← Chapters

တတိယအချီ အဆုံးသတ်သည်

Vol. 16 Ch. 241

တတိယအချီ အဆုံးသတ်သည်

Vol. 16 Ch. 241

ဓားအလင်းရောင်နှင့် မိုးကြိုးထိတွေ့သည့်အခါ ကောင်းကင်က ကွဲအက်သွားသလိုပင်

မုန်တိုင်းတစ်ထောင်လို ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး မျက်စိစူးစေသော အလင်းရောင်သည် ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

မြေပြင်က ကွဲအက်သွားပြီး ချွန်ထက်သော အက်ကွဲကြောင်းများသည် အပြင်ကို ပြေးထွက်လာကာ ကောင်းကင်အဆင့် နည်းစနစ်နှစ်ခု၏ ထိပ်တိုက်တွေ့မှုအောက်၌ လေထုလောင်ကျွမ်းသွားသလိုပင်

ကွင်းပတ်လည်၌ အကာအကွယ်အတားအဆီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကြည်လင်သော မျက်နှာပြင်က အချိန်မရွေး ပေါက်ကွဲသွားသလို လှိုင်းထနေချေသည်။

"ဖွဲ့စည်းမှု အရှင်သခင်တို့၊ အခုပဲ”

ဝတ်ရုံဝတ်ထားသော လူအတော်များများသည် လက်များနဲ့ အလျင်အမြန် တံဆိပ်ခတ်ရင်း ရှေ့ကို ခုန်တက်သွားကြသည်။

ရွှေရောင်အလင်းတန်းများသည် သူတို့ လက်ဖဝါးမှ ထွက်ပေါ်လာပြီး ပေါက်ကွဲမှု ဒုတိယလှိုင်းသည် အတားအဆီးကို ထိမှန်သည့်အချိန်တွင်ပင် အတားအဆီးကို ပိုမိုခိုင်မာစေသည်။

ပရိသတ်များသည် မျက်လုံးကို ကာကွယ်ဖို့ အတင်းအကျပ် လုပ်ခဲ့သည်။

ဘုန်း

နောက်ထပ် တုန်ခါမှုလှိုင်းတစ်ခု ဖြတ်သွားပြီး သွားများ တဆတ်ဆတ်တုန်ခါကာ နှလုံးခုန်ပေါက်သွားကြသည်။

ကွင်းကြမ်းပြင်သည် မမှတ်မိနိုင်လောက်အောင် ကျောက်တုံးများ ကွဲအက်နေပြီး မီးခိုးများထွက်နေသည့် ချိုင့်ဝှမ်းဖြင့် ပြန့်ကျဲနေသည်။

ပြီးတော့... တိတ်ဆိတ်နေ၏

မျက်စိစူးစေသော အလင်းရောင်သည် မှေးမှိန်သွားပြီး မိုးကြိုးပစ်သံများ ပျောက်ကွယ်သွားကာ ဖုန်မှုန့်များ ငြိမ်သက်သွားသည်။

မျက်လုံးအားလုံးသည် အလယ်ဗဟိုကို စိုက်ကြည့်နေကြပြီး အသက်ရှူသံများကလည်း တင်းမာနေ၏

ပျက်စီးမှုကြား၌ လူနှစ်ယောက် ရပ်နေကြသည်။

ချူကျီယန် ဝတ်ရုံများ စုတ်ပြဲနေပြီး သွေးများနှင့် ပေကျံနေကာ သူမ လက်ထဲရှိ ဓားသည်လည်း အနည်းငယ် တုန်နေနေ၏

သူမ အသက်ရှူသံများ မြန်နေပြီး သူမ ဒူးများက တွန့်လိမ်တော့မလို ဖြစ်နေသည်။

စင်မြင့်တစ်လျှောက်မှာတော့ အသက်ရှူသံများ လှိုင်းထနေသည်။

"သူမ အတော်လေး ဒဏ်ရာရနေတယ်... သူမ ဆက်မလုပ်နိုင်လောက်တော့ဘူး။"

