← Chapters

ခေါင်းတစ်ခေါင်းတန်ကြေး

Vol. 16 Ch. 235

ခေါင်းတစ်ခေါင်းတန်ကြေး

Vol. 16 Ch. 235

(မဖြစ်နိုင်ဘူး)

ရှဲဝမ်ရှို့၏ ရင်ဘတ်ထဲ၌ နှလုံး တဒုတ်ဒုတ်

ခုန်နေ၏

သူမ တောင့်တင်းနေပြီး အတွေးများ ပြန့်ကျဲနေကာ ပိုင်ကျီဟန် ထုတ်လွှတ်လိုက်သော ဖိအားအောက်၌ သူမ အသက်ရှူတိုင်း လေးလံနေသလို ခံစားရ၏

သူမ အကြည့်များက အဝေးဆုံးနံရံတွင် နစ်မြုပ် ကြေမွနေသော ခန္ဓာကိုယ်နှစ်ခုဆီသို့ လှမ်းကြည့်လိုက်ချေ၏ ဝိညာဉ်ခွဲခြမ်း စိတ်ဖြာခြင်း အဆင့် ကျင့်ကြံသူနှစ်ယောက်သည် ခြောက်သွေ့သော အရွက်များလို အလွယ်တကူ ကြေမွသွားချေပြီ

(သူ... သူ သူတို့နှစ်ယောက်လုံးကို အနိုင်ယူခဲ့တယ်)

ချွေးအေးများက သူမကျောပေါ်ကနေ စီးကျလာသည်။

သူမစိတ်က သူမကို အော်ဟစ်နေချေပြီ - အခု ပြေးတော့!

သူမ နောက်ဆုတ်လိုက်ပြီး ချီကို သူမခြေထောက်များဆီ သိမ်မွေ့စွာ ပို့ဆောင်ကာ မျက်စိတစ်မှိတ်အတွင်း၌ ပျောက်ကွယ်သွားဖို့ အသင့်ဖြစ်နေပေသည်။

သို့တိုင်

ပိုင်ကျီဟန်သည် သူမကို အကြည့်လွှဲလိုက်ပေ၏။

သူ့မျက်လုံးများက တည်ငြိမ်နေသည်။

ဖြစ်နိုင်ချေရှိသော ရလဒ်တိုင်းကို တွက်ချက်ပြီးသား တစ်ယောက်လိုသာ။ တစ်ခုမှလွဲပြီး အားလုံးကို ပယ်ချထားသူလို

"ငါသာ မင်းနေမှာဆိုရင် အဲဒါကို မကြိုးစားဘူး။"

ရှင်းလင်းသော သတိပေးချက်။

ရှဲဝမ်ရှို့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားချေပြီ။

သတ်ဖြတ်လိုသော ရည်ရွယ်ချက်လှိုင်းတစ်ခုသည် မမြင်ရသော ဓားတစ်ချောင်းကဲ့သို့ သူမ၏အရေပြားကို အေးစက်စွာ ဖြတ်သန်းသွားသည်။

သူမသိပေသည်။

ပိုင်ကျီဟန်၏ မြန်နှုန်းနှင့် သူ့၏ခွန်အားဖြင့် သူမသည် တံခါးကိုပင် မကျော်နိုင်လောက်ပေ ။အခန်းတစ်ဝက်လောက်တောင် မကျော်နိုင်ပေ

သူမ ရွေ့လျားလိုက်သည်နှင့်

သူမ လဲကျသွားလိမ့်မည်။

သို့မဟုတ် သေသွားလိမ့်မည်။

ထွက်ပြေးရန်ကြိုးစားခြင်းသည် သူမကိုယ်သူမ ဒုက္ခများ ထပ်မံဖိတ်ခေါ်သကဲ့သို့ပင်။

သူမ၏လက်ချောင်းများသည် တုန်ခါသွားပြီး ရပ်တန့်သွားသည်။

သူမသည် သူမ၏မေးရိုးကို တင်းတင်းစိထားကာ စိတ်ပျက်လက်ပျက် မျက်လုံးများ တောက်ပနေသော်လည်း သူမ ထပ်မံမလှုပ်ရှားတော့ပေ

ပိုင်ကျီဟန်သည် နှုတ်ခမ်းထောင့်ကို ဖြည်းဖြည်းချင်း ကွေးလိုက်သည်။

"ပညာရှိတဲ့ ရွေးချယ်မှုပဲ”

