ငါ့ကို တာ၀န်ယူရမယ်
Vol. 151 Ch. 2233
“ နင့်ကို လာတွေ့တာလေ ..” ကျီချင်းရန် ညင်သာစွာ ပြော၍ သူမ၏ အိတ်ထဲကနေ တစ်သျှူးတစ်ရွက် ထုတ်ပြီး ချွေးတို့ ရွှဲနစ်နေသည့် လင်းရီ၏ နဖူးကို သုတ်ပေးလိုက်သည်။
လင်းရီ ပြုံးလိုက်မိ၏။ “ ငါ တခြား ဘယ်မှ မသွားဘူးဆိုတော့ ဒါဆိုလည်း စည်းကမ်းချိုးဖောက်တယ်လို့ သတ်မှတ်လို့မရဘူး … ဟုတ်တယ်နော်….”
ကျီချင်းရန်၏ ရင်ဘက် တုန်ခါသွာသည်။ လင်းရီထိုသို့ ပြောလေ၊ သူမ ပို၍ မသက်မသာ ခံစားရလေပင်။
“ ငါ နင့်ကို တားမြစ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး ..” ကျီချင်းရန် နူးညံ့စွာ ပြောဆိုလိုက်ပြီး “ နင့်အတွက် မလွယ်ကူဘူးဆိုတာ ငါသိတယ် … ငါ နင့်ဘေးနားလေးမှာ တည်ရှိပြီး နင့်ကို ပံ့ပိုးပေးချင်တယ် … ဒါပေမယ့် နင်က ငါ့ကို အခွင့်အရေး မပေးဘူး … ငါ နင့်ကို အနောက်က အော်တာ နင်က ကြားလည်း မကြားဘူး ….”
လင်းရီ၏ အပြုံးက ထပ်မံ၍ ထွက်ပေါ်လာသည်။ “ မင်းရဲ့ စကားလုံးတွေနဲ့တင် လုံလောက်နေပါပြီ….”
ခေတ္တခန့် အနားယူပြီးနောက် လင်းရီ၊ ကျီချင်းရန်နှင့် လော့ချီတို့ ထွက်လာခဲ့ကြပြီး လူနာခန်းဘက်သို့ ဦးတည်လိုက်ကြ၏။
…..
လင်းရီ ရောက်တာတာကို မြင်တော့ အုပ်စုမှာ ချက်ချင်းပဲ ဘေးတစ်ဖက်သို့ ကပ်ရပ်လိုက်သည်။ သူတို့မှာ အသက်ပင် ဝဝ မရှူဝံ့ကြပေ။
ယွီစီယင်နှင့် ကျောက်ယွင်ဟူတို့ သတိပြန်မလည်လာသေးတာကို မြင်တော့ သူတို့တွေ တိုးညှင်းစွာ ဆိုလာကြ၏။
“ ဘော့စ် … ဒါ ကျုပ် အပြစ်ပါ …” စွေ့ချန်က လင်းရီရှေ့တွင် ရပ်တန့်၍ ပြောလိုက်ပြီး “ စစ်ဆင်ရေးမှာ စောင့်ကြည့်ဖို့ တာဝန်ယူထားတဲ့ကြားက တစ်ဖက်လူ ပေါ်လာတာကို သတိမူမိဖို့ ကျရှုံးခဲ့တယ် … ကျုပ်ကြောင့် အသင်းထဲက လူနှစ်ယောက် ထိခိုက်ခဲ့ရတယ် …”
“ အစ်ကိုရီ … ကျွန်မလည်း တာဝန်မကင်းဘူး …” ကျန်းချောင်ယွဲ့က ရှေ့သို့ တက်လာ၍ ပြောလိုက်ပြီး “ အဲ့ဒီအချိန်တုန်းက အစ်မယင်နဲ့ ကျွန်မက ဆေးသေတ္တာကို တွေ့တာနဲ့ မစ်ရှင်ပြီးပြီဆိုပြီး စိတ်ထဲ ပေါ့သွားကြတယ် … ဒါကြောင့် ကျွန်မ ပတ်ဝန်းကျင်ကို လုံးဝ သတိမေ့နေတဲ့အချိန် အစ်မယင်က ကျွန်မကိုယ်စား ကျည်ဆံကို ခံယူသွားပေးခဲ့တာပဲ ….”
