← Chapters

အထင်လွဲခြင်း

Vol. 14 Ch. 156

အထင်လွဲခြင်း

Vol. 14 Ch. 156

ကျန်းယန် ချင်းရှုကိုခေါ်ကာ ယွင်ရှောင်းနန်းတော်ဘက်ဆုတ်ခွာလာခဲ့ပြီး လမ်းတွင်တမင်သက်သက် သဲလွန်စများ ချန်ထားပေးခဲ့လိုက်သည်။

ချင်းရှုဆီက သူ့ကိုယ်ပိုင်ပစ္စည်းများကိုယူကာ မြေပေါ်တွင် တမင်ပစ်ချပေးထားခဲ့ပြီး ချင်းရှု ကျကျန်ခဲ့သလိုပင် လုပ်ထားခဲ့သေး၏။

သူတို့ ယွင်ရှောင်နန်းတော်နယ်မြေထဲ ရောက်သောအခါတွင်မူ ထိုနယ်မြေကို စက်ဝိုင်းပုံဘေးမှ ရှောင်ကွင်း၍ ရှေ့ဆက်သွားခဲ့သည်။

သူတို့ဂိုဏ်းကြီးနှစ်ဂိုဏ်းပိုင်နယ်မြေများကို ကျော်လွန်လာသောအခါမှသာ ကျန်းယန် စိတ်အေးသွားခဲ့ရ၏။ သူချင်းရှုပုခုံးကိုပျော်ရွှင်စွာ ပုတ်လိုက်ပြီး မေးလိုက်သည်။

“ဆိုတော့ မင်းအောင်မြင်ခဲ့လား”

“ကြည့်လိုက်” ချင်းရှု မှော်ရတနာများစွာကို ထုတ်ပြလိုက်၏။

“ငါအဲ့တာတွေကို မှော်ရတနာတွေအဖြစ် တိုက်ရိုက်သန့်စင်ပစ်လိုက်တာ အဲ့တာကြောင့်လည်း အချိန်၂ရက်လောက်ပိုကြာသွားတာ စိတ်မပူပါနဲ့ ဒါတွေက ထိခိုက်မသွားဘူး အကောင်းအတိုင်းပဲ ပြန်သုံးလို့ရသေးတယ်”

“ကောင်းတယ်” ကျန်းယန် ၀မ်းသာသွားခဲ့လေသည်။

သူ၀မ်းသာခြင်းမှာ တစ်ဖက်တွင်ချင်းရှုကို အနာဂတ်တွင်လည်း ယုံကြည်၍ရပြီဖြစ်သောကြောင့်ဖြစ်ပြီး တစ်ဖက်တွင်လည်း ရှို့ယိနန်းတော်မှရတနာများကို ပြန်ယူလာနိုင်သည်အထိ သူ့အရည်အချင်းက ကောင်းလွန်းလှ၏။

ထိုရတနာများသည် ရှို့ယိနန်းတော်ကစုဆောင်းထားသည့် ရတနာများဖြစ်သောကြောင့် ထိုထဲတွင် အလွန်ရှားပါးသော ထိပ်တန်းရတနာအချို့ပင် ပါ၀င်နေသေးသည်။

ထိုစဉ် ချင်းရှု အနည်းငယ်ဝေခွဲမရဖြစ်နေဟန်ဖြင့် ပြောလိုက်၏။

“ငါတို့ သန့်စင်ဖို့ ရတနာပစ္စည်းတစ်ခုလိုနေသေးတယ် ငါသေချာစစ်ဆေးကြည့်ခဲ့ပေမယ့် အဲ့တာက ရှို့ယိနန်းတော်ကရတနာတွေထဲမှာမရှ်ိဘူး ငါတို့အဲ့တာကို တစ်နေရာရာမှာ ရှာရမယ်”

“ဘာပစ္စည်းလဲ” ကျန်းယန်မေးလိုက်လေသည်။

“မိုးကြိုးသလင်းကျောက်တုံး” ချင်းရှု လေးလေးနက်နက်ပြောလိုက်၏။

“အဲ့တာက အတော်လေးအရေးကြီးတဲ့ပစ္စည်းပဲ လက်နက်ရဲ့ စွမ်းအားဘယ်လောက်အထိထုတ်နိုင်မလဲဆိုတာက မိုးကြိုးသလင်းကျောက်တုံးဘယ်လောက်ကောင်းမလဲ ဆိုတာနဲ့တောင် တိုက်ရိုက်သက်ဆိုင်နေတယ် အဲ့တာက အပြင်လောကမှာလည်း အရမ်းရှားတယ် ဒီတိုက်ပွဲကွင်းပြင်ထဲမှာပဲ တွေ့နိုင်တာ

