ဒုတိယအချီ
Vol. 16 Ch. 238
လူအတော်များများအဖို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်ကုန်ဆုံးသွားခဲ့သည်။
နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲစတင်ချိန်၌ ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာ၏ လေထုသည် တိတ်ဆိတ်ငြိမ်သက်မှု လုံးဝမရှိခဲ့ပေ
စိတ်လှုပ်ရှားမှုများသည် မြို့တိုင်းအနှံ့ပျံ့နှံ့သွားပြီး ပြိုင်ပွဲအကြောင်းပြောဆိုမှုများက နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။
ပါဝင်သူများ၏ တိုက်ပွဲအကြောင်း ဆွေးနွေးခြင်းနှင့် မည်သူကအနိုင်ရမည်ကို လောင်းကြေး ထပ်ခြင်းသည် ဖျော်ဖြေရေးတစ်ခုမဟုတ်တော့ဘဲ ရူးသွပ်မှုတစ်ခုလိုဖြစ်နေချေပြီ။
နေရာတိုင်း - လက်ဖက်ရည်ဆိုင်မှာဖြစ်စေ၊ ခရီးသွားကုန်သည်များနှင့် စည်ကားနေသည့် တည်းခိုခန်းမှာဖြစ်စေ၊ ဒါမှမဟုတ် ဆူညံများကြားကနေ အော်ဟစ်နေသော လမ်းပေါ်မှာဖြစ်စေ - လူအများသည် နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲအကြောင်း ပြောဆိုနေကြဆဲသာ
လူအများ နှုတ်ခမ်းဖျားမှာရှိသော နာမည်အားလုံးထဲ၌ တစ်ယောက်ကို ပိုပြီးဖော်ပြလေ့ရှိ၏ သူကတော့ နီဖန်းကျိုးသာ
ကျောက်မျိုးနွယ်၏ ထိပ်တန်းပါဝင်သူတစ်ယောက်ကို ဖယ်ရှားပြီး အင်ပါယာကို အံ့အားသင့်စေခဲ့သော မြင်းနက်တစ်ကောင်။
ထိုသုံးရက်အတွင်း...
ကျောက်မျိုးနွယ်သည် တိတ်ဆိတ်နေခဲ့ပေမဲ့ တိတ်ဆိတ်မှုက ငြိမ်းချမ်းမှုကို မဆိုလိုပေ
သူတို့ မာနသည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ပြီး အဖွဲ့ဝင်များသည် နီဖန်းကျိုး နာမည် ပြောတိုင်း မျက်လုံးထဲက မကျေနပ်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
ထူးဆန်းစွာပဲ ပိုင်ကျီဟန် နာမည်သည်လည်း နီဖန်းကျိုး နာမည်နဲ့အတူ ပျံ့နှံ့လာခဲ့၏ အဘယ်ကြောင့်ဆိုသော် ပိုင်မျိုးနွယ်၏သခင်လေးသည် သူ့ကို စုဆောင်းဖို့ ရည်ရွယ်ထားသည့် သတင်း ပျံ့နှံ့သွားလို့သာ
ပိုင်ရွှယ်ချင်းသည် သူမ၏ ပုံမှန် တည်ငြိမ်သော ပုံစံနဲ့ သုံးရက်ကြာ လေ့ကျင့်ခဲ့ကြသည်။
သူမနှင့် ပိုင်ကျီဟန်တို့၏ အလောင်းအစားသည် သူမကို ပြိုင်ပွဲတွင် အနိုင်ရဖို့အတွက် အပိုအကြောင်းပြချက်တစ်ခု ပေးခဲ့၏ ပေးအပ်ထားသော ဂုဏ်သိက္ခာ ဒါမှမဟုတ် ဆုလာဘ်တွေအပြင်ပေါ့။
