လင်းရွှမ်နဲ့ ကျင်းယွမ်ကျန်း
Vol. 16 Ch. 227
ဒိုင်လူကြီးသည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဓားတစ်ချောင်းလို ခုတ်ချလိုက်သည်။
"စပြီ”
အချက်ပြလိုက်သည်နှင့် ရွှေရောင်နေမင်းသည် ကျင်းယွမ်ကျန်း ကျောနောက်တွင်ပွင့်လာကာ သူ့မီးတောက်များသည် စင်မြင့်တစ်ခုလုံးကို ပြင်းထန်သောအပူနဲ့ ဖုံးလွှမ်းသွားချေ၏
"သေစမ်း”
ကျင်းယွမ်ကျန်းသည် ရှေ့သို့ တိုးလာပြီး လက်ဖဝါးကို ဆန့်ထုတ်လိုက်သည့်အခါ မီးတောက်များ ချက်ချင်း ပေါက်ကွဲသွားပေသည်။ လင်းရွှမ်ဆီသို့ မီးတောက် လှိုင်းလုံးကြီးတစ်ခု ပစ်လွှတ်ပြီး စင်မြင့်တစ်ခုလုံးကို မျိုချဖို့ ခြိမ်းခြောက်နေသယောင်ပင်
"ကျင်းယွမ်ကျန်းက ထိန်းမထားတော့မဲ့ပုံပဲ။"
"သူက အရာအားလုံးကို တစ်ခါတည်းနဲ့ အဆုံးသတ်ဖို့ ကြိုးစားနေတာ”
"ဝိညာဉ်ဖွဲ့စည်းမှုအဆင့်မှာရှိတဲ့ သူ့ရဲ့ စီနီယာတောင် သူ့ရဲ့ ဒီလှုပ်ရှားမှုကို မကာကွယ်နိုင်ခဲ့ဘူး။ လင်းရွှမ်တော့ ပြီးပြီထင်တယ်။"
ကျင်းယွမ်ကျန်းသည် အစမှာပင် ပြင်းထန်နေပြီး စွမ်းအားအပြည့်နဲ့ တိုက်ခိုက်နေတာကြောင့် ပွဲသည် အဆုံးအဖြတ် ပေးပြီးပြီဟု လူအများက ခံစားလိုက်ရ၏
၎င်းသည် ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး အရာအားလုံးကို တစ်ပြိုင်နက်တည်း အဆုံးသတ်ဖို့ ရည်ရွယ်ထားချေသည်။
သို့တိုင် ၎င်း မဆင်းသက်ခင်မှာပဲ
ရွှမ်
ငွေရောင်အလင်းတန်းတစ်ခုသည် အပေါ်ကဖြတ်သွားချေ၏ မီးလျှံများ ထက်ခြမ်းကွဲသွားပေသည်။
လင်းရွှမ်သည် ဓားကိုင်ကာ ရှေ့သို့တိုးလာပြီး သူ၏ဝတ်ရုံသည် ပူလောင်သောလေထဲ၌ တဖျပ်ဖျပ်လွင့်နေ၏။
လူအုပ်ကြီး တိတ်ဆိတ်သွားချေသည်။
ကျင်း၏အပြုံး ပျောက်ကွယ်သွားသည်။
(ဘာလဲဟ?)
၎င်းတို့၏ပထမဆုံး ထိတွေ့မှုတွင် ကျင်းသည် အမှတ်အသားပင် မချန်ခဲ့နိုင်ပေ။
လင်းရွှမ်၏ဓားသည် မြန်ဆန်ရုံသာမက တိကျ၏ ။ သန့်ရှင်း၏ ထိန်းချုပ်ထား၏ သူ၏ခြေလှမ်းများသည် သိမ်မွေ့ပြီး မတုန်မလှုပ်ပင်
ကျင်းယွမ်ကျန်းသည် ထိတ်လန့်တုန်လှုပ်နေသော်လည်း
မစောင့်တော့ချေ
အရောင်အဝါသည် ပြန်လည်တောက်ပလာပြီး မီးလျှံလှံသုံးခုသည် သူ့အထက်ရှိလေထဲ၌ ပေါ်လာကာ ကြယ်များကဲ့သို့ လှည့်ပတ်ကျရောက်လာသည်။
ဤတစ်ကြိမ်တွင် လင်းရွှမ် ရွေ့လျားသွားသည်။
သူသည် လှံများကို တောက်လျှောက် လှည့်ကာ မျက်စိတစ်မှိတ်အတွင်း အကွာအဝေးကို ပိတ်ဆို့လိုက်၏
ကလန့်!