"ပြီးပြီ - လေ့ကျန်းရှန်ရဲ့ အောင်ပွဲက သေချာတယ်။"

"ဟားဟား... ငါချမ်းသာပြီ။ လေ့ကျန်းရှန်က သေချာပေါက် အနိုင်ရလိမ့်မယ်လို့ ငါပြောပြီးပြီ”

သို့ပေမဲ့ တစ်ယောက်ယောက်က လက်ညှိုးထိုးပြလေ၏

"မဟုတ်ဘူး... ကြည့်စမ်း”

ဖုန်မှုန့်များက တစ်ဖက်ကို မြင်ရသည့်အထိ ပါးလွှာလာသည်။ လေ့ကျန်းရှန် ပုံရိပ် ကတော့ ကျိုးနေသည့် ကြွေပြားပေါ်၌ မလှုပ်မယှက် လဲလျောင်းနေပြီး သူ့ဓားသည် ပေအနည်းငယ်အကွာတွင် ရှိနေ၏

သူ့ရင်ဘတ်က အားနည်းနေပေမဲ့ မျက်လုံးများ မှိတ်ထားပြီး သူ့လက်မောင်းနဲ့ လည်ပင်းက မီးလောင်ဒဏ်ရာများသည် ဇာတ်လမ်းကို ပြောပြနေ၏ သူ သတိလစ်နေပြီး သူ့ ချီစွမ်းအင်များ လုံးဝကုန်ဆုံးသွားချေသည်။

ထိတ်လန့်တုန်လှုပ်မှုကြောင့် ကွင်းတစ်ခုလုံး နှလုံးခုန်သံ သုံးချက်လောက် တိတ်ဆိတ်သွားသည်။ ထို့နောက် စင်မြင့်များ ပေါက်ကွဲသွားသည်။

"ချူကျီယန်... သူမ အနိုင်ရသွားပြီလား”

"မဖြစ်နိုင်ဘူး.. လေ့ကျန်းရှန် ဘယ်လို ရှုံးနိုင်မှာလဲ”

“ အိုး ငါ့ရဲ့ကံကြမ္မာတွေ အားလုံး ဆုံးရှုံးသွားပြီ။ ငါ့မိန်းမက ငါ့ကို ရိုက်တော့မယ်”

ဒိုင်လူကြီးသည် လေ့ကျန်းရှန်ဘေး၌ လက်မြှောက်ပြီး သူ့သွေးခုန်နှုန်းကို စစ်ဆေးပြီးမှ လက်ခုပ်တီးဖို့ လှည့်လိုက်၏

"အနိုင်ရသူ - ချူကျီယန်”

လူအုပ် အော်သံသည် ခိုင်မာသော အတားအဆီးကို တုန်ခါစေသည်။

ပင်ပန်းနွမ်းနယ်နေပေမဲ့ ချူကျီယန်သည် ကျောကို ဆန့်လိုက်ပြီး သက်သေပြစရာ ဘာမှမရှိသော ကျင့်ကြံသူတစ်ယောက်၏ တည်ငြိမ်သော ဂုဏ်သိက္ခာနဲ့ ထောင်ပေါင်းများစွာသော လူတွေ၏ အကြည့်များကို ရင်ဆိုင်လိုက်သည်။

ထို့နောက် သူမအကြည့်သည် သူမကို ကြည့်နေသော ပိုင်ကျီဟန်ဆီ လှည့်သွား၏

သူ ဒါကို မည်သို့ထင်မည်မှန်း သူမ မသိပေ

သူ့အတွက်တော့ ထိုအောင်ပွဲက ကလေးကစားစရာတစ်ခုထက် မပိုပေ

မည်သို့ပင်ဖြစ်စေ သူသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း နယ်ပယ်ကို အနိုင်ယူပြီးသွားချေပြီ။ ဝိညာဉ်ဖွဲ့စည်းမှု အလယ်အလတ်

