← Chapters

ချင်းရှုကို လိုက်ပို့ခြင်း

Vol. 14 Ch. 153

ချင်းရှုကို လိုက်ပို့ခြင်း

Vol. 14 Ch. 153

ကျန်းယန် မြစ်ကမ်းဘေးတွင် သုံးရက်ကြာ နေထိုင်ခဲ့၏။

ထိုသုံးရက်အတွင်း သူအဆင်နိမ့်စိတ်ဝိညာဉ်ဆေးလုံးများ သန့်စင်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ချီအာဟာရဆေးလုံး ၂၀ကျော် အဆီအနှစ်ပြန်ကောင်းဆေး ၇လုံး ခန္ဓာသန့်စင်ဆေးများနှင့် ထိခိုက်ဒဏ်ရာများအတွက် အသုံးပြုရန် ‌ရွှေဒဏ်ရာဆေးများ သန့်စင်နိုင်ခဲ့သည်။

ဆေးများသန့်စင်ပြီးသောအခါ သူတို့ရရှိထားသော ဓားများကိုအရည်ကျိုကာ စိတ်ဝိညာဉ်ပစ္စည်းများထည့်ပေါင်းပြီး အဆင့်ကိုးမှော်လက်နက်သုံးခု သန့်စင်ခဲ့၏။

ထိုလက်နက်များက ဓားများသာ ဖြစ်ကြသည်။

ပိုအရေးကြီးသော အကာအကွယ်ရတနာမျိုးတော့ သူ့့တွင် တစ်ခုမှ မရှိသေးပေ။

“ငါတို့လုပ်စရာရှိတာတွေ လုပ်ပြီးပြီဆိုတော့ အခုက ချင်းရှုကိုလိုက်ပို့ဖို့အချိန်ရောက်ပြီ” ကျန်းယန် ချင်းရှုကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။

“ဒါပေမယ့် ထျန်းကျီရေကန်ဘယ်မှာရှိလဲဆိုတာ ငါတို့မသိဘူးဆိုတော့ ချင်းရှုမင်းကငါတို့ကိုလမ်းပြရမယ်”

“ပြဿနာမရှိဘူး ငါ့နောက်ကသာလိုက်ခဲ့” ချင်းရှု ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် သူတို့၀င်ပေါက်ဆီပြန်သွားခဲ့ပြီး ဗဟိုဒေသညာဘက်ပိုင်းဆီသို့ သွားရန်ပြင်ဆင်လိုက်ကြ၏။

“ငါတို့လမ်းက ယွင်ရှောင်းနန်းတော်ရဲ့အစွန်အဖျားနယ်မြေတွေကိုဖြတ်သွားရမှာ တတ်နိုင်သမျှ ခြေရာဖျောက်ထားမှရမယ် သူတို့ သတိထားမိသွားလို့မရဘူး” ချင်းရှုပြောလိုက်ကာ ကျန်းယန်ကို အဓိပ္ပာယ်ပါပါတစ်ချက်ကြည့်လိုက်ပြီး

“ငါတို့ကို ရှာတွေ့သွားတာနဲ့ ယွင်ရှောင်းနန်းတော်က စိတ်ဆိုးပြီး ငါတို့ကို အမဲလိုက်ကြလိမ့်မယ်”

ကျန်းဝူနှင့်ယွင်ရှောင်းနန်းတော်ကလူများ အဆိပ်မိသွားသည့်မြင်ကွင်းကိုပြန်တွေးမိသွားပြီး ကျန်းယန် လုပ်ချောင်းနှစ်ချက်ဟန့်လိုက်လေသည်။

ထိုကိစ္စကို သူတို့လုပ်တာမှန်း ယွင်ရှောင်းနန်းတော်မသိသေးတာသာ တော်သေး၏။ မဟုတ်လျှင် အခုချိန် ပြေးပေါက်မှားနေလောက်ချေပြီ။

ထိုအခိုက်တွင် ယွင်ရှောင်းနန်းတော်မှ ကျန်းဝူနှင့်တပည့်တစ်သိုက်၏ မျက်နှာများ ရှုံ့မဲ့နေကာ သူတို့ပါးစပ်များလည်း ရွဲ့စောင်းနေကြပြီး အခြေအနေက မကောင်းလှပေ။

အဆိပ်မိပြီးနောက် သူတို့များစွာသော ဆေးတာအိုပညာရှင်များ၏ကုသမှုကိုခံယူကာ အသက်ကိုတော့ ကယ်တင်နိုင်ခဲ့ကြသည်။