ကျင်းသည် ရုတ်တရက် မီးလျှံဒိုင်းဖြင့် တားဆီးခဲ့သော်လည်း လင်းရွှမ်ဓား၏အားကြောင့် သူ့ခြေလှမ်းများစွာ နောက်သို့ ဆုတ်သွားခဲ့ရသည်။
ကျင်းသည် သူ့၏တုန်ရီနေသော လက်မောင်းကို စိုက်ကြည့်နေပေ၏
(သူ... ငါ့ကိုလိုက်မီနေတာလား?)
အဓိပ္ပာယ်မရှိပေ
သူသည် အပြည့်အဝ မြင့်မားသော နယ်ပယ် တစ်ခု၌ ရှိနေ၏ သူသည် မြစိမ်းရောင်လဝန်းဂိုဏ်း၏ ထိပ်တန်းနည်းစနစ်များကို လေ့ကျင့်ထားကာ နေတာအိုအရိုး ကို စုပ်ယူခဲ့သည်။
သို့တိုင် လင်းရွှမ်သည် အသက်ရှင်ကျန်ရစ်ခဲ့ရုံသာ မဟုတ်ပေ
သူသည် တရွ့ရွေ့နဲ့ တိုက်ခိုက်နေ၏
ခုန်ကျန်းဟုန်သည် စိတ်လှုပ်ရှားစွာနဲ့ လက်သီးကို ဆုပ်လိုက်၏
"ဒါပဲလင်းရွှမ်... သူတို့ကိုပြလိုက်”
တိုက်ပွဲသည် အခုမှစတင်ရုံသာ
ကလန့်.. ကလန့်..ကလန့်!
မီးနဲ့ဓား ထိပ်တိုက်တွေ့သံများ နဲ့အတူ ကွင်းတစ်ခုလုံး ပဲ့တင်ထပ်
သွား၏ — လွှမ်းမိုးနေသောဝိညာဉ်ဖိအားနဲ့ သန့်စင်သော ခြေထောက်လှုပ်ရှားမှုများ။
ပွဲက ပိုကြာလာလေ၊ လူအုပ်က ပိုရှုပ်ထွေးလာလေပင်
လင်းရွှမ်သည် ကျင်းယွမ်ကျန်းကို အနိုင်ယူနေတာ မဟုတ်ပေ
သူ မရှုံးရုံသာ
တစ်ဆင့် နိမ့်နေပေမဲ့ သူသည် တိကျမှုအပြည့်နဲ့ ရှောင်တိမ်းခဲ့ပြီး လွယ်ကူစွာ ပိတ်ဆို့နိုင်ခဲ့ကာ လိုအပ်မှသာ တန်ပြန်တိုက်ခိုက်ခဲ့ပေ၏
သူ့လှုပ်ရှားမှုတိုင်းသည် ဓားသွားလို ထက်မြက်ပြီး မီးဖိုထဲ၌ အကြိမ်တစ်ထောင် သန့်စင်ထားသော ဓားတစ်ချောင်းလိုပင် ထက်မြက်စွာ ဖြတ်တောက်ထား၏
ကျင်းယွမ်ကျန်း၏ မီးလျှံသည် တစ်ဖန်ပြန်လည် မြင့်တက်လာပြီး တိုက်ခိုက်မှုအသစ် စတင်လိုက်သည့်အခါ လေထဲ၌ လောင်ကျွမ်းသွားသည်။
မီးမြွေများသည် စစ်မြေပြင်တစ်ဝိုက်၌ ကခုန်နေကြပြီး စင်မြင့်ကို လောင်ကျွမ်းစေသည်။ မီးလျှံဆူးများသည် မြေပြင်မှ မီးတောင်ပေါက်ကွဲမှုတွေလို ပေါက်ကွဲထွက်လာ၏
သို့တိုင်
လင်းရွှမ်သည် ရေလို စီးဆင်းသွားချေသည်။
တစ်လှမ်းရှေ့တိုးလိုက်၊ နှစ်လှမ်းဘေးတိုက်တိုက်ခိုက်လိုက်နှင့်ပင်။ လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ကျဉ်းမြောင်းသော လှည့်ကွက်တစ်ခုနဲ့ တိုက်လေ၏ သူ လှုပ်ရှားမှုကို အလဟဿ အဖြစ်မခံသလို မည်သည့်အခါမှ တုန်လှုပ်ခြင်း မရှိပေ
"လင်းရွှမ် အနိုင်ရမှာ မဟုတ်ပါဘူး... ဒါပေမဲ့ သူ ရှုံးမှာလည်း မဟုတ်ပါဘူး။"
"သူ အချိန်တိုင်း ခုခံသွားမှာလား။"
"အနီးကပ်ကြည့်လိုက်..သူ့ရဲ့ခြေထောက်လှုပ်ရှားမှု၊ ဓားချက်.. ပြီးပြည့်စုံလုနီးပါးပဲ..."
