← Chapters

ရှုံးနိမ့်သည့်တိုင် သူတောက်ပနေ၏

Vol. 16 Ch. 228

ရှုံးနိမ့်သည့်တိုင် သူတောက်ပနေ၏

Vol. 16 Ch. 228

ထိတ်လန့်ကုန်၏

တိတ်ဆိတ်နေကြချေပြီ

ကျင်းကို ထောက်ခံသူများတောင် ဝမ်းသာအားရ မပျော်ရွှင်ကြပေ

အဖြစ်အပျက်ကို လူတိုင်းမြင်နေလို့သာ။

အောင်ပွဲနောက်ကွယ်မှ အမှန်တရား။

ကျင်းယွမ်ကျန်းသည် အနိုင်ရဖို့တောင် မနည်းကြိုးစားခဲ့ရ၏

သူ့ထက် အဆင့်တစ်ဆင့်နိမ့်သော လူတစ်ယောက်ကို အနိုင်ယူဖို့ သူ့အူတိုင်ကို မီးရှို့ကာ သူ့ကိုယ်သူ ဒုက္ခတိဖြစ်အောင် လုပ်ရင်း ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတစ်ခု၏ စွမ်းအားကို သုံးစွဲခဲ့ရချေသည်။

တစ်ချိန်က ဘာမှမဟုတ်ဘူးဟု ယူဆခဲ့သော လူတစ်ယောက်

သွေးစွန်းပြီး ကျိုးပဲ့နေသော လင်းရွှမ်သည်

ပွဲ၏ အပြင်းထန်ဆုံး ထိုးနှက်ချက်ကို ခံခဲ့ရ၏

ကျင်းယွမ်ကျန်း၏ မာနကို ထိခိုက်စေခဲ့သည်။

ပွဲအပြီး၌ ကျင်းယွမ်ကျန်း၏ နဂါးနှင့်ဖီးနစ်ပြိုင်ပွဲတွင် အနိုင်ရမည့် အခွင့်အရေးသည် သုညနီးပါးဖြစ်ကြောင်း လူတိုင်းသိကြ၏

စင်မြင့်ပေါ်မှ မီးခဲလို မှိန်ဖျော့နေသော ရင်ခုန်သံများသည် လေထဲ၌ ကျန်နေခဲ့ပေသည်။

"...သူ ရှုံးသွားတာလား?"

"မဟုတ်ဘူး...သူ အနိုင်ရခဲ့တယ်" အကြီးအကဲတစ်ယောက်က တိုးတိုးလေးပြောပြီး မီးလောင်နေသော စင်မြင့်ကို ကြည့်ရင်း မျက်လုံးတွေ ကျဉ်းမြောင်းသွား၏ "ရှုံးနိမ့်သွားရင်တောင် သူက အလင်းရောင်ကို ခိုးယူသွားတယ်။"

လင်းရွှမ်ကို ဆေးအဖွဲ့သည် စင်မြင့်ပေါ်မှ ဂရုတစိုက် ကောက်ယူခဲ့သည်။

သူ့ကို တည်ငြိမ်မှုရအောင် အဆင့် ၂ ကုသဆေးပြားများ ပြင်ဆင်ပေးနေချိန်တွင် စူးရှသော အသံတစ်ခုသည် လေထဲ

၌ ဖြတ်သွားသည်။

"ခဏလေး”

ခုန်ကျန်းဟုန်သည် ရှေ့သို့ တိုးလာ၏

သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သောအခါ ကျောက်စိမ်းပုလင်းတစ်လုံးသည် လေထဲတွင် လွင့်စင်သွားပြီး ဆေးဆရာတစ်ဦး၏ လက်ထဲသို့ ညင်သာစွာ ကျရောက်သွားသည်။

"ဒါကိုသုံးပါ" ဟု သူက ပြောသည်။ "သခင်လေးပိုင်က ပေးလိုက်တာ။ လင်းရွှမ်ကို ကျွေးလိုက်ပါ။"

ဆေးဆရာများ ရပ်တန့်သွားပြီး အံ့အားသင့်သွားကြသည်။ သူတို့ထဲမှ တစ်ဦးသည် ပုလင်းကို ဖွင့်ပြီး အံ့သြတကြီး ပြောလိုက်သည်။

