← Chapters

မုန့်ထျန်းရွှမ်ရဲ့ ဖိတ်ကြားချက်

Vol. 19 Ch. 280

မုန့်ထျန်းရွှမ်ရဲ့ ဖိတ်ကြားချက်

Vol. 19 Ch. 280

"အဲ့လိုလား...."

မုန့်ထျန်းရွှမ် စက္ကန့်အနည်းငယ်မျှ မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ ပေါက်ကွဲမှုမှ အချက်အလက်များကို စီမံတွေးတောပြီးနောက် တုန်လှုပ်ချောက်ချားမှုမှ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ချင်းယန်၏ ယခု အထောက်အထား အတိုင်းဆိုရင် အရင်က ဖြစ်ခဲ့တဲ့အရာအားလုံးဟာ အဓိပ္ပာယ်ရှိပေ၏။ ငယ်ငယ်ရွယ်ရွယ်နဲ့ အဓိပတိ နယ်ပယ်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တာကလည်း အံ့သြစရာ မဟုတ်တော့ချေ။

ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက အဓိပတိများစွာသည် သူ့အတွက် မီးနှင့်ရေကို ဖြတ်ကျော်ရန် ဆန္ဒရှိကြပြီး တစ်ချက်မျှ မကျေမနပ် မဖြစ်ဘဲ မိမိတို့ကိုယ်ကို စတေးခဲ့ကြသည်။ ၎င်းတို့က အဲဒါကိုတောင် ဂုဏ်ယူနေကြသေးတာပင်။

"ဒီကောင်လေးက တကယ် ထူးခြားတာပဲ"

မုန့်ထျန်းရွှမ် ဒီအကြောင်းကို တွေးရင်းနဲ့ ပိုပိုပြီး နားလည်လာပြီး တစ်ချိန်တည်းမှာပဲ ကံကောင်းတယ်လို့ ခံစားလိုက်ရသည်။ ကံကောင်းတာကတော့ ယခင် တိုက်ပွဲမှာတုန်းက ထိုကောင်လေး အများကြီး မထိခိုက်သွားခဲ့ချေ။

မဟုတ်ပါက၊ သူသည် ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ ခေါင်းဆောင်ငယ်တစ်ဦးကို ဒဏ်ရာရစေခဲ့ပြီး ၎င်း၏ အဓိပတိမဟာမိတ်နှင့် ထိုဂိုဏ်းတို့ကြား စစ်ပွဲဖြစ်ပွားခဲ့ပါက ကမ္ဘာမကြေ တိုက်ပွဲကို မလွဲမသွေ ဖြစ်ပေါ်စေလိမ့်မည်။ အကျိုးဆက်တွေက မတွေးရဲစရာပင်။

ပြီးခဲ့သော အကြိမ်တွင် မိမိကိုယ်ကို ဖျက်ဆီးနေသော အရူးအုပ်စု၏ ကိုယ်ထိလက်ရောက် ကြိမ်ဖန်များစွာ ဗုံးကြဲခံရပြီးနောက် သူ ထိုအဖြစ်ကို ဒုတိယ အကြိမ် မကြုံချင်တော့ပါ။

ဒါကိုတွေးရင်း မုန့်ထျန်းရွှမ် သူ့ရှေ့မှ ရှောင်းရန်ကို ကြည့်ပြီး နှစ်ကြိမ် ချောင်းဆိုးလိုက်သည်။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မလာနိုင်မှတော့ မဟာမိတ်ခေါင်းဆောင် ငါက အတင်းအကြပ် မပြောတော့ပါဘူး... မင်းတို့နှစ်ယောက်ရော ချင်းယန်နဲ့ မိတ်ဆက်ပေးနိုင်မလား"

သူပြောသည့်အတိုင်း သက်ပြင်းချကာ :" အရင်က ဒေါသတွေထွက်ပြီး ဖြစ်ရတဲ့ အမှားတွေအတွက် တောင်းပန်ပါတယ်... ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

"ဟမ့်! ကြောင်သူတော်!"

လျိုဝူရွှမ်း ဘေးကနေ ဟစ်အော်လေ၏။ တစ်ဖက်လူ၏ ကြောင်သူတော် လုပ်ရပ်ကို မြင်လိုက်ရတော့ သူ စက်ဆုပ်သွားခဲ့သည် ။

"..."

