← Chapters

အခန်း (၁၀၂၆-၁၀၃၀)

Vol. 42 Ch. 1026-1030

အခန်း (၁၀၂၆-၁၀၃၀)

Vol. 42 Ch. 1026-1030

နတ်သားရဲမလေးရဲ့ကမ္ဘာသစ် Book-42

အခန်း(၁,၀၂၆) စူစူလေး တောင်းဆိုတာ ဖြည့်ဆည်းပေးရမယ်

ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို သံသယဝင်နေဆဲဖြစ်သည့် ဝမ်ချင်းက အခုချိန်ထိ မယုံကြည်နိုင်သေးပါ။

ဟွာချန့်မြို့မှာ ကောလဟာလတွေထွက်နေသလိုမျိုး မတ်လေးနဲ့ ယောက်မတို့ အဆမတန်ချမ်းသာပြီး ပြန်လာကြတာ မဖြစ်နိုင်ပါ။

အဘိုးချင်းနဲ့ အဘွားချင်းတို့ကလည်း ဘာမှ ဝင်မပြောကြပေ။ ဒီဆန်ကုန်မြေလေးသားက သူတို့သမီးလေးကို လက်ဆောင် ပေးချင်သပါ့ဆို အဘိုးချင်းတို့ အားနာနေမှာ မဟုတ်ပေ။

ချင်းရှင်းကျစ်၊ ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့လည်း တိတ်ဆိတ်နေကြပါသည်။

စူစူလေး ပျော်ရင် ပြီးတာပါပဲ။

ခဏကြာတော့ ကတ္ထူပုံးတစ်ပုံးကို တင်ထားသည့် လှည်းတစ်ခုအား ဆွဲလျက် ချင်းယွင်ကျစ် ပြန်ရောက်လာသည်။

ရုတ်တရက်ကြည့်လိုက်လျှင် သူ့ပုံစံက ဒလီဗာရီသမားတစ်ယောက်နဲ့ တူနေပါသည်။

စူစူလေး ထိုင်ခုံမှ ခုန်ဆင်းလိုက်ပြီး ချင်းယွင်ကျစ်ဆီ ပြေးသွားလေသည်။

ထို့နောက် ကတ္ထူပုံးထဲက သူမလက်ချောင်းထက် အများကြီး ပိုကြီးသော ရွှေတုံးကြီးကို အလွယ်တကူ ယူကြည့်လိုက်ပါသည်။

“ဟုတ်တယ် ဒါမျိုး! သမီး အရမ်းကြိုက်တာ!”။ စူစူလေး ပျော်ရွှင်စွာ ပြောလိုက်လေသည်။

“အင်း စူစူလေး ကြိုက်ရင် ပြီးတာပါပဲ။ မနက်ဖြန် ထပ်သွားဝယ်ကြမယ်”။ ချင်းယွင်ကျစ် ပြန်ပြောလိုက်ပါသည်။

စူစူလေး ခေါင်းငြိမ့်လိုက်ပြီး ရွှေတုံးကို ယူကာ အဘိုးချင်းနဲ့ အဘွားချင်းတို့ဆီ သွားပြလိုက်သည်။ “ဖေဖေနဲ့ မေမေ ဒီမှာကြည့်! ယွမ်ယွမ်လေးဖေဖေက သမီးကို အဝါရောင်ပစ္စည်းလေးတွေ ပေးတယ်။ အများကြီးပဲ! သူသဘောကောင်းတယ်နော်။ သူတော်တယ်မလား!’

“အင်း”။ အဘိုးချင်း တိုးညှင်းစွာ ဖြေလိုက်ပါသည်။ သူ့မျက်နှာက အနည်းငယ် တည်ငြိမ်နေသော်လည်း ရင်ထဲမှာတော့ ပျော်ရွှင်နေပါသည်။

ဒီဆန်ကုန်မြေလေးသားက နှစ် ၂၀ ကျော်လောက်ထိ ပျောက်နေပေမယ့် အနည်းဆုံးတော့ သူ့သမီးလေးကို ချစ်သားပဲ။

အဘိုးချင်းစိတ်ကို သိနေကြသော ချင်းမိသားစုတစ်စုလုံး ဒီလိုတုန့်ပြန်မှုက အသိအမှတ်ပြုခြင်းဖြစ်မှန်း နားလည်ကြပါသည်။

ဝမ်ချင်း မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားခဲ့ပါသည်။

စူစူလေးကို သူမပေးခဲ့သည့် အကြံက ဒီလိုရလဒ်ရလာစေဖို့ မဟုတ်ပါ။ ဘာလို့ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့ရတာလဲ။

ရလဒ်ကို လက်မခံနိုင်သဖြင့် ဝမ်ချင်း မတ်တပ်ရပ်လိုက်ပြီး ကတ္ထူပုံးကြီးဆီ လျှောက်သွားကာ ရွှေချောင်းတစ်ချောင်းကို ယူလိုက်ပြီး လက်ထဲမှာ အလေးချိန်ကြည့်လိုက်သည်။ ထို့နောက် ရွှေချောင်းကို သေချာ စစ်ဆေးကြည့်လိုက်ပါသည်။

ဒီရွှေတွေကို အတုဟု သူမ သံသယဖြစ်မိသည်။

အရင်က ဆိုးသွမ်းတဲ့ ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ ဘာလို့ ဒီလောက် ချမ်းသာလာကြတာလဲ။

သို့သော်လည်း ရွှေချောင်းက သူမလက်ထဲမှာ တကယ်လေးလံနေသည်။ အရောင်နဲ့ အသားတွေကလည်း သူမ မြင်ဖူးနေကျ ရွှေတွေလိုပဲဖြစ်သည်။ အတုဟု ပြောဖို့ ဘာဟာကွက်မှ မရှိပါ။

