← Chapters

ကျိရှုကို မောင်းထုတ်ခြင်း

Vol. 14 Ch. 155

ကျိရှုကို မောင်းထုတ်ခြင်း

Vol. 14 Ch. 155

“ဂျူနီယာမောင်လေး မှောင်တောင်မှောင်တော့မယ် ဘာလို့တစ်ယောက်တည်း အပြင်ထွက်နေတာလဲ”

ကျိရှု ချင်းရှုကို ထူးဆန်းစွာကြည့်လိုက်ပြီး တစ်ခုခုတော ့ထူးဆန်းနေပြီဟု ခံစားလိုက်ရသည်။

ချင်းရှုသည် ရုတ်တရက်ရက်ပေါင်းများစွာ ပျောက်သွားခဲ့ခြင်းဖြစ်ပြီးသူဘယ်ရောက်သွားသလဲ ဘယ်သူမှ မသိခဲ့ကြပေ။

ထို့နောက် သူရုတ်တရက်ပင် ပြန်ပေါ်လာခဲ့၏။

ပြန်လာပြီးနောက် သူသည် လူတိုင်းကိုရတနာအနည်းငယ်ကူညီသန့်စင်ပေးခဲ့ပြီးနောက်တွင် နောက်တစ်ကြိမ်ထပ်၍ထွက်သွားချင်နေခဲ့ပြန်ချေပြီ။

“ငါတို့ ကောင်းကင်နဲ့မြေပြင်ရတနာတွေ အများကြီးစုဆောင်းပြီးသွားပြီ လက်နက်တွေအမြန်သန့်စင်ဖို့ လိုနေပြီ” ကျိရှု ချင်းရှုကို တွန်းအားပေးလိုက်သည်။။

“နင့်ရဲ့ လက်နက်သန့်စင်ပညာက ငါတို့ထဲမှာ အမြင့်ဆုံးပဲ ငါတို့အဆင့်မြင့်ရတနာတွေသန့်စင်ဖို့ နင့်ကိုအားကိုးရဦးမှာ”

ချင်းရှု မျက်မှောင်ကြုံ့့လိုက်ကာ တောင်တစ်လုံးဆီ လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်၏။

“ကျွန်တော် အဲ့ဒီတောင်ကိုသွားဖို့လိုတယ်”

တကယ်တော့ သူလွန်ခဲ့တဲ့နှစ်ရက်ကတည်းက ထွက်လာချင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုအဆင့်မြင့်ရတနာများကိုယူပြီး ထွက်ခွာသွားဖို့က အတော်လေး အန္တရာယ်များလွန်းလှ၏။

ထို့ကြောင့် သူထိုရတနာများကို သာမန်မှော်ရတနာများအဖြစ် မရရအောင်သန့်စင်ပစ်ပြီးမှ ရုပ်ဖျက်ကာ ယူလာရ၍သာ အခုလောက် ကြာသွားခဲ့ခြင်းဖြစ်သည်။

သူထွက်သွားတော့မည့် အချိန်မှ ကျိရှုနှင့်တည့်တည့်တိုးခဲ့ရပြန်၏။

ထို့ကြောင့် အလွန်အမင်းကြောက်လန့်သွားပြီး ဘာဆက်လုပ်ရမယ်မသိ ဖြစ်သွားခဲ့သည်။

အကယ်၍ ကျိရှုသာ သူ့တကယ့်ရည်ရွယ်ချက်ကို ရှာတွေ့သွားလျှင် သူလွတ်တော့မည် မဟုတ်ပေ။ သူသည် ကျိရှု၏ပြိုင်ဘက်လုံး၀ ဟုတ်မနေခဲ့ပေ။

“အဲ့ဒီတောင်ပေါ်မှာ ဘာရှိလို့လဲ” ကျိရှု မျက်မှောင်အနည်းငယ်ကျုံ့ကာ မေးလိုက်၏။

“နင်အဲ့ဒီမှာ ကောင်းကင်ရတနာရှာတွေ့ထားလို့လား”