သူမ မေးချင်သော မေးခွန်းတစ်ခုရှိပြီး ပိုင်ကျီဟန်ဆီက ဘာပဲဖြစ်ဖြစ် ထုတ်ယူဖို့ ရည်ရွယ်ထား၏
သူ၏ စစ်မှန်သော အစွမ်းသတ္တိကို အမြဲတမ်း ဖုံးကွယ်နေခဲ့လား။
သူမ သိသည်ဟု ထင်ခဲ့သောလူသည် အချိန်တစ်လျှောက်လုံး သူ့ စွမ်းအားကို ဖုံးကွယ်နေတာလား။
ထိုပြိုင်ပွဲ၌ အနိုင်ရလျှင် သူမ အဖြေကို ရလိမ့်မည်ဟု ထင်ခဲ့၏
သူမအတွက် ထိုအမှန်တရားသည် ပြိုင်ပွဲက ပေးနိုင်သော ဆုလာဘ်တွေထက် အများကြီး ပိုသာ၏
ပြိုင်ပွဲကွင်းပြင်ကို ကြားကာလ၌ သေချာ ပြန်လည်ပြုပြင်ခဲ့၏
ကွင်း၏ ကွဲအက်နေသော ကြွေပြားများကို တောက်ပြောင်နေသည် အဖြူရောင် ကျောက်စိမ်းပြားအသစ်တွေနဲ့ အစားထိုးခဲ့သည်
ဖွဲ့စည်းမှု ကျွမ်းကျင်ပညာရှင်များသည် ပျက်စီးနေသော အတားအဆီးကို ပြုပြင်ပြီး ခိုင်မာအောင် ပြုလုပ်ခဲ့၏
ဒုတိယအချီ မနက်ခင်းမှာတော့ နေသည် အရည်ပျော်နေသော ရွှေရောင်လို ထွက်ပေါ်လာပြီး ၎င်း၏အလင်းရောင်သည် ကွင်းပေါ်ကို ဖြာကျနေကာ နွေးထွေးသော အလင်းရောင်နှင့် ဖုံးလွှမ်းနေ၏
ပထမပွဲစဉ် မစတင်ခင်ကတည်းက ကွင်းတွင် ပြည့်ကျပ်နေပြီးသားပင်။
စိတ်လှုပ်ရှားမှုများသည် လေထဲ၌ ပေါက်ကွဲထွက်လာ၏ အထူးသဖြင့် အားနည်းသော ပါဝင်သူအများစုကို ဖယ်ရှားပြီးသွားပြီဖြစ်သည့်အတွက် ဒုတိယအချီသည် ပထမအချီထက် အများကြီး ပိုပြင်းထန်မည်ကို လူတိုင်းသိကြပေ၏
ဒိုင်လူကြီး၏ အဖြူရောင်ဝတ်ရုံသည် လေပြေညင်းညင်း၌ လွင့်မျောနေပြီး အလယ်ဗဟိုပလက်ဖောင်းပေါ်ကို တစ်ဖန်
ပြန်လည် ခြေချလိုက်သည်
သူ့ခြေထောက်အောက်မှ ရှုပ်ထွေးသော ဖွဲ့စည်းမှုမျဉ်းကြောင်းများ လင်းလက်လာပြီး ကွင်းတစ်ခုလုံး၌ သူ့အသံသည် ကြည်လင်
ပြတ်သားစွာ ကျယ်လောင်နေခဲ့သည်။
"အမျိုးသမီးများနှင့် အမျိုးသားများ”
သူ့အသံက တရားဝင်ပြီး မျှော်လင့်ချက်များနဲ့ ပြည့်နှက်နေ၏
"နဂါးနှင့် ဖီးနစ်ပြိုင်ပွဲရဲ့ ဒုတိယအချီကနေ ကြိုဆိုပါတယ်။ ပထမအချီအပြီးမှာ စိတ်လှုပ်ရှားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် အဲဒါက ရှေ့မှာဖြစ်လာမယ့်အရာတွေအတွက် အစပျိုးမှုတစ်ခုပါပဲ။"
ကျောက်တုံးကို ရိုက်ခတ်သော လှိုင်းလုံးကြီးလို လူအုပ်ထဲမှ ဩဘာသံတွေ ထွက်ပေါ်လာချေသည်။
ထိုအချီသည် ပထမအချီနဲ့မတူဘဲ ပါဝင်သူတိုင်းအနေနဲ့ သူတို့ပြိုင်ဘက်ကို ကြိုတင် သိရှိထားကြသည်။