ဒါကိုမြင်တော့ ယန်းမင်အာ မတ်တပ်ရပ်လိုက်ပြီး ဝမ်ချင်းဘေးသို့သွားကာ အပြုံးဖြင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ ယောက်မ။ ကျွန်မတို့ ယူလာတဲ့ ရွှေကို အတုလို့ ထင်လို့လား”

“မဟုတ်ပါဘူး ဒီတိုင်း စိတ်ဝင်စားသွားလို့ပါ။ ရွှေက လှတယ်လေ။ စူစူလေးတောင် သဘောကျမှတော့ ငါလည်း သာမန်လူပဲဥစ္စာ။ ရွှေတွေ သိပ်မဝတ်တတ်ပေမယ့် ကြည့်ရတာတော့ သဘောကျပါတယ်”။ ဝမ်ချင်း ရှင်းပြလိုက်သည်။

“ကျွန်မလည်း ရွှေဝတ်ရတာ မကြိုက်ဘူး။ အဲ့တာကြောင့် အိမ်မှာ သိပ်ဆောင်မထားတာ။ ဒီရွှေချောင်း ရွှေတုံးတွေကို မိတ်ဆွေတွေက လက်ဆောင်ပေးထားတာလေ။ ဒါပေမယ့် စူစူလေးက ရွှေကြိုက်တယ်လို့ ဒီနေ့ သိလိုက်ရပြီ ဆိုတော့ သူ့ကို အများကြီး ဝယ်ပေးဦးမှာ”။ ယန်းမင်အာ ချက်ချင်း ကတိပေးလိုက်သည်။

“မင်အာနဲ့ မတ်လေးတို့ နိုင်ငံခြားမှာ တော်တော် အဆင်ပြေလာခဲ့တယ်ထင်တယ်။ ယောက်မတောင် သိမ်ငယ်သွားတယ်။ မင်အာနဲ့ မတ်လေးတို့ ဒီလောက်ချမ်းသာနေတာ အိမ်ကို ဘာလို့ စောစော ပြန်မလာခဲ့ကြတာလဲ မသိဘူးနော်”။ ဝမ်ချင်း ရည်ရွယ်ချက်ရှိရှိ မေးလိုက်ပါသည်။

ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ ဘယ်လိုလှည့်ကွက်တွေပဲ ထုတ်သုံးနေပါစေ ဒီမေးခွန်းတစ်ခုကို မဖြေနိုင်လျှင် ဘာမှ အသုံးမဝင်ပါ။

“အဲ့တာလျှို့ဝှက်ချက်”။ ယန်းမင်အာ အပြုံးများ အေးစက်သွားပြီး ပြန်ဖြေလိုက်သည်။

“ဘယ်လို လျှို့ဝှက်ချက်မို့လို့လဲ။ အားလုံးက မိသားစုဝင်တွေပဲဥစ္စာ။ ပြောပြလို့မရတဲ့ ကိစ္စရှိလို့လား”။ ဝမ်ချင်းက ယန်းမင်အာကို အလွတ်မပေးဘဲ ဖိအား ဆက်ပေးလေသည်။

ယန်းမင်အာ ဒေါသထွက်လာပြီး ဝမ်ချင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါသည်။ သူမ ပြန်ချေပချင်သော်လည်း ကံမကောင်းစွာဖြင့် ဒီကိစ္စမှာ သူမတို့လင်မယားက အားသာချက်ရှိသူတွေ မဟုတ်ကြပေ။

ဝမ်ချင်း အောင်ပွဲခံသည့် အပြုံး ပြုံးလိုက်ပါသည်။

ဘာမှ မပြောနိုင်ကြတော့ဘူးမလား!

“မေးလို့ မရဘူး!”

ထိုစဉ် စူစူလေး ရုတ်တရက် ခုန်ဝင်လာပြီး ဝမ်ချင်းကို တားမြစ်လိုက်လေသည်။

… … …

အခန်း(၁,၀၂၇) အစ်ကိုငယ်နဲ့ ယောက်မတို့ကို ကာကွယ်ပေးခြင်း

“စူစူလေး”။ စူစူလေးကို ဝမ်ချင်း အံ့အားသင့်စွာ ကြည့်လိုက်သည်။

“မေးလို့ မရဘူး! အဲ့တာ ယွမ်ယွမ်လေးဖေဖေနဲ့ မေမေတို့ရဲ့ လျှို့ဝှက်ချက်ပဲ။ မမေးသင့်ဘူး!”။ စူစူလေး ထပ်ပြောလိုက်သည်။

ဖေဖေနဲ့ မေမေတို့ကို အသိမပေးဖို့ အစ်ကိုငယ်ကို စူစူလေး ကတိပေးထားပါသည်။ ဒါမှ ဖေဖေနဲ့ မေမေတို့ ဝမ်းနည်း မသွားမှာဖြစ်သည်။

“ဘာလို့ မေးလို့ မရတာလဲ။ အားလုံးက မိသားစုတွေပဲလေ။ ပြောပြလို့မရတဲ့ကိစ္စ ရှိနေရင် မိသားစုကို ရင်ဖွင့်ပြီး တိုင်ပင်တာ ပိုမကောင်းဘူးလား”။ ဝမ်ချင်း မေးလိုက်ပါသည်။

“လျှို့ဝှက်ချက်ကို မေးလို့ မရဘူးလေ။ မေးလိုက်ရင် လျှို့ဝှက်ချက် ဘယ်ဟုတ်တော့မလဲ!”