“ဟုတ်တယ် ကျွန်တော်အရင်ကတည်းက အဲ့ဒီပေါ်မှာသာမန်မဟုတ်တဲ့ ကောင်းကင်ရတနာတစ်ခုခုရဲ့ အငွေ့အသက်ကိုအာရုံခံမိထားတာ အခုမှသတိရသွားလို့လေ” ချင်းရှု ဖြေလိုက်သည်။

သူ့မုသားက အဓိပ္ပာယ်တော့မရှိလှပေ။

ဤနေရာက ရှို့ယိဘုရားကျောင်းနယ်မြေဖြစ်ပြီး ဤနေရာတစ်ခုလုံးကို ရှို့ယိဘုရားကျောင်းက ရှာဖွေထားပြီးသားဖြစ်ကာ ထိုတောင်အတွက်လည်း အတူတူပင်။

သို့သော် ထိုစကားကို ရတနာသန့်စင်သူဖြစ်သော ချင်းရှုကိုယ်တိုင်က ပြောလာခြင်းဖြစ်သောကြောင့် ကျိရှု သံသယမ၀င်ခဲ့ပေ။

“ဒါဆို အမြန်သွားစစ်ဆေးကြည့်ရအောင် ငါတို့ရတနာကိုရတာနဲ့ ချက်ချင်း ပြန်ကြမယ်” ကျိရှု ထူးမခြားနား ပြောလိုက်သည်။

နောက်ဆုံးတွင် ထိုနေရာက အဝေးကြီးလည်းမဟုတ်ပေ။ သူမခွန်အားနှင့်ဆိုပါက ကြောက်နေစရာ ဘာမှမရှိပေ။

ထိုစဉ် ရုတ်တရက်ဆိုသလို ကျိရှု နှလုံးသားထဲ အကြောက်တရားတစ်ခု ရုတ်ချည်းထိုးတက်လာခဲ့၏။ သူချက်ချင်းဆိုသလို အတွေးတစ်ချက်ဖြင့် မှော်ရတနာကို အသက်သွင်းလိုက်သည်။

“ကလန်….”

ရွှေရောင်ကျည်ဆန်က မှန်တစ်ချက်နှင့်ရိုက်ခတ်မိသွားသည့် အသံထွက်ပေါ်လာပြီး မီးပွားများ ထွက်ပေါ်သွားခဲ့၏။

“တစ်ယောက်ယောက်ရှိနေတယ် ဂျူနီယာမောင်လေး ဂရုစိုက်”

ကျိရှုအော်ပြောလိုက်ကာ သူ့ကိုယ်တစ်ခုလုံးကိုဖုံးကွယ်ထားပေးသော ရွှေရောင်၀တ်ရုံတစ်ထည် ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။

“ဝုန်းးး”

နောက်ထပ်ကျည်ဆန်တစ်တောင့် ထွက်ပေါ်လာခဲ့ပြန်ပြီး သူ့မမှော်ရတနာအကာအကွယ် ပြင်းထန်စွာ လှုပ်ခါသွားခဲ့၏။ ထိုအခါမှ ကျိရှု သူမကိုပစ်ခတ်နေသော လက်နက်ကိုမြင်လိုက်ရပြီး ထိုအရာက ရွှေရောင်ကျည်ဆန်တစ်တောင့် ဖြစ်နေခဲ့သည်။

သူမအမူအရာပြောင်းလဲသွားကာ ချင်းရှုကို အော်ပြောလိုက်၏။

“ဂျူနီယာမောင်လေး အဲ့ဒီတောင်ကိုမသွားနဲ့တော့ ထျန်းကျိရေကန်ဆီ ပြန်ဆုတ်တော့ ငါတို့ရှို့ယိဘုရားကျောင်းနယ်မြေထဲမှာ ဘယ်သူကတိုက်ခိုက်ရဲသလဲ

ငါတစ်ချက်သွားကြည့်လိုက်မယ်”