အကြီးအကဲအချို့၏ မျက်လုံးများကျဉ်းမြောင်းသွားကြသည်။
ကျင်းယွမ်ကျန်းသည် သူ့၏ကျင့်ကြံမှုနယ်ပယ်၌ အားသာချက်ကြီးကြီးမားမားရှိသည့်တိုင် လင်းရွှမ်သည်လည်း
ထိုအားနည်းချက်ကို ကိုင်တွယ်ဖြေရှင်းနိုင်သော ကိုယ်ပိုင်အရည်အချင်း ရှိကြောင်း သူတို့သိ၏
ကျင်းယွမ်ကျန်းထက် အများကြီးသာလွန်သော နည်းစနစ်တွေအပေါ် သူ့၏ကျွမ်းကျင်မှုကြောင့်သာ
ကျင်း၏ နည်းစနစ်ကို ကျွမ်းကျင်စွာအသုံးချနိုင်မှုသည်လည်း အတော်လေးကောင်းမွန်သည့်တိုင် အခြေအနေအရ လိုအပ်သည့်အခါတိုင်း အသုံးပြုနိုင်သော လင်းရွှမ်ကိုတော့ မထိခိုက်နိုင်ပေ
ရှောင်တိမ်းသည့်အခါ ခြေထောက်လှုပ်ရှားမှုကို အသုံးပြုခြင်း၊ ရှောင်တိမ်းလို့မရသည့်အခါ ခုခံကာကွယ်သောနည်းစနစ်ကို အသုံးပြုခြင်း၊ ကျင်းယွမ်ကျန်း သတိလက်လွတ်ဖြစ်သည့်အခါ တန်ပြန်တိုက်စစ်ဆင်ခြင်းအားဖြင့် သူသည် အရာအားလုံးကို ပြီးပြည့်စုံအောင် လုပ်ဆောင်နေခဲ့သည်။
သူ့ပြိုင်ဘက်သည် ခွန်အားပိုကောင်းပြီး ရိုင်းစိုင်းသည့်တိုင် သူ့နည်းစနစ်က လင်းရွှမ်ကို ထိခိုက်အောင် မလုပ်နိုင်ပေ
ကျင်းယွမ်ကျန်း အနိုင်ရနေပုံရပေမဲ့ ပိုပြီးဒေါသထွက်ကာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သည်။
သူ အချိန်မရွေး ချေမှုန်းနိုင်သော ပုရွက်ဆိတ်တစ်ကောင်လို့ ထင်ခဲ့သူသည် သူ့ကို ခက်ခဲစေသည်။
ထို့အပြင် သူ့၏ ကျင့်ကြံမှုကြောင့် လင်းရွှမ်ထက် ပိုအားကောင်းသည်ဆိုသောအချက်ကို လက်မခံနိုင်ပေ။
နဂါးနှင့် ဖီးနစ်ပြိုင်ပွဲကို အလွယ်တကူ အနိုင်ရလိမ့်မည်ဟု ထင်ခဲ့သော သူသည် အခုအခါ လက်လုပ်လက်စား သမားတစ်ယောက်နဲ့ ရုန်းကန်နေရ၏ သူ့မာနက လက်မခံနိုင်ပေ။
"ဒါ မဖြစ်နိုင်ဘူး”
သူ နောက်ဆုတ်တာမျိုး မဟုတ်ပေမဲ့ တိုက်ပွဲကို အဆုံးသတ်ဖို့ မလုံလောက်သေးပေ
"ပုန်းနေတာ တော်တော့”
သူ့လက်မောင်းများကို ကျယ်ကျယ်ဖြန့်ပြီး နေလုံးငယ်လေးလို လောင်ကျွမ်းနေသော ဘီးတစ်ခု ဖန်တီးလိုက်သည်။
"မင်းက လှည့်ပတ်ပြီး ထာဝရ ရှောင်တိမ်းရင် အနိုင်ရမယ်လို့ ထင်နေတာလား?"
