← Chapters

ငါ့အုတ်မြစ်ကို ပြန်သွားတူးမယ်

Vol. 14 Ch. 152

ငါ့အုတ်မြစ်ကို ပြန်သွားတူးမယ်

Vol. 14 Ch. 152

ကျန်းယန် မြစ်ကမ်းဘေးသို့ ပြန်ရောက်လာချိန်တွင် စစ်ထူမင်ယွဲ့တို့က ဆက်လက်တိုက်ခိုက်နေကြဆဲပင်။

အထူးသဖြင့် စစ်ထူမင်ယွဲ့ဖြစ်သည်။ သူမသည် အခုမှ ဝိညာဉ်အခြေတည်အဆင့်ရောက်ခါစ ဖြစ်သောကြောင့် အထွတ်အထိပ်အဆင့်ဖြစ်သော ထိုကျင့်ကြံသူကို မနည်းခုခံနေခဲ့ရသည်။ သူမတွင် မှော်လက်နက်ရှိ၍သာ ဒီလောက်တိုက်ခိုက်နိုင်နေခြင်း ဖြစ်၏။ မဟုတ်လျှင် မလွယ်လှပေ။

ကျန်းယန် ထိုကျင့်ကြံသူကိုရှင်းလင်းရန် စစ်ထူမင်ယွဲ့ကို ၀င်ကူညီပေးလိုက်လေသည်။

ထို့နောက် အခြားကျင့်ကြံသူနှစ်ယောက်ကိုလည်း အလွယ်တကူပင် ရှင်းပစ်လိုက်ကြ၏။

တိုက်ပွဲပြီးသောအခါ ကျားမိစ္ဆာနှင့်စစ်ထူမင်ယွဲ့တို့ တိုက်ပွဲမြေပြင်ကိုရှင်းလင်းရေးလုပ်ကြလေတော့သည်။ ကျန်ခဲ့သမျှ ကောင်းကင်နှင့်မြေပြင်ရတနာများကို သူတို့သိမ်းဆည်းလိုက်ကြ၏။

နှစ်ခါတောင်ရှင်းဖူးပြီးဖြစ်သောကြောင့် သူတို့ထိုအလုပ်နှင့်အသားပင်ကျနေခဲ့ကြချေပြီ။

ချင်းရှုကတော့ ခေါင်းပွင့်သွားသော အလောင်းနှစ်လောင်းကိုကြည့်နေရင်း သူ့နှလုံးသားထဲ အေးစိမ့်သွားခဲ့မိသည်။

တကယ်၍ ထိုစဉ်ကသာ ကျန်းယန် သူ့ခေါင်းကိုချိန်ခဲ့လျှင် သူလည်း ထိုအလောင်းများလို ဖြစ်သွားမည် မဟုတ်ပါလော။

သူငရဲတံခါး၀က ပြန်လာခဲ့ရသလိုပင် ခံစားလိုက်ရ၏။

စစ်ထူမင်ယွဲ့တို့ တိုက်ပွဲမြေပြင်ကိုရှင်းလင်းနေချိန်တွင် ကျန်းယန် အနီးနားတစ်ဝိုက်တွင် ဘာအန္တရာယ်ရှိနိုင်သေးလဲ စစ်ဆေးကြည့်နေခဲ့သည်။

ယခုအချိန်က ခြုံခိုတိုက်ခိုက်မှုများ အများဆုံးဖြစ်နေသည့် အချိန်ကာလမျိုး ဖြစ်၏။

စစ်ထူမင်ယွဲ့ ရတနာများအားလုံးကိုသိမ်းဆည်းပြီးသောအခါ ကျန်းယန် ပြောလိုက်လေသည်။

“နောက်တစ်ကြိမ်ဆိုရင် တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်မချင်း လူလုံးထွက်မပြကြနဲ့တော့”

“အခုက ခြုံခိုတိုက်ခိုက်မှုတွေအများဆုံးဖြစ်နေတဲ့အချိန်မျိုးပဲ ငါတို့လည်း ဒီလိုအကွက်မျိုးအများကြီးသုံးပြီးပြီ ကိုယ့်အကွက်နဲ့ကိုယ်တော့ ပြန်မခံရချင်ဘူး”

