အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့ကိုလျစ်လျူရှုကာ လျိုဝူရွှမ်းနံဘေးသို့ ဖြည်းညှင်းစွာ လွင့်ပျံလာခဲ့သည်။ ပြီးနောက် မုန့်ထျန်းရွှမ်၏ ဦးခေါင်းမှ ခြေဖျားအထိ ဒဏ်ရာများကို စစ်ဆေးကြည့်လေသည်။
"အဓိပတိ မဟာမိတ်ခေါင်းဆောင်... နောက်ဆုံး တိုက်ပွဲကြီးမှာ မင်း လုံလုံလောက်လောက် ဗုံးကြဲမခံရသေးဘူးလို့များ ထင်နေတာလား? အဲဒါကြောင့် ကျန်းဟိုင်မြို့ကို ဒုက္ခလာပေးနေတာလား..."
“…”
ထိုစကားကို ကြားသောအခါ မုန့်ထျန်းရွှမ်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"အတိတ်ကို ပြောနေဖို့ မလိုပါဘူး ဒီနေ့ မဟာမိတ်ခေါင်းဆောင် ငါက ငါ့ရဲ့သစ္စာဖောက်နဲ့ ရှင်းနေတာ... မင်းရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းနဲ့ ဘာဆိုင်လဲ။"
သူစကားပြောနေစဉ် လျိုဝူရွှမ်းကို စိုက်ကြည့်ကာ ဆက်ပြောသည် ။
"ဧကန္တ... မင်းက ဒီကိစ္စထဲမှာ ပါဝင်ချင်နေတာပဲလား"
သို့သော် ရှောင်းရန်က ခေါင်းယမ်းလိုက်ပြီး သူ့ဘေးနားရှိ လူကို တစ်ချက်ကြည့်လိုက်လေသည်။
"မင်းကိုယ်တိုင်ပြောပြမလား ဒါမှမဟုတ် ငါပြောပြရမလား"
လျိုဝူရွှမ်း :"အကြီးအကဲပဲ ကျေးဇူးပြုပြီး ပြောပြလိုက်ပါ... ကျုပ် ပြောရင်တောင် မဟာမိတ်ခေါင်းဆောင်က ယုံမှာမဟုတ်ဘူး ခင်ဗျားရဲ့စကားတွေက ပိုမှန်တယ်"
"ကောင်းပြီ ဒါဆို ငါပြောမယ်"
ရှောင်းရန်သည် ရှေ့တစ်လှမ်းတိုးကာ မုန့်ထျန်းရွှမ်ကို တိုက်ရိုက်မျက်နှာ မူလိုက်သည်။ ထို့နောက် သူ့နောက်မှ လျိုဝူရွှမ်းကို လက်မဖြင့် ညွှန်ပြပြီး။
"အဓိပတိ မဟာမိတ်ခေါင်းဆောင်... လျိုဝူရွှမ်းက ငါတို့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းထဲ ဝင်သွားပြီ... သူ့ကို သတ်ချင်ရင် ငါတို့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကို ရင်ဆိုင်ရမယ်... မင်း ထွက်လာပြီး ငါတို့ဂိုဏ်းနဲ့ စစ်ပွဲစဖို့ တွန်းအားပေးရင် ငါတို့ဘက်ကလည်း အဆုံးထိ တိုက်ပွဲဝင်ဖို့ အဆင်သင့်ပဲ!"
"ဘာ?!"
မုန့်ထျန်းရွှမ်၏ အမူအရာ ပြောင်းလဲသွားပြန်သည်။ ခဏလောက် ထိတ်လန့်သွားပြီးနောက် ပြန်ကောင်းလာတော့ ဒေါသတွေဖြင့် တုန်လှုပ်လာသည်။
"လျိုဝူရွှမ်းက မင်းတို့ဂိုဏ်းထဲ ဝင်သွားပြီ??"
သူ ဤလူကို လိုက်ရှာနေသည်မှာ ကြာပြီဖြစ်သည်။ သို့ဖြစ်လျှင် ဖောက်ခွဲကောင်းကင်ဂိုဏ်းသည် သူ၏ အဓိပတိမဟာမိတ်ထဲက တစ်ယောက်ယောက်ကို လုယက်ခဲ့တာ မဟုတ်ပါလား။
"မှန်တယ်... ငါ မဟာမိတ်အဖွဲ့ရဲ့အတိတ်ကို စွန့်လွှတ်ပြီး ကျန်းဟိုင် မြှားနတ်ဘုရားဘွဲ့ကို အမွေဆက်ခံခဲ့တယ်..."
