← Chapters

အခန်း (၁၀၉၆-၁၁၀၀)

Vol. 44 Ch. 1096-1100

အခန်း (၁၀၉၆-၁၁၀၀)

Vol. 44 Ch. 1096-1100

အခန်း(၁,၀၉၆) လုပ်ကြံသူ

ချင်းယန်ကျစ်လည်း စူစူလေးကို လှမ်းဆွဲဖို့ ကြိုးစားသော်လည်း သူ့ခွန်အားနဲ့ မလုံလောက်ပေ။ စူစူလေးက သူဆွဲထားမှန်းတောင် သတိထားမိပုံမပေါ်ပါ။

စတိတ်စင်ပေါ် ခုန်တက်သွားသည့် စူစူလေးကို ကြည့်ရင်း ချင်းယန်ကျစ် ပြေးလိုက်ချင်မိသော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင် ဖြစ်နေမိပါသည်။

ထို့ကြောင့် ဟဲပေမူကို သူလှည့်ပြောလိုက်သည်။ “ငါ့ညီမ‌လေးကို အမြန်တားစမ်း!”

“ကျွန်တော့်အလုပ်က သူ့ကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးဖို့ပဲ။ သူ့နေ့စဉ်ဘဝကို လိုက်နှောင့်ယှက်ဖို့ မဟုတ်ဘူး”။ ဟဲပေမူ တည်ငြိမ်စွာ ပြန်ပြောလိုက်ပါသည်။

“ဒါကို နေ့စဉ်ဘဝလို့ ခေါ်တယ်ပေါ့”။ ချင်းယန်ကျစ် နှုတ်ခမ်းများ တွန့်သွားသည်။

“သူ့အတွက်တော့ နေ့စဉ်ဘဝပဲလေ”။

“ဒါပေမယ့် ငါ့ညီမလေး စင်ပေါ်မှာ ပြဿနာတက်သွားနိုင်တယ်လေ”။ ချင်းယန်ကျစ် စိတ်မပူဘဲ မနေနိုင်ပေ။

“စိတ်လျှော့ပါ။ ဒီကလူတွေ အားလုံးပေါင်းလိုက်ရင်တောင် သူ့ဆံပင်မွေးတစ်မွေး ဆွဲနှုတ်နိုင်မှာ မဟုတ်ဘူး”။ ဟဲပေမူကတော့ လုံးဝ စိတ်ပူပုံ မပေါ်ဘဲ အေးအေးလူလူ ပြန်ဖြေလိုက်ပါသည်။

စူစူလေး၏ ရုတ်ချည်းဆန်သော လုပ်ရပ်ကြောင့် ချင်းမိသားစုသာမက စတိတ်စင်ဘေးပတ်လည်မှာ စောင့်ကြပ်နေသည့် လုံခြုံရေးအစောင့်များပါ ထိတ်လန့်ကုန်ကြလေသည်။

ဥက္ကဌကြီးလုကို တစ်ယောက်ယောက် လုပ်ကြံဖို့ ကြိုးစားနေတာလား…။

သေချာ အနီးကပ်ကြည့်ကြည့်လိုက်မှ ကလေးမလေးတစ်ယောက် ဖြစ်နေမှန်း အားလုံး သိလိုက်ရပါသည်။

ဘာတွေဖြစ်နေတာလဲ…။

ကလေးမလေးတစ်ယောက်ကတော့ လုပ်ကြံသူ မဟုတ်လောက်ပါဘူး…

ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဌကြီးလုကို အနှောင့်အယှက်မဖြစ်စေဖို့အတွက် ထိုကလေးမလေးကို သူတို့ အမြန် ဖမ်းရပါမည်။

စူစူလေးထံ လုံခြုံရေးအစောင့်များ ပြိုင်တူ ပြေးသွားကြလေသည်။

စတိတ်စင်ကြီးက ကြီးမားလွန်းပါသည်။ စူစူလေး အမြန်ပြေးသွားသော်လည်း စင်အလယ်တည့်တည့်မှာ ရှိနေသည့် သခင်ကြီးလုနဲ့ မီတာ ၂၀ ကျော်လောက် ဝေးနေသေးသည်။

စူစူလေး ခြေလှမ်း ၂ လှမ်းလောက် ထပ်လှမ်းပြီးနောက် လုံခြုံရေးအစောင့်တွေ သူမ ရှေ့မှာ ပိတ်ရပ်လိုက်ကြပါသည်။

စူစူလေးက အပြစ်မရှိသူတွေကို မတိုက်ခိုက်လိုသဖြင့် ဘေးမှ ပတ်ပြေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ် ထပ်လှမ်းပြီးနောက် နောက်ထပ် လုံခြုံရေးအဖွဲ့တစ်ဖွဲ့က ထပ်ပိတ်ရပ်လိုက်ကြပြန်သည်။

စူစူလေးလည်း ရွေးချယ်စရာ မရှိတော့ဘဲ တခြားအရပ်မျက်နှာသို့ ပြောင်းပြေးရသည်။

စူစူလေး ရှေ့က ပြေးသွားတိုင်း လုံခြုံရေးအစောင့်တွေ ပြေးလိုက်လာပြီး အရှေ့မှာကော အနောက်မှာကော ပိတ်ကာ တားဆီးဖို့ ကြိုးစားကြသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ထုပ်စည်းတိုးကစားနည်း ကစားနေတာနဲ့ပင် တူလှသည်။

ပရိတ်သတ်တွေကလည်း အူတူတူဖြင့် တိတ်တဆိတ် ရပ်ကြည့်နေကြသည်။ စင်ပေါ်မှ အဖြစ်က ဇာတ်တိုက်ထားတာလား မတော်တဆမှုလားဆိုတာ ဘယ်သူမှ မပြောနိုင်ကြပေ။

ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာကို သခင်ကြီးလု သတိထားမိသွားပြီး လှမ်းကြည့်လိုက်ရာ စူစူလေးကို မြင်သွားလေသည်။

ထို့ကြောင့် ဘေးကလူကို အမြန်အမိန့်ပေးလိုက်ရပါသည်။ “သူ့နောက်ကို လိုက်နေတာ ချက်ချင်း ရပ်ကြစမ်း! စူစူလေး ချော်လဲသွားဦးမယ်!”

