ကောင်းကင်တွင်းနက် နောက်ကွယ်က အမှန်တရား
Vol. 19 Ch. 282
ကြယ်ရောင်တောက်နေသည့် ကောင်းကင်အောက်၌ ချင်းယန်သည် မြေပြင်ပေါ်တွင် ရပ်ကာ ညကောင်းကင်နှင့် ကြယ်များကို ငေးကြည့်ရင်း သူ၏ စူးစမ်းလိုစိတ်များ ကြီးထွားလာသည်။
"တွင်းနက်ရဲ့အပေါ်မှာ ဘာရှိတာလဲ"
သူအရင်က ဘယ်သူဆီမှာမှ ရှာမတွေ့ခဲ့သော မေးခွန်းတစ်ခု ဖြစ်လေသည်။
အဖြေကို ယနေ့ တွေ့နိုင်ပါ့မလား။
"ချင်းယန် မင်းသိသင့်တယ်... လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဒီကမ္ဘာကြီးမှာ ကြယ်စွမ်းအင်တွေ မရှိခဲ့ဘူး.. ငါတို့လူသားတွေရဲ့ ဘိုးဘေးတွေကလည်း သာမန်လူတွေပဲ သူတို့ရဲ့ ပျော့ညံ့တဲ့ ခန္ဓာကိုယ်က သားရဲတွေနဲ့မတူဘူး”
"ဒါပေမယ့် သမိုင်းမှာ မှတ်တမ်းမတင်မိတဲ့ အချိန်မှာ တွင်းနက် ကိုးပေါက် ကောင်းကင်မှာ ပေါ်လာတယ်... ကြယ်တာရာ စွမ်းအားတွေ အတွင်းကနေ ပေါက်ထွက်လာပြီး သက်ရှိအားလုံးရဲ့ အခြေခံအုတ်မြစ်ကို အကျိုးပြုလာတယ်... တဖြည်းဖြည်းနဲ့ ကြယ်စစ်သည်တွေလည်း ပေါ်လာတယ်"
"အဲဒီနောက် အနှစ်တစ်ထောင်ကြာတော့ အဲဒီအခြေအနေက တောမီးတွေလိုပဲ မိုင်ထောင်ပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့တယ်...လူသားတွေက ဒီရှေးဦးကြယ်စွမ်းအားကို စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံဖို့ လမ်းညွန်မှု နည်းလမ်းတွေ ဖန်တီးခဲ့ကြလို့ ငါတို့ အခု ရရှိထားတဲ့ တည်ငြိမ်တဲ့ ကျင့်ကြံမှု အခြေအနေတွေ ပေါ်လာတာ..."
မုန့်ထျန်းရွှမ် ချင်းယန်ကို ကြည့်လိုက်ပြီး :"ဒီနေ့ ငါတို့ရဲ့ အောင်မြင်မှုတွေ အားလုံးက ငါတို့ဘိုးဘေးတွေရဲ့ ဉာဏ်ပညာကြောင့်ပဲ..."
"မဟာမိတ်ခေါင်းဆောင်... ခင်ဗျားကျနော့်ကို သမိုင်းဆွေးနွေးဖို့ ဒီနေရာကို ဖိတ်ခဲ့တာလား"
ချင်းယန် ထိုင်ဖို့ ကျောက်တုံးတစ်တုံးကို ရှာပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"အဲဒါတွေကို ကျွန်တော် ကြည့်ထားပြီးသားတွေ..."
အမှန်တော့ သူသည် စာကြည့်တိုက်ထဲတွင် ခေတ္တခဏ အနားယူစဥ်က ဤလောက၏ သမိုင်းကြောင်းကို ရံဖန်ရံခါ ကြည့်နေတတ်သည်။ သို့သော်လည်း အကျယ်တဝင့် သဘောပေါက်တယ်လို့ ပြောလို့မရပေ။ အနည်းဆုံးတော့ သူသည် အခြေခံသမိုင်းလမ်းကြောင်းများနှင့် ယေဘုယျ ဦးတည်ချက်များကို အလွန်ရှင်းလင်းစွာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
"ဒါပေမယ့် ဒါက ခင်ဗျားရဲ့ အဓိပတိမဟာမိတ်နဲ့ ဘာဆိုင်လို့လဲ..."
ချင်းယန် မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာကို အတိအကျ ပြောချင်နေတာလဲ"
"ဟားဟား စိတ်မရှည်မဖြစ်ပါနဲ့ ဂိုဏ်းချုပ်လေး"
မုန့်ထျန်းရွှမ် ပြုံးလိုက်သည်။
"မင်း မသိချင်ဘူးလား? ဒီတွင်းနက်ထဲက ကြယ်တာရာ စွမ်းအားတွေ ဘာကြောင့် ပြည့်လျှံနေတာလဲ ဆိုတာလေ"
သူ့စကားများသည် ပေါ့ပေါ့ပါးပါး ရှိသော်လည်း စူးစမ်းချင်စိတ်ကို မဆုတ်မနစ် တုန်လှုပ်သွားစေသည်။
"ပြောစရာရှိတာပြော...."