ထိုအချိန်တွင် လျိုဝူရွှမ်းကလည်း ဂုဏ်ယူစွာ ရှေ့ထွက်လာခဲ့သည်။
"အခုချိန်ကစပြီး မင်းနဲ့ငါက သူစိမ်းတွေပဲ... ဘယ်လို အဓိပတိ မဟာမိတ်တွေလဲ ဒီမြှားနတ်ဘုရားက ဂရုမစိုက်ဘူး!! ဖောက်ခွဲကောင်းကင်ဂိုဏ်းကမှ ကောင်းကင်ဘုံကို သွားတဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲ!"
"မင်း!"
ထိုစကားကို ကြားသောအခါ မုန့်ထျန်းရွှမ် ဆွံ့အသွား၏။ သူသည် အဓိပတိမဟာမိတ်ကို ကိုယ်တိုင်ကိုယ်ကျ အမွေဆက်ခံခဲ့သည်။ ယခုမူ လျိုဝူရွှမ်းသည် မဟာမိတ်အဖွဲ့ကို ဤကဲ့သို့ ဆဲဆိုနေခြင်းဖြစ်ပြီး သူ့ကို လက်ညှိုးထိုးပြီး ကျိန်ဆဲနေပြီ။
မုန့်ထျန်းရွှမ် သူ့ကို ဆုံးမချင်ပေမယ့် တစ်စုံတစ်ခုကို ရိပ်မိသွားသလို ရုတ်တရတ် မျက်မှောင်ကြုတ်ကာ လက်ညှိုးကို ရုတ်သိမ်းရင်း သူ့မာနတွေ ပျောက်ကွယ်သွားသည်...။
သူ ဤမြို့သို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းအား ၎င်းတို့၏ သွေးဝိညာဉ်အစီအရင်၏ လျှို့ဝှက်ချက်များကို အသိပေးရန် ဖြစ်သည်။
ယခု ရှောင်းရန် ဒေါသထွက်နေပါက ၎င်း၏အနာဂတ် လုပ်ဆောင်မှုများကို အဟန့်အတားဖြစ်စေကာ အဆုံးစွန်တွင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားလိမ့်မည်။
'အစီအစဥ်က မပြီးသေးဘူး ငါ သည်းခံရမယ်...'
ဒါကိုတွေးရင်း မုန့်ထျန်းရွှမ်သည် သူ့ဒေါသကို မျိုချလိုက်ပြီး ချောင်းဆိုးလိုက်၏။
"အဲဒါကြောင့် မဟာမိတ်အဖွဲ့ကနေ လျိုဝူရွှမ်း နုတ်ထွက်လိုက်တာကိုး..."
"ဘာလဲ?"
ဒါကိုကြားတော့ ရှောင်းရန်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ချက်ချင်းပဲ သူ့ကို နှောင့်ယှက်လိုက်သည်။
"မင်းက ဒီကိစ္စကို ဆက်နေချင်သေးတာလား ငါပြောတာကို မင်းမကြားဘူးလား"
"နားလည်မှုလွဲတာပါ..."
မုန့်ထျန်းရွှမ် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ကာ :"လျိုဝူရွှမ်း မင်းတို့ ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်နေပြီဆိုတော့ မဟာမိတ်အဖွဲ့ကနေ နုတ်ထွက်လိုက်တာက ပြေလည်သွားပြီလို့ ပြောရမယ်.... သူ သားရဲနတ်အရှင်ဂိုဏ်းထဲ ဝင်သွားမိမှာ ငါစိုးရိမ်လို့ပါ... သူ့လမ်းစဉ်တွေရဲ့ အမှားကို မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...."
"..."
"..."