သို့သော်လည်း တိုက်ပွဲကွင်းပြင်ထဲ၀င်လာကြသော ဆေးတာအိုပညာရှင်များ၏ အရည်အချင်းက ကန့်သတ်မှုရှိ၏။ သူတို့သည် ကျန်းဝူတို့၏ အသက်ကို ကယ်တင်ပေးနိုင်ခဲ့သော်လည်း အဆိပ်အကုန်လုံးတော့ ဖယ်ရှားမပေးနိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် ကျန်းဝူတို့ခန္ဓာကိုယ်က အခုလိုအခြေအနေသို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။

ကျန်းဝူနှင့်အခြားသူများ လုံး၀ မျှော်လင့်ချက်မဲ့သွားသလို ခံစားနေခဲ့ရ၏။ သူတို့သေသွားတာက ပိုကောင်းဦးမည်လို့ပင် တွေးမိနေခဲ့ကြသည်။

အစက ချောမောခန့်ညားလှသော သူတို့မျက်နှာများက ယခုအခါ ရွဲ့စောင်းကာ ရုပ်ဆိုးလွန်းသွားခဲ့၏။

ဂိုဏ်းထဲပြန်ရောက်ပါက အကြီးအကဲများ ကုပေးနိုင်ဦးမည်ဟူသော မျှော်လင့်ချက်သာ သူတို့တွင် ရှိမနေခဲ့လျှင် သူတို့သတ်သေသွားတာ ကြာ‌လောက်ချေပြီ။

ထို့ကြောင့် ကျန်းဝူတို့နှလုံးသားထဲ အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။

သူတို့အခြေအနေကိုမြင်ကာ အခြားဂိုဏ်းသားများလည် မည်သို့စိတ်မတိုဘဲ နေနိုင်ပါမည်နည်း။

ထိပ်တန်းဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းဖြစ်သော သူတို့ကို ဘယ်ဂိုဏ်းကများ အခုလို ပေါ့ပေါ့တန်တန်သဘောထား၍ စော်ကားရဲပါသနည်း။

သူတို့ဂိုဏ်းသားများအခုလောက်အခြေအနေထိရောက်သွားအောင် အဆိပ်ခတ်ခံထားရချိန်တွင် သူတို့ကတော့ တရားခံကိုပင် ဘယ်သူမှန်း မသိရသေးပေ။

ယခုအခေါက် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲ၀င်လာသော ယွင်ရှောင်းနန်းတော်၏ ထိပ်တန်းပါရမီရှင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော ကုန်းပိုင်ဟိုင် ကျန်းဝူကိုကြည့်ကာ အေးစက်စက်ပြောလိုက်၏။

“အဲ့ဒီတောင်ကုန်းလေးကို သေချာထပ်စစ်ဆေးဖို့ လူလွှတ်လိုက် ဘယ်သူလုပ်ခဲ့တာလဲဆိုတာ သေချာထောက်လှမ်းခဲ့ သဲလွန်စတစ်ခုမှ မကျန်ခဲ့စေနဲ့

တရားခံကိုသိတာနဲ့ ငါကိုယ်တိုင် သွားဖြေရှင်းမယ်

ဘယ်လိုကြွက်သူခိုးမျိုးက ဒီလိုနည်းလမ်းမျိုးကိုသုံးပြီး ငါတို့ဂိုဏ်းသားတွေကို အဆိပ်ခပ်ရဲလဲ ငါကြည့်ချင်သေးတယ်”

တခဏရပ်တန့်ပြီးနောက် ကုန်းပိုင်ဟိုင် ဆက်ပြောလိုက်သည်။

“စံုစမ်းဖို့ လူထပ်ပို့လိုက်”

သူတို့ ယွင်ရှောင်းနန်းတော်၏ခံတပ်တိုက်ခိုက်ခံရမှာကိုတော့ သူလုံး၀ စိတ်မပူပေ။ သူတို့သည် တိုက်ပွဲကွင်းပြင်ထဲသို့ သုံးကြိမ်တိုင်တိုင်၀င်ဖူးပြီးဖြစ်ပြီး ပြင်ဆင်မှုများစွာပြုလုပ်ထားသောကြောင့် သူတို့ခံတပ်ကိုတစ်ယောက်ယောက်က ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှာမျိုး ဘယ်လိုမှ ဖြစ်နိုင်မည် မဟုတ်ပေ။

အခြားထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းကလှုပ်ရှားတာမဟုတ်လျှင် သူတို့ကိုဘယ်သူမှတိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ထို့နောက် ယွင်ရှောင်းနန်းတော်အဖွဲ့ စစ်ဆေးရန် တောင်ငယ်လေးဆိီသို့ ဦးတည်သွားခဲ့လေသည်။

ထိုအခိုက်တွင် ကျန်းယန်တို့ကလည်း ထျန်းကျိရေကန်သို့ အသွားလမ်းတွင် ယွင်ရှောင်းနန်းတော်နယ်မြေကို ဖြတ်သန်းနေချိန် ဖြစ်၏။

အဝေးမှပင် ယွင်ရှောင်းနန်းတော်မှ ကျင့်ကြံသူများ ရှေ့နောက်ပျံသန်းနေကြသည်ကို သူတို့မြင်နေခဲ့ကြရသည်။

“သူတို့လှုပ်ရှားနေပြီ” ကျန်းယန် မျက်မှောင်ကြုံ့လိုက်၏။

ထိုကဲ့သို့သော ပျံသန်းနေသော သက်ရှိပစ်မှတ်များကို မျက်စိရှေ့တွင်မြင်နေရပြီး ပစ်၍မရသည်မှာ အတော်လေးနှမြောစရာကောင်းလှသည်။

သူပစ်ချလိုက်လျှင် အခြားဝိညာဉ်အခြေအတည်အဆင့်တစ်ယောက် တန်းသတိထားမိသွားမည်ဖြစ်သောကြောင့် သူတစ်ချက်မှ မလှုပ်ရှားရဲပေ။

ချင်းရှု အမြန်ပြာလိုက်၏။

“သူတို့တစ်ခုခုရှာတွေ့သွားတာ သေချာတယ် ငါတို့ဘေးကင်းအောင် ဒီနေရာက မြန်နိုင်သမျှမြန်မြန် ထွက်သွားဖို့လိုတယ်”

ထိုအရာသည် တိုက်ပွဲကွင်းပြင်ထဲက ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်း၏ အင်အားဖြစ်ပြီး သူတို့လုံး၀ယှဉ်နိုင်သော အရာမဟုတ်ပေ။

ကျန်းယန် အသာအယာခေါင်းညိတ်ပြလိုက်ကာ တမင်သက်သက် ယွင်ရှောင်းနန်းတော်နှင့် ခပ်ဝေးဝေးမှ ပတ်၍ သွားခဲ့သည်။ ထိုမှသာ လိုအပ်လာလျှင် သူတို့ဘက်က အကွာအဝေးအသာဖြင့် ပစ်ခတ်နိုင်မည် ဖြစ်သည်။

ထိုအခိုက်တွင် တောင်ငယ်လေးပေါ်၌ ယွင်ရှောင်းနန်းတော်ကကျင့်ကြံသူများ အသည်းအသန်ရှာဖွေစစ်ဆေးနေခဲ့ကြ၏။ ထိုစဉ် ကျင့်ကြံသူတစ်ယောက် အော်ပြောလိုက်သည်။

“ငါတို့ သဲလွန်စတစ်ခု ရှာတွေ့ပြီ”

ဝိညာဉ်အခြေတည်အဆင့်များ ချက်ချင်းရောက်လာခဲ့ကြပြီး သူတို့မြင်လိုက်ရသည်မှာ ကျားခြေရာကြီးတစ်ခု ဖြစ်နေခဲ့၏။

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှာ ဘာသားရဲမှမရှိဘူး ဒီတစ်ခေါက်၀င်လာတဲ့အထဲမှာလည်း ကျားပါလာတာ တစ်ယောက်ပဲရှိတယ်”

“အဇူရာတိမ်ဂိုဏ်း!”

ယွင်ရှောင်းနန်းတော်မှ ကျင့်ကြံသူများ ဒေါသဖြင့် အံကိုကြိတ်လိုက်မိကြသည်။

အဇူရာတိမ်ဂိုဏ်းလို ဂိုဏ်းလေးမျိုးက သူတို့ကို ယခုလို ပြုမူရဲပါသလော။

သူတို့က အဇူရာတိမ်ဂိုဏ်းကို ဘာပြဿနာမှမရှာရသေးခင်တွင် ထိုဂိုဏ်းကသူတို့ကိုအရင် လာစော်ကားနေခဲ့၏။

