← Chapters

သေခြင်းနှင့် တဒင်္ဂအလို

Vol. 151 Ch. 2227

သေခြင်းနှင့် တဒင်္ဂအလို

Vol. 151 Ch. 2227

“ နဂိုအတိုင်းပဲ ဆက်သွားမယ် …. မင်းတို့ကောင်တွေ သူ့ကို ခေါ်ပြီး ထွက်သွားကြတော့ … ဒီက ကိစ္စ ငါ ကြည့်ရှင်းထားမယ် … သွားတော့ …”

အမိန့်က ပေးလာပြီ ဖြစ်သဖြင့် ရှောင်ပင်းနှင့် အခြားသူများလည်း မလိုက်နာလို့ မရတော့ချေ။

ထို့ပြင် ယခု အချိန်၌ တစ်စက္ကန့်လေးပင် ဖြုန်းတီး၍ မဖြစ်ပေ။

ကျောက်ယွင်ဟူက မီးခိုးဗုံးနှစ်လုံးကို ကျောပိုးအိတ်ထဲက ထုတ်ပြီး ရှေ့သို့ ကျဲလိုက်၏။

ချက်ချင်းဆိုသလို ကော်ရစ်ဒါ တစ်ခုလုံးသို့ မီးခိုးငွေ့များ ပြည့်နှက်သွားသည်။

ထိုအချိန် အခိုက်အတန့်မှာပဲ ရှောင်ပင်းနှင့် ရှောင်းကျန်းဖုန်းတို့ သေနတ်များထုတ်ကာ တုံ့ဆိုင်းခြင်းမရှိ ခလုတ်များ ဆွဲလိုက်ကြ၏။

အော်ညည်းသံတို့ ထွက်ပေါ်လာသည်။

မီးခိုးငွေ့များ မပျံ့နှံ့မီကပင် အသင်းတစ်က သူတို့၏ သန်မာသည့် မှတ်ဉာဏ်အပေါ် မှီခိုပြီး ရန်သူများ၏ တည်နေရာကို မှတ်သားထားပြီး ဖြစ်ကာ ထိရောက်သည့် ပစ်ခတ်မှုတို့ ဖြစ်ပေါ်စေသည်။

တစ်ဖက်ရှိ စွေ့ချန်မှာမူ ဒါဇင်နှင့် တစ်ယောက် ယှဉ်ချရမည် ဆိုသော်လည်းပဲ ရဲဝံ့သည့် သတ္တိအပြည့်ဖြင့် ရှေ့သို့ ပြေးတက်သွားခဲ့သည်။

ဤအခြေအနေကို မြင်တော့ ရွှမ်ဝန်ထုံက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ “ မင်းတို့အကုန်လုံး သေချင်နေကြတယ်ဆိုတာ ငါသိလိုက်ပြီ ….”

သူ့စကား ဆုံးသည်နှင့် ရွှမ်ဝန်ထုံက ရှေ့သို့ ပြေးတက်လာခဲ့ပြီး စွေ့ချန်နှင့် ခေါင်းချင်းဆိုင် ထိပ်တိုက်တွေ့၏။

ဝှစ် ….

သူတို့နှစ်ဦး ထိတွေ့သည်နှင့် စွေ့ချန်မှာ ရွှမ်ဝန်ထုံ၏ အလစ်ငိုက် တိုက်ခိုက်ခြင်းကို ခံလိုက်ရကာ ရင်ဘက် ကန်ကျောက်ခံလိုက်ရပြီး နောက်သို့ မီတာအနည်းငယ်ခန့် လွင့်ထွက်သွားခဲ့၏။

“ အစ်ကိုချန် …”

ကျောက်ယွင်ဟူ ရှော့ခ်ရစွာ မြည်တမ်းမိသွားခဲ့သည်။ သူတို့ရှေ့ရှိ အားနည်းဟန်တူသည့် ထိုလူတွင် ဤမျှ ကြီးမားသည့် ခွန်အားတို့ ပိုင်ဆိုင်ထားလိမ့်မည်ဟူ၍ မျှော်လင့်မထားခဲ့ပါချေ။