“အင်း” ချင်းရှုခေါင်းညိတ်ပြလိုက်၏။

ထို့နောက် သူမှော်ရတနာများကိုယူကာ နောက်တစ်ကြိမ်ထပ်မံ သန့်စင်နေခဲ့ပြန်သည်။

ထိုစဉ် ကျန်းယန်ကတော့ ထိုသူများကျန်ခဲ့သော ဆေးလုံးများကို ဆက်သန့်စင်နေခဲ့၏။ ထိုဆေးများက ဒဏ်ရာကုဆေးများသာဖြစ်သောကြောင့် သူထိုဆေးများကို ဆက်လက်သန့်စင်နေခဲ့ခြင်း ဖြစ်သည်။

ထိုရိုးရှင်းသောဆေးလုံးများကိုတော့ သူသန့်စင်နိုင်၏။

“ခုနက မင်းစိတ်ဝိညာဉ်စွမ်းအားကအတော်လေးနက်ရှိုင်းတာကို ငါသတိထားမိတယ် အဲ့တာက ရွှေအမြုတေအဆင့်တစ်ယောက်နဲ့ လုံး၀မတူဘူး” ချင်းရှု အလုပ်လုပ်နေရင်း ပြောလိုက်သည်။

ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“စိတ်ဝိညာဉ်စွမ်းအားနက်ရှိုင်းမှုအကြောင်းပဲ ပြောမယ်ဆိုရင်တော့ ရွှေအမြုတေအဆင့်တွေ ဝိညာဉ်အခြေတည်အဆင့်‌တွေ အားလုံးပေါင်းရင်တောင် ငါ့ကိုမီမယ့်သူ ရှိမှာမဟုတ်ဘူး”

“အို့” ချင်းရှု အံ့အားသင့်သွားခဲ့သည်။

ကျန်းယန် ပြုံးလိုက်၏။

“င့ါ့ရွှေအမြုတေက ထူးခြားတယ် အဲ့တာကြောင့်လည်း စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနီးနီးနဲ့ မရေတွက်နိုင်တဲ့ အရင်းအမြစ်တွေသုံးပြီးတာတောင် အခုထိအဆင့်မတက်နိုင်သေးတာ”

ချင်းရှုပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

သူအစကတော့ ကျန်းယန် လေကြီးနေခြင်းလို့သာထင်နေခြင်းဖြစ်ပြီး အခုလောက်အရင်းအမြစ်အများကြီး သုံးထားသည်ဟု သိလိုက်ရသောအခါတွင်တော့ သူယုံကြည်သွားခဲ့၏။ ထိုကောင့်စိတ်ဝိညာဉ်စွမ်းအားများက တကယ်ကြီး ပေါများလွန်းနေပုံပင်။

ထိုစဉ် ချင်းရှုမျက်လုံးထဲ မီးပွားတစ်ခုတောက်သွားခဲ့လေသည်။ ထို့နောက်သူအမြန်ပြောလိုက်၏။

“ဒီလိုစိတ်ဝိညာဉ်စွမ်းအားနက်ရှိုင်းပံုမျိုးနဲ့ဆိုရင် မင်းက ငါသုတေသနလုပ်နေတဲ့ မှော်ရတနာနဲ့ တကယ်လိုက်ဖက်တယ်”

“ဘယ်လိုမှော်ရတနာမျိုးလဲ”

“အဲ့တာက မျှော်စင်အမျိုးအစားရတနာမျိုးပဲ သူ့မှာ အဆင့်ငါးဆင့်ရှိတယ် တစ်ဆင့်ချင်းဆီက ဒြပ်စင်ငါးမျိုးကို အခြေခံပြီး တည်ဆောက်ထားတာ” ချင်းရှု ဆက်ရှင်းပြလိုက်သည်။ ထို့နောက် အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ဆက်ပြောလိုက်၏။

“ဒါပေမယ့် အဲ့ဒီရတနာကိုသုံးဖို့က စိတ်ကူးလို့မရအောင်နက်ရှိုင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားပမာဏလိုအပ်တယ် ဝိညာဉ်အခြေတည်အဆင့်တွေတောင် အဲ့တာကို မသုံးနိုင်ဘူး”