“ဒါပေမယ့် စူစူလေးရဲ့ ဖေဖေနဲ့ မေမေတို့ သိချင်နေကြတယ်လေ”။ ဝမ်ချင်း ရှင်းပြလိုက်ပါသည်။

ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို စူစူလေး ဒီလိုကာကွယ်ပေးလိမ့်မည်ဟု ဝမ်ချင်း ထင်မထားပေ။ အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။

“မရပါဘူး။ ဖေဖေနဲ့ မေမေတို့ သိဖို့ မလိုဘူး!”။ စူစူလေး အပြတ် ပြောလိုက်သည်။

ဖေဖေနဲ့ မေမေကို ဝမ်းနည်းသွားအောင် ဘယ်သူမှ လုပ်ခွင့်မရှိပါ။

ထို့နောက် အဘိုးချင်းနဲ့ အဘွားချင်းတို့ဘက်သို့ လှည့်ကာ စူစူလေး မေးလိုက်ပါသည်။ “ဖေဖေနဲ့ မေမေ မမေးလို့ ရလား”

စူစူလေး၏ အပြုအမူကြောင့် အားလုံး စိတ်ဝင်တစား ဖြစ်သွားကြပါသည်။ ဒီကလေးမလေး ချင်းယွင်ကျစ်တို့ လင်မယားကို ဘာကြောင့် ဒီလောက်ထိ ကာကွယ်ပေးနေရသလဲဆိုတာ သိချင်မိကြသည်။ စူစူလေး တစ်ခုခု သိထားတာ သေချာပါသည်။

သို့သော် စူစူလေးရဲ့ ဆုံးဖြတ်ချက်က ပြတ်သားသဖြင့် အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း သူတို့သမီးလေးကို မဆန့်ကျင်ရက်ပါ။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဘာမှ ဆက်မမေးကြနဲ့တော့။ အခုသိရမှ ဖြစ်မယ့်ကိစ္စလည်း မဟုတ်ဘဲနဲ့”။ အဘွားချင်း ပြောလိုက်ပြီး ပဋိပက္ခကို ရပ်တန့်ပေးလိုက်ပါသည်။

ထို့နောက် ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို အဘွားချင်း မကျေနပ်စွာ မျက်စောင်းထိုးလိုက်သည်။ ရင်ထဲမှာတော့ သူတို့ရဲ့ လျှို့ဝှက်ချက်ကို အဘွားချင်းလည်း သိချင်နေပါသည်။

ဆက်မမေးတော့ဘူးဟု ဆိုသော်လည်း ခွင့်လွှတ်လိုက်ပြီဟု မဆိုလိုပါ။

ယန်းမင်အာရဲ့ လျှို့ဝှက်ချက်ကို အတင်းအကြပ်မေးဖို့ ဝမ်ချင်း အစီအစဉ် ကျရှုံးသွားခဲ့ရသည်။ သူမ လက်မလျှော့ချင်သေးသော်လည်း အဘွားချင်းရဲ့ အမိန့်ကို နာခံရပါမည်။

ယန်းမင်အာက အပြုံးဖြင့် ပြောလိုက်သည်။ “အင်းပါ အင်းပါ။ အဲ့တာဆို သမီးယောက်မလေးကို ပင်လယ်ကမ်းခြေ ဗီလာတစ်ခုခု ရွေးခိုင်းလိုက်ရမလား။ ယောက်မလေး ဒီလိုပူဆာဖို့ဆိုတာ ခဲယဉ်းတယ်လေ”

“လုပ်ချင်သလိုသာလုပ်”။ အဘွားချင်း မကန့်ကွက်ပေ။

စူစူလေးကို ဧည့်ခန်းထဲ ယန်းမင်အာ ပျော်ပျော်ရွှင်ရွှင် ခေါ်သွားပြီး Tablet တစ်လုံး ပေးလျက် အိမ်ပုံတွေ ရွေးခိုင်းလိုက်သည်။

ဖန်သားပြင်ပေါ်က အိမ်ပုံတွေအားလုံးက လက်ရှိ ရောင်းချဖို့ရှိနေသည့် ပင်လယ်ကမ်းခြေ ဗီလာတွေ ဖြ်စကြသည်။

ဈေးနှုန်းတွေက သန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရှိသည်။

စူစူလေးက ထိုအရေအတွက်တွေကို မသိပါ။ သူမ သိထားသည့် အကြီးဆုံး ဂဏန်းက တစ်ရာသာ ဖြစ်သည်။

ထို့ကြောင့် အိမ် လှမလှကိုသာ ကြည့်ရှုအကဲခတ်လိုက်သည်။ သူမ မျက်လုံးထဲ လှပါက သူမ လိုချင်သည့် အိမ်ဖြစ်သည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့က စူစူလေးရဲ့ ညာဘက်မှာထိုင်ပြီး Tablet ပေါ်က အချက်အလက်တွေကို လှမ်းကြည့်လိုက်ကြသည်။

လင်မယားနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဘာမှမတော့ မပြောခဲ့ကြပေ။

ဝမ်ချင်းလည်း သူတို့နောက်မှာ ရပ်နေပါသည်။ အိမ်ဈေးတွေကို မြင်သောအခါ သူမ မျက်နှာ မှောင်မိုက်သွားခဲ့ရသည်။

ဗီလာတွေက အရည်အသွေး အမျိုးမျိုး ရှိသည်။ ဟွာချန့်မှာ ဈေးအပေါဆုံး ဗီလာက ၂ သန်း - ၃ သန်းမှ စတင်သည်။ သို့သော် ယန်းမင်အာ ပြထားသည့် ပုံတွေက တန်ဖိုးအကြီးဆုံး ဗီလာတွေသာ ဖြစ်သည်။