သူသည် ရှေ့သို့ တိုးလာပြီး သူ့ဖိနပ်သည် အက်ကွဲနေသောကြမ်းပြင်ပေါ်တွင် ဖွဖွလေးလျှောက်ကာ အခန်း တစ်ဝိုက်ရှိ ကျန်ရှိနေသော အရာများကို ကြည့်လိုက်သည်။

ကွဲအက်နေသော ထုပ်တန်းများ။

ပြိုကျနေသော တိုင်များ။

ကွဲအက်နေသော မီးအိမ်များ။

နောက်ဆုံးတွင် သူ၏အကြည့်သည် သူမထံသို့ ပြန်ရောက်သွားသည်။

“ အခုလည်း ငါ မင်းကို အဲဒီအတိုင်းပဲ မေးချင်တယ်၊ ဒီတစ်ခါတော့ လိမ်ညာမှုတွေ မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်”

သူမ ဆင်ခြေပေးဖို့ ဒါမှမဟုတ် လိမ်ညာဖို့ ကြိုးစားသည့်အချိန်တွင် သေဆုံးမှုကို ညွှန်ပြနေမည်သာ။

ရှဲဝမ်ရှို့သည် လှည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

ရှဲဝမ်ရှို့ ကိုယ်ပိုင်ရုံးခန်း၏ ဇိမ်ခံကြော့ရှင်းမှုသည် အာဏာရှိသောနေရာထက် ထောင်တစ်ခုလို ခံစားရသည်။

သူမ စားပွဲ၌ ပိုင်ကျီဟန်သည် ခြေထောက်တစ်ဖက်ကို တစ်ဖက်ပေါ် ပေါ့ပေါ့ပါးပါး ချိတ်ဆွဲထားပြီး လက်ထဲရှိ ကြွေလက်ဖက်ရည်ခွက်ကို မထိဘဲ ထိုင်နေ၏

သူ ဘာမှ မပြောပေ

သူ ပြောစရာမလိုပေ

သူ့အကြည့်တစ်ခုတည်းနဲ့ အဖြေတွေကို တောင်းဆိုနေတာပင်

ရှဲဝမ်ရှို့သည် သူ့ရှေ့တွင် ရပ်နေပြီး

မျက်လုံးများကိုပင် အပြည့်အဝ မော့မကြည့်ရဲပေ

သူမနောက်ကွယ်ရှိ အဝေးဆုံးထောင့်တွင် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် နယ်မြေကျင့်ကြံသူ နှစ်ယောက်သည် သတိလစ်နေကြ၏ ခန္ဓာကိုယ်များသည် နံရံ၌ စွန့်ပစ်ထားသော ရုပ်သေးရုပ်များလို ကွေးကွေးလေး လဲလျောင်းနေကြသည်။

ခုန်ကျန်းဟုန်သည် မလှမ်းမကမ်းတွင် ရပ်နေပြီး တစ်ဝက်သည် အံ့ဩနေကာ တစ်ဝက်က ရိုသေလေးစားနေ၏ ပိုင်ကျီဟန်သည်

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း နယ်ပယ်အဆင့်ကျင့်ကြံသူများအား ရိုက်နှက်ပြီးကတည်းက သူ့မျက်လုံးများ မခွါပေ။

သူ့အတွက်တော့ နတ်ဘုရားတစ်ပါး ဆင်းသက်လာပြီး လူသားတစ်ယောက် အရေခွံကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့သလိုပင်

ပိုင်ကျီဟန်ကို အမြဲတမ်း သံသယဝင်နေသည့်အပေါ် သူ မိုက်မဲသလို ခံစားရ၏

"အစောပိုင်းက ကျွန်မ ပြောခဲ့တာတွေ မှန်ပါတယ်။ကျွန်မတို့ အနက်ရောင်မီးအိမ် အဖွဲ့အစည်းက လုပ်ကြံမှုကို စေလွှတ်ခဲ့တာ မဟုတ်ပါဘူး၊ ပြီးတော့ မြင်တဲ့အတိုင်း ကျွန်မတို့မှာလည်း အဲဒီလိုလုပ်ဖို့ စွမ်းအားမရှိပါဘူး။"

ရှဲဝူရှိုဘသည် စတင်ပြီး အခြေအနေကို ဖြန့်ကျက်ဖို့ ကြိုးစားကာ သူမသည် သူ့ရန်သူ မဟုတ်ကြောင်း သရုပ်ဖော်ဖို့ ကြိုးစားနေ၏