ကျန်းယန် ခပ်ဟဟရယ်မောလိုက်သည်။

“အဆင်ပြေပါတယ် ငါတို့ရတနာတွေအများကြီးကိုတောင်ရှားပြီးပြီပဲ မိုးကြိုးသလင်းကျောက်တုံးကိုရှာဖို့ နည်းလမ်းကိုလည်းရှာတွေ့မှာသေချာတယ်”

ချင်းရှု မျက်မှောင်ကြုံ့ကာ တခဏတွေးတောလိုက်ပြီး ပြောလိုက်၏။

“တွေးကြည့်လိုက်တော့ ဒီတိုက်ပွဲကွင်းပြင်ထဲမှာ ကွေ့ယွမ်ဘုရားကျောင်းထိန်းချုပ်ထားတဲ့ ကျောက်တုံးသစ်တောကပဲ အဲ့ဒီမိုးကြိုးသလင်းကျောက်တုံးကို ထုတ်လုပ်ပေးနိုင်တာ အဲ့ဒီကျောက်တုံးက အရမ်းတန်ဖိုးကြီးတယ် နောက်ပြီး ကွေ့ယွမ်ဘုရားကျောင်းက တိုက်ပွဲကွင်းပြင်ရဲ့ ဟိုဘက်အခြမ်းမှာရှိနေတာ သူ့နယ်မြေကိုရောက်ဖို့ ငါတို့လမ်းမှာ ဂိုဏ်းကြီးတွေရဲ့ ခံတပ်တွေကို ဖြတ်သွားရမယ်”

ကျန်းယန် တခဏတွေးပြီးနောက် မေးလိုက်၏။

“ကွေ့ယွမ်ဘုရားကျောင်းနဲ့ ရှို့ယိဘုရားကျောင်းကြားက ဆက်ဆံရေးက ဘယ်လိုနေလဲ မင်းသူတို့နဲ့ ရတနာချင်းလဲလှယ်ရအောင် ညှိနှိုင်းလို့ရလောက်လား”

(Translatore note- ကွေ့ယွမ်ဘုန်းကြီးကျောင်းလို့ မသုံးတော့ဘဲ ကွေ့ယွမ်ဘုရားကျောင်းလို့ပဲ သုံးပါတော့မယ် ကွေ့ယွမ်က ဗုဒ္ဓဘာသာဘုရားကျောင်း ရှို့ယိက တာအိုဘုရားကျောင်းပါ)

“အတော်ခက်လိမ့်မယ်” ချင်းရှု ခေါင်းယမ်းလိုက်ကာ

“ရှို့ယိဘုရားကျောင်းနဲ့ ကွေ့ယွမ်ဘုရားကျောင်းကြားမှာ ပဋိပက္ခရယ်လို့တော့ မရှိဘူး ဒါပေမယ့် ရင်းရင်းနှီးနှီးလည်းမရှိဘူး ပြီးတော့ ငါတို့မှာ မိုးကြိုးသလင်းကျောက်တုံးနဲ့ တန်ဖိုးတူတဲ့ ရတနာမျိုးမရှိဘူး”

ကျန်းယန်ပြုံးလိုက်၏။

“ဒါပေမယ့် ငါတို့မှာဒါဇင်နဲ့ချီတဲ့ တံဆိပ်ပြားတွေရှိတယ်လေ”

ချင်းရှုတခဏကြောင်အသွားပြီး ကျန်းယန်ကို အံ့အားသင့်နေဟန်ဖြင့် ကြည့်လိုက်လေသည်။

သူသည်တကယ်ကြီး ကံကြမ္မာအမှတ်များနှင့်လဲလှယ်ဖို့ စဉ်းစားနေခြင်းပေလော။

ကျန်းယန် ဆက်ပြောလိုက်၏။

“ငါတို့အရင်ဆုံးလဲလှယ်ရမယ် ပြီးမှ ပြန်ယူလို့ရတာပဲ”

