← Chapters

ဒါ မသင့်တော်ဘူးလေ

Vol. 9 Ch. 85

ဒါ မသင့်တော်ဘူးလေ

Vol. 9 Ch. 85

“အဟမ်း အဲ့ဒီအမတ နှစ်ယောက်က တော်တော်လေး လူမှုရေးမရှိကြဘူးပဲ။ သူတို့ဟာသူတို့ ရန်ဖြစ်တာများ သီးခြားနေရာတစ်ခုကို ရှာလိုက်ကြတာ မဟုတ်ဘူး။ အလကားနေရင်း သခင်ကြီးလိုမျိုး အပြစ်မဲ့တဲ့ ဖြတ်သွားဖြစ်လာ လူတစ်ယောက်ကို မြေစာပင်လို အပြစ်ခံစေခဲ့တယ်”

တစ်ဖက်သူ၏ စကားလုံးများထဲမှ

ဝမ်းနည်းမှုကို သတိထားမိသည်နှင့် ချီယွမ်သည် အရှက်ပြေစေရန် နှစ်ကြိမ်ခန့် ချောင်းဟန်လိုက်ပြီး နှစ်သိမ့်စကားလုံး တစ်ချို့ကို ကြံဖန်ပြောဆိုလိုက်သည်။

ရှီမျိုးရိုး အဘိုးကြီးလည်း ချက်ချင်းပင် ပျော့ပျောင်းသွားကာ နူးညံ့စွာပြောလာ၏။

“ဘယ်တတ်နိုင်ပါ့မလဲ။ ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲလေ။ ငါနှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး ဘဝရဲ့ပျော်ရွှင်မှုကို စံစားရင်း အင်အားကြီးတဲ့ ရန်သူတွေအားလုံးကို အနိုင်ယူခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ ငါလည်း ကံကြမ္မာစက်ဝန်းကနေ မလွတ်မြောက် နိုင်ခဲ့ပါလား”

ထို့နောက်တွင် အဘိုးကြီးရှီသည် ကိုယ့်ကိုယ်ကိုယ် အားတင်ပြီး ဆက်လက် ပြောဆိုလာ၏။

“ငါအရင်တုန်းက ကောင်းကင်လမ်းစဉ်ကို မလျှောက်လှမ်းခဲ့တဲ့ အတွက် အထက်ဘုံ တက်လမ်းခြင်းနယ်ပယ် ပြီးတာနဲ့ ငါ့ရဲ့ကျင့်ကြံမှုက ပိတ်ဆို့ခဲ့တယ်။ အမတတစ်ယောက် ဖြစ်လာဖို့အတွက် အဲ့ဒီ ဆန်းကြယ်ပြီး မရေရာတဲ့ကံကြမ္မာကို ရရှိဖို့ပဲ ငါမျှော်လင့်နိုင်တော့တယ်”

( ကံကြမ္မာ ဟုတ်လား )

ချီယွမ် ရင်တစ်ချက် ဆောင့်ခုန်သွား၏။

ဤဆန်းကြယ်သော အထက်ဘုံ တက်လမ်းခြင်းနယ်ပယ် ဘိုးပေးကြီး၏ အ‌ပြောအရာဆိုလျှင် အမတတစ်ယောက် ဖြစ်လာဖို့ လမ်းစဉ်သည် အလွန်အမင်း ခဲယဉ်းသည်။

ထိုချဲ့ကားပြီး တောင်းဆိုမှု များပြားသော ကောင်းကင်လမ်းစဉ်အပြင် အမကတစ်ယောက် ဖြစ်လာနိုင်ရန် နောက်ထပ် အဆင်မပြေသော လမ်းစဉ်တစ်ခုလည်း ရှိပါသေး၏။

ထိုလမ်းစဉ်က အမတကံကြမ္မာကို ရရှိဖို့ရန်ပင်။

အနည်းငယ် မြင်နိုင်သေးသော ကောင်းကင်လမ်းစဉ်နှင့် နှိုင်းယှဉ်လိုက်ပါက အမတကံကြမ္မာကို ရရှိခြင်းသည် ဗေဒင်တွက်နေရသကဲ့သို့ဖြစ်သည်။ ထိုကံကြမ္မာကို ရရှိနိုင်မည် မရရှိနိုင်ဘူးက ကံတရားပေါ်သာ အလုံးစုံမူတည်နေ၏။

အမတကံကြမ္မာသည် ရှားပါးသော နက္ခတ်လက်နက်၊ ထူးခြားဆေးလုံးတစ်လုံး အမတအမွေအနှစ် သို့တည်းမဟုတ် အမတအစစ်ယောက်၏ ပြန်လည်မွေးဖွားခြင်း မျိုးမှသာ ရနိုင်သည်။