သူ့ လှောင်ပြောင်မှုက ပိုနက်ရှိုင်းလာ၏။
"မင်းရဲ့ ဓားက ဘယ်လောက်ပဲ သပ်ရပ်နေပါစေ၊ မင်းက ကံကြမ္မာကို ခုခံနေတဲ့ ပိုးကောင်တစ်ကောင်ပဲ”
လင်းရွှမ်က ပြန်မဖြေပေ။ သူသည် လှောင်ပြောင်မှုကို ဒေါသထွက်တာမျိုးလည်း မရှိပေ
သူ စောင့်နေရုံသာ
နောက်ထပ် မီးတောက်တစ်ခု။
ဖိအားပိုများ၏
ကျင်းယွမ်ကျန်းသည် နည်းစနစ်များ ပြောင်းလဲသွားချေပြီ ။ တိုက်ခိုက်မှုတစ်ခုစီသည် ယခုအခါ ပိုမိုမြန်ဆန်ပြီး ပိုမိုလေးလံလာကာ လင်းရွှမ်၏ ခံစစ်ကို ဖြိုခွင်းရန် ကြိုးစားနေသည်။
"ပြန်တိုက်ခိုက်”
သူ ဟိန်းဟောက်လိုက်ပြီး ခြေထောက်ကို စင်မြင့်ပေါ်သို့ ဆောင့်ချကာ နေရောင်ခြည်လှိုင်းတစ်ခု လွှတ်လိုက်သည်။
"မင်းက သူရဲကောင်း ဖြစ်ချင်တာလား။ မင်းက ပိုင်ကျီဟန်ရဲ့ ခွေးမဟုတ်ဘူးဆိုတာ သက်သေပြချင်တာလား။"
သူသည် မီးလျှံကို လက်ဖဝါးထဲသို့ စုပုံလိုက်ပြီး အရည်ပျော်နေသော သတ္တုထက် ပိုပူသော လှံတံအဖြစ်သို့ စုစည်းလိုက်သည်။
"ဒါဆို ဒါကိုယူလိုက်”
သူ၏ ပထမတစ်ခုထက်ပင် ပိုမိုအားကောင်းပုံရသော တိုက်ခိုက်မှုတစ်ခုသာ။
သို့သော် လင်းရွှမ်သည် တုန်လှုပ်ခြင်း မရှိပေ။
သူသည် ငြိမ်သက်စွာ ရပ်နေပြီး ဖြည်းဖြည်းနှင့် နက်ရှိုင်းစွာ အသက်ရှူနေသည်။
(အခု)
ထို့နောက် လှံသည် သူ့ထံသို့ ရောက်ရှိလာသည့်အချိန်တွင်ပင်
ရွေ့လျားလိုက်၏
ရွှမ်!
