← Chapters

ပိုင်ကျီဟန် ဝင်လာသည်။

Vol. 16 Ch. 232

ပိုင်ကျီဟန် ဝင်လာသည်။

Vol. 16 Ch. 232

အထဲရှိ လေထုသည် ဖုန်မှုန့်များနဲ့ မှောင်မိုက်နေ၏

ပိုင်ကျီဟန်သည် အနက်ရောင်မီးအိမ် အဖွဲ့အစည်း ရုံးချုပ်ဟု ခေါ်သော အဆောက်အဦးထဲသို့ လက်နှစ်ဖက်ကို ဝတ်ရုံထဲ ထည့်ကာ ဝင်သွားပြီး မျက်လုံးများ ငြိမ်သက်နေသည်။

အက်ကွဲနေသော နံရံ၌ တပ်ဆင်ထားသည့် မှိန်ပျပျ ဆီမီးခွက်များကြောင့် အလင်းရောင်သည် မှိန်ပျပျ လင်းလက်နေပြီး သစ်သားတန်းဟောင်းများက အသက်ဝင်နေသကဲ့သို့ တကျွီကျွီမြည်နေ၏

ကြမ်းပြင်မှ ခြစ်ရာများနှင့် သွေးစွန်းနေသော နေရာများ၌ ခြောက်သွေ့သော ဆေးဖက်ဝင်အပင်များ၏ ရနံ့များသည် အခန်းထဲမှာ ကပ်ငြိနေသော သံချည်းနံ့ကို ဖုံးအုပ်ထားရုံသာ ရှိ၏

အထဲတွင် လူတွေ ရှိ၏

အနက်ရောင် အဝတ်အစားများနဲ့ မျက်နှာဖုံးများ ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီး တစ်ဒါဇင်လောက်သည် စားပွဲနိမ့်လေးများ၌ လှဲလျောင်းနေကြပြီး

တချို့က ဓားများကို ထက်အောင် လှီးဖြတ်နေကြကာ တချို့က လက်ဖက်ရည် သောက်နေကြ၏

သို့သော် နောက်ကွယ်က တံခါးသည် တကျွီကျွီ ပွင့်သွားသည်နဲ့ လူတိုင်း ခေါင်းလှည့်လိုက်ကြ၏

လက်နက်များသည် အင်္ကျီလက်ကနေ လျှောကျလာ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များသည် သူတို့မျက်လုံးထဲ၌ မိုးကြိုးလို တဖျပ်ဖျပ် တောက်ပနေ၏

"မင်းက ဘယ်သူလဲ"

သူတို့ထဲမှ တစ်ယောက်သည် အော်ဟစ်လိုက်ပြီး ရှေ့ကို တိုးလာ၏ လက်သည် ကောက်ကွေးနေသော ဓားရိုးပေါ်မှာ ရှိနေချေပြီ။ သူ့အသံသည် တိုးတိုးလေး ဖြစ်နေပြီး ပါးပြင်တစ်လျှောက် အမာရွတ်ရှည်ကြီး ပြေးနေ၏

သစ်သားတိုင်တစ်တိုင်ကိုမှီထားသော အရပ်

ရှည်ရှည်နဲ့လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်း နေရာမှား ရွေးချယ်မိတာလား ကောင်လေး။ လှည့်ထွက်တော့”

သူတို့ထဲက မည်သူမှ သူ့ကို မမှတ်မိကြပေ။

ထိုမှိန်ပျပျအလင်းရောင်အောက်မှာတော့ မမှတ်မိကြချေ။

ခုန်ကျန်းဟုန်သည် သူ့နောက်ကနေ မျက်နှာဖြူဖျော့ဖျော့နှင့် လိုက်ပါလာပြီး နဖူးတွင် ချွေးများ ထွက်နေ၏

သူ့မျက်လုံးများသည် အခန်းထဲ၌ လှည့်ပတ်ကြည့်ရှုနေပြီး နောက်ဘက်တွင် ပုန်းအောင်းနေသော ဝိညာဉ်ဖွဲ့စည်းမှု အရောင်အဝါ နှစ်ယောက်ကို ခဏတာ စိုက်ကြည့်နေ၏