သခင်ကြီးလုဘေးမှာ ရပ်နေသူက အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်သည်။

လုံခြုံရေးအစောင့်တွေက အဝေးကြီးမှာရှိနေကြပြီး အခမ်းအနားကလည်း ဆူညံနေတာကြောင့် သခင်ကြီးလု၏ အသံကို သူ မကြားနိုင်ပါ။

အစီအစဉ်တင်ဆက်သူက ပြန်မေးလိုက်လေသည်။ “ဥက္ကဌကြီး ဘာပြောလိုက်တာ။ ဘယ်သူချော်လဲမှာကို ပြောတာလဲ”

“ဟိုကလေးမလေးကို ပြောတာ! သူ့ကို ငါသိတယ်! သူ့ကို ဝိုင်းမတားကြနဲ့လို့ ပြောလိုက်!”

အစီအစဉ်တင်ဆက်သူလည်း မိုက်ခ်ကို ကိုင်ကာ သခင်ကြီးလု၏ အမိန့်ကို ပြောကြားဖို့ ပြင်လိုက်သည်။

ထိုစဉ် ရုတ်တရက်ဆိုသလို မိုက်ခ်မှ ခပ်စူးစူးအသံ ထွက်ပေါ်လာပြီး အစီအစဉ်တင်ဆက်သူ၏ အသံလည်း ပျောက်ကွယ်သွားခဲ့သည်။

မိုက်ခ်ကို ခေါက်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်မှ Channel ပြောင်းလိုက်တာ ဖြစ်မှန်း သိလိုက်ရလေသည်။

ဒီနေ့ည မိုက်ခရိုဖုန်းတွေ အများကြီး အသုံးပြုမှာဖြစ်ပြီး ဝန်ထမ်းတွေက လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ဒီလို အချိန်မျိုးမှ ဘယ်သူက channel ပြောင်းလိုက်တာလဲ…။

အစီအစဉ်တင်ဆက်သူ အတွေးလွန်ပြီး အူကြောင်ကြောင်ဖြစ်နေစဉ် ဝမ်ဝေ့ရန်၏ အသံ မိုက်ခရိုဖုန်းထဲမှ ထွက်ပေါ်လာပါသည်။ “ဘာတွေလုပ်နေကြတာလဲ! အစီအစဉ်ကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အဲ့ဒီလူကို မြန်မြန် ဖမ်းကြလေ! ဥက္ကဌကြီး မထိခိုက်စေနဲ့!”

စူစူလေး စတိတ်စင်ပေါ် ပြေးတက်သွားသည့် မြင်ကွင်းကို မြင်သောအခါ ဝမ်ဝေ့ရန် ကလဲ့စားချေနိုင်မည့် အခွင့်အလမ်း တစ်ခုကို မြင်သွားခဲ့ပါသည်။

ဒီကလေးမလေး ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ!

ဒီလို အခွင့်အလမ်းမျိုး လက်လွတ်ခံလို့ မဖြစ်ဘူး!

… … …

အခန်း(၁,၀၉၇) ဘယ်သူမှန်းမသိတဲ့လူ

ဝမ်ဝေ့ရန်၏ စကားကို ကြားသောအခါ သခင်ကြီးလု မျက်နှာ ချက်ချင်း နီရဲသွားလေသည်။

အဓိပ္ပာယ်မရှိတာ!

စူစူလေးက ထုပ်စည်းတိုးတန်း ကစားနေဆဲဖြစ်သည်။ သူမ တစ်ချက်လောက် လှည့်လိုက်တာနဲ့ လုံခြုံရေး အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် ချော်လဲကုန်ကြပါသည်။

စူစူလေး ပြေးလွှားရင်း ရုတ်တရက် ရပ်လိုက်သောအခါ လုံခြုံရေးအစောင့်တွေ တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်မိကြပြီး ထပ်လဲကုန်ကြသည်။

နောက်ဆုံးတော့ သခင်ကြီးလုအနားသို့ စူစူလေး ရောက်ရှိသွားခဲ့လေတော့သည်။

“ဘိုးဘိုလု!”။ စူစူလေးက သွားစွယ်လေးနှစ်ချောင်းထုတ်လျက် သခင်ကြီးလုကို ပြုံးပြလိုက်ပါသည်။

“စူစူလေး ဘာလို့ ဒီအထိ ပြေးတက်လာတာလဲ!”။ ရုတ်တရက်ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များကြောင့် သခင်ကြီးလု အနည်းငယ် တုန်လှုပ်နေဆဲဖြစ်သည်။

“ဘိုးဘိုးလုကို တွေ့ချင်လို့လေ!”

“ဘိုးဘိုးကို တွေ့ချင်လို့ ဟုတ်လား။ ဒီတိုင်း ဖုန်းဆက်လိုက်လို့ မရဘူးလား”။ သခင်ကြီးလု ပြန်မေးလိုက်သည်။

“ဖုန်းက ဆက်လို့မရဘူး!”

“အဲ…”။ ခုတလော သူ့ဖုန်းပိတ်ထားတာကို သခင်ကြီးလု သတိရသွားသည်။

“ဘိုးဘိုးလု တောင်းပန်ပါတယ် စူစူလေး။ ပြဿနာနည်းနည်းရှိနေလို့ ဖုန်းကို ပိတ်ထားရတာပါ”

“ဪ အာ့ဆို ကိုကြီးကော။ ကိုကြီးကကော ဘာလို့ ဖုန်းမဆက်တာလဲ”။ စူစူလေး ထပ်မေးလိုက်သည်။

“အဲ့တာက…”။ သခင်ကြီးလု ထပ်မံ တွန့်ဆုတ်သွားပြန်သည်။

စူစူလေးမေးခွန်းကို သခင်ကြီးလုပြန်ဖြေဖို့ ပြင်လိုက်စဉ် စပီကာများထံမှ ဝမ်ဝေ့ရန်၏ ပျာယာခတ်နေသော အသံ ထွက်ပေါ်လာပြန်သည်။

“ဘာတွေလုပ်နေကြတာလဲ! အဲ့ဒီ ကလေကချေမလေးကို အမြန် ဖမ်းကြလေ!”

သခင်ကြီးလု မျက်နှာ အနည်းငယ် မှောင်မိုက်သွားပြီး စူစူလေး၏ လက်ကို ဆွဲလိုက်သည်။ “သွားကြစို့။ စင်နာက်မှာ စကားပြောကြမယ်”

“ဟုတ်ပြီ!”

စူစူလေးလည်း သခင်ကြီးလုနောက်သို့ လိုက်လာရင်း စင်နောက်သို့ ရောက်ရှိသွားပါသည်.

စတိတ်စင်အောက်ကို ရောက်တာနဲ့တစ်ပြိုင်နက် သခင်ကြီးလု၏ ဘော်ဒီဂတ်များ ဝန်းရံလာကြသည်။

ခုနက သခင်ကြီးလုကို မကာကွယ်ပေးချင်တာကြောင့် မဟုတ်ဘဲ သခင်ကြီးလု၏ ဘော်ဒီဂတ်များအားလုံးက စူစူလေးကို သိနေပြီးသား ဖြစ်တာကြောင့် ဖြစ်သည်။ တခြားသူတစ်ယောက်ယောက်သာဆို သူတို့ စတိတ်စင်ပေါ် ပြေးတက်သွားပြီး သခင်ကြီးလုကို ကာကွယ်ပေးခဲ့မှာ ဖြစ်ပါသည်။

သို့သော်လည်း… စူစူလေးကိုတော့ သူတို့ အထင်မသေးရဲပါ။

စင်နောက်ဘက်မှ မိုက်ခရိုဖုန်းကိုင်လျက် အမိန့်တွေပေးနေသော ဝမ်ဝေ့ရန်လည်း သခင်ကြီးလုနဲ့ စူစူလေးတို့ စင်နောက်သို့ ဆင်းလာတာကို မြင်သွားပါသည်။

မိုက်ခရိုဖုန်းကို ချက်ချင်းချကာ သခင်ကြီးလုထံ ပြေးသွားလိုက်သည်။

“ဥက္ကဌလုကို အနှောင့်အယှက်ပေးတဲ့ ဒီကလေးစုတ်ကို အမြန်ဖမ်းလိုက်ကြစမ်း!”။ ဝမ်ဝေ့ရန်က သခင်ကြီးလု၏ ဘော်ဒီဂတ်များကို အမိန့်ပေးလိုက်ပါသည်။

“စူစူလေးကို ဖမ်းရမှာမဟုတ်ဘူး။ မင်းကိုဖမ်းရမှာ!”။ သခင်ကြီးလု သွေးအေးစွာ ပြောလိုက်သည်။ ထို့နောက် ဝမ်ဝေ့ရန်ကို လက်ညှိုးထိုးကာ ဘော်ဒီဂတ်များအား အမိန့်ပေးလိုက်သည်။ “သူ့ကို အမြန် ဖမ်းလိုက်ကြစမ်း!”

ဘော်ဒီဂတ်များက ဝမ်ဝေ့ရန်၏ တစ်ဖက်တစ်ချက်ဆီသို့ ပြေးသွားကာ လက်တွေကို ဖမ်းချုပ်လိုက်ကြသည်။

ဝမ်ဝေ့ရန် အလွန်အံ့အားသင့်သွားခဲ့ပါသည်။ “ဥက္ကဌကြီးလု ကျွန်မကို ဘာလို့ ဖမ်းတာလဲ”

ဝမ်ဝေ့ရန်က တခြားသူတွေကိုသာ မောက်မောက်မာမာ ဆက်ဆံရဲသော်လည်း သခင်ကြီးလုကိုတော့ ကြောက်ပါသည်။

“အသုံးမကျတဲ့ကောင်မ!”။ သခင်ကြီးလု ကြမ်းတမ်းစွာ ကြိမ်းမောင်းလိုက်လေသည်။

ထိုစဉ် ဝမ်ဝေ့မင်လည်း စင်နောက်သို့ အမြန်ရောက်ရှိလာခဲ့သည်။ ဖမ်းချုပ်ခံထားရသည့် သမီးဖြစ်သူနဲ့ ဒေါ်သ အလွန်ထွက်နေသည့် သခင်ကြီးလုတို့ကို မြင်သောအခါ ဝမ်ဝေ့မင် အလွန်ကြောက်လန့်သွားပါသည်။

“ဥက္ကဌကြီး ဘာတွေဖြစ်နေတာလဲ”။ ဝမ်ဝေ့မင် အမြန်မေးလိုက်ပါသည်။

“မင်းက ငါ့ကို ပြန်မေးနေသေးတာလား။ မင်းသမီးကိုမင်း မေးသင့်တာ! ငါ့ရှေ့မှာ ငါ့လူတွေကို အမိန့်ပေးရဲတာ တော်တော် သတ္တိကောင်းတာပဲ!”။ သခင်ကြီးလု ဒေါသတကြီး ရယ်မောလိုက်လေသည်။

သခင်ကြီးလုစကားကို ဝမ်ဝေ့မင် နားလည်သွားပါသည်။

သူ့သမီးက အနည်းငယ် စိတ်လိုက်မာန်ပါ လုပ်တတ်မှန်း သူသိပါသည်။ သို့သော် ဒီကိစ္စမှာတော့ သူတို့ မှားသည်ဟု ဝမ်ဝေ့မင် မထင်မိပါ။ ထို့ကြောင့် သူ့သမီးကို ကာကွယ်ပေးလိုက်သည်။

“ဥက္ကဌကြီး ဝေ့ရန်က နည်းနည်း စိတ်လိုက်မာန်ပါ လုပ်တတ်ပေမယ့် ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် စင်ပေါ်ပြေးတက်လာတာကိုမြင်တော့ ဥက္ကဌကြီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်လို့ ဒီလို လုပ်လိုက်ရတာ နေမှာပါ”

သခင်ကြီးလုက စူစူလေးကို ချက်ချင်း ပွေ့ချီလိုက်ပါသည်။ “မင်းက သူ့ကို ဘယ်ကမှန်းမသိတဲ့လူလို့ ခေါ်တယ်ပေါ့”

… … …

အခန်း(၁,၀၉၈) လုအိမ်တော်သို့ ရောက်ရှိခြင်း

သခင်ကြီးလု စူစူလေးကို ပွေ့ချီလိုက်သည့် မြင်ကွင်းအား မြင်ပြီး ဝမ်ဝေ့မင်တို့ သားအဖနှစ်ယောက် ချက်ချင်း ကြက်သေသေသွားကြပါသည်။

“ဥက္ကဌကြီး… ဒီ… ဒီကလေးမလေးက…”။ ဝမ်ဝေ့မင်က စူစူလေးကို စိုက်ကြည့်လျက် ဘာပြောရမှန်း မသိတော့ပါ။

မြေးဖြစ်သူ လုကျန်းယွီမှအပ တခြားကလေးတစ်ယောက်အပေါ် သခင်ကြီးလု ဒီလိုကြင်နာနေတာကို ဝမ်ဝေ့မင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သခင်ကြီးလုက ဝမ်ဝေ့မင်၏ မေးခွန်းကို တိုက်ရိုက်ပြန်မဖြေခဲ့ပါ။ သူ့မျက်နှာက အလွန်တည်တံ့ခက်ထန်နေပြီး လေသံကလည်း ကြောက်ဖို့ကောင်းနေသည်။

“ဝမ်ဝေ့မင်။ မင်းသမီးရဲ့ စရိုက်အကြောင်း ငါမကြာခဏ ကြားဖူးတယ်။ မင်းက အလုပ်လုပ်တဲ့နေရာမှာ တော်လို့သာ မင်းသမီးရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ငါလျစ်လျူရှုပေးခဲ့တာနော်”

ဝမ်ဝေ့မင် နှလုံးသားကို တူနဲ့ထုခံလိုက်ရသလို ခံစားလိုက်ရသည်။

“ဥက္ကဌကြီး ပြောတာ မှန်ပါတယ်။ ကျွန်တော့် အပြစ်လည်း ပါပါတယ်။ နောက်ဆို ဒီလိုမျိုး ထပ်မဖြစ်အောင် ကျွန်တော့် သမီးကို သေချာ ဆုံးမလိုက်ပါ့မယ်”။ ဝမ်ဝေ့မင် အမြန် ကတိပေးလိုက်ပါသည်။

“မလိုတော့ဘူး။ မနက်ဖြန် ရာထူးအပြောင်းအလဲတချို့လုပ်ဖို့ ဘုတ်အဖွဲ့ဝင်အစည်းအဝေးခေါ်ကြမယ်”။ သခင်ကြီးလု ပွင့်လင်းစွာ ပြောလိုက်ပါသည်။

ဝမ်ဝေ့မင် ကြက်သေသေသွားသည်။ ဝမ်ဝေ့ရန်လည်း မျက်လုံးပြူးသွားပါသည်။

“ဘာလို့လဲ။ ဒီကလေးမလေးက ဘယ်သူမို့လို့လဲ အဘိုးလု! ကျွန်မ အထင်မှားပြီး သူ့ကို ဖမ်းခိုင်းမိတာလေးတစ်ခုတည်း အတွက် ကျွန်မအဖေကို အလုပ်ထုတ်တော့မှာလား။ အဲ့တာ မတရားဘူးနော်! လုံးဝ မဖြစ်သင့်ဘူး!”

သခင်ကြီးလုက အော်ဟစ်သောင်းကျန်းနေသည့် ဝမ်ဝေ့ရန်ကို ဂရုပင် မစိုက်ဘဲ သူ့ဘော်ဒီဂတ်တွေကိုသာ အမိန့်ပေးလိုက်သည်။

“ငါအရေးကြီးကိစ္စတချို့ရှိလို့ ပြန်ရတော့မယ်။ ဒီကကိစ္စတွေ မင်းတို့ပဲ ကြည့်ရှင်းလိုက်တော့”

ထို့နောက် စူစူလေးကို ချီလျက် သခင်ကြီးလု ထွက်ခွာသွားလေတော့သည်။

ဝမ်ဝေ့မင်တို့ သားအဖ နောက်မှပြေးလိုက်ဖို့ ကြိုးစားသော်လည်း ဘော်ဒီဂတ်တွေက တားဆီးလိုက်ကြပါသည်။