တစ်ဖက်ရန်သူက စီ အဆင့် ဖြစ်သည်မှာ ကျိန်းသေသည်။ မဟုတ်ပါက အစ်ကိုချန်ကို တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် ပြုလုပ်နိုင်မှာ မဟုတ်ချေ။

“ ချီးပဲ …”

စွေ့ချန်က နှုတ်ခမ်းထောင့်တွင် ကျဆင်းနေသည့် သွေးများအား လက်ဖြင့် သုတ်လိုက်ပြီး ရန်သူ၏ ခွန်အားကို စိတ်ထဲ အံ့အားသင့်နေမိသည်။

“ မင်းတို့ကောင်တွေ အရင်သွားနှင့်ကြ … ငါ့ကို စိတ်ပူစရာ မလိုဘူး … သူ့ကို ဆေးရုံရောက်အောင်သာ ခေါ်သွား …”

“ ဒါပေမယ့် ….”

“ ဒါပေမယ့်တွေ တော်ပြီ … လှုပ်ရှားတော့ … အခုက တုံ့ဆိုင်းနေရမယ့် အချိန်မဟုတ်ဘူး … ခဏနေကျရင် မင်းတို့ကောင်တွေနောက် ငါ အမီလိုက်လာမယ် ….”

“ ဆောရီးပဲ … မင်းတို့မှာ အဲ့လို အခွင့်အရေးမျိုး ရှိမှာ မဟုတ်ဘူး ….”

ရွှမ်ဝန်ထုံက စကားပဲ ပြောတတ်သူ မဟုတ်။ စွေ့ချန်ကို ကျော်၍ သူ့ ပစ်မှတ်ကို လျင်မြန်စွာ တွေ့သွားခဲ့ပြီး ယွီစီယင်နှင့် အခြားသူများထံ ပြေးဝင်လာသည်။

အခြေအနေ မဟန်သည်ကိုမြင်တော့ စွေ့ချန် ကြမ်းပြင်ပေါ်က ထ၍ အခြားသူများအတွက် အချိန်ဆွဲပေးရန် အလို့ငှာ ရွှမ်ဝန်ထုံနှင့် ရင်ဆိုင်လိုက်သည်။

လှမ်းအနည်းငယ် လှမ်းပြီးနောက် စွေ့ချန်က ထပ်မံ ပြေးတက်လာသည်။ ကြမ်းကြုတ်သည့် ရွှမ်ဝန်ထုံ၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရပြီး ခြေကန်ချက်တစ်ခုက စွေ့ချန်၏ ဦးခေါင်းထံသို့ ပျံဝဲလာခဲ့သည်။

စွေ့ချန် လွင့်ထွက်သွားပြီး အနီးနားရှိ သတ္တုဘောင်နှင့် ရိုက်ခတ်သွားခဲ့ကာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့လုနီးပါး ဖြစ်သွား၏။

စွေ့ချန်ကို ကိုင်တွယ်ပြီးနောက် ရွှမ်ဝန်ထုံသည် အချိန်ဖြုန်းမနေတော့ဘဲ ယွီစီယင်နှင့် ကျန်သူများထံသို့ ပြေးတက်လာခဲ့သည်။

အလောသုံးဆယ်နိုင်သည့် အခြေအနေကို သတိပြုမိတော့ ကျောက်ယွင်ဟူနှင့် ရှောင်းကျန်းဖုန်းတို့ ရှေ့တက်လာခဲ့ကြ၏။

“ အစ်မယင်ကို ဒီကနေ ခေါ်သွား … အချိန်မဖြုန်းနဲ့ …”

ရွှမ်ဝန်ထုံ၏ အမြန်နှုန်းက အင်မတန် မြန်ဆန်သည်။ အမျိုးသား နှစ်ယောက်ကို တုံ့ပြန်ချိန်ပင် မပေးဘဲ တိုက်ခိုက်မှုက ရုတ်ချည်း ကျရောက်လာခဲ့သည်။

နှစ်ဖက်တွေ့ဆုံသည်တွင် ရွှမ်ဝန်ထုံကို စက္ကန့်အနည်းငယ်မျှသာ အချိန်ဆွဲနိုင်ခဲ့၏။

စက္ကန့်အနည်းငယ်မျှသာ ဆိုသော်လည်း ကြီးမားလှသည့် အင်အားခြင်း ကွာဟချက်က လွယ်လင့်တကူ ကျော်ဖြတ်နိုင်သည့် အရာမဟုတ်။

