← Chapters

ဂိုဏ်းခံတပ်

Vol. 14 Ch. 150

ဂိုဏ်းခံတပ်

Vol. 14 Ch. 150

ကျန်းယန် မှော်လက်နက်များကို ချင်းရှုနှင့်အတူစတင်သန့်စင်ခဲ့၏။

သူသည် ပန်းပဲအတတ်ကို အရင်ကတည်းက ဟော်လင်းကျိထံမှသင်ခဲ့ဖူးပြီး တိုက်ပွဲကွင်းပြင်သို့ မ၀င်ခင်တုန်းကလည်း ရိုးရှင်းသော မှော်လက်နက်ပြုလုပ်နည်းများကို ထပ်၍ သင်ကြားခဲ့သေးသည်။

ဓားများကိုအရည်ကျိုကာ သူတို့ရရှိထားသော စိတ်ဝိညာဉ်ပစ္စည်းများကိုထည့်ပေါင်းပြီး ခေတ်သစ်လေးမြှားတစ်စုံ ဓားရှည်တစ်လက်နှင့် တူကြီးတစ်ချောင်း ပြုလုပ်ခဲ့ကြ၏။

မှော်လက်နက်သုံးခုလုံးက အဆင့် ၈ကို ၀င်ရုံလေးမျှသာ ရှိသည်။

ထို့နောက် ကျန်းယန်က ခေတ်သစ်လေးမြှားကိုကိုင်ကာ စစ်ထူမင်ယွဲ့က ဓားရှည်ကိုကိုင်ပြီး ချင်းရှုကတော့ တူကြီးကို ယူလိုက်၏။

“အခုငါတို့ သာမန်ဂိုဏ်းတွေရဲ့ ခံတပ်လောက်ကိုတော့ သွားတိုက်ခိုက်လို့ရပြီ” ချင်းရှု ပြုံးကာပြောလိုက်သည်။

“ခံတပ်တွေလား” ကျန်းယန်ပြန်မေးလိုက်၏။

“ခံတပ်ဆိုတာ ယွင်ရှောင်းနန်းတော်က ကောင်တွေနေတဲ့နေရာမျိုးကိုပြောတာလား”

ချင်းရှု ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် အဲ့ဒီဘက်မှာ ကျန်းရာပေါင်းများစွာမြင်တဲ့ တောင်ကြီးတစ်လုံးရှိတယ် အဲ့ဒီတောင်က ယွင်ရှောင်းနန်းတော်ရဲ့ ခံတပ်ပဲ

လွန်ခဲ့တဲ့နှစ်ပေါင်းကိုးရာတုန်းက ဂိုဏ်းတိုင်းက တိုက်ပွဲကွင်းပြင်ထဲမှာ သူတို့ရဲ့ ခံတပ်ကြီးတွေကိုအခိုင်အမာတည်ဆောက်ခဲ့ကြတယ် လက်ရှိ တိုက်ပွဲကွင်းပြင်ရဲ့နယ်မြေတွေကို အဲ့ဒီခံတပ်ကြီးတွေကပဲ ယူထားကြတာ

အခြားဂိုဏ်းတွေအတွက်ကတော့ ခံတပ်ကြီးတွေရဲ့ နယ်မြေမဟုတ်တဲ့ အပြင်ကရတနာတွေကိုပဲ ယူခွင့်ရှ်ိတယ်

ဥပမာပြောရရင် ငါတို့ရှို့ယိဘုရားကျောင်းရဲ့ခံတပ်က ရေကန်ကြီးတစ်ကန်ပဲ အဲ့ဒီကန်ထဲမှာ ကျွန်းတွေလည်းအများကြီးရှိတယ် ကောင်းကင်နဲ့မြေပြင်ရတနာတွေဆိုလည်း မရေတွက်နိုင်အောင်ပဲ

လန်ကျားအထွတ်အမြတ်မြေရဲ့ ခံတပ်ကတော့ တိုက်ပွဲကွင်းပြင်ရဲ့ ဗဟိုနားမှာရှိတဲ့ ဧရာမတွင်းပေါက်ကြီးတစ်ခုပဲ အဲ့ဒီမှာလည်း မရေတွက်နိုင်တဲ့ ကောင်းကင်နဲ့မြေပြင်ရတနာတွေရှိတယ်”