နယ်ပယ်က ဘာဖြစ်လဲ

ဟူး

ဆေးအဖွဲ့သည် လဲကျသွားသော လေ့ကျန်းရှန်ကို ပြုစုစောင့်ရှောက်ရန် အလျင်အမြန် ရွေ့လျားသွား၏

နီညိုရောင် မိုးကြိုး နန်းတော်က မယုံနိုင်စရာပင်

သူတို့၏ အကောင်းဆုံးပါဝင်သူသည် တတိယအချီတွင် ထုတ်ပယ်ခံရသည်လား။

သူတို့ ဒါကို မမျှော်လင့်ထားပေ

တစ်ဖက်မှာတော့ ကောင်းကင်ဓားဂိုဏ်းမှ အားလုံးသည် ကျေနပ်အားရနေသော အမူအရာကို ပြသနေကြပြီး တချို့က လှောင်ပြောင်ခဲ့သော နီညိုရောင်နန်းတော်ကိုတောင် တိုက်ရိုက်လှောင်ပြောင်နေကြသည်။

ချူကျီယန်ကိုလည်း ဆေးအဖွဲ့က လိုက်ပို့ပေးခဲ့၏

သူမ ရပ်နိုင်ပေမဲ့ ပြင်းထန်သော ဒဏ်ရာများရကြောင်း သိသာ၏

သူမအနေနဲ့ ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုအပ်နေ၏

"၈ ကြိမ်မြောက် ပွဲစဉ်..."

ကျန်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်နေပေမဲ့ ချူကျီယန်နှင့် လေ့ကျန်းရှန်တို့ တိုက်ပွဲကတော့ လူတိုင်း ခေါင်းထဲ၌ စွဲထင်နေဆဲသာ

တတိယအချီသည် မကြာခင်မှာပဲ ပြီးဆုံးသွားသည့်တိုင် အံ့အားသင့်စရာ အကောင်းဆုံး အခိုက်အတန့်ကတော့ ချူကျီယန်က လေ့ကျန်းရှန်ကို အနိုင်ရခဲ့တာပင်

အဆင့်(၁၆)ထိ ရွေးချယ်ခဲ့ကြပြီးနောက် ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ၏ အသက် ၂၅ နှစ်အောက် ပါရမီရှင်များ၌

အကောင်းဆုံးဟု ချီးကျူးဂုဏ်ပြုခံရသော ကျင့်ကြံသူတွေသာ ကျန်ခဲ့၏

ပြိုင်ပွဲသည် သုံးရက်ကြာ အနားယူချိန်ကို ရောက်ရှိလာတောင် မြို့၏ စိတ်လှုပ်ရှားမှုတွေ ပျောက်ကွယ်သွားခြင်း မရှိပေ

ယင်းအစား နဂါးနှင့် ဖီးနစ်ပြိုင်ပွဲသည် မဟာအလင်း တောက်ပခြင်းလေလံခန်းမသို့ ပြောင်းလဲသွား၏

ကောင်းကင်ဆိတ်ငြိမ်ရာ အင်ပါယာတစ်ခုလုံးတွင် အကြီးမားဆုံးနှင့် အထင်ရှားဆုံးလေလံပွဲအဖြစ် ကျော်ကြားသော ၎င်းသည် ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများကိုသာမက လျှို့ဝှက်ကျွမ်းကျင်သူများနှင့် လှည့်လည်သွားလာနေသော ကျင့်ကြံသူများကိုပါ ဆွဲဆောင်ခဲ့သည်။

စိတ်ကူးထက်ကျော်လွန်သော ရတနာများကို တူဖြင့် ထုခွဲရောင်းချမည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းများပင် ပါဝင်သည်။