အဖေနဲ့ အမေတို့ရှေ့မှာ ရှိုးထုတ်ပြနေကြတာလား တကယ်ပဲ ချမ်းသာလာကြတာလားဆိုတာ ဝမ်ချင်း မပြောတတ်ပါ။

ရှိုးထုတ်ပြနေတာဆိုရင်တော့ သူမ ညှာတာနေမှာ မဟုတ်ဘဲ ချက်ချင်း ဖော်ထုတ်ပြမည်။

ချင်းယုကျီးလည်း ဆိုဖာနားကပ်ကာ စူစူလေး အိမ်ရွေးနေတာကို စပ်စုလိုက်ပါသည်။

ဈေးနှုန်းတွေကို မြင်သောအခါ ချင်းယုကျီး ရင်ထဲ သက်ပြင်းချမိပါသည်။

ဦးလေးငယ်နဲ့ ဒေါ်လေးတို့က တကယ်ချမ်းသာနေကြတဲ့ပုံပဲ!

စူစူလေးကို အဆင့်အမြင့်ဆုံး ဗီလာတွေပဲ ပြနေကြတာ!

နည်းနည်းလောက် သာမန်ဆန်ရင်တောင် စာရင်းထဲ မပါဘူး…

ထို့နောက် ဆိုဖာပေါ်မှာ အေးအေးလူလူ ကော်ဖီသောက်နေသည့် သူ့အစ်ကို ချင်းယုဟွိုင်းဆီသွားကာ တီးတိုး မေးလိုက်ပါသည်။ “အစ်ကိုကြီး ဦးလေးငယ်နဲ့ ဒေါ်လေးတို့အကြောင်း မင်းဘာမှ မသိထားဘူးလား”

ဦးလေးငယ်နဲ့ ‌ဒေါ်လေးတို့ရဲ့ သရုပ်မှန်ကို မသိခင်ကတည်းက သူတို့ စုံစမ်းခဲ့ကြတာဖြစ်သည်။ အစ်မ စန်းကျစ်နဲ့ ခေါင်းဆောင်ရှောက်တို့ပါ ကူညီ စုံစမ်းပေးခဲ့သော်လည်း အသုံးဝင်သည့် အချက်အလက် ဘာမှ မရရှိခဲ့ပါ။

… … …

အခန်း(၁,၀၂၈) အရင်တုန်းက ပဋိပက္ခဖြစ်ဖူးလား

“မသိဘူး”။ ချင်းယုဟွိုင်းက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။

“မသိဘူးလို့ ပြောတာတောင် ယုံကြည်ချက် အပြည့်နဲ့…”။ ချင်းယုကျီး ပွစိပွစိ ပြောလိုက်လေသည်။

“မသိဘူးဆိုတာကလည်း အဖြေပဲလေ။ ဘာမှ လိပ်ပြာမလုံစရာ မရှိဘူး”

ချင်းယုကျီး မျက်စပစ်လိုက်မိသည်။ ထို့နောက် သူ့အစ်ကိုကြီးကို ထပ်မေးလိုက်ပါသည်။

“အစ်ကိုကြီး ငါတို့အမေနဲ့ ဒေါ်လေးနဲ့ သိပ်မတည့်ဘူးလို့ ခံစားနေရသလိုပဲ။ သူတို့ အရင်တုန်းက ပဋိပက္ခ ဖြစ်ဖူးကြလို့လား”။

ချင်းယုကျီးက ငတုံးမဟုတ်ပါ။ ခုနက သူ့အမေနဲ့ ဒေါ်လေးတို့ရဲ့ စကားတွေကို နားထောင်ကြည့်ခြင်းအားဖြင့် တင်းမာမှုတွေကို မြင်နိုင်သည်။ သူတို့နှစ်ယောက်အကြား ပြဿနာကြီးကြီးမားမား ဖြစ်ဖူးသလားဆိုတာ မသေချာသော်လည်း နှစ်ယောက်သား ဆက်ဆံရေး အဆင်မပြေမှန်းတော့ သိသာပါသည်။

“မသေချာဘူး”

“ဘာလို့ မသေချာတာလဲ။ အဲ့တုန်းက မင်းလည်း အရွယ်ရောက်နေလောက်ပြီပဲဥစ္စာ။ ငါသာ မင်းထက် အရင်မွေးရင် မိသားစုကိစ္စတွေကို သေချာ အာရုံစိုက်ထားခဲ့မှာ”

ချင်းယုဟွိုင်းက ချင်းယုကျီးကို အေးတိအေးစက် ကြည့်လိုက်ပါသည်။ “ပြဿနာရှိလို့လား”

“အဟွတ် အဟွတ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒီတိုင်းလျှောက်ပြောနေတာပါ!”။ သူ့အစ်ကို ဆုံးမတာကို မခံရစေဖို့အတွက် ချင်းယုကျီး လေသံ အမြန်ပြောင်းလိုက်ရသည်။

ထို့နောက် ချင်းယုကျီး မူလ အကြောင်းအရာကို ပြန်ဆက်လိုက်လေသည်။ “အစ်ကိုကြီး ငါတို့အမေ အခု ကိုယ်ဝန်လွယ်ထားရတာ။ အဲ့တာကြောင့် စိတ်ခံစားချက်လည်း မတည်မငြိမ် ဖြစ်နေမှာပဲ။ ငါတို့ ပိုဂရုစိုက်ပေးသင့်တယ် မထင်ဘူးလား။ ဒေါ်လေးနဲ့ တကယ်ပြဿနာရှိနေတာဆိုရင် ငါတို့ အချိန်တစ်ခုယူပြီး သေချာ ဆွေးနွေး တိုင်ပင်ကြည့်သင့်တယ်နော်”