ထို့နောက် သူမသည် ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်ခွန်အား အကာအကွယ်မှော်ရတနာနှင့် လက်ထဲတွင်ကိုင်ဆောင်ထားသော မှော်ရတနာများ၏ ခွန်အားကို အားကိုးကာ ကျည်ဆန်၏လားရာဖြစ်သော တောင်ပေါ်သို့ တဟုန်ထိုး ပြေးထွက်သွားခဲ့လေသည်။

သူ့ပစ်ချက်နှစ်ချက်လုံး အလုပ်ဖြစ်မသွားသောအခါ ကျန်းယန်အမူအရာ တည်ကြည်သွားခဲ့၏။

ထိုအခါမှ သူထိုဂိုဏ်းကြီးများမှ တပည့်များ၏ ခွန်အားကိုဖြုံသွားခဲ့မိသည်။ ထိုသူများအတွက် အပြင်လောကနှင့် ဤတိုက်ပွဲကွင်းပြင်က သိပ်ကွာခြားမှု မရှိလှပေ။

များစွာသော မှော်ရတနာများကိုကိုင်ဆွဲထားသော ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်တစ်ယောက်၏ခွန်အားက သု့အတွက် ဤနေရာတွင်ထားဦး အပြင်လောကတွင်ဆိုလျှင်တောင် ကြောက်မက်ဖွယ်ပြိုင်ဘက်တစ်ဦး ဖြစ်နေမည် ဖြစ်သည်။

ကျန်းယန် သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းလိုက်ပြီး ကျည်ဆန်များတစ်တောင့်ပြီးတစ်တောင့် ပစ်သွင်းနေခဲ့၏။

သို့သော် မှော်ရတနာအကာအကွယ်ရှိနေသော ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်တစ်ယောက်၏ ခုခံစွမ်းက သာမန်သေမျိုးလက်နက်မျှဖြင့် ချိုးဖြတ်နိုင်သောအရာ မဟုတ်ပေ။

မီတာ ၇၀၀ ၈၀၀ အကွာက ကျိရှုကို သူကျည်‌ဆန်ငါးတောင့်ပစ်သွင်းပြီးနောက်တွင် သူမသည် သူနှင့် မီတာ ၁၀၀အတွင်းသို့ ရောက်ရှိလာခဲ့သည်။

ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ ဘားရတ်ရိုင်ဖယ်ကိုချပြီး ခေတ်သစ်လေးကို ကောက်ကိုင်လိုက်၏။

ထို့နောက် လေးကြိုးကိုဆွဲပြီး မြှားတစ်စင်းပစ်လွှတ်လိုက်ရာ ‌မိုးကြိုးစွမ်းအားများ ရစ်သိုင်းနေသော မြှားက ကျိရှုဆီပြေး၀င်သွားခဲ့လေသည်။

သို့သော် ထိုမြှားကလည်း ကျိရှု၏ အကာအကွယ်အလွှာကို မဖောက်နိုင်ခဲ့ပေ။

“ဒီလို မှော်ရတနာလောက်နဲ့ငါ့ကိုဘာမှလုပ်လို့ရမှာမဟုတ်ဘူး” ကျိရှုကျယ်လောင်စွာ အော်ပြောလိုက်၏။

“နင်ကဘယ်ဂိုဏ်းကလဲ နင့်ခွန်အားကိုကြည့်ရတာ သိပ်မဆိုးလှဘူး ငါတို့ရှို့ယိဘုရားကျောင်းနဲ့ပူပေါင်းလိုက် ငါတို့ တိုက်ပွဲကွင်းပြင်ကထွက်ရတဲ့အချိန်ကျ ငါနင့်ကိုလွှတ်ပေးမယ်”

ကျန်းယန် မြှားသုံးချောင်းပစ်ပြီးချိန်တွင်တော့ ကျန်းရှုက သူနှင့်မီတာ ၂၀အတွင်းသို့ ရောက်ရှိလာခဲ့သည်။