“ ဒါက မင်းတို့ချည်းသပ်သပ် မစ်ရှင် ထမ်းဆောင်တဲ့ ပထမဆုံးအကြိမ်လေ … ဒီလောက်လုပ်နိုင်တာကိုက ချီးကျူးဖို့ကောင်းလှပြီ … ကိုယ့်ကိုယ်ကို အပြစ်တင်စရာ မလိုဘူး ….” လင်းရီပြောလိုက်ပြီး “ ဒီမှာ ဘာလုပ်စရာမှ မရှိဘူး … နေရာရှာပြီး နားလိုက်ကြ … နောက်ဆက်တွဲ ကိစ္စတွေကို ငါကိုယ်တိုင် …..” ထိုနေရာ အရောက်တွင် လင်းရီ စကားကို ခေတ္တရပ်နားလိုက်ပြီး “ တခြားလူကို ကိုင်တွယ်ဖို့ စီစဉ်လိုက်မယ် …. မင်းတို့ ဘာမှ စိတ်ပူစရာ မလိုဘူး … သွားတော့ …”
အုပ်စုမှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ထို့နောက် တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြသည်။
ထိုအချိန်၌ နင်ချဲ့နှင့် ချိုးယွီလော့တို့ အနားရောက်လာသည်။
“ နင်လည်း တစ်ညလုံး ခွဲစိတ်ထားရတာဆိုတော့ ပင်ပန်းနေမှာပဲ … ဒီမှာ ဘာစောင့်ကြည့်စရာမှ မလိုဘူး … ဆရာဝန်တွေ စီစဉ်လိမ့်မယ် ….”
“ အဆင်ပြေတယ် … ငါ သူတို့ သတိလည်လာတဲ့အထိ စောင့်လိုက်မယ် ….”
“ ဒီကိစ္စအတွက် ငါတို့မှာလည်း တာဝန်ရှိတယ် … နောက်တစ်ခါ ဒါမျိုး ရှိလာခဲ့ရင် ငါတို့နှစ်ယောက်လည်း လိုက်သွားမယ် …”
လင်းရီ ခါးသက်စွာ ပြုံးလိုက်သည်။
“ ဒါက အသင်းတစ်ရဲ့ ကိစ္စပါ … မင်းတို့နှစ်ယောက်နဲ့ ဘာဆိုင်လို့ … စည်းမျဉ်းတွေအတိုင်းဆိုရင် မင်းတို့နှစ်ယောက် ကူညီပေးဖို့ မလိုဘူး … သူတို့ ဒဏ်ရာရတာက သူတို့ကိုယ်တိုင် လုံလောက်အောင် မတော်သေးလို့ပဲ …..”
စကားအသွားအလာကို နားထောင်ရင်း ကျီချင်းရန်မှာ စိတ်ထဲ ကူကယ်ရာမဲ့နေမှုကို ခံစားနေမိသည်။
ရှက်ဖို့ကောင်းတဲ့ ကိစ္စကို လုပ်ထားတဲ့လူတွေလိုမျိုး ဒီလူတွေက တောင်းပန်စရာ လိုလို့လား …
မလိုဘူးလေ … ဘာလို့ဆို သူတို့ အကောင်းဆုံး ကြိုးစားခဲ့လို့ပဲ ….
ဒါပေမယ့်လည်း ဒီရဲ့ ကိစ္စတွေအတွက် တစ်စုံတစ်ယောက်ကတော့ ရှေ့ထွက်လာပြီး ခေါင်းခံရမှာပဲလေ …
ပြီးတော့ အဲ့ဒီလူကလည်း သူမပဲ ဖြစ်သည်။
ထိုညက စကားဝိုင်းကြောင့်သာ မဟုတ်ဘူးပါက ဤသို့သော ကိစ္စများသည်လည်း ဖြစ်လာခဲ့မှာ မဟုတ်လောက်ချေ။
သူမနှင့် လင်းရီကြားတွင်လည်း ကြီးမားသည့် အက်ကွဲကြောင်းတို့ ပေါ်လာခဲ့မှာ မဟုတ်ပေ။
ဟင်း ….
