သတ်ဖြတ်သူ
Vol. 14 Ch. 151
“ငါတို့သွားရင်တောင် အသုံးမ၀င်ဘူး ဂိုဏ်းကြီးတွေက လူတွေက အဲ့ဒီနေရာကို စောင့်ကြပ်နေကြတာ” ချင်းရှု ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဘယ်ဂိုဏ်းကြီးကမှ ငါတို့ကိုအလွယ်တကူ အဲ့ဒီအနားကပ်ခွင့်ပေးမှာမဟုတ်ဘူး သူတို့က အဲ့ဒီထဲက အရင်းအမြစ်တွေကို မယူနိုင်ရင်တောင်မှ အခြားသူတွေကိုလည်း ယူခွင့်ပေးစရာအကြောင်းမရှိဘူးလေ”
ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့၏။ ဤအရာက အတော်လေး ဒုက္ခများသောအခြေအနေမျိုးပင်။
“အဆင်ပြေပါတယ် ငါတို့အရင်ဆုံးအင်အားစုထားပြီး နောက်မှအဖြေရှာကြတာပေါ့” ကျန်းယန် ပြောကာ သွားနေသော အရပ်မျက်နှာကိုပြောင်းလိုက်လိုက်လေသည်။
မကြာခင်တွင် သူတို့တစ်စုံတစ်ခုကို တွေ့လိုက်ရ၏။
မြစ်ကမ်းဘေးတစ်နေရာတွင် လူ ၇ယောက် ၈ယောက်ခန့် စုဝေးနေကြပြီး သူတို့ရရှိထားသော ရတနာများကို ခွဲနေခဲ့ကြသည်။
မနီးမဝေးတွင် နောက်ထပ်နှစ်ယောက်ရှိနေပြီး တစ်ယောက်က ဆေးလုံးများ သန့်စင်နေကာ တစ်ယောက်ကတော့ လက်နက်များ သန့်စင်နေခဲ့၏။
အားလုံးပေါင်းသော် ထိုနေရာတွင် စုစုပေါင်း လူ၁၀ယောက်ရှိနေခြင်း ဖြစ်သည်။
ကျန်းယန် မှန်ပြောင်းကို ချင်းရှူလက်ထဲ လွှဲပေးလိုက်၏။
“တစ်ချက်ကြည့်ကြည့် မင်းသူတို့ထဲကတစ်ယောက်ယောက်ကိုသိလား”
သူကတော့ ဂိုဏ်းထဲကဂိုဏ်းပြင်ထွက်ေသာသူမဟုတ်ေသယေကြာင့် ဘယ်သူ့ကိုမှ သိမည် မဟုတ်ပေ။
ချင်းရှု မှန်ပြောင်းကိုယူကာ အတန်ကြာအောင်ကြည့်နေပြီးနောက် ခေါင်းယမ်းပြလိုက်သည်။
“တစ်ယောက်မှမသိဘူး သူတို့ဇာစ်မြစ်ကိုလည်းမသိဘူး ဒီထဲရောက်မှဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပုံပေါ်တယ် ဒါပေမယ့် သူတို့ရထားတဲ့အထဲမှာတော့ပစ္စည်းကောင်းလေးတွေပါတယ်
အဲ့ဒီထဲကတစ်ခုက ရွှေစိတ်ဝိညာဉ်ဝါး ပဲ အဲ့တာက ရွှေအမြုတေအဆင့်တွေ ဝိညာဉ်အခြေတည်အဆင့်ကိုချိုးဖြတ်တဲ့နေရာမှာ အတော်လေးအသုံး၀င်တဲ့ ပစ္စည်းမျိုး မင်းအဲ့တာနဲ့ဆိုရင် ဝိညာဉ်အခြေတည်အဆင့်ကိုရောက်ဖို့ အခွင့်အရေးအများကြီးရှိသွားပြီ”
စစ်ထူမင်ယွဲ့ ချက်ချင်းကျန်းယန်ကို ကြည့်လိုက်၏။
“စီနီယာအစ်ကိုကြီး ညီမလေးတို့ သူတို့ကိုသတ်ရမှာလား”