သူတို့တွင် ပြင်ဆင်ဖို့ အချိန် သုံးရက်ရှိ၏ - အံ့ဩစရာမရှိပေ။ ခွန်အားနဲ့ ဗျူဟာသာ လိုအပ်၏
အနိုင်ရဖို့ ရေပန်းစားသူဟု ယူဆရသူများ အကြား၌ ထင်ရှားသော တိုက်ပွဲများ သိပ်မရှိပေမဲ့ လုံလောက်သော တိုက်ပွဲကောင်းတွေ အများကြီးရှိခဲ့၏
တိုက်ပွဲ စတင်သည့်အခါ ပထမအချီနဲ့ ကွာခြားချက်က ချက်ချင်းသိသာထင်ရှားလာပေ၏
ကျင့်ကြံမှုအဆင့် မကိုက်ညီမှုကြောင့် လွယ်ကူသည့်အောင်ပွဲတွေ ပျောက်ကွယ်သွားခဲ့၏
အခုတော့ အများစုသည် ဓားသွားလို နီးကပ်စွာ တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲဝင်သူများအဖို့ ရလဒ်သည် ဓားသွားလို ယိမ်းထိုးသွားသည့်အထိ အပြန်အလှန် ထိုးနှက်တိုက်ခိုက်ခဲ့ကြ၏
၎င်းတို့ ထိုးနှက်ချက် အရှိန်အောက်၌ ပလက်ဖောင်း တုန်ခါသွားပြီး ဝိညာဉ်စွမ်းအား၏ ထိပ်တိုက်တွေ့မှုကြောင့် လေထုသည်လည်း တုန်ခါသွားပုံရ၏ ပြင်းထန်သော အပြန်အလှန် တိုက်ခိုက်မှုတိုင်းသည် ပရိသတ်များ၏ ပါးစပ်အဟောင်းသားနဲ့ အော်ဟစ်များကို ဖြစ်ပေါ်စေခဲ့သည်။
သို့တိုင် ထိုပြင်းထန်သော ပြိုင်ပွဲများကြားမှာ ချက်ချင်းဆိုသလို ပြီးဆုံးသွားသည့် ပွဲစဉ်များလည်း ရှိခဲ့၏ အားပေး မစတင်ခင်မှာပဲ ပရိသတ်ကို တိတ်ဆိတ်သွားစေလောက်အောင် အဆုံးအဖြတ်ပေးသည့် တိုက်ပွဲများသာ
ထိုရက်စက်သော စွမ်းဆောင်ရည်ရှိသည့် အခိုက်အတန့်ကို လွှမ်းမိုးခဲ့သော နာမည်
ရှစ်ခုကတော့ -
ပိုင်ရွှယ်ချင်း၊ ချူကျီယန်၊ လီမိန်ယင်၊ နီဖန်းကျိုး၊ ကျင်းယွမ်ကျန်း၊ ကျောက်ချန်၊ လေ့ကျန်းရှန်နှင့် ရွှေလျန်အာတို့သာ
သူတို့တစ်ဦးချင်းစီသည် စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့ပြီး အတွေ့အကြုံရင့် အကြီးအကဲများတောင် သူတို့ထိုင်ခုံတွေ၌ မသက်မသာဖြစ်ရသည့်အထိ အင်အားကြီးမားခဲ့ကြသည်။
ဓားတစ်ချက်ခုတ်သည်ဖြစ်စေ၊ လက်ဖဝါးတစ်ချက် ရိုက်သည်ဖြစ်စေ ဒါမှမဟုတ် မျက်စိကွယ်လောက်အောင် နည်းစနစ်တွေသုံးသည်ပဲဖြစ်စေ သူတို့၏ စိတ်ထဲ၌ သံသယမရှိခဲ့ပေ။ သူတို့သည် ပါဝင်သူတွေသက်သက်မဟုတ်ဘဲ သားကောင်တွေကြားက ရန်လိုသူများသာ
ပထမအချီ လင်းရွှမ်နှင့် တိုက်ပွဲအတွင်း ပြင်းထန်သည့် ဒဏ်ရာရခဲ့ပေမဲ့ ကျင်းယွမကျန်းသည် အခုတော့ လုံးဝပြန်ကောင်းလာပုံရ၏