ရွှမ်ဝန်ထုံ တစ်ချက်လှည့်ကန်လိုက်ပြီး ချဉ်းကပ်လာသည့် ရှောင်းကျန်းဖုန်းကို နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။

တစ်ဖက်လူမှာ ကန်ကျောက်ခံရပြီးနောက် ရင်ဘက်ကို ဖိနှိပ်ထားရင်း အချိန်အတော်ကြာသည်ထိအောင် ပြန်မထနိုင်ဘဲ ဖြစ်နေသည်။

ထိုအချိန်မှာပဲ ကျောက်ယွင်ဟူက လက်ထဲတွင် ဓားမြောင်တစ်ချောင်းကို ကိုင်ထားလျက် ရှေ့သို့ ပြေးတက်လာခဲ့သည်။

သို့သော်လည်းပဲ သူ၏ တိုက်ခိုက်မှုများက ထိရောက်ခြင်း ကင်းမဲ့ကာ ရွှမ်ဝန်ထုံက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပီဲး အပေါ်သို့ လိမ်ဆွဲလိုက်၏။

ကျောက်ယွင်ဟူ နာကျင်စွာ မြည်တမ်းလိုက်ပြီး လက်ထဲရှိ ဓားမြောင်ကလည်း ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့သည်။

ရွှမ်ဝန်ထုံကလည်း သူ့ကို လွယ်လင့်တကူ လွှတ်ပေးလိုဟန်မပြ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ကျောက်ယွင်ဟူ၏ ဝမ်းဗိုက်ကို ထပ်ခါတလဲလဲ ထိုးနှက်သည်။

တစ်ချက် ထိုးခံလိုက်ရတိုင်း ကျောက်ယွင်ဟူမှာ သူ့ အတွင်းအင်္ဂါများ နေရာလွှဲပြောင်းသွားသည့်နှယ် ခံစားလိုက်ရကာ သွေးစသွေးနများ အန်ထွက်လာခဲ့၏။

သူ့ နှလုံးသားကို တစ်စုံတစ်ယောက်က လက်ဖြင့် ဖျစ်ညှစ်နေသည့်နှယ် နာကျင်လွန်းလှသည်။

သို့သော် ရွှမ်ဝန်ထုံ၏ တိုက်ခိုက်မှုများက ထိုမျှနှင့်တင် ရပ်တန့်သွားခဲ့ခြင်း မရှိ။ နောက်ထပ် နှစ်ချက်ခန့် ထိုးနှက်ပြီးနောက်တွင် ကျောက်ယွင်ဟူမှာ နာကျင်မှုကြောင့် သတိလစ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ့ ခန္ဓာကိုယ်က ချိနဲ့စွာဖြင့် ကြမ်းပြင်သို့ လဲကျသွားခဲ့၏။

ရွှမ်ဝန်ထုံက အကောင်းအတိုင်း ကျန်ရှိနေသေးသည့် ကျန်သူများကို ကြည့်လိုက်သည်။

“ ငါ မင်းတို့နဲ့ ရန်သူမဖြစ်ချင်ဘူး … ဓားစာခံကို လွှတ်ပေးလိုက် … အဲ့တာဆိုရင် မင်းတို့ကို ထွက်သွားခွင့် ပေးမယ် ….”

“ လုံး၀ မဖြစ်နိုင်ဘူး ….” ကျန်းချောင်ယွဲ့ အော်ဟစ်လိုက်၏။

“ ဒါဆိုရင်လည်း မင်းတို့ တစ်ယောက်မှ ထွက်သွားဖို့ မစဉ်းစားနဲ့တော့ … မင်းတို့လူတွေ အကုန်ပေါင်းတိုက်ရင်တောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး ….”