ကျန်းယန်၏ ရွှေအမြုတေကထူးခြားပြီး ချိုးဖြတ်ဖို့ အရင်းအမြစ်များစွာလိုတာကို သူမသိပေသည်။ ယခုလို အခြေအနေမျိုးနှင့်ကြုံလာသောအခါတွင် သူတို့ ထိုရတနာကိုလုံး၀အလွတ်ပေးနိုင်မည် မဟုတ်ပေ။
ကျန်းယန် မျက်မှောင်အနည်းငယ်ကြုံ့သွားကာ ချင်းရှုကို ပြောလိုက်၏။
“မင်းသူတို့ကို သွားနှုတ်ဆက်ပြီး ရတနာချင်းလဲနိုင်မလဲနိုင် အရင်သွားမေးရင်ရော မင်းက ချပ်၀တ်၀တ်ထားတာဆိုတော့ မင်းခုခံနိုင်စွမ်းက အားကောင်းပါတယ် ငါလည်းနောက်ကထောက်ထားပေးမယ် သူတို့လှုပ်ရှားတာနဲ့ သတ်ပစ်မယ်”
အကယ်၍ ထိုအဖွဲ့နှင့်သာပူးပေါင်းနိုင်ခဲ့လျှင် သူတို့အတွက် ဂိုဏ်းကြီးများကို ရင်ဆိုင်ဖို့လူအင်အားရရှိသွားပေလိမ့်မည်။
ချင်းရှု ကျန်းယန်၏ဆိုလိုရင်းကို နားလည်၏။ ထို့ကြောင့် သူမြစ်ကမ်းဘေးသို့ ထွက်ခွာသွားလိုက်သည်။
တစ်ယောက်ယောက်သူတို့ဆီသို့ ချဉ်းကပ်လာတာကို မြင်သောအခါ ဝိညာဉ်အခြေတည်အဆင့်များ သတိအနေအထား ဖြစ်သွားကြ၏။
“အားလုံးပဲ မကြောက်ကြပါနဲ့ ငါက ရှို့ယိဘုရားကျောင်းက ချင်းရှု ပါ ငါဒီကိုလာတာက မင်းတို့များ ရွှေစိတ်ဝိညာဉ်ဝါးကို လဲချင်စိတ်ရှိမရှိ မေးကြည့်ချင်လို့ပါ” ချင်းရှု ဝိညာဉ်အခြေတည်အဆင့်များကို ကြည့်၍ မေးလိုက်သည်။
ဝိညာဉ်အခြေတည်အဆင့်များ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ထို့နောက် သူတို့ထဲမှတစ်ယောက်မေးလိုက်သည်။
“မင်းက ဝါးကိုဘာနဲ့လဲဖို့စီစဉ်ထားလဲ ပြီးတော့ ဒီနေရာက မင်းတို့ရှို့ယိဘုရားကျောင်းကျက်စားတဲ့နေရာ မဟုတ်ဘူးမလား”
ချင်းရှုပြုံးကာ ဖြေလိုက်၏။
“ငါက ငါ့ဂိုဏ်းသားတွေနဲ့ အတူတူလာတာမဟုတ်ပါဘူး ဒီနေရာမှာတစ်ယောက်တည်းလျှောက်သွားနေတာ ဝါးအတွက်ကတော့ သူနဲ့တန်ဖိုးညီတဲ့ ရတနာတစ်ခုခုနဲ့ လဲလှယ်ပေးမှာပါ စိတ်မပူပါနဲ့”
သူပြောပြီးသည်နှင့် ဝိညာဉ်အခြေတည်အဆင့်များ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ ရုတ်ချည်းဆိုသလို လေးငါးယောက်က ချင်းရှုဆီ ပြေး၀င်လာခဲ့ကြလေသည်။
သူ့ခေါင်းပေါ်သို့ အမျိုးမျိုးသောသိုင်းစွမ်းအားများက မိုးရွာသလို ကျလာခဲ့၏။
ဒါက ရှို့ယိဘုရားကျောင်းက ပါရမီရှင်တစ်ယောက်ပဲ သူ့မှာ တန်ဖိုးကြီးတဲ့ရတနာတွေပါလာမှသေချာတယ်!