မုန့်ထျန်းရွှမ်၏ နဖူးပေါ်က သွေးကြောများ ပေါက်ထွက်လာကာ ဒေါသတွေကို တဟုန်ထိုး ခံစားလိုက်ရသော်လည်း ၎င်းကို ပြန်မျိုသိပ်ထားကာ ရှောင်းရန်ကိုပဲ တည့်မေးလိုက်၏။

"မင်းဘယ်လိုထင်လဲ"

"တွေ့လို့ရတယ်"

ရှောင်းရန် ညင်ညင်သာသာ ခေါင်းညိတ်ပြီး ဆက်သွားတော့မည့်အခိုက် လျိုဝူရွှမ်း ဆက်မထိုင်နိုင်တော့ဘဲ ဝင်လာသည်။

"အကြီးအကဲ... မုန့်ထျန်းရွှမ်ရဲ့ ဖိတ်ခေါ်ချက်က ရည်ရွယ်ချက်ကောင်း ရှိပုံမရဘူး...ချင်းယန်ဆီကို ပို့တာက မသင့်တော်ပါဘူး... သူ ဂိုဏ်းချုပ်ငယ်လေးကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ"

"စိတ်မပူပါနဲ့ ကျန်တာ ငါ ရှင်းပါ့မယ်"

ရှောင်းရန်က သူ့လက်ကို စိတ်ချလက်ချ ဝှေ့ယမ်းလိုက်ပြီး မုန့်ထျန်းရွှမ်ကို ကြည့်လိုက်သည်။

"ငါသဘောတူတယ် ဒါပေမယ့် ငါတို့ဂိုဏ်းချုပ်ငယ်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်... ငါ မက်ဆေ့ချ်ပေးလို့ ရတယ် ဂိုဏ်းချုပ်လေး လာမလား မလာဘူးလားဆိုတာ သူ့အပေါ်မှာ လုံးလုံးလျားလျား မူတည်တယ်နော်.... သူမလာရင် ငါဘာမှ လုပ်လို့မရဘူး"

"ဟုတ်ပါတယ်..."

ဒါကိုကြားတော့ မုန့်ထျန်းရွှမ် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။ ထိတ်လန့်တကြား ချည်နှောင်ခံထားရသော သူ့နှလုံးသားသည်လည်း နောက်ဆုံးတော့ အနည်းငယ် တည်ငြိမ်သွားခဲ့၏။

အချက်အလက်တွေကို လက်ဆင့်ကမ်းနိုင်သရွေ့တော့ အရာတွေ သက်သာလာဖို့ ဖြစ်နိုင်ခြေရှိပါသေးသည်။ ချင်းယန်၏ ကိုယ်ရည်ကိုယ်သွေးအကြောင်း သူလေ့လာခဲ့သလောက် အခြေခံရလျှင် သူသည် စိတ်လှုပ်ရှားမှုကို နှစ်သက်သော်လည်း လူအများကို ဂရုစိုက်သူပင်။

သွေးဝိညာဉ်အစီအရင် ကဲ့သို့ အရေးကြီးသောအရာက သူ့အာရုံကို ဆွဲဆောင်နိုင်မှာ သေချာပါ၏။

တစ်ဖက်က ရှောင်းရန်ကလည်း သူ့အတွေးတွေကို ပို့လွှတ်နေသလို ဟန်ပြသည်။

ဤတွေ့ဆုံမှုသည် မုန့်ထျန်းရွှမ် ဖော်ပြခဲ့သည့် လျှို့ဝှက်ချက်များကို ရယူခြင်းမျှသာမဟုတ်။ ပိုအရေးကြီးသည့် စနစ်၏ဆုလာဘ်တွေကို နောက်တစ်ကြိမ် ပြန်စနိုင်မလား သိချင်သေးခြင်းပင်။ အကယ်၍ သူသာ နောက်ထပ်ပြင်းထန်သော ဒဏ်ရာကို ခံစားရပါက ပိုကြီးသော ဆုလာဘ်ကို ဆုံးရှုံးသွားရပေမည်။

ဒီလိုတွေးရင်း ချင်းယန် စနစ်ကို ကြိမ်ဖန်များစွာ ခေါ်ဆိုခဲ့သည်။

ဒါပေမယ့် မျှော်လင့်ထားသည့် ရလဒ်မှာ တူညီသော်လည်း တုံ့ပြန်မှု မရှိခဲ့။

"ဘာမှမဖြစ်ဘူးလား ဒါမှမဟုတ် အဲဒါကို စတင်ဖို့ အချိန်မတန်သေးတာလားဟ?"