ထိုအခိုက် လေထုက ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
အပေါ်စီးက အခြေအနေကို စောင့်ကြည့်နေတဲ့ ပြည်သူတွေလည်း စကားမပြောနိုင် ဖြစ်သွားကုန်၏။ အဓိပတိ မဟာမိတ်ခေါင်းဆောင်၏ သဘောထား အပြောင်းအလဲမှာ လုံးဝ မမျှော်လင့်ထားသည့် အခြေအနေကြီး ဖြစ်သည်။
စာအုပ်တစ်အုပ်ကို လှန်ကြည့်တာထက်ကို သူ့စိတ်အပြောင်းအလဲက ပိုမြန်နေသလိုပင်။
ထန်ဖုန်းအလွှာ၏ ရုံးခန်းထဲမှ လူအိုလီလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။
"တော်သေးတယ်... ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အကြီးအကဲတွေ ကြားဝင် ဆောင်ရွက်ပေးနေပြီ... ဘာမဟာမိတ်ခေါင်းဆောင်လဲ သူက ငါတို့ ဖောက်ခွဲကောင်းကင်ဂိုဏ်းရှေ့က ပုရွတ်ဆိတ်လွဲပြီး ဘာမှတောင် မဟုတ်ဘူး"
လီကျစ်ရွှမ်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး :"အရင်က အသေခံဗုံးခွဲမှုက သူ့ကို တကယ် လန့်သွားစေပုံရတယ်.. အခု စိတ်ဒဏ်ရာ ရသွားလောက်ပြီ"
………..
ရှောင်းရန် နှင့် လျိုဝူရွှမ်း တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဖလှယ်ကာ ကြည့်နေကြသည်။
"လျိုဝူရွှမ်း ဒါက မင်းရဲ့မဟာမိတ်ခေါင်းဆောင်ဟောင်းလား"
ရှောင်းရန် ခေါင်းယမ်းလိုက်သည်။
"သူ့မျက်နှာက စာအုပ်လှန်ကြည့်တာထက်တောင် ပိုမြန်သေးတယ်"
"ကျုပ်..."
လျိုဝူရွှမ်း အရှက်ကွဲသွားပြီး မုန့်ထျန်းရွှမ်၏ စောစောက စကားများကို ပြန်သတိရကာ စကားမပြောနိုင် ဖြစ်သွားရ၏။
"ကောင်းပြီ အားလုံးပဲ..."
အငွေ့အသက်တွေ သက်သာလာတာကိုတွေ့တော့ မုန့်ထျန်းရွှမ်က အခွင့်အရေးကို ဝင်ရောက် ဆုပ်ကိုင်လိုက်လေသည်။
"အခု နားလည်မှုလွဲတာ ပြေလည်သွားပြီဆိုတော့ လျိုဝူရွှမ်းက မင်းတို့ ဖောက်ခွဲကောင်းကင်ဂိုဏ်းပဲ... ဒါဆို မင်း ငါ့ရဲ့ တောင်းဆိုမှုတွေကို နားထောင်ကြည့်ချင်လား?"
ရှောင်းရန် အေးစက်စွာဖြင့်: "တောင်းဆိုချက်? မင်း နောက်ထပ် ဘာလိုချင်သေးလဲ"
ဘေးမှာရပ်နေတဲ့ လျိုဝူရွှမ်းသည် မုန့်ထျန်းရွှမ်ရဲ့ လှုပ်ရှားမှုတွေကို သတိနဲ့ စောင့်ကြည့်နေလေသည်။ မဟာမိတ်ခေါင်းဆောင်၏ အရေခြုံသဘောသဘာဝအရ သူသည် အခြားရည်ရွယ်ချက်များ မရှိနေနိုင်ချေ။
"လူကြီးမင်းတို့ စိတ်အေးအေးထားပါ"
မုန့်ထျန်းရွှမ် ဖြည်းညှင်းစွာ ပြောပြီး အဝေးက အဆောက်အဦတွေကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
"မင်းရဲ့ဂိုဏ်းချုပ်နဲ့ ငါတွေ့ဖို့ လိုတယ်... ဒါက ကျန်းဟိုင်က မရေမတွက်နိုင်တဲ့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ပတ်သက်တယ်။ အခြေအနေက စိုးရိမ်ရတယ်... ငါတို့ သူ့ကို ချက်ချင်း စကားပြောဖို့ လိုတယ်... မဟုတ်ဘဲ နောက်ထပ် နှောင့်နှေးနေရင် ကြောက်စရာကောင်းတာတွေ ဖြစ်လာလိမ့်မယ်..."