“သူ့စွမ်းအားကရော ဘယ်လောက်ရှိလဲ” ထိုအရာကသာ ကျန်းယန်ဂရုစိုက်သည့်အရာ ဖြစ်ပေသည်။

“သူ့စွမ်းအားကတော့…အဲ့တာက သာမန်နတ်ဝိညာဉ်အဆင့်တစ်ယောက်ရဲ့ တိုက်ကွက်တစ်ကွက်စာလောက်တော့ စွမ်းတယ်”

“ဒါဆို မင်းဘာစောင့်နေတာလဲ အဲ့တာကိုသန့်စင်တော့လေ” ကျန်းယန် ၀မ်းသာစွာ ပြောလိုက်၏။

ချင်းရှု ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ကာ

“အဲ့ဒီမှော်ရတနာကို သန့်စင်ဖို့က အတော်လေးအဆင့်မြင့်တဲ့ ကောင်းကင်နဲ့မြေပြင်ရတနာတွေလိုတယ် ပြီးတော့ သူ့ကိုအသက်သွင်းဖို့ကလည်း အတော်လေးကြီးမားတဲ့ စိတ်ဝိညာဉ်စွမ်းအားမျိုးလိုနေသေးတယ်လေ အဲ့တာကြောင့် ငါအဲ့ဒီရတနာကို ပုံစံစထုတ်တော့ ဂိုဏ်းသားတွေ လှောင်ပြောင်တာကို ခံခဲ့ရတယ်”

“သူတို့အမြင်မှာတော့ ဒီလောက်အဆင့်မြင့်ရတနာတွေသုံးပြီး နတ်ဝိညာဉ်အဆင့်တွေပဲ ကိုင်လို့ရမယ့် မှော်လက်နက်သန့်စင်နေမယ့်အစား ဘာလို့ စိတ်ဝိညာဉ်လက်နက်ပဲမသန့်စင်တော့တာလဲလို့ ထင်ကြတာပေါ့”

ပိုအရေးကြီးသည်မှာ ထိုလက်နက်က သာမန်နတ်ဝိညာဉ်အဆင့်တစ်ယောက်၏ စွမ်းအားမျိုးပဲ ထုတ်နိုင်ခြင်း‌ဖြစ်လေရာ ဘယ်နတ်၀ိညာဥ်အဆင့်က ထိုကဲ့သို့သော အရာကို ဂရုစိုက်ပါတော့မည်နည်း။

ကျန်းယန် ငေးကြောင်သွားခဲ့သည်။ ထိုကဲ့သို့သောလက်နက်မျိုးက တကယ်လည်း လက်‌တွေ့ကျမနေခဲ့ပေ။

သို့သော် ဤနေရာက ကောင်းကင်သူရဲကောင်း တိုက်ပွဲကွင်းပြင်ဖြစ်နေခဲ့သည်။

နတ်ဝိညာဉ်အဆင့်စွမ်းအားကိုထုတ်လွှတ်နိုင်သော ရတနာမျိုးသာ ဤနေရာတွင်ပေါ်လာခဲ့လျှင် ထိုရတနာက ပြိုင်ဘက်ကင်း ဖြစ်သွား‌ပေလိမ့်မည်။

စိတ်ဝိညာဉ်စွမ်းအင်အတွက်ကတော့ သူစိတ်ဝိညာဉ်စွမ်းအင်ဖြည့်တင်းဆေးများ ပိုများများသန့်စင်ထား၍ ရနိုင်၏။ တစ်ဖက်တွင် ရတနာကိုအသုံးပြုနေရင်း တစ်ဖက်တွင် ကုန်ဆုံးသွားသော စွမ်းအင်များကို ဆေးလုံးများသုံး၍ ဖြည့်နေနိုင်ခဲ့လျှင် ထိုအရာက သူ့အတွက်လုံလောက်တာထက်ပင် ပိုနေပြီ မဟုတ်ပါလော။