သူ့၏ အားစိုက်ထုတ်မှုမရှိသော အောင်ပွဲသည် သူ့၏ဆက်လက်ရပ်တည်နိုင်စွမ်းအပေါ် သံသယများကို ဖယ်ရှားပေးခဲ့၏
လင်းရွှမ်နှင့် ပထမဆုံးပွဲစဉ်၌ သူ့ရုန်းကန်မှုသည် တကယ်ပဲလားဟုပင် လူအများက သံသယဝင်လာကြ၏
ဒါတွေအားလုံးက တခြားသူများ သူ့ကို လျှော့တွက်ဖို့ လှည့်ကွက်တစ်ခုလားလို့တောင် ထင်ရ၏
၎င်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လာမည့်ရက်တွေ၌ အားလုံး ပေါ်လာလိမ့်မည်သာ
နီဖန်းကျိုးသည် မြစိမ်းရောင်နေဝန်းဂိုဏ်းမှ ပြိုင်ဘက် တစ်ယောက်ကို အနိုင်ယူပြီး အလွန်အမင်း လွှမ်းမိုးမှုကို ထပ်မံပြသခဲ့တာကြောင့် သူ့နာမည်သည် နောက်ထပ် ကြီးမားသော အရာတစ်ခု ဖြစ်လာခဲ့၏
သူ့စွမ်းဆောင်ရည်သည် သူ့ကို ပြိုင်ပွဲ၏ အထင်ရှားဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်အဖြစ် ခိုင်မာစေခဲ့သည်။
သို့တိုင် လူအများရှေ့မှောက်၌ အနိုင်ရဖို့ ရေပန်းအစားဆုံးကတော့ ပိုင်ရွှယ်ချင်းဖြစ်ပြီး သူမ ပွဲစဉ်များသည် အားနည်းချက် မရှိသလောက်သာ
နောက်ဆုံး အောင်ပွဲကနေ ဖုန်များ ငြိမ်သက်သွားသည့်အခါ ကွင်းတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏
သူတို့ မကြာသေးခင်က မြင်တွေ့ခဲ့ရသော တိုက်ပွဲတွေကြောင့်သာမက နောက်လာမည့် တိုက်ပွဲတွေကြောင့်လည်း ဖြစ်၏
တတိယအချီအတွက် စိတ်ဝင်စားစရာကောင်းသည့် ပွဲစဉ် အများကြီးရှိခဲ့ပေမဲ့ ပရိသတ် မျှော်လင့်ချက်တွေထဲ၌ တခြားပွဲစဉ်တွေထက် သာလွန်နေသော ပွဲစဉ်တစ်ပွဲကတော့
ချူကျီယန်နှင့် လေ့ကျန်းရှန်း
နောက်ထပ် သုံးရက် ကုန်ဆုံးသွားခဲ့သည်။
မြို့တော်တစ်ခုလုံး မျှော်လင့်ချက်များနဲ့ ပြည့်နှက်နေခဲ့သည်။
နဂါးနှင့် ဖီးနစ်ပြိုင်ပွဲ၏ တတိယအချီသည် နောက်ထပ်အဆင့်တစ်ခုမျှသာ မဟုတ်ပေ ။ အပြင်းထန်ဆုံးပြိုင်ဘက်များကြား စစ်မှန်သောတိုက်ပွဲများ၏ အစဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် အကြောက်ရဆုံးနာမည်နှစ်ခု ရင်ဆိုင်ကြမည်ဖြစ်သည်။
ချူကျီယန် နှင့် လေ့ကျန်းရှန်
လူတိုင်းသည် ထိုပွဲစဉ်ကို စောင့်မျှော်နေခဲ့ကြသည်။
၎င်းသည် ပြိုင်ပွဲတစ်ခုလုံးတွင် အမျှော်လင့်ဆုံးတိုက်ပွဲများထဲမှ တစ်ခုဖြစ်သည်။
တိုက်ခိုက်ရေးသမားနှစ်ဦးစလုံးကို ချန်ပီယံဆုအတွက် အရေးပါသူများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခဲ့ကြသည်။
