← Chapters

အဆိပ်မိခြင်း

Vol. 14 Ch. 147

အဆိပ်မိခြင်း

Vol. 14 Ch. 147

“မင်းတကယ်ကြီးအတော်ကောင်းတဲ့စိတ်ဝိညာဉ်ပစ္စည်းတွေ ရှာတွေ့ထားတာပဲ” ချင်းရှု သူ၏ခရမ်းရောင်နန်းတော်ကို စည်းမဖြည်ပေးသည့်အကြောင်းကို စိတ်မ၀င်စားဘဲ ထိုအစား စစ်ထူမင်ယွဲ့ပြန်ယူလာသော ကောင်းကင်နှင့်မြေပြင်ရတနာများကို ကြည့်ကာ ပြောလိုက်သည်။

“ဒီအသီးတွေက ရွှေခန္ဓာအသီးတွေပဲ သူကလူတစ်ယောက်ရဲ့ အပြင်ခန္ဓာအားကိုတိုးမြှင့်ပေးနိုင်တယ် မင်းအဲ့တာကိုတိုက်ရိုက်စားလို့ရတယ် ဘာဆိုးကျိုးမှမရှိဘူး”

“နောက်ပြီး ဒါတွေက ငွေမျှင်မြက်တွေ အရမ်းမာတယ် လက်နက်ပစ္စည်းတွေသွန်းလုပ်တဲ့နေရာမှာ အသုံးပြုလို့ကောင်းတယ်”

ကျန်းယန် ချင်းရှုကို သံသယဖြစ်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။

“မင်းလိမ်နေတာမဟုတ်ဘူး ငါဘာလို့ဒီပစ္စည်းတွေကိုတစ်ခုမှမသိရတာလဲ”

ချင်းရှုသူ့ကိုပြန်ကြည့်လိုက်သည်။

“မင်းတို့အဇူရာတိမ်ဂိုဏ်း ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိုနောက်ဆုံး၀င်ခဲ့တာက လွန်ခဲ့တဲ့ နှစ်၁၂၀၀ကျော်ကကိုး တိုက်ပွဲကွင်းပြင်ဖွင့်တာကမှ နှစ်၃၀၀၀ပဲရှိသေးတာ

ဆိုတော့ မင်းတို့ဂိုဏ်းမှာ ဒီနေရာနဲ့ပတ်သက်ပြီး သက်တမ်းတစ်၀က်လောက်နီးနီးသတင်းအချက်အလက်တွေ မရှိဘူး

အထူးသဖြင့် မင်းတို့ဂိုဏ်းအဲ့ဒီအဖြစ်အပျက်ကြီးနဲ့ရင်ဆိုင်ရပြီးတဲ့နောက် ဘာကိုမှ လေ့လာစုံစမ်းဖို့အချိန်လည်း မရှ်ိတော့ဘူးမလား

ငါခုနကပြောတဲ့အချက်အလက်တွေက ဂိုဏ်းကြီးတွေရဲ့ သုတေသနတွေကနေ ထွက်လာတဲ့ အချက်အလက်တွေ”

“ဆိုတော့ အဇူရာတိမ်ဂိုဏ်းက ကြဉ်ခံထားရတာပေါ့”

ချင်းရှုပြန်ထောက်လိုက်၏။

“မင်းတို့က ပါလည်းမပါ၀င်နိုင်ဘူး သတင်းအချက်အလက်လည်း မလဲလှယ်နိုင်ဘူးလေ ငါတို့ကဘာလို့ မင်းတို့ကိုအချက်အလက်တွေ မျှပေးရမှာလဲ”

ကျန်းယန်ပြုံးလိုက်သည်။

“ကိစ္စမရှိပါဘူး ဒါတွေကိုမင်းသိနေရင် လုံလောက်ပြီ”

ချင်းရှုတခဏငေးကြောင်သွားခဲ့၏။

ထို့နောက် သူပစ္စည်းများကိုတိတ်တဆိတ်စစ်ဆေးလိုက်ပြီး ပြောလိုက်သည်။

“ဒီနေရာမှာ အဆင့်မြင့်ပစ္စည်းများများစားစားမရှိဘူးနောက်ဆုံးတော့ဒီနေရာက ဂိုဏ်းကြီးတွေမျက်စိကျတဲ့နေရာလည်း မဟုတ်ဘူးလေ”