“အဲ့လိုကိစ္စတွေမှာ မင်းက ငါ့ထက်ပိုတော်ပါတယ်”

“အစ်ကိုကြီး အခုက ငါ့ကို လာမြှောက်နေရမယ့် အချိန်မဟုတ်ဘူး”

“ငါအမှန်အတိုင်း ပြောနေတာ။ ဒီကိစ္စကို မင်းအဲ့‌လောက် စိတ်ပူနေတာဆိုတော့ မင်းကိုပဲ တာဝန်ပေးလိုက်မယ်။ အမေ့ကို သေချာ စကားပြောပြီး အခက်အခဲတွေရှိရင် ကူညီပေးလိုက်။ မင်းမအောင်မြင်ရင်တော့ နောက်လ မုန့်ဖိုး မမျှော်လင့်နဲ့”။ ချင်းယုဟွိုင်း ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပါသည်။

ချင်းယုကျီး ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

အခြေအနေက ဘယ်လိုကြီးလဲ။

ဒီတိုင်း လာမေးကြည့်တာ ဘာလို့ သူ့တာဝန်ဖြစ်သွားတာလဲ။

မအောင်မြင်ရင် မုန့်ဖိုးပါ မပေးဘူးတဲ့လား။

အရင်းရှင်ဆန်တဲ့ကောင်!

ချင်းယုကျီး စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။ အလကားနေရင်း ကြီးမားသည့် တာဝန်တစ်ခုကို သူ ထမ်းဆောင်ရပါတော့မည်။

“ဒီဟာ!” စူစူလေးက သူမရဲ့ လက်ချောင်းဖြူဖြူလေးများနဲ့ ဖန်သားပြင်ပေါ်က ပုံတစ်ပုံကို ထိုးပြလိုက်ပါသည်။

“ဟုတ်ပြီ အဲ့တာဆို စူစူလေးအတွက် ဒီအိမ်လေး ဝယ်ပေးမယ်နော်”။ ယန်းမင်အာ နည်းနည်းလေးမှ မတွန့်ဆုတ်ဘဲ ချက်ချင်း သဘောတူလိုက်ပါသည်။

“ရေး!! အဲ့တာဆို ဟူကျစ်ကို ခေါ်သွားပြီး အဲ့မှာ သွားအပန်းဖြေလို့ရတယ်။ ယွင်ယွင်နဲ့ ဟောက်ဟောက်တို့ကိုလည်း ခေါ်ရမယ်။ ယွင်ယွင်က ကမ်းခြေတစ်ခါမှ မသွားဖူးတော့ သူ့ကို ‌သေချာ ခေါ်သွားရမယ်”။ စူစူလေး အစီအစဉ်များ စဆွဲလိုက်သည်။

“ဟုတ်ပြီ။ နောက်ဆို စူစူလေး ကမ်းခြေမှာ အပန်းဖြေချင်တိုင်း သူငယ်ချင်းလေးတွေကို ခေါ်ပြီး သွားအပန်းဖြေလို့ ရပြီပေါ့”။ ယန်းမင်အာ ပြောလိုက်ပါသည်။

“သားရော သားရော…”။ စူယွီယွမ်လေးလည်း လက်အမြန် ထောင်ကာ ပြောလိုက်ပါသည်။ သူ့မေမေနဲ့ ဒေါ်လေးတို့ သူ့ကို မေ့သွားကြမှာ စိတ်ပူနေပုံရသည်။

“အွန်း ယွမ်ယွမ်လေးလည်း ပါတယ် အတူတူ ကစားကြမယ်!”။ စူစူလေး အမြန် ပြန်ပြောလိုက်သည်။

“အွန်း အွန်း!”။ စူစူလေးရဲ့ အသိအမှတ်ပြုမှုကိုရမှ စူယွီယွမ်လေး ကျေနပ်သွားပါသည်။

ချစ်စရာကလေးနှစ်ယောက်ကို ကြည့်ရင်း အဘွားချင်း နှလုံးသား အရည်ပျော်သွားခဲ့ရသည်။

ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို မကျေနပ်သည့် စိတ်တွေလည်း အတော်လေး ပျောက်ဆုံးသွားခဲ့ရပါသည်။

အဘွားချင်းမျက်နှာ ပြောင်းလဲသွားတာကို မြင်သောအခါ ဝမ်ချင်း ရင်ထဲ လေးလံသွားသည်။

သူမ ဖြစ်စေချင်တာနဲ့ ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေသည်။ စူစူလေးကို သူမ ပေးလိုက်သည့် အကြံဉာဏ်က ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့အတွက် တကယ်ကြီး အကူအညီ ဖြစ်နေပါသည်။

ထို့ကြောင့် သူမ စိတ်တွေ ပိုလေးလံသွားခဲ့ရသည်။ သို့သော် အားတင်းကာ ပြုံးလျက် ယန်းမင်အာကို သတိ ပေးလိုက်ပါသည်။ “မင်အာ သေချာကြည့်ဦးနော်။ အဲ့ဒီအိမ်က သန်း ၁၀၀ ကျော် တန်တယ်”

… … …

အခန်း(၁,၀၂၉) ပြန်ပေးဆပ်မှု

“သေချာ ကြည့်ပြီးပါပြီ”။ ယန်းမင်အာက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“အဲ့တာဆိုလည်း ပြီးတာပါပဲ”။ ဝမ်ချင်းကလည်း တောက်ပစွာ ပြုံးပြလိုက်သည်။

“ကျွန်မ ပါးစပ်နဲ့ သဘောတူလိုက်ပေမယ့် တကယ် မတတ်နိုင်မှာကို ယောက်မက စိုးရိမ်နေတာလား”။ ယန်းမင်အာ မေးလိုက်သည်။

