အဖြေကို ဆွဲထုတ်ခြင်း
Vol. 16 Ch. 236
ရှဲဝမ်ရှို့သည် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်း၏ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး နှလုံးသားကို ဖမ်းစားထားပုံရတာကြောင့် သူမအား သူတို့ကို ဆွဲဆောင်ဖို့ ငါးစာအဖြစ် အသုံးပြုနိုင်၏
ရှဲဝမ်ရှို့သာ သူ့လက်ထဲ ရောက်သွားသည်ဟု သိသွားပါက သူမနှလုံးသားကို ရယူဖို့ အများကြီး သုံးစွဲခဲ့သော ထိုလူအနေနဲ့ ဘာမှမလုပ်ကြောင်း သူမယုံပေ
ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်း တည်နေရာကို သိရှိဖို့ နောက်ထပ်နည်းလမ်းတစ်ခု ရှိနေ၏
အခုချိန်ထိ သတိလစ်နေသော ဝိညာဉ်ခွဲခြမ်းစိတ်ဖြာရေးနယ်ပယ် ကျင့်ကြံသူ နှစ်ဦး။
ပိုင်ကျီဟန်အကြည့်က ခုန်ကျန်းဟုန်ဆီ ရွေ့သွားတယ်။
"သူတို့ကို နှိုးလိုက်”
ခုန်ကျန်းဟုန်သည် နှောင့်နှေးမှု မရှိပေ
သူသည် သတိလစ်နေသော ဝိညာဉ်ခွဲခြမ်းစိတ်ဖြာရေးနယ်ပယ် ကျင့်ကြံသူ နှစ်ဦးဘေးတွင် ကုန်းပြီး အော်ဟစ်လိုက်၏
" ထကြ! မင်းတို့ ငါ့စကားကို ကြားလား။ထကြ သခင်လေးက အခု မင်းတို့နှစ်ယောက်ကို လိုချင်နေပြီ”
ဖြန်း
တုံ့ပြန်မှု မရှိသည့်အခါ မျက်နှာကို တစ်ချက်ရိုက်လိုက်ပြီး နောက်တစ်ဖက်ကို တစ်ချက်ရိုက်လိုက်၏
ဖြန်း ဖြန်း
အကြိမ်ပေါင်းများစွာ ပါးရိုက်ပြီးနောက်မှာတောင် ဘာမှမထူးသေးပေ
"ဖူး”
စိတ်ပျက်လက်ပျက်နဲ့ ထောင့်ကိုပြေးသွားကာ သစ်သားရေပုံးတစ်ပုံးကိုယူပြီး အမြန်ပြန်သွားခဲ့သည်။
ရေတွေကို မျက်နှာပေါ် ပက်ဖြန်းလိုက်၏
ဘာမှတုံ့ပြန်မှုမရှိပေ
ခုန်ကျန်းဟုန်သည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် နှစ်ဦးကို သာမန်ရာဇဝတ်သားများလို ဆက်ဆံနေသည်ကို ရှဲဝမ်ရှို့သည် သနားကြင်နာစွာကြည့်နေပြီး ပိုင်ကျီဟန်ကတော့ ပျော်ရွှင်စွာ စောင့်ကြည့်နေ၏
ခုန်ကျန်းဟုန်သည် သူတို့ကိုနှိုးဖို့ ဘာလုပ်ခဲ့သည်ကို သူဂရုမစိုက်ဘဲ သူ့နည်းလမ်းနဲ့ တကယ်အောင်မြင်မည်လားကိုသာ စိတ်ဝင်စားစရာနေ၏
မည်သို့ပင်ဖြစ်စေ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်သည် အတော်လေးခက်ခဲပြီး ပုံမှန်နည်းလမ်းများက သူတို့အပေါ် ထိရောက်မှုမရှိပေ။
သို့တိုင် သူ့တွင် တခြားလုပ်စရာမရှိတော့သည့်အတွက် စောင့်ဆိုင်းဖို့သာ ဆန္ဒရှိခဲ့သည်။
နောက်ထပ်ပါးရိုက်မှုနဲ့ ပြင်းထန်သော အော်ဟစ်မှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် သူတို့မျက်ခွံများ ပွင့်လာ၏
နောက်ဆုံးတော့ ကြိုးစားအားထုတ်မှု အများကြီး လုပ်ပြီးသည့်နောက် ခုန်ကျန်းဟုန်သည် သူတို့နှစ်ယောက်ကို နှိုးနိုင်ခဲ့၏။
"အာ့..ဘာဖြစ်တာလဲ?"