“ဒါပေမယ့် ငါမှော်လက်နက်ထုလုပ်လို့ရမယ့် ရတနာပစ္စည်းကုန်ကြမ်းတစ်ချို့တော့ တွေ့တယ် အဲ့တာတွေနဲ့ဆို အဆင့် ၈ ၀န်းကျင်ရှ်ိတဲ့ မှော်လက်နက်လောက်တော့ သွန်းလုပ်နိုင်မှာပဲ”

ကျန်းယန် နားလည်သွားခဲ့၏။ ဒီနေရာတွင် ကောင်းတာသိပ်မရှ်ိသောကြောင့် မှော်လက်နက်များထဲမှာ အဆင့်အနိမ့်ဆုံးဖြစ်သော လက်နက်သာ ထုလုပ်နိုင်ခြင်းဖြစ်သည်။

“အားလုံးထုပ်ပိုးတော့ ငါတို့‌ေပြးသင့်ပြီ” ချင်းရှု ရုတ်တရက်ပြောလိုက်၏။

ကျန်းယန်နှင့်အခြားသူများ ငေးကြောင်ကုန်ကြသည်။

“ပြေးရမှာလား”

ဤနေရာသည် ဂိုဏ်းကြီးများစိတ်မ၀င်စားသောနေရာမဟုတ်ပါလော။ အားကောင်းသူများမလာနိုင်လျှင် သူတို့ကဘာကြောင့်ပြေးဖို့ လိုပါမည်နည်း။

ချင်းရှု သူတို့ကိုငတုံးများလို ကြည့်ရှုလိုက်၏။

“မင်းတို့မပြေးရင် မကြာခင်ရောက်လာမယ့် ယွင်ရှောင်းနန်းတော်ကကောင်တွေနဲ့ တိုးလိမ့်မယ် သူတို့ရောက်လာရင် မင်းကငါ့ကိုလည်းထိုးကျွေးမှာပဲ ငါမင်းတို့နဲ့ အတူတူမသေချင်သေးဘူး

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ပြောင်းလဲသွားတာ နှစ်တစ်ထောင်‌ေလာက်ရှိနေပြီ ဒါကိုမင်းက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က သတင်းတွေကိုအားကိုးပြီး၀င်လာရဲတာ ကိုယ့်ကိုကိုယ်သတ်သေချင်တာပဲလား သတ္တိရှိတာပဲလား”

ကျန်းယန်အမူအရာချက်ချင်းပြောင်းလဲသွားခဲ့သည်။

“အကုန်သိမ်းကြ ငါတို့ထွက်ခွာကြမယ်” သူကျားမိစ္ဆာနှင့် စစ်ထူမင်ယွဲ့တို့ကို အမိန့်ပေးလိုက်၏။

ကျားမိစ္ဆာ သူ့ပါးစပ်ကြီးကိုဟ၍ သစ်သီးများကို အားရပါးရမြိုချပြီးနောက်တွင် လက်နက်များကိုကျောပေါ်တွင်သယ်၍ တိုက်ပွဲကွင်းပြင် ၀င်ပေါက်ဆီသို့ ပြေးလေတော့သည်။

ကျန်းယန် ချင်းရှုကိုဆွဲကာ ပြေးဖို့ပြင်လိုက်ရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့ဧ။။် သူအလံကိုကောက်ယူလိုက်ကာ အလံပေါ်တွင် သေခြင်းအကြောသေအဆိပ်မှုန့်များ ဖြူးထားလိုက်ပြီး ထိုအဆိပ်မှုန့်များ ချက်ချင်းလွင့်ပျယ်မသွားဘဲ ဖြည်းဖြည်းချင်း လေထဲတွင်ပျံ့သွားစေရန် မှိန်ပျပျကဗ္ဗည်းလေးတစ်ခု အလံပေါ်တွင် ဆွဲလိုက်လေသည်။ (translator note: အကြောသေအဆိပ်လို့ ပြင်ရေးသွားပါမယ်)

“ဘာတွေလုပ်နေတာလဲ” ချင်းရှု စိတ်ဝင်တစားမေးလိုက်၏။

ကျန်းယန် ပြုံးပြလိုက်သည်။

“သေမျိုးအဆိပ်တစ်မျိုးပဲ သေခြင်းအကြောသေအဆိပ်တဲ့ အသားနဲ့ထိမိရင် ဝိညာဉ်‌အခြေတည်အဆင့်တွေတောင် ချေဖျက်ဖို့ခက်တယ်