သွေးနံ့ထွက်နေသော အခြေတည် ဝိညာဉ်အဆင့် နယ်ပယ်လည်း အများကြီးရှိသေးသည်။

သို့တိုင် ပိုင်ကျီဟန်က သူတို့ကို တစ်ချက်မျှ မကြည့်ပေ။

သူ ရှေ့ကို တစ်လှမ်းတိုးလိုက်၏ ထို့နောက် နောက်တစ်လှမ်းတိုးလိုက်ပြန်၏

သူ့အသံက တိုးတိုးလေးသာ -သို့တိုင် အခန်းထဲမှ လူတိုင်းသည် သူပြောတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်၏

"ငါ စကားပြောဖို့ ရောက်နေတာ"

အခန်းထဲမှ တင်းမာမှုသည် ပိုတင်းကျပ်လာ၏ လေးကြိုးတစ်ချောင်းကို အဆုံးထိ ဆွဲထားသလိုသာ

မျက်နှာရှိ အမာရွတ်နဲ့လူက ရယ်ပေ၏

"စကားပြောနေဖို့လား။ ဘယ်သူနဲ့လဲ”

သူသည် ဘယ်ကမှန်းမသိသော ပိုင်ကျီဟန်ဟုခေါ်သည့် ငယ်ရွယ်သော ကောင်လေးတစ်ယောက်ဟု ယူဆနေတုန်းသာ

ပိုင်ကျီဟန်သည် အခန်းအလယ်၌ ရပ်လိုက်သည်။

"ဘယ်သူက ဒီနေရာမှာတာဝန်ယူတာလဲ။"

သူတို့ခေါင်းဆောင်ကို အနက်ရောင်မီးအိမ် အဖွဲ့အစည်း၏ အထင်ရှားဆုံးအဖွဲ့ဝင်တောင်မှ ပေါ့ပေါ့တန်တန် တွေ့ဆုံလို့မရသည့်အတွက် ရယ်သံတွေ တိတ်ဆိတ်သွားချေ၏

ထောင့်နားတွင် ထိုင်နေသော လူတစ်ယောက်သည် မှိတ်တုတ်မှိတ်တုတ် မီးရောင်ကြားကနေ ကြည့်နေ၏ သူရှေ့ကို ကိုင်းပြီး အသက်ရှူကြပ်နေ၏

ထို့အပြင် သူ့မျက်လုံးများက မယုံနိုင်စွာ ပြူးကျယ်သွားချေသည်။

"အဲဒါ... ပိုင်ကျီဟန်..ခေါင်းဆောင်ကို မြန်မြန် အကြောင်းကြားရမယ်။"

သူချက်ချင်းထရပ်ပြီး ထိုင်ခုံပေါ် ကနေ ခလုတ်တိုက်မိမလိုပင် ဖြစ်သွားပေသည်။

စကားတစ်ခွန်းမှ မပြောဘဲ လှည့်ပြီး နောက်ဘက် စင်္ကြံလမ်းအတိုင်း အပြေးအလွှားသွားကာ ကုလားကာနောက်ရှိ တံခါးတစ်ချပ်ကနေ ပျောက်ကွယ်သွားချေ၏

ခေါင်းဆောင်ကို သတင်းပို့ဖို့ လုပ်နေပေသည်။

ခုန်ကျန်းဟုန် နှလုံးခုန်သံတွေ တဒိတ်ဒိတ်ခုန်နေ၏

သူတို့သည် ဂူထဲ၌သာ။ ပြီးတော့ ဝံပုလွေများကလည်း လှုပ်ရှားနေကြ၏

သို့တိုင် ပိုင်ကျီဟန် မျက်နှာအမူအရာက မပြောင်းလဲပေ။

"မင်းဘယ်မှာရှိနေလဲဆိုတာ မင်းသိလား"

အမာရွတ်ရှိသော မျက်နှာနဲ့လူက မေးလေ၏

ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ်လှည့်ပြီး တည်ငြိမ်သောအကြည့်နဲ့ ထိုလူ၏ အကြည့်ကို စိုက်ကြည့်နေသည်။

"သိတယ်" သူက တိုးတိုးလေးပြောလိုက်၏ ။ "ဒါက အနက်ရောင်မီးအိမ် အဖွဲ့အစည်းရဲ့ဌာနချုပ် မဟုတ်ဘူးလား"

နောက်ဆက်တွဲ တိတ်ဆိတ်မှုသည် ရှုပ်ထွေးမှုကြောင့် တိတ်ဆိတ်မှုမဟုတ်ဘဲ သဘောပေါက်လာသော တိတ်ဆိတ်မှုနဲ့ ထိတ်လန့်မှုတစ်ခုသာ