သခင်ကြီးလုတို့ ထွက်လာကြသောအခါ ချင်းယန်ကျစ်၊ ဟဲပေမူနဲ့ ဟွော်ထျင်းတို့လည်း လိုက်လာကြပါသည်။

သခင်ကြီးလု သက်ပြင်းချလျက် ပြောလိုက်ပါသည်။ “မင်းတို့ အကုန်လုံး လုအိမ်တော်ကို အရင်လိုက်ခဲ့ကြပါလား။ အေးအေးဆေးဆေး စကားထိုင်ပြောလို့ရတာပေါ့”

“ကျွန်တော့်ညီမလေး သဘောပါပဲ။ ကျွန်တော်က ကိစ္စမရှိပါဘူး”။ ချင်းယန်ကျစ် ပြန်ပြောလိုက်သည်။

“သွားမယ်! သမီးစကားပြောချင်တယ်!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။

“ဒါဆိုလည်း သွားကြတာပေါ့”။ ချင်းယန်ကျစ် ချက်ချင်း သဘောတူလိုက်ပါသည်။

ထို့ကြောင့် သခင်ကြီးလုက စူစူလေးတို့ ၄ ယောက်ကိုခေါ်ပြီး ပေကျင်းမြို့ရှိ လုအိမ်တော်သို့ ပြန်လာခဲ့ပါသည်။

ပေကျင်းမြို့ရှိ နာမည်ကြီး အိမ်ရာတစ်ခုမှာ တည်ရှိသော လုမိသားစု အိမ်တော်ကြီးဖြစ်သည်။ အိမ်တော်ကြီးက အလွန်ကြီးမားလွန်းပါသည်။

လုအိမ်တော်သို့ ရောက်သောအခါ ဧည့်သည်တွေကို ရှေးခေတ်ပုံစံ အလှဆင်ထားသည့် ဧည့်ခန်းမကြီးထဲသို့ သခင်ကြီးလုက ခေါ်လာခဲ့ပါသည်။

သစ်နှင်းဆီ ဆိုဖာပေါ်မှာထိုင်လျက် စူစူလေး မေးလိုက်သည်။ “ကိုကြီး ဘယ်မှာလဲ။ သမီးတွေ့လို့ရပြီလား။ သမီး မေးချင်တာ မေးပြီးတာနဲ့ ပြန်မှာပါ။ အိမ်မှာ အိပ်ရဦးမယ်”

“အဲ…”။ သခင်ကြီးလု တွန့်ဆုတ်သွားပြီး တစ်ခုခုပြောချင်နေသော်လည်း ပြောမထွက်နိုင်ဖြစ်နေသည်။

သခင်ကြီးလု၏ မျက်နှာကို သတိထားမိပြီး ချင်းယန်ကျစ်က ဝင်ပြောလိုက်ပါသည်။ “ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သခင်ကြီးလုတို့ ကျွန်တော့်ညီမလေးကို အကျိုးအကြောင်းတော့ ရှင်းပြသင့်ပါတယ်။ သခင်လေးလုရဲ့ ဆေးကုသမှုက စလို့ အရင်တစ်ခေါက် သခင်လေးလုရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ကိစ္စအထိ ကျွန်တော့်ညီမလေးက ဘာမှ မတွန့်မဆုတ် ကူညီပေးခဲ့တာ။ အဲ့တာကြောင့် သူ့ကို ဒီလို ရုတ်တရက်ကြီး အဆက်အသွယ်ဖြတ်လိုက်တာ မတရားဘူးလို့ ကျွန်တော် ထင်တယ်”

စူစူလေးနဲ့ လုကျန်းယွီတို့ကြားက သံယောဇဉ်မှာ သာမန် သူငယ်ချင်းသံယောဇဉ်ထက် ပိုနေပါပြီ။ ကလေးတွေ နားမလည်ရင်တောင် လူကြီးတွေက နားမလည်ချင်ယောင် မဆောင်သင့်ပေ။

“ဟုတ်ပါပြီ။ အဲ့တာဆိုလည်း ငါပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်”။ သခင်ကြီးလု အသက်ဝဝရှူလိုက်ပြီး စူစူလေးကို အမှန်အတိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်ပါသည်။

“ဘိုးဘိုးလု ပြောတာကို နားထောင်ပြီးရင် စူစူလေး ဒေါသမထွက်ရဘူးနော်။ စိတ်မကောင်းဖြစ်တာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောနော်”။ သခင်ကြီးလု သတိပေးလိုက်သည်။

“အွန်းပါ!”။

သခင်ကြီးလု စကားက အနည်းငယ် ထူးဆန်းနေသော်လည်း စူစူလေး ခေါင်းငြိမ့်သဘောတူလိုက်ပါသည်။

… … …

အခန်း(၁,၀၉၉) ဘယ်သူတွေလဲ

စူစူလေးကို သခင်ကြီးလု ရှင်းပြလိုက်သည်။ “အဲ့ဒီနေ့က အဖြစ်အပျက်တွေဖြစ်ပြီးတော့ ကျန်းယွီကို ပေကျင်းမြို့ဆီ ဘိုးဘိုးလု ပြန်ခေါ်လာခဲ့တယ်။ ဆရာဝန်တွေကို ဆက်သွယ်ပြီး ဆေးကုသမှုအမြန်ခံယူခဲ့တယ်။ ကျန်းယွီလေးလည်း သတိပြန်လည်လာပေမယ့်…”

“သတိပြန်လည်လာပေမယ့် ဘာဖြစ်လဲ”။ စူစူလေး စိတ်မရှည်စွာ မေးလိုက်ပါသည်။

“သတိပြန်လည်လာပြီးတဲ့နောက်ပိုင်း ဟွာချန့်မြို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သူ မမှတ်မိတော့ဘူး။ သူ ဟွာချန့်မြို့မှာ သွားမနေခင်ကအချိန်ထိပဲ မှတ်မိတော့တယ်…”။ သခင်ကြီးလု အမှန်တရားကို ပြောပြလိုက်လေတော့သည်။