“ ဒါဆိုလည်း ငါတို့ ကြည့်ကြတာပေါ့ …”

ပြောလိုက်သူက စွေ့ချန်ဖြစ်သည်။ ဒယီးဒယိုင်ဖြင့် ကြမ်းပြင်မှ ထလာခဲ့ပြီး သူ့ ရှပ်အင်္ကျီကို ကြယ်သီးဖြုတ်လိုက်၏။

ဖောက်ခွဲရေးပစ္စည်းများ စွေ့ချန်၏ ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်ထားတာကို မြင်တော့ ရွှမ်ဝန်ထုံ၏ မျက်လုံးသူအိမ်တို့ ကျုံ့ဝင်သွားခဲ့သည်။

ရွှမ်ဝန်ထုံပင် ယခုအခိုက်အတန့်၌ စိတ်လိုက်မာန်ပါ မပြုမူဝံ့ခဲ့ပေ။

အသင်းကလည်း ဤသို့ ဖြစ်လာမည်ကို မျှော်လင့်မထားခဲ့ကြပေ။

ယခုမတိုင်မီက လင်းရီသည် ယွီစီယင်နှင့် စွေ့ချန်ကို ယခု စစ်ဆင်ရေးအတွက် တာဝန်ပေးအပ်ခဲ့၏။

သူ့ကိုယ်သူ တာဝန် အပြည့်ယူရမည်ကို နှလုံးသွင်းလျက် ထင်မှတ်မထားသည့် အခြေအနေတို့အတွက် ကြိုတင် ပြင်ဆင်ထားခဲ့သည်။

“ ငါတို့ ထွက်မသွားနိုင်လည်း ဂရုမစိုက်ဘူး …. အဲ့လိုဆိုမှတော့ ဒီမှာတင် အတူသေလိုက်ကြတာပေါ့ ….”

ယခု … ရွှမ်ဝန်ထုံနှင့် သူ့ အပေါင်းအပါများလည်း အနည်းငယ် ကြောက်လန့်နေကြလေပြီ။

ဘာကြောင့်ဆိုတော့ သူ့ရှေ့ရှိ ဤလူများက အမှန်ပင် သေဖို့ အဆင်သင့် ဖြစ်နေကြသည်ကို မြင်တွေ့နေရသောကြောင့်ပင်။

အကယ်၍ သူတို့သာ ထိုအခြေအနေသို့ ရောက်သည်အထိ တွန်းပို့ခံလိုက်ရမည်ဆိုပါက အားလုံး အတူသေရုံသာ ရှိတော့သည်။

တစ်လှမ်းချင်း လှမ်းလျက် ၊ စွေ့ချန်သည် ယွီစီယင်နှင့် ကျန်သူများထံ ရွေ့လျားလာခဲ့ပြီး သတိလစ် မေ့မြောနေသည့် ကျောက်ယွင်ဟူကို သူ့ ပခုံးထက်သို့ ထမ်းလိုက်သည်။

အခြားလူများကို ဖြည်းညင်းစွာ ဆုတ်ခွာဖို့ အချက်ပြလိုက်၏။

ရွှမ်ဝန်လုံကလည်း စွေ့ချန်ကို သတိထားသည့် မျက်ဝန်းတို့ဖြင့် စောင့်ကြည့်နေကာ ခြေတစ်လှမ်း မလှုပ်ရှားဝံ့ခဲ့ပေ။

နှစ်ဖက်အုပ်စုက ခပ်ခွာခွာရပ်တန့်နေကြ၏။ ဖြတ်သွားဖြတ်လာများ၏ ကြောက်လန့်တကြား အော်ဟစ်သံတို့ကို ကြားနေရသော်လည်း မည်သည့်ဘက်ကိုမျှ တစ်စုံတစ်ရာ သက်ရောက်ခြင်း မရှိခဲ့ပေ။

ကားပါကင်နေရာသို့ ဆုတ်ခွာလာပြီးသည့်တိုင် တစ်ဖက်က စိတ်လိုက်မာန်ပါ မလှုပ်ရှားဝံ့လာခဲ့ပေ။

“ မင်းတို့ ကားထဲဝင်ကြ … ငါ့ကို မစိုးရိမ်နဲ့ …..”

တစ်ဖက်က ရုတ်ချည်း ပစ်ခတ်လာမှာကို ကာကွယ်ရန်အတွက် စွေ့ချန်က သူတို့နှင့်အတူ မသွားဝံ့ခဲ့ပဲ ရွှမ်ဝန်ထုံကို သူ့မျက်လုံးများနှင့် သေချာ စောင့်ကြည့်နေခဲ့သည်။

တစ်ဖက်လူက လှုပ်ရှားလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့နှင့်အတူ သေပစ်လိုက်မှာ ဖြစ်၏။

“ အစ်ကိုချန် … ရှင် ဂရုစိုက်ဦး ….”