ထိုသို့တွေးမိသွားပြီး သူပြုံးလိုက်ကာ

“လုံး၀အသုံးမ၀င်တဲ့လူဆိုတာမရှိပါဘူး အဲ့ဒီလူကိုဘယ်နေရာမှာသုံးနေလဲဆိုတာနဲ့ပဲဆိုင်တာ အဲ့တာက ရတနာတွေအတွက်လည်းအတူတူပဲ အသုံးမ၀င်တဲ့ရတနာဆိုတာမရှိဘူး ဘယ်နေရာမှာသုံးမလဲဆိုတာနဲ့ ဆိုင်တာ တစ်ခါတလေမှာ နွားချေးတွေကတောင် မြေဩဇာအဖြစ်နဲ့ အသုံး၀င်နေနိုင်သေးတယ်”

“မင်းရဲ့ ဉာဏ်ကြီးရှင်အဆင့်လို့ ခေါ်ဆိုနိုင်တဲ့ အကြံဉာဏ်တွေက မှန်ကန်တဲ့အခြေအနေအောက်မှာဆိုရင် ကောင်းကင်ကိုတောင်ဆန့်ကျင်နိုင်တဲ့ လက်နက်တွေဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်” ကျန်းယန် ချင်းရှုကို ဆက်အားပေးလိုက်သည်။

“မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုတွေကသာမန်လူတွေပဲလေ မင်းလိုဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ အတွေးတွေကို ဘယ်လိုက်မီနိုင်မှာလဲ”

“သူတို့မင်းကိုနားမလည်ပေမယ့် ငါနားလည်တယ်”

“အဲ့ဒီမှော်ရတနာအတွက်လိုအပ်တဲ့ ပစ္စည်းတွေစာရင်းကိုထုတ်လိုက် ငါတို့ဒီ‌တိုက်ပွဲကွင်းပြင်မှာလိုက်ရှာပြီး အဲ့ဒီရတနာကို ဖန်တီးလိုက်ကြတာပေါ့”

“အင်း” ချင်းရှု ခေါင်းညိတ်ပြလိုက်ကာ သူ့နှလုံးသားထဲတွင်လည်း နွေးထွေးသွားခဲ့ရလေသည်။

“ငါလိုတာက မစ်သရယ်၊ဝူသစ်သားအဆီအနှစ်၊ ထိုက်ရီသတ္တု၊ သိပ်သည်းကြေးနီ၊ မီးတောက်သလင်းကျောက်…”

ချင်းရှုက ရတနာစာရင်းကိုတစ်ခုချင်း ရွတ်ပြသောအခါ ကျန်းယန် မျက်လုံးများ ပြူးကျယ်သွားခဲ့ရ၏။

ဤခွေးကောင်က ထိုကဲ့သို့သော အဆင့်မြင့်ရတနာများစွာကိုသုံးပြီး ဒီလိုလက်နက်မျိုးကို သန့်စင်ဖို့ ကြံစည်နေခြင်းပေလော။

သူလှောင်ခံရတာ အံ့ဩစရာမဟုတ်တော့ပေ။ ထိုအရာက လုံး၀ရူးသွပ်မှုကြီးတစ်ခုသာ ဖြစ်သည်။

ကျန်းယန် နှလုံးသားထဲတွင် နာကျင်နေသော်လည်း ခေါင်းညိတ်ပြလိုက်ကာ

“ငါတို့အကောင်းဆုံးကြိုးစားပြီး ရှာကြတာပေါ့”

ကျန်းယန် သူတို့လက်ရှိ ရှာတွေ့ထားသောရတနာများကို တွေးမိသွားပြီး

“အခု ငါတို့မှာ သိပ်သည်းကြေးနီတော့ ရှိနေပြီ…”

ရုတ်တရက်ချင်းရှု ပြောလိုက်၏။

“ငါတို့ ထျန်းကျိရေကန်ကိုသွားပြီး ငါတို့ရှို့ယိဘုရားကျောင်းမှာ ငါတို့သုံးလို့ရမယ့် ရတနာတစ်ခုခုရှိနေမလား သွားကြည့်ရင်ရော သူတို့မှာလူတွေအများကြီးရှိတာဆိုတော့ တန်ဖိုးကြီးတာတစ်ခုခုတော့ ရှိနေလောက်ပြီ”

ကျန်းယန် ရင်တစ်ချက်ခုန်သွားခဲ့သည်။

ဒီခွေးကောင်ထွက်ပြေးဖို့ ကြံနေတာများလား!

သူချင်းရှု၏ရိုးသားလှသော အမူအရာကိုကြည့်ပြီး ဝေခွဲမရဖြစ်သွားခဲ့၏။

ထိုကဲ့သို့သော အလုပ်သမားကောင်းမျိုးကိုသူဒီတိုင်းလက်လွှတ်လိုက်သင့်ပါသလော။

သို့သော်လည်း သူချင်းရှုကိုဒီတစ်ကြိမ်ယုံမပေးလိုက်လျှင် အနာဂတ်တွင်သူ့ကိုသိမ်းသွင်းဖို့က ဖြစ်နိုင်တော့မည် မဟုတ်ပေ။

သူအကျိုးအပြစ်များကိုချိန်ဆပြီးနောက် နောက်ဆုံးတွင် ပြောလိုက်လေသည်။

“မင်းပြန်သွားရင် ဘာအန္တရာယ်မှတော့ မရှိလောက်ဘူးမဟုတ်လား”

“မင်းနဲ့ငါအတူရှိနေတာကို ဘယ်သူမှမမြင်သေးဘူးလေ”

“ပြီးတော့ အခုငါကရှို့ယိဘုရားကျောင်းက လူတစ်ယောက်ပဲဖြစ်နေသေးတယ် တာအိုပေါင်းစည်းခြင်းအဆင့် ငါ့ဆရာလည်းရှိနေတော့ သူတို့ငါ့ကိုမကျေနပ်ရင်တောင် ဘာမှတော့ လုပ်ရဲကြမှာမဟုတ်ဘူး”

“ကောင်းပြီ ဒါဆိုငါတို့မင်းကို ထျန်းကျိရေကန်နားထိ လိုက်ပို့ပေးမယ် မင်းပြန်ပြီးတစ်‌ေခါက်လောက် ကြိုးစားကြည့်ပေါ့ မရနိုင်ရင်လည်း အတင်းကြီးတော့ လုပ်မနေပါနဲ့” ကျန်းယန် လေးပင်စွာ ခေါင်းညိတိပြကာ ပြောလိုက်၏။

သူခွင့်ပြုလိုက်ရသည့် အကြောင်းအရင်းက ရိုးရှင်းလှသည်။ အကယ်၍များ အလုပ်ဖြစ်သွားလျှင် သူရရှိမည့် အကျိုးအမြတ်ကအလွန်ကြီးမားပြီး အလုပ်မဖြစ်ခဲ့လျှင်လည်း အများဆုံးမှ အလုပ်သမားတစ်ယောက်နှင့် သတင်းအချက်အလက်အချို့ကို ဆုံးရှုံးလိုက်ရရုံသာ ရှိ၏။

ဘားရတ်ရိုင်ဖယ်၏ အရေးအကြီးဆုံးအပိုင်းက ကဗ္ဗည်းများဖြစ်သောကြောင့် ချင်းရှု ရိုင်ဖယ်အကြောင်းသိနေလျှင်တောင် ထိုလက်နက်ကို လိုက်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူ့တွင်ဆုံးရှုံးစရာက များများစားစား ရှိမနေပေ။

“ကျေးဇူးတင်ပါတယ်” ချင်းရှု လေးလေးနက်နက်ပြောလိုက်သည်။ ဉာဏ်ရည်မြင့်သူတစ်ယောက်အနေနှင့် ကျန်းယန် သူ့ကိုသွားခွင့်ပြုလိုက်ခြင်းက ဘယ်လောက်စွန့်စားလိုက်သောအရာမှန်း သူသိ၏။

သူတို့က သူ့ကိုလိုက်ပို့မည်ဟုပင် ပြောနေကြသေးသည်။

သူ့ဂိုဏ်းတူညီကိုများနှင့်ယှဉ်ပါက ကျန်းယန်တို့၏ သု့အပေါ် အခုလိုဆက်ဆံမှုမျိုးက မိုးနှင့်မြေလို ကွာခြားလွန်းလှ၏။

ထို့ကြောင့် သူပြန်ရောက်သည်နှင့် တတ်နိုင်သမျှ နည်းမျိုးစုံကိုသုံးကာ ရနိုင်သမျှရတနာများကို ပြန်ရအောင်ယူမည်ဟု ဆုံးဖြတ်လိုက်လေသည်။

All Chapters