သူတို့သည် နာကျင်စွာ ညည်းတွားကြပြီး မျက်နှာတွင် ပါးရိုက်ခံရသလို စူးရှသော ခံစားချက်ကို ခံစားမိကြကာ ရေတွေရွှဲရွှဲစိုနေသည် အခြေအနေကို သတိထားမိလာကြသည်။
ခဏအကြာတွင် နောက်တစ်ယောက်လည်း လှုပ်ရှားသွားသည်။ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ပွင့်လာပြီး မျက်နှာများက ရှုပ်ထွေးစွာ မှေးစင်းသွားသည်အထိ မှတ်ဉာဏ်ပြန်ပေါ်လာသည်။
၎င်းတို့၏အကြည့်များသည် အဝေးဆုံးနံရံဖြစ်သည့် ၎င်းတို့ နစ်မြုပ်နေခဲ့သော သစ်သားစများနှင့် ကျိုးပဲ့နေသော ကျောက်တုံးများဆီသို့ ပြေးသွားကြသည်။ ထို့နောက် စားပွဲတွင် ထိုင်နေသော ပုံရိပ်ဆီသို့ ရောက်သွားကြသည်။
မှတ်မိသွားကြ၏
သူတို့ တောင့်တင်းသွား၏
"မင်း..." တစ်ယောက်က စပြောသော်လည်း သူ့အသံတွင် ကျန်စကားလုံးများ ထွက်မလာတော့ပေ
"နောက်ဆုံးတော့ သတိပြန်ဝင်လာပြီလား"
ပိုင်ကျီဟန်က မေးလိုက်သည်။
"မင်း ငါတို့နှစ်ယောက်ကို ဘယ်လိုအနိုင်ယူနိုင်တာလဲ။ ဒါက အိပ်မက်ဆိုးတစ်ခုပဲ”
သူ့ရှေ့၌ ဖြစ်ပျက်နေပေမဲ့ ရှန် မယုံနိုင်ပေ။
သူတို့ထက် ရာစုနှစ်တစ်ခုကျော်ငယ်သော လူငယ်တစ်ဦးသည် အင်အားနည်းနေသော်လည်း သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်ကို သူတို့ မည်သို့လက်ခံနိုင်မည်နည်း။
သူတို့ မည်သို့မှ လက်ခံနိုင်မည်မဟုတ်ပေ။
"ဒါက လက်တွေ့လား၊ အိပ်မက်ဆိုးလားဆိုတာ မင်းမယုံလဲနေ။ ငါ့ကို ရိုးရိုးသားသားဖြေပါ" ပိုင်ကျီဟန်က ဆက်ပြောသည်။
"မင်းရဲ့အဖွဲ့အစည်းက ဘယ်မှာလဲ။"
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
နှစ်ယောက်သား အပြန်အလှန် ကြည့်လိုက်ကြပြီး သူတို့ နှုတ်ခမ်းပေါ်၌ လှောင်ပြောင်သော အမူအရာတစ်ခု ပေါ်လာသည်။
"မင်း ဘယ်လိုလှည့်ကွက်မျိုး သုံးခဲ့လဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် ငါတို့ ဘယ်လိုမှ ပြောလို့မရဘူး”
သူတို့ မပြီးဆုံးသေးပေ
တိတ်ဆိတ်သွားသော အက်ကွဲသံလို အသံတစ်ခုသည် ရုံးခန်းတစ်ခုလုံး ပဲ့တင်ထပ်သွား၏
ပထမဆုံး ကျင့်ကြံသူ၏ မျက်နှာ ဖြူဖျော့သွားကာ နဖူးတွင် သွေးကြောများ ဖောင်းကားလာချေသည်။
ပိုင်ကျီဟန် ချီသည် သူ့၏ စွမ်းအင်သွေးကြောထဲသို့ စိမ့်ဝင်သွားပြီး လမ်းကြောင်းတိုင်း၊ သွေးကြောတိုင်း၌ ကွဲအက်လွယ်သော ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည့် အရည်ပျော်သတ္တုလို သူ့အသက်ရှူသံတွေ ကြမ်းတမ်းလာ၏