ချင်းယန် မျက်မှောင်ကြုတ်ကာ မတ်တပ်ထရပ်ကာ သူ့ကိုယ်သူ ဖုန်ခါလိုက်သည်။
"ခင်ဗျား ဇာတ်လမ်း ဆက်ရိုက်နေမယ်ဆိုရင် ကျွန်တော် ထွက်သွားတော့မယ်"
သူထဖို့ ခြေလှမ်းပြင်လိုက်စဥ် မုန့်ထျန်းရွှမ်က သူ့ကို တားဖို့ လက်ကို အလျင်အမြန် မြှောက်လိုက်သည်။
"စိတ်လျော့ပါဦး ဂိုဏ်းချုပ်လေးချင်း! ခုနက ငါပြောခဲ့တာက အသေးအဖွဲ့ကိစ္စထက် မင်းကို ကြိုပြောဖို့ ရည်မှန်းထားတာ ရှိတယ်.... ဒီမဟာမိတ်ခေါင်းဆောင်က ဒီတွင်းနက်ကိုးတွင်းရဲ့ နောက်ကွယ်မှာ တခြားကမ္ဘာတစ်ခု ရှိတယ်လို့... ပြောရင် မင်း ယုံမှာလား ချင်းယန်"
"တစ်ဝက်ပေါ့..."
ချင်းယန် ကျောက်ဆောင်ပေါ် ပြန်ထိုင်ချလိုက်သည်။
"ဆက်ပြောပါ နားထောင်နေတယ်"
“ကောင်းပြီ”
ချင်းယန် ငြိမ်သက်နေတာကို မြင်တော့ မုန့်ထျန်းရွှမ် သည်းမခံနိုင်တော့ဘဲ စကားဆက်လိုက်သည်။
“အဲဒီအမည်မသိတဲ့ ကမ္ဘာမှာ ကြယ်တွေရဲ့ စွမ်းအားက ကမ္ဘာမြေထက် အဆပေါင်းဒါဇင်နဲ့ချီပြီး ပိုထူတယ်… မင်းရဲ့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းခေါင်းဆောင်က ကောင်းကင်အဓိပတိကို ရောက်နေပြီလို့ ငါထင်တာပဲ... သူဒီလိုပြောဖူးလားတော့ မသိဘူး”
မုန့်ထျန်းရွှမ်က ခေတ္တရပ်လိုက်ပြီး။
"ငါတို့အဆင့်မှာဆို ဒီထက်ပိုပြီး ဖြတ်ကျော်ဖို့က အရမ်းခက်ခဲတယ်... မဟုတ်ဘူး... ဒါမှမဟုတ် ပိုတိတိကျကျ ပြောရရင် ကောင်းကင်အဓိပတိက ကြယ်စင်စစ်သည်တွေအားလုံးအတွက် အထွတ်အထိပ်ပဲ"
ချင်းယန်: "တက်နိုင်တဲ့ အမြင့်ဆုံးနယ်ပယ်က ကောင်းကင်အဓိပတိလား?"
ဒီလိုကြားရတဲ့အခါ ချင်းယန်ရဲ့ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ မုန့်ထျန်းရွှမ်သာ မလိမ်ရင် ဆိုလိုသည်မှာ ဤကန့်သတ်ချက်သည် ဤကမ္ဘာစွမ်းအင်က သော့ခတ်ထားခြင်း ဖြစ်နိုင်သည်။
တစ်ဘဝလုံးအတွက် ကျင့်ကြံပြီးရင် ကောင်းကင်အဓိပတိ အထက်ကို မရောက်နိုင်တော့ဘူးလား။
တစ်နည်းပြောရရင် အစကတည်းက ကောင်းကင်အဓိပတိက မဖြေရှင်းနိုင်သော အနိစ္စပေလား။
"လတ်စသတ်တော့ အဲ့လိုကိုး...."
ချင်းယန်၏ အတွေးများသည် အရှိန်အဟုန်ပြင်းလာပြီး ကျောရိုးအောက်သို့ အေးစက်သွားသည်။ သူ မထိန်းနိုင်ဘဲ ကောင်းကင်ကို မော့ကြည့်လိုက်ကာ။
“ဖြေရှင်းဖို့နည်းလမ်း မရှိဘူးလား... ကျွန်တော်တို့ရဲ့ ကြယ်စွမ်းအား မလုံလောက်မှတော့ ဘာလို့ နောက်တစ်ဆင့် မတက်လှမ်းရမှာလဲ... ဒီတွင်းနက်ရဲ့နောက်ကွယ်က ကမ္ဘာကြီးက... ကြယ်စွမ်းအားတွေ ပေါများနေလောက်တယ်မလား..."