အကယ်၍ သူမသာ ထိုဆန်းကြယ်သော ရွှေရောင်ကျည်နှင့်မြှားကို သတိထားမနေရလျှင် ကျန်းယန်ဆီရောက်နေတာ ကြာနေလောက်ချေပြီ။

နီးကပ်လာသော ကျိရှုကို ကြည့်ပြီး ကျန်းယန် လေးကိုလည်း ချလိုက်၏။

ထို့နောက် စိတ်ဝိညာဉ်စွမ်းအားများ တိတ်တဆိတ်စုထားလိုက်ကာ ကောင်းကင်နှင့်မြေပြင်နိယာမများကို ရွှေ့လိုက်လေသည်။

သူမဆီ မြှားများ ကျည်ဆန်များ ရောက်မလာတော့သောအခါ ကျိရှု သူမခြေလှမ်းများကိုအရှိန်လျှော့လိုက်၏။

ခုနကအသုံးပြုခဲ့သောနည်းလမ်းများအရ တစ်ဖက်လူက ရိုးရှင်းပုံတော့ မပေါ်ပေ။

အကယ်၍ သူမစီနီယာများအရင်ကချန်ထားခဲ့သော အကာအကွယ်မှော်ရတနာသာ ရှိမနေခဲ့လျှင် သူမသည် ပထမဆုံးပစ်ချက်ကတည်းက သေနေလောက်ချေပြီ။

ထို့ကြောင့် သူမခွန်အားကိုစုစည်းထားကာ ဖြည်းဖြည်းချင်းချဉ်းကပ်လာရင်း ပြောလိုက်သည်။

“ငါက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲကို ၀င်လာတဲ့ ရှိုယိဘုရားကျောင်းရဲ့တပည့်တွေကို ဦးဆောင်လာတဲ့လူတွေထဲက တစ်ယောက်ပါ ငါ့ဂုဏ်သိက္ခာနဲ့ထပ်ပြီး ကျိန်ဆိုရဲတယ် ငါခုနကပြောခဲ့သလိုပဲ နင်သာငါတို့နဲ့ပူးပေါင်းရင် နင့်အတွက်မနစ်နာစေရဘူး နင်ငါတို့ကို အပြည့်အဝယုံကြည်ထားလို့ရတယ်”

ကျန်းယန် အံ့အားသင့်သွားခဲ့၏။

ထိုတာအိုပညာရှင်အမျိုးသမီးက အသိစိတ်လွတ်နေခြင်းပေလော။

သူမသည် အခုလို အခြေအနေမျိုးတွင်ပင် သူ့ကိုစည်းရုံးသိမ်းသွင်းနေခဲ့သေးသည်။

စည်းရုံးသိမ်းသွင်းခြင်းက ကောင်းသောအရာဖြစ်သော်လည်း အခုလိုအခြေအနေမျိုးတွင် လာလုပ်လျှင်တော့ သူ့ကို ကောင်းကင်နှင့်မြေပြင်နိယာမများ ပိုကြာကြာရွှေ့ခွင့်ပေးလိုက်သလိုပင် ဖြစ်၏။

နောက်ဆုံးတွင် ကျိရှု ကျန်းယန်ပုန်းအောင်းနေသော မြက်များထဲသို့ ၀င်ရောက်လာခဲ့ပြီး သူမနှင့်သူသည် ၇မီတာ ၈မီတာလောက်သာ ဝေးတော့သည်။

ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

“ရှို့ယိဘုရားကျောင်းက ကျိရှုက ဒီလောက်လေးစားစရာ ကောင်းလို့လား ငါတို့ယွင်ရှောင်းနန်းတော်က နင်တို့အောက်ကျစရာဘာအကြောင်းမှမရှိဘူး အရူးမက ငါ့အနားကပ်လာရဲသေးတယ် သေလိုက်တော့!”