ကျန်းယန် မျက်မှောင်အနည်းငယ်ကြုံ့သွားကာ မေးလိုက်၏။

“အဲ့ဒီနေရာမှာရှိတာက ကောင်းကင်နဲ့မြေပြင်ရတနာတွေပ‌ဲတော့ မဟုတ်ဘူးမလား”

ချင်းရှုသဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကာ

“မှန်တယ် တိုက်ပွဲကွင်းပြင် ပြန်ပိတ်တော့မယ့်အချိန်တိုင်းမှာ အဲ့ဒီအခေါက်ရဲ့ ပါရမီရှင်တွေက သူတို့တိုက်ပွဲကွင်းပြင်ထဲမှာ သန့်စင်ခဲ့တဲ့ စွမ်းအားကြီးလက်နက်တွေကို ‌ခံတပ်ထဲမှာ ထားခဲ့ကြတယ် အဲ့ဒီနည်းလမ်းနဲ့ နောက်တစ်သုတ်၀င်လာတဲ့အခါမှာ ခံတပ်ထဲက လက်နက်တွေကိုဆက်ပြီးအသုံးပြုနိုင်သွားတာပေါ့

လက်နက်တွေတင်မဟုတ်ဘူး ဆေးဝါးတွေ အခြားပစ္စည်းတွေ အစုံပဲ

ပြောရရင် အပြင်ကိုမဖြစ်မနေယူသွားရမယ့် တန်ဖိုးကြီးတာမျိုးမဟုတ်ရင် ဘာကိုမှအပြင်ပြန်ယူမသွားကြဘူး

တိုက်ပွဲကွင်းပြင်ကုိ နှစ်ပေါင်းများစွာ ဖွင့်ပြီးတဲ့နောက် ဂိုဏ်းတိုင်းမှာ နည်းဗျူဟာတွေရှိလာကြတယ်လေ

သူတို့က ၀င်တဲ့အခေါက်တိုင်းမှာ လက်နက်သန့်စင်သူ ဆေးတာအိုသမား ပြီးတော့ အရည်အချင်းအမျိုးမျိုးရှိတဲ့လူတွေကို အဖွဲ့ထဲမှာ စုံအောင်ထည့်ကြတယ်

အဲ့ဒီလူတွေအားလုံးက ဂိုဏ်းရဲ့ တန်ဖိုးအထားဆုံး ပါရမီရှင်အနည်းငယ်ကို တိုက်ပွဲကွင်းပြင်ထဲမှာ ကူညီပေးကြရတယ်

အဲ့ဒီပါရမီရှင်တွေအတွက်ကတော့ သူတို့အလုပ်က အဆင့်ချိုးဖြတ်ဖို့ကိုသာ အာရုံစိုက်ထားကြဖို့ပဲ

တကယ်အရေးကြီးတဲ့အခြေအနေတွေကျမှသာ သူတို့က ၀င်ပါလာကြတယ်”

ကျန်းယန်ကိုအပြည့်အ၀ယုံကြည်နေပြီဖြစ်သောကြောင့် ချင်းရှု သူသိထားသမျှ သတင်းအချက်အလက်များအားလုံးကို မျှဝေပေးနေခဲ့သည်။

ကျန်းယန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်မိ၏။ ကြည့်ရသည်မှာ တိုက်ပွဲကွင်းပြင်က သူထင်ထားတာထက်ပိုပြီး ခက်ခဲတော့မည့်ပုံပင်။

“ဂိုဏ်းကြီး‌ေတွရဲ့ ပါရမီရှင်တွေကဘယ်သူတွေလဲ မင်းသိလား” ကျန်းယန်မေးလိုက်၏။

ချင်းရှုခေါင်းခါပြလိုက်ကာ

“ဂိုဏ်းကြီးတွေရဲ့ ပါရမီရှင်စာရင်းက တကယ့်ထိပ်တန်းလျှို့ဝှက်ချက်ပဲ အခြားဂိုဏ်းကြီးတွေက သူတို့ပါရမီရှင်တွေကို လာတိုက်ခိုက်ကြမှာစိုးလို့လေ ဒါပေါ့ အဲ့ဒီပါရမီရှင်တွေ သူတို့ရဲ့ အကောင်းဆုံးအခြေအနေကိုရောက်သွားရင်တော့ အလိုလိုထွက်လာကြလိမ့်မယ်”

