← Chapters

အခန်း (၁၀၀၆-၁၀၁၀)

Vol. 41 Ch. 1006-1010

အခန်း (၁၀၀၆-၁၀၁၀)

Vol. 41 Ch. 1006-1010

အခန်း(၁,၀၀၆) ချင်းယွင်ကျစ်ရဲ့ မောက်မာမှု (၂)

“ငါ့တူလေးကို တစ်ခါလုပ်ရင် ငါ ၁၀ ခါ ပြန်လုပ်မှာ”။ စူစူလေး ပြန်ပြောလိုက်ပါသည်။

ကလဲ့စားချေတာမျိုးက ၁၀ ဆလောက် ပြန်လုပ်မှ သင့်တော်တာဖြစ်သည်။

ထို့နောက် ချူးယန်ရှီကို သဲပုံဆီ ပြန်ဆွဲခေါ်သွားပြီး ထပ်တွန်းချလိုက်ပြန်သည်။

အခုက ဘယ်နှခေါက်မြောက်ရှိပြီလဲ…

၄ ခေါက်ရှိပြီထင်တယ်။ ၄ ပြီးတော့ ဘာလာတာလဲ…

၇ လား ၅ လား…

စူစူလေး ရေတွက်ရတာ သိပ်မတော်ပါ။ ချူးယန်ရှီကို စကားပြန်ပြောနေသဖြင့် ပိုတောင် မေ့သွားပါသေးသည်။

“နင်စကားပြောလို့ ငါရေတွက်ထားတာတွေ မေ့ကုန်ပြီ! အစက ပြန်စမယ်!”။ စူစူလေး ပွစိပွစိ ပြောလိုက်ပါသည်။

ချူးယန်ရှီ မျက်လုံးပြူးသွားလေသည်။ သူမ တုန့်ပြန်ချိန်တောင် မရလိုက်ဘဲ စူစူလေးရဲ့ တွန်းချမှုကို ထပ်ခံလိုက်ရပါသည်။

ချူးယန်ရှီရဲ့ စကားကြောင့် ဆရာမတွေနဲ့ ချိုးရွှမ်တို့ ကြက်သေသေနေခဲ့ကြသည်။ သူတို့ အသိစိတ်ပြန်ကပ်ကာ သဲပုံနား ရောက်လာချိန်တွင် စူစူလေးက ချူးယန်ရှီကို ၁၀ ကြိမ်မက တွန်းချပြီးပါပြီ။

စူစူလေးကိုယ်တိုင် ရေတွက်ထားတာတော့ ၆ ကြိမ်သာ ရှိသေးသည်။

“စူစူလေး တော်တော့! မလုပ်နဲ့တော့!”

ဆရာမကျူးက စူစူလေးကို ပွေ့ချီလိုက်ပြီး ဆရာမချမ့်က ချူးယန်ရှီကို သဲပုံထဲမှ ခေါ်လိုက်ပါသည်။

သဲပုံထဲ အကြိမ်ပေါင်းများစွာ ပစ်ချခံထားရသဖြင့် ချူးယန်ရှီတစ်ကိုယ်လုံး သဲတွေ ပေပွနေလေသည်။

ဆံပင်တွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေ အကုန်လုံးထဲ သဲတွေ ဝင်ကုန်လေသည်။ ချူးယန်ရှီ သဲလူသား ဖြစ်သွားသည်ဟုပင် ဆိုနိုင်ပါသည်။

ချိုးရွှမ် ရှေ့တိုးလာပြီး ချူးယန်ရှီ မျက်နှာပေါ်က သဲတွေကို သုတ်ပေးလိုက်သည်။

“မေကြီး…”

ချူးယန်ရှီ ပါးစပ်ဟလိုက်တာနဲ့ တစ်ပြိုင်နက် သဲတွေ ထွက်လာပါသည်။

သမီးဖြစ်သူရဲ့ အခြေအနေကိုကြည့်ပြီး ချိုးရွှမ် အလွန် အရှက်ရသွားခဲ့သည်။

အမေဖြစ်သည့် သူမ ရပ်ကြည့်နေတာတောင် တစ်ဖက်လူက သူမသမီးလေးကို အကြိမ်ကြိမ် အနိုင်ကျင့်ရဲသည်။

အလွန်တရားလွန်ပါသည်။

“တရားလွန်လိုက်တာ! တော်တော် တရားလွန်တာပဲ! ဒီလောက် ကန့်လန့်တိုက်တဲ့ မိဘနဲ့ ဆိုးသွမ်းတဲ့ ကလေးကို တစ်ခါမှ မမြင်ဖူးဘူး!”။ ချိုးရွှမ် ဒေါသတကြီး ပြောလိုက်ပါသည်။

ဆရာမကျူးက ချိုးရွှမ်ကို ဖြောင်းဖြဖို့ ကြိုးစားပါသည်။ “သခင်မဝမ် ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့”

“ကျွန်မကို ဒေါသမထွက်ဖို့ လာပြောနေသေးတာလား။ ဒေါသမထွက်လို့ ရမလား။ အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ ကျွန်မသမီးက သူများကို ခြေထိုးခံတယ်ဆိုတာ သက်သေမရှိဘဲ ဒီလောက်ထိ အနိုင်ကျင့်ရဲကြတယ်။ အခု ချင်းစူစူ ကျွန်မသမီးကို အနိုင်ကျင့်နေတာ လူတိုင်းမြင်တယ်နော်။ အဲ့တာ ကျွန်မ ဒေါသမထွက်သင့်ဘူးလား!”