ကျီချင်းရန် အသက်ပြင်းပြင်း ရှူထုတ်၍ ထိုင်ခုံက မတ်တပ်ရပ်ပြီး လင်းရီအနားသို့ ချဉ်းကပ်လာသည်။
“ ဒေါက်တာ စောနလေးတင် ပြောသွားခဲ့တယ် … သူတို့ နိုးလာဖို့ ခဏစောင့်ရဦးမယ်တဲ့ ….. နင် တစ်ညလုံး အလုပ်လုပ်ထားတာကို နည်းနည်းလောက် နားပါဦးလား …” သူမ ပြောလိုက်သည်။
ကျီချင်းရန်၏ စကားလုံးများက လင်းရီကို အံ့အားသင့်သွားစေသည်။
သူတို့တွေ သုံးနှစ်ကျော်မျှ အတူနေလာခဲ့ပြီးနောက်တွင် ကျီချင်းရန်၏ အကျင့်စရိုက်ကို လင်းရီ သေချာ နားလည်ထားသည်။
အပြင်လူများရှေ့မှောက်တွင် သူမက စကားပြောနည်းပါးပြီး အချိန်အများစုတွင် သူမ၏ အမြင်ကို ကိုယ့်စိတ်အတွင်းမှာပဲ သိမ်းထားတတ်၏။
ထုတ်ပြောလျှင်လည်း မည်သူမျှ မရှိသည့်အချိန်တို့တွင်သာ သူမ၏ အမြင်နှင့် ခံစားချက်များကို ထုတ်ပြတတ်လေသည်။
ဘယ်တုန်းကမှ ယခုလို မပြုလုပ်ခဲ့ဖူးချေ။
“ ကြည့် … နင်ကောင်မလေးက နင့်ကို တကယ် ဂရုစိုက်တာပဲ …” နင်ချဲ့ အရွှန်းဖောက်သည့် လေသံဖြင့် ပြောလိုက်သည်။
“ တစ်နေရာရှာပြီး ခဏလောက်နာလိုက် … ဒီမှာ ငါတို့နှစ်ယောက် စောင့်ကြည့်နေလိုက်မယ် … နင် ရှိနေလို့လည်း အပိုပဲ ….”
“ ကောင်းပြီလေ … တကယ်လို့ တစ်ခုခုဆို ငါ့ကို လှမ်းခေါ်လိုက်….”
သတိပေးစကား ဆိုပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ ဆေးရုံထဲက ထွက်သွားခဲ့ပြီး အနီးနားရှိ ဟစ်လ်တွန် ဟိုတယ်ထဲသို့ ဝင်၍ အကောင်းစား အခန်း တစ်ခန်း ငှားလိုက်သည်။
အခန်းထဲ ရောက်တော့ လင်းရီ၏ နွမ်းနယ်မှုတို့ လှိုင်တက်လာခဲ့ပြီး ကိုယ်ညောင်းဆန့်လိုက်လေသည်။
“ မင်း မနေ့ညကလည်း ကောင်းကောင်း မအိပ်ခဲ့ရဘူးမလား … သွားပြီး အရင်ရေချိုးလိုက် … မင်းပြီးမှပဲ ငါသွားတော့မယ် …”
“ အွန်း …”
ကျီချင်းရန် ခေါင်းညိတ်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။
လင်းရီမှာ ဆိုဖာပေါ်တွင် ထိုင်နေရင်း သူမ ထွက်အလာကို စောင့်ဆိုင်းနေရင်းဖြင့် အိပ်မောကျသွားခဲ့၏။
နာရီဝက်ခန့်ကြာပြီးနောက် ကျီချင်းရန် အပြင်သို့ ထွက်လာချိန်တွင် ဆိုဖာပေါ်၌ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လင်းရီကို မြင်တော့ သူမ၏ မျက်ခုံးလှလှလေးများမှာ အနည်းငယ် တင်းကြုတ်သွားခဲ့ပြီး သူ့ကို ညင်သာစွာ လှုပ်နှိုးလိုက်၏။
“ ဟေ့ … ဒီမှာ အိပ်မနေနဲ့ … အအေးမိလိမ့်မယ် … သွားပြီး ရေချိုးတော့ ….”
“ ငါ ရေမချိုးတော့ဘူး … မင်း သွားအိပ်တော့ ….”
လင်းရီ တစ်ဖက်သို့လှည့်သွားပြီး ဆက်အိပ်နေတသည်။
“ မရဘူး … နင် အခု ရေသွားချိုး သွား …”
“ အိုကေ အိုကေ ….”