မျက်လုံးများ ပြူးကျယ်သွားချေ၏

တင်းမာမှုက နှစ်ဆတိုးလာပေသည်။

၎င်းသည် လမ်းမှားနေသော လက်ဖက်ရည်ဆိုင်ထဲသို့ လှည့်ဝင်သွားသည့် လမ်းပျောက်နေသော မင်းမျိုးမင်းနွယ်၏သား မဟုတ်ပေ

သူဘယ်ရောက်နေလဲဆိုတာ သူအတိအကျသိ၏

သူဒီကိုရောက်လာတာ။

တမင်သက်သက်ပင်

အစောပိုင်းက အမာရွတ်နဲ့လူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်ဟန်က တင်းမာသွား၏

တိုင်ဘေးက အရပ်ရှည်ရှည်နဲ့လူသည် မတ်တပ်ရပ်နေပြီး လက်နှစ်ဖက်စလုံးကို အသင့်ပြင်ထားကာ သတင်းပေး ပျောက်ကွယ်သွားသော ကုလားကာဆီကို အကြည့်လွှဲလိုက်ပေ၏။

မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ယောက်သည် အနီးဆုံးထွက်ပေါက်ကို ပိတ်ဆို့ရန်အတွက် သူမအနေအထားကို သိမ်မွေ့စွာပြောင်းလဲလိုက်ပေသည်။

"ဒီနေရာအကြောင်း မင်းဘယ်လိုသိတာလဲ"

ထောင့်တစ်နေရာကနေ အေးစက်ပြီး ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာပေ၏

နောက်ထပ်လူတစ်ယောက် ရှေ့ကိုတိုးလာပြန်သည်။ ထိုလူသည် အသက်ကြီးပြီး နဖူးပိုပြောင်၏ သူ့ကျောတွင် ချွန်ထက်သော ဓားတစ်ချောင်းကို ချည်နှောင်ထားပေ၏

ဝိညာဉ်ရေးရာ အရှိန်အဝါက မှိန်ပျပျ တောက်ပနေပေ၏ ဒါပေမဲ့ မှားယွင်းစရာမရှိသော ဝိညာဉ်ဖွဲ့စည်းမှု အဆင့်သာ။

"ငါတို့က သိခွင့်မပေးရင် ဘယ်သူမှ ဒီနေရာကို မသိဘူး" ထိုလူက ဖြည်းဖြည်းချင်းပြောလေ၏ " မင်းလိမ်နေတာလား... ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းကိုပြောပြတာလား။ ဘယ်လိုပဲဖြစ်ဖြစ်-"

သူ နောက်တစ်လှမ်းတိုးပြီး မျက်မှောင် ကျုံ့လိုက်သည်။

"မင်းဒီနေ့ ဒီနေရာကနေ မထွက်နိုင်တော့ဘူး။"

ခုန်ကျန်းဟုန်သည် တံတွေးမြိုချလိုက်၏ အခန်းထဲရှိ ဖိအားများ မြင့်တက်လာသည်ကို သူခံစားမိ၏ ပေါက်ကွဲခါနီး ရေကာတာတစ်ခုလိုသာ။

သို့တိုင် ပိုင်ကျီဟန်သည် လုံးဝငြိမ်သက်နေခဲ့သည်။

သူ့လက်များကို သူ့အင်္ကျီလက်ထဲ၌ ဆုပ်ကိုင်ထားဆဲသာ။ သူ့ကိုယ်ဟန်က ပြေလျော့နေ၏ ပျင်းနေပုံသာ

"ငါထွက်သွားတာ၊ မသွားတာက”ပိုင်ကျီဟန်က ပြန်ဖြေနေ၏ "မင်းရဲ့ခေါင်းဆောင်က ထွက်လာပြီး စကားပြောဖို့ ဆန္ဒရှိမရှိပေါ်မှာ မူတည်တယ်"

မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးက ခပ်ရှရှရယ်လိုက်၏

"မင်းက မေးခွန်းတွေမေးနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ထင်နေတုန်းပဲလား"

သူမက မေးလိုက်၏

"ထင်တယ်လေ”