“ရှို့ယိဘုရားကျောင်းရဲ့ ပါရမီရှင်တွေကရော ဘယ်သူတွေလဲ” ကျန်းယန် မေးလိုက်၏။

ချင်းရှုတခဏတွန့်ဆုတ်သွားပြီးနောက် ပြောလိုက်လေသည်။

“ရှို့ယိဘုရားကျောင်းရဲ့ ဒီမျိုးဆက်မှာ ပါရမီရှင်သုံးယောက်ရှိတယ် အကုန်လုံးက ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်တွေချည်းပဲ အဆင့်ချိုးဖြတ်ဖို့ ခြေတစ်လှမ်းပဲ လိုကြတော့တာ

သူတို့အားလုံးက ရှုမျိုးဆက်က ကျိရှု ခုံးရှု လင်းရှု တဲ့

ငါမင်းကိုအကြံပေးလိုက်မယ် သူတို့သရုပ်မှန်ကိုသိရင်တောင် သူတို့ကိုသွားတိုက်ခိုက်ဖို့ မကြိုးစားလိုက်လေနဲ့

ပထမအချက်က သူတို့ကအရမ်းစွမ်းအားကြီးတယ် မင်းသူတို့ရဲ့ပြိုင်ဘက်ဖြစ်မလာနိုင်ဘူး

ဒုတိယအချက်ကတော့ မင်းသူတို့ကိုထိလိုက်တာနဲ့ ရှို့ယိဘုရာကျောင်းတစ်ခုလုံးက မင်းကိုသေတဲ့အထိ တိုက်ပွဲကွင်းပြင်ထဲမှာ လိုက်တိုက်ခိုက်ကြလိမ့်မယ်”

ကျန်းယန် ချင်းရှုကို ထူးဆန်းစွာကြည့်ရှုလိုက်လေသည်။

ခုန်းရှု ဆိုတဲ့နာမည်ကြီးက ဘယ်လိုကြီးလဲဟ!

သူပြုံးကာပြောလိုက်၏။

“စိတ်မပူပါနဲ့ အခွင့်အရေးကောင်းကောင်းမရရင် ငါမတိုက်ခိုက်ပါဘူး”

အချိန်ကျလာ၍ သူ့တွင်လည်းတိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိနေမှသာ သူတိုက်ခိုက်မည် ဖြစ်သည်။

ထို့နောက် ချင်းရှု မပြည့်စုံသောမြေပုံတစ်ခုထုတ်လိုက်ပြီး မြေပုံပေါ်ထောက်ပြကာ ကျန်းယန်ကိုရှင်းပြလိုက်၏။

“ဒါက ဂိုဏ်းကြီးတွေရဲ့ ခံတပ်တည်နေရာတွေပဲ

အခုငါတို့နဲ့အနီးဆုံးက ယွင်ရှောင်းဂိုဏ်းရဲ့ ယွင်ရှောင်းတောင်ပဲ ပြီးရင် လန်ကျားအထွတ်အမြတ်မြေရဲ့ လန်ကျားကောင်းချီးမြေ ပြီးမှ ငါတို့ ငါတို့ရှို့ယိနန်းတော်ရဲ့ ထျန်းကျိရေကန် ပြီးရင်တော့ အနန္တဝိညာဉ်ဂိုဏ်းရဲ့ သစ်တောပျောက်

တိုက်ပွဲကွင်းပြင်ဒီဘက်ခြမ်းမှာ ဂိုဏ်းကြီးတွေရဲ့ ခံတပ်လေးခုရှိတယ် အခြားခံတပ်ကြီးတွေကတော့ ဟိုဘက်ခြမ်းမှာရှိတာ

အဲ့ဒီခံတပ်ကြီးတွေကြားထဲမှာတော့ ဂိုဏ်းငယ်လေးတွေ တိုက်ယူထားကြတဲ့ ခံတပ်လေးတွေရှိတယ်

ဒါပေမယ့် သူတို့ကအကြာကြီးလည်းမထိန်းသိမ်းထားနိုင်ကြပါဘူး ပြီးရင် ဆုံးရှုံးလိုက်ရတာပဲ”