လင်းရီ ဆိုဖာပေါ်က ထလိုက်ပြီး ထပ်မံ၍ ကိုယ်ညောင်းဆန့်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ ကျီချင်းရန်ကတော့ အိပ်ခန်းထဲသို့ ဝင်သွားခဲ့လေသည်။
မိနစ် အနည်းငယ် ကြာပြီးနောက် လင်းရီသည် ရေချိုးတံဘက်ဖြင့် ပြန်ထွက်လာခဲ့ပြီး ဆိုဖာပေါ်သို့ လဲလျောင်းလိုက်သည်။
သို့သော် ထိုအချိန်၌ အတွင်းခန်းထဲက ထွက်လာသည့် ကျီချင်းရန်သည် ဆိုဖာပေါ်တွင် လဲလျောင်းနေသည့် လင်းရီကို မြင်တော့ မေးလိုက်၏။
“ နင် ဘာလို့ ဆိုဖာပေါ် အိပ်နေတုန်းလဲ … အဲ့လောက်တောင် ကြိုက်နေတာလား ဟုတ်လား ….”
“ ငါ ဘယ်နေရာ အိပ်အိပ် အတူတူပဲ မဟုတ်ဘူးလား …” ယင်းက ပုံမှန် ဖြစ်နေသကဲ့သို့ လင်းရီ ပြောလိုက်သည်။
“ ကြမ်းပြင်ပေါ်မှာတောင် အိပ်ခဲ့ဖူးတာ ဆိုဖာပေါ်မှာ အိပ်တာက ဘာများမှားနေလို့ …”
“ ဒီနေ့ နင် ဆိုဖာပေါ်ရော ၊ ကြမ်းပြင်ပေါ်ရော အိပ်ဖို့ မလိုဘူး … အခန်းထဲလိုက်ပြီး ငါနဲ့အတူ လာအိပ် …”
“ မင်းနဲ့ လိုက်ပြီး အခန်းထဲ အတူအိပ်ရမယ် ဟုတ်လား …” လင်းရီ ခေတ္တမျှ ကြက်သေသေသွားခဲ့၏။ ထက်မြက်လှပါဘိဆိုသည့် သူ၏ ဦးနှောက်က ထိုတဒင်္ဂ၌ ကျီချင်းရန်၏ ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ချေ။
ကျီချင်းရန် ဘာပြောရမှန်း မသိ ဖြစ်နေမိသည်။ အရက်မူးနေသည့် ကောင်မလေးတစ်ဦးနှယ် ပါးပြင်နှစ်ဖက်က နီစွေးလာသည်။ လင်းရီ လွန်ကြူးလွန်းလှသည်ဟု သူမ ခံစားနေရ၏။
ထိုအကောင်က မျောက်တစ်ကောင်နှယ် ဉာဏ်ကောင်းလွန်းလှသော်လည်း တစ်ခါတစ်ရံ၌ ဝက်တစ်ကောင်လိုပဲ တုံးအလွန်းလှသည်။
ကျီချင်းရန် စကားဖြင့် ရိုးရိုးမပြောပေ။ ထိုအစား လင်းရီ၏ လည်ပင်းကို လက်မောင်းနှစ်ဖက်ဖြင့် ဖက်လိုက်ပြီး ချိုမြိန်သည့် နှုတ်ခမ်းချင်း တေ့လိုက်၏။
လင်းရီ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့၏။ တစ်ကိုယ်လုံးလည်း ပူထူသွားသည်။ ရင်ဘက်မှာ ဖားဖိုကြီးကဲ့သို့ နိမ့်ချည် ၊ မြင့်ချည် ဖြစ်နေလျက် အသက်ရှူသံတို့ ပြင်းထန်လာသည်။
အခန်းထဲရှိ အပူချိန်သည်လည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
မိနစ် အနည်းငယ် ကြာပြီးနောက် နဖူးချင်း ထိနေလျက် နှုတ်ခမ်းချင်း ခွဲလိုက်ကြသည်။ သူတို့ရဲ့ အသက်ရှူသံတွေက အနမ်းများကဲ့သို့ပူလောင်နေသည်.
