ခေါ်တိုင်းလာသည့် သူမျိုး မဟုတ်
Vol. 16 Ch. 230
“ ဟုတ်ပြီ ငါအနိုင်ရပြီးရင် ငါ့ကို အစေခံတစ်ယောက်လို အမှုထမ်းဖို့ အသင့်ပြင်ထားပါ၊ ဘာလို့လဲဆိုတော့ ငါ အဲ့ဒီကတိတွေကို အသုံးပြုမှာမလို့ပဲ”
ပိုင်ရွှယ်ချင်း ကြေငြာလိုက်သည်။
"ပြဿနာမရှိပါဘူး”
ပိုင်ကျီဟန် စိတ်မပူပေ။
နီဖန်းကျိုးအနေနဲ့ အနိုင်မရဘဲ သူ့ကံကြမ္မာကိုတောင် ဖြည့်ဆည်းနိုင်ခြင်းမရှိပါက ကောင်းကင်ဘုံ ရွေးချယ်ခံရသူ၏ လိမ်လည်မှုဟု ခေါ်လို့ရသည်။
ပိုင်ရွှယ်ချင်းကို သူ့အတားအဆီးဟု ယူဆပြီး မကျော်လွှားနိုင်ပါက နှလုံးသားနတ်ဆိုးနဲ့ အတူ တည်ငြိမ်သော ကျင့်ကြံမှုတစ်ခုတည်းနဲ့ အဆုံးသတ်သွားနိုင်၏
ကောင်းကင်ဘုံရွေးချယ်ခံရသူသာ
ထိုသို့ဆိုပါက သူသည် ရွေးချယ်ခံရသူ မဟုတ်ပေ
သို့တိုင် သူမ အနိုင်ရခဲ့ရင်တော့ စိတ်ဝင်စားစရာပင်
ထိုကြောင့် ပိုင်ကျီဟန်အဖို့ အလောင်းအစားလုပ်ရာတွင် ပြဿနာမရှိပေ - ပိုင်ရွှယ်ချင်းကို ပါးစပ်ပိတ်ထားလိုက်နိုင်လျှင်ပေါ့
သူ့အကြည့်သည် သူ့အမဆီ ခဏလောက် ရပ်တန့်နေခဲ့ပေမဲ့ ဘာမှမပြောတာကြောင့် ခေါင်းညိတ်ပြီး ထွက်သွားဖို့ လှည့်လိုက်၏
ပိုင်ကျီဟန်သည် ခုန်ကျန်းဟုန်နှင့် ထွက်သွားပြီး အဝေးကို မရောက်ခင် တစ်ယောက်ယောက်က သူ့လမ်းကို ပိတ်ဆို့လိုက်၏
ရွှေနှင့်ငွေရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် တိတ်ဆိတ်ငြိမ်သက်သော အစောင့်နှစ်ယောက်နှင့် ဝန်းရံထားခံရသည်။
သူ့ရင်ဘတ်ပေါ်ရှိတံဆိပ်တွင် တော်ဝင်မိသားစု၏ တံဆိပ်ပါရှိနေသည်။
လူငယ်သည် လက်သီးကို ဆုပ်ပြီး ဦးညွှတ်
လိုက်၏
"နှုတ်ဆက်ပါတယ်၊ သခင်လေး ပိုင်ကျီဟန် ။ ကျွန်တော် ပထမမင်းသားကိုယ်စား လာတာပါ။ သူက မင်းနဲ့ တွေ့ချင်လို့ပါ။"
ပိုင်ကျီဟန်က လမ်းလျှောက်တာကို မရပ်ပေ
သံတမန်သည် မျက်တောင်ခတ်ပြီး သူ့ရှေ့ကို အမြန်ပြန်လျှောက်လာ၏
"ဒါက ကိုယ်ရေးကိုယ်တာ ဖိတ်ကြားချက်ပါ။မင်းသားက ပြောပါတယ်”
"သူ ကျွန်တော့်ကို မေးစရာရှိရင်" ပိုင်ကျီဟန်က အရှိန်မလျှော့ဘဲ ပြောလိုက်၏ "သူကိုယ်တိုင် ကျွန်တော့်ဆီ လာလို့ရတယ်။"
သံတမန်သည် ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုကြားတွင် ပိတ်မိနေပြီး တောင့်တင်းသွားသည်။
" သခင်လေးပိုင် ၊ အရှင်မင်းသားကို နားလည်မှာပါ”
"ကောင်းပြီ၊ တောင်းရမ်းနေသူတွေက ပေးသူတွေထံ သွားရမှာမဟုတ်ဘဲ ပေးသူတွေက သွားရမှာလား”
ပိုင်ကျီဟန်က ပြောသည်။
ပထမမင်းသားလား။
သားဦးဘွဲ့တစ်ခုသာဖြစ်သည်— မည်သည့် ကျောထောက်နောက်ခံမရှိပေ
ပိုင်ကျီဟန်သည် ပထမမင်းသား သို့မဟုတ် ဧကရာဇ်ဖြစ်လာပါက လက်စားချေနိုင်ခြေကို မကြောက်ပေ