ထိုသို့သောသူက သူတို့ရှေ့သို့တစ်ယောက်တည်းရောက်လာသည်မှာ တံခါး၀သို့ ရတနာထုပ်ကြီး လာချပေးခြင်းပင် မဟုတ်ပါလော။
ချင်းရှု ကြောင်အသွားခဲ့သည်။ သူကရိုးရိုးသားသား လဲလှယ်ဖို့ ရောက်လာချိန်တွင် ထိုသူများက သူ့ကိုသတ်ဖို့ ကြိုးစားနေခဲ့ကြ၏။
သူချက်ချင်းဆိုသလို အကာအကွယ်အလွှာကိုထုတ်လိုက်ပြီးသည့်နောက်တွင် သူ့တူကြီးထဲသို့ စိတ်ဝိညာဉ်စွမ်းအားများ ထည့်လိုက်ပြီး ရိုက်ချလိုက်ရာ မီးတန်းတစ်တန်း ထွက်ပေါ်လာခဲ့လေသည်။
“ရတနာလက်နက်တစ်ခုတောင်ရှိတယ် မိုက်လိုက်တာ!” ဝိညာဉ်အခြေတည်အဆင့်များ လောဘတက်ကုန်ကြ၏။
ကောင်းကင်မြေပြင်တွင်အလိုအပ်ဆုံးအရာမှာ လူတစ်ယောက်၏ခွန်အားကိုမြှင့်တင်ပေးနိုင်သည့် ထိုရတနာလက်နက်များပင် မဟုတ်ပါလော။
ထို့ကြောင့် သူတို့ချင်းရှုကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
သူကရှို့ယိဘုရားကျောင်းကဆိုတော့ရော ဘာဖြစ်လဲ!
အရင်ကရော တိုက်ပွဲကွင်းပြင်မှာ သေခဲ့တဲ့ ပါရမီရှင်မရှိလို့လား!
သို့သော်လည်း ချင်းရှုကိုမဲနေသော ဝိညာဉ်အခြေတည်အဆင့်ငါးယောက် သူတို့နောက်က ဆေးေဖာ်သူနှင့် လက်နက်သန့်စင်သူများကိုသတိထားဖို့တော့ လိုသွားခဲ့၏။ ရုတ်တရက်ဆိုသလို ထိုသူများ၏ ဦးခေါင်းများ ပေါက်ကွဲထွက်ကုန်ကြလေသည်။
တစ်ယောက်ခေါင်းပေါက်ကွဲသွားတာကို သတိထားမိချိန်တွင်တော့ သူတို့တုန့်ပြန်ဖို့ အချိန်မရတော့ဘဲ နောက်တစ်ယောက်ခေါင်းပေါက်ကွဲတာကိုသာ ထပ်ကြည့်လိုက်ရ၏။
“တစ်ယောက်ယောက်ရှိနေတယ် ဂရုစိုက်ကြ!”
လက်ကျန်ရွှေအမြုတေအဆင့်များ ချက်ချင်း အကာအကွယ်အလွှာများ ဖွင့်လိုက်ကြလေသည်။
ထိုအခိုက်တွင် ဧရာမကျားကြီးတစ်ကောင်နှင့် အနက်ရောင်၀တ်စုံ၀တ် အမျိုးသမီးတစ်ယောက်တို့ ထွက်ေပါ်လာခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် မိုးကြိုးတန်းများရစ်ပတ်ထားသော မြှားတစ်ချောင်းက ချင်းရှုကို ဝိုင်းထားသော ဝိညာဉ်အခြေတည်အဆင့်ငါးယောက်ထဲမှ တစ်ယောက်ဆီ ပြေး၀င်သွားခဲ့သည်။
“မင်းပဲ မင်းကအဇူရာတိမ်ဂိုဏ်းကကောင်!”