ရှောင်းရန် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားနေတာအား ရပ်ကာ လက်ရှိ အကြောင်းအရာကို ဆက်လုပ်ဖို့ မုန့်ထျန်းရွှမ်ကို ကြည့်လိုက်သည်။

“အချိန်နဲ့နေရာ ညှိနှိုင်းကြရအောင်... ငါ ပြန်သွားပြီ ဂိုဏ်းချုပ်ငယ်ကို အကြောင်းကြားမယ် မင်း တစ်ဖက်မှာ ကြိုစောင့်လို့ရတယ်"

"ကောင်းပြီ သုံးရက်!"

မုန့်ထျန်းရွှမ် လက်သုံးချောင်း ထောင်ပြလိုက်သည်။

"နောက်သုံးရက်လောက်ကြာရင် ကျန်းဟိုင်မြို့အစွန်က တိုက်ခန်းရဲ့ အရှေ့တောင်ဘက်နယ်စပ်မှာ တွေ့ဆုံကြမယ်"

“ကောင်းပြီ ဒီစကားကို ဂိုဏ်းချုပ်ငယ်လေးဆီ ပို့ပေးမယ်”

ထိုအခါ မုန့်ထျန်းရွှမ် ကျေနပ်စွာ ခေါင်းညိတ်ပြီး ရလဒ်ကို လက်ခံလိုက်သည်။ မက်ဆေ့ချ်ပို့လိုက်သရွေ့ ချင်းယန် ရောက်ရှိလာနိုင်ခြေက ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်း ရှိသဖြင့် ငြိမ်သက်စွာ စောင့်ဆိုင်းနေရန်သာ လိုအပ်သည်။

"ကောင်းပြီ ကောင်းပြီ"

ထို့နောက် မုန့်ထျန်းရွှမ်သည် ဘေးနားရှိ လျိုဝူရွှမ်းဆီ အကြည့်လွှဲလိုက်ပြီး သူ့အမူအရာမှာ လေးနက်သွားသည်။

"လျိုဝူရွှမ်း ဒီတစ်ခါတော့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကြောင့် မင်းရဲ့သစ္စာဖောက်မှုကို ငါခွင့်လွှတ်မယ်... မင်းအနာဂတ်မှာ ကောင်းမှုကုသိုလ်တွေ လုပ်မယ်လို့ ငါမျှော်လင့်တယ် လောကကြီးမှာ မကောင်းမှုဖြစ်စေတဲ့ ဒုစရိုက်တွေကို ဘယ်တော့မှ မကျူးလွန်မိပါစေနဲ့... ဒီလိုမှမဟုတ်ရင် အဲဒီနေ့လို တကယ်ရောက်လာတဲ့အခါ မဟာမိတ်ခေါင်းဆောင်ငါက မင်းကိုအရင် ရှင်းပစ်ရလိမ့်မယ်...”

"?"

ထိုစကားများကို ကြားလိုက်သည်နှင့် လျိုဝူရွှမ်း နဖူးပေါ်တွင် မေးခွန်းအမှတ်အသားတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ အဲဒီလို အသံမြင့်တဲ့ စကားလုံးတွေက မုန့်ထျန်းရွှမ်နှင့် လုံးဝ မလိုက်ဖက်ချေ။

နောက်ပြီး ဤကြီးမားသော စွပ်စွဲချက်က သူ့ခေါင်းပေါ် လာကပ်ပေးလာတာကြောင့် လျိုဝူရွှမ်း လုံးဝကို ဒေါသထွက်သွားသည်။

အရှက်မရှိဘူးလား!

ဒီလို အရှက်မဲ့တဲ့လူကို သူ တစ်ခါမှ မမြင်ဖူးဘူး။

"ဖီး! ကြောင်သူတော်... ရွံ့စရာကောင်းတဲ့ကောင်.. ဒီမြှားနတ်ဘုရားကို မင်းကဘယ်လိုတောင် လာဆုံးမရဲနေတာလဲ"

လျိုဝူရွှမ်း တံတွေးထွေးကာ မုန့်ထျန်းရွှမ်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

"မင်းကရော ဒီနေရာနဲ့ထိုက်တန်တယ်လို့ ထင်နေလား?"