ပိုင်ကျီဟန်က ပြန်ဖြေလေ၏

"ငါက မင်းရဲ့ ခြေလက်အင်္ဂါတွေမှာရှိတဲ့ အရိုးတွေအားလုံးကို ချိုးပစ်မယ်၊ မင်းကို ငါထပ်မေးမယ် ..ဘယ်သူပြောတာလဲ"

အမာရွတ်မျက်နှာနဲ့လူက ပြောလိုက်၏

၎င်းက အချက်ပြမှုသာ။

အရိပ်ခြောက်ခုသည် ဟန်ချက်ညီညီနဲ့ ရှေ့ကို တိုးဝင်လာကြ၏ ဓားတွေ တလက်လက် တောက်ပနေ၏ အဆောင်များက လေထဲ၌ မီးလောင်ကျွမ်းနေသည်။ မီးခိုးမည်းများက မြွေလို လိမ်နေ၏

သတ်ဖြတ်လိုသော ရည်ရွယ်ချက်သည် ပိုင်ကျီဟန်ဆီသို့ အရပ်လေးမျက်နှာကနေ ကျရောက်လာ၏

ပိုင်ကျီဟန် တုန်လှုပ်မသွားပေ။

ဓားများ အရိပ်ထဲ တောက်ပနေချိန်၊ နတ်ဘုရားဆန်ဆန် အစိမ်းရောင်အလင်းဖြင့် တောက်ပနေချိန်၊ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ လှိုင်းလုံးကြီးကဲ့သို့ မြင့်တက်လာချိန်တွင်ပင် တုန်လှုပ်မနေပေ။

ယင်းအစား သူသည် ဖြည်းညှင်းစွာ ရှူသွင်းလိုက်သည်။

ထို့နောက် လှုပ်ရှားလိုက်၏

ဝှစ်!

မည်သူမျှ တုံ့ပြန်နိုင်ခြင်းမပြုမီ ပိုင်ကျီဟန်သည် ၎င်းတို့ထဲတွင် ရှိနေပြီးဖြစ်သည်။

သူ့အင်္ကျီလက်ကို လှုပ်လိုက်သည့်အခါ မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးသည် နံရံကို ဝင်တိုက်မိပြီး သွေးများ ပန်းထွက်လာကာ သူမ၏ စွမ်းအင်သွေးကြော အက်ကွဲသွား၏

"အား”

"ဘာ…ဘာဖြစ်တာလဲ?"

"သူ ဘယ်မှာလဲ။"

အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် ပိုင်ကျီဟန်၏ ပုံကိုပင် မမြင်နိုင်ကြဘဲ သူ၏ ရုတ်တရက် ပေါ်လာပြီး ပျောက်ကွယ်သွားမှုကြောင့် ရှုပ်ထွေးနေကြသည်။

"ဟိုမှာ”

အမာရွတ်မျက်နှာနှင့် အမျိုးသားသည် ပိုင်ကျီဟန်ထံ လက်ညှိုးထိုးကာ သူ့ဘက်သို့ ရွေ့လျားလိုက်သည်။

သို့သော် ရှေ့သို့ တစ်လှမ်းတိုးလိုက်သောအခါ အမာရွတ်မျက်နှာနှင့် အမျိုးသား၏ ကွေးညွှတ်နေသော ဓားသည် သူ့လက်ထဲတွင် ကျိုးသွားကာ သူ့လက်ကောက်ဝတ်သည် ပုံမှန်မဟုတ်သော ထောင့်သို့ လှည့်သွားသည်။

"အာ..ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

မျက်နှာတွင် အမာရွတ်နဲ့လူသည် သူ့၏ချစ်လှစွာသော အထူးအဆင့်ဓား လုံးဝပျက်စီးသွားသည့်အခါ စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော သူသည် ဆံပင်တောင် မပေါက်သေးသူ တစ်ယောက်၏ အလွယ်တကူအနိုင်ယူခံခဲ့ရသည်ကို ထည့်မပြောသေးပေ

နောက်တစ်ချက်မှာတော့ တိုင်ဘေးက အရပ်ရှည်ရှည်နဲ့လူသည် နောက်ပြန်လွင့်သွားပြီး စားပွဲနှစ်လုံးကို ဝင်တိုက်မိကာ အပျက်အစီးထဲ၌ လဲလျောင်းနေရင်း ညည်းတွားလိုက်၏