ကျားကြီးကိုမြင်လိုက်သည်နှင့် ဝိညာဉ်အခြေတည်အဆင့်များ သိရှိသွားခဲ့ကြ၏။
ကျန်းယန် ကျားကြီးကိုခေါ်ကာ တိုက်ပွဲကွင်းပြင်ထဲ၀င်သွားသောသတင်းကို လူတိုင်းသိရှိကြပြီး ကျားကြီးက သူ့ အမှတ်အသားဆိုလည်း မမှားပေ။
“ဟုတ်တယ် အဖြေမှန်တယ် ဆုတစ်ခုရမယ်” ကျန်းယန် ပြောလိုက်ကာ သူ့လေးကိုဆွဲ၍ နောက်မြှားတစ်စင်းထပ်ပစ်လိုက်ပြန်လေသည်။
“ရွှေအမြုတေအဆင့်လေး မင်းဒီရတနာကိုမသုံးနိုင်ပါဘူး ငါ့ကိုပေးလိုက် ငါမင်းအစားသုံးပေးမယ်” ဝိညာဉ်အခြေတည်အဆင့် သူ့ကိုအထင်အမြင်သေးစွာ ကြည့်ကာ ပြောလိုက်၏။
ထို့နောက် သူကျန်းယန်ဆီတိုက်ရိုက်ပြေး၀င်သွားခဲ့သည်။ အကာအကွယ်အလွှာဖွင့်ထားသောကြောင့် သူကျန်းယန်၏ မြှားများကို လုံး၀မကြောက်ပေ။
ထင်ထားသလိုပင် မြှားများက သူ့အကာအကွယ်အလွှာကိုထိသောအခါ လှိုင်းအနည်းငယ်သာထသွားစေခဲ့ပြီး မြေပြင်ပေါ် ပြုတ်ကျကုန်ကြဧ။။်
“ရွှေအမြုတေအဆင့်လေးကများ တိုက်ပွဲကွင်းပြင်ထဲမှာသေလမ်းလာရှာရဲနေသေးတယ် မင်းတို့အဇူရာတိမ်ဂိုဏ်းကဟာသပဲ မင်းရတနာကိုငါ့ကိုပေးလိုက် ငါမင်းကို လေးဘယ်လိုသုံးရမလဲ ပြပေးမယ်” ဝိညာဉ်အခြေတည်အဆင့် ကျန်းယန်ကို လှောင်ပြောင်လိုက်လေသည်။
ကျန်းယန် တကယ်ကြီးလေးကိုထိုလူ့ဆီ ပစ်ပေးလိုက်၏။
ကျန်းယန်အခုလိုအလွယ်လေးပေးလိုက်မည်ထင်မထားသောကြောင့် ဝိညာဉ်အခြေတည်အဆင့် အပျော်လွန်သွားခဲ့သည်။
သို့သော် သူလေးကိုဖမ်းတော့မည့်အချိန်တွင် ကျန်းယန်က စတင်လှုပ်ရှားလိုက်၏။
“မြေဆွဲအား နည်းစနစ်!”
“ချည်နှောင်ခြင်းနည်းစနစ်!”
“လေထုပေါက်ကွဲနည်းစနစ်!”
“အသံလှိုင်း နည်းစနစ်!”
“ပြီးတော့ အဆုံးသတ်ဖို့ ကောင်းကင်မိုးကြိုးချိန်းကြိုး!”