ယွင်ရှောင်းနန်းတော်ကကောင်တွေလာမယ်ဆိုမှတော့ နှုတ်ဆက်လက်ဆောင်နည်းနည်းလောက် ပြင်ထားပေးရမှာပေါ့”

ချင်းရှု ကျန်းယန်ကိုထူးဆန်းစွာ ကြည့်ရှုလိုက်၏။

“သွားကြစို့” ထို့နောက် ကျန်းယန် ချင်းရှုကိုဆွဲကာ စစ်ထူမင်ယွဲ့တို့နောက် ပြေးလိုက်သွားခဲ့လေသည်။

သူတို့ထွက်သွားပြီး မကြာခင်တွင် ကျန်းဝူ ယွင်ရှောင်းနန်းတော်ကလူများကိုခေါ်ကာ ရောက်ရှိလာခဲ့၏။

သူတို့တောင်ကုန်းလေးပေါ်ရောက်လာချိန်တွင် ကျန်းယန်တို့က မရှိကြတော့ပေ။

“ပတ်ပတ်လည်ကို ရှာကြ နတ်အာရုံသုံးပြီးသေချာရှာ ဂရုစိုက်ကြ ရန်သူက ပုန်းကွယ်နိုင်စွမ်းကောင်းတယ် အဝေးကြီးကနေ သတ်ဖြတ်နိုင်တဲ့လက်နက်တစ်မျိုးလည်းရှိတယ် လူတိုင်း သတိနဲ့နေကြပါ”

သူတို့နတ်အာရုံများကိုဖြန့်ကာ တောင်ပတ်ပတ်လည်တွင် ဝိုင်း၀န်းရှာဖွေကြလေတော့သည်။

နေရာကသေးသေးလေးဖြစ်သောကြောင့် သိပ်ကြာအောင်မရှာလိုက်ရပေ။

“စီနီယာအစ်ကိုကျန်း ကျွန်တော်တို့ဘာမှမတွေ့ဘူး အလောင်းတွေပဲတွေ့တယ် ကောင်းကင်ရတနာတွေအားလုံးလည်း အသိမ်းခံလိုက်ရပြီ”

ကျန်းဝူ ဒေါသထွက်သွားခဲ့၏။

သူတို့လူများစွာကို ဆုံးရှုံးခဲ့ရသော်လည်း ရန်သူက ဘယ်သူဆိုတာနဲ့ ဘယ်ကိုထွက်‌ေပြးသွားသလဲဆိုတာကိုပင် မသိလိုက်ရပေ။

တောင်အနီးတစ်ဝိုက်ကိုထပ်ရှာကြည့်သော်လည်း ဘာမှမတွေ့ရသောအခါ နောက်ဆုံးတွင် သူတို့အခြေအနေကို လက်ခံလိုက်ရသည်။

သူတို့အားလုံး စိတ်ဝိညာဉ်စွမ်းအင်အကာအကွယ်အလွှာများဖွင့်၍ အသင့်ပြင်ကာ စောင့်နေကြသော်လည်း ဘယ်သူမှရှိမနေသောကြောင့် စိတ်ဝိညာဉ်စွမ်းအင်ဖြုန်းမနေတော့ဘဲ အကာအကွယ်အလွှာများကို ပြန်ရုတ်သိမ်းလိုက်ကြ၏။

ထိုအချိန်တွင် သေခြင်းအကြောသေအဆိပ်မှုန့်များက လေထဲတွင် စတင်ပျံ့လွင့်နေချိန်ဖြစ်သောကြောင့် ထိုဝိညာဉ်အခြေတည်အဆင့်များကို လေထုထဲမှတစ်ဆင့် နည်းနည်းချင်း စတင်ထိတွေ့နေခဲ့ချေပြီ။

“အဲ့ဒီခွေးကောင်ကိုရှာတွေ့ရင် သေပါရစေလို့ ဆုတောင်းရတဲ့အထိ လုပ်ပစ်မယ်” ကျန်းဝူ ဒေါသတကြီးကျိန်ဆဲလိုက်သည်။