"ပြီးတော့ မင်းကိုသတ်ဖို့ လူသတ်သမားတွေကို ဘယ်သူလွှတ်ခဲလဲလို့ ငါ့ကို မေးရင် ထုံးစံအတိုင်း မင်း စိတ်ပျက်ရမှာပဲ။ငါသိပ်မသိဘူး”

ရှဲ့ဝမ်ရှို့သည် ကြေငြာလိုက်သည်။

ပိုင်ကျီဟန်သည် သူမ၏စကားများတွင် လိမ်ညာမှုများကို မမြင်တွေ့ရသော်လည်း ၎င်းသည် သူ့ကို ယုံကြည်စေရန် မလုံလောက်ပေ။

ရှဲ့ဝမ်ရှိ့သည် လူသတ်သမားများကို စေလွှတ်သူများနှင့်ပတ်သက်၍ တစ်စုံတစ်ခုကို သိနေသည့် လက္ခဏာများကို သူမြင်တွေ့ပြီးဖြစ်သည်။

သို့သော် သူသည် ဘာမှမပြောဘဲ ရှဲ့ဝမ်ရှိစကားပြောရန် စောင့်ဆိုင်းနေသည်။

ထို့အပြင် အဖြေသည် သူ့ကို မကျေနပ်စေပါက နောက်ဖြစ်လာတော့မည့်အရာအတွက် တောင်းပန်ရုံသာ တတ်နိုင်သည်။

ရှဲ့ဝမ်ရှိ့ နှုတ်ခမ်းများသည် အနည်းငယ်တုန်ယင်နေ၏ ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ တိတ်ဆိတ်မှုကို မခံမရပ်နိုင် ဖြစ်နေသော ဝန်ထုပ်ဝန်ပိုးက သူမအပေါ် ဖိစီးနေလို့သာ။

ဤအဖြေသည် ပိုင်ကျီဟန်ကို လုံးဝကျေနပ်စေမည် မဟုတ်ကြောင်း သူမသိသည်။

ပိုင်ကျီဟန်၏အကြည့်သည် တည်ငြိမ်နေသော်လည်း ထိုငြိမ်သက်မှုထဲတွင် မိုးကြိုးမုန်တိုင်းမတိုင်မီက တိတ်ဆိတ်မှုမျိုး ရှိနေသေးသည်။

သူမ တံတွေးမြိုချလိုက်သည်။

"ဒါပေမယ့်... သိတဲ့ တစ်ခုခုရှိတယ်။"

သူမသည် စကားတိုင်းကို တိုင်းတာရင်း နှေးကွေးစွာ ဆက်ပြောသည်။

"တစ်နှစ်က အဖွဲ့အစည်းတစ်ခုရဲ့ ဌာနချုပ်ကို ဖိတ်ကြားခံခဲ့ရတယ်။ အနက်ရောင်မီးအိမ် အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပါဘူး၊ ဒါပေမယ့်... ပိုပြီး အန္တရာယ်များတဲ့ အဖွဲ့တစ်

ဖွဲ့။ သူတို့က ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာမှာတောင် အခြေစိုက်ထားတာ မဟုတ်ဘူး။"

သူမ အသက်ရှူလိုက်လေ၏

"သူတို့ကိုယ်သူတို့ ဘာခေါ်လဲတော့ မသိဘူး။ ဒါပေမယ့် ကျွန်မ အဲဒီမှာရှိနေတုန်း တစ်ခုခုကို မြင်လိုက်ရတယ်။"

ရှဲဝမ်ရှို့သည် သူ့ကို မကြည့်ဘဲ မှတ်ဉာဏ်ကို ပြောဖို့တောင် ခက်ခဲနေသည်ဟု ထင်ရသည်။

"နံရံတစ်ခုရှိတယ်။ ဆုလာဘ်စာလိပ်တွေနဲ့ မစ်ရှင်အမိန့်တွေနဲ့ ဖုံးအုပ်ထားတယ်။ ကျင့်ကြံသူတွေ၊ ဂိုဏ်းခေါင်းဆောင်တွေ၊ လူဆိုးပါရမီရှင်တွေရဲ့ နာမည်တွေ... အားလုံးမှာ ဈေးနှုန်းတွေရှိတယ်။ ပစ်မှတ်တစ်ခုက မင်းရဲ့ဟာပဲ။"