“ဒါဆို ကျောက်တုံးတောအုပ်ဆီ အရင်သွားကြည့်ကြရအောင်” ချင်းရှု ခေါင်းညိတ်ပြလိုက်လေသည်။

ကျန်းယန်လည်း သဘောတူလိုက်ပြီး ဒီညတော့ အနားယူဖို့ ဆုံးဖြတ်လိုက်ကြ၏။

ထိုညတွင် ကျန်းယန် ချီအာဟာရဆေးလုံးများ မြိုချခဲ့ပြီး သူ့ချီစွမ်းအားကိုအမြဲပုံမှန်အတိုင်း ဖြစ်နေစေရန် ထိန်းထားလိုက်သည်။

ထိုစဉ် ထျန်းကျိရေကန်တွင် များစွာသောပုံရိပ်များ စုဝေး၍ ထိုင်နေကြပြီး စုတ်ပြတ်နေသော ကျိရှု၏အနေအထားကို မည်းမှောင်နေသောမျက်နှာထားများဖြင့် ကြည့်ရှုနေခဲ့ကြ၏။

“ဒီတစ်ခေါက် ငါသတိပေါ့သွားတယ်” ကျိရှု ခါးသက်သက်ပြောလိုက်သည်။

“ယွင်ရှောင်းနန်းတော်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့လူတစ်ယောက်ရှိနေမယ်လို့ ငါထင်မထားခဲ့မိဘူး သူ့မှာ ဓားပျံတွေနဲ့ယှဉ်နိုင်တဲ့ အဝေးပစ်လက်နက်နှစ်ခုရှိတယ် သူ့စွမ်းအားက သာမန်ဓားပျံစွမ်းအားလောက်ပဲရှိတာဆိုပေမယ့် အဲ့ဒီလက်နက်တွေကို အတော်လေးသာမန်ဆန်တဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာ”

“ပြီးတော့ ယှဉ်လို့မရအောင်စွမ်းအားကြီးတဲ့ ကောင်းကင်နဲ့မြေပြင်နိယာမတွေကို ထိန်းချုပ်နိုင်တဲ့ ရတနာတစ်မျိုးလည်း ရှိသေးတယ် အဲ့ဒီရတနာက နယ်မြေတစ်ခုလုံးကိုထိန်းချုပ်ပြီး မိုးကြိုးပင်လယ်ကြီးအဖြစ်ပြောင်းပစ်နိုင်တယ်”

“တွက်ကြည့်ရရင် အဲ့ဒီရတနာရဲ့ စွမ်းအားက အဆင့် ၅ ရတနာအဆင့် ‌လက်နက်လောက်တော့ အစွမ်းရှိလောက်တယ်”

ထိုမိုးကြိုးပင်လယ်က ရတနာတစ်ခုခုကြောင့် ဖြစ်ပေါ်လာရခြင်းဟု သူမယုံကြည်နေခဲ့သည်။

မည်းမှောင်နေသောမျက်နှာထားဖြင့် လင်းရှု ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ယွင်ရှောင်းနန်းတော်မှာ တကယ်ပဲ နက်ရှိုင်းတဲ့အုတ်မြစ်ရှိတယ် သူတို့မှာ ဒီလိုစွမ်းအားမျိုးရှိတာ ဆန်းတော့မဆန်းဘူး

ဒီလိုစွမ်းအားမျိုးကိုထုတ်လွှတ်နိုင်တဲ့သူက သူတို့ရဲ့အဓိက ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်ပဲဖြစ်ရမယ်”

အဘယ်ကြောင့် ထိုကဲ့သို့သောပါရမီရှင်မျိုးက အစောကြီး ပေါ်လာရပါသနည်း။

“အို့ ဟုတ်သားပဲ ဂျူနီယာညီမလေးကျိရှု နင်ကဘာလို့အဲ့နေရာကို ရောက်သွားတာလဲ”

ကျိရှုအကူအညီမဲ့စွာ ပြောလိုက်၏။

“ချင်းရှုက အဲ့တောင်ပေါ်မှာ တန်ဖိုးရှိတဲ့ရတနာတစ်ခုခုရှိတယ်ထင်ပြီး အတင်းသွားချင်နေတာလေ ပြီးတော့ အချိန်ကလည်းမှောင်နေပြီ အဲ့တော့ ညီမလေးမှာ သူနဲ့အဖော်လိုက်သွားဖို့ကလွဲ ရွေးစရာမရှိတော့ဘူး”