နှစ်ဦးစလုံးသည် ၎င်းတို့၏ အစောပိုင်းအချီများကို အခက်အခဲမရှိဘဲ ကျော်ဖြတ်ခဲ့ကြသည်။ သို့သော် ယခုအခါ ၎င်းတို့ထဲမှ တစ်ဦးသည် ဤနေရာတွင် ဖယ်ရှားခံရတော့မည်ဖြစ်သည်။
လေ့ကျန်းရှန်သည် အားသာချက်ရှိသည်ဟု လူအများက ယုံကြည်ကြသည် ။ သူသည် အသက်ကြီးပြီး အတွေ့အကြုံပိုများကာ ပိုင်ရွှယ်ချင်းနှင့် ပိုင်ကျီဟန်တို့ ထင်ရှားကျော်ကြားလာခြင်းမပြုမီ သူ၏မျိုးဆက်တွင် အားအကောင်းဆုံးဟု သတ်မှတ်ခံခဲ့ရသည်။
အရည်အချင်းအရ ပိုင်ရွှယ်ချင်းနှင့် ပိုင်ကျီဟန်တို့သည် နောက်ဆုံးတွင် သူ့ထက်သာလွန်နိုင်သည်ဟု အများစုက သဘောတူကြသော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် သူ့ကို အမှန်တကယ်အနိုင်ယူနိုင်မလားဆိုသည့် အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။
အဆုံးတွင်တော့ လေ့ကျန်းရှန်သည် ဝိညာဉ်ဖွဲ့စည်းမှုအဆင့် အကြီးအကဲများကို တိုက်ပွဲတွင် အနိုင်ယူခဲ့သည်ဟု ဆိုကြသည်။
မိုးကြိုးတာအိုကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းကြောင့် သူ့နည်းစနစ်များသည် မြန်ဆန်ပြီး ဖျက်ဆီးနိုင်စွမ်းရှိ၏ တစ်ချက်တည်းနဲ့ အောင်ပွဲခံလေ့ရှိသည်။
သို့တိုင် ချူကျီယန်ကို မည်သူမှ မပစ်ပယ်ခဲ့ပေ
ကောင်းကင်ဓားဂိုဏ်း၏ ထူးချွန်ထက်မြက်သော သူမသည် တစ်ချိန်က ပိုင်ရွှယ်ချင်းနဲ့ ယှဉ်ပြိုင်နိုင်သည်ဟု ယုံကြည်စေခဲ့သော အမြန်နှုန်းနဲ့ အဆင့်များကို ဖြတ်ကျော်လာခဲ့သည်။
ပိုင်မျိုးနွယ်လို ကြီးမားသော အရင်းအမြစ်များ မရှိပေမဲ့ သူမ အရည်အချင်းကိုတော့ ငြင်းလို့မရပေ
သူမ နာမည်သည် အသက်ကြီးသော အထက်တန်းလွှာများနဲ့ ယှဉ်ပါက တရားဝင် အောင်မြင်မှု အများကြီး မရှိပေမဲ့ သူမ ကျင့်ကြံမှုသည် ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ကို ရောက်ရှိနေပြီး ပြိုင်ပွဲတစ်ခုလုံး၏ ထိပ်တန်းပြိုင်ဘက်များထဲက တစ်ယောက် ဖြစ်လာခဲ့သည်။
ပိုင်မျိုးနွယ်နဲ့ လီ- ကျောက်မျိုးနွယ်ကြားက စစ်ပွဲ၌ လီရွှမ်နဲ့ သူမတိုက်ပွဲအကြောင်းကို အခုထိ ပြောဆိုနေကြဆဲဖြစ်ပြီး လူတိုင်းသည် သူမကို လျှော့တွက်လို့ မရကြောင်း သိကြ၏
သူတို့ပွဲစဉ်သည် ထိုနေ့၏ ခုနစ်ကြိမ်မြောက် ပွဲစဉ်ဖြစ်ပြီး တိုက်ပွဲတိုင်း၌ မျှော်လင့်ချက်တွေ တိုးပွါးလာခဲ့၏