“ဟုတ်တယ်။ အဲ့ပမာဏက နည်းမှ မနည်းတာ။ တကယ်လို့ မင်အာ အဆင်မပြေဘူးဆိုရင်လည်း အဲ့လောက် တန်ဖိုးကြီးတာ ဝယ်ပေးစရာ မလိုဘူးနော်။ သာမန်ဗီလာတစ်လုံး ဝယ်ပေးရင်လည်း စူစူလေးက စိတ်ဆိုးမှာ မဟုတ်ဘူး။ ဒါပေမယ့် ကတိပေးပြီးမှ တကယ်မလုပ်ပေးနိုင်ရင် စူစူလေး ဝမ်းနည်းသွားလိမ့်မယ်”

“စူစူလေးစိတ်ဆိုးမှာ မဟုတ်ဘူးဆိုပေမယ့် စူစူလေးက အကောင်းဆုံးတွေနဲ့ပဲ ထိုက်တန်တဲ့သူလေ။ အဲ့တာကြောင့် ယောက်မ စိတ်ချပါ။ ကျွန်မတို့ စူစူလေးကို ပေးထားတဲ့ကတိ သေချာပေါက်တည်မှာ။ နတ်သမီးလေးလို ချစ်ဖို့ကောင်းတဲ့ စူစူလေး ဝမ်းနည်းမသွားစေရဘူး”။ ယန်မင်အာ အခိုင်အမာ ပြောဆိုလိုက်ပါသည်။

အပေါ်ယံကြည့်လိုက်ရင်တော့ ယောက်မနှစ်ယောက် စကားပြောဆိုနေတာ သာမန်ဟု ထင်ရသော်လည်း အမြင်ထက်မြက်သူတွေကတော့ သူတို့နှစ်ယောက်အကြားက ရန်လိုမှုကို ရိပ်မိနိုင်ပါသည်။

“ကဲပါ စူစူလေးကို ဗီလာဝယ်ပေးမယ့်ကိစ္စ ဆက်မပြောကြနဲ့တော့”။ အဘွားချင်းက ချွေးမနှစ်ယောက်ရဲ့ စကားဝိုင်းကို ဝင်ဖျက်လိုက်ပါသည်။

“သမီးလေးနဲ့ ယွမ်ယွမ်လေးတို့ အပေါ်ထပ်မှာ သွားကစားကြနော်”။ အဘွားချင်းက ကလေးနှစ်ယောက်ကို အပေါ်ထပ်သို့ ရည်ရွယ်ချက်ရှိရှိ ပို့လိုက်ပါသည်။

စူစူလေးလည်း စူယွီယွမ်လေးရဲ့ လက်ကိုတွဲပြီး အပေါ်ထပ်သို့ တက်သွားခဲ့ပါသည်။

ထို့နောက် ယန်းမင်အာကို အဘွားချင်း ပြောလိုက်သည်။ “ငါ့သမီးလေးကို ချစ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် အရမ်းကြီး အလိုမလိုက်နဲ့နော်”

“အမေကလည်း သမီးမိန်းကလေးတွေဆိုတာ ပြည့်ပြည့်စုံစုံနဲ့ ကြီးပြင်းလာသင့်တာ! အကျင့်စာရိတ္တပိုင်းမှာ အလိုလိုက်လို့ မရပေမယ့် ကျန်တဲ့ ငွေကြေးဥစ္စာအပိုင်းမှာတော့ အလိုလိုက်နိုင်တဲ့အတွက် အလိုလိုက်ပေးရမှာပဲ!”။ ယန်းမင်အာ ရှင်းပြလိုက်ပါသည်။

“အင်းပါ”။ ဒါကိုတော့ အဘွားချင်းလည်း ထောက်ခံသည်။

သူမတို့မှာ သမီးမိန်းကလေး ဒီတစ်ယောက်တည်းသာရှိသဖြင့် လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးရပါမည်။

“စိတ်ချပါ အမေရဲ့။ ယွင်ကျစ်နဲ့ သမီးတို့ ပြန်လာပြီဆိုတော့ အဖေ့ကိုကော အမေ့ကိုကော ညီမလေးကိုကော အားလုံးကို ဂရုစိုက်ပေးမှာပါ။ အမေတို့လည်း သက်သက်သာသာ နေဖို့အချိန်ရောက်ပြီ။ ကျန်တာတွေ ဘာမှ စိတ်ပူမနေဘဲ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေပစ်လိုက်စမ်းပါ!”

အဘိုးချင်းနဲ့ အဘွားချင်းတို့ကို အမြဲတမ်း ပြောချင်ခဲ့သည့် စကားအား ယန်းမင်အာ ပြောလိုက်ပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ နှလုံးသားတွေ ရုတ်တရက် တုန်ခါသွားရသည်။ ချွေးမဖြစ်သူရဲ့ စကားက သူတို့ရဲ့ နှလုံးသာကို တိုက်ရိုက်ထိမှန်သွားတာကြောင့် ဖြစ်ပါသည်။

သူတို့ အလုပ်လုပ်ပြီး ပင်ပန်းရမှာကို မကြောက်ပါ။ သူတို့လင်မယား မရှိတော့သည့်အခါ စူစူလေးတစ်ယောက်တည်း ခိုကိုးရာမဲ့ဖြစ်မှာကို ကြောက်နေတာသာ ဖြစ်သည်။

အချိန်အတော်ကြာမှ အဘိုးချင်း သက်ပြင်းချလျက် ပြောလိုက်ပါသည်။ “နင်တို့မှာ အဲ့ဒီစိတ်ရှိတာ ကောင်းပါတယ်။ အပေါ်ယံအပြောပဲလား တကယ့်စေတနာ အမှန်ပဲလားဆိုတာကိုတော့ အချိန်က သက်သေပြပါလိမ့်မယ်”

