← Chapters

ဝိညာဉ်ရှာဖွေမှု

Vol. 16 Ch. 237

ဝိညာဉ်ရှာဖွေမှု

Vol. 16 Ch. 237

ပိုင်ကျီဟန် မျက်လုံးများ အေးစက်လာပြီး တိတ်ဆိတ်မှုသည် ကျရောက်လာတာကြောင့် အခန်းထဲကလေထုတောင် တွန့်ဆုတ်သွားသလို ခံစားရ၏

ကျင့်ကြံသူနှစ်ယောက်သည် ဖြူဖျော့ပြီး တုန်ရီနေကာ လက်သည်းပုံသဏ္ဍာန် သူ့လက်ကို မြှောက်လိုက်သည့်အခါ ပိုပြီးတောင့်တင်းသွားကြ၏

ခြေလှမ်းအနည်းငယ်အကွာ၌ ရပ်နေသော ခုန်ကျန်းဟုန်သည်ပင် ကျော၌ ချွေးအေးများစိုစွတ်နေသည်ကို ခံစားလိုက်ရ၏

ဘာလဲဆိုတာ သူမသိပေမဲ့ သူ့ကို တိတ်တိတ်နေဖို့နဲ့ ကြွက်သားတစ်ခုပင် မလှုပ်ရှားဖို့ သတိပေးနေသလိုသာ

ရှဲ့ဝမ်ရှိုအကြည့်က ထက်မြက်လာ၏

ထိုအမူအရာ...

သူမနှလုံးသား ခုန်သွားချေ၏

ဝိညာဉ်ရှာဖွေခြင်း

သူမ ယခင်က ကြားဖူး၏ - ကျင့်ကြံသူ၏ စိတ်ကို အတင်းအကြပ်ဝင်ရောက်ပြီး အမှတ်တရများကို သိမ်းပိုက်သည့် ရက်စက်ကြမ်းကြုတ်သော နည်းစနစ်တစ်ခုသာ။ လိမ်ညာမှုမရှိ၊ ခုခံမှုမရှိ။ အရာအားလုံး ပေါ်လာ၏

သို့တိုင် တစ်ခုခုမှားနေ၏

"သူ ဘယ်လိုလုပ်ပြီး ဝိညာဉ်ရှာဖွေခြင်းကို လုပ်နိုင်မှာလဲ။"

ဝိညာဉ်ရှာဖွေခြင်းအတွက် လိုအပ်ချက်သည် အသိပညာတစ်ခုတည်းမဟုတ်ဘဲ လွှမ်းမိုးမှုသာ

လုပ်ဆောင်သူသည် ပစ်မှတ်ထက် သိသိသာသာ ပိုအားကောင်းရမည်။ တန်းတူ မဖြစ်ရပေ။

ကျင့်ကြံမှုကွာခြားချက် ပိုများလေ၊ အောင်မြင်မှုနှုန်း မြင့်မားလေသာ ။တူညီသောနယ်ပယ်မှာဆို ၎င်းက

လုံးဝမဖြစ်နိုင်ပေ

မဟုတ်ပါက

သူမ အသက်ရှူရပ်သွား၏

ပိုင်ကျီဟန်သာ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်မှာ မရှိလျှင်

ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေတစ်ခု စတင်အမြစ်တွယ်လာ၏

ဖြစ်နိုင်ပေသည် သူ့၏ စစ်မှန်သောကျင့်ကြံမှုကို ဖုံးကွယ်ထားခဲ့တာလား။

"သူက ဗလာသန့်စင်ခြင်းနယ်ပယ်မှာလား။"

မည်သို့ပင်ဖြစ်စေ ၎င်းသည် ဝိညာဉ် ခွဲခြမ်းစိတ်ဖြာခြင်း ကျင့်ကြံသူများကို ဝိညာဉ်ရှာဖွေခြင်းလုပ်ရန် အနည်းဆုံး ကျင့်ကြံရမည့် ပမာဏသာ။

၎င်းသည်လည်း ပိုင်ကျီဟန် သူတို့နှစ်ယောက်ကို ဘာကြောင့် အလွယ်တကူ အနိုင်ရနိုင်ခဲ့သည်ကို ရှင်းပြနိုင်၏

(ဒါပေမယ့် အဲဒါက အဓိပ္ပာယ်မရှိပါဘူး။)

ဆိတ်ငြိမ်ရာ အင်ပါယာ၌ အမြင့်ဆုံးဟု ယူဆရတဲ့ အသက်နှစ်ဆယ်တောင် မပြည့်သေးသော ဗလာသန့်စင်ခြင်း နယ်ပယ်ကျင့်ကြံသူလား