ဧကရာဇ်သည် အသက်ရှင်နေဆဲဖြစ်ပြီး အသစ်တစ်ဦးကို ရွေးချယ်ရန် အချိန်အတော်ကြာနိုင်သည်။
ဧကရာဇ်ဖြစ်လာပြီးနောက် ပထမမင်းသား၏ ပထမဦးစားပေးသည် ပြိုင်ဘက်များကို ဖယ်ရှားပြီး သူရာထူးကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ ဖြစ်သည်။
ထိုအရာအားလုံး ပြီးမြောက်သွားချိန်တွင် ပိုင်ကျီဟန်သည် ဧကရာဇ်မိသားစုအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်သော အခြားမျိုးနွယ်စုတစ်ခုမျှ ဖြစ်လာမည့်အထိ စွမ်းအားရှိလိမ့်မည်ဟု ယုံကြည်သည်။
ထို့ကြောင့် သူသည် ပထမမင်းသားအား စော်ကားမိမည်ကို မကြောက်ပေ။
သံတမန်သည် တုံ့ပြန်ရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမျှ ထွက်မလာပေ။
သူသည် ကျိန်ဆဲပြီး အရှင်မင်းသားကို နှိမ့်ချခြင်း၏ အကျိုးဆက်အား ပိုင်ကျီဟန်ကို အသိပေးချင်ပေမဲ့ ပိုင်ကျီဟန်ကို မစော်ကားဖို့ တင်းကျပ်သော အမိန့်တွေ ရထား၏
ပိုင်ကျီဟန်သည် နောက်ကိုပင် လှည့်မကြည့်ဘဲ ထွက်သွားနေချေပြီ။
ပထမမင်းသားရှေ့၌ သံတမန်သည် ဒူးထောက်ပြီး ခေါင်းငုံ့လိုက်၏။
"ဒါဆို... သူငြင်းတာလား?"
သံတမန်က မြန်မြန်ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့ အရှင်မင်းသား။ သူက... သူ့ကို မေးစရာရှိရင် သူ့ဆီလာဖို့ ပြောပါတယ်။"
တိတ်ဆိတ်နေ၏
မင်းသား၏ အကြံပေးတစ်ယောက်သည် စိုးရိမ်စိတ်နှင့် လှုပ်ရှားသွားသည့်တိုင် ဘာမှ မပြောပေ။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပထမမင်းသားက တိုးတိုးလေး ရယ်လိုက်သည်။
"စိတ်ဝင်စားစရာပဲ”
သူက လက်ဖက်ရည်ခွက်ကို လက်ထဲ၌ ဝှေ့ယမ်းပြီး နောက်ကို မှီလိုက်၏
"ကောလာဟလတွေ ပြောသလိုပဲ ..သူက တကယ်ကို တော်တယ်။ ငါ့အနေအထားကတောင် လာတွေ့ဖို့ အမိန့်ပေးဖို့ မလုံလောက်ဘူး။"
အခန်းထဲမှ တခြားသူများသည် ချီးကျူးစကားလား၊ တခြားတစ်ခုခုလားဆိုသည်ကို မသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏
"ကျွန်တော်တို့က တရားဝင်ဆင့်ခေါ်စာပို့ရင်တောင် သူမလာဘူးလို့ ထင်ပါတယ်"
အကြံပေးတစ်ဦးက သတိထားပြီး ပြောလိုက်၏။
"သူမလာဘူး" မင်းသားက ရိုးရိုးလေးပြောလေ၏
ပိုင်ကျီဟန်အကျင့်ကို သူသိပြီးသားပင်။ သူ့မိဘ ဒါမှမဟုတ် အစ်မကလွဲပြီး မည်သူ ခေါ်ခေါ် မလာဘူးဆိုသော အကျင့်ပင်
သူ့ကိုတွေ့ချင်ရင် ကိုယ်တိုင်သွားတွေ့ရမည်။
သို့တိုင် ပိုင်ကျီဟန်သည် သူ့ဖိတ်ကြားချက်ကိုတောင် ငြင်းပယ်မည်လားဟု စမ်းသပ်ဖို့ သံတမန်ကို စေလွှတ်ခဲ့၏
သူငြင်းပယ်ခဲ့ပုံရသည်။
တကယ်တော့ ပိုင်ကျီဟန်သည် မည်သူ့ကိုမှ မျက်နှာမလိုက်ခဲ့ပေ
(ဧကရာဇ်ရဲ့အမိန့်ကိုရော ငြင်းပယ်မှာလား။)