“သူ ဘာမှမမှတ်မိတော့ဘူးဟုတ်လား။ စူစူလေးကိုတောင် မမှတ်မိတော့ဘူးလား”။ ချင်းယန်ကျစ် အမြန် မေးလိုက်သည်။

သခင်ကြီးလု ခေါင်းညိတ်လိုက်သည်။ “အဲ့တာကြောင့် ငါကော ကျန်းယွီလေးကော မင်းတို့ကို တမင်တကာ အဆက်အသွယ် ဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ကျန်းယွီလေးက ဟွာချန့်မြို့က လူတွေနဲ့ အဖြစ်အပျက်တွေ အားလုံးကို လုံးဝ မေ့သွားပြီ။ အဲ့တာကြောင့် သခင်ကြီးချင်းတို့ကိုပဲ ငါဆက်သွယ်ပြီး အကျိုးအကြောင်း ပြောပြခဲ့တာ”

စူစူလေး နားမလည်နိုင် ဖြစ်သွားသည်။ “သူ မမှတ်မိတော့တာလား။ ဒီတိုင်း မေ့သွားတာလား။ သေသွားရင် သေချာ စဉ်းစားလို့ မရဘူးလား။ မှတ်ဉာဏ်တွေပြန်ကောင်းလာအောင် အရသာရှိတာတစ်ခုခု စားလိုက်လို့ မရဘူးလား”

စူစူလေးက အတိတ်မေ့ရောဂါအကြောင်း သိပ်နားမလည်သေးပါ။

စူစူလေး၏ စကားကို ကြားပြီး သခင်ကြီးလုနဲ့ ချင်းယန်ကျစ်တို့ အနည်းငယ် ဝမ်းနည်းသွားကြသည်။

သူမကို သူမရဲ့ကိုကြီးက လုံးဝမေ့ပျောက်သွားပြီဖြစ်ပြီး ဘယ်လိုအရသာရှိတာတွေပဲစားစား ပြန်မှတ်မိမှာ မဟုတ်တော့ကြောင်းကို ဘယ်လိုရှင်းပြရမလဲ မသိတော့ပါ။

သခင်ကြီးလု အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသဖြင့် စူစူလေး နားလည်သွားပါသည်။

“အရသာရှိတာတွေ စားလည်း ပြန်မမှတ်မိတော့ဘူးပေါ့။ ဟူး… ဟုတ်ပါပြီ”။ စူစူလေး ငြီးတွားလိုက်ပါသည်။

“ညီမလေး…”။ ချင်းယန်ကျစ် စိုးရိမ်သွားပြီး စူစူလေးကို ပွေ့ချီကာ သိမ်သိမ်မွေ့မွေ့ နှစ်သိမ့်ပေးလိုက်ပါသည်။ “ဝမ်းမနည်းပါနဲ့ ညီမလေးရယ်။ တစ်နေ့နေ့ကျရင် ကိုကြီးက ပြန်မှတ်မိချင် မှတ်မိသွားမှာပါ”

“ဝမ်းမနည်းပါဘူး”။ စူစူလေး ပြန်ဖြေလိုက်သည်။

“တကယ်ပြောတာလား”။ ချင်းယန်ကျစ် အံ့အားသင့်သွားမိသလို သူ့ညီမလေး ဟန်ဆောင်နေမှာကိုလည်း စိုးရိမ်သွားပါသည်။

“တကယ်ပြောတာ! ကိုကြီးက နေမကောင်းဖြစ်နေလို့ မေ့သွားတာလေ တမင်တကာ လုပ်တာမှ မဟုတ်တာ! အဲ့တာကြောင့် ဝမ်းနည်းစရာ မလိုဘူး”။ စူစူလေး ရှင်းပြလိုက်သည်။

သခင်ကြီးလုနဲ့ ချင်းယန်ကျစ်တို့နှစ်ယောက်စလုံး စိတ်အေးသွားပြီး ပြုံးမိကြပါသည်။ စူစူလေး၏ စကားကြောင့် စိတ်ပူတာတွေ ပျောက်ကွယ်သွားပြီး စိတ်သက်သာရာ ရသွားခဲ့ကြသည်။

“ဒါမယ့် သမီး ကိုကြီးကို တွေ့ချင်နေတုန်းပဲ”။ သခင်ကြီးလုကို စူစူလေး ပြောလိုက်ပါသည်။ “သမီး ကိုကြီးနဲ့ သွားတွေ့လို့ ရမလား ဘိုးဘိုးလု”

“ရပါတယ်… ဒါပေမယ့် သူ့ကိုသွားတွေ့လို့ စူစူလေးကို သူမမှတ်မိဘူးဆိုရင် စူစူလေး ဝမ်းနည်းသွားလိမ့်မယ်။ အဲ့လို ဝမ်းနည်းရင် ဘိုးဘိုးလုတို့ကို အမှန်အတိုင်းပြောနော်။ ရင်ထဲမှာ သိုဝှက်မထားရဘူး…”။ သခင်ကြီးလုက အရင်ဆုံး သတိပေးလိုက်ပါသည်။

“အွန်းပါ!”။ စူစူလေး ခေါင်းညိတ်လိုက်ပြီး သခင်ကြီးလုနဲ့အတူတူ အပေါ်ထပ်သို့ တက်လာခဲ့ကြပါသည်။

ချင်းယန်ကျစ်၊ ဟဲပေမူနဲ့ ဟွော်ထျင်းတို့လည်း စူစူလေးကို စောင့်ကြည့်ရင်း နောက်မှ ဖြည်းညှင်းစွာ လိုက်လာကြပါသည်။