"ဂိုဏ်းချုပ်ကိုတွေ့ချင်တယ်? လူတွေရဲ့ လုံခြုံရေး အတွက်??"
ရှောင်းရန် ထိုစကားကိုကြားသောအခါ တုံ့ဆိုင်းသွားပြီး ခဏလောက် စဉ်းစားပြီးနောက် ရဲရင့်စွာ မေးလိုက်သည်။
"ဂိုဏ်းချုပ်ဆီက ဘာလိုချင်လို့လဲ... မင်းမှာ ယုတ်မာတဲ့စိတ်တွေရှိနေရင် အခုလက်လျှော့လိုက်ဖို့ ငါအကြံပေးတယ်... မင်းရဲ့လက်ရှိအင်အားနဲ့ သူ့ကိုခြိမ်းခြောက်ဖို့ မလုံလောက်ဘူး။"
"နားလည်မှု လွဲနေတာပါ ငါတကယ် အဲ့လိုသဘောနဲ့ ပြောတာမဟုတ်ဘူး"
မုန့်ထျန်းရွှမ် သူ့လက်ကို အတတ်နိုင်ဆုံး နှိမ့်ချလိုက်သည်။
"မင်းတို့ဂိုဏ်းချုပ်နဲ့ ဆွေးနွေးဖို့ အရေးကြီးတဲ့ ကိစ္စရှိတယ် အရမ်း လျှို့ဝှက်တဲ့ အချက်အလက်တွေ ပါဝင်တာကြောင့် မင်း ဆုံးဖြတ်ချက် မချနိုင်လောက်ဘူး"
"..."
ရှောင်းရန် ခဏလောက် စဉ်းစားလိုက်သည်။ တစ်ဆက်တည်း သူ့နှလုံးသားကလည်း အနည်းငယ် တုန်လှုပ်သွား၏။ မုန့်ထျန်းရွှမ်၏ ရိုးသားသော အပြုအမူကို ကြည့်လျှင် သူ့တွင် ဆွေးနွေးရန် အရေးကြီးသော ကိစ္စများ တကယ် ရှိနေပုံရသည်။
'ဖြစ်နိုင်ရင် ငါသူ့ရဲ့နောက်ခံကို အရင်စုံစမ်းသင့်တယ်!'
ဒီလိုတွေးရင်း ရှောင်းရန် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
"လက်ရှိဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံနေလို့ အရေးကြီးတဲ့ အခိုက်အတန့်မှာ ရောက်နေတယ်..လက်တွေ့ကျတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရှိဘူး ငါတို့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက ကိစ္စတွေကို အခုဂိုဏ်းချုပ်ငယ်က လုံးလုံးလျားလျား ကိုင်တွယ်နေတာ.... မင်းအလျင်လိုရင် သူနဲ့ အရင်ဆွေးနွေးလို့ရတယ်"
"ဂိုဏ်းချုပ်ငယ်လေး?"
မုန့်ထျန်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်သူလဲ... မင်းသူ့ကိုငါနဲ့ မိတ်ဆက်ပေးလို့ရမလား"
ယခုသော့ချက်မှာ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းအား သွေးဝိညာဉ်အစီအရင် အကြောင်း အသိပေးရန်ဖြစ်သည်။ ဒီလူငယ်ဂိုဏ်းချုပ်က ဘယ်သူပဲဖြစ်ပါစေ မက်ဆေ့ချ်ပေးသရွေ့ ကျန်းဟိုင်မှာ သူ့ရဲ့တာဝန်က ပြီးပြည့်စုံသွားမှာပါ။
"အဲဒီလူကို မင်းသိပါတယ်"
ဒီအချိန်မှာပဲ လျိုဝူရွှမ်းက ကြားဖြတ်ပြောပြီး မုန့်ထျန်းရွှမ်ကို တစ်ဝက်တစ်ပျက် ပြုံးကာ စကားလုံးတစ်လုံးချင်းအား ဖြည်းညှင်းစွာ ပြောလိုက်သည်။
"သူက ချင်းယန်!"
“???”
"ချင်းယန်?!"
မုန့်ထျန်းရွှမ် အေးခဲသွားသည်။
အဲဒီကောင်လေးက ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်လေးလား?