သူအတန်ကြာအောင် စုဆောင်းထားသော ကောင်းကင်နှင့်မြေပြင်နိယာမများကို အသုံးပြုကာ အားကုန်ထုတ်၍ တိုက်ခိုက်လိုက်လေသည်။

“ဝုန်းးး”

နားကွဲလုမတတ်မြည်သံကြီးထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းလဲသွားခဲ့၏။

ဟင်းသောက်ပန်းကန်လုံးအရွယ်ရှိသော မိုးကြိုးလုံးကြီးများ ကောင်းကင်မှကျဆင်းလာခဲ့ပြီး မီတာ၃၀ပတ်လည်နေရာတစ်ခုလုံးကို မိုးကြိုးများက ဖုံးလွှမ်းသွားခဲ့သည်။

ကျိရှု ကြောက်လန့်သွားပြီး သူမမြင်လိုက်ရသော မြင်ကွင်းကိုပင် မယုံကြည်နိုင်ဖြစ်သွားခဲ့၏။

ထိုကဲ့သို့သော မိုးကြိုးပင်လယ်ကြီးက နတ်ဝိညာဉ်အဆင့်များသာထုတ်လွှတ်နိုင်သော စွမ်းအားမျိုး မဟုတ်ပါလော။

လူတိုင်းက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲရောက်လာတာ မကြာသေးလေရာ ဘယ်သူမှတော့ နတ်ဝိညာဉ်အဆင့်ကို မရောက်ရှိနိုင်သေးပေ။ ထိုအရာက ထိုကျင့်ကြံသူသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်မဖြစ်‌နိုင်ဘဲ ကြောက်မက်ဖွယ်မှော်ရတနာတစ်မျိုးမျိုးရှိနေခြင်းသာ ဖြစ်နိုင်သည်ဟု ဆိုလိုနေခဲ့သည်။ ထို့အပြင် သူ့စကားအရသူသည် ယွင်ရှောင်းနန်းတော်မှ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်နိုင်၏။ ယွင်ရှောင်းနန်းတော်မှလူ၏ ခြုံခိုတိုက်ခိုက်မှုဆိုလျှင်တော့ ဤနေရာတွင် ထိုပါရမီရှင်တစ်ယောက်တည်း ရှိနေတာမျိုး မဖြစ်နိုင်တော့ပေ။

ကျိရှု တွေးမိလေလေ ပိုကြောက်လာလေလေဖြစ်လာလေပြီး သူ့ရင်ထဲ အကြောက်တရားများ ပြည့်နှက်လာကာ နောက်လှည့်ပြီး ထွက်ပြေးလေတော့သည်။

သူမအကာအကွယ်မှော်ရတနာများကို အပြည့်အ၀အသက်သွင်းကာ ထိုနေရာမှာ တဟုန်ထိုးထွက်ပြေးခြင်း ဖြစ်သော်လည်း မီတာသုံးဆယ်ပတ်လည် မိုးကြိုးပင်လယ်ကြီးထဲသို့ ဖြတ်သန်းရရာတွင် မိုးကြိုးများက သူ့အကာအကွယ်အလွှာကို တဝုန်းဝုန်းရိုက်ခတ်နေပြီး မှော်ရတနာများ၏ အလင်းရောင်ပင် ပိုပိုမှေးမှိန်လာခဲ့၏။

နောက်ဆုံးမှသာ သူထိုမိုးကြိုးပင်လယ်ထဲက လွတ်မြောက်သွားခဲ့လေသည်။

သူမစိတ်အေးသွားခဲ့ချိန်တွင် မီးတောက်တစ်ခုက သူမဆီပြေး၀င်လာခဲ့ပြီး သူမအကာအကွယ်အလွှာပေါ်တွင် မီးပွားများ ပွင့်သွားခဲ့၏။

ထို့နောက် ချက်ချင်းဆိုသလို မြှားများက သူမဆီတစ်ချောင်းပြီးတစ်ချောင်း ပြေး၀င်လာခဲ့ပြန်သည်။