"အဆင့် ၅ ကုသဆေးပြား”

တွန့်ဆုတ်နေစရာ မရှိပေ

ပိုင်ကျီဟန်၏ အမည်သည် တောင်တစ်လုံး၏ အလေးချိန်ကို သယ်ဆောင်ထားပြီး သူ့ထံမှ အမိန့်ကို ငြင်းဆန်ရန် မဖြစ်နိုင်ပေ။

အရေးပေါ်ကုသမှုအဖြစ် လင်းရွှမ်အား သူတို့ ပေးလိုသည့်ဆေးထက် အဆင့် ၅ ကုသဆေးပြားက များစွာ ပိုကောင်းသည်ကိုပင် ထည့်မပြောလိုပေ

နောက်ထပ် စကားတစ်ခွန်းမှ မပြောဘဲ ခုန်ကျန်းဟုန်၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ကြသည်။

လင်းရွှမ်ကိုယ်တိုင် မသောက်နိုင်သောကြောင့် အဆင့် ၅ ဆေးပြားတစ်ပြားကို ကြိတ်ချေပြီး အထူးနည်းစနစ်တစ်ခု လင်းရွှမ်၏ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်စေခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူ့၏ ကြမ်းတမ်းသော ခန္ဓာကိုယ်ပေါ်၌ နွေးထွေးသော ရွှေရောင်အလင်းတန်းများ ပျံ့နှံ့သွား၏

သူ့ စွမ်းအင်သွေးကြော၌ ရှိသော အက်ကွဲကြောင်းများ ဆက်သွားပြီး အသားအရေ မှန်လာကာ သူ့၏ ရှုပ်ထွေးနေသော အသက်ရှူသံများ တဖြည်းဖြည်း ငြိမ်သက်သွား၏

ဆေးအဖွဲ့သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့်အကြည့်ချင်းဖလှယ်လိုက်ကြ၏

အကျိုးသက်ရောက်မှုက အံ့မခန်းပင်။

"တည်ငြိမ်မှုရပါပြီ”

သူတို့ထဲက တစ်ယောက်သည် တိုးတိုးလေးအကြောင်း ကြားလိုက်၏

လင်းရွှမ် သတိလစ်နေပေမဲ့ စိုးရိမ်ရသော အန္တရာယ်၌ မရှိတော့ပေ

မီးတောက်များ ပျောက်ကွယ်သွားချေပြီ။ ကျင်းယွမ်ကျန်းသည် ကွင်း၏ အလယ်ဗဟို၌ ရပ်နေပြီး ပခုံးများ ညောင်းညာနေကာ ချွေးများ စီးကျနေသည့်အပြင် နေရောင်အောက်၌ မျက်နှာက ဖြူဖျော့နေ၏။

သို့တိုင် အားလုံး မျက်လုံးများက ရှုံးနိမ့်သူဆီမှာပဲ ရှိနေဆဲသာ။

သူ အနိုင်ရသည်လား၊ ရှုံးနိမ့်သည်လား?

သူလည်း ထိုမေးခွန်းကို အချိန်အတော်ကြာ မေးမြန်းခဲ့ပြီး သူ့၏ ချီစွမ်းအင် ကုန်ဆုံးမှုနဲ့ ခွန်အား အလွန်အကျွံ သုံးစွဲမှုကြောင့် လဲကျသွားခဲ့သည်။

နောက်ထပ် ဆေးအဖွဲ့တစ်ဖွဲ့သည်လည်း သူ့ကို ကူညီဖို့ ချက်ချင်း အပြေးအလွှား ရောက်ရှိလာခဲ့၏

သတိလစ်နေသော လင်းရွှမ်ကို ကွင်းမှ ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း အကြီးအကဲ ချင်းလန် မျက်လုံးများက တိတ်ဆိတ်ငြိမ်သက်စွာ တောက်ပနေခဲ့၏

"အဲဒီ ဓားချက်" နောက်ဆုံးတော့ သူမပြောလိုက်၏ သူမ အသံက နူးညံ့ပေမဲ့ ဓားသွားလို ထက်မြက်ပြီး ဓားရည်ရွယ်ချက်နဲ့ ရောနှောနေ၏ "အဆုံးမဲ့ ဓားတစ်သောင်း “