ရှောင်ပင်း သတိပေးလိုက်၏။ ထို့နောက် ကျန်းချောင်ယွဲ့တို့နှင့်အတူ ကားထဲသို့ ဝင်သွားခဲ့သည်။

ကားထဲသို့ ဝင်ပြီးနောက် သူတို့တွေ အတွင်းထဲရှိ လက်နက်များကို ယူပြီး ရွှမ်ဝန်ထုံထံသို့ ချိန်ရွယ်လိုက်ကြကာ စွေ့ချန်အတွက် ကာဗာပေးထားကြ၏။

“ အစ်ကိုချန် … ကျွန်မ ပစ်မှတ်ကို ချိန်ထားတယ် … မြန်မြန် ကားထဲဝင်တော့ ….”

စွေ့ချန် တစ်လှမ်းချင်း ၊ တစ်လှမ်း ဆုတ်ခွာနေသည်။ နောက်ဆုံး သူ ကားထဲသို့ ရောက်သွားချိန်အထိ ရွှမ်ဝန်ထုံမှာ မလှုပ်ရှားဝံ့ခဲ့ပေ။

“ ဘော့စ် … ကျုပ်တို့ လိုက်ကြမလား …”

“ အခုမှ လိုက်လို့ အလကားပဲ …. ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို တင်ပြလိုက် … အခု ပြန်ကြစို့ …”

ရွှမ်ဝန်ထုံ ထိုသို့သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ဘာကြောင့်ဆိုတော့ သူက ကြေးစား တစ်ဦးမျှ ဖြစ်သောကြောင့် ဖြစ်သည်။

အကယ်၍ ဟုန်မန်ဂိုဏ်း အမာခံ လက်သပ်မွေးထားသည့် တပည့်တစ်ဦး ဖြစ်ခဲ့မည်ဆိုပါက အုပ်စုမှာ ဤမျှ လွယ်လင့်တကူနှင့် ဆုတ်ခွာလိုက်နိုင်မှာ မဟုတ်ချေ။

…..

ထိုအချိန်တွင် ကျန်းချောင်ယွဲ့က ကားမောင်းနေပြီး ဟက်ပီးဗယ်လီထဲက အလျင်မြန်ဆုံး ထွက်သွားနိုင်ဖို့အတွက် ကြိုးစားနေသည်။

“ အစ်မယင် … တောင့်ထားနော်… ညီမအခု အနာကို ဆေးထည့်ပေးတော့မယ် …” လော့ချီ သတိကပ်စေရန်အတွက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

လော့ချီက အသင်းထဲတွင် အားအနည်းဆုံး ဖြစ်သော်လည်းပဲ အခြားလူများ မပိုင်ဆိုင်ထားသည့် ဆေးပညာအရည်အချင်းကို ပိုင်ဆိုင်ထားသည်။

သူမက စစ်ဆေးတက္ကသိုလ်တွင် လေ့လာဆည်းပူးခဲ့ပြီး ထိပ်တန်း ကျောင်းသူတစ်ဦး မဟုတ်သော်ငြားလည်း သာမန်အထက်တော့ ရှိ၏။ ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ပြီးနောက်တွင်လည်း သူမ၏ အရည်အချင်းများကို ဆက်လက် တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်။

သူမကိုယ်သူမ ထိုသို့သော အရာကိစ္စများအား ကိုင်တွယ်သည့်အရာ၌ ပိုပြီး သင့်လျော်သည်ဟုလည်း ခံစားမိ၏။

“ အမြန်မောင်း … ငါတို့ ဖန့်ချိန်ကို ရောက်အောင် သွားဖို့လိုတယ် … ဟောင်ကောင်မှာ နေတာက မလုံခြုံဘူး …. အစ်မယင် တောင့်ထားဦးနော်… ဒါက ထွေထူးပြောပလောက်တဲ့ ဒဏ်ရာ မဟုတ်ဘူး …”

All Chapters