လမ်းများပေါ်တွင် ဆူညံနေ၏ ဖိတ်စာများကို ရွှေဖြင့် ဝန်းရံထားပြီး ဖိတ်စာမရှိသူများသည် ဒဏ္ဍာရီလာလေလံခန်းမထဲသို့ ဝင်ရောက်ရန်သာ အိပ်မက်မက်နိုင်ကြသည်။

ပိုင်မျိုးနွယ် အမွေဆက်ခံသူ ပိုင်ကျီဟန်မှာတော့ ဖိတ်ကြားကတ် တစ်ခုရှိတာ သိသာ၏

သို့သော် လေလံတင်ရောင်းချနိုင်သော ရတနာများ ဝယ်ယူခြင်းထက် သူသည် အခြားအရာတစ်ခုကို ပိုမိုစိတ်ဝင်စားခဲ့သည်—၎င်းမှာ ရတနာများရောင်းချခြင်းပင် ဖြစ်သည်။

သူစုဆောင်းထားသော ရတနာများ သို့မဟုတ် အမွေမရသည့်တိုင် မသေမျိုး ဧကရာဇ် ဖေးလိန်မှ ပေးအပ်ခဲ့သော ရတနာများဖြင့် သူသည် ကောင်းကင်အင်ပါယာ၌ အချမ်းသာဆုံးဟု ယူဆနိုင်၏

လေလံခန်းမသည် ချမ်းသာကြွယ်ဝမှု၏နန်းတော်ကဲ့သို့ပင် — ဖီးနစ်ငှက်များနှင့် နဂါးများဖြင့် ထွင်းထုထားသော ကျောက်စိမ်းတိုင်ကြီးများနှင့် ရွှေရောင်ခေါင်မိုးများသည် နေ့လယ်ခင်းနေရောင်အောက်တွင် တောက်ပနေသည်။

လမ်းမှပင် ရတနာများစွာ၏ လေထုကို ခံစားနိုင်သည်။

ပိုင်ကျီဟန်သည် လက်များကို ကျောနောက်တွင် ပစ်ထားပြီး ဖြည်းဖြည်းချင်း လျှောက်သွားနေကာ ခုန်ကျန်းဟုန်သည် စူးစမ်းလိုစိတ်ဖြင့် နောက်ကနေ ခြေလှမ်းတစ်ဝက်ခန့် အကွာက လိုက်သွားသည်။

ဆူညံနေသော လမ်းတစ်လျှောက်တွင် ဘဝအလွှာအသီးသီးမှ ကျင့်ကြံသူများ တန်းစီနေပြီး အချို့မှာ မြင့်မြတ်သောမျိုးနွယ်စုများ၏ ပိုးထည်များကို ဝတ်ဆင်ထားကာ အချို့မှာမူ ကြမ်းတမ်းသော ခရီးသွားဝတ်ရုံများကို ဝတ်ဆင်ထားရင်း မျှော်လင့်ချက်ရောင်ခြည်ကို သယ်ဆောင်ထားသည်။

ကြီးကျယ်ခမ်းနားသော ဝင်ပေါက်သို့ ချဉ်းကပ်လာသည်နှင့် ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော အစောင့်နှစ်ဦးသည် တည့်တည့်မတ်မတ် ရပ်လိုက်ကြသည်။

သူတို့မျက်လုံးများက မှတ်မိသွားသလို တောက်ပသွားပြီး ခဏလေးအတွင်းမှာပဲ သူတို့မျက်နှာပေါ်ရှိ အေးစက်သော လျစ်လျူရှုမှုသည်လည်း ချက်ချင်းပျောက်ကွယ်သွားပေသည်။

"သခင်လေးပိုင်”

အစောင့်တစ်ယောက်သည် ချက်ချင်းပဲ ရှေ့ကိုတိုးလာပြီး လေးလေးနက်နက် ဦးညွှတ်ကာ သူ့အသံက လေးစားမှုတွေနဲ့ ပြည့်နှက်နေပေသည်။

"ကျေးဇူးပြုပြီး ဒီဘက်လမ်း”