လွယ်ကူ၏ လက်တွေ့ကျပေ၏ တိကျပေ၏

အခန်းတစ်ခုလုံး ရှုပ်ထွေးသွားခဲ့ချေသည်။

အခြေတည် ဝိညာဉ်အဆင့် နောက်ထပ်လုပ်ကြံသူနှစ်ယောက်သည် ဆန့်ကျင်ဘက်ထောင့်ကနေ ခုန်ဝင်လာကြပြီး တစ်ယောက်သည် ကွင်းဆက်ကြာပွတ်ကို ကိုင်ရင်း နောက်တစ်ယောက်က လခြမ်းပုံဓားကိုင်ထားပေ၏

ပိုင်ကျီဟန်သည် ခေါင်းတောင် လှည့်မကြည့်ပေ

သူ့လက်ချောင်းများက လေကို မှုတ်ထုတ်လိုက်ချေသည်။

ဂျွတ်

ကွင်းဆက်များသည် ချိတ်ဆက်မှုမှ ပြိုကွဲသွားသည်။ ဓားကို လွှဲလိုက်သည့် အချိန်မှာပဲ တစ်ဝက်ကျိုးသွားပေသည်။

တိုက်ခိုက်သူနှစ်ဦးစလုံး ဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်ခင်မှာပဲ သူတို့သည် ပုံသဏ္ဍာန်မဲ့သော အားလှိုင်းတစ်ခုကြောင့် နောက်ပြန်လွင့်သွားကြချေ၏ ပြင်းထန်စွာ ရိုက်ခတ်ရပြီး နံရိုးများ ကျိုးကြေသွားကြသည်။

"ရပ်လိုက်”

နောက်ကွယ်က ဝိညာဉ်ဖွဲ့စည်းမှု ကျင့်ကြံသူတစ်ယောက်သည် မျက်နှာဖြူဖျော့သွားပြီး အော်လိုက်ပေသည်။

"သူက အနည်းဆုံးတော့ ဝိညာဉ်ဖွဲ့စည်းမှု အလယ်အလတ် မဟုတ်ဘူး၊ မြင့်မားတဲ့ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ် ဖြစ်ရမယ် ။ ငါတို့အတူတူ အလုပ်လုပ်ရမယ်”

တခြားဝိညာဉ်ဖွဲ့စည်းမှု ကျွမ်းကျင်သူသည် ကျိန်ဆဲလိုက်ပေ၏။

"သူက အသက်နှစ်ဆယ်တောင် မရောက်သေးဘူး။ ဒါက ဘယ်လိုမိစ္ဆာကျင့်ကြံသူမျိုးလဲ”

ချွန်ထက်သောဓားနဲ့ နဖူးကျယ်ကျယ်လူသည် နောက်ဆုံးတော့ သူ့လက်နက်ကို ဆွဲထုတ်လိုက်ကာ မျက်နှာတင်းမာသွားသည်။

"နောက်မဆုတ်နဲ့။ သူ့ကိုသတ်ဖို့ ရွေ့လျားသလိုမျိုး ရွေ့လျား”

သူ့ဓားသည် အနီရောင်ဝိညာဉ်ချီနဲ့ တောက်ပနေပြီး ရှေ့ကို ခြေလှမ်းလိုက်သည့်အခါ လှိုင်းလုံးကြီးလို မြင့်တက်လာ၏

ဒုတိယဝိညာဉ်ဖွဲ့စည်းမှု ကျင့်ကြံသူသည် နောက်ကနေ လိုက်လာပြီး သူ့လက်ဖဝါးများကို မိုးကြိုးနဲ့ ရစ်ပတ်ထားလေ၏

သူတို့အတူတကွ ရွေ့လျားကြလျှင် သေစေနိုင်၏

သို့တိုင်း သူတို့ မတိုက်ခိုက်နိုင်ခင်မှာပဲ

အသံတစ်ခု ထွက်ပေါ်လာ၏

"ရပ်လိုက်”

ကျယ်လောင်သော အသံမဟုတ်ပေမဲ့ ဓားတစ်ချောင်းလို ရှုပ်ထွေးမှုများကို ဖြတ်တောက်ပစ်လိုက်သည်။

ချက်ချင်းပဲ လူတိုင်း တောင့်တင်းသွားကြ၏

ဝိညာဉ်ဖွဲ့စည်းမှုအဆင့် နှစ်ယောက်တောင် ခြေလှမ်း တစ်ဝက်လောက်တွင် ရပ်သွားပြီး သူတို့မျက်နှာအမူအရာများက တွန့်ဆုတ်နေကြသည်။