ဂိုဏ်းနှင့် မျိုးနွယ်စုခေါင်းဆောင် အများစုပင် ထိုနယ်ပယ်၌ ရှိနေ၏ အမြင့်ဆုံး၊ အခိုင်မာဆုံး မျိုးနွယ်စုနှင့် မျိုးနွယ်စုခေါင်းဆောင်များကသာ ကျင့်ကြံမှုအဆင့် ပိုမြင့်ကြသည်။

(သူက သူတို့နဲ့ အဆင့်တူတယ်လို့ ယုံကြည်ရမှာလား။)

ပါရမီရှင်များတောင် သူတို့၏ ကန့်သတ်ချက်တွေ ရှိ၏ သူ့အသက်အရွယ်တွင် ဝိညာဉ်ဖွဲ့စည်းမှု အဆင့်ရောက်ခဲ့လျှင်ပင် ကြောက်စရာကောင်းသည်ဟု သတ်မှတ်ခံရပြီးသားပင်

ပါရမီရှိရုံတင် မဟုတ်ပေ ။ ကောင်းကင်ဘုံက ကို တိုက်ရိုက်ကောင်းချီးပေးနေတာပင်

သူတို့ရှေ့မှာတော့ ပိုင်ကျီဟန် လက်သည် တင်းကျပ်လိုက်ပြီး သူနဲ့ ပထမဆုံးကျင့်ကြံသူကြားက လေထုသည် ကျောက်တုံးပေါ် အပူငွေ့ ဖုံးလွှမ်းသွားသလို ခံစားရ၏

ထိုလူသည် လည်ပင်းညှစ်ခံရသော အော်သံ ထွက်ပေါ်လာပြီး သူ့ခေါင်းကို နောက်ပြန်ဆုတ်ကာ သွေးကြောများ ဖောင်းကားလာပြီး မျက်လုံးများ ဖြူဖျော့သွားသည်။

မမြင်ရသော လှိုင်းလုံးများသည် အပြင်ဘက်သို့ ပျံ့နှံ့သွားသည် ။ ပိုင်ကျီဟန်၏ ခန္ဓာကိုယ်အတွင်း ဝှက်ထားသော ဖေးလိန်၏ လုပ်ဆောင်ချက်ကိုတော့ ခုန်ကျန်းဟုန်နှင့် ရှုဝမ်ရှို့တို့မမြင်ရတာကြောင့် ပိုင်ကျီဟန်သည် ထိုလူ၏ ဝိညာဉ်ထဲသို့ တိုက်ရိုက်ထိုးဖောက်နေသည်ဟု ထင်ရသည်။

ခုန်ကျန်းဟုန်သည် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်သည်။

သူသည် ယခင်က သူ၏ရန်သူအတွက်ပင် ညှဉ်းပန်းနှိပ်စက်မှု အလွန်အကျွံဖြစ်လိမ့်မည်ဟု ထင်ခဲ့ပြီးဖြစ်သည်။ သို့သော် ဤအရာသည် လုံးဝကွဲပြားသော အရာတစ်ခုဖြစ်သည်။

"အာ့”

ထိုလူ၏ အော်သံသည် ထိုးဖောက်ဝင်ရောက်လာပြီး ကြိုးပြတ်သွားသကဲ့သို့ ရုတ်တရက် ပြတ်တောက်သွားသည် ။

ပိုင်ကျီဟန်၏ လက်ချောင်းများသည် ဖြည်းဖြည်းချင်း ကွေးညွှတ်သွားပြီး ကျင့်ကြံသူခန္ဓာကိုယ်သည် အသက်မဲ့စွာ ရှေ့သို့ လဲကျသွားသည်။ သူ့အသားအရေသည် မီးခိုးရောင်သန်းနေပြီး နှုတ်ခမ်းများ အက်ကွဲနေကာ မျက်လုံးများသည် ပြူးကျယ်နေသော်လည်း ဗလာဖြစ်နေသည်။

အတွင်းစိတ်တွင် ပိုင်ကျီဟန်၏ အသံသည် တည်ငြိမ်နေသည်။

"တစ်ခုခုတွေ့လား?"

အတွင်းမှ ပထမဆုံး မသေမျိုး ဧက္ကရာဇ်၏ တည်ရှိမှုသည် နိုးကြားလာ၏ အေးမြပြီး ရှေးကျကာ တည်ငြိမ်နေ၏။

သူမ ခေါင်းခါလိုက်ပြီး သူမလေသံက တည်ငြိမ်နေသည့်တိုင် စိတ်

အနှောင့်အယှက် အနည်းငယ်နဲ့သာ

"သူ့ရဲ့ မှတ်ဉာဏ်တွေကို မြင်လိုက်ရတယ်... ဒါပေမယ့် အဖွဲ့အစည်းရဲ့ တည်နေရာက မရှင်းလင်းဘူး။ မှုန်ဝါးလွန်းတယ်။ အဖွဲ့အစည်းက သူ့ဝိညာဉ်ကို ကြိုတင်ပြီး ဖုံးကွယ်ထားသလို ခံစားရတယ်၊ ဒါကြောင့် ဝိညာဉ်ရှာဖွေရေးတောင် မဖော်ထုတ်နိုင်ဘူး။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု..."