အတော်ကြာ တိတ်ဆိတ်သွားချေ၏

"မင်းကို Sအဆင့် ပစ်မှတ်အဖြစ် စာရင်းသွင်းထားတယ်။ ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းတွေနဲ့ ရွှေဒင်္ဂါးပြား သိန်းချီပြီး ပေးဆောင်တဲ့ ဆုလာဘ်နဲ့။"

ခုန်ကျန်းဟုန်တောင် အံ့ဩသွားသည်။

ပိုင်ကျီဟန်လိုလူမျိုးအတွက် ဈေးနှုန်းက အတော်လေး မြင့်သည်ဟု ပြောလို့ရ၏

သို့တိုင် သူ့၏ လက်ရှိအစွမ်းအစကိုပဲ ထည့်တွက်ကြည့်ရလျှင်ပင်

မဟုတ်ဘဲ သူ့နောက်ခံနဲ့ အလားအလာကို ကြည့်မည်ဆိုပါက ပိုင်ကျီဟန်ဦးခေါင်းအတွက် ဈေးနှုန်းကောင်းတစ်ခုသာ။

သို့တိုင် ဂျူနီယာတစ်ယောက် ဦးခေါင်းအတွက် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းတစ်ခုအား မည်သူက ပေးမည်ကို စဉ်းစားဖို့

လိုအပ်နိုင်၏

ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာမှ တစ်ယောက်ယောက်တော့ မဟုတ်လောက်ပေ။ လီ ကျောက်မျိုးနွယ်စုတောင်မှ ဂျူနီယာတစ်ယောက်ကို သတ်ဖို့အတွက် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းတစ်ခုကို ပေါ့ပေါ့တန်တန် ထုတ်ယူမည် မဟုတ်ပေ

ပစ်မှတ်က ပိုင်ထျန်းဟမ်ဖြစ်ခဲ့ရင်ပေါ့ - ဒါပေမဲ့ ပိုင်ကျီဟန်ကိုတော့ မဟုတ်ပေ။

သူတို့အနေနဲ့ သူသည် ထိုခြိမ်းခြောက်မှုအဆင့်၌ ရှိနေသည်ဟု

မထင်ကြသေးပေ

ပိုင်ကျီဟန်က ငြိမ်နေခဲ့သည်။

(ငါ့ခေါင်းအတွက် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းလား။)

ဘယ်သူက ဒီလောက်ပေးချင်မှာလဲ။ ဘယ်သူက ဒီလောက်ပေးနိုင်မှာလဲ။

(နတ်ဆိုးဂိုဏ်းကလား။)

သူတို့သာဆို လုပ်ကြံသတ်ဖြတ်သူတွေကို ငှါးရမ်းမည့်အစား သူတို့ကိုယ်တိုင် လုပ်ကြမှာပင်

(ဒါဆို ဘယ်သူလဲ။)

လောလောဆယ်မှာ သူ့ခေါင်းအတွက် မည်သူက ထိုမျှရက်ရောသော ဆုလာဘ်ပေးသည်ကို သူသေချာ မပြောနိုင်ပေ

ဒါပေမဲ့ သူလုပ်စရာမလိုပေ

ရှဲဝမ်ရှို့သည် ဆက်ပြောဖို့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားပေးခဲ့သည်။

"ဒါ့အပြင် တကယ် ဘာမှမသိဘူး။"

ရှဲ့ဝမ်ရှို့က အလေးပေးပြောလိုက်သည်။

ပိုင်ကျီဟန်သည် နောက်ဆုံးတော့ ပြောလိုက်သည်။

"ဒါတောင် မင်းက သူတို့ဘယ်သူလဲဆိုတာ မသိဘူးလို့ပြောနေတုန်းပဲလား"

ရှဲ့ဝမ်ရှိူ့က ခေါင်းကို မြန်မြန်ခါလိုက်သည်။

"အဲဒါက အမှန်တရားပဲ။ သူတို့က... အရမ်းလျှို့ဝှက်တယ်။ ငါမြင်ဖူးတာတစ်ခုတည်းကိုပဲ သိတယ်။ သူတို့က အရမ်းအစွမ်းထက်ပြီး ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် သူတို့အတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာပဲ ငါသိတယ်။"