ထိုစဉ် သူတောင်နံရံတွင်စိုက်ထားသော အလံဆီအကြည့်ရောက်သွားခဲ့၏။

ထိုအရာက သူ့အတွက်မျက်စိဆံပင်မွှေးစူးစရာဖြစ်နေသောကြောင့် သူဒေါသတကြီးဖြင့် ထိုအလံကို ကန်ချလိုက်လေသည်။

ထိုအခါ ချက်ချင်းဆိုသလိုအဖြူရောင်အမှုန့်များ ထွက်ပေါ်လာခဲ့၏။

“အမြန် ကာကွယ်ကြ!”

ထိုအရာက ဘာမှန်းမသိသော်လည်း ကာကွယ်ထားခြင်းက မှားတော့မမှားနိုင်ပေ။

ဝိညာဉ်အခြေတည်အဆင့်များ အလျင်အမြန်ပင် အကာအကွယ်အလွှာများထုတ်၍ ကာကွယ်လိုက်ကြသည်။

သို့သော် သူတို့သည် နတ်ဝိညာဉ်အဆင့်များမဟုတ်ကြသောကြောင့် သူတို့အတွက် အကာအကွယ်အလွှာကိုဖွင့်ဖို့ အချိန်အနည်းငယ်တော့ ယူရသေး၏။

ထိုအချိန်အနည်းငယ်ကပင် အကြောသေအဆိပ်မှုန့်သူတို့အသားများနှင့်ထိတွေ့ဖို့ လုံလောက်သောကြာချိန်ဖြစ်နေခဲ့သည်။

ထိုအထဲတွင် ကျန်းဝူလည်း အပါအ၀င်ပင်။

လူတိုင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။

ကြည့်ရတာ…ဘာမှဖြစ်မသွားပုံပဲ!

သူတို့ချက်ချင်း လေမှော်သိုင်းများကိုထုတ်ကာ အဖြူရောင်အမှုန်များကို အဝေးသို့ မှုတ်ထုတ်လိုက်ကြသည်။

“စီနီယာအစ်ကိုကျန်း ဘာမှမရှိမှတော့ ကျွန်တော်တို့ပြန်သင့်ပြီလား” ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် မေးလိုက်၏။

“ပြန်မယ်” ကျန်းဝူ ခေါင်းညိတ်ပြလိုက်သည်။

“မဟုတ်သေးပါဘူး စီနီယာအစ်ကိုကျန်း ကျွန်တော်တို့ပြန်မယ့်ကိစ္စပြောတာကို ဘာလို့ပြုံးနေတာလဲ”

“ငါပြုံးမနေပါဘူး ဒီကိစ္စက ဘာရယ်စရာရှိလို့လဲ”

သူတို့အဖွဲ့ကျန်းဝူကိုထူးဆန်းသောမျက်နှာထားဖြင့် ကြည့်လိုက်မိကြ၏။

သူ့မျက်နှာကြွက်သားများက တွန့်ကာ နှုတ်ခမ်းကပြုံးနေပုံပေါက်နေလေရာ ထိုအရာက ပြုံးတာမဟုတ်လို့ ဘာဖြစ်နိုင်ပါဉီးမည်နည်း။

“မင်းတို့ဘာလို့ငါ့ကိုစိုက်ကြည့်နေကြတာလဲ” ကျန်းဝူ စိတ်ရှုပ်သွားခဲ့သည်။

“အာ စီနီယာအစ်ကိုဝူ ဘာလို့ပြုံးနေတာလဲ ဂျူနီယာညီလေးချင်ရော ဘာလို့ပြုံးနေကြတာလဲ”

ထိုအခါမှ သူတို့တစ်ခုခုကိုနားလည်သွားခဲ့ကြ၏။

သူတို့အဖွဲ့ထဲက အချို့လူများမျက်နှာပေါ်တွင် ကျောချမ်းဖွယ်အပြုံးကြီးများ ရှိနေခဲ့ချေပြီ။

ထိုအရာကအပြုံးမဟုတ်ဘဲ သူတို့မျက်နှာပေါ်က ကြွက်သားများ အလိုလိုတွန့်ဆွဲနေခြင်းသာ ဖြစ်ပေသည်။