သူမ ခဏရပ်လိုက်၏

"သူက တည်နေရာကို အစကတည်းက တကယ်မသိခဲ့ဘူး - အပိုင်းအစလေးတွေပဲ ရှိတယ်။ အဲဒါက ပုံရိပ်တွေက ဘာကြောင့် ဒီလောက် မပြည့်စုံရတာလဲဆိုတာကို ရှင်းပြလိမ့်မယ်။"

ပိုင်ကျီဟန် အကြည့်က အလောင်းဆီ ငုံ့ကြည့်လိုက်၏ ထိုလူ အရေပြားသည် သဘာဝအတိုင်း ကျုံ့သွားပြီး အနှစ်သာရကို သူ့ဆီကနေ ထုတ်ယူသွားသလိုပင်

သူ့နှလုံးသားက မသိလိုက်ခင်မှာပဲ သူ့အသက်ရှူသံ ရပ်သွား၏

သူ စကားတစ်ခွန်းမှ မပြောဘဲ လှမ်းကြည့်ရင်း ဒုတိယ ကျင့်ကြံသူနဲ့ နီးကပ်သွားချေ၏

ထိုလူက ပြင်းထန်စွာ တုန်နေပြီး ပိုင်ကျီဟန်အရိပ် သူ့အပေါ် ကျရောက်လာသည့် အခါ သူ့သွားများက တကျွီကျွီမြည်နေ၏

"-ခဏလေး”

ပိုင်ကျီဟန် လက်ကို ပြန်မြှောက်လိုက်ပြီး လက်ချောင်းများ ထွက်လာသည့်အခါ စကားလုံးများ ပြတ်တောက်သွား၏

သူက သူတို့ကို အခွင့်အရေးပေးပြီးခဲ့ချေပြီ၊

ချမ်းသာပေးဖို့ တောင်းပန်တော့မည်ကို သူသိလိုက်၏

တည်နေရာကို သူ့ကိုပြောပြမည့်ပုံ မပေါ်သေးပေ။

သူတို့နှစ်ယောက်ကြား၌ အပူဓာတ်တွေ ရစ်ပတ်နေ၏ ဒုတိယကျင့်ကြံသူ၏ မျက်ဆန်များ ကြောက်ရွံ့စွာ ကျယ်သွား၏

မမြင်ရသော စွမ်းအားသည် သူ့စိတ်ထဲကို စိမ့်ဝင်သွားပြီး အတွေးအလွှာအား ခွာချကာ စက္ကူလို သူ့ဆန္ဒကို ဆုတ်ဖြဲလိုက်၏

ခဏအကြာတွင် မသေမျိုး ဧကရာဇ် အသံ ပြန်ထွက်လာ၏ အရင်လို ဆုံးဖြတ်ချက်သာ

"ရလဒ်ကတော့ အတူတူပဲ။ မှုန်ဝါးနေတယ်။ ဝှက်ထားခံရတာ... မသိရဘူး”

သူ့စိတ်ထဲ၌ သက်ပြင်းချသံ ခပ်တိုးတိုး ပဲ့တင်ထပ်လာ၏

"ဒီအဆင့်အထိ ဝိညာဉ်ကို ပိတ်ဆို့နိုင်တဲ့သူ တစ်ယောက်ယောက်ရှိရင် သူတို့ရဲ့ အခြေခံအုတ်မြစ်က မင်းထင်ထားတာထက် ပိုနက်ရှိုင်းနိုင်တယ်။ မင်း သူတို့ကို လိုက်ရှာဖို့ စဉ်းစားနေတယ်ဆိုရင် သတိထား။"

ပြီးတော့ သူမသည် ဝိညာဉ် ထိန်းချုပ်ခြင်း ရှေးဟောင်းပစ္စည်းထဲသို့ ပြန်ပျောက်ကွယ်သွား၏

ပိုင်ကျီဟန်သည် သူ့ကို လွှတ်ပေးလိုက်ချေသည်။ ခန္ဓာကိုယ်မှ ကြိုးပြတ်နေသော ရုပ်သေးရုပ်တစ်ရုပ်လို မြေပြင်ပေါ် လဲကျသွား၏ အရေပြား အက်ကွဲသွားပြီး အသက်ဓာတ် ကုန်ဆုံးသွားကာ နောက်ထပ် ခြောက်သွေ့နေသည့် အခွံတစ်ခုသာ