ကုလားကာနောက်ကနေ ပုံရိပ်တစ်ခု ပေါ်လာ၏

သူမသည် ငွေရောင်ချည်မျှင်များနဲ့ ပန်းထိုးထားသော ရိုးရိုးရှင်းရှင်း သန်းခေါင်ယံဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို အရိုးကြိုးနဲ့ နောက်ပြန်ချည်ထား၏

သူမရှိနေခြင်းက တိတ်ဆိတ်ပေမဲ့ ဖိနှိပ်မှုတစ်ခုလိုသာ - သန်းခေါင်ယံတွင် ငြိမ်သက်နေတဲ့ တောင်တစ်လုံးလိုသာ။

သူမမျက်လုံးများသည် ကျဉ်းမြောင်းပြီး အရာအားလုံးကို မြင်နိုင်သည် ချောက်ကမ်းပါးနှစ်ခုလိုသာ

သူမသည် ပိုင်ကျီဟန်ကို ကြည့်လိုက်၏ ထို့နောက် ဒဏ်ရာရနေသော လုပ်ကြံသတ်ဖြတ်သူတွေကို ကြည့်လိုက်၏

ပြီးတော့ ပိုင်ကျီဟန်ဆီ ပြန်ကြည့်လိုက်၏

အချိန်တိုလေးအတွင်း ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ် ကျင့်ကြံသူအပါအဝင် သူမလုပ်ကြံသတ်ဖြတ်သူ အများကြီးသည် မြေပြင်ပေါ် လဲလျောင်းနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

ဒါက အနက်ရောင် မီးအိမ်အဖွဲ့အစည်း အတွက် ရှက်စရာတစ်ခုသာ။ သို့တိုင် ၎င်းသည် ပိုင်ကျီဟန်စွမ်းအားကို ပြသသော လက္ခဏာတစ်ခုလည်း ဖြစ်နေ၏

ငြင်းခုံစရာ မလိုတော့ပေ။ သူမရှေ့ကလူသည် နာမည်ကြီး ပိုင်ကျီဟန်သာ။

"မင်းက ပိုင်ကျီဟန်ပဲ" အသံတိုးတိုးနဲ့ ချောမွေ့စွာပြောလိုက်သည် " ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူ။ မင်းဒီမှာ ဘာလုပ်နေတာလဲ"

ပိုင်ကျီဟန်သည် ခေါင်းကိုညိတ်ပြီး လက်များကို အင်္ကျီလက်ထဲ၌ တည်ငြိမ်စွာ ထည့်ထားသည်။

"မင်းက အနက်ရောင် မီးအိမ်အဖွဲ့အစည်း ရဲ့ ခေါင်းဆောင်ဖြစ်ရမယ်။"

"ဟုတ်တယ် ငါပဲ”

သူမသည် ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့ကို ဖြည်းဖြည်းချင်းလျှောက်သွားပေမဲ့ မာနကြီးတာမျိုးတော့ မဟုတ်ပေ။ ထိန်းချုပ်ထားတတ်သော သူတစ်ယောက်၏ တမင်တကာခြေလှမ်းသာ။

"ငါ့နာမည်က ရှဲ့ဝမ်ရှို့ပါ။"

သူမသည် ပိုင်ကျီဟန်နဲ့ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး ကြည့်လိုက်သည်။

"မင်းရဲ့ ဒီခရီးစဉ်က ကျပန်းမဟုတ်ဘူးလို့ ငါထင်တယ်"

ပိုင်ကျီဟန် နှုတ်ခမ်းများက မှိန်ဖျော့ဖျော့ကွေးသွားသည်။

"မဟုတ်ဘူး။ ငါမေးစရာရှိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ငါနဲ့ ပိုင်ရှင်းယွဲ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမားအကြောင်း။"

ရှဲ့ဝမ်ရှို မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပေသည်။

" ငါတို့မှာ တာဝန်ရှိတယ်လို့ မင်းထင်လား"

"ဖြစ်နိုင်တယ်။ မဟုတ်ရင်တောင်" ပိုင်ကျီဟန်က တိုးတိုးလေးပြောလိုက်သည် "မင်းရဲ့အဖွဲ့အစည်းကတော့ အဲ့တာ ဘယ်သူလဲဆိုတာ သိတယ်လို့ ငါထင်တယ်"

All Chapters