ကျန်းယန် တိုက်ပွဲကွင်းပြင်ကြီးတစ်ခုလုံး၏ အခြေအနေကို နားလည်သွားခဲ့လေသည်။

ရိုးရှင်းစွာပင် တကယ်တော့ တိုက်ပွဲကွင်းပြင်ကြီးတစ်ခုလုံးကို ဂိုဏ်းကြီးများကသာ အပိုင်စီးထားကြခြင်း ဖြစ်၏။

တစ်နည်းအားဖြင့်ဆိုသော် ထိုခံတပ်ကြီးများက ဂိုဏ်းကြီးများ၏ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲက အုတ်မြစ်များသာ ဖြစ်ကြပြီး ကံကြမ္မာနှင့်ကံတရား၏သင်္ကေတဆိုလည်း မမှားပေ။ အကယ်၍ သူတို့ခံတပ်ကြီးများလုံး၀ဖျက်ဆီးခံလိုက်ရလျှင် အသစ်၀င်လာသော ပါရမီရှင်များက အစကပြန်စရတော့မည်ဖြစ်သောကြောင့် ထိုအရာကို သူတို့ကံတရားကိုဆုံးရှုံးလိုက်ရခြင်းဟု ခေါ်ဟန်ရသည်။

ပိုအရေးကြီးသည်မှာ ထိုသို့ခံတပ်များဖျက်ဆီးခံလိုက်ရလျှင် သူတို့ ဤနေရာမှရရှိနေသော ကောင်းကင်နှင့်မြေပြင်ရတနာအရေအတွက်က အကြီးအကျယ်ကျဆင်းသွားမည်ဖြစ်ပြီး သူတို့ပါရမီရှင်အချို့လည်း သေသွားနိုင်သောကြောင့် ထိုအမြင်ဖြင့်ကြည့်လျှင် ကံကြမ္မာကိုဆုံးရှုံးလိုက်ရခြင်းက ပေါ့သေးသေးကိစ္စတော့ မဟုတ်ပေ။

ကျန်းယန် ထိုဂိုဏ်းကြီးများကို ကြိတ်၍ ကျိန်ဆဲလိုက်မ်ိသည်။ ထိုကောင်များ သူ့ကိုတိုက်ပွဲကွင်းပြင်ထဲ အတင်း၀င်ခိုင်းနေခြင်းက အံ့ဩစရာ မဟုတ်တော့ပေ။

ထိုကဲ့သို့သော အခြေအနေအောက်တွင် သူ့အတွက်အသက်ရှင်နိုင်ဖို့က အတော်လေးခက်ခဲသွားရပေတော့မည်။

အတန်ကြာတွေးတောပြီးနောက် ကျန်းယန်နောက်ဆုံးတွင် ပြောလိုက်၏။

“အခုတော့ ငါတို့ဂိုဏ်းကြီးတွေရဲ့ ခံတပ်တွေကိုရှောင်ထားဦးမယ် အဲ့တာတွေကို ငါတို့ပေါ့သေးသေး‌သွားသဘောထားလို့မရဘူး အခွင့်အရေးရလာတဲ့အခါမှ သူတို့နဲ့ ရင်ဆိုင်ကြတာပေါ့

အခုငါတို့လုပ်ရမှာက အရင်းအမြစ်တွေပိုပြီး စုဆောင်းထားဖို့ပဲ

သွားကြစို့ ဒီလမ်းအတိုင်းသွားပြီး ကောင်းကင်နဲ့မြေပြင်ရတနာတွေ ရိတ်သိမ်းကြမယ်”

သူတို့အဖွဲ့ ၀င်ပေါက်အနီးမှ စတင်ထွက်ခွာလာခဲ့ပြီး ဒီတစ်ကြိမ်ကတော့ ဘယ်ဘက်သို့ ဦးတည်းသွားခြင်းဖြစ်ကာ မည်သည့်ခံတပ်ကြီးများမှမရှိသည့် အရပ်လည်း ဖြစ်သည်။