အသက်ရှုမဝဖြစ်လာပြီး နာကျင်မှုသည် အပြင်ဘက်သို့ ပေါက်ကွဲထွက်လာပြီး သူ့ စွမ်းအင်စုရပ်မှ ခြေလက်တိုင်းသို့ ပျံ့နှံ့သွား၏
ဒုတိယ ကျင့်ကြံသူသည် အလိုလို ရှေ့ကို တိုးလာသည့်တိုင် ပိုင်ကျီဟန် တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့ကို ရပ်တန့်သွားစေသည်။
တည်ငြိမ်သော အသံက ထပ်ထွက်လာ၏
"ငါ ထပ်မေးမယ်။ ဘယ်မှာလဲ"
ဒုတိယတစ်ယောက်က ပင်ပန်းနွမ်းနယ်ပြီး အသက်ရှူမဝသော အသံနဲ့ ရယ်၏
"မင်း... ဒီနာကျင်မှု”
ပိုင်ကျီဟန် ညာဘက်လက်က တုန်ခါသွား၏ ကျင့်ကြံသူ၏ စွမ်းအင်စုရပ်သည် ကြည်လင်ပြီး နူးညံ့သော တုန်ခါမှုတစ်ခုနဲ့ ကွဲအက်သွား၏
"အားးးးး”
ရုံးခန်းတစ်ခုလုံးတွင် အော်သံတစ်ခု ပျံ့နှံ့သွား၏
ပိုင်ကျီဟန်သည် မျက်တောင်တောင်မခတ်ဘဲ ကြည့်နေသည်။
ထို့နောက် ပထမတစ်ယောက်ဆီ ပြန်လှည့်
လိုက်၏
"နောက်တစ်ယောက်ကတော့ မင်းပဲ”
ပထမဆုံး ကျင့်ကြံသူ၏ နှုတ်ခမ်းများ တုန်ရီနေသည်။ ကြောက်ရွံ့မှုကြောင့်တင် မဟုတ်ဘဲ သူ့၏ စွမ်းအင်သွေးကြောများ ပေါက်ကွဲတော့မလို ခံစားရသည့်အထိ ချီ၏ မခံမရပ်နိုင်သော စွမ်းအားက သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးနေသည်။
စက္ကန့်တိုင်းသည် ထာဝရကာလအထိ ဆန့်ထွက်သွားသလိုသာ။
သူ့ခန္ဓာကိုယ်သည် မရည်ရွယ်ဘဲ ကွေးညွတ်သွားပြီး ချွေးများသည် သူ့ဝတ်ရုံတွင် စိုရွှဲနေ၏ သို့တိုင် သူသည် ပိုင်ကျီဟန်ကို စိုက်ကြည့်နေ၏
"မင်း... ငါတို့ဆီကနေ.ဘာမှမရနိုင်ဘူး”
ပိုင်ကျီဟန် အပြုံးက ခန့်မှန်းမရပေ
"ကောင်းတယ်”
သူ့ ချီက ပြန်တက်လာပြန်၏ ဒီတစ်ခါတော့ ထိုလူ၏ အူတိုင်ထဲသို့ ပြင်းထန်စွာ ဖိသိပ်နေပြီး ခုန်နှုန်းတိုင်းသည် တူနဲ့ ခွဲထားသော ကျောက်တုံးလို အတွင်းကနေ အပြင်ကို ခုန်နေ၏
အော်သံက ကျယ်လောင်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားချေ၏
ဝေဒနာခံစားနေရသည့်တိုင် မည်သူမှ စကားမပြောကြပေ
ရုတ်တရက် ကျင့်ကြံသူနှစ်ဦးစလုံး၏ မေးရိုးများ တုန်ခါသွား၏ သိမ်မွေ့သော်လည်း ပိုင်ကျီဟန် သတိပြုမိလောက်အောင်ပင်။
ကြိတ်သံသဲ့သဲ့ ထွက်ပေါ်လာပေသည်။
အဆိပ်
ဟုတ်ပေ၏