ဆရာမကျူးနဲ့ ဆရာမချမ့်တို့ အလွန်အကြပ်ရိုက်သွားခဲ့ကြပါသည်။ မျက်နှာပေါ်မှာလည်း စိုးရိမ်ပူပန်မှုတွေ အထင်းသား ပေါ်နေလေသည်။

ချင်းယွင်ကျစ်က ကျန်နေခဲ့သည့် ကလေး ၃ ယောက်ကို ခေါ်ပြီး တည်တည်ငြိမ်ငြိမ် ထွက်လာခဲ့ပါသည်။

ညစ်ပတ် ပေပွနေသည့် ချူးယန်ရှီကို မြင်ပြီး ကျိုးဟောက်နောက်မှာ ပုန်းနေသည့် ချင်းလောင်ယွင် ပါးစပ်အုပ်လျက် တခစ်ခစ် ရယ်မောလိုက်ပါသည်။

ချူးယန်ရှီကို ဒေါ်လေးစူစူ မညှာမတာ ဆုံးမခဲ့တာ မြင်ပြီး သူမ အပျော်လွန်ကာ ရယ်ချင်နေသည်။

ကျိုးဟောက်ကတော့ ဟန်ပင် မဆောင်နိုင်ပါ။ ချူးယန်ရှီ၏ ပုံစံကို မြင်ပြီး အားရပါးရ ရယ်မောလိုက်ပါသည်။

ဒေါ်လေးစူစူက အရမ်းမိုက်တာပဲ! သူလည်း ဒေါ်လေးစူစူလို သူများတွေကို ခပ်မိုက်မိုက် ဆုံးမတတ်အောင် ဘယ်လိုလုပ်ရမလဲ!

ရီဝေနေသည့် စူယွီယွမ်လည်း တခြားကလေးတွေ ရယ်နေတာကိုမြင်ပြီး လိုက်ရယ်လိုက်ပါသည်။

“ရယ်နိုင်ကြသေးတယ်ပေါ့”။ ချိုးရွှမ် ဒေါသထွက်နေပြီး ချင်းယွင်ကျစ်အား မေးလိုက်ပါသည်။ “ရှင် ကျွန်မ ယောက်ျားကို ခေါ်ချင်နေတာ မဟုတ်ဘူးလား။ ကျွန်မကို လာခြောက်စရာ မလိုဘူး။ ကျွန်မကိုယ်တိုင် ကျွန်မ ယောက်ျားကို ခေါ်လိုက်မယ်! ရှင်တို့ ချင်းမိသားစု ဘယ်လောက်ထိ ရိုင်းစိုင်းပြီး မောက်မာနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့!”

ချိုးရွှမ် လက်ကိုင်အိတ်ထဲမှ ဖုန်းထုတ်လိုက်ပြီး ဝမ်ရှင်းမင်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်ပါသည်။

ဖုန်းဝင်နေသော်လည်း ဘယ်သူမှ မကိုင်ကြပါ။

ချိုးရွှမ် စိတ်ပိုရှုပ်ထွေးသွားပါသည်။ ဆရာမတွေနဲ့ ချင်းယွင်ကျစ်တို့ကို သူမ မော့ကြည့်လိုက်ပြီး နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။ “ကျွန်မယောက်ျား အခု အစည်းအဝေးထိုင်နေတယ်။ အစည်းအဝေးပြီးတာနဲ့ သူ့ကို ခေါ်လိုက်မယ်!”

ချင်းယွင်ကျစ်က ဘာမှမပြောပေ။ စကားနဲ့သာ လျစ်လျူရှုရုံတင်မဟုတ်ဘဲ အကြည့်ကလည်း ချိုးရွှမ်ဆီမှာ မရှိပါ။

စူစူလေးကို ငုံ့ကြည့်လိုက်ပြီး ချင်းယွင်ကျစ် မေးလိုက်ပါသည်။ “စူစူလေး ဒေါသထွက်သေးလား”

သူ့အသံက နူးညံ့သိမ်မွေ့သွားပါသည်။

… … …

အခန်း(၁,၀၀၇) ချင်းယွင်ကျစ်ရဲ့ မောက်မာမှု (၃)

စူစူလေး ၂ စက္ကန့်လောက် စဉ်းစားကာ ပြန်ဖြေလိုက်ပါသည်။ “မထွက်တော့ဘူး!”

အပြစ်ရှိသူကို အပြစ်ပေးပြီးတာနဲ့ သူမ ဒေါသထွက်မှာ မဟုတ်တော့ပါ။ တကယ်ဆိုးသွမ်းသည့် လူဆိုးကြီးတွေကလွဲလို့ လူတစ်ယောက်ကို တစ်ရက်ကြာအောင်ပင် သူမ စိတ်မဆိုးနိုင်ပါ။

ထို့နောက် စူယွီယွမ်လေးကို စူစူလေး မေးလိုက်သည်။ “ယွမ်ယွမ်လေး ဒေါသထွက်သေးလား”

စူယွီယွမ်လေးက ခေါင်းခါလိုက်ပြီး ပြောလိုက်ပါသည်။ “ဖေကြီးနဲ့ ဒေါ်လေး ဒေါသမထွက်ဘူး တူတူပဲ!”

“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပြီး စူယွီယွမ်လေးရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပါသည်။

သူမဖေဖေနဲ့ မေမေတို့ သူမခေါင်းကို ပွတ်သပ်ပေးသလိုမျိုးပဲ ဖြစ်သည်။

“ဟုတ်ပြီ။ အားလုံး အတန်းထဲ ပြန်ဝင်ကြတော့”။ ချင်းယွင်ကျစ်က ပြောလိုက်လေသည်။

“ယွမ်ယွမ်ရဲ့ အဖေကကော”။ စူစူလေး မေးလိုက်သည်။

“အစ်ကိုငယ်က လုပ်စရာတွေ ရှိသေးတယ်။ ဒီညနေ ကျောင်းဆင်းမှ လာကြိုမယ်နော်”။ ချင်းယွင်ကျစ် ရှင်းပြလိုက်သည်။

“ဟုတ်ပြီ”။ စူစူလေး လက်ခံလိုက်ပါသည်။ ထို့နောက် စူယွီယွမ်လေးနဲ့ ချင်းလောင်ယွင်တို့ရဲ့ လက်ကို တွဲလိုက်သည်။ ကျိုးဟောက်အတွက် တွဲစရာ လက်မကျန်တော့သော်လည်း သူက အကောင်ကြီးပြီး သတ္တိရှိပြီးသား ဖြစ်သဖြင့် လက်ကိုင်စရာ မလိုပါ။

“စာသင်ခန်းထဲ ပြန်ဝင်ကြစို့!”