သူလူတိုင်းကိုကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။

“ရှင်တို့အားလုံးသူ့ကိုမကြိုက်ဘူးဆိုတာ သိပါတယ် ဒါပေမယ့်လည်း ဒီနေရာမှာ ကျွန်မတို့သူရဲ့အရည်အချင်းကို တကယ်ပဲ လိုအပ်တယ်

စကားမစပ် ချင်းရှုဘယ်မှာလဲ”

လူတိုင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။

“ဟုတ်သားပဲ ချင်းရှုရော”

သူတို့အားလုံး သူ့ကိုလိုက်ရှာလိုက်ကြသည့်အချိန်မှ ချင်းရှုထွက်သွားမှန်း သိသွားကြရသည်။

ပုံမှန်အားဖြင့် ဘယ်သူမှသူ့ကိုဂရုမစိုက်သောကြောင့် သူရှိမရှိကို ဘယ်သူမှ ဂရုမစိုက်မိခဲ့ကြပေ။

“ကျွန်မတိုက်ခိုက်နေတုန်းက သူ့ကိုထွက်ပြေးဖို့ ပြောခဲ့တယ် သူပြန်ရောက်နေသင့်တာမဟုတ်လား”

“သူနေတဲ့နေရာကို သွားရှာကြည့်”

မကြာခင်တွင် သတင်းပို့သူပြန်ရောက်လာခဲ့ပြီး ချင်းရှုထိုနေရာတွင်လည်း မရှိမှန်း သတင်းပို့ခဲ့၏။

လူတိုင်းကြောင်သွားခဲ့ကြသည်။

သူက အဘယ်သို့ ‌ဒီလိုကြီးပျောက်သွားရပါသနည်း။

“သူအရင်တစ်ခါပျောက်သွားတာလည်း ရက်အတော်ကြာသွားတယ် မဟုတ်မှလွဲရော သူထပ်ပြီး ထွက်ပြေးပြန်ပြီလား” လင်းရှု ပြောလိုက်၏။

“ဒီကိစ္စက ရိုးရှင်းပုံတော့မရဘူး” ကျိရှု မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“ယွင်ရှောင်းနန်းတော်က အရေးကြီးပုဂ္ဂိုလ်တစ်ယောက်က နယ်စပ်မှာပေါ်လာတယ် ချင်းရှုကလည်းအဲ့ဒီနေရာမှာ တန်ဖိုးကြီးရတနာတစ်ခုခုရှိတယ်လို့ ယူဆနေခဲ့တယ် အဲ့ဒီအရာတွေကြားထဲမှာ အချိတ်အဆက်တစ်ခုခုရှိလောက်လား”

အကြာကြီးဆွေးနွေးပြီးသည့်နောက် နောက်နေ့တွင် သူတို့ထိုနေရာကို ပြန်သွားစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ကြ၏။

အနည်းဆုံးတော့သူတို့ချင်းရှုကို ပြန်ရှာတွေ့ကောင်း တွေ့နိုင်ပေသည်။

သို့သော် သူတို့သွားရှာသောအခါ ယွင်ရှောင်းနန်းတော်နယ်မြေထဲ ထွက်ပြေးသွားသော သဲလွန်စများကိုသာ တွေ့ခဲ့ရပြီး ချင်းရှုကိုတော့ ဘယ်နေရာမှာမှ မတွေ့ခဲ့ရပေ။

သေချာရှာပြီးသည့်နောက်တွင် သူတို့ ချင်းရှု၏ပစ္စည်းများကို လမ်းတစ်လျှောက်တွင် ‌တွေ့ခဲ့ကြရ၏။

ရလဒ်အနေဖြင့် ရှို့ယိဘုရားကျောင်းက လူများက ယွင်ရှောင်းနန်းတော်ခံတပ်ဆီရောက်သွားကာ ချင်းရှုကို ပြန်တောင်းခဲ့ကြလေသည်။