လေသည် ကွဲထွက်သွားချေသည်။
ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖြတ်ပြေးသွားချေ၏
တိုက်ခိုက်မှုသည် သာမန်မဟုတ်ပေ
တစ်ချက်တည်းနဲ့ ရိုးရှင်းသောဓားချက်တစ်ခု ဖြစ်သည့်တိုင် ကောင်းကင်၌ တောက်ပသော လှိုင်းတွန့်တစ်ခု ချန်ထားခဲ့သည်။
ထို့အပြင် ကျင်းယွမ်ကျန်း၏ မျက်လုံးများက ထိတ်လန့်တကြား ပြူးကျယ်သွားချေသည်။
(အဲဒီနည်းစနစ်)
ကျင်းယွမ်ကျန်း၌ တုံ့ပြန်ဖို့ အချိန်မရှိသလောက်ပင်
တောက်ပသော လှိုင်းတွန့်သည် အရာအားလုံးကို ဖြတ်ပြေးသွား၏ မီး၊ ကောင်းကင်နှင့် သူ့ခန္ဓာကိုယ်ကို ဝန်းရံထားတဲ့ အရှိန်အဝါကိုပင် ဖြတ်သွားသည်။
ဓားအလင်းကြောင့် သူ၏ မီးလျှံလှံ ပျံသန်းနေစဉ်မှာပင် ကွဲအက်ပြီး လောင်ကျွမ်းသွား၏ သူ့၏ အကာအကွယ် ချီအတားအဆီးသည် ကြွပ်ဆတ်သော ဖန်ခွက်လို ကွဲအက်သွားပေသည်။
သူ့ရင်ဘတ်၌ အနီရောင်မျဉ်းကြောင်းပါးလေးတစ်ခု ပေါ်လာပေ၏
"အား”
ကျင်းသည် သွေးချောင်းဆိုးပြီး ယိုင်ထိုးနေ၏
ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပေသည်။
VIP စင်မြင့်ကနေ ကြည့်နေသော အမာခံ ကျင့်ကြံသူများတောင် မျက်လုံးပြူးကုန်၏
"အဲဒါက..."
"အဆုံးမဲ့ ဓားတစ်သောင်းဓား”
"မဖြစ်နိုင်ဘူး။ အဲဒါက ကောင်းကင်ဓားဂိုဏ်းရဲ့ တားမြစ်အဆင့် နည်းစနစ်ပဲ။ ဂိုဏ်းခေါင်းဆောင်တွေနဲ့ ဓားပညာရှင်ကြီးတွေပဲ ဒီနည်းစနစ်ရဲ့ အရိပ်အယောင်ကို နားလည်နိုင်တယ်။"
"သူက... အခြေတည်ဝိညာဉ်အဆင့် ဂျူနီယာတစ်ယောက်ပဲ..သူ ဘယ်လိုလုပ် ဒီလိုအရာမျိုးကို လုင်နိုင်ရတာလဲ”
တီးတိုးပြောဆိုသံများနှင့် အံ့အားသင့်မှုများကြား၌ လင်းရွှမ်သည် ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်သည်။
"ဟား... ဟား... "
သူ့ဓားကို အောက်သို့ နှိမ့်ချလိုက်၏ သူ့အသက်ရှူသံများ ပိုပြင်းထန်လာပြီး နဖူးတွင် ချွေးအနည်းငယ် ပေကျံနေ၏
ထိုနည်းစနစ်က အစွမ်းထက်သည့်တိုက် ချီသိုလှောင်မှုကို အလွန်အမင်း နွမ်းစေခဲ့သည်။
သူ့ အကန့်အသတ်အထိ မရောက်သေးပေ
သို့ပေမဲ့ သူ နီးစပ်နေချေပြီ။
ကျင်းယွမ်ကျန်းသာ ထိုတိုက်ခိုက်မှုကို ကောင်းကောင်း ခံနိုင်ရည်မရှိခဲ့ပါက တိုက်ပွဲသည် ပြီးဆုံးသွားလိမ့်မည် ဖြစ်ပြီး လင်းရွှမ် အနိုင်ရသွားလိမ့်မည်သာ