“အွန်း အွန်း!”

ချင်းလောင်ယွင်ကလည်း ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်ပါသည်။

ကလေး ၄ ယောက် စာသင်ခန်းထဲ ပြန်ဝင်သွားကြသောအခါ ချိုးရွှမ်၊ ချူးယန်ရှီနဲ့ ဆရာမနှစ်ယောက်တို့သာ ချင်းယွင်ကျစ်ရှေ့မှာ ကျန်ခဲ့ကြတော့သည်။

ချင်းယွင်ကျစ်၏ လျစ်လျူရှုမှုကို ခံနေရသော ချိုးရွှမ် မခံမရပ်နိုင် ဖြစ်နေပါသည်။ သူမ ဒေါသထိန်းချုပ်ဖို့ မနည်း ကြိုးစားနေရသည်။ သူမက သခင်မဝမ်ဖြစ်သဖြင့် တစ်ဖက်လူ အရှက်မရှိရင်တောင် သူမ သိက္ခာကျမည့် လုပ်ရပ်မျိုး လုပ်လို့ မဖြစ်ပေ။

“ကျောင်းအုပ်ကြီး ဘယ်မှာလဲ”။ ချင်းယွင်ကျစ်က ဆရာမ နှစ်ယောက်ကို မေးလိုက်ပါသည်။

“ဟင်”

ဆရာမနှစ်ယောက် ကြက်သေသေနေစဉ် ချင်းယွင်ကျစ်၏ မေးခွန်းကြောင့် အသိစိတ်ပြန်ကပ်သွားကြပါသည်။

သူမတို့ ၂ စက္ကန့်လောက် စဉ်းစားပြီးမှ ပြန်ဖြေနိုင်သည်။ “မစ္စတာချင်းက ကျောင်းအုပ်ကြီးကို တွေ့ချင်လို့လား”

“ကျောင်းအုပ်ကြီးဆီ ခေါ်သွားပေးပါ”။ ချင်းယွင်ကျစ် စကားအပို မပြောပေ။

ချိုးရွှမ်က ဒေါသဖြင့် ရယ်မောလိုက်ပါသည်။ ချင်းယွင်ကျစ်ကို သူမ လှောင်ပြောင်လိုက်သည်။ “တော်လောက်ပြီ ထင်တယ် မစ္စတာချင်း။ ရှင်တို့ချင်းမိသားစုကို အရမ်းတွေ ထူးကဲနေတဲ့ မိသားစုလို့ ထင်နေတာလား။ ရှင်လိုချင်တာ မှန်သမျှ ရနိုင်မယ်လို့ ထင်နေတာလား။ ဟွာချန့်မြို့လောက်ကို ကမ္ဘာကြီးလို့ ထင်ပြီး အဲ့လောက် မောက်မာမနေစမ်းပါနဲ့”

ချင်းယွင်ကျစ်က သူမကို ဂရုမစိုက်သေးပေ။ သူမ အသံကို မကြားသလိုတောင် ပြုမူနေပါသည်။

ထို့ကြောင့် ချိုးရွှမ် ဒေါသပိုကြီးသွားသည်။ “ရှင်တော်တော် မောက်မာတာပဲ! ရှင့်ကို ဒီလောက်ပြောနေတာတောင် ဆွံ့အ နားမကြားချင်ယောင် ဆောင်နေတယ်ပေါ့။ စိတ်ကြီးဝင်ချက်က သူများ လိုက်မမှီတဲ့ အဆင့်ကို ရောက်နေပြီ!”

ထိုစဉ် ချူးယန်ရှီလည်း အသိစိတ်ပြန်ဝင်လာပြီဖြစ်သည်။ ချင်းယွင်ကျစ်ကို စကားဖြင့် တိုက်ခိုက်နေသည့် အမေဖြစ်သူကို မြင်ကာ ချူးယန်ရှီ အမြန်ဆွဲတားလိုက်ပါသည်။ “မေကြီး ဒေါသမထွက်ပါနဲ့။ သမီးကြောင့် ဒေါသမထွက်ပါနဲ့။ သမီး ဘာမှ မဖြစ်ဘူးနော်”

ဒီတစ်ခါ ချူးယန်ရှီ ဟန်ဆောင်နေတာ မဟုတ်ဘဲ ချင်းယွင်ကျစ်ကို သူမ အမေထပ်ပြီး ရန်မရှာစေဖို့ တကယ် တားမြစ်နေတာ ဖြစ်ပါသည်။

ဒီချင်းယွင်ကျစ်က သူမ မှတ်မိထားသည့် မကောင်းဆိုးဝါးဖြစ်နေမှာ အလွန် ကြောက်ရွံ့ပါသည်။

သို့သော် ချိုးရွှမ်ကတော့ ဒီလို မမြင်ပေ။ သူမ သမီးလေးကို ပိုသနားသွားပြီး သူသမီးလေးအတွက် တရားမျှတမှုရအောင် ယူပေးမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

သမီးဖြစ်သူကို ချိုးရွှမ် ချော့လိုက်သည်။ “ရှောင်းရှီလေး မကြောက်နဲ့နော်။ သမီးအဖေ အရင်တုန်းက ဘယ်လိုလုပ်ခဲ့လဲ မသိပေမယ့် အခု မေကြီးရှိနေပြီ။ ဒီလို အနိုင်ကျင့်တာမျိုး ရှောင်းရှီလေး လုံးဝ ခံစရာမလိုဘူး”