သူ့စကားများက မုန့်ထျန်းရွှမ်၏ အာရုံကို ထိမိသွားသည်။ သူစကားမဆုံးခင်မှာပင် မုန့်ထျန်းရွှမ်မျက်နှာက နီရဲလာ၏။

"လျိုဝူရွှမ်း! သိပ်ဂုဏ်ယူမနေနဲ့! ငါက မင်းရဲ့ မဟာမိတ်ခေါင်းဆောင်ဟောင်းပဲ... မင်းရဲ့ သဘောထားကို ပြန်သွားပြီး ပြောင်းလဲရင် ပိုကောင်းမယ်"

မုန့်ထျန်းရွှမ်၏အသံသည် သူပြောနေသည့်နောက်တွင် ဒေါသများ ရင်ဘတ်ထဲ တဟုန်းဟုန်း တောက်နေသော်လည်း သူ့ဒေါသကို နှိမ်နှင်းရန် အတင်းအကြပ် တွန်းအားပေးလိုက်သည်။ မက်ဆေ့ချ် မပို့ရသေးသောကြောင့် ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကို ဒေါသမထွက်လို၍ အံကြိတ်ကာ သည်းခံလိုက်ရသည်။

အဆုံးသတ်မှာတော့ မုန့်ထျန်းရွှမ် အသက်ပြင်းပြင်း ရှူထုတ်ပြီး ထိုလူနှစ်ယောက်ကို ထားခဲ့ကာ ကိုယ်ခံပညာအကယ်ဒမီမှ ထွက်ခွာသွားခဲ့သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ..."

မုန့်ထျန်းရွှမ် ထွက်သွားပြီးနောက် လျိုဝူရွှမ်းသည် လက်နှစ်ဖက်ဆုပ်ကာ ရှောင်းရန်ကို ကျေးဇူးတင်ကြောင်း အမူအရာ ပြလိုက်သည်။

"ဒီအချိန်မှာ ခင်ဗျားရဲ့အကူအညီကြောင့်သာ မဟုတ်ရင် မဟာမိတ်ခေါင်းဆောင်က အခုလို ထွက်မသွားလောက်ဘူး..."

"ဘာမှမဟုတ်ပါဘူး အသေးအမွှား ကိစ္စအတွက် စိတ်မပူနဲ့... အခု မင်းကငါ့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်ပြီး ဂိုဏ်းချုပ်ငယ် အတွက်တောင် လုပ်နေပြီဆိုတော့ အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် သဘာဝအတိုင်း ပြုစုစောင့်ရှောက်သွားရမှာပဲလေ..."

"အင်း"

လျိုဝူရွှမ်း စိတ်ထဲမှာ နွေးထွေးတဲ့ ခံစားချက်ကို ခံစားလိုက်ရလေသည်။ ထိုသို့သော အကူအညီကို ရလိုတာကြောင့် ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်ရောက်လာရခြင်းပင်။

ဖောက်ခွဲကောင်းကင်ဂိုဏ်းမှ အကြီးတန်းများသည် မုန့်ထျန်းရွှမ်ကဲ့သို့ ကြောင်သူတော်များနှင့် မတူဘဲ ခိုင်မာသော တာအိုနှလုံးသားများ ရှိကြသည်။ ဒါကြောင့် ထိုဂိုဏ်းထဲ ဝင်ခြင်းက ဆုံးရှုံးမှုတစ်ခု မဟုတ်သည်မှာ သေချာပါသည်။ ဒါကို စဉ်းစားရင်း လျိုဝူရွှမ်း အနည်းငယ် ခေါင်းညိတ်လိုက်၏။

"မြှားနတ်ဘုရားဘွဲ့ကို အမွေဆက်ခံပြီး ဖောက်ခွဲကောင်းကင်ဂိုဏ်း အတွက် ကိုယ့်ကိုယ်ကို စတေးရတာလည်း ဂုဏ်ယူမိပါတယ်... ဂိုဏ်းအတွက် ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်ဖို့ လိုအပ်ရင် ကျနော် အချိန်တိုင်း ရှိနေမှာပါ!"

"ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့လား?"

ရှောင်းရန် ခေါင်းယမ်းလိုက်ပြီး လက်ကို ဝှေ့ယမ်းလေ၏။

"ဒါက မလိုအပ်ပါဘူး... လျိုဝူရွှမ်း အနာဂတ်မှာ လုံးဝ မလိုအပ်ဘဲ ကိုယ့်ကိုယ်ကို ဖျက်စီးဖို့ အမြဲမစဉ်းစားနဲ့... မင်းရဲ့လုံခြုံရေးကို ဦးစားပေးပြီး အရင်ထွက်ပြေး... ဒီလို ခေါင်းမာမာနဲ့ ဆုပ်ကိုင်မထားနဲ့... ဘာပဲဖြစ်ဖြစ် အဓိပတိနယ်ပယ် ရောက်ဖို့က မလွယ်ဘူး... ကိုယ့်အသက်ကို မြတ်နိုးပါ… ဒါ့အပြင် ငါတို့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက မြေအဓိပတိတစ်ယောက် ကိုယ့်ကိုကိုယ် ဖျက်ဆီးတာကိုလည်း မလိုအပ်ဘူး..”