ဆဋ္ဌမမြောက် ပွဲစဉ် ပြီးဆုံးချိန်မှာတော့ စင်မြင့်သည် စိတ်လှုပ်ရှားမှုများနဲ့ ပြည့်နှက်နေခဲ့သည်။
ဒိုင်လူကြီးသည် ရှေ့တိုးလာပြီး အသံသည် ကွင်းပြင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားချေသည်။
"ခုနစ်ကြိမ်မြောက် ပွဲစဉ်..ကောင်းကင်ဓားဂိုဏ်းက ချူကျီယန်နဲ့ ကြက်သွေးရောင် မိုးကြိုးခန်းမက လေ့ကျန်းရှန်”
ပရိသတ် စင်မြင့်ကနေ ဆူညံသော အားပေးသံ ထွက်ပေါ်လာ၏
"နောက်ဆုံးတော့..ငါဒါကို စောင့်နေတာ”
"ငါ့ရဲ့ စုဆောင်းငွေအားလုံးကို လေ့ကျန်းရှန်းအတွက် လောင်းကြေးထပ်ထားတယ်။ ငါတို့မျိုးဆက်ရဲ့ အင်အားအကြီးဆုံးက မိန်းကလေးတစ်ယောက်ကို ရှုံးမှာမဟုတ်ဘူး။"
"ချူကျီယန်က သန်မာပေမဲ့ လုံလောက်တဲ့ ခွန်အားမရှိဘူး။ ချူမျိုးနွယ်စုရဲ့ နည်းစနစ်တွေက ကြက်သွေးရောင် မိုးကြိုးခန်းမရဲ့ နောက်ဂိုဏ်းခေါင်းဆောင်အဖြစ် ပြင်ဆင်ထားတဲ့သူကို အနိုင်ယူဖို့ မလုံလောက်ဘူး။"
"သူ့ဇနီးတောင် ပါဝင်နေတာ ။ ပိုင်ကျီဟန်က ဘာလို့ ကြောက်တတ်သူလို ပုန်းနေရတာလဲ။"
"ပြိုင်ပွဲဝင်နှစ်ယောက်စလုံး ရှေ့တိုးလာ”
ယန်မင်းလန်က ကြေငြာလိုက်၏
"ကျီယန်အာ" ပိုင်ရွှယ်ချင်းသည် နွေးထွေးပေမဲ့ တည်ငြိမ်သော အပြုံးနဲ့ ပြောလိုက်၏ "မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို သူတို့ မြင်တွေ့ပါစေ"
ချူကျီယန်သည် ကွင်းထဲသို့ ခြေလှမ်းမချမီ ခေါင်းညိတ်ပြလိုက်သည်။
လေ့ကျန်းရှန်သည်လည်း သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသော အစွမ်းထက်သည့် အရောင်အဝါတစ်ခုဖြင့် ဝင်ရောက်လာပြီး မိုးကြိုးပစ်သံများ ထွက်ပေါ်လာသည်။
လူအုပ်၏ ဟိန်းဟောက်သံများသည် နားကွဲမတတ် ကျယ်လောင်လှသည်။
"သွား…သွား။ လေ့ကျန်းရှန်”
"ချူကျီယန်၊ မင်းလုပ်နိုင်တယ်”
လေကျန်းရှန်သည် ဆံပင်ရှည်များကို ကျောနောက်တွင် စည်းထားပြီး မတ်တပ်ရပ်နေသည်။ သူ၏ရှေ့မှောက်တွင် တည်ငြိမ်
သော်လည်း ဖိနှိပ်မှုသည် စစ်မြေပြင်ပေါ်တွင် မြင့်မားနေသည်။
ချူကျီယန်ကတော့ ဆန့်ကျင်ဘက်အနေဖြင့် တိတ်ဆိတ်ငြိမ်သက်နေပြီး သူမ၏လက်ကို ဓားလက်ကိုင်ပေါ်တွင် တင်ထားကာ မျက်လုံးများကို မှိတ်ထားသည်။ ကမ္ဘာပေါ်ရှိ မည်သည့်အရာကမျှ သူမ၏ တည်ငြိမ်မှုကို မနှောင့်ယှက်နိုင်သကဲ့သို့ ဖြစ်သည်။
ဒိုင်လူကြီး လက်ကို မြှောက်လိုက်သည်။
"စတင်”