“ငါတို့က ဘာပဲဖြစ်ဖြစ် သူတို့ကိုရှင်းပစ်ဖို့ စီစဉ်ထားတာပဲဆိုတော့ ဒီကောင်တွေကို တွေ့ရာနေရာမှာ ရှင်းလိုက်ကြတာပေါ့” ဒါဇင်နှင့်ချီသော ကျင့်ကြံသူများ ဒေါသတကြီး အော်ပြောလိုက်ကြသည်။

‌ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် မျက်မှောင်ကြုံ့လိုက်ကာ

“အဓိကပြဿနာက သူတို့ဘယ်မှာပုန်းနေလဲဆိုတာ မသိတာပဲ”

“လူနှစ်ယောက်နဲ့ ကျားတစ်ကောင်တည်းပဲရှိတာ သူတို့ထဲက တစ်ယောက်ကလည်း ရွှေအမြုတေအဆင့် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ သူတို့တစ်လက်မတောင်ရွေ့လို့ရမှာမဟုတ်ဘူး ကျန်းဝူနဲ့အခြားသူတွေ ဂရုမစိုက်လို့သာ ခြုံခိုတိုက်ခံလိုက်ရတာ သူတို့ခွန်အားနဲ့ ဘာများလုပ်နိုင်မှာလဲ”

“ဆိုတော့ သူတို့အဝေးကြီးရောက်နိုင်ဦးမှာမဟုတ်ဘူး ဒီနားတစ်ဝိုက်မှာပဲ တပ်ဖြန့်ပြီး ရှာကြ”

“တွေ့တာနဲ့ ချက်ချင်း သတင်းပို့”

“သူတို့ဝင်ပေါက်နားမှာပဲ ပုန်းနေပြီး တိုက်ပွဲကွင်းပြင်ပြန်ဖွင့်တဲ့အချိန်ထိ အဲ့နေရာမှာ စောင့်နေလောက်လား”

“၀င်ပေါက်ကို စစ်ဆေးဖို့ လူလွှတ်လိုက်”

ချက်ချင်းဆိုသလို များစွာသော ကျင့်ကြံသူများ ၀င်ပေါက်ဆီဦးတည်သွားခဲ့ကြပြီး အခြားသူများကတော့ အရပ်မျက်နှာများစွာခွဲ၍ ရှာဖွေရန် ထွက်သွားခဲ့ကြသည်။

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ထွက်ခွာသွားသော အရပ်က ကျန်းယန်တို့အဖွဲ့ဦးတည်နေသော အရပ်ဖြစ်နေခဲ့ပြီး သူတို့နှစ်ဖွဲ့ တဖြည်းဖြည်းပိုပိုနီးကပ်လာခဲ့၏။

ကျန်းယန်နှင့်အခြားသူများ ထျန်းကျိရေကန်ဆီ ဦးတည်သွားနေရင်း သူတို့ဆီသို့ တစ်ယောက်ယောက်ချဉ်းကပ်လာတာကို သတိထားမိသွားခဲ့ကြသည်။ ကျန်းယန် ချက်ချင်းဆိုသလို မှန်ပြောင်းကိုထုတ်၍ ကြည့်လိုက်ရာ ထိုလူက ယွင်ရှောင်းနန်းတော်မှလူဖြစ်မှန်း မှတ်မိသွားခဲ့၏။

သူချက်ချင်း ဘားရတ်ရိုင်ဖယ်ကိုထုတ်ကာ ချိန်လိုက်လေသည်။

“သူတို့က ငါ့တံခါး၀ထိ အစာထုပ်ကို လာပို့ပေးနေမှတော့ ငါလည်းယဉ်ကျေးမနေတော့ဘူး”

သူချက်ချင်း မပစ်ခတ်ခဲ့ပေ။ အရင်ဆုံး အနီးနားပတ်ပတ်လည်ကို မှန်ပြောင်းဖြင့် ကြည့်ရှုလိုက်ပြီး ဘယ်သူမှမရှိတာ သေချာမှ ကဗ္ဗည်းများကို အသက်သွင်းလိုက်၏။

ကျန်းယန်တို့ကို နတ်အာရုံသုံး၍ ထောက်လှမ်းနေသော ဝိညာဉ်အခြေတည်အဆင့် သူ့ဆီကိုတစ်ခုခု ပျံသန်းလာနေသည်ကို ခံစားလိုက်မိပြီး တစ်ခုခုတော့ မှားနေသည်ကို သတိထားမိသွားခဲ့သည်။