ပန်းကန်လုံးတစ်လုံးလောက်အထူရှိသော ကောင်းကင်မိုးကြိုးများ ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့လေသည်။ ကောင်းကင်မိုးကြိုးလေးငါးစင်းက လှုပ်မရဖြစ်နေသော ဝိညာဉ်အခြေတည်အဆင့်ပေါ် ကျဆင်းသွားခြင်းဖြစ်သောကြောင့် ထိုလူသေမသေကို သံသယရှိစရာပင် မလိုပေ။
ထို့နောက်မှ ကျန်းယန် သူ့လေးကိုသွားပြန်ကောက်လိုက်ပြီး မီးသွေးတုံးလိုမည်းနက်နေသော ဝိညာဉ်အခြေတည်အဆင့်ကို ကန်ထုတ်ပစ်လိုက်၏။
“ဒါကမင်းအတွက် ဘယ်လိုမောက်မာရမလဲဆိုတာ သင်ပေးလိုက်တာပဲ”
ဝိညာဉ်အခြေတည်အဆင့် ၁၀ယောက်ထဲမှ ၃ယောက်မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားခဲ့ရချေပြီ။
လက်ကျန် ဝိညာဉ်အခြေတည်အဆင့်များ လုံး၀တုန်လှုပ်ကုန်ကြသည်။ ထိုလူသုံးယောက်နှင့်ကျားတစ်ကောင်က အဘယ်ကြောင့်ထိုမျှသန်မာနေရပါသနည်း။
“ပြေးကြ!”
တစ်ခုခုမှားနေတာကို သတိထားမိသွားသည်နှင့် ဝိညာဉ်အခြေတည်အဆင့်များ လှည့်ပြေးကြလေတော့သည်။
သို့သော် သူတို့ထဲမှ သုံးယောက်ကို စစ်ထူမင်ယွဲ့ ကျားမိစ္ဆာနှင့်ချင်းရှုတို့ကဝိုင်းထားလိုက်သောကြောင့် ထိုသုံးယောက် ပြေးမရတော့ပေ။
ကျန်လေးယောက်ကလည်း သူတို့အဖော်များကို လုံး၀ဂရုမစိုက်ဘဲ ထွက်ပြေးကုန်ကြ၏။
ကျန်းယန် ဘားရတ်ရိုင်ဖယ်ကိုပုခုံးတွင်ထမ်းကာ ခေတ်သစ်လေးကိုကောက်ကိုင်ပြီး ထိုထွက်ပြေးသွားသော လေးယောက်နောက်သို့ လိုက်လာခဲ့သည်။
သူတို့လှုပ်ရှားပြီးပြီဆိုမှတော့ သူဘယ်သူ့ကိုမှအလွှတ်ပေးနိုင်တော့မည် မဟုတ်ပေ။
ထွက်ပြေးသွားသော ဝိညာဉ်အခြေတည်အဆင့်များထဲမှ တစ်ယောက်က အကာအကွယ်အလွှာပင် မဖွင့်နိုင်သေးတာကို တွေ့သောအခါ ကျန်းယန် ချက်ချင်းဆိုသလို လေးကိုသိမ်းကာ ဘားရတ်ရိုင်ဖယ်ဖြင့် ချိန်လိုက်ပြီး တစ်ချက်ပစ်လိုက်၏။
ကျန်းယန် အဓိကပစ်မှတ်ကိုမပစ်ဘဲ တမင်တကာ ထိုကျင့်ကြံသူ၏ လက်မောင်းကိုသာချိန်၍ ပစ်လိုက်ခြင်းဖြစ်သည်။
သူ့လက်မောင်းပြုတ်ထွက်သွားသောအခါ ထိုကျင့်ကြံသူ နာကျင်မှုကြောင့် အားကုန်အော်လိုက်မိပြီး လဲကျသွားခဲ့၏။
ထိုအော်သံကြောင့် အခြားသူများကြောက်လန့်ကုန်ကြပြီး ပိုအားစိုက်ကာ သုတ်ခြေတင် ပြေးလေတော့သည်။