တနည်းပြောရလျှင် သေမျိုးတစ်ယောက်ကို အမတဘဝအား ရရှိနိုင်ရန် ပံ့ပိုးပေးနိုင်သော ပစ္စည်းဟူသမျှကို အမတကံကြမ္မာဟု ခေါ်ဆို၍ ရနိုင်ပါ၏။

သို့ပေမယ့် သူသည် အမြဲတစေကံဆိုးခဲ့သူ ဖြစ်သည်။ သင်ယူခဲ့ရသမျှ အတန်းတိုင်းတွင် ကံဆိုးသော ဆရာနဲ့သာ တွေ့ဆုံခဲ့ရပြီး အနည်းငယ် ကံကောင်းလာကာ တာအိုသားတော် ဖြစ်လာသည့်တိုင်အောင် ငတုံးစနစ်၏ ဒုက္ခပေးမှုမျိုးစုံကို အရူးတစ်ယောက်သဖွယ် ဆက်လုပ်နေရသည်။ ထို့ကြောင့် ကံကိုပုံအပ်ရင်း အမတတစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်နေ၍ မဖြစ်တော့ချေ။ ကောင်းကင်လမ်းစဉ်ကို ရိုးသားစွာ လျှောက်လှမ်းရင်း တဆင့်ချင်း ကြိုးစားသည်ကမှ ပိုမိုဖြစ်နိုင်ပါ၏။

ထိုအချိန်မှာပဲ အဘိုးကြီးရှီက ဆက်ပြောလာခဲ့သည်။

“အဲ့ဒီချိန်တုန်းက ငါက ဒီကမ္ဘာကြီးကို စွန့်ခွာပြီး အဆုံးမရှိတဲ့ လေဟာနယ် အနက်ပိုင်းထဲမှာ အမတတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးကို ရှာဖွေနေခဲ့တယ်။ အဲ့ဒီလိုနဲ့ပဲ မမျှော်လင့်ထားတဲ့ ကပ်ဘေးကို ကြုံတွေ့ခဲ့ရတယ်။ အမတနှစ်ယောက်ရဲ့ တိုက်ပွဲလက်ကျန်က အရမ်းကို ကြောက်မက်ဖွယ် ကောင်းလွန်းခဲ့တယ်။ အဲ့ဒီအရှိန်အဝါရဲ့ သေးငယ်တဲ့ အမျှင်လေးနဲ့တင် ငါ့ရဲ့အထက်ဘုံ တက်လှမ်းခြင်းနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကိုရောက်နေတဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖျက်ဆီးပစ်ခဲ့ပြီး ဒီဝိညာဉ် အကြွင်းအကျန်လေးပဲ လွတ်မြောက် လာရတယ်။ ငါ့ဝိညာဉ်က နောက်ဆုံးမှာတော့ ဒီလက်စွပ်ထဲမှာ ပိတ်မိသွားတာပေါ့”

“နောက်ပိုင်းကျတော့ ငါ့ရဲ့အစွမ်းတွေ အားလုံးကို လောင်ကျွမ်းစေရင်း ဒီလက်စွပ်ကို ကမ္ဘာပေါ်ပြန်ပို့နိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့တယ်။ ရလဒ်အနေနဲ့ ငါအကြာကြီး အိပ်ပျော်သွားခဲ့တယ်။ နောက်ဆုံး ဟိုလင်ကျန်းဆိုတဲ့ ကောင်လေး ငါ့ကို နိုးပေးခဲ့တာပဲ”

ပြောပြီးသည်နှင့် အဖိုးကြီးရှီသည် လေးလံစွာ သက်ပြင်းချလိုက်သည်။

“ငါရဲ့ကပ်ဘေးက အရမ်းကို ရုတ်တရက်ကြီး ရောက်လာခဲ့တော့ ဒီလိုနှစ်ပေါင်းများစွာ မပျောက်သွားခင်မှာ စီစဉ်စရာတွေကိုတောင် မစီစဉ်ခဲ့ရဘူး”

ချီယွမ်၏ မျက်နှာထားသည် အနည်းငယ် နားလည်လာ၏။

“ဒါဆိုရင် သခင်ကြီးက သခင်ကြီးရဲ့မျိုးဆက်တွေကို စိတ်ပူနေပြီး ကျွန်တော့်ကို သွားကြည့်စေချင်တာမလား”

“မင်း မှန်းတာ မှားတယ်။ ငါ့ရဲ့နှလုံးသားက တာအိုအပေါ်မှာပဲ နှစ်မြုပ်ထားတယ်။ ငါ့မှာ သားသမီးလည်း မရှိဘူး။ ဆွေမျိုးလည်း မရှိဘူး။ ဘာအားကိုး အားထားရာမှ မရှိပေ။ ဒါ့အပြင် ငါက တပည့်တစ်ယောက်တောင် ခေါ်ဖူးတာ မဟုတ်ဘူး။နောက်ပိုင်း နှစ်တွေမှာဆိုရင် အမတတစ်ယောက် ဖြစ်လာဖို့ ငါ့ရဲ့ဂိုဏ်းနဲ့ပါ အဆက်အသွယ်ဖြတ်ခဲ့တယ်။ ပြောရမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ငါ့အတွက် အဆက်အသွယ် ဘာမှမရှိဘူး”

ချီယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ဆက်လက် ခန့်မှန်းလိုက်၏။

“ဒါဆိုရင် သခင်ကြီးက ဘယ်သူမှ အမွေဆက်ခံမယ့် သူမရှိတဲ့ အမွေအကြီးကြီး ချန်ခဲ့လို့ ကျွန်တော့်ကို သွားရှာစေချင်တာလား”

“မိတ်ဆွေလေး မင်းမှန်းတာ မှားပြန်ပြီ။ ငါပိုင်ဆိုင်သမျှ အားလုံးကို လေဟာနယ်ပါတဲ့ ရတနာတစ်ခုထဲမှာ သိမ်းဆည်းထားပြီးသား။ အဲ့ဒီရတနာက ငါ့ရဲ့ခန္ဓာကိုယ်နဲ့အတူ ပျောက်ကွယ်သွားခဲ့တာ ကြာပြီ။ အခုငါ့မှာ ဝိညာဉ်ကျောက်တုံး တစ်တုံးတောင်မရှိဘူး”

ချီယွမ် အနည်းငယ် မျက်နှာပျက်လာတော့၏။

( ချီးပဲ ဒီအဘိုးကြီးက ရူးနေတာလား။ ပြောမယ့်ဟာကို ရိုးရိုးသားသား ပြောလိုက်လို့ မရဘူးလား။ ဟိုဟာလည်းမဟုတ် ဒီဟာလည်းမဟုတ်နဲ့ ဗဟေဋ္ဌိ လာဖွက်နေတယ်)

(ငါသာ ထပ်အကျရှုံးခံမိလို့ကတော့ ငါ့ရဲ့မျိုးရိုးနာမည်ကိုပါ ရှီလို့ ပြောင်းပစ်မယ်)

ထိုအချိန်မှာပဲ တစ်ခါမှ မှန်ကန်အောင် မမှန်းဆနိုင်ခဲ့သော လူတစ်ယောက်သည် လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တော့သည်။

အချိန်အကြာကြီး စောင့်ဆိုင်းပြီးမှသာ အဘိုးကြီးရှီလည်း အနည်းငယ် ပျင်းရိလာ၍ ပြောပြလိုက်တော့၏။

“ငါတစ်ခါက ရှေးဟောင်း အပြိုအပျက် နေရာတစ်ခုထဲမှာ ရှေးနတ်သားရဲ တစ်ကောင်ကို တွေ့ခဲ့တယ်။ အဲ့ဒီနတ်သားရဲမှာ အရမ်းကိုထူးခြားတဲ့ အရည်အချင်းနဲ့ အခြေခံ ပိုင်ဆိုင်ထားပေမယ့် အဲ့ဒီတုန်းက အရွယ် မရောက်သေးဘူး။ ပြောရရင် သူ့ရဲ့သန်မာမှုက လုံးဝကို မပြည့်သေးဘူးပေါ့။ ငါလျှို့ဝှက် သိုင်းပညာတစ်ခုကို အသုံးပြုပြီး ကောင်းကင်နဲ့ မြေကြီးကို ပိတ်သိမ်းရင်း နှစ်တစ်ရာ ကြာလာရင် အဲ့ဒီ နတ်သားရဲ့ မျိုးရိုးထဲမှာ ကျွန်တံဆိပ်ကန့်သတ်ချက်တစ်ခု ထည့်နိုင်ဖို့ အသုံးပြုထားခဲ့တယ်။နှစ်တစ်ရာ ပြည့်လာရင် အဲ့ဒီသားရဲကို ဝိညာဉ်သားရဲ အနေနဲ့မွေးမြူပြီး ကျင့်ကြံလို့ရမယ့် ရည်ရွယ်ချက်နဲ့ပဲ။ ကံမကောင်းစွာနဲ့ ငါအဲ့ဒီသိုင်းပညာ အသုံးပြုပြီး မကြာခင်မှာပဲ ငါ့ရဲ့ကပ်ဘေးက ကျရောက်လာခဲ့တယ်။ အဲ့ဒီ နတ်သားရဲတွေလည်း အချိန်တွေ အကြာကြီး ရှင်သန်ခဲ့ပြီး နှစ်ပေါင်းများစွာ ကြာနေလောက်ပြီ။ အခုဆိုရင် အရွယ်လည်း ရောက်နေလောက်ပြီ”

“အဲ့ဒီနတ်သားရဲရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ငါ့ရဲ့ကန့်သတ်ချက်ကို ချိုးဖျက်နိုင်တာနဲ့ အခြေခံကိုပါ ဖျက်ဆီးနိုင်ပြီး ဂူထဲကနေ လွတ်မြောက် သွားလိမ့်မယ်။ ငါမင်းကို လုပ်စေချင်တာက အဲ့ဒီနတ်သားရဲကို ရှာဖွေပြီးတော့ ထိန်းသိမ်းပေးစေချင်တယ်။ မင်းလည်း အနာဂတ်မှာ ဒုက္ခကြုံလာရင် အားကိုးဖို့ အဖော် တစ်ယောက်ရမှာပေါ့”

( ရှေးဟောင်း နတ်သားရဲဟုတ်လား )

ချီယွမ် ပထမတော့ အံ့အားသင့်သွားခဲ့ပြီး အနည်းငယ် အခက်တွေ့သွားခဲ့သည်။

“သခင်ကြီး နောက်နေတာလား။ လုံးဝအရွယ်ရောက်ပြီးသား ရှေးဟောင်းနတ်သားရဲ တစ်ကောင်ဆိုရင် အနည်းဆုံးတော့ မဟာယနနယ်ပယ် စွမ်းရည်ရှိလိမ့်မယ်”

“ကျွန်‌တော့်လိုမျိုး ဝိညာဉ်အခြေတည် နယ်ပယ်ပဲ ရောက်သေးတဲ့ အငယ်တန်း ကျင့်ကြံသူတစ်ယောက်ကို မဟာယန နယ်ပယ် နတ်သားရဲနဲ့ ရင်ဆိုင်စေချင်တာလား။ ဒါက မသင့်တော်ဘူးလေ။ တစ်ကယ်လို့ တွေ့ခဲ့ရင်တောင်မှ ကျွန်တော်က သူတို့ကိုဖမ်းမှာ မဟုတ်ဘူး။ သူတို့က ကျွန်တော့်ကို ဖမ်းသွားကြမှာ”

ပြောရမည်ဆိုလျှင် ဤအဘိုးကြီး ခိုင်းစေသော တာဝန်သည် ငတုံးစနစ်မှ ပေးအပ်သော တာဝန်များထက် ပိုမို ချဲ့ကားရာကျ၏။ ငတုံးစနစ်ဘက်မှ တာဝန်များသည် အင်အားနည်းသော ရန်သူများကို အနိုင်ယူရန်သာ ဖြစ်ပြီး အခုလိုမျိုး သွားသေဖို့တော့ မဟုတ်ပေ။

ချီယွမ်၏ တုံ့ပြန်မှုကို မှန်းဆထားသည့်နှယ် အဘိုးအိုသည် ချက်ချင်းပင် ရှင်းပြလာ၏။

“မိတ်ဆွေလေး စိတ်မရှည် မဖြစ်ပါနဲ့။ အဲ့ဒီ ချမှတ်ထား ပြီးသား ကျွန်အစီအရင်ကန့်သတ်ချက်နဲ့ ဆိုရင် နတ်သားရဲက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ ပြဿနာရှာနိုင်မှာ မဟုတ်ဘူး။ ငါနောက်ကျရင် မင်းကို အမိန့်ပေးနိုင်မဲ့ စွမ်းရည် သင်ပေးမယ်။ မင်း နတ်သားရဲနဲ့ တွေ့ပြီဆိုရင် အဲ့ဒီမန္တာန်ကို ရွတ်လိုက်။ နတ်သားရဲက မင်းကို နာခံသွားပြီး နည်းနည်းမှ ခုခံရဲမှာ မဟုတ်ဘူး။ မင်း အခုကောင်းကင်တာအို ဝိညာဉ်သန္ဓေကို ဖန်တီးပြီးသွားတဲ့အတွက် မင်းရဲ့ဝိညာဉ်ထဲမှာ ကောင်းကင်တာအို အရှိန်အဝါတွေ ပါဝင်နေမယ်။ အဲ့ဒီအနံ့အသက်ကို ရတာနဲ့ နတ်သားရဲက မင်းနဲ့ နီးစပ်တယ်လို့ ခံစားရပြီး မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် မင်းမှာ မန္တာန်ချဖို့ အချိန် ရှိလိမ့်မယ်။ ဒါတွေ ပြီးသွားပြီဆိုရင် ငါမင်းကို အဲ့ဒီရှေးဟောင်း အပြိုအပျက် နေရာရဲ့ နေရာ အတိအကျပြောပေးမယ်။ အဲ့ဒီနေရာမှာ ပြုပြင်ဖန်တီးခြင်း ဆေးလုံး ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ရှာနိုင်ရုံတင်သာမက နောက်ထပ် ရှားပါးပြီး ထူးခြားတဲ့ သားရဲတွေနဲ့ ရတနာတွေကိုပါ တွေ့ရလိမ့်မယ်။ မင်းသာ ကံကောင်းမယ်ဆိုရင် အရင်တုန်းက ရှေးဟောင်းအင်အားကြီး တည်ရှိမှုတွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကိုပါ တွေ့နိုင်မယ်။ ဒါဆိုရင် ကောင်းကင်ဘုံနဲ့ နီးစပ်လာမယ်လို့ ပြောလို့ရပြီပေါ့”