တကယ်တော့ ချင်းယန်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တစ်ခု ရှိလေသည်။

လျိုဝူရွှမ်းသည် အနှစ်ငါးရာကျော် နေထိုင်ရမည့် ထိပ်တန်းအဆင့် ကျွမ်းကျင်သူဖြစ်သည်။ အခြားစနစ်ဆုလာဘ်ကို မည်သည့်အချိန်တွင် စတင်လုပ်ဆောင်နိုင်မလဲ မသိ။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်မယ်ဆိုရင် မိမိဘက်က ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်သွားလိမ့်မည်။

"လူကြီးမင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

ဒါကိုကြားတာနဲ့ လျိုဝူရွှမ်းရဲ့ လေသံက ပိုပိုပြီး လေးစားတဲ့ပုံ ပေါ်လာလေသည်။

"ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ ဓလေ့ထုံးတမ်းတစ်ခု မဟုတ်ဘူးလား။ ကျနော်လည်း ဝင်ပြီးသွားပြီဆိုတော့ သဘာဝအတိုင်း ထိန်းထားရမယ်လေ.."

ရှောင်းရန် : "..."

…………

ညပိုင်း။

လရောင်သည် ဖုဟိုင်ဗီလာပေါ်သို့ နူးညံ့သိမ်မွေ့စွာ ဖြာကျလျက်ရှိသည်။

ဗီလာမီးဖိုချောင်ထဲမှာ ရှောင်ပိုင်သည် သူမ၏ အပြာနုရောင် ခြစ်ထားသော ၀တ်စုံကို ၀တ်လျက် ငိုယိုရင်း အလုပ်ရှုပ်နေပြီး ဟင်းရည်နှင့် သွားရည်ကျချင်စရာ ဟင်းလျာများကို အရူးအမူး ချက်ပြုတ်နေသည်။ အသားဟင်းရည်ရဲ့ အနံ့ကလည်း ဧည့်ခန်းထဲအထိ ပြေးထွက်လာ၏။

"သခင် မဟာမိတ်အဖွဲ့က ဖိတ်ကြားတာကို တကယ်လက်ခံမှာလား။"

ရှောင်ပိုင်သည် အပူအိုးကို ပိတ်လိုက်ပြီး ဆိုဖာပေါ်ပြန်တက်လာ၏။ လက်တစ်ဖက်က ဖုန်းကို ကောက်ကိုင်လိုက်ကာ သူမ မပြီးသေးသော ဂိမ်းဆီကို ဆက်သွားလိုက်သည်။

"သေချာတာကတော့ တစ်ခုခုတော့ မှားနေသလိုပဲ... သူတို့ထောင်ချောက်ထဲကို တကယ် လျှောက်သွားတော့မှာလား"

"ဟုတ်တယ်လေ... ဘာလို့မသွားရမှာလဲ"

ချင်းယန် မျက်လုံးများကိုဖွင့်ကာ ဉာဏ်အလင်းအာကာသထဲမှ ခွဲထွက်၍ သူ့ဘေးနားရှိ ရှောင်ပိုင်ကို ကြည့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ခွန်အားကို စမ်းသပ်ဖို့ ကိုယ်ပွားတစ်ကောင်ကို ငါလွှတ်လိုက်မယ်... ပြဿနာတစ်ခုရှိရင် ငါ့ကိုယ်ငါ ဖျက်ဆီးပစ်လို့ ရတယ်လေ"

"သိပ်ဟုတ်!..."

ဒါကိုကြားတော့ ရှောင်ပိုင် သူမရဲ့ မြေခွေးအမြီးကို လှမ်းကိုင်လိုက်ရင်း နားရွက်တွေ ရုတ်တရက် ထောင်လာသည်။ သူမရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်က ချင်းယန်အနားကို တိုးကပ်လာပြီး။

"သခင့်ရဲ့ကိုယ်ပွားက အရမ်းအသုံးဝင်တယ် သခင် ဒီသားရဲကျွန်ကိုရော ဘယ်အချိန်မှ သင်ပေးမှာလဲ... ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ နံပါတ်တစ် မြေခွေးနတ်သမီးက ကိုယ်ပွားကို ဘယ်လိုဖန်တီးရမှန်းတောင် မသိဘူး... အနာဂတ်မှာ မျက်နှာပျက်လိမ့်မယ်...."