“စကားမစပ် မဟာခန်းမနဲ့ပတ်သက်ပြီး လူတိုင်းရဲ့သ‌ေဘာထားကရော ဘယ်လိုရှိလဲ” ကျန်းယန် သာမန်အတိုင်းမေးလိုက်၏။

ချင်းရှု အကူအညီမဲ့စွာ ပြုံးလိုက်ကာ

“အဲ့ဒီခန်းမတည်ရှိနေတာ နှစ်သုံးထောင်ကျော်‌ရှိသွားပြီ လူတိုင်းက နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ကြပေမယ့် ဘယ်သူမှ ခန်းမကိုမဖွင့်နိုင်ခဲ့ကြဘူး အဲ့တာကြောင့် အဲ့တာနဲ့ပတ်သက်ပြီး ဘယ်သူမှသိပ်အရေးတယူရှိမနေကြတော့ဘူး

ဒါပေမယ့်လည်း အဲ့ဒီခန်းမကဆန်းကြယ်ပြီး နက်နဲသိမ်မွေ့တယ်ဆိုတာကိုတော့ သိကြတယ်

အဲ့တာကြောင့်လည်း တိုက်ပွဲကွင်းပြင်ဖွင့်တဲ့အခါတိုင်း ဂိုဏ်းကြီးတိုင်းက အဲ့ဒီနေရာကိုစစ်ဆေးဖို့ လူတော့ ပို့တတ်ကြတယ်

ပါရမီရှင်တွေ ကောင်းကင်နဲ့မြေပြင်ရတနာ‌တွေကို ရိတ်သိမ်းလို့ပြီးတာနဲ့ လူတိုင်းကအဲ့ဒီခန်းမကို သွားစစ်ဆေးကြတယ် ဖွင့်ဖို့ တစ်ကြိမ်လောက်ကြိးပမ်းကြည့်ကြတာပေါ့ အဲ့ဒီနေရာမှာပဲ ဒီအခေါက်ရဲ့ ပါရမီရှင်တွေကြားထဲက တကယ့်ပါရမီရှင်အစစ်ကို ဆုံးဖြတ်ပေးတယ်”

“ဒါဆို…ငါတို့က အဲ့ဒီနေရာကိုတန်းသွားလိုက်ရင်ရော” ကျန်းယန် အမူအရာက ရုတ်တရက်ထူးဆန်းသ‌ွားခဲ့သည်။

ချင်းရှု သူ့ကိုအံ့အားသင့်သွားဟန်ဖြင့် ကြည့်လိုက်ပြီး

“မဟာခန်းမကိုသွားဖို့လား ဘာလုပ်မလို့လဲ အဲ့ဒီနေရာမှာ ရတနာများများစားစားလည်းမရှိဘူး ခန်းမကလည်းဖွင့်မရဘူး ပြီးတော့ ဂိုဏ်းကြီးကလူတွေလည်း အလွယ်တကူသတိထားမိသွားနိုင်သေးတယ်”

“တကယ်လို့ ငါကဖွင့်နိုင်ရင်ရော”

ချင်းရှု ရုတ်တရက်ကျန်းယန်ကိုစိုက်ကြည့်လိုက်လေသည်။

“မင်းဖွင့်နိုင်တယ်လား မင်းတစ်ခုခုသိထားလား”

ကျန်းယန် မောက်မာစွာ ပြုံးပြလိုက်၏။

“အခြားသူတွေ မတွေးနုိင်တာကို ငါတွေးနိုင်တယ် အခြားသူတွေမလုပ်နိုင်တာကို ငါလုပ်နိုင်တယ် အဲ့ဒီမဟာခန်းမကလည်း ငါဖွင့်တာကိုစောင့်နေတာပဲ မဟုတ်ဘူးလား”

ချင်းရှု ဆွံ့အသွားခဲ့လေသည်။

ကျန်းယန်က ဉာဏ်ကောင်းတာကို သူသိသော်လည်း နှစ်သံုး‌ေထာင်အတွင်း သူ့လိုဉာဏ်ကောင်းသည့်လူမျိုး မရှိခဲ့ဖူးတာ မဟုတ်ပေ။

ဘယ်ဉာဏ်ကြီးရှင်က ထိုခန်းမကို ဖွင့်နိုင်ခဲ့ပါသနည်း။

All Chapters