အရိပ်အဖွဲ့အစည်းမှ လေ့ကျင့်ထားသော လုပ်ကြံသတ်ဖြတ်သူ သို့မဟုတ် သစ္စာခံတိုင်းနီးပါးသည် ၎င်းတို့၏ သွားကြားတွင် ဝှက်ထားသော ဆေးတောင့်တစ်တောင့်ကို ငုံထားပြီး ဖမ်းမိရန် မလွဲမသွေဖြစ်လာသည့်အချိန်တွင် အသက်ကို အဆုံးသတ်ရန် အသင့်ဖြစ်နေသည်။
သို့သော် ပိုင်ကျီဟန်သည် ဤအရာကို မျှော်လင့်ထားခဲ့သည်။
နှစ်ဦးစလုံး ကိုက်ဖြတ်ချိန်တွင် သူ့ပုံရိပ် မှုန်ဝါးသွားသည်။
သူ၏ လက်သီးများသည် တိကျစွာဖြင့် မေးရိုးများကို ရိုက်ခတ်သွားသည်နှင့်အမျှ အခန်းထဲ၌ ထက်မြက်ပြီး အရိုးကြေမွသော အက်ကွဲကြောင်းနှစ်ခု ပဲ့တင်ထပ်သွားသည်။
"အား အား”
သွားများ ကျိုးကြေသွားပြီး ပါးစပ်မှအပိုင်းအစများနှင့် သွေးများ ပန်းထွက်လာသည်။
အဆိပ်ဆေးတောင့်များသည် ကြမ်းပြင်ပေါ်တွင် အန္တရာယ်မရှိစွာ တတောက်တောက်မြည်နေသည်။
လူနှစ်ဦးစလုံးသည် ဝေဒနာကြောင့် အသက်ရှူမဝဖြစ်ကာ တစ်ယောက်သည် သူ့မေးရိုးကို ဆုပ်ကိုင်ထားပြီး နောက်တစ်ယောက်ကတော့ သွေးများ ထွေးထုတ်ကာ ကြွေလွှာများ ကျိုးကြေသွားသည်။
၎င်းတို့၏ မျက်လုံးများသည် ပြူးကျယ်နေသည်။ နာကျင်မှုကြောင့်သာမက ၎င်းတို့၏ နောက်ဆုံး လွတ်မြောက်မှုသည် ဆုတ်ပြဲသွားကြောင်း သဘောပေါက်သွားသောကြောင့်ဖြစ်သည်။
ပိုင်ကျီဟန်သည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး သူ့လက်ဆစ်မှ ထွက်လာသော နီရဲရဲ အစက်အပြောက်များကို ခါယမ်းလိုက်၏ ကြိုးစားအားထုတ်မှုက ဘာမှမဟုတ်သလိုပင်။
"ငါ မသိဘူးလို့ ထင်နေတာလား။"
သူ့အသံသည် တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါးဖြစ်နေ၏
"ငါ့အဖြေတွေ မရမချင်း မင်းတို့ ဒီလောက်
လွယ်လွယ်နဲ့ သေလို့ရမှာ မဟုတ်ဘူး။"
သူတို့ကံကြမ္မာက ဆုံးဖြတ်ပြီးသားပင်
အခု သူတို့ကို စောင့်ကြိုနေတာက... သေခြင်းတရား မဟုတ်ပေ
ပိုဆိုးသော အရာတစ်ခုသာ
အခန်းထဲ၌ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် နှစ်ယောက်၏ ငိုကြွေးများ ပြည့်နှက်နေ၏
သူတို့ခန္ဓာကိုယ်သည် ပိုင်ကျီဟန်ချီ၏ အလေးချိန်အောက်၌ တုန်ခါနေ၏ မျက်ခုံးကနေ ချွေးမျာဍစီးကျနေပြီး မျက်လုံးများက သွေးများရဲရဲ နီနေ၏
သို့တိုင် သူတို့ ဘာမှ မပြောကြပေ
တကယ်ကို သစ္စာရှိကြ၏
ဒါမှမဟုတ် ထိုသို့ ထင်ရသည်။
ပိုင်ကျီဟန် အကြည့်များက တင်းမာသွား၏ သာမန်လုပ်ကြံသူအနေနဲ့ သူတို့အဖွဲ့အစည်းအပေါ် မည်မျှ သစ္စာရှိနိုင်မည်နည်း။