သူမ သမီးအတွက် ပြောခြင်းမဟုတ်ဘဲ သူမအတွက်လည်း ပါပါသည်။ ဒီလူက အလွန်မောက်မာ ရိုင်းစိုင်းလွန်းသည်။ စကားနဲ့ စော်ကားရုံတင်မကဘဲ သူမကို လက်ဖြင့်ပါ ထိသေးသည်။ ဒီဒေါသကို ချက်ချင်း မဖြေရှင်းရလျှင် ဒီနေ့ည ချိုးရွှမ် အိပ်ပျော်မှာ မဟုတ်ပါ။

ချူးယန်ရှီ အမြန် ခေါင်းခါလိုက်ပြီး ချိုးရွှမ်၏ အင်္ကျီစကို ဆွဲလျက် စိတ်ချောက်ချားစွာ ပြောလိုက်ပါသည်။ “မေကြီး မဟုတ်ဘူး။ အဲ့လို မဟုတ်ပါဘူး”

… … …

အခန်း(၁,၀၀၈) ချင်းယွင်ကျစ်ရဲ့ မောက်မာမှု (၄)

ချိုးရွှမ်က ချူးယန်ရှီ ဆွဲထားတာကို ခါချပြီး ပြောလိုက်သည်။ “သမီး လိမ်လိမ်မာမာနေပြီး ဘေးမှာ အေးအေးဆေးဆေး စောင့်နေ။ ခဏနေရင် ဦးလေးဝမ်ကို ဖုန်းဆက်ခေါ်လိုက်မယ်။ ဒီကိစ္စကို သူဖြေရှင်းပေးပါလိမ့်မယ်”

ယောက်ျားဖြစ်သူရဲ့ အစွမ်းအစကို ချိုးရွှမ် အပြည့်အဝ ယုံကြည်သည်။ လက်ထပ်ပြီးကတည်းက သူများဆီမှာ သူမ အနိုင်ကျင့်ခံရသည်ဆိုတာမျိုး မရှိခဲ့ပေ။

ဒီနေ့ သူမ ခံစားခဲ့ရသည့် ဒေါသတွေ၊ အရှက်ရမှုတွေကိုသာ ဝမ်ရှင်းမင်သိသွားလျှင် တစ်ဖက်လူကို ရေဆုံးမြေဆုံးထိ ရောက်အောင် ဒုက္ခပေးလိမ့်မည်ဟု ယုံကြည်ချက်ရှိပါသည်။

ချိုးရွှမ် ခေါင်းပြန်မော့လိုက်ပြီး ချင်းယွင်ကျစ်ကို ပြောလိုက်ပါသည်။ “ရှင်က ကျောင်းအုပ်ကြီးနဲ့ တွေ့ချင်နေတာမလား။ ကောင်းပြီလေ။ အခုချက်ချင်း သွားတွေ့ကြမယ်! ရှင်ဒီနေ့ ဘာတွေ လုပ်ဦးမလဲ ကြည့်ချင်သေးတယ်! ရှင့်လုပ်ရပ်တွေကလည်း ရှင့်ခြိမ်းခြောက်စကားတွေလိုပဲ အရှက်မဲ့တယ်ဆိုတာ သိထားပါ! ရှင်တို့အခု နောက်ဆုတ်ချင်တယ် ဆိုရင်တောင် နောက်ကျသွားပြီ! ရှင်ကများ ကျောင်းအုပ်ကြီးကို တွေ့ချင်နေသေးတယ်။ ကျွန်မတို့ကမှ ကျောင်းအုပ်ကြီးနဲ့ သွားတွေ့သင့်တဲ့လူတွေ!”

ထိုသို့ပြောပြီးနောက် ဝမ်ရှင်းမင်၏ ဖုန်းကို ချိုးရွှမ် ထပ်မံခေါ်ဆိုလိုက်ပါသည်။

ချူးယန်ရှီ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။ သူမတို့ရှေ့က လူကြီးက နှစ်အနည်းငယ်ကြာသည့်အခါ ကြောက်စရာကောင်းသည့် မိစ္ဆာတစ်ကောင်ဖြစ်လာမည်ဟု သူမ အမေကို ပေါ်တင် ထုတ်ပြောလို့လည်း မရပေ။ ဒီလူ့ကို မစော်ကားမိဖို့လည်း ဘယ်လိုတားရမှန်း မသိပါ။

ဘာလုပ်ရမလဲ… ဘယ်လိုလုပ်ရမလဲ…

ချူးယန်ရှီ စိတ်အေးအေးထားဖို့ အတတ်နိုင်ဆုံး ကြိုးစားသည်။

စိတ်အေးအေးထားရမယ်…

အထူးသဖြင့် ဒီလိုအခြေအနေမျိုးမှာ စိတ်ချောက်ချားသွားလို့ မရဘူး!

ဟုတ်တယ်! အခုက အဲ့ဒီအချိန်ကိုမှ မရောက်သေးတာ…

ယခု ဒီလူက သူမ မှတ်ဉာဏ်ထဲကလို အာဏာတွေ ပါဝါတွေ မရှိလောက်သေးပါ။ အခုချိန်မှာ သာမန် စီးပွားရေး သမားတစ်ယောက် အဖြစ်ပဲ ရှိနေနိုင်သေးသည်။ သူမ မှတ်ဉာဏ်ထဲကလောက် အစွမ်းအစ မရှိပါက သူမရဲ့ ပထွေးလောက်တောင် ရှိန်စရာကောင်းမှာ မဟုတ်ပါ။

အခုချိန် ဒီလူ့ကို စော်ကားမိလို့ ပြဿနာကြီးကြီးမားမား မတက်နိုင်ပေ။

ဟုတ်တယ်… အဲ့လိုပဲဖြစ်မယ်!

သူတို့ ဘာမှမဖြစ်လောက်ပါဘူး! ဘာမှ မဖြစ်ဘူး!