သို့သော် ယွင်ရှောင်းနန်းတော်က ချင်းရှုကိုမည်သို့ထုတ်ပေးနိုင်ပါမည်နည်း။

ဤသို့ဖြင့် ဂိုဏ်းကြီးနှစ်ခုကြား အဖုအထစ်များရှိလာခဲ့ပြီး အခြေအနေက တင်းမာလာခဲ့၏။

ထိုစဉ် ကျန်းယန်နှင့်သူ့လူများ ‌ဖုန်းဆိုးမြေတစ်ခုကို ဖြတ်သန်းသွားနေခဲ့ကြသည်။

“ငါတို့ဒီနေရာကိုဖြတ်ပြီးသွားရင် အနန္တဝိညာဉ်ဂိုဏ်းရဲ့ ခံတပ်ကိုရောက်လိမ့်မယ်” ချင်းရှု ရှေ့ကိုလက်ညှိုးထိုးပြကာ ပြောလိုက်၏။

“အဲ့ဒီနေရာက ကောင်းကင်နဲ့မြေပြင်ရတနာတွေပြည့်နေတဲ့ တောအုပ်ကြီးတစ်ခုပဲ အဲ့တာက အနန္တဝိညာဉ်ဂိုဏ်းရဲ့ သစ်တောပျောက် ဆိုလည်းဟုတ်တယ် ကောလာဟလတွေအရတော့ အနန္တဝိညာဉ်ဂိုဏ်းက သစ်တောပျောက်ကြီးထဲမှာ ၀င်္ကပါတစ်ခု တည်ဆောက်ထားတယ်တဲ့ ငါတို့လိုအ၀င်အထွက်လမ်းမသိတဲ့လူတွေက ၀င်္ကပါထဲမှာ လမ်းပျောက်သွားပြီး နောက်ဆုံးကျ အနန္တဝိညာဉ်ဂိုဏ်း ဖမ်းဆီးတာကို ခံလိုက်ကြရလိမ့်မယ်”

“အို့” ကျန်းယန် စိတ်၀င်စားသွားခဲ့သည်။

“သူတို့၀င်္ကပါက စွမ်းအားကြီးလား”

“အရမ်းစွမ်းအားကြီးတယ်” ချင်းရှု ခေါင်းညိတ်ပြလိုက်၏။

“အဲ့တာကို လွန်ခဲ့တဲ့နှစ်ခြောက်ရာတုန်းက ၀င်္ကပါပါရမီရှင် လီဖန်ကျိုးက တည်ဆောက်ခဲ့တာ အခု‌ေတာ့ အနန္တဝိညာဉ်ဂိုဏ်းရဲ့ တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲပေါ့”

ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“ငါသူ့အကြောင်း ဆရာဒေါ်လေး ၄ ပြောတာ ကြားဖူးတယ်”

ထိုသူသည် ပိလင်းကျိ ၀င်္ကပါပညာဆည်းပူးချင်သည့် ၀င်္ကပါပညာရှင်များထဲမှတစ်ယောက်ဖြစ်ပေသည်။

“အဲ့တာကြောင့် သစ်တောပျောက်က အတော်လေးပြဿနာရှိတယ်” ချင်းရှု ၁၀လီပတ်လည်လောက်ရှိသော တောအုပ်ကြီးကို လက်ညှိုးထိုးပြလိုက်ကာ

“ငါတို့ဘေးက ပတ်သွားရင်လည်း အချိန်ဘယ်လောက်ယူရမလဲ မသိဘူး အဲ့တာက အချိန်အဝောာ်လေး ဖြုန်းရာ ကျသွားလိမ့်မယ်”

ကျန်းယန် တောအုပ်ကြီးကို ကြည့်ရှုလိုက်သည်။ ထိုမျှကြီးမားသောတောအုပ်ကြီးကို ပတ်သွားဖို့က အတော်လေးတော့ ခက်နေပေလိမ့်မည်။

အပေါ်က ပျံသွားဖို့ကျ‌ပြန်တော့လည်း အနတ္တဝိညာဉ်ဂိုဏ်းက လူများက အကန်းများ ဟုတ်မနေကြပေ။

တစ်ယောက်ယောက်က‌ သူတို့ခံတပ်ပေါ်မှ ဖြတ်ပျံသွားခဲ့လျှင် ထိုဂိုဏ်းကလူများထွက်လာပြီး ကျူးကျော်သူကို သတ်ပစ်မှာ သေချာပေသည်။

ကျန်းယန် တခဏ‌တွေးတောပြီးနောက် ရုတ်တရက်ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်၆၀၀တုန်းက လီဖန်ကျိုးရဲ့ ၀င်္ကပါပညာက အခုလောက်တော့ စွမ်းအားမကြီးလောက်သေးဘူးမလား”

စာစဉ်ပြီး၏

All Chapters