သို့သော် သူ့ပထမဆုံးတုန့်ပြန်မှုက မြေပြင်ပေါ် ခုန်ဆင်းလိုက်ဖို့မဟုတ်ဘဲ အကာအကွယ်အလွှာကိုအသက်သွင်းဖို့သာ ဖြစ်ခဲ့သောကြောင့် သူ့အကာအကွယ်အလွှာကိုအပြည့်အ၀အသက်မသွင်းနိုင်ခင်တွင် ကျည်ဆန်က သူ့ကိုယ်တစ်ပိုင်းလုံးကို ဖျက်ဆီးသွားခဲ့၏။ သူ့ကိုယ်မြေကြီးပေါ် ပြုတ်ကျသွားသောအခါတွင်တော့ လှုပ်နိုင်စွမ်း မရှိတော့ပေ။

“သွားတော့!”

ကျန်းယန် တစ်ချက်ပစ်ပြီးသည်နှင့် ချက်ချင်းဆိုသလို ချင်းရှုကို ထိုနေရာမှ အမြန်ထွက်ခွာဖို့ ပြောလိုက်လေသည်။

ကျန်းယန်၏ လှုပ်ရှားမှုကို မြင်သည်နှင့် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်တော့ သွားပြီဖြစ်မှန်း ချင်းရှု သိလိုက်၏။

သူခေါင်းကိုသာ ခါယမ်းလိုက်မိသည်။

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲကလူတိုင်းသည် ပါရမီရှင်များသာ ဖြစ်ကြ၏။

သို့သော်လည်း ထိုပါရမီရှင်များက ဤသေနတ်ပြောင်းအောက်တွင် ဘဲလိုကြက်လို သေဆုံးနေခဲ့ကြရသည်။

ဤတစ်ကြိမ် တိုက်ပွဲကွင်းပြင်သည် သမိုင်းတစ်လျှောက်လုံးတွင် ပါရမီရှင်သေဆုံးမှုအများဆုံး အကြိမ်ဖြစ်မှာ သေချာနေ၏။

ယွင်ရှောင်းနန်းတော်ကလူများ သူတို့နယ်မြေထဲ ခြေကျင်းလိမ်အောင်ရှာဖွေနေကြချိန်တွင် ရှို့ယိဘုရားကျောင်းနယ်မြေထဲ ရောက်သွားမှသာ ချင်းရှု သက်ပြင်းချလိုက်နိုင်ခဲ့သည်။

“ဒါက ငါတို့နယ်မြေပဲ မင်းစိတ်ပူနေစရာမလိုတော့ဘူး” ချင်းရှု ပြုံးကာ ပြောလိုက်၏။

ကျန်းယန် ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး သူ့နှလုံးသားကတော့ပိုပြီးတင်းကြပ်လာခဲ့သည်။

“ငါတို့ ထျန်းကျိကန်ကိုရောက်ရင်တော့ မင်းလုံခြုံရေးကိုစိတ်ပူစရာမလိုတော့ပါဘူး” ကျန်းယန်ပြောလိုက်ပြီး အနားကတောင်တစ်လုံးကို လက်ညှိုးထိုးပြလိုက်ကာ

“မင်းရတနာတွေရလာပြီး ပြန်လာရင် ငါတို့ကိုအဲ့ဒီတောင်မှာ လာရှာလိုက် ငါတို့အဲ့ဒီမှာစောင့်နေမယ်”

“ငါ့ကို ၅ရက်ကနေ၇ရက်အထိစောင့်နေ ငါကျိန်းသေပေါက်ပြန်လာခဲ့မယ်” ချင်းရှု လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်ပြီး ထျန်းကျိရေကန်ဘက်သို့ ရဲ့ဝံ့စွာဦးတည်၍ ထွက်ခွာသွားခဲ့လေသည်။

ချင်းရှု ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသောအခါ ကျန်းယန် ဆန့်ကျင်ဘက်အရပ်သို့ သွားမည့်အစား ယွင်ရှောင်းနန်းတော်နယ်မြေထဲ ပြန်၀င်သွားခဲ့၏။ ထို့နောက် သူပုန်းစရာနေရာတစ်ခုရှာကာ ရှို့ယိဘုရားကျောင်းနယ်မြေထဲက တောင်ကို ယွင်ရှောင်းနန်းတော်နယ်မြေဘက်ခြမ်းမှ ကြည့်ရှုနေခဲ့သည်။

သူ့နှလုံးသားထဲတွင်တော့ အနည်းငယ် မသေချာမရေရာဖြစ်နေခဲ့၏။

ချင်းရှု အမှန်တကယ် ပြန်လာပါမည်လော။

All Chapters