“ ငါ့ကို .. အခန်းထဲ ခေါ်သွား …”
ကျီချင်းရန် တိုးညှင်းစွာ ပြောလိုက်၏။ လင်းရီ ချက်ချင်းပဲ သူမကို မင်းသမီးပွေ့ ပွေ့လျက် အတွင်းခန်းထဲသို့ ခေါ်သွားကာ သူမကို အပေါ်ကနေ လွှမ်းမိုးထားလိုက်သည်။ ကျီချင်းရန် ရှက်ရွံ့သွားခြင်း မရှိဘဲ လင်းရီ၏ မျက်လုံးထဲသို့ စိုက်ကြည့်နေသည်။ သူမ၏ မျက်ဝန်းတို့က ကြည်လဲ့ဝိုင်းစက်နေပြီး အဓိပ္ပာယ်အမျိုးမျိုးဖြင့် စကားပြောနေလျက်ရှိသည်။
နောက်တစ်စက္ကန့်၌ ကျီချင်းရန်က လင်းရီကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်ပြီး သူတို့နှစ်ဦးမှာ နှုတ်ခမ်းချင်း ဂဟေစပ်သွားကြပြန်သည်။
ထို့ပြင် လင်းရီ၏ လက်တို့မှာ အထိန်းအကွပ်မဲ့လာခဲ့ပြီး ကျီချင်းရန်၏ ခန္ဓာကိုယ်တစ်လျှောက်သို့ စူးစမ်းနေခဲ့သည်။
သူမ မခုခံချေ။ လင်းရီ စိတ်တိုင်းကျ လုပ်ခွင့် ပြုထားသည်။
မည်သည့် ဧည့်သည်တို့မျှ ဝင်ရောက်ခွင့် မရှိခဲ့သည့် ပန်းရောင်ဥယျာဉ်လေးမှာ ယနေ့တွင်တော့ သူ့ဥယျာဉ်မှူးလေးအတွက် တံခါးဖွင့်ပေးလာခဲ့ပြီ ဖြစ်၏။
နှစ်နာရီခန့် ကြာမြင့်ပြီးနောက် ကျီချင်းရန်၏ ခန္ဓာကိုယ်သည် မွှေးပျံ့သည့် ချွေးစက်တို့ဖြင့် ရွှဲနစ်သွားခဲ့သည်။ ရှက်ရွံ့နေသည့် သတို့သမီးလေး တစ်ယောက်နှယ် စောင်အောက်ထဲသို့ ပုန်းအောင်းနေပြီး ထွက်လာဖို့ ရှက်ရွံ့နေသည်။
ကျီချင်းရန် ရှက်ရွံ့နေမှန်း သိသည့် အတွက် ယခုလို အချိန်မျိုးတွင် လင်းရီ သူမကို မစနောက်ခဲ့ချေ။
“ ဟိုမှာ ကိစ္စ တစ်ခု ရှိနေသလိုပဲ … ငါ သွားပြီး တစ်ချက် ကြည့်ဖို့လိုတယ် … မင်းကတော့ ဒီမှာနေလိုက်… ငါနဲ့ လိုက်ခဲ့ဖို့ မလိုဘူး ….”
“ အွန်း အွန်း …” သူမကိုယ်သူမ ကြားနိုင်သည်ထက် တိုးညှင်းသည့်လေသံဖြင့် ပြန်ဖြေလိုက်၏။
လင်းရီ အဝတ်အစားလဲပြီး ထွက်ခွာဖို့ အသင့်ဖြစ်နေသည်။ သို့သော် သူ ထွက်သွားတော့မည့် အချိန်မှာပဲ ကျီချင်းရန်၏ စကားသံကို အနောက်မှ ရုတ်ချည်းကြားလိုက်ရသည်။
“ အခုကစပြီး ငါ နင့်ကို စိတ်အနှောင့်အယှက် မပေးတော့ဘူး .. နင် လုပ်ချင်တာ လုပ်လို့ရတယ် … ဒါပေမယ့် နင် မှတ်ထားရမှာက … ငါက အခု နင့်အပိုင် ဖြစ်သွားပြီ … ငါ့ ကျန်တဲ့ တစ်ဘဝလုံးကို နင်တာဝန်ယူရမယ် .. နင် တစ်ခုခု ဖြစ်သွားခဲ့ရင် ငါလည်း ဆက်ပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး …”