မင်းရဲ့ခန္ဓာကိုယ်ကို စစ်ဆေးပေးပါရစေ
Vol. 9 Ch. 90
"တွေ့ပြီ"
ချီယွမ်နှင့် ပိုင်ရှီရို့ မြို့ပြင်ကို ရောက်သည်နှင့် အခြေခံ တည်ထောင်ခြင်းနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရှိသော တစ္ဆေမျက်နှာနှင့် ပိုးဖလံအား တိုက်ခိုက်နေသည့် အခြေခံ တည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူ ၅ယောက်ကို တွေ့လိုက်ရသည်။
ထိုနတ်ဆိုးပိုးဖလံ၏ အတောင်တစ်ဖက်ချင်းစီကပင် ၁၀မီတာကျော် မြင့်မားပြီး မဲနက်နေ၏။ အတောင်ပံပေါ်ရှိ အဖြူရောင် အစက်အပြောက်များတွင် တစ္ဆေမျက်နှာပုံများ ရှိနေပြီး အတောင်တစ်ချက်ခတ်လိုက်တိုင်း ပတ်ဝန်းကျင်တစ်ခုလုံးကို လေထန်သွားစေသည်။
ထိုအချိန်တွင် အခြေခံ တည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် သွေးများအပြည့်ဖြင့် မြေပြင်ပေါ်မှာ လဲနေပြီဖြစ်ပြီး အသက်ကိုတောင် မနည်းရှူနေရသော အခြေအနေ ရှိနေသည်။ ကျန်ကျင့်ကြံသူ ၄ယောက်လည်း ဒဏ်ရာအသီးသီး ရရှိထားပြီး ခက်ခဲစွာဖြင့် ခုခံအစီအရင်တစ်ခုကို အသက်သွင်းလိုက်ကာ တစ္ဆေမျက်နှာနှင့် ပိုးဖလံထံမှ အရိုင်းဆန်စွာ ကျရောက်လာသော တိုက်ခိုက်မှုများကို ခုခံနေကြသည်။
ထို၄ယောက်၏ မျက်နှာပေါ်ရှိ အလွန်အမင်း စိတ်ပျက်နေပုံကို ကြည့်လိုက်သည်နှင့် မကြာမီမှာဘဲ နတ်ဆိုးထံမှ သူတို့၄ဦးလုံး အမြစ်ဖြတ် အသတ်ခံရတော့မည်မှန်း သိသာပါသည်။
(ဖြစ်နိုင်တာ ဒီကောင်က အန်းစွေ့လန်ရဲ့ ကိုယ်ပေါ်မှာ မဟုတ်လို့ ဒီလောက်ထိ အားနည်းနေတာများလား)
ခဏမျှ တွေးတောပြီးသည်နှင့် ချီယွမ် မျက်လုံးများ ကျဥ်းမြောင်းလိုက်ကာ ပုံမှန်လိုမျိုး လက်ဖျောက်တစ်ချက် တီးလိုက်သည်။ လေဟာနယ်ထဲမှ ဧရာမ လက်ဝါးကြီးတစ်ခု ချက်ချင်းပင် ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးကို ပိတ်ကာနိုင်လောက်အောင် ကြီးမားသည့် ထိုလက်ဝါးက နတ်ဆိုးပိုးဖလံရှိရာ နေရာကို လေးလံစွာ ရိုက်ချလိုက်၏။
ဘုန်း
ချက်ချင်းဆိုသလို မောက်မာရိုင်းစိုင်းနေခဲ့သော နတ်ဆိုးပိုးဖလံခဗျာ ဧရာမ လက်ဝါးကြီးကြောင့် ပြားချပ်သွားခဲ့ပြီး မြေပြင်ပေါ်မှာ အပြားလိုက် ကပ်သွားလေ၏။
ထိုမြင်ကွင်းကြောင့် မြေပြင်ပေါ်တွင် လဲကျနေသော အခြေခံ တည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူနှင့် ကျန်သော ကျင့်ကြံသူ ၄ယောက်လုံး ချီယွမ်ရှိရာသို့ ကြောက်ရွံ့စွာ လှည့်ကြည့်လာကြသည်။ သူတို့၏ မျက်လုံးအတွင်းတွင် အံ့သြမှုနှင့်တကွ သေခြင်းတရားမှ လွတ်မြောက်လာသည့်အတွက် စိတ်သက်သာရာရမှုတို့ ရှိနေ၏။
အခြေခံ တည်ထောင်ခြင်းနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိထားသော နတ်ဆိုးပိုးဖလံအား ရိုက်ချက်တစ်ခုတည်းနှင့် သတ်နိုင်လောက်သော အင်အားသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။
"ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါ အကို”
သတိပြန်ကပ်လာသည်နှင့် အကုန်လုံး ရှေ့တိုးလာကြကာ ချီယွမ်အား လေးစားစွာ အရိုအသေပြုလိုက်ကြသည်။
"အကို့ရဲ့ ကျေးဇူးကြောင့်သာ မဟုတ်ဘူးဆိုရင် အဲ့ဒီပိုးမွှားဆီမှာ ကျွန်တော်တို့ အစားခံနေရလောက်ပြီ"
"ဟုတ်တယ် ကျွန်တော်လည်း ဒီနေ့ သေတော့မယ် ထင်သွားတာ။ အကို့ရဲ့ ကျေးဇူးကြောင့်သာပေါ့"
"အမပိုင်၊ ဒီအင်အားကြီးတဲ့ အကိုက အမပြောတဲ့ အတူလာတဲ့ အဖော်ဆိုတဲ့ တစ်ယောက်လား"
ချီယွမ်၏ဘေးရှိ ပိုင်ရှီရို့ကို မြင်သည်နှင့် အန်းစွေ့လန်သည် အံ့သြသွားသလို ပျော်ရွှင်သွားခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်က သွေးစကို လျင်မြန်စွာ သုတ်လိုက်ရင်း ချီယွမ်တို့အနီးသို့ အလောတကြီး ပြေးလာ၏။
"ညီမလေးအန်း"
ပိုင်ရှီရို့ ကူညီဖို့ ကြိုးစားခဲ့သော်ငြား ချီယွမ်က ချက်ချင်းပင် တားမြစ်လာ၏။
"သူမနားကို မသွားသေးနဲ့ဦး။ ကျွန်တော် ကိုင်တွယ်ပေးမယ်"
တစ်ခြားသော နတ်ဆိုးဝိညာဉ်များဆိုလျှင် ချီယွမ် အခုမျှ သတိထားနေလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ထိုနတ်ဆိုးသည် တစ္ဆေနတ်ဆိုးဖြစ်၏။
တစ္ဆေနတ်ဆိုးများသည် ယုတ်မာပြီး ဥာဏ်များကာ ခန့်မှန်း၍ မရနိုင်ချေ။ သို့သော်ငြား ချီယွမ်အတွက်တော့ လွယ်ကူသော ပစ်မှတ်များသာဖြစ်သည်။
တစ္ဆေနတ်ဆိုးများက လူတိုင်းအား အလွယ်တကူ ပူးကပ်နိုင်သည်ဆိုသော်ငြား ချီယွမ်၏ ခန္ဓာကိုယ်သည် အဆုံးမဲ့ သန့်စင်ခြင်း တာအိုခန္ဓာကိုယ် ဖြစ်သောကြောင့် ယန်စွမ်းအင်ဓာတ် များပြားကာ သေမျိုးဖြစ်နေတာတောင်မှ တစ္ဆေများရန်မှ ကင်းလွတ်ခွင့်ရှိသည်။
ယခုဆိုလျှင် စနစ်၏ ကျေးဇူးကြောင့် ၂ဆမျှ မြင့်တက်ခံလိုက်ရသည့်အတွက် သူ၏ကိုယ်တွင်းရှိ ယန်စွမ်းအင်ဓာတ်သည် ဘယ်လောက်တောင်မှ သန်မာနေလဲ ချီယွမ်ကိုယ်တိုင်ပင် အတည်မပြုနိုင်တော့ချေ။ ထို့အပြင် မြင့်မားလာသော ကျင့်ကြံမှုနယ်ပယ်ကြောင့် ထိုတစ္ဆေနတ်ဆိုးများအား ကြောက်ရွံ့ဖို့ လိုကိုမလိုအပ်တော့ဘူး။
တစ္ဆေအင်ပါယာ သို့တည်းမဟုတ် တစ္ဆေဘုရင်နှင့် တွေ့လျှင်တောင်မှ ချီယွမ် တုန်လှုပ်လိမ့်မည် မဟုတ်ချေ။ ဗလာသန့်စင်ခြင်းနယ်ပယ်နှင့် ညီမျှသော တစ္ဆေဘုရင်အဆင့်သို့ ရောက်လာလျှင် ထိုတစ္ဆေဝိညာဥ်သည် ယင်စွမ်းအင်ကိုပင် ယန်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ပြီး အဆုံးမဲ့ ကြမ်းတမ်းလာမည် ဖြစ်တာတောင်မှ ချီယွမ်ကို ကြောက်ရွံ့စေလိမ့်မည် မဟုတ်ချေ။
ထိုအရာတွေအားလုံးက သူ၏ အဆုံးမဲ့သန့်စင်သော ခန္ဓာကိုယ်ကြောင့်ပင်။
တစ္ဆေအင်ပါယာ သို့မဟုတ် တစ္ဆေဘုရင်နယ်ပယ်သို့ ရောက်လာလျှင် ထိုတစ္ဆေဝိညာဉ်သည် အသက်ရှင်နေသော လူသားများနှင့် ခွဲခြား၍
မရနိုင်တော့ချေ။ နေရောင်ထဲတွင် လမ်းလျှောက်နေလျှင်တောင်မှ တစ္ဆေအရှိန်အဝါကို အနည်းငယ်သော်မျှ သတိထားမိစေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ချီယွမ်လည်းပဲ အခြေခံ တည်ထောင်ခြင်းနယ်ပယ်ရှိသော အန်းစွေ့လန်ကို သေချာ အတည်မပြုနိုင်သေးတာ ဖြစ်၏။
"မင်းက မြို့အရှင်ရဲ့သမီး အန်းစွေ့လန် ဆိုသူလား"
မျက်စိရှေ့က မိန်းကလေးကို အထက်အောက် စုံဆန်ကြည့်လိုက်ရင်း ချီယွမ်၏ အတွေးထဲတွင် မှန်းဆချက်တစ်ချို့ ရှိလာခဲ့သည်။
သူမ၏ နှုတ်ခမ်းသည် အပြာရောင်သန်းနေခဲ့ပြီး မျက်နှာတစ်ခုလုံးက မီးခိုးဖြူလို ဖြူဖွေးနေကာ ၇ပိုင်းက တစ္ဆေလို့ ခံစားရစေပြီး ၃ပိုင်းသာ လူသားနှင့် တူညီသည်။
သို့သော်ငြား အန်းစွေ့လန်၏ တစ်ကိုယ်လုံးသည် တစ္ဆေစွမ်းအင်များ ပြည့်နှက်နေသည် မဟုတ်ဘဲ သူမလည်းဘဲ တစ်စိတ်တစ်ပိုင်း သက်ရောက်ခံရရုံသာ ရှိသည်။
သို့သော်ငြား ထပ်မံအတည်ပြုစရာ အချက်အလက်များကတော့ သေချာပေါက် လိုအပ်နေဆဲပင်။
" ဒီညီမလေးက တစ်ကယ်ပဲ အန်းစွေ့လန်ပါ။ အကို ဘာလိုအပ်လို့လဲ မေးလို့ရမလား"
စူးရဲစွာ ကျရောက်လာသော အကြည့်ကြောင့် အန်းစွေ့လန်ပင် အနည်းငယ် ရှက်ရွံ့စွာ ခံစားလိုက်ရပြီး သူမ၏ ဖြူဖွေးသော မျက်နှာသည် အနည်းငယ် နီရဲလာတော့၏။
ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်ပြီးမှ တက်ကြွစွာ ပြောလိုက်သည်။
“ညီမလေး ဒီနေရာကို ခဏလောက် လာပါဦး။ မင်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးဖို့လိုတယ်”
(ဟမ်)
ပတ်ဝန်းကျင်ရှိ လူတွေအားလုံး ဆွံ့အသွားကြကာ မျက်နှာထားများ ထူးဆန်းသွားလေ၏။
(ခန္ဓာကိုယ် စစ်ဆေးဖို့က လိုလို့လား။ ဒါက သင့်တော်လို့လား။ ဒါကမိန်းမငယ်လေးကို သေချာပေါက် အခွင့်အရေး ယူနေတာပဲ မဟုတ်ဘူးလား)
အကုန်လုံး လက်မခံနိုင်ဖြစ်သွားကြသော်ငြား ချီယွမ်၏ အစောပိုင်းကမှ ပြသထားသော ကြောက်မက်ဖွယ် လှုပ်ရှားမှုကြောင့် ဘယ်သူကမှ တားမြစ်စကား မဆိုရဲကြချေ။ စိတ်ထဲမှသာ စိတ်တိုစွာ ဆဲရေးလိုက်ကြပြီး သူတို့၏ တည်ရှိမှုကိုသာ အတတ်နိုင်ဆုံး မမြင်သာအောင် ကြိုးစားလိုက်ကြသည်။
အန်းစွေ့လန် စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်ပြီးမှ…
"အကို၊ ဘာ... ဘာလုပ်ချင်လို့ပါလဲ"
ပိုင်ရှီရို့ပင် ချီယွမ်အား အနည်းငယ် ရှုပ်ထွေးစွာ ကြည့်လာ၏။
"မောင်လေးချီ ဘာလုပ်နေတာလဲ"
အနည်းငယ် စကားကျွံသွားမှန်း သတိထားမိသည်နှင့် ချီယွမ် ချက်ချင်းပဲ လက်ယမ်းပြလိုက်ကာ..
"မိန်းကလေးအန်း၊ စိတ်လှုပ်ရှားဖို့ မလိုအပ်ပါဘူး။ ကျွန်တော်က အတည်ပြုစရာလေးတစ်ခု ရှိလို့ပါ"
ထိုစကားကို ပြောပြီးသည်နှင့် ချီယွမ်သည် ဆက်လက်ရှင်းပြဖို့ ပျင်းရိစွာပင် အန်းစွေ့လန်၏ လက်အား အားလုံး၏ အရှေ့မှာ ရိုးရှင်းစွာ ဆွဲယူလိုက်၏။ ထို့နောက်တွင် သူမ၏ အသိတရား စုဝေးရာ ဗဟိုချက်နေရာဖြစ်သော မျက်ခုံးစပ် နှစ်ခုကြားအား လက်ညှိုးနှင့် ထောက်လိုက်သည်။
"အကို..."
အန်းစွေ့လန် မတုံ့ပြန်နိုင်ခင်မှာဘဲ သူမ၏ ခန္ဓာကိုယ်ထဲကို စီးဆင်းသွားသော အနွေးကြောင်းကို ခံစားလိုက်ရသည်။ ထိုအနွေးဓာတ် ဖြတ်သန်းသွားသည်နှင့် သူမ၏ ခန္ဓာကိုယ်ထဲရှိ အေးစက်နေမှု အားလုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ကာ သူမ တစ်ခါမှ မခံစားဖူးသော သက်သောင့်သက်သာဖြစ်မှုနှင့် လွယ်ကူမှုအား ခံစားလိုက်ရသည့်အတွက် နူးညံ့စွာပင် ညည်းလိုက်မိ၏။
သူမ၏ အခြေအနေကို အတည်ပြုပြီးသည်နှင့် ချီယွမ် ရိုးရှင်းစွာ လက်ညှိုးကို ဖယ်ပေးလိုက်သည်။ အန်းစွေ့လန်၏ အသိစိတ်သည် ရှင်းလင်းနေပြီး လွှမ်းမိုးခံရမှု အရိပ်အယောင်ကို မတွေ့ရချေ။ သူမ၏ ခန္ဓာကိုယ်တွင် ကပ်ငြိနေသော အရှိန်အဝါသည် ထိုတစ္ဆေများနှင့် အချိန်အကြာကြီး ဆက်နွှယ်ခဲ့ရ၍သာ ပါလာဟန်ပင်။
ချီယွမ်တစ်ယောက် အတွေးလွန်နေစဥ်မှာပဲ ထိတ်လန့်မှုမှ သတိဝင်လာခဲ့သော အန်းစွေ့လန်သည် ရုတ်တရက် ဒူးထောက်ချလိုက်ကာ ခံစားချက်များ ပြည့်နှက်နေသော မျက်နှာထားဖြင့် ချီယွမ်အား အရိုအသေပြုလာပြီး တုန်ယင်စွာ ပြောလာခဲ့သည်။
"အကိုက စစ်မှန်တဲ့သူ တစ်ယောက်ပဲ။ စွေ့လန် လုံးဝကို ကျေးဇူးတင်ရပါတယ်။ ကျေးဇူးပြုပြီး မြို့အရှင် စံအိမ်ကို လိုက်ပြီးတော့ ကျွန်မရဲ့အမေကို ကယ်ပေးလို့ရမလား။ သူမကို ကုသပေးနိုင်မယ်ဆိုရင် အကို့ရဲ့နောက်မှာ ကျွန်တစ်ယောက်အဖြစ် တစ်ဘဝလုံး ကျေးဇူးဆပ်ပါမယ်"
"မြို့အရှင်ရဲ့ မိန်းမကိုလား"
ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားခဲ့ပြီး ဝမ်အိမ်တော်ကိစ္စအား ချက်ချင်းပင် စဥ်းစားမိသွား၏။ ထို့ကြောင့် နက်ရှိုင်းသော လေသံဖြင့် မေးလိုက်တော့သည်။
“ဘာဖြစ်ခဲ့တာလဲ”
“အတိအကျပြောပေး”
အန်းစွေ့လန် ဝမ်းနည်းစွာ ခေါင်းညိတ်ပြလိုက်ပြီး
"ကျွန်မ မြို့ပြင်ကို လာပြီးတော့ တစ္ဆေမျက်နှာနဲ့ ပိုးဖလံကို အမဲလိုက်ရခြင်းက သူတို့ရဲ့မျက်စံကို အမှုန့်အဖြစ် ချေဖျက်ပြီး အသုံးပြုထားမယ်ဆိုရင် ကိုယ့်ထက် ကျင့်ကြံဆင့်မြင့်တဲ့ တစ္ဆေဝိညာဉ်တွေကို မြင်နိုင်တယ်ဆိုလို့ပါ။ ကျွန်မရဲ့ အထင်အရ ပြောရမယ်ဆိုရင် အမေက... အမေက လူသား မဟုတ်တော့ဘူး။ တစ္ဆေတစ်ယောက်ပဲ"
ထိုအချိန်တွင် မြို့အရှင် စံအိမ်၌…
ကျန်းချိုက်ချမ်းတစ်ယောက် ပခုံးထက်တွင် အဝါရောင်နှင့် အဖြူရောင်အရည်များ ပါဝင်နေသော ခြင်းတောင်းနှစ်ခုကို ထုတ်တန်းဖြင့် ဆွဲလာရင်း မည်းမှောင်နေသော မျက်နှာထားဖြင့် မြို့စံအိမ်တစ်လျှောက် သွားလာနေခဲ့သည်။ ဖြတ်သွားဖြတ်လာ အစေခံများအားလုံးက ကျန်းချိုက်ချမ်းကို မြင်သည်နှင့် မခံနိုင်စွာ နှာခေါင်းပိတ်လိုက်ကြပြီး ရွံရှာစွာ ကြည့်လာကြလေ၏။
(ချီးပဲဟေ့)
(ငါ အဲဒီကောင် လီမင်ဝမ်ရဲ့ အရေမရ အဖတ်မရ စကားတွေကို ယုံပြီးတော့ ရေအိမ်တွေကို သန့်ရှင်းရေးလုပ်ရင် ကောင်းမွန်တဲ့ တာဝန်တစ်ခု ဖြစ်လာမယ်လို့ တွေးခဲ့တာ။ ဒီလောက်ထိ ညစ်ပတ်နေမယ်လို့ မတွေးခဲ့ဘူး။ ဒီအရာတွေက အရမ်းကို နံထောင်းပြီး ရွံစရာကောင်းလိုက်တာ။ ဘယ့်နှယ် ရေအိမ်သန့်ရှင်းရေး လုပ်တဲ့ချိန် လှတဲ့မိန်းကလေး တစ်ယောက်မှ မတွေ့ဘဲနဲ့ ယောက်ျားကြီးတွေပဲ။ ငါ ဘာလုပ်ရတော့မှာလဲ)
ကျန်းချိုက်ချမ်းတစ်ယောက် အသက်အောင့်နေရင်းမှ စိတ်ပျက်လွန်းစွာ စိတ်ထဲမှ ဆဲရေးလိုက်သည်။
သူသည် မြို့အရှင်လိုမျိုး အဆင့်မြင့်စံအိမ်များတွင် ဆောက်လုပ်ထားသော ရေအိမ်များသည် ယောက်ျားများအတွက် သီးသန့်ဆိုတာကို မသိခဲ့ပေ။ အစေခံများနှင့် အိမ်တော်သားများထဲမှ အမျိုးသမီးများအားလုံးသည် သူတို့၏ ကိုယ်ပိုင်အခန်းထဲမှာပဲ အိုးအသီးသီးဖြင့် အပေါ့အလေး သွားကြသည်။
ထိုအရာကို မသိရှိလေသော ကျန်းချိုက်ချမ်းသည် ရေအိမ်များအား သန့်ရှင်းရေး လုပ်နေချိန်တွင် ပုံရိပ်ဖမ်း မန္တာန်စာရွက်တချို့တောင် ကပ်ခဲ့သေး၏။
ကောင်းမွန်သော ဂိုဏ်းတစ်ခု၏ တပည့်တစ်ယောက်ဖြစ်သော ကျန်းချိုက်ချမ်းသည် သေချာပေါက် ဆိုးယုတ်သော အတွေးများ မရှိပါချေ။ မြို့စံအိမ်အတွင်းရှိ ပုန်းကွယ်နေသော နတ်ဆိုးသားရဲများအား ရှင်းလင်းချင်ပါက အခုလိုမျိုး ရေအိမ်ကဲ့သို့ သီးခြားဆန်ပြီး သဘာဝဆန်သော နေရာများကို ဦးစားပေး ရှာဖွေသင့်သည်ဟု ယူဆမိသောကြောင့်ပင်။
ကံကောင်းစွာဖြင့် သူ၏အဆင့်အတန်းသည် မြင့်သည်ဖြစ်လေရာ ရေအိမ်ရှိသော မြို့စံအိမ်၏ နေရာတိုင်းသို့ တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာခွင့်တော့ ရပါသေး၏။ ထို့ကြောင့် လီမင်ဝမ်နှင့် ပြုလုပ်ထားသော အလောင်းအစားကိုတော့ နိုင်လောက်မည်ဟု ယုံကြည်ချက်ရှိလေသည်။
ကျန်းချိုက်ချမ်းနှင့် လီမင်ဝမ်သည် မြို့အရှင် စံအိမ်အား မဝင်ခင်တွင် မြို့အရှင်၏ ထူးခြားဆန်းကြယ်သော မိန်းမဖြစ်သူ၏ မျက်နှာကို ဘယ်သူ အရင်ဆုံး မြင်ခွင့်ရမလဲဟူ၍ အဆင့်မြင့် ကျောက်တုံး၅၀၀ကို လောင်းကြေးထပ်ခဲ့သည်။
အခုချိန်မှာ ကျန်းချိုက်ချမ်းအတွက် တစ်ခုတည်းသော အားထားရာက ထိုအလောင်းအစားပင်ဖြစ်သည်။
ဒီလိုနဲ့ မကြာခင်မှာဘဲ တိတ်ဆိတ်ပြီး ကြော့ရှင်းသော ခြံဝင်းတစ်ခုအတွင်းသို့ ကျန်းချိုက်ချမ်း ရောက်လာခဲ့သည်။ ပုခုံးတွင် သယ်ဆောင်ထားသော နံဟောင်နေသည့် ခြင်းတောင်းကို မြင်သည်နှင့် အပြင်ဘက်က အစောင့်များက တားမြစ်ချက်တောင် ပြုမလာခဲ့ဘဲ ရိုးရှင်းစွာ လမ်းဖယ်ပေးလာ၏။
(အောင်မြင်ပြီ)
ဒီလိုနဲ့ပဲ ကျန်းချိုက်ချမ်းသည် မြို့အရှင် စံအိမ်၏ မိန်းမဖြစ်သူ နေထိုင်ရာ ခြံဝင်းအတွင်းသို့ ခပ်ပြုံးပြုံးဖြင့် ဝင်ရောက်သွားလေတော့၏။
ထိုခြံဝင်း၏အလယ်တွင် လူလုပ်ထားသော တောင်ပို့ငယ်လေးတစ်ခု ရှိနေပြီး အခန်းအသီးသီးနှင့် ဘေးနှစ်ဖက်တွင် အစီအရီ စိုက်ပျိုးထားသော ပန်းပင်များနှင့် သစ်ပင်စိမ်းများကြောင့် စံအိမ်၏ ကြွယ်ဝချမ်းသာမှုကို အထင်းသား မြင်နိုင်သည်။ ဤနေရာရှိ အရာအားလုံးက ကောင်းပါသည်။ သံသယဝင်ဖွယ် မရှိသော်ငြား အနည်းငယ် ချမ်းစိမ့်နေသလိုပဲ။ ခြောက်ခြားဖို့လည်းကောင်းတယ်