“ဟုတ်ကဲ့!”။ တချို့ကိစ္စတွေကို အချိန်ယူပြီး သက်သေပြရမှန်း ယန်းမင်အာ နားလည်သည်။ အပြောနဲ့ မလုံလောက်ပါ။

အထူးသဖြင့် သူမတို့ လင်မယားက အမှားလုပ်ထားသူတွေဖြစ်ကြသဖြင့် ယုံကြည်မှုကို ပြန်ရယူဖို့ ပိုကြိုးစားရမည်။

ဒါကိုမြင်တော့ ချင်းရှင်းကျစ်က တင်ပြောလိုက်ပါသည်။ “အဖေနဲ့ အမေ ညီမလေးရဲ့ အနာဂတ်အတွက် ဘာမှ စိတ်ပူစရာ မလိုဘူးနော်။ ညီငယ်နဲ့ ခယ်မတို့ပဲ ရှိတာမဟုတ်ဘူး ရှင်းကျစ်နဲ့ ကျွန်တော်တို့လည်း ညီမလေးကို သေချာ စောင့်ရှောက်မှာပါ”

“ဟုတ်တယ် အဖေနဲ့အမေ။ ဘာမှ စိတ်မပူနဲ့။ သမီးတို့ရဲ့ သားတွေလည်း ရှိပါသေးတယ်။ အားလုံးက စူစူလေးကို ချစ်ပြီးသား”။ ဝမ်ချင်းလည်း အမြန်ဝင်ပြောလိုက်ပါသည်။

အဘွားချင်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ “အားလုံး ဒီလို တွေးကြတာ ဝမ်းသာပါတယ်”

--- --- ---

ညစာစားပြီးနောက် ချင်းယွင်ကျစ်၊ ယန်းမင်အာ၊ စူယွီယွမ်လေးတို့ အိမ်ပြန်သွားကြပြီ ဖြစ်သည်။

ချင်းရှင်းကျစ်နဲ့ ချင်းယုဟွိုင်းတို့ သားအဖလည်း ကိုယ့်စာကြည့်ခန််းထဲမှာကိုယ် အလုပ်လုပ်နေကြသည်။ အဘိုးချင်းနဲ့ အဘွားချင်းတို့က အိပ်ပျော်နေကြပါပြီ။

ချင်းယုကျီးကတော့ ဥယျာဉ်ထဲမှာ ထိုင်နေသည့် သူ့အမေဆီ သွားခဲ့သည်။

တစ်ယောက်တည်း ရေနွေးကြမ်း ထိုင်သောက်နေသည့် အမေဖြစ်သူကို မြင်တော့ မျက်နှာချင်းဆိုင်မှာ ချင်းယုကျီး ဝင်ထိုင်လိုက်ပါသည်။

ချင်းယုကျီးက ရေနွေးကယားကို ယူလိုက်ပြီး ဝမ်ချင်းခွက်ထဲ ထပ်ငှဲ့ပေးလိုက်ကာ သူ့အတွက်သူလည်း တစ်ခွက် ငှဲ့လိုက်သည်။

… … …

အခန်း(၁,၀၃၀) ဝမ်ချင်းကို ချင်းယုကျီး အကြံပေးခြင်း

ချင်းယုကျီးက ရေနွေးခွက်ကို နှာခေါင်းနားကပ်ကာ အနံ့ခံကြည့်လိုက်သည်။ “အင်း မွှေးနေတာပဲ။ အမေ အကြိုက်ဆုံး Ceylon လက်ဘက်ခြောက်မလား”

ချင်းယုကျီးကို ကြည့်ကာ ဝမ်ချင်း ပြောလိုက်ပါသည်။ “ကောင်စုတ်လေး ကိုယ့်ဖာသာကိုယ် ဘာလို့ ဂိမ်းဆော့မနေဘဲ ဘာလို့ ရေနွေးကြမ်းလာသောက်နေတာလဲ”

“ကျွန်တော့်အမေနဲ့ မမွေးသေးတဲ့ ညီလေးကိုလည်း အချိန်ပေးရမှာပေါ့”။ ချင်းယုကျီး ကျီစယ်ကာ ပြောလိုက်ပါသည်။

“မဟုတ်တဲ့အချိန် မဟုတ်တာတွေ လာပြောနေတာပဲ”။ ဝမ်ချင်းက သူမသားကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။

“ဘာပဲဖြစ်ဖြစ်ပါ မျိုးရိုးဗီဇတွေက ကောင်းပြီးသားပဲဥစ္စာ”။ ဝမ်ချင်းစိတ်ပျော်သွားအောင် ချင်းယုကျီး ပြောလိုက်ပါသည်။

“နင့်ပါးစပ် ဘယ်တုန်းက အဲ့လောက် အပြောကောင်းလာတာလဲ”

“ကျွန်တော်က အစကတည်းက အပြောကောင်းပြီးသားပဲလေ။ အစ်ကိုကြီးလိုမှ မဟုတ်တာ”

ဝမ်ချင်း ပြုံးကာ မေးလိုက်သည်။ “ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ။ ဘာလို့ချင်လို့ လာကပ်နေတာလဲ။ မုန့်ဖိုး နည်းနေပြန်ပြီလား”

“အဲ့လိုကြီးတော့ မပြောပါနဲ့ဗျာ။ အမေနဲ့ စကားလာပြောတာနဲ့ပဲ ပိုက်ဆံလိုချင်လို့ ဖြစ်ရကောလား”