သို့တိုင် သူ မအောင်မြင်ခဲ့ပေ
သူ ဒဏ်ရာရသွား၏ ရှုံးနိမ့်သွားတာ မဟုတ်ပေ
ပြီးတော့ သူ ဒေါသထွက်နေချေသည်။
"...မင်း... အင်းဆက်ကောင်”
ကျင်းမျက်လုံးများသည် မီးလျှံများနဲ့သာမက ရူးသွပ်မှုများနဲ့ပါ လောင်ကျွမ်းသွားနေ၏
"ငါ မင်းကို သန့်ရှင်းစွာ သေဖို့ အခွင့်အရေးပေးခဲ့တယ်။"
တုန်ရီနေသော လက်ကို ရင်ဘတ်ဆီ ဆန့်ထုတ်ပြီး ထိုးသွင်းလိုက်၏
အသက်ရှူမဝဖြစ်နေ၏
"မဟုတ်ဘူး... မဟုတ်ဘူး၊ သူ မလုပ်ရဘူး”
"သူက သူ့ရဲ့ နေတာအိုကျောက်တုံး အူတိုင်ကို မီးရှို့နေတယ်”
"ရူးလိုက်တာ…သူကျရှုံးရင် သူ့ရဲ့အုတ်မြစ်က ပြိုလဲသွားလိမ့်မယ်”
သူ့အတွင်းစိတ်ထဲ၌ ဒဏ္ဍာရီလာ နေတာအိုကျောက်အိုးသည် နှလုံးလို ခုန်နေ၏
သူ၏ နေတာအိုကျောက်အိုးကို လောင်ကျွမ်းစေခြင်းသည် တိုက်ပွဲပြီးပါက ပြင်းထန်စွာဒဏ်ရာရပြီး နောက်တစ်ဆင့်ကို မတက်နိုင်တော့ဘူးဟု ဆိုလိုတာပင်
သို့တိုင် ကျင်းယွမ်ကျန်းက ဂရုမစိုက်ပေ
သူမရှုံးချင်ပေ
သူ့ကို မရှုံးချင်ပေ
ယခင်က လက်လုပ်လက်စားသမားတစ်
ယောက်ကို မရှုံးချင်ပေ
"အား”
သူ့ခန္ဓာကိုယ်သည် တုန်ခါသွားပြီး မီးလျှံများသည် အပေါက်တိုင်းကနေ ပေါက်ကွဲထွက်လာ၏ သူ့၏ရွှေရောင် အရောင်အဝါသည် မကြုံစဖူးတောက်ပမှုနဲ့ လောင်ကျွမ်းပြီး ကောင်းကင်ကို မြင့်တက်နေသော မီးတောက်ကြီးတစ်ခု ဖြစ်လာသည်။
ကွင်းအတားအဆီးသည် မြည်ဟည်းပြီး ဖိအားအောက်၌ ပြင်းထန်စွာ တောက်ပနေချေ၏
"သူ့ ချီတွေ တိုးလာနေပြီ”
"သူက သူ့ရဲ့ ဝိညာဉ်ဖွဲ့စည်းပုံစွမ်းအားကို အထွတ်အထိပ်ကို တွန်းပို့နေတယ် - ဖြစ်နိုင်တာက ကျော်လွန်နိုင်တယ်”
"ဒါပေမယ့် ဘယ်လောက်ကုန်ကျမှာလဲ... ဒါက ရူးသွပ်မှုပဲ”
"ဖြစ်နိုင်တာက လင်းရွှမ်က အဲဒီလောက် အစွမ်းထက်တဲ့ပြိုင်ဘက်တစ်ယောက်ပဲ။ ကျင်းယွမ်ကျန်းကို ဒီလိုအခြေအနေမျိုး ရောက်အောင် တွန်းပို့နိုင်မယ်လို့ ဘယ်သူထင်မှာလဲ။ သူက အခြေတည် ဝိညာဉ်နယ်ပယ်မှာပဲ ရှိသေးတာ။"
ကျင်းယွမ်ကျန်း ခြေထောက်များသည် မြေပြင်ကို ပေါက်ကွဲစေသော စွမ်းအားနဲ့ ဆောင့်ချလိုက်သည်။
ပြီးတော့
သူ ပျောက်ကွယ်သွားသည်။
လင်းရွှမ် မျက်လုံးများ ပွင့်သွားချေ၏ သူ့ခန္ဓာကိုယ်သည် ဗီဇအတိုင်း ရွေ့လျားသွားကာ ဓားများ မြင့်တက်လာ၏