သူမအကာအကွယ်အလွှာကလည်း တဖြည်းဖြည်းပိုပိုမှေးမှိန်လာလေရာ သူမနှလုံးသားထဲ အကြောက်တရားများဖြင့် ပြည့်နှက်လာခဲ့ရ၏။

သူမအကာအကွယ်အလွှာသာ ပျက်ဆီးသွားခဲ့လျှင် သူမသေဖို့ သေချာနေသည် မဟုတ်ပါလား။

သူမအစကတည်းက ဒီနေရာတွင် ခြုံခိုတိုက်ခိုက်သူကယွင်ရှောင်းနန်းတော်မှလူဟုထင်ထားခဲ့ခြင်းဖြစ်ပြီး အခုလို အခြေအနေသို့ ကျရောက်လာရသောအခါတွင်‌ေတာ့ သူမဘာကိုမှမတွေးနိုင်တော့ဘဲ ထျန်းကျိ‌ကန်ဆီသို့သာ သုတ်ခြေတင်ပြေးလေတော့သည်။

ကျန်းယန် သူ့လေးကို ပြန်ချလိုက်၏။ ကျည်ဆန်နောက်နှစ်တောင့်ပစ်ပြီးချိန်တွင်တော့ ကျိရှုကို သူ့မြင်ကွင်းထဲတွင် မမြင်ရတော့ပေ။

ကျိရှု ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ ကျန်းယန် ဘားရတ်ရိုင်ဖယ်ကိုထမ်းကာ ‌ခေတ်သစ်လေးကိုကောက်ကိုင်လိုက်ပြီး ချင်းရှုကိုရှာဖို့ ထွက်လာခဲ့လိုက်သည်။

ရွှေရောင်ကျည်ဆန်ကိုမြင်ကတည်းက လှုပ်ရှားလိုက်သူသည် ကျန်းယန်ဖြစ်မည်မှန်း ချင်းရှု သိနေပြီးသားဖြစ်၏။

သူအစက ဘယ်လိုရှောင်ထွက်ရမလဲတွေးရင်း အကြပ်ရိုက်နေချိန်တွင် ကျန်းယန်ကအချိန်ကိုက်ထွက်ပေါ်လာလေရာ သူဘာမှမလုပ်တော့ဘဲ အချိန်ကိုက်သာ ပုန်းနေလိုက်သည်။

ပုန်းနေစဉ်တွင် ကျိရှုကစွမ်းအားကြီးလွန်းသောကြောင့် ကျန်းယန်ကိုင်တွယ်နိုင်ပါ့မလားဟု စိတ်ပူနေခဲ့မိသေး၏။

သို့သော် နောက်ထပ်မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူကြက်သေသေသွားခဲ့ရသည်။

မိုးကြိုးမိုးများ ကောင်းကင်ပေါ်က ရွာချနေခြင်း….

ဤအရာက ရွှေအမြုတေအဆင့်တစ်ယောက်လုပ်နိုင်သောအရာပေလော။

ကျန်းယန်က မှော်ရတနာများနှင့်ကျိရှုကို မောင်းထုတ်လိုက်သည်ကို မြင်လိုက်ရသောအခါတွင်တော့ သူထပ်ပြီး ငေးကြောင်သွားခဲ့ရပြန်၏။

ထိုအမျိုးသမီးက ရှို့ယိဘုရားကျောင်း၏ ထိပ်တန်းပါရမီရှင်များထဲက တစ်ယောက်ဖြစ်ပေသည်။

ကျန်းယန် သူ့ဆီလျှောက်လာသည်ကိုမြင်သောအခါ ချင်းရှုပုန်းနေရာကထွက်လာပြီး ကျန်းယန်ကိုအားကျမနာလိုဖြစ်နေဟန်ဖြင့် ကြည့်လိုက်ပြီး

“မင်းဘယ်လိုကျင့်ကြံတာလဲ ငါ့ကိုသင်ပေးပါလား”

All Chapters