တဖြည်းဖြည်းနှင့် ကျန်းဝူ သူစကားတောင်ကောင်းကောင်းမပြောနိုင်တော့တာကို သတိထားမိလာခဲ့ပြီး သူ့ခန္ဓာကိုယ်ကတောင့်တင်းလာခဲ့ကာ တခဏအကြာတွင် မြေပြင်ပေါ် ဝုန်းကနဲလဲကျသွားခဲ့၏။

“အာ…အဆိပ်! အမြန်လုပ်ကြ စီနီယာအစ်ကိုကျန်းနဲ့အခြားသူတွေ အ‌ဆိပ်မိနေကြပြီ”

ထိုအခိုက်တွင်ဘာဖြစ်နေလဲဆိုတာကို လူတိုင်းနားလည်သွားခဲ့ကြလေသည်။

ထို့နောက် သူတို့အဆိပ်မိနေကြသူများကိုသယ်ကာ သူတို့စခန်းဆီ အလျင်အမြန်ပြန်ဆုတ်လာခဲ့ကြ၏။

ကျန်းဝူခန္ဓာကိုယ်က အလိုလိုကျုံ့ကျုံ့သွားနေခဲ့ကာ သူ့မျက်လုံးများက ကောင်းကင်ကိုစိုက်‌ကြည့်နေရင်း မျက်လုံးထဲမှ မျက်ရည်များစီးကျနေခဲ့သည်။

သူမငိုမိဖို့ကြိုးစားသော်လည်း သူဘာကိုမှထိန်းချုပ်လို့မရခဲ့ပေ။

သူ့နှလုံးသားထဲတွင် အမုန်းမီးတောက်များက တမြေ့မြေ့တောက်လောင်နေခဲ့၏။

ဘာပဲဖြစ်ဖြစ်သူထိုကောင်ကိုရအောင်ဖမ်းမည်ဟု သူကျိန်ဆိုလိုက်သည်။

သူ့တစ်ဘ၀လုံးတွင် ဘယ်တုန်းကမှအခုလောက်မျက်နှာမပျက်ခဲ့ရဖူးပေ။

အလွန်ဝေးသော တောင်တစ်လုံးပေါ်မှ ကျန်းယန် မြင်ကွင်းကို သူ့စနိုက်ပါရိုင်ဖယ်မှန်ပြောင်းမှတစ်ဆင့်ကြည့်ရှုနေပြီး အားရပါးရ ရယ်မောလိုက်၏။

“ဒီကိုလာခဲ့ တစ်ချက်လောက်ကြည့်လိုက်”

ကျန်းယန် စနိုက်ပါကို ချင်းရှုဆီပေးလိုက်သည်။ ထိုကဲ့သို့သောမြင်ကွင်းမျိုးကို ဝေမျှရခြင်းက ပိုပျော်စရာကောင်းသောအရာသာ ဖြစ်၏။

ယွင်ရှောင်းနန်းတော်မှအဖွဲ့၏ဆိုးရွားလှသောအခြေအနေနှင့် အဆိပ်မိပြီး ပုံပျက်ပန်းပျက်ဖြစ်နေသောလူများကိုတွေ့သောအခါ ချင်းရှု ငေးကြောင်ပြီး ပြောစရာမဲ့သွားခဲ့ရသည်။

“ဘယ်လိုနေလဲ အတော်လေးအံ့ဩစရာကောင်းတယ်မဟုတ်လား” ကျန်းယန် စနိုက်ပါရိုင်ဖယ်ကို ပြန်ယူလိုက်၏။

ချင်းရှုကတော့ ကျန်းယန်ကိုမကောင်းဆိုးဝါးတစ်ကောင်လိုသာ စိုက်ကြည့်နေခဲ့မိသည်။

ယွင်ရှောင်းနန်းတော်က ပါရမီရှင်ကျန်းဝူတို့တစ်သိုက်ကို အခုလောက်အခြေအနေထိရောက်အောင် အနိုင်ကျင့်ပစ်ပြီး ထိုကောင်က အံ့ဩစရာကောင်းတယ်မဟုတ်လား လို့ပင် မေးနေခဲ့သေး၏။

အခုလို အနိုင်ကျင့်နေမည့်အစား သတ်လိုက်တာကမှ ထိုလူများအတွက်ပိုသက်သာရာရနေပေဦးမည်။

All Chapters