“မူမနေစမ်းပါနဲ့ ငါနင့်ကို မွေးထားတာပါ။ နင့်အကြံ မသိဘဲနေမလား။ ငါ့ဆီက တစ်ခုခုလိုချင်လို့သာ မဟုတ်ရင် အခုချိန် နင့်အခန်းထဲ အောင်းပြီး ဂိမ်းဆော့နေမှာပဲ။ တခြားထိပ်သီးတက္ကသိုလ်တွေကို မရွေးဘဲ ဟွာချန့်တက္ကသိုလ်မှာပဲ တက်ဖို့ နင်ရွေးခဲ့တာ နေ့တိုင်း အိမ်ပြန်လာပြီး ဂိမ်းဆော့လို့ရအောင်လို့မလား”။ ဝမ်ချင်း မေးလိုက်သည်။

“အဟွတ် အဟွတ် အဟွတ်”

ချင်းယုကျီး ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဆိုးပြလိုက်ပြီး အဓိက အကြောင်းအရင်းကို ပြောလိုက်ပါသည်။

“အမေနဲ့ တတိယဒေါ်လေးတို့အကြောင်း ပြောချင်လို့ လာခဲ့တာ…”

“ဘာလုပ်ဖို့လဲ”။ ဝမ်ချင်း မျက်နှာ ချက်ချင်းပြောင်းလဲသွားသည်။ စိတ်ရွှင်နေတောတွေလည်း ပျောက်သွားခဲ့ပါသည်။

“အမေက ဒေါ်လေးလဲ့ ပြဿနာဖြစ်ဖူးလို့လား”။ ချင်းယုကျီး အမြန်မေးလိုက်သည်။

“အဲ့လို မဟုတ်ပါဘူး”

“အဲ့လို မဟုတ်ပါဘူးတဲ့လား”။ အဖြေက ဘာလို့ မသေချာမရေရာ ဖြစ်နေရတာလဲ။

“ငါသူ့ကို ဒေါသထွက်အောင် ဘာလုပ်မိလို့လဲမသိဘူး။ သူအိမ်ပြန်ရောက်လာတာနဲ့ ငါ့ကို ပြဿနာရှာပြီး အတိုက်အခံတွေပဲ ပြောနေတာ”

“သူက ဘာပြောလို့လဲ”။ ချင်းယုကျီး မေးလိုက်သည်။

“မမေးနဲ့။ လူကြီးကိစ္စတွေမှာ ဝင်မပါနဲ့”။ ထိုနေ့က သူမနဲ့ ယန်းမင်အာတို့ ပြောခဲ့သည့် စကားတွေကို ဝမ်ချင်း ပြန်မပြောချင်ပါ။

“အမေကလည်း ကျွန်တော် လူကြီးဖြစ်နေပါပြီ။ ပြီးတော့ အမေ့ပြဿနာတွေကို ကျွန်တော်မှ ဂရုမစိုက်ရင် ဘယ်သူ ဂရုစိုက်မှာလဲ”

“နင်လူကြီးဖြစ်နေပြီဆိုရင်တောင် ငါနဲ့ မင်အာနဲ့ ကြားက ကိစ္စတွေကို ဖြေရှင်းနိုင်မှာ မဟုတ်သေးဘူး။ သူက ငါ့ကို သဘောမကျဘူး။ ပြီးတော့ စူစူလေးကို အရင်တုန်းက မကောင်းဆိုးဝါးလို့ ခေါ်မိတဲ့အတွက်လည်း ငါ့ကို အပြစ်တင်နေတယ်။ အဲ့ကိစ္စအတွက် ငါတောင်းပန်ပြီးပြီပဲဥစ္စာ။ နိုင်ငံခြားက ပြန်လာတဲ့သူက ခွင့်မလွှတ်နိုင်သေးဘူး”

“ဪ အဲ့လိုကိုး။ အဲ့တာပဲလား။ ဒေါ်လေးကို သဘောမကျရတဲ့ တခြားအကြောင်းအရင်း ရှိသေးလား”

“မရှိပါဘူး”။ ဝမ်ချင်း မျက်နှာလွှဲကာ ဥယျာဉ်ထဲကို ကြည့်လိုက်ပါသည်။

“အမေ လိမ်နေတာ။ ဒေါ်လေးကို သဘောမကျရတဲ့ တခြားအကြောင်းအရင်း ကျိန်းသေပေါက် ရှိရမယ်”။ ချင်းယုကျီး မယုံကြည်ပါ။

ဝမ်ချင်းလည်း အလိမ်မိသွားသဖြင့် ချင်းယုကျီးကို တွန့်ဆုတ်စွာ ပြန်လှည့်ကြည့်လိုက်ပါသည်။

“သောက်ကလေးလေး ဘာလို့ အဲ့လောက် ဉာဏ်ကောင်းလာတာလဲ”

“အမေ့သားက အမြဲတမ်း ဉာဏ်ကောင်းပြီးသား။ အဖေနဲ့ အမေ့ရဲ့ မျိုးရိုးဗီဇတွေကို ယုံကြည်စမ်းပါ။ အစ်ကိုကြီး၊ အစ်ကိုလတ်တို့နဲ့ အောင်မြင်တာချင်း သိပ်မတူပေမယ့် ကျွန်တော်တို့ IQ EQ တွေကတော့ အတူတူပဲ!”။ ချင်းယုကျီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ နင့်အစ်ကိုကြီးက EQ ရှိတယ်ပေါ့။ သူသာ EQ ရှိတယ်ဆိုရင် အခုချိန်ထိ လူပျိုကြီး ဖြစ်နေမှာ မဟုတ်ဘူး!”

သားဖြစ်သူကို ဝေဖန်သည့်နေရာမှာ ဝမ်ချင်း မညှာတာတတ်ပါ။

--- --- ---

All Chapters