ဘုန်း
နေရောင်အောက် လက်သီးတစ်ခုသည် သူ့ဓားကို ထိမှန်ပြီး လွင့်စင်သွားချေသည်။
"မလုပ်နဲ့”
သူ သက်သာမလာခင်မှာပဲ ကျင်းသည် သူ့အပေါ်၌ ပေါ်လာကာ ရက်စက်ကြမ်းကြုတ်သော ကန်ချက်တစ်ခုနဲ့ အောက်က စင်မြင့်ကိုပါ ပေါက်ကွဲသွားစေသည်။
လင်းရွှမ်သည် သွေးများနဲ့အတူ ချောင်းဆိုးလိုက်၏ သူ ရှောင်ဖယ်ဖို့ ကြိုးစားသည့်တိုင် ကျင်း၏ တိုက်ခိုက်မှုက ပိုပြင်းထန်လာပေသည်။ ကြမ်းတမ်းပေမဲ့ ရပ်တန့်လို့ မရပေ။
၎င်းက ဓားရေးကစားတာ မဟုတ်ပေ
၎င်းသည် ကြမ်းတမ်းသော အစွမ်းနဲ့ ကျောထောက်နောက်ခံပြုထားသည့် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုသာ
မီးတောက်များသည် စင်မြင့်ပေါ်၌ တောက်လောင်နေသည်။ တိုက်ခိုက်မှုတိုင်းသည် အတားအဆီးကို ဖြတ်ပြီး တုန်ခါမှုလှိုင်းများ ထုတ်လွှင့်နေချေ၏
လင်းရွှမ်သည် မြန်ဆန်ပေမဲ့ လုံလောက်အောင် မမြန်ပေ။ သူ့ ချီက ကုန်ဆုံးသွားချေသည်။ သူ့ကြွက်သားများ နာကျင်ကိုက်ခဲနေ၏ သူ့ခန္ဓာကိုယ် မီးလောင်နေပေသည်။
သူ တိုက်ခိုက်နေဆဲသာ
ရှောင်တိမ်းလိုက် တန်ပြန်တိုက်ခိုက်လိုက်နဲ့သာ။
သို့တိုင် ခံစစ်က ပိုညံ့လာ၏
ခြေလှမ်းတိုင်းက ပိုလေးလံလာသည်။
ထို့အပြင် ကျင်းက မရပ်ပေ
ဘုန်း ဘုန်း ဘုန်း
"မင်း ငါ့ကို အရှက်ခွဲလို့မရဘူး”
နံရိုးများထဲသို့ ပူပြင်းသော လက်သီးတစ်ချက် ထိုးလိုက်၏
"မင်း ငါ့အပေါ်မှာ ရပ်တည်လို့မရဘူး”
ရက်စက်စွာပင် နောက်ကျောကို တံတောင်ဆစ်နဲ့ ထိုးလိုက်၏
"မင်း ငါ့ကို ငုံ့ကြည့်လို့မရဘူး”
နောက်ဆုံး ထိုးချက်တစ်ခုဖြစ်သော မီးလျှံအပြည့်နဲ့ လက်ဖဝါးသည် လင်းရွှမ်ရင်ဘတ်ကို ထိမှန်ပြီး ကွင်းထဲကနေ လွင့်စင်သွားပေ၏
မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ချခံလိုက်ရသည်။
ဒီတစ်ခါတော့ သူ မထနိုင်တော့ပေ
စင်မြင့်တစ်ခုလုံး တိတ်ဆိတ်နေ၏
ကျင်း၏ ဒေါသများ ပြေပျောက်သွားပြီး မီးလျှံများ ရပ်တန့်သွားပေ၏
လင်းရွှမ် ဝတ်ရုံမှ မီးခိုးများ ထွက်လာ၏ သူ့နှုတ်ခမ်းကနေ သွေးများ စီးကျလာချေသည်။ သူ လှုပ်ရှားဖို့ ကြိုးစားနေ၏
သို့ပေမဲ့ ဒိုင်လူကြီးသည် ရှေ့ကို တိုးလာပြီး လက် မြှောက်လိုက်၏
"...အနိုင်ရသူ ကျင်းယွမ်ကျန်း”