ထိုအတွေးကြောင့် ချူးယန်ရှီ ပြန်လည် တည်ငြိမ်သွားခဲ့ပါသည်။

ချိုးရွှမ်က ဝမ်ရှင်းမင်၏ ဖုန်းကို ဆက်သွယ်နေဆဲဖြစ်သည်။ သို့သော် ဖုန်းမကိုင်ပေ။

ချိုးရွှမ် မျက်မှောင်ကြုတ်သွားပြီး အတော်လေး စိတ်ရှုပ်ထွေးသွားပါသည်။

ဘာတွေဖြစ်နေတာလဲ…

ပုံမှန်ဆို သူမ ယောက်ျား အစည်းအဝေး ရောက်နေရင်တောင် ကိုယ်ပိုင်ဖုန်းကတော့ ဖွင့်ထားမှာပဲ။

သူမ ထပ်ခါထပ်ခါ ခေါ်နေတာကို မြင်ရင် မကိုင်ဘဲ နေမှာ မဟုတ်ဘူး။

ဒီနေ့ ဘာတွေဖြစ်နေလို့လဲ။

ယောက်ျားဖြစ်သူ အစည်းအဝေး ဘယ်တော့ပြီးမလဲဟု ချိုးရွှမ် စဉ်းစားနေစဉ် ခပ်လှမ်းလှမ်းမှ သူမယောက်ျားရဲ့ Ringtone သံကို ရုတ်တရက် ကြားလိုက်ရလေသည်။

အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသည့် လူနှစ်ယောက်နဲ့အတူ သူမယောက်ျား ဝမ်ရှင်းမင် မူကြိုကျောင်းရှေ့သို့ ရောက်လာပြီဖြစ်မှန်း မြင်လိုက်ရလေသည်။

အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်က ဂိတ်စောင့်ကို စကားပြောနေပါသည်။

မြင်မြင်ချင်းတော့ သူမယောက်ျား သူမကို လာခေါ်တာ အထင်ဖြင့် ချိုးရွှမ် ပျော်ရွှင်သွားပါသည်။

သို့သော် တစ်ခုခု ပုံမှန် မဟုတ်တာကို ခပ်မြန်မြန် သတိထားမိသွားသည်။

သူမယောက်ျားရဲ့ မျက်နှာက ပုံမှန်ဟုတ်မနေပါ။

သူ့ဘေးက လူနှစ်ယောက်ကိုလည်း ချိုးရွှမ် မမြင်ဖူးပေ။ သူတို့က ဝမ်ရှင်းမင်ရဲ့ ဘော်ဒီဂတ်တွေလည်း မဟုတ်သလို လက်အောက်ငယ်သားတွေလည်း မဟုတ်ကြပါ။

ထို့အပြင် ထိုလူနှစ်ယောက်က သူမ ယောက်ျားကို လိုက်ပို့တာမဟုတ်ဘဲ အတင်းအကြပ် ခေါ်လာပုံနဲ့ ပိုတူနေပါသည်။

ချိုးရွှမ် ကြက်သေသေသွားသည်။ ချူးယန်ရှီလည်း ထိုနည်းလည်းကောင်း တုန်လှုပ်သွားခဲ့ပါသည်။

သိပ်မကြာလိုက်ဘဲ သူတို့ရှေ့သို့ ဝမ်ရှင်းမင် ရောက်လာခဲ့သည်။

သူ့ပုံစံက ကြည့်ရ အလွန်ဆိုးရွားနေပါသည်။ မျက်နှာတစ်ခုလုံး ဖြူဖပ်နေပြီး မျက်လုံးတွေက တစ်ခုခုကို ချောက်ချားနေသည်။

ချိုးရွှမ်လည်း သူမယောက်ျားဘေး အမြန်ပြေးသွားလိုက်ပါသည်။ “ယောက်ျား ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲလို့”

ဝမ်ရှင်းမင်က ချိုးရွှမ်ကို ကြည့်ကာ မေးလိုက်ပါသည်။ “မင်းတို့ ဘာတွေလုပ်လိုက်တာလဲ”

“ယောက်ျား ဘာတွေပြောနေတာလဲ”။ ယောက်ျားဖြစ်သူရဲ့ မေးခွန်းကို ချိုးရွှမ် နားမလည်ပါ။

“မင်းတို့ ဘယ်သူ့ကို ရန်သွားစလိုက်တာလဲလို့ မေးနေတာ!”။ ဝမ်ရှင်းမင်၏ လေသံက အတော်လေး ပျော့ညံ့နေသော်လည်း မျက်လုံးထဲက ဒေါသကတော့ သိသာပါသည်။

… … …

အခန်း(၁,၀၀၉) လင်မယားနှစ်ယောက်ရဲ့ ဒုက္ခ

“ဘယ်သူ့ကိုမှ ရန်မစပါဘူး။ ရှောင်းရှီလေးတို့ မူကြိုမှာ ပြဿနာဖြစ်လို့ ရှင့်ကို ဖုန်းဆက်ခဲ့တာလေ။ ကျွန်မကြောင့် အလုပ်ပျက်သွားတာဆိုရင် တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီလိုကြီးတော့ ကျွန်မကို ကြောက်အောင် မလုပ်ပါနဲ့”။ ချိုးရွှမ် အမြန်ပြောလိုက်ပါသည်။

စိတ်ထဲမှာလည်း အတော်လေး စိုးရိမ်သွားသည်။ ပြဿနာတွေ တကယ် မဆိုးရွားဘဲ သူမယောက်ျား ဒီလိုပုံစံ ဖြစ်နေမှာ မဟုတ်ပါ။

ထိုစဉ် ချုးယန်ရှီက ချင်းယွင်ကျစ်ကို သွေးပျက်နေသော မျက်လုံးများဖြင့် ကြည့်နေပါသည်။ မကြာသေးခင်ကမှ ဖိသိပ်ခဲ့သော အကြောက်တရားတွေ ရေလှိုင်းတစ်ခုလို ပြန်လည် မြင့်တက်လာခဲ့သည်။