ထျန်းယုဟမ်သည် ထိုနည်းစနစ်ကို လင်းရွှမ်အား သင်ပေးပြီးသားဟု သူမ မထင်ခဲ့ပေ

ဆိုလိုတာက ထျန်းယုဟမ်သည် လင်းရွှမ်ကို အမွေဆက်ခံသူအဖြစ် သတ်မှတ်ပြီး ရာထူးလွှဲပြောင်းပေးဖို့ ဆန္ဒရှိသည်ဟု ဆိုလိုတာပင်

(အဲဒါက ပြဿနာတစ်ခု ဖြစ်နိုင်တယ်)

သူမတွင် လင်းရွှမ်နဲ့ ပြဿနာရှိခဲ့တာ မဟုတ်ပေ ။ သူ့ စရိုက်နဲ့ရော၊ သူ့ အရည်အချင်းနဲ့ပါ ပြသနာမရှိပေ

သို့တိုင် ပိုင်ကျီဟန်အပေါ် သူ့၏ သစ္စာစောင့်သိမှုနှင့် သူ့ကို အရှင်သခင်အဖြစ် သတ်မှတ်နေမှုကသာ သူမကို ဒုက္ခပေးနေတာပင်

၎င်းသည် အနာဂတ်တွင် မပြောင်းလဲပါက ကောင်းကင်ဓားဂိုဏ်းသည် ပိုင်မျိုးနွယ်၏ လက်ပါးစေတစ်ယောက်အဖြစ် အဆုံးသတ်သွားနိုင်၏

သို့တိုင် ယွဲ့ဝူရွှမ်း၏ စကားများကို ပြန်အမှတ်ရပြီး ထိုကိစ္စကို ပိုမိုနက်ရှိုင်းစွာ စဉ်းစားသောအခါ သူမသည် အခြားတစ်ခုကို နားလည်ခဲ့သည်။ ကောင်းကင်အင်ပါယာသည် ပိုင်ကျီဟန်ကဲ့သို့သော သူတစ်ဦးအတွက် အလွန်သေးငယ်လွန်း၏

မည်သို့ပင်ဖြစ်စေ ထိုစိုးရိမ်ပူပန်မှုများ အရေးတကြီးဖြစ်လာရန် အချိန်လိုပါသေးသည်။

ယခုအချိန်တွင် သူမသည် လင်းရွှမ်အား လမ်းညွှန်ပေးခြင်း၊ ဂရုတစိုက် ပြုစုပျိုးထောင်ပေးခြင်းကိုသာ အာရုံစိုက်ပြီး

အချိန်တန်သောအခါ သူသည် ဂိုဏ်းခေါင်းဆောင်၏ ရာထူးကို အမွေဆက်ခံပါက ကောင်းကင်ဓားဂိုဏ်းကို အခြား အရာအားလုံးထက် ဦးစားပေးဖို့ လုပ်ရမည်သာ။

သူမပတ်ဝန်းကျင်ရှိ တပည့်များသည် တောင့်တင်းသွားကြသည်။ အချို့က ၎င်းတို့၏မျက်လုံးများကို သံသယဝင်ကြပြီး အချို့က ၎င်းသည် အမှန်တကယ် ဖြစ်သည်ကို မသိရှိကြပေ

သူမပတ်ဝန်းကျင်ရှိ အံ့အားသင့်မှုနှင့် အံ့ဩမှုများသည် ဂိုဏ်း၏ ငယ်ရွယ်သော တပည့်များကို နှိုးဆွပေးခဲ့သည်။

လူအများသည် မကြာသေးမီက လင်းရွှမ်အား သာမန်လက်လုပ်လက်စားသမားဟု လှောင်ပြောင်ခဲ့ကြသည် ။ အင်ပါယာ၏ ထွန်းတောက်လာသော ကြယ်ပွင့်များနှင့် တူညီသည့် နယ်ပယ်၌ ရပ်တည်ဖို့ပင် မပြောနှင့် ။ လက်ဖက်ရည် အလုပ်အကျွေး ပြုရန်တောင် အရည်အချင်းမပြည့်မီသူသာ

ပြီးတော့ အခုကော?