ကျန်းယန် ဒဏ်ရာရနေသော ကျင့်ကြံသူကိုအညှာအတာကင်းစွာ သတ်ပစ်လိုက်ပြီး ကျန်သုံးယောက်နောက်ဆက်လိုက်လာခဲ့၏။
ကျန်းယန်က ခေတ်သစ်လေးနှင့်ဘားရတ်ရိုင်ဖယ်ကိုကိုင်ထားခြင်းဖြစ်သောကြောင့် ထိုကျင့်ကြံသူများ ကောင်းကင်ပေါ်သို့ ပျံမသွားရဲကြပေ။ ပျံတက်လိုက်လျှင် သူတို့သည် ရှင်းလင်းနေသော ပစ်မှတ်ကြီးများ ဖြစ်သွားကြပေလိမ့်မည်။
သို့သော်လည်း မြေပေါ်တွင်ပြေးခြင်းမှ ဘယ်လောက်ဝေးအောင်ရောက်နိုင်ပါမည်နည်း။
အခြေအနေကဆိုးရွားလာသည်ကိုမြင်သောအခါ ဝိညာဉ်အခြေတည်အဆင့်များ လူခွဲေပြးဖို့ ဆုံးဖြတ်လိုက်ကြ၏။
သူတို့ကခွဲပြေးသွားကြသောအခါ ကျန်းယန်လည်းရွေးချယ်စရာမရှိတော့ဘဲ ရှေ့တည့်တည့်ကလူနောက်သာ ဆက်လိုက်ခဲ့လိုက်သည်။
ထိုကျင့်ကြံသူကတော့ သွေးပျက်သွားခဲ့၏။ သုံးယောက်ရှိသည့်ကြားက ကျန်းယန်ကအဘယ်ကြောင့် သူ့နောက်သာ ဆက်လိုက်နေပါသနည်း။
ပိုဆိုးသည်မှာ ထိုရွှေအမြုတေအဆင့်၏ စိတ်ဝိညာဉ်စွမ်းအားက အလွန်နက်ရှိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူ့လိုဝိညာဉ်အခြေတည်အဆင့်ပင် အားကုန်လာချိန်တွင် ထိုကောင်၏ မြှားများကတော့ အားကောင်းနေဆဲပင်။
နောက်ဆုံးတွင် သူ့အကာအကွယ်အလွှာဖောက်ခံလိုက်ရပြီး မြှားတစ်ချောင်းက သူ့ကိုယ်ကို ဖောက်ထွက်သွားခဲ့ကာ မျက်လုံးဖွင့်လျက်ဖြင့် သေဆုံးသွားခဲ့ရ၏။
အခြားထွက်ပြေးသွားသော ကျင့်ကြံသူနှစ်ယောက်ကတော့ အခြားအဖွဲ့နှစ်ဖွဲ့ဖြင့် တိုးသွားခဲ့သည်။
“ငါတို့ကိုကယ်ပါဦး တစ်ယောက်ယောက်ငါတို့ကို အမဲလိုက်နေတယ်!” ထိုဝိညာဉ်အခြေတည်အဆင့်များ အော်ဟစ်နေခဲ့ကြ၏။
သူတို့ရှေ့က ဒါဇင်နှင့်ချီသော ဝိညာဉ်အခြေတည်အဆင့်များ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် တွန့်ဆုတ်မှုမရှိဘဲ အားအပြည့်တိုက်ကွက်များဖြင့် ထိုနှစ်ယောက်ကို အဆုံးသတ်ပေးလိုက်၏။
ဝိညာဉ်အခြေတည်အဆင့်များ အေးစက်စက်လှောင်ပြောင်လိုက်ကြသည်။
မင်းတို့ကိုကယ်ရမှာလား မင်းတို့ကိုသတ်ပြီး မင်းတို့မှာပါလာတဲ့ အကျိုးအမြတ်တွေကိုပဲ ယူလိုက်မှာပေါ့ကွ!