သူမ စကားမဆုံးခင် တံခါးခေါက်သံတစ်ချက် ပေါ်လာသည်။

"အကိုကြီး ကျွန်မပါ!"

"ဝင်လာခဲ့လေ...ယဉ်ကျေးနေစရာ မလိုဘူး"

ချင်းယန် လှမ်းအော်လိုက်သည်။ သူပြောပြီးတာနဲ့ အပြင်ဘက်မှ ၀တ်ရုံပွတ်တိုက်သံများ ထွက်ပေါ်လာ၏။

ခဏအကြာတွင် လီကျစ်ရွှမ်း ဧည့်ခန်းထဲသို့ ဝင်လာသည်။ သူမ၏ လှပသော မျက်ခုံးများက စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေပြီး ဝမ်းနည်းခြင်းတိမ်တိုက်များက သူမခေါင်းအပေါ်တွင် ရစ်ဝဲနေသည်။

"ဘာလို့ ဒီလောက် ဖြူဖျော့နေတာလဲ နိယာမစွမ်းအင် ကျင့်တာ နောက်ထပ် ပြဿနာရှိလို့လား"

"မဟုတ်ပါဘူး ဆရာတူအစ်ကို... မုန့်ထျန်းရွှမ် အကြောင်း ပြောချင်လို့ပါ.."

လီကျစ်ရွှမ်း ဆိုဖာပေါ် ထိုင်ချလိုက်ပြီး ချင်းယန်၏မျက်လုံးများကို စိုက်ကြည့်ကာ စိုးရိမ်တကြီး မေးလာသည်။

"ဆရာအစ်ကို အဲဒီဖိတ်ကြားချက်ကို တကယ်လက်ခံမှာလား? မုန့်ထျန်းရွှမ်က အစ်ကို့ကို ဘောင်ခတ်ဖို့ တမင်တကာ ကြိုးစားနေတာ ဖြစ်နိုင်လား.. ကျွန်မရော အတူ လိုက်လို့ရမလား"

မေးခွန်းသုံးခုက ဆက်တိုက်ပင်။ လီကျစ်ရွှမ်း၏ စိတ်အခြေအနေသည် ယခုအခါ ကမောက်ကမ အခြေအနေထဲသို့ ဝင်ရောက်နေ၏။

"အဆင်ပြေပါတယ်... ငါ့မှာ ဒီအစီအစဉ်တွေ ရှိတယ် မင်း ပါဝင်ဖို့ မလိုဘူး"

ချင်းယန် သက်ပြင်းချကာ သူမကို နှစ်သိမ့်ပေးလိုက်သည်။

"သူဘယ်လို လှည့်စားမလဲ ငါလည်း ကြည့်ချင်နေတာ"

မုန့်ထျန်းရွှမ်၏ ရိုကျိုးသော အပြုအမူ ပုံရိပ်က သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ သူ့မာနကို မျိုချလိုက်ပြီး သစ္စာဖောက် လျိုဝူရွှမ်းကိုပင် စွန့်လွှတ်ကာ အေးအေးဆေးဆေး စကားပြောခွင့်ရဖို့ပင် ဆန္ဒရှိခဲ့သည်။

ဒီနောက်ကွယ်က လျှို့ဝှက်ချက်က သူ့ရဲ့ သိချင်စိတ်ကို စွဲလန်းသွားစေလောက်အောင်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ဆီကို ကိုယ်ပွားတွေပဲ ပို့ပေးမှာပင်။ ဒါကြောင့် တစ်ဖက်မှာ ထောင်ချောက်ရှိနေရင်တောင် အချိန်မီ လွတ်မြောက်နိုင်မှာပဲ ဖြစ်သည်။

လုံးဝ လုံခြုံလေ၏။

"ဒါပေမယ့်..."

လီကျစ်ရွှမ်းသည် ချင်းယန်၏ အတွေးများကို သတိမထားမိဘဲ ဤစကားများကို ကြားပြီးနောက် ပို၍ပင် စိုးရိမ်လာပေသည်။

"ဆရာတူအစ်ကို... မဟာမိတ်ခေါင်းဆောင်က လုပ်ကြံမှုတစ်ခုခု ပြင်ထားရင် ဘယ်လိုလုပ်မလဲ"

All Chapters