သူသည် အတော်လေး အားကောင်းလာကာ သူတို့နှင့် တစ်တန်းတည်းမှာတောင် မရှိနိုင်တော့ပေ။

တပည့်တွေကြား၌ မယုံကြည်မှုနဲ့အတူ အချို့သည် မျက်နှာဖြူဖျော့နေကာ စိတ်လှုပ်ရှားမှုကြောင့်မဟုတ်ဘဲ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြ၏

သူတို့သည် လင်းရွှမ်ကို တစ်ချိန်က ပွင့်ပွင့်လင်းလင်း လှောင်ပြောင်ခဲ့ကြသူများပင်။ သူ့ကို ဘေးဖယ်ထားခဲ့ပြီး သူ့အရင်းအမြစ်မေားကို ခိုးယူခဲ့ကြ၏ သူတို့ကြိုက်သလို အမိန့်ပေးခဲ့ကြ၏ သူ့ပုံပန်းသဏ္ဌာန်နှင့် သာမန်လက်လုပ်လက်စား သမားတစ်ယောက်ဖြစ်ပေမဲ့ မိန်းကလေးများက သူ့ကို ချီးကျူးခဲ့ကြသည့်အပေါ် မနာလိုမှုကြောင့်သာ

သူတို့သည် သူ့ဝတ်ရုံများကို တံတွေးဖြင့် ထွေးခဲ့ကြပြီး သူ့၏ နိမ့်ကျသောဇာစ်မြစ်ကို ရယ်မောခဲ့ကြရင်း ဂိုဏ်းထဲ၌ သူ့နေ့ရက်များကို တိတ်ဆိတ်ငြိမ်သက်သော ဒုက္ခများဖြစ်စေခဲ့ကြသည်။

ယခုတော့ သူတို့ အသက်ရှူဖို့တောင် ခက်ခဲလာချေပြီ။

"အဲဒီနည်းစနစ်..."

တစ်ယောက်က အသံတိုးတိုးနဲ့ ပြောလိုက်၏။

"ဘယ်လိုတောင် ... သူ ဘယ်လိုသုံးလိုက်တာလဲ?"

နောက်ထပ်တပည့်တစ်ယောက်သည် တုန်နေသောပုံစံကို ဖုံးကွယ်ဖို့ သူ့လက်နဲ့ အင်္ကျီရှေ့ကို ဆုပ်ကိုင်ရင်း တံတွေးမျိုချလိုက်၏

"အဲဒါက ကောင်းကင်အဆင့်နည်းစနစ်ပဲ။ အကြီးအကဲတွေတောင် လူသိရှင်ကြား မပြခဲ့ဘူး။"

လင်းရွှမ်သည် ခေါင်းငုံ့ပြီး တိတ်တိတ်လေး ခံနိုင်ရည်ရှိအောင် မည်သို့လုပ်ခဲ့သည်ကို သူတို့အားလုံး မှတ်မိနေကြ၏

သူတို့အားလုံးသည် သူ့ကို ဘာမှမဟုတ်ဘူးဟု ထင်ခဲ့ကြသည်။

အခုတော့သူသည် မြစိမ်းရောင် နေမင်း ဂိုဏ်း၏ အကောင်းဆုံး ပါရမီရှင်နဲ့ ခြေဖျားချင်းထိပြီး အနိုင်ရလုနီးပါး ဖြစ်နေချေပြီ။

စီနီယာတပည့်တစ်ယောက် နဖူးပေါ်ကနေ ချွေးတွေ စီးကျလာ၏

ဂိုဏ်းဝင်းထဲ၌ လမ်းလျှောက်တာ နှေးသည်ဟုဆိုကာ လင်းရွှမ်အား တစ်ခါ ကန်ခဲ့ဖူး၏ ကောင်လေး လက်မောင်းကိုတောင် "စည်းကမ်း" ဟုခေါ်ပြီး ချိုးပစ်ခဲ့သေးသည်။

(ကျေးဇူးပြုပြီး ငါ့ကို မမှတ်မိပါစေနဲ့)

ထိုအတွေးက စိတ်ထဲ၌ ပဲ့တင်ထပ်နေ၏

(အားလုံးကို မေ့လိုက်ပါ။ ကျွန်တော် ဘယ်သူ့ကိုမှ ထပ်ပြီး မထိတော့ဘူး။ ကျေးဇူးပြုပြီး သူ့ ကျွန်တော့်ဆီ ဘယ်တော့မှ မလာပါစေနဲ့။)