ဝမ်ရှင်းမင်နဲ့အတူ ပါလာသည့် လူနှစ်ယောက်က ချူးယန်ရှီနဲ့ ချိုးရွှမ်တို့ နားမလည်နိုင်သည့် ဘာသာစကားနဲ့ ချင်းယွင်ကျစ်ကို အစီရင်ခံနေကြသည်။

ချင်းယွင်ကျစ်ကလည်း ထိုဘာသာစကားနဲ့ပဲ ပြေပြေပြစ်ပြစ် ပြန်ပြောလိုက်ပါသည်။

အချိန်အတော်ကြာ စကားပြောပြီးမှ ဝမ်ရှင်းမင်ထံ ချင်းယွင်ကျစ် အကြည့်ရောက်သွားသည်။

ဝမ်ရှင်းမင်၏ ဝဝဖိန့်ဖိန့်မျက်နှာ ပိုဖြူရော်သွားပြီး မျက်လုံးတွေလည်း ပြူးသွားပါသည်။

“ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ ကျုပ်ကို ဒီလိုလုပ်ရတာလဲ။ ကျုပ်တို့ဘာများ စော်ကားမိလို့လဲ။ ခင်ဗျားကို ကျုပ်တို့ တစ်ခါမှတောင် မမြင်ဖူးဘူး!”။ ဝမ်ရှင်းမင် မေးလိုက်သည်။ သူ့လေသံက အလွန်ကြောက်သံပါနေပြီး တစ်ဖက်လူ ဒေါသ ထွက်သွားမှာကို အလွန်စိုးရိမ်နေမှန်း သိသာပါသည်။

“ခင်ဗျားကတော့ ကျုပ်ကို မမြင်ဖူးလောက်ဘူး။ ဒါပေမယ့် ခုနက ခင်ဗျားသမီး ကျုပ်သားကို တမင်သက်သက် ခြေထိုးခံလိုက်တယ်”။ ချင်းယွင်ကျစ် ပြောလိုက်သည်။

“သမီး ဟုတ်လား”။ အံ့ဩ မှင်သက်နေသည့် ဝမ်ရှင်းမင် ကြက်သေသေသွားသည်။ ထို့နောက် ယခုသူ့မှာ သမီးတစ်ယောက် ရှိနေပြီဖြစ်မှန်း ဝမ်ရှင်းမင် ပြန်သတိရသွားပါသည်။

ထို့နောက် ခေါင်းမဖော်ရဲလောက်အောင် ကြောက်နေသော ချူးယန်ရှီကို ဝမ်ရှင်းမင်လှည့်ကြည့်လိုက်သည်။

ခုနက သူမအပြစ်ကို လွှတ်ခနဲ ဝန်ခံလိုက်မိတာကြောင့် မတော်တဆဖြစ်တာပါဟု ပြောလို့လည်း မရတော့ပေ။

“ငတုံးမ! ဘာလို့ သူများသားသမီးကို အလကားနေရင်း ခြေထိုးခံရတာလဲ!”။ ဝမ်ရှင်းမင် ဒေါသတကြီး ငေါက်လိုက်လေသည်။

အစက မိန်းမဖြစ်သူကို ချစ်သဖြင့် လင်ပါသမီးကို ဝမ်ရှင်းမင် လက်ခံပေးခဲ့သည်။

သို့သော် ယခုတော့ ထိုသမီးကြောင့် သူများအနိုင်ကျင့်နေတာကို ခံနေရပြီဖြစ်သဖြင့် ဝမ်ရှင်းမင် သဘော မကောင်းနိုင်တော့ပါ။

ချိုးရွှမ်က ခါးသီးစွာ ဝင်ပြောလိုက်ပါသည်။ “ယောက်ျား၊ ရှောင်းရှီလေးက အသက် ဘယ်လောက် ရှိသေးလို့လဲ။ ကလေးအချင်းချင်း ပဋိပက္ခဖြစ်တာ ထူးဆန်းလို့လား။ ဒီတစ်ခေါက် သူ အမှားလုပ်မိရင်တောင် ကျွန်မတို့ ဆုံးမလို့ ရတာပဲ။ လူကြီးတစ်ယောက်လို ဘာလို့ အပြစ်တင်နေမှာလဲ”။

ချိုးရွှမ် မျက်ရည်များ ဝဲလာပြီး အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။

ဝမ်ရှင်းမင်လည်း မိန်းမဖြစ်သူကိုမြင်ပြီး စိတ်ပျော့သွားကာ ချင်းယွင်ကျစ်ကိုသာ လှည့်တောင်းပန်ရတော့သည်။ “ဆရာကြီး ကျွန်တော့်မိန်းမ ပြောတာ မှန်ပါတယ်။ အားလုံးက ဘာမှ နားမလည်တဲ့ ကလေးတွေပဲဥစ္စာ။ အရမ်း ပုံကြီးမချဲ့ပါနဲ့။ ဆရာမတွေနဲ့ ခင်ဗျားလည်း အလုပ်ရှုပ်ရတာပေါ့။ ပြီးတော့ ကလေးတွေလည်း စိတ်ဒဏ်ရာ ရသွားနိုင်တယ်လေ”

“ပြီးတော့ ခင်ဗျားသား အနာတရဖြစ်သွားရတာ ရှောင်းရှီရဲ့ အပြစ်ဆိုတာ ဝန်ခံပါတယ်။ ကျွန်တော်တို့ အပြည့်အဝ တာဝန်ယူမှာပါ။ ကုန်ကျစရိတ်အကုန်လုံး ကျွန်တော်တို့ ကျခံပေးမယ်။ ဆေးဖိုးဝါးခဖြစ်ဖြစ် လျော်ကြေးဖြစ်ဖြစ် ဘာမဆို အကုန်ပေးပါ့မယ်”

ဒီကိစ္စကို ချင်းယွင်ကျစ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ရင်း ဝမ်ရှင်းမင် တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။