သူမ အသက်ရှူထုတ်လိုက်၏

"မကြာသေးခင်က မင်းကိုခေါ်ဖို့ စေလွှတ်လိုက်တဲ့ လူသတ်သမားတွေအကြောင်း ကြားပြီးတဲ့နောက်... ငါ အချက်အလက်တွေကို ချိတ်ဆက်လိုက်တယ်။ သူတို့ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါသေချာမပြောနိုင်ဘူး။ ဆုငွေကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နေတဲ့ တခြားအဖွဲ့အစည်းတစ်ခုလည်း ဖြစ်နိုင်တယ်။"

တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာပြီး အေးစက်ကာ ဖိနှိပ်ချုပ်ချယ်နေ၏

ပိုင်ကျီဟန်သည် ထိုင်ခုံတွင် အနည်းငယ်ပြန်ထိုင်လိုက်သည်။ သူသည် ကြွေခွက်ကို တစ်ကြိမ်စောင်းလိုက်ပြီး လက်ဖက်ရည်လှိုင်းများကို ကြည့်ကာ နောက်ဆုံးတွင် ပြန်ချထားလိုက်သည်။

တကယ်တော့ သူ့အတွက် ဆုလာဘ်တစ်ခုရှိရင်တောင်မှ လူသတ်သမားများကို စေလွှတ်သူသည် သူတို့ပဲဖြစ်မည်ဟု မသေချာပေ

ကြီးမားသော ဆုလာဘ်များနဲ့အတူ ဤကဲ့သို့ ဆုလာဘ်ကို လက်ခံမည့် လူသတ်သမား အဖွဲ့အစည်းများစွာ ရှိသည်။

"အဲဒီအဖွဲ့အစည်းရဲ့ တည်နေရာကို မင်းသိလား။"

ရှဲဝမ်ရှို့ ခေါင်းခါလိုက်သည်။

"သူတို့ရဲ့အဖွဲ့အစည်းကို မရောက်မချင်း အာရုံအားလုံး ပိတ်ဆို့ခံထားရတယ်။ ဒါက သူတို့ရဲ့အဖွဲ့အစည်းကို သွားချင်တဲ့ တခြားသူတွေအတွက်လည်း အဲ့လိုပဲလုပ်တာ။

သူတို့ရဲ့အဖွဲ့ဝင်တွေပဲ အတိအကျတည်နေရာကို သိပုံရတယ်။"

သူမသာ တည်နေရာကို သိလျှင် လွယ်ကူ၏ သို့တိုင် ဒီလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းသည် ပုန်းအောင်းရာ၌ တကယ်တော်ပုံပင်

ပိုင်ကျီဟန် အသံက တည်ငြိမ်ပေမဲ့ အောက်မှာတော့ သိမ်မွေ့သော မေးမြန်းမှုတွေ ရှိနေသည်။

"ဒါဆို ငါ မင်းကို မေးမယ်..."

သူ ရှေ့ကို ကိုင်းပြီး သူမကို စိုက်ကြည့်လိုက်သည်။

"ဒါက အနက်ရောင်မီးအိမ်အဖွဲ့အစည်းကို အရိပ်ထဲကနေ ကူညီပေးနေတဲ့ အဖွဲ့အစည်းလား။ မင်းကို စစ်ကြေငြာတော့မဲ့ အလယ်အလတ်တန်းစား မျိုးနွယ်စုတစ်ခု ရုတ်တရက်... ပျောက်ကွယ်သွားတုန်းကလိုပေါ့?"

ရှဲဝမ်ရှို့ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။

ငြင်းစရာ အကြောင်းမရှိပေ။

"ဟုတ်တယ်" သူမ ဝန်ခံ၏ "သူတို့ပဲ”

သူမအသံက ခါးသက်ပြီး တိတ်ဆိတ်နေ၏

"မင်း အစောပိုင်းက မြင်ခဲ့တဲ့ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်... သူတို့က အနက်ရောင် မီးအိမ် အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းလည်း မဟုတ်ဘူး။ သူတို့ကို အဲဒီအဖွဲ့အစည်းက စေလွှတ်လိုက်တာ။ ငါ့ကို ကာကွယ်ဖို့... ဒါမှမဟုတ် ငါ့ကို စောင့်ကြည့်ဖို့။"

သူမ နှုတ်ခမ်းများကနေ ခါးသီးသော ရယ်သံတွေ ထွက်လာပြီး တိုးတိုးလေး ရယ်လိုက်၏ သူမကိုယ်တိုင် အခြေအနေကို လှောင်ပြောင်နေတာလားတောင် သူမ သေချာမသိပေ