တစ်ယောက်သည် ကောင်းကင်ကို တိတ်တိတ်လေး ဆုတောင်းရင်း လက်ပိုက်လိုက်၏။

(ကျွန်တော် ကျိန်ပါတယ်၊ တခြားသူတွေကို ဘယ်တော့မှ အနိုင်ကျင့်တော့မှာ မဟုတ်ပါဘူး။ ဝိညာဉ်အမြစ်ဆိုတောင် မလုပ်တော့ဘူး။ ဓားခန်းမကိုတောင် ကျွန်တော် စေတနာ့ဝန်ထမ်းအဖြစ် သန့်ရှင်းရေးလုပ်ပေးပါ့မယ်၊ လက်စားချေဖို့ မလုပ်ပါနဲ့။)

လင်းရွှမ်သည် သူတို့အား မှတ်မိမည်လား၊ ဂရုစိုက်မည်လားကို မသိကြပေ

သို့တိုင် တစ်ခုတော့ ရှင်းနေ၏

တစ်ချိန်က သူတို့ အထင်သေးခဲ့သော ကောင်လေးသည် ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်လာခဲ့ချေပြီ။

သူတို့ လက်လှမ်းမမီသော လူတစ်ယောက်ဖြစ်လာကာ နောက်ထပ် ဘယ်တော့မှ မနှိုးဆွရဲပေ

တခြားနေရာ၌ ကျင့်ကြံသူများသည် အပြင်းအထန် ငြင်းခုံခဲ့ကြ၏

"သူ ဘယ်လို ရွေ့လျားလဲဆိုတာ မင်းမြင်လား။ သူက ဓားလိုပဲ”

"သူ့ရဲ့ ခြေထောက်တွေက ရူးသွပ်တယ်။ အားထုတ်မှု မရှိဘူး၊ ထိတ်လန့်မှု မရှိဘူး။

အစကတော့ သူ့က ဝိညာဉ်ဖွဲ့စည်းမှုအဆင့်လို့ ငါထင်ခဲ့တာ”

"အခြေတည်ဝိညာဉ်အဆင့် ဂျူနီယာတစ်ယောက်က ကျင်းယွမ်ကျန်း အူတိုင်ကို လောင်ကျွမ်းစေပြီး သူ့ကိုယ်သူတောင် မသန်မစွမ်း ဖြစ်အောင် လုပ်နိုင်ခဲ့တယ်ဆိုတော့”

"တိုက်ပွဲကို မေ့လိုက်တော့ - အဲဒီ ဓားချက်က ကောင်းကင်ကြီး ပွင့်သွားသလိုပဲ”

" လင်းရွှမ်..အဲဒါ သူ့နာမည်မလား။ မကြာခင်မှာ ငါ မေ့ပစ်မဲ့ နာမည် မဟုတ်ဘူး။ သူ မြန်မြန် ရှုံးသွားတာ နှမြောစရာပဲ။"

“ အဲဒီလူ... ငါ သူနဲ့ ရင်းနှီးတယ်လို့ ခံစားရတယ်။"

တူချန်ရှန်သည် ချက်ချင်းပြန်မဖြေပေမဲ့ လင်းရွှမ်ဆီက အံ့မခန်း ပါရမီကိုပါ သူ ခံစားမိ၏

"သူက အတော်လေးပါရမီရှိတဲ့သူပဲ၊ ထိပ်တန်း ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်။"

တူချန်ရှန်က ချီးကျူးလိုက်၏

နီဖန်းကျိုးနှင့် ပိုင်ကျီဟန်တို့အပြင် ထိုကဲ့သို့ ဝေးလံသော နေရာ၌ ခေတ်၏ ထိပ်တန်းပါရမီရှင်ဟု သတ်မှတ်ခံရနိုင်မည့်သူ ရှိနေဦးမည်ဟုသူ မမျှော်လင့်ထားပေ

(ဒါက တကယ်ကို ရွှေရောင် ကျင့်ကြံမှု မျိုးဆက်လား။)