အထူးသဖြင့် ဟွော်ထျင်းက တစ်စုံတစ်ယောက်ကို ထိုးကြိတ်ချင်နေပုံရသည်။

လောလောဆယ် လုကျန်းယွီက စာကြည့်ခန်းထဲမှာ အိမ်စာလုပ်နေပါသည်။ လုကျန်းယွီ ကျောင်းပြန်တက်နေပြီလည်း ဖြစ်သည်။

စာကြည့်ခန်း တံခါးရှေ့မှာ ရပ်နေသူက စူစူလေး၏ မိတ်ဆွေဟောင်းကြီး အိမ်တော်ထိန်းကျန်းဖြစ်သည်။

စူစူလေးကို မြင်သောအခါ အိမ်တော်ထိန်းကျန်း မျက်နှာ ရွှင်လန်းသွားသော်လည်း စက္ကန်ပိုင်းလောက် ကြာသောအခါ ပြန်လည် တည်ငြိမ်သွားခဲ့ပါသည်။

သခင်ကြီးလုက အိမ်တော်ထိန်းကျန်းကို တံခါး ခေါက်ခိုင်းလိုက်သည်။

“ဝင်ခဲ့ပါ”။ အခန်းထဲမှ လုကျန်းယွီ၏အသံ ထွက်ပေါ်လာခဲ့သည်။

စူစူလေး ကြားဖူးနေသော အသံဖြစ်ပါသည်။ ငယ်ရွယ်သော်လည်း ရင့်ကျက်တည်ငြိမ်သည့် လေသံမျိုးဖြစ်သည်။

သခင်ကြီးလု တံခါးဖွင့်လိုက်ပြီး စူစူလေးတို့ကို အခန်းထဲ ခေါ်သွားခဲ့သည်။

လုကျန်းယွီက အိမ်နေရင်းအဝတ်အစားများ ဝတ်ဆင်ထားပြီး စာကြည့်စာပွဲမှာထိုင်လျက် အိမ်စာလုပ်နေတာကို စူစူလေး မြင်ပါသည်။

သူမရဲ့ ကိုကြီးဖြစ်သော်လည်း တစ်စုံတစ်ခု ခြားနားနေသလို ခံစားရသည်။

အဘိုးဖြစ်သူနဲ့ သူစိမ်းတချို့ကို မြင်သောအခါ လုကျန်းယွီ ဇဝေဇဝါဖြစ်သွားသည်။

“ဘိုးဘိုး၊ သူတို့က ဘယ်သူတွေလဲ”

… … …

အခန်း(၁,၁၀၀) နတ်ယုတ်မာကြီး သေစမ်းဟာ!

သူစိမ်းဆန်သည့် မျက်ကနှာ သူစိမ်းဆန်သည့် လေသံဖြင့်…။

မျက်နှာက မပြောင်းလဲဘဲ လူကလည်း အရင်တုန်းကလူသာ ဖြစ်နေသေးသော်လည်း မျက်နှာအနေအထား၊ စကားလုံးတိုင်းက သူစိမ်းဆန်လှပါသည်။

“လုကျန်းယွီ၊ မင်းငါတို့ကို မမှတ်မိတော့ဘူးလား”။ ဟွော်ထျင်း သည်းမခံနိုင်တော့ဘဲ တဲ့တိုး မေးလိုက်ပါသည်။

ဟွော်ထျင်း ရှေ့ထွက်လာပြီး လုကျန်းယွီ၏ တစ်ကိုယ်လုံးကို ကြည့်ကာ အကဲခတ်လိုက်ပါသည်။

“ငါမင်းကို သိတယ်။ မငး်က ဟွော်ထျင်းလေ”။ ဟွော်ထျင်း၏ အမည်ကိုတော့ လုကျန်းယွီသိပါသည်။

“တွေ့လား မင်းမှတ်မိသားပဲ! ငါတို့ကို လန့်သေအောင် လုပ်နေတာလား! မင်းဘာမှ မမှတ်မိတော့ဘူးလို့ အကုန်လုံးက ထင်နေတာ!”။ ဟွော်ထျင်း မျှော်လင့်ချက် အနည်းငယ် ပြည့်ဝသွားသည်။

“မင်းဓာတ်ပုံတွေကို မြင်ဖူးပြီး မင်းအကြောင်း ကြားဖူးရုံပါ။ ငါတို့ အဲ့လောက် မရင်းနှီးဘူး။ ကျေးဇူးပြုပြီး ငါ့နား အရမ်း မကပ်ပါနဲ့”။ လုကျန်းယွီ သူစိမ်းဆန်စွာ ပြောလိုက်သည်။

“ဘာ”။ ဟွော်ထျင်း နားမလည်နိုင်ဖြစ်သွားပြီး စူစူလေးကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။ “အဲ့တာဆို ဟိုကလေးမလေးကိုကော မှတ်မိသေးလား”

“မမှတ်မိဘူး”။ လုကျန်းယွီ တည်ငြိမ်ပြတ်သားစွာ ပြန်ဖြေလိုက်ပါသည်။

“မင်းတကယ် မေ့သွားတာပဲ!”။ ဟွော်ထျင်း ဒေါသထွက်လွန်းသဖြင့် ဆဲပင်ဆဲချင်လာပါသည်။

“ငါပြောပြီးပြီလေ။ အရင်တုန်းက သိခဲ့ကြပြီး ငါ့ဘက်က မေ့သွားတာဆိုရင်တော့ တောင်းပန်ပါတယ်”။ လုကျန်းယွီ ယဉ်ကျေးစွာ တောင်းပန်လိုက်ပါသည်။