အခန်းထဲ၌ တိတ်ဆိတ်မှုက လေးလံစွာ လွှမ်းမိုးနေ၏

ခုန်ကျန်းဟုန်သည် သူ့ဒူးများ အားနည်းသွားသလို ခံစားရပြီး ရှဲဝမ်ရှို့မျက်နှာအမူအရာသည် ပိုပြီး သတိထားသော အမူအရာတစ်ခု ဖြစ်လာချေသည်။

သူတို့သည် ရက်စက်ကြမ်းကြုတ်သော သခင်လေးနဲ့ ဆက်ဆံနေရသည်ဟု ထင်ခဲ့ကြ၏

အခုတော့ သူတို့ရှေ့တွင် ရပ်နေသည့်အရာက လူသားတစ်ယောက်လားဆိုတာ သူတို့ မသေချာတော့ပေ

ဂလု

ရှဲဝမ်ရှို့သည် သူမ အရိုးထဲထိ တုန်ရီနေတာကို မခံစားဘဲ မနေနိုင်ပေ။

(ဒီလို ရက်စက်ကြမ်းကြုတ်မှုမျိုး... ပိုင်မျိုးနွယ်က သူတို့ရဲ့ ကလေးတွေကို ဘာသင်ပေးနေတာလဲ?)

ပိုင်ကျီဟန်သည် သူမဆီသို့ လျှောက်လာပြီး စိတ်ပျက်လက်ပျက် မျက်လုံးတွေနဲ့သာ

သူ့ဒေါသကို မနှိုးဆွမိဖို့ သူမ အကြည့်ကို နိမ့်ထားလိုက်၏

"ဟူး..အသုံးမဝင်ဘူး”

သို့တိုင် သူ့ကို သတ်ဖို့ ကြိုးစားနေသော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်း တည်နေရာသို့ ပို့ဆောင်ပေးနိုင်သော အရာတစ်ခု ရှိသေး၏

ရှဲဝမ်ရှို့

"မင်းရဲ့အသက်ကို ချမ်းသာပေးမယ်၊ ဒါပေမယ့် အခုကစပြီး မင်း ငါ့စကားကို နားထောင်ရမယ်”

ပိုင်ကျီဟန်က တောင်းဆိုလိုက်၏

ရှဲဝမ်ရှို့သည် ခေါင်းကို အမြန်ညိတ်လိုက်၏။

"ခုန်ကျန်းဟုန်”

"ဟုတ်ကဲ့၊ သခင်လေး”

"သူက အခုကစပြီး ငါ့ရဲ့ကိုယ်စားလှယ်ဖြစ်လိမ့်မယ်။ သူပြောတဲ့အတိုင်းလုပ်ပြီး သူတောင်းဆိုတဲ့အခါ ကူညီပေးပါ။"

ပိုင်ကျီဟန်သည် ရှဲ့ဝမ်ရှိုကို အမိန့်ပေးလိုက်၏။

အခုကစပြီး သူသည် ထိုအဖွဲ့အစည်းကိုရောက်သည့်အထိ အနက်ရောင်မီးအိမ်အဖွဲ့အစည်းကို ထိန်းချုပ်သွားမှာပင်

ထို့နောက် ခုန်ကျန်းဟုန်ဘက်ကို လှည့်ပြီး "အနက်ရောင်မီးအိမ်အဖွဲ့ကို အသုံးပြုပြီး အချက်အလက်တွေထပ်စုဆောင်းပါ၊ ဒါပေမဲ့ ငါတို့ရဲ့ပါဝင်ပတ်သက်မှုကို လျှို့ဝှက်ထားဖို့ ကြိုးစားပါ။"

"နားလည်ပါပြီ”

ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန် ဘာလိုချင်သည်ကို သဘောပေါက်သွားပြီး သူ့ခေါင်းထဲ၌ အစီအစဉ်များ ရေးဆွဲနေချေပြီ။

အနက်ရောင်မီးအိမ်အဖွဲ့အစည်းနှင့် ဆိုပါက သူတို့တွင် ကွန်ရက်တစ်ခုရှိပြီးသားဖြစ်တာကြောင့် အချက်အလက်များ စုဆောင်းတာက ပိုလွယ်ကူမည်သာ

"ပြီးတော့ မင်း—အဲဒီအဖွဲ့အစည်းက မင်းကိုချဉ်းကပ်လာရင် ငါ့ကိုချက်ချင်းအကြောင်းကြားပါ။ တစ်ခုခုကြိုးစားကြည့်ရင် မင်းရဲ့ကံကြမ္မာက သူတို့နဲ့အတူတူ ဖြစ်လိမ့်မယ်”

All Chapters