သူ့ဘာသာသူ တွေးလိုက်၏

ကောင်းကင်က ပေးသော ပါရမီကို မြင်တော့ သူ သံသယမဝင်ဘဲ မနေနိုင်ပေ

ဒိုင်လူကြီးသည် နောက်ပွဲစဉ်ကို ဆက်လုပ်သွားသည့်တိုင် လင်းရွှမ်နဲ့ ကျင်းယွမ်ကျန်းတို့၏ ပြင်းထန်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော ယှဉ်ပြိုင်မှုနဲ့ ယှဉ်ပါက ပရိသတ် အာရုံကို လှုပ်ခါမှု မရှိသလောက်သာ

ပွဲစဉ်သည် ပုံမှန်အတိုင်း ဆက်သွားနေ၏ အနိုင်ရသူ အများစုအနေနဲ့ လူတွေ ခန့်မှန်းထားသည့်အတိုင်းသာ ။ အင်အားကြီးသော ဂိုဏ်းမှ တပည့်များ ဒါမှမဟုတ် ကြီးကျယ်သော တပည့်များသာ။ မျိုးနွယ်စုများသည် ၎င်းတို့၏ လူသိနည်းသော ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

မရင်းနှီးသော အမည်နှစ်ခု ရင်ဆိုင်တွေ့သောအခါ လူအုပ်သည် စကားပြောဆိုခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် အပန်းဖြေရန် ထွက်ခွာသွားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီး တဖန် ပြန်ပေါ်လာခဲ့သည်။

နောက်ဆုံးတွင် နီဖန်းကျိုး၏ အလှည့် ရောက်လာခဲ့သည်။

သူ့ပြိုင်ဘက်ကတော့ ကျောက်မျိုးနွယ်စုမှ လူငယ်ကျင့်ကြံသူတစ်ဦး။

ကျောက်မျိုးနွယ် ကျင့်ကြံသူသည် လက်ပိုက်ကာ လှောင်ပြောင်သည့်ပုံစံဖြင့် ရှေ့သို့ တိုးလာခဲ့သည်။

"ရှက်ရွံ့မှုကို ကယ်တင်တဲ့အနေနဲ့ အခုပဲ လက်နက်ချပြီး လူတိုင်းရဲ့အချိန်ကို မဖြုန်းတီးပါနဲ့။"

သူလည်း တခြားသူတွေလိုပင် အရင် ပွဲလို ဖြစ်လာမည်ဟု ယူဆခဲ့၏ ခန့်မှန်းလို့ရသော တစ်ဖက်သတ်အောင်ပွဲက အတိအကျ ဖြစ်လာလိမ့်မည်သာ။

လင်းရွှမ်နဲ့ ကျင်းယွမ်ကျန်းတို့၏ အစောပိုင်းပွဲသည် စိတ်လှုပ်ရှားစရာကောင်းပြီး တင်းမာနေသည့်တိုင်

မျှော်လင့်ထားသော ရလဒ်နဲ့ အဆုံးသတ်သွားခဲ့၏

အခုလည်း မည်သူမှ ထူးခြားမည်ဟု မမျှော်လင့်ထားပေ

သို့တိုင် နီဖန်းကျိုးက ဘာမှ မပြောပေ

။ သူက ဓားကိုသာ ဆွဲထုတ်လိုက်ပေ၏

ထိုတိတ်ဆိတ်သော ယုံကြည်မှုသည် ကျောက်မျိုးနွယ်စု ကျင့်ကြံသူကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့၏ နီဖန်းကျိုးသည် သူ အနိုင်ရနိုင်သည်ဟု ယုံကြည်နေကြောင်း ပြသနေ၏

"မင်းက အရှက်ခွဲဖို့ ဖိတ်ခေါ်နေတာပဲ” သူက ခပ်ပြတ်ပြတ် ပြောလိုက်၏

လူအုပ်ကစောင့်ကြည့်နေသည့်တိုင် သိပ်စိတ်မဝင်စားကြပေ။

မည်သူမှ အံ့ဖွယ်တစ်ခုအဖြစ် မထားကြပေ။

သို့တိုင်

ဒီတစ်ခါတော့ ကွဲပြား၏

စိတ်ပျက်စရာပင်

နီဖန်းကျိုးက အနိုင်ရသွားချေ၏

All Chapters