သူနှင့် လုပ်ဖော်ကိုင်ဖက်သည် တည့်တည့်မတ်မတ်ရပ်ပြီး ရွှေရောင်တံခါးကနေ ပိုင်ကျီဟန်ကို လိုက်ပို့ပေးဖို့ ရွေ့လျားသွားကြသည်။

အေးစက်ပြီး ကျောက်စိမ်းစီထားသော ခန်းမထဲကို ရောက်သည်နှင့် ပထမအစောင့်သည် ရပ်ပြီး နောက်ထပ်ဦးညွှတ်လိုက်၏

"သခင်လေး ဒီမှာ ခဏစောင့်ပေးပါ။ သခင်လေးရောက်လာတာကို မန်နေဂျာကို အကြောင်းကြားပေးပါ့မယ်။"

နောက်ထပ်နှောင့်နှေးမှုမရှိဘဲ သူလှည့်ပြီး အဆောက်အဦးထဲသို့ မြန်မြန်ဝင်သွားပေ၏

ခဏအတွင်းမှာပဲ တံခါးများသည် လေးလံစွာ ကွဲထွက်သွားပြီး ခမ်းနားသော ပန်းထိုးဝတ်စုံဝတ်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် အလျင်အမြန် ထွက်လာပေသည်။

သူ့နဖူးတွင် ချွေးများ ရွှဲနေပြီး နွေရာသီအပူဒဏ်ကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့်သာ။

"လေးစားအပ်ပါသော သခင်လေး ပိုင်ကျီဟန်”

ထိုလူသည် ခါးကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏

"မမျှော်လင့်ထားတဲ့ ဂုဏ်ယူစရာပါပဲ။ ဒီနေ့ အလင်းတောက်ပခြင်းလေလံခန်းမကို ဘာကြောင့်လာတာပါလဲ”

ပိုင်ကျီဟန်သည် နှုတ်ဆက်စကားများကို ဂရုမစိုက်ပေ။ သူ့လေသံက တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါးပင်။

"ကျွန်တော် ရောင်းစရာတချို့ရှိတယ်။"

မန်နေဂျာ မျက်ခုံးများ တွန့်သွားပေမဲ့ သူသည် ယဉ်ကျေးစွာ ပြုံးလိုက်သည်။

"သဘာဝအတိုင်း မဟာအလင်းရောင်တောက်ပခြင်း လေလံခန်းမက ကျွန်တော်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေအတွက် အမြဲဖွင့်လှစ်ထားပါတယ်။ ဒါပေမယ့်..."

သူ့လေသံက အနည်းငယ် စပ်စုနေ၏

"မနက်ဖြန်လေလံအတွက် ကျွန်တော်တို့ အပ်နှံမဲ့ ပစ္စည်းတွေအတွက် စံနှုန်းတွေ ရှိပါတယ်။ ယေဘုယျအားဖြင့် အထူးအဆင့်ပစ္စည်း တန်ဖိုးထက် နိမ့်တဲ့ ပစ္စည်းတွေကို လက်မခံပါဘူး”

ပိုင်ကျီဟန် နှုတ်ခမ်းများက ကွေးညွှတ်ပြီး ရယ်လိုက်၏

"အဲဒါကို စိတ်ပူစရာမလိုပါဘူး။"

သူ့အင်္ကျီလက်ကို လှုပ်လိုက်သည့်အခါ သူတို့ကြားက လေထုသည် တောက်ပသွားပေ၏

ချက်ချင်းဆိုသလိုပဲ အနီးအနားရှိ စားပွဲပေါ်၌ တောက်ပနေသော ရှေးဟောင်းပစ္စည်း ငါးခု ပေါ်လာပြီး တစ်ခုချင်းစီသည် မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခု၏ တည်ငြိမ်ပြီး လွှမ်းမိုးနေသော အရှိန်အဝါ ဖြာထွက်နေသည်။

မန်နေဂျာ တောင့်တင်းသွားပြီး သူ့၏ လေ့ကျင့်ထားသော တည်ငြိမ်မှု ကွဲအက်သွားသည်။

"ငါးခု..မြေကမ္ဘာအဆင့်အားလုံးလား?"