“ဂိုဏ်းချုပ်လေးက တကယ် ပညာရှိပါပေတယ်"
မုန့်ထျန်းရွှမ်သည် ကောင်းကင်က တွင်းနက်များကို မျှော်ကြည့်ရင်း ချင်းယန်အား အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“ဒီတွင်းနက်တွေရဲ့ အလွန်က လောကမှာ … ကြယ်စွမ်းအင် အာဟာရကို စုပ်ယူထားတဲ့ ကောင်းကင်အဓိပတိ အထက်က ကျင့်ကြံသူတွေ ရှိတယ်... သူတို့မျက်လုံးထဲမှာတော့ ငါတို့လူသားတွေက ပုရွက်ဆိတ်တွေ၊ ဝက်တွေ၊ ခွေးတွေထက် ဘာမှ မပိုဘူး... ငါတို့ရဲ့ ဘဝတစ်ခုလုံးက သူတို့ရဲ့ကြယ်စင် အကြွင်းအကျန်တွေရဲ့ ကောင်းချီးတွေကို ခံစားရတာထက် ဘာမှမပိုပါဘူး”
"ကြယ်စင်အကြွင်းအကျန်?? ကောင်းချီး?"
ချင်းယန် မျက်မှောင်ကြုတ်ကာ သူကြားနေရသည့် အရာအတွက် စိတ်မသက်မသာ ဖြစ်လာသည်။ ရုတ်တရတ် အိမ်အကူ အလုပ် လုပ်နေရသလိုပါ ခံစားလိုက်ရသည်။
"ဒါဆို ဒီတွင်းနက်တွေကော ဒီတွင်းနက်ကိုးခုက ကြယ်တွေရဲ့ စွမ်းအားတွေကို တကယ် ထုတ်လွှတ်ပေးနေတဲ့ လမ်းကြောင်းတွေပဲ မဟုတ်လား"
သူ့စကားတွေဆုံးတော့ မုန့်ထျန်းရွှမ်ဆီက လက်ခုပ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အနာဂတ်ခေါင်းဆောင်လို့ကို မပြောရဘူး... မင်းဒီလောက် မြန်မြန်နဲ့ နားလည်သွားပြီ... ဒီမဟာမိတ်ခေါင်းဆောင်က မင်းလို ဉာဏ်ရည်ထက်မြက်တဲ့သူတွေနဲ့ စကားပြောရတာ ကြိုက်တယ် သိပ်အားစိုက်ထုတ်စရာ မလိုဘူးလေ"
မုန့်ထျန်းရွှမ် သဘောကျစွာ လက်ခုပ်တီးကာ တောက်ပနေသော ကြယ်ရောင်များကို လွှတ်တင်ကာ ရုပ်ပုံတစ်ပုံကို ပုံဖော်လိုက်သည်။
"ချင်းယန် ဒါကိုကြည့်လိုက်..."
ပုံထဲတွင် မှုန်ဝါးဝါးနှင့် လူသားမဆန်သော သတ္တဝါတစ်စုသည် မြင့်မားသော ယဇ်ပလ္လင်တစ်ခုရှေ့တွင် စာသားများကို ရေးထိုးကာ ရပ်နေပုံရသည်။ သူတို့သည် ထူးဆန်းသော မှော်အတတ်များကို မြင့်မားစွာ ကိုင်ဆောင်ကာ ကောင်းကင်ရှိ တွင်းနက်ကိုးတွင်းဆီသို့ ဆုတောင်းနေခဲ့ကြ၏။ မရေမတွက်နိုင်သော ကြယ်ရောင်များက ကောင်းကင်ကို ဖြတ်ကျော်ကာ ခမ်းနားပြီး ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ဖန်တီးပေးနေသည်။
"ဒါ အဓိပတိမဟာမိတ်ရဲ့ လျှို့ဝှက်မှတ်တမ်းတွေကနေ နှစ်တွေ အကြာကြီး လေ့လာပြီးမှ ငါနောက်ဆုံးမှာ တွဲစပ်ထားနိုင်ခဲ့တဲ့ အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းပဲ"