ပိုင်ကျီဟန် မျက်မှောင်ကြုတ်လိုက်၏

"အဲဒါ အဓိပ္ပာယ်မရှိဘူး။ ဘာလို့ ဒီလောက်အစွမ်းထက်တဲ့ အင်အားစုတစ်ခုက မင်းလို အဖွဲ့အစည်းငယ်လေးကို ကူညီရတာလဲ။ အထူးသဖြင့် မင်းနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ပြောတဲ့အခါမျိုးမှာပေါ့။"

ရှဲဝမ်ရှို့ နှုတ်ခမ်းများက ပါးလွှာသော မျဉ်းတစ်ကြောင်းလို ဖိကပ်သွားချေ၏ သူမ ပြန်မဖြေခင် အသက်ရှုတဖြတ်မျှ တွန့်ဆုတ်နေ၏

"ဘာလို့လဲဆိုတော့ အဲဒီအဖွဲ့အစည်းရဲ့ ငယ်ရွယ်တဲ့ အကြီးအကဲက ငါ့ကို သဘောကျနေလို့”

သူမ မျက်နှာအမူအရာက ရှုပ်ထွေးနေ၏ မထီမဲ့မြင်ပြုနေသလို ၊ ပင်ပန်းနွမ်းနယ်နေသလိုသာ။

"သူဘယ်သူလဲဆိုတာ ငါအတိအကျမသိဘူး။ သူက အရေးကြီးတဲ့သူတစ်ယောက်ရဲ့သားဖြစ်တယ်ဆိုတာပဲ သိတယ်။ သူတို့ရဲ့ အကြီးအကဲတစ်ယောက်တောင် ဖြစ်နိုင်တယ်။ သူက ငယ်ရွယ်တယ်.မာနကြီးတယ်၊ အန္တရာယ်များတယ်။ ပြီးတော့ ကံမကောင်းစွာပဲ ငါ့ကို စွဲလမ်းနေတယ်။"

သူမသည် မျက်နှာလွှဲလိုက်ပြီး အသံက ပိုအေးစက်လာ၏

"အဲဒီပထမဆုံးတွေ့ဆုံမှုကတည်းက ငါအန္တရာယ်ရှိတိုင်း သူက အကူအညီတွေပို့ခဲ့တယ်။ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပေးခဲ့တယ်။ အတားအဆီးတွေကို ဖယ်ရှားပေးခဲ့တယ်။ ဒါပေမယ့် တိုက်ရိုက်ဘာမှ ပြန်မတောင်းဆိုခဲ့ဘူး။ အခုထိတော့ မတောင်းသေးဘူး။"

သူမ မေးရိုးက တင်းမာသွား၏

"ငါ ဘာကိုမှ သဘောမတူခဲ့ဘူး။ ငါ ဘယ်တုန်းကမှ သဘောတူညီချက် မလုပ်ခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံးတော့ သူ တစ်ခုခုကို မျှော်လင့်နေတယ်ဆိုတာ ရှင်းနေတယ်။"

ပိုင်ကျီဟန် ချက်ချင်းမတုံ့ပြန်ပေ။ သူ သူမကို လေ့လာလိုက်၏ သူမ ပါးစပ်က မထီမဲ့မြင်ပြုမှုနှင့် သူမ ပခုံးများက တင်းမာမှု။ သူမသည် ထို အာရုံစိုက်မှုကို မကြိုဆိုဘူးဆိုတာ ရှင်းနေ၏

ဒါပေမယ့် ၎င်းက သူ့အတွက် အရေးမကြီးပေ

သူ စာနာဖို့ ဒီမှာ ရှိနေတာ မဟုတ်ပေ

အရေးကြီးတာက သူ့ကိုလုပ်ကြံသော အဖွဲ့အစည်းသည် သူ့ရှေ့က အမျိုးသမီးအား စိတ်ဝင်စားနေပြီး ထိုအချက်အလက်ကို သူအပြည့်အဝအသုံးချနိုင်မည်ဆိုတာပင်

ပိုင်ကျီဟန် ဖြည်းဖြည်းချင်းပြန်ထိုင်လိုက်၏။

"စိတ်ဝင်စားစရာပဲ”

သူ့အသံက သာမန်ဆိုပေမဲ့ သူ့ပတ်ဝန်းကျင် လေထုသည် ပိုအေးစက်လာ၏

"မင်းက ငါ့အတွက် အသုံးဝင်မယ့်ပုံပဲ”

All Chapters