“ခင်ဗျားတို့ရဲ့ စံနှုန်းနဲ့ ယှဉ်ပြီး ကျုပ်ကို တောင်းဆိုလို့ မရဘူး”။ ချင်းယွင်ကျစ်က စိတ်ပြောင်းဖို့ အစီအစဉ် မရှိဘဲ သွေးအေးစွာ ပြောလိုက်ပါသည်။

ဝမ်ရှင်းမင် ဒေါသလည်းထွက် ကြောက်လည်း ကြောက်နေပါသည်။ တုန်ယင်နေသော အသံဖြင့် သူမေးလိုက်သည်။ “ဒါ… ဒါဆို ဆရာကြီးရဲ့ စံနှုန်းအရ ကျုပ်တို့ ဘာလုပ်ပေးရမလဲ”။

“ဘာမှလုပ်ပေးစရာ မလိုဘူး အခုပဲ ကျုပ်အကောင်အထည် ဖော်တော့မလို့လေ”။ ချင်းယွင်ကျစ် ပြန်ဖြေလိုက်သည်။

သူ့ပုံစံက အေးစက်ကာ ဆုံးဖြတ်ချက် ပြတ်သားပြီး အရှိန်အဝါ အလွန်ကြီးလသည်။ ထို့နောက် ကျောင်းအုပ်ကြီး ရုံးခန်းဆီသို့ ချင်းယွင်ကျစ် ခြေဦးလှည့်လိုက်ပါသည်။

ဝမ်ရှင်းမင်က အနောက်မှ အသည်းအသန် အော်ကာ တားလိုက်သည်။ “ဆရာကြီး နေပါဦး! ခဏလေးပါ! စကား နည်းနည်း ထပ်ပြောကြရအောင်! ခဏပါပဲ!”

… … …

အခန်း(၁,၀၁၀) ချူးယန်ရှီနဲ့ အဆက်အသွယ် ဖြတ်ခြင်း (၁)

ဝမ်ရှင်းမင်၏ အော်သံက ချင်းယွင်ကျစ်ကို မတားဆီးနိုင်ခဲ့ပါ။ ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ ချင်းယွင်ကျစ် ဝင်သွားတာကို ဒီတိုင်း ငေးကြည့်နေခဲ့ရသည်။

သူမယောက်ျားကို ခေါ်လိုက်လျှင် မောက်မာသည့် ချင်းယွင်ကျစ်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ချိုးရွှမ် အစက ထင်ခဲ့ပါသည်။

သို့သော်လည်း လက်တွေ့က သူမထင်ထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမယောက်ျားက သူမကို အကူအညီ မပေးနိုင်သည့်အပြင် တစ်ဖက်လူ၏ ထိန်းချုပ်မှုကိုတောင် ခံခဲ့ရပါသည်။

“ယောက်ျား အဲ့ဒီလူ ကျွန်မတို့ကို ဘာလုပ်သွားလို့လဲ။ ဘာလို့ ဒီလို ဖြစ်နေတာလဲ။ ချင်းမိသားစုက အဲ့လောက် အာဏာကြီးလို့လား”။ ချိုးရွှမ် မေးလိုက်သည်။

“ဘာချင်းမိသားစုလဲ။ ဘယ်ကချင်းမိသားစုလဲ။ ဒီလူနဲ့ ချင်းမိသားစုနဲ့ ပတ်သတ်နေမှန်းတောင် ငါမသိဘူး! ဒီလူ့မှာ ငါ့ကိုကော ငါ့ကုမ္ပဏီကိုကော ဖျက်ဆီးနိုင်တဲ့ အစွမ်းအစ ရှိတယ်ဆိုတာပဲ သိတယ်!”

တစ်ဖက်လူရဲ့ နောက်ကြောင်းရာဇဝင်နဲ့ သရုပ်မှန်ကို ဝမ်ရှင်းမင် ဘာမှ မသိရသေးပါ။ မိနစ် ၂၀ အတွင်း သူ့ဘဝတစ်ခုလုံး ဇောက်ထိုးကျသွားခဲ့တာကိုသာ သိပါသည်။

ဒီကိုရောက်မလာခင်တုန်းက သူ့မိတ်ဆွေ မစ္စတာရှန့်ဆိုသူ ဖုန်းဆက်လာပြီး မစော်ကားသင့်သည့်လူကို စော်ကားခဲ့သဖြင့် သူ့ကုမ္ပဏီ ရှင်သန်နိုင်မှာ မဟုတ်လောက်ဟု ပြောခဲ့သည်။

ဝမ်ရှင်းမင်လည်း ထိုလူ လာနောက်နေတာဟု ထင်ခဲ့သည်။ သို့သော် သူဖုန်းပြောလို့ မပြီးသေးခင်မှာပင် လူနှစ်ယောက် ရောက်လာပြီး သူ့ကို အတင်းဆွဲခေါ်သွားကြသည်။

“ကုမ္ပဏီ ဟုတ်လား… ကုမ္ပဏီ ဘာဖြစ်သွားလို့လဲ”။ ချိုးရွှမ် မယုံကြည်နိုင် ဖြစ်နေသည်။ သူမ ယောက်ျားကို ဒီလူတွေ ဒီအတိုင်း နှိပ်စက်ခြိမ်းခြောက်ခဲ့တာ ဖြစ်မည်ဟု ထင်ထားခဲ့သည်။ ယခုတော့ ကုမ္ပဏီကိုပါ အလွတ်မပေးခဲ့ပေ။

“ငါ့ပုံစံကို ကြည့်စမ်းပါဦး! အခြေအနေကောင်းတယ် ထင်နေလား”

ဝမ်ရှင်းမင် စီးပွားရေးသမားအဖြစ် ရပ်တည်လာတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရှုံးနိမ့်မှုကို ကြုံတွေ့ရမည်ဖြစ်မှန်း ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း ဒီလို အကြောင်းအရင်းကြောင့် ရှုံးနိမ့်ရမည်ဟုတော့ လုံးဝ မထင်ခဲ့ပါ။