မုန့်ထျန်းရွှမ်သည် ကြယ်စွမ်းအားရုပ်ပုံအား ကြည့်ရင်း ဖြည်းဖြည်းချင်း ရှင်းပြရင်းဖြင့် သူ့လက်ချောင်းများကို ရွေ့လျားနေသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က အဲဒီတွင်းနက်ကမ္ဘာတွေမှာ အင်အားကြီးတဲ့ မျိုးနွယ်တစ်ခုရှိခဲ့တယ်... သူတို့က ကမ္ဘာမြေရဲ့ ဖြစ်တည်မှုကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ကြတာ.... ဒီမှာ မြေလွတ်မြေရိုင်းတွေ ပေါများတယ် လူတွေက ပုရွက်ဆိတ်တွေလိုပဲ ဒါပေမယ့် သူတို့အရမ်းလိုအပ်နေတဲ့ ထူးခြားဆန်းပြားတဲ့ ရတနာတွေ အများကြီးရှိတယ်...အားနည်းတဲ့ လူသားမျိုးနွယ်နဲ့ ကြွယ်ဝပြီး မြေသြဇာကောင်းတဲ့ မြေပေါ့... အဲဒီလို အကျိုးစီးပွားတွေကို ဘယ်သူက တွန်းလှန်နိုင်မှာလဲ... ဒီလိုနဲ့ တစ်နေ့မှာ အဲဒီအင်အားကြီး မျိုးနွယ်တွေက တွင်းနက်ကိုဖွင့်ပြီး အာကာသ အချိန်အတားအဆီးကို ဖြတ်ကျော်လိုက်တယ်... အဲဲဒီနော်…"
သူစကားပြောနေစဉ်တွင် ချင်းယန်ကို ကြည့်ကာ စကားဆက်သည်။
"မင်း ခန့်မှန်းနိုင်လောက်ပါပြီ.. လမ်းကြောင်း ဖွင့်ပြီးတဲ့နောက် အဲဒီမျိုးနွယ်စုတွေဆီက ဂြိုလ်သား စွမ်းအားတွေ ပျံ့နှံ့သွားတယ်.…”
"ဂြိုလ်သား စွမ်းအားရှင်?"
ဒါကိုကြားတော့ ချင်းယန်ရဲ့ နှလုံးခုန်သံက ပိုပြင်းထန်သွားလေသည်။
သူ အံ့သြသွားရပြန်သည်။ သူ့စိတ်ထဲ တဆတ်ဆတ် တုန်လာ၏။ မိမိကိုယ်ကို ဖောက်ခွဲခဲ့တာက သူ၏ကမ္ဘာ့အမြင်ကို အဆက်မပြတ် ပျက်စီးစေခဲ့သည်။
လမ်းကြောင်းတစ်ခု… တွင်းနက်တစ်ခု… အင်အားကြီးမားသော ဂြိုလ်သားမျိုးနွယ်များ…
ဒီတွင်းနက်ကြီးက ဒီလိုဖြစ်နေလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ခဲ့မိချေ။ ၎င်းရဲ့အချင်းက တစိနေ့တခြား ဖြည်းဖြည်းချင်း တိုးလာနေတာကို ကြည့်လျှင် ထိုအင်အားကြီးမားသော ဂြိုလ်သားမျိုးနွယ်တွေ ရောက်ရှိလာတော့မယ်လို့ ဆိုလိုတာပဲ မဟုတ်ပါလား။
ချင်းယန်သည် လေးလေးနက်နက် အတွေးထဲသို့ ရောက်သွားခဲ့သည်။ ကောင်းကင်ပေါ်က တွင်းနက်ကြီးကို တစ်ချက် ကြည့်လိုက်ပြန်တော့ သူ့ကျောရိုးထဲက အေးစိမ့်စိမ့် ဖြစ်သွားသလို ခံစားလိုက်ရပြီး သူ့လည်ပင်းနောက်ဘက်က ဆံပင်တွေတောင် ထောင်သွား၏။
တစ်ချိန်က သမိုင်းနှင့် ပါးစပ်ဖျားမှ အစဉ်အလာ နှစ်ခုစလုံးသည် ဤတွင်းနက်ကို ကောင်းကင်ဘုံမှ ကောင်းချီးတစ်ခုအဖြစ် မှတ်ယူကြပြီး ၎င်းကို "ကောင်းကင်တံခါး၊" "ဝိညာဉ်ဘုံ" နှင့် "မသေနိုင်သောအမိုးခုံး" ကဲ့သို့သော အမည်များစွာကိုပင် မှတ်ယူခဲ့ကြသည်။
ဒါပေမယ့် အခုတော့…!
မသေနိုင်သောလမ်း၊ ပြီးပြည့်စုံသော လမ်းက ဂြိုလ်သားမျိုးနွယ်တွေအတွက် လမ်းကြောင်းတစ်ခုလို့ ပြောနေတာလား။
အတွေးပျောက်နေတဲ့ ချင်းယန် နောက်ထပ်ပြဿနာတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
"မဟာမိတ်ခေါင်းဆောင်... ခင်ဗျား ပြောခဲ့တဲ့ တွင်းနက်ကမ္ဘာက တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ မှတ်တမ်းတွေကို ကျနော် ဘယ်တုန်းကမှ မတွေ့ဖူးဘူးနော်..."