ထိုသို့ပြောပြီးနောက် အဘိုးဖြစ်သူကို လုကျန်းယွီ လှမ်းကြည့်လိုက်သည်။

သခင်ကြီးလုလည်း သက်ပြင်းချလျက် ရှင်းပြလိုက်ပါသည်။ “သူတို့က မင်းရဲ့ သူငယ်ချင်းတွေလေ။ ဒါတင် မကသေးဘူး စူစူလေးကလည်း မင်းကို အကူအညီတွေ အများကြီး ပေးခဲ့ဖူးတယ်။ မင်းခြေထောက်တွေ ပြန်ကောင်းလာအောင် ကုသပေးတဲ့နေရာမှာ စူစူလေးက အများဆုံး ကူညီပေးခဲ့တာ”

“သူတို့က ချင်းမိသားစုဝင်တွေလား”။ လုကျန်းယွီ မေးလိုက်သည်။

ထိုအကြောင်း လုကျန်းယွီကို သခင်ကြီးလု ရှင်းပြဖူးပါသည်။ သို့သော် လုကျန်းယွီ မမှတ်မိသဖြင့် ချင်းမိသားစုကို တစ်နည်းနည်းဖြင့်သာ ကျေးဇူးပြန်ဆပ်ဖို့ ပြောခဲ့သည်။

သခင်ကြီးလု ခေါင်းညိတ်ပြလိုက်လေသည်။

လုကျန်းယွီ၏ အကြည့်က စူစူလေးထံ ပြန်လည်ရောက်ရှိလာပါသည်။ ထို့နောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “ငါ့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း အကူအညီ လိုအပ်တာရှိရင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်”

စူစူလေး နှုတ်ခမ်းများစည်းတင်းသွားပြီး မျက်နှာလည်း သိသိသာသာ ပျက်သွားပါသည်။

အနောက်မှာ ရပ်နေသည့် ချင်းယန်ကျစ်က စိတ်သောက ပိုရောက်သွားပါသည်။

သူ့ညီမလေး ဝမ်းမနည်းဘူးဆိုတာ မဖြစ်နိုင်ဘူး!

စူစူလေးကို ခေါ်ပြီး အခုချက်ချင်းပဲ ထွက်သွားရမလားဆိုတာ ချင်းယန်ကျစ် ဝေခွဲမရဖြစ်နေပါသည်။

ထိုစဉ် စူစူလေးက ရုတ်တရက်ဆိုသလို ရှေ့သို့ ခြေလှမ်းလိုက်ပြီး လုကျန်းယွီဆီ တန်းတန်းမတ်မတ် လျှောက်သွားခဲ့ပါသည်။

သူမရဲ့ ရန်လိုနေသော အပြုအမူကို မြင်ပြီး အခန်းထဲကလူတွေအားလုံး ရင်တမမ ဖြစ်သွားကြသည်။

အိမ်တော်ထိန်းကျန်းလည်း စူစူလေးကို ဝင်တားရမလား စဉ်းစားနေပါသည်။

လုကျန်းယွီ မျက်မှောင်ကြုတ်သွား၏။ သူ့ရှေ့က ကောင်မလေလးမှာ အလွန်ချစ်ဖို့ကောင်းပါသည်။ ပါးဖောင်းဖောင်းလေးတွေက ပိုချစ်ဖို့ကောင်းသေးသည်။

ဧကန္တ အရင်တုန်းက သူနဲ့ တကယ်သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာလား

ဒါပေမယ့် သူမှ မမှတ်မိတာ…

သူ မမှတ်မိလို့ ဒီကလေးမလေး စိတ်ဆိုးနေတာ ဖြစ်သင့်ပါတယ်

ဒါပေမယ့် မတတ်နိုင်ဘူးလေ သူမှ မှတ်ဉာဏ်တွေကို ထိန်းချုပ်လို့ မရတာ…

“နတ်ယုတ်မာကြီး သေစမ်းဟာ!”။ စူစူလေး ကြုံးဝါးလိုက်သည်။

ထို့နောက် ခြေထောက်တစ်ဖက်ကို မြှောက်လျက် လုကျန်းယွီ၏ ရင်ဘတ်ကို ဆောင့်ကန်လိုက်ပါသည်။

အဖြစ်အပျက်က အလွန်မြန်ဆန်လွန်းသဖြင့် အိမ်တော်ထိန်းကျန်း ဝင်ဆွဲဖို့တောင် နောက်ကျသွားခဲ့ပါသည်။

လုကျန်းယွီ ထိုင်ခုံပေါ်မှ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာကိုသာ အားလုံး စိုက်ကြည့်နေခဲ့ရသည်။

အခန်းထဲကလူတွေအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ စူစူလေး ဒီလိုလုပ်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။

ချင်းယန်ကျစ် မျက်နှာ ဖြူဖပ်သွားပြီး သခင်ကြီးလုလည်း သတိလစ်လုနီးပါး ဖြစ်သွားခဲ့ပါသည်။

အိမ်တော်ထိန်းကျန်းကတော့ လုကျန်းယွီကို အမြန်ပြေးထူရပါသည်။

“သခင်လေး ဘာဖြစ်သွားသေးလဲ!”။ အိမ်တော်ထိန်းကျန်း စိုးရိမ်တကြီး မေးလိုက်လေသည်။

စူစူလေးထံမှ ကန်ချက်က သာမန်ကန်ချက် မဟုတ်ပါ။

စူစူလေးသာ အားကုန်ထုတ်သုံးလိုက်လျှင် ဆင်တစ်ကောင်ဖြစ်နေရင်တောင် အရိုးတွေအကုန် ကျိုးသွားနိုင်သည်။

… … …

All Chapters