“ဘယ်လိုဖြစ်ရတာလဲ…”။ ချိုးရွှမ်လည်း မှင်သက်သွားခဲ့သည်။

ထို့နောက် ပြဿနာရဲ့ တရားခံဖြစ်သူ ချူးယန်ရှီကို ဝမ်ရှင်းမင်နဲ့ ချိုးရွှမ်တို့ ပြိုင်တူ ငုံ့ကြည့်လိုက်ကြသည်။

ချူးယန်ရှီ ခေါင်းငုံ့ထားဆဲဖြစ်ပြီး ဘယ်သူ့ကိုမှ မော့မကြည့်ရဲပါ။ သူမကို အမေနဲ့ ပထွေးတို့က ဒေါသထွက်နေကြပြီ ဖြစ်မှန်း သိပါသည်။ သူမကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သလို ဖြေရှင်းချက် ကောင်းကောင်းလည်း မရှိပါ။ သူမ လုပ်နိုင်တာဆိုလို့ မသိနားမလည်ချင်ယောင် ဆောင်ရုံသာ ရှိတော့သည်။

တစ်ချိန်တည်းမှာပင် သူမရင်ထဲက သံသယတစ်ခု သေချာသွားခဲ့သည်။ ချင်းယွင်ကျစ်က တကယ်ပဲ သူမ ထင်ထားသည့် လူဖြစ်နေပါသည်။

အဲ့ဒီ အကြမ်းပတမ်း လူမိုက်ကောင်!

သူ့ကို သွားရှုပ်တဲ့လူမှန်သမျှ ဇာတ်သိမ်းမကောင်းဘူး!

ဂုဏ်သိက္ခာတွေ၊ ဥပဒေတွေ၊ တရားမျှတမှုတွေက သူ့ရှေ့မှာ ဘာမှ မဟုတ်ဘူး!

လူတစ်ယောက်က သူ့ကို အသေးအဖွဲ ရန်လာစရင်တောင် ၁၀ ဆ၊ အဆ ၁၀၀၊ အဆ ၁,၀၀၀ လောက် လက်တုန့်ပြန်ရမှ ကျေနပ်တဲ့လူ!

ချူးယန်ရှီတို့ သုံးယောက်သား ကျောက်ရုပ်တွေလို မတ်တပ်ရပ်နေကြသည်။ တစ်ကိုယ်လုံး ဖြူဖပ်နေကြပြီး မျက်လုံးတွေကလည်း ကြောက်ရွံ့ချောက်ချားနေကြပါသည်။

သူတို့ ဒီလို ရပ်နေကြတာ ဘယ်လောက်ကြာပြီဖြစ်မှန်းတောင် မသိတော့ပေ။ မိနစ်ပိုင်းလောက်သာ ရှိနိုင်သေးသော်လည်း သူတို့ ၃ ယောက်အတွက်တော့ အလွန်ကြာမြင့်နေပါသည်။

အခုချိန်မှာ ချင်းယွင်ကျစ်ရဲ့ လူတွေ ဖမ်းမထားရင်တောင် ဝမ်ရှင်းမင် ထွက်သွားမှာ မဟုတ်ပေ။

ချင်းယွင်ကျစ် ပြန်ရောက်လာသည့် အချိန်ထိစောင့်ပြီး သူစိတ်ပြောင်းအောင် တောင်းပန်ရပါမည်။

ချင်းယွင်ကျစ် ပြန်ထွက်လာတာကို မြင်တာနဲ့ ချိုးရွှမ်က အရင်ပြေးသွားပြီး ကျိုးနွံစွာ တောင်းပန်လိုက်ပါသည်။ “ကျွန်မ တောင်းပန်ပါတယ် မစ္စတာချင်း! ကျွန်မ မောက်မာရိုင်းစိုင်းမိပါတယ်! ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ!”

ချင်းယွင်ကျစ်က သူမကို လျစ်လျူရှုထားဆဲဖြစ်ပြီး မူကြိုကျောင်း ဝင်ပေါက်ဆီသာ လျှောက်သွားပါသည်။

ချိုးရွှမ် ဒေါက်ဖိနပ်ဖြင့် ဒယိမ်းဒယိုင်လျှောက်ရင်း ချင်းယွင်ကျစ်နောက်သို့ ပြေးလိုက်ကာ ပြောလိုက်လေသည်။ “မစ္စတာချင်းတို့ကို စော်ကားမိတဲ့လူက ချူးယန်ရှီပါ! ကျွန်မသူ့ကို သမီးအဖြစ်က စွန့်လွှတ်ပါ့မယ်! ကျေးဇူးပြုပြီး ကျွန်မ ယောက်ျားနဲ့ ကျွန်မတို့ကို အပြစ်မပေးပါနဲ့”

ဒါကိုကြားတော့ ချင်းယွင်ကျစ် ခြေလှမ်းများ ရပ်တန့်သွားသည်။ နောက်ဆုံးတော့ ချိုးရွှမ်ကို သူပြန်ကြည့်လိုက်ပါသည်။

ခေါင်းငုံ့ထာသည့် ချူးယန်ရှီလည်း ရုတ်တရက် ခေါင်းထောင်သွားသည်။

ချင်းယွင်ကျစ်၏ တုန့်ပြန်မှုကို မြင်သောအခါ ချိုးရွှမ် အမြန်ပြောလိုက်ပါသည်။ “ကျွန်မသူ့ကို မွေးပေးထားတာ ဆိုပေမယ့် သူက သူ့အဖေနဲ့ အတူ ကြီးပြင်းလာတာ။ အသက် ၂ လအရွယ်ကတည်းက ကျွန်မနဲ့ ဝေးကွာသွားခဲ့တာ။ မကြာသေးခင်က သူ့အဖေ သေသွားလို့သာ ကျွန်မတို့ လာခေါ်ရတာပါ! ကျွန်မ သူ့အပေါ်မှာ သံယောဇဉ် မရှိပါဘူး!”

… … …

All Chapters