သူ တွေးမိ၏ သို့တိုင် သူ သိဖို့ နောက်ထပ်နှစ်အနည်းငယ် စောင့်ရလိမ့်မည်သာ။
"အရှင်မင်းသား၊ ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
နောက်ထပ်အကြံပေးတစ်ဦးက မေးလိုက်
၏။
ပထမမင်းသားသည် ပိုင်ကျီဟန်တောင်းဆိုချက်ကို လိုက်လျောပြီး သူနဲ့ ကိုယ်တိုင်သွားတွေ့မည်လားဟု သွယ်ဝိုက်ပြီး မေးနေတာပင်။
"ကျွန်တော် မသွားပါဘူး။ တခြားမျိုးနွယ်စုတွေကိုပဲ အာရုံစိုက်ကြရအောင်။"
ယန်ကျီတီသည် ပိုင်ကျီဟန်ကို အနိုင်ယူဖို့ ခက်ခဲကြောင်း သိ၏ အထူးသဖြင့် သူ့တွင် ကောင်းမွန်တဲ့ ဈေးဆစ်စရာ မရှိပေ
ပိုင်ကျီဟန်နဲ့ အချိန်ဖြုန်းမည့်အစား သူ လွှမ်းမိုးနိုင်သော တခြားစွမ်းအားတွေကိုသာ အာရုံစိုက်မည်ပင်။
ဒါ့ထက်ပိုသော သူ့ မာနက ဂျူနီယာတစ်ယောက်နှင့် သွားတွေ့ခွင့် မပေးတာပင်။
ပထမအချီပြီးသွားတာ တစ်ရက်ကြာချေပြီ။
ပိုင်ကျီဟန်သည် ပထမမင်းသား၏ ဖိတ်ကြားချက် ဒါမှမဟုတ် သူ့ကို ကိုယ်တိုင်လာတွေ့တာမည် မဟုတ်သော အချက်အကြောင်း သိပ်မစဉ်းစားမိပေ။
နောက်သုံးရက်လုံး ဘာမှမလုပ်ဘဲနေဖို့ ပိုစိတ်ဝင်စား၏ ကြိုးစားအားထုတ်ပြီး ပျင်းရိခြင်းကို အနိုင်ယူနိုင်သည့်အရာအားလုံးကလွဲလျှင် ဘာမှ လုပ်စရာမရှိပေ
သူ့ဓားကို ဓားအိမ်ထဲ ထည့်ထား၏ သူ့ဝတ်ရုံက လျော့နေ၏ သူ့ခန္ဓာကိုယ်သည် ကျောက်စိမ်းထိုင်ခုံပေါ် ဆန့်တန်းနေပြီး ပြတင်းပေါက်မှ နွေးထွေးသော လေပြည် တိုက်ခတ်နေသည်။
သူ့မျက်လုံးကို မှိတ်ထားလိုက်ပြီး ရှားရှားပါးပါး ငြိမ်းချမ်းမှုနဲ့အတူ ကျေနပ်နေ၏
ဒေါက်! ဒေါက်!
ပိုင်ကျီဟန်မျက်ခုံးက တွန့်သွား၏
သူ မလှုပ်ပေ
ဒေါက် ဒေါက်။
ဒီတစ်ခါတော့ တံခါးခေါက်သံသည် ပိုမာကျောလာသည်။ ခဏကြာပြီးနောက် အသံတစ်ခု ထွက်ပေါ်လာချေ၏
"သခင်လေး၊ အရေးတကြီးမလို့ပါ”
ခုန်ကျန်းဟုန်က ပြောလိုက်သည်။
ပိုင်ကျီဟန်သည် မျက်လုံးတစ်ဖက်ဖွင့်ပြီး ကောင်းကင်က သူ့ကို သစ္စာဖောက်သွားသလို သက်ပြင်းချလိုက်၏
ကောင်းကင်သည် သူ့ကို ကြာမြင့်စွာကတည်းက သစ္စာဖောက်ခဲ့တာလည်း ဖြစ်နိုင်၏
"ဝင်ခဲ့”
တံခါးပွင့်သွားပြီး ခုန်ကျန်းဟုန်သည် အထဲကို ခြေလှမ်းကျဲကျဲနဲ့ ဝင်လာ၏ သူ့မျက်နှာက ပုံမှန်ထက် ပိုတည်ကြည်နေသည်။ သူက ကျောက်စိမ်းပြားတစ်ပြားကို လက်တစ်ဖက်နဲ့ ကိုင်ထား၏
"ကျွန်တော်တွေ့ပြီ" သူက ပြောလိုက်၏ "လုပ်ကြံသူအဖွဲ့အစည်းရဲ့ သဲလွန်စကို သခင်လေး ကျွန်တော့်ကို ရှာခိုင်းထားတာ။"
ပိုင်ကျီဟန် ထထိုင်လိုက်၏
ပိုင်မျိုးနွယ်စုများပင် မရှာတွေ့နိုင်သော လုပ်ကြံသူအဖွဲ့ကို ခုန်ကျန်းဟုန်က ရှာတွေ့နိုင်မည်ဟု သူ မမျှော်လင့်ထားပေ
သူသည် ကျောက်စိမ်းပြားကို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဘယ်ကလဲ။"