သူတို့ကို ပိုနှိပ်စက်ချင်သည့်တိုင် ပိုဖိအားပေးပါက သူတို့ခန္ဓာကိုယ်များ ပြိုလဲသွားလိမ့်မည်သာ
ပြီးတော့... သူတို့က သူ့အတွက် အသုံးမဝင်တော့ပေ
ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်ပြီး သူ့ချီများကို ရုပ်သိမ်းလိုက်၏ သူတို့ ရှေ့ကို လဲကျသွားလောက်အောင် လုံလောက်သော ပမာဏလောက်သာ။ ချောင်းဆိုးပြီး အသက်ရှူကြပ်လောက်သော နာကျင်မှုက ခဏတာ လျော့ပါးသွားချေ၏
သူ မျက်လုံးများကို ခဏမှိတ်လိုက်ကြသည်။
နောက်ထပ်ကတ်တစ်ခု သုံးရမည့် အချိန်
ရောက်ချေပြီ။
"စီနီယာ" သူ အတွင်းစိတ်ကနေ ခေါ်လိုက်၏ “ ထပါအုံး”
သူ့ အသိစိတ်ထဲ၌ မှိန်ဖျော့ဖျော့ လှိုင်းတစ်ခု ပဲ့တင်ထပ်သွား၏ ၎င်းက အိပ်ပျော်ရာကနေ လှုပ်ရှားနေသော ရှေးဟောင်းသားရဲတစ်ကောင်လိုပင်
"ဘာလဲ?"
မသေမျိုး ဧကရာဇ် ဖေးလိန် က မေးလိုက်၏။
"သူတို့ အဖွဲ့အစည်းရဲ့ တည်နေရာကို ကျွန်တော်လိုအပ်တယ်။ ကျွန်တော် ဘာပဲလုပ်လုပ် ဒီနှစ်ယောက်က စကားမပြောဘူး။ သူတို့ ပါးစပ်ဖွင့်ဖို့ နည်းလမ်းရှိလား?"
ခဏရပ်သွား၏ ပြီးတော့ အတွေးတစ်ခု တိုးတိုးလေး ပေါ်လာသည်။
"ဟွန်း... သူတို့ မပြောရင် သူတို့ရဲ့ မှတ်ဉာဏ်တွေက ပြောလိမ့်မယ်။ ဝိညာဉ်ရှာဖွေရေးက မင်းလိုချင်တာကို ပေးလိမ့်မယ်။"
ပိုင်ကျီဟန် မျက်လုံးများ အနည်းငယ် ပွင့်လာ၏ ၎င်းသာ အမှန်ဆို အတော်လေး ကောင်းမည်သာ။
"ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတော့ ရှိတယ်။ လုပ်ဆောင်နိုငိရင် ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ တစ်ခုခုမှားယွင်းသွားရင်..."
"သူတို့ရဲ့စိတ်တွေ ကွဲကြေသွားလိမ့်မယ်။ သူတို့ချက်ချင်း သေဆုံးသွားလိမ့်မယ် ဒါမှမဟုတ် သူတို့ရဲ့ ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး တံတွေးတွေ တပြပြ ဖြစ်နေလိမ့်မယ်။"
ပိုင်ကျီဟန် နှုတ်ခမ်းများ မှိန်ဖျော့ဖျော့ကွေးသွား၏။
"သူတို့အသက်ကို ဂရုမစိုက်ဘူး။"
"ဒါဆို လွယ်ပါတယ်”
"ဒါဆို ရလား?"
"ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း နယ်ပယ် ကျင့်ကြံသူနှစ်ယောက်ပဲ။ ဒီအခြေအနေမှာတောင် ပြဿနာမရှိဘူး”
ပိုင်ကျီဟန် အကြည့်က ကျင့်ကြံသူနှစ်ယောက်ဆီ ပြန်လှည့်သွား၏။
"ဒါဆို... စလိုက်ရအောင်”