ထိုအဘိုးအို၏ အသံသည် နက်ရှိုင်းပြီး သိမ်မွေ့နေကာ ဆွဲဆောင်မှုရှိသော လမ်းပြမှုများ ပါဝင်နေသည်။

အနည်းငယ် တွန့်ဆုတ်နေပေမယ့် ချီယွမ်တစ်ယောက် သံသယများကို ရှင်းလင်းလိုက်ကာ..

“သခင်ကြီး ဒီကမ္ဘာကြီးက ကျယ်ပြောပြီး အဆုံးမရှိတာကို သခင်ကြီးသိမှာပါ။ အချိန်တွေလည်း အရမ်းကြာခဲ့ပြီ။ ရှေးဟောင်း အပြိုအပျက်နေရာထဲက နတ်သားရဲကို ရှာဖွေဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ရှာနေရသလိုပဲ အရမ်းကို ခက်ခဲမှာပဲ စိုးရွံ့မိတယ်”

“စိတ်မပူနဲ့ မိတ်ဆွေလေး မင်းသာ သဘောတူမယ်ဆိုရင် ငါလင်ကျန်းကို ဒီညပဲ နေရာပြ အိမ်မြှောင် ဖန်တီးခိုင်းပြီးတော့ မနက်အစောမှာ ပို့ခိုင်းထားမယ်။ အဲ့ဒီအိမ်မြှောင်ရဲ့ လီတစ်သောင်း အကွာအဝေး အတွင်းမှာ သားရဲ ပေါ်လာတာနဲ့ အိမ်မြှောင်က ချက်ချင်း အသက်ဝင်လာလိမ့်မယ်။ အိမ်မြှောင်ညွှန်ပြတဲ့ ဦးတည်ရာအတိုင်း လိုက်သွားတာနဲ့ မင်းတွေ့လိမ့်မယ်”

“ဒါက.....”

ချီယွမ် အနည်းငယ် တုံ့ဆိုင်းနေ၏။

ဆုလာဘ်သည် အလွန်အမင်း ကောင်းမွန်သည် ဆိုသော်ငြား မဖြစ်နိုင်သော ကတိကဝတ်များနှင့်သာ ဆင်တူ၏။ ထိုအပြိုအပျက် နေရာသည် လုံးဝ ပျက်ဆီးသွားပြီလား ဆိုတာ ဘယ်သူက ကြိုတင် ပြောနိုင်မှာမို့လို့လဲ။

ဒီအခြေအနေတွင် ချီယွမ် စိတ်ဝင်စားသော တစ်ခုတည်းသော အရာသည် ထိုရှေးဟောင်း နတ်သားရဲပင် ဖြစ်သည်။

မဟာယန နယ်ပယ်ရှိသော ရှေးနတ်သားရဲကိုသာ ကောင်းမွန်စွာ အသုံးချနိုင်ပါက အနာဂတ်မှာ ကြီးမားသော အကူအညီကြီး တစ်ခု ဖြစ်လာနိုင်၏။

အချိန် အကန့်အသတ်လည်း မရှိသေးသည့်အတွက် အမိန့်ပေး မန္တာန်ကို ရွတ်ပြီးသည်နှင့် နှစ်တစ်ရာသော်လည်းကောင်း နှစ် နှစ်သော်လည်းကောင်း ထိန်းချုပ်လို့ ရနိုင်တော့မည်။

…….

All Chapters