သူ့အသံသည် အပြင်ဘက်က လောဘကြီးသော မျက်လုံးများအား ဆွဲဆောင်မိမည်ကို စိုးရိမ်နေသလို တိုးတိုးလေးဖြစ်သွား၏။

"သခင်လေး၊ ငါးခုလုံးကို ရောင်းချင်တာလား?"

မန်နေဂျာက မယုံကြည်နိုင်စွာ မေးလိုက်၏။

ပိုင်ကျီဟန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်တယ်။

"ဒါအကုန် မဟုတ်ဘူး”

သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းစာလိပ်ငါးခု ပေါ်လာပြီး မှိန်ဖျော့ဖျော့ ဝိညာဉ်ရေးရာ အလင်းရောင်နဲ့ တံဆိပ်ခတ်ထား၏

လေထုသည် ပိုလေးလာပြီး နက်ရှိုင်းသော ရည်ရွယ်ချက်များနဲ့ ပြည့်နှက်နေ၏

"မြေကမ္ဘာအဆင့် နည်းစနစ်တွေ”

ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ဒီတစ်ခါတော့ မန်နေဂျာ ဒူးတွေ ကွေးလုနီးပါးသာ။

"သခင်လေးပိုင်... သေချာလား?"

"ကျွန်တော် သေချာပါတယ်”

ပိုင်ကျီဟန် မျက်နှာအမူအရာက တုန်ခါမသွားပေ။

သူ့မျက်လုံးထဲ၌ မြေကမ္ဘာအဆင့် နည်းစနစ်များသည် အသုံးမဝင်သလောက်ပင်။အဘယ်ကြောင့်ဆိုသော် သူ့တွင် ကောင်းကင်အဆင့် နည်းစနစ်နှင့် သူတော်စင်အဆင့် နည်းစနစ်တွေတောင် ရှိနေ၏

သူ့အနေနဲ့ ပိုင်မျိုးနွယ်ကို အကောင်းဆုံးနည်းစနစ်များ ပေးခဲ့ပြီးချေပြီ။ ၎င်းတို့နဲ့ ယှဉ်ပါက ထိုနည်းစနစ်များသည် ညံ့ဖျင်းသည်ဟု ယူဆနိုင်၏

သို့တိုင် သူ့အမြင်တွင် သိပ်တန်ဖိုးမရှိသော အရာများက တခြားသူများအမြင်မှာတော့ အတော်လေး တန်ဖိုးရှိသည်ကို သူသိ၏

သူပိုင်ဆိုင်သော ရတနာ၏ ရာခိုင်နှုန်းအနည်းငယ်ကိုပဲ သူထုတ်ယူခဲ့သည်။

သူအားလုံးကို ရောင်းတောင် ကောင်းကင် အင်ပါယာတွင် အကုန်လုံးကို မည်သူမှ ဝယ်နိုင်မည် မဟုတ်ပေ

"ရောင်းချင်တဲ့ နောက်ထပ်အရာတစ်ခု ရှိသေးတယ်။"

လက်ကောက်ဝတ်ကို ပေါ့ပေါ့ပါးပါး လှုပ်

လိုက်ပြီး ပိုင်ကျီဟန်သည် သိုလှောင်လက်စွပ်ကနေ ရွှေရောင်ဖျော့ဖျော့တောက်ပနေသော ခေါက်ယပ်တောင်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုယပ်တောင် ပေါ်လာသည့်အချိန်မှာပဲ လေထုသည် လှိုင်းထလာပြီး အခန်းထဲ မုန်တိုင်းတစ်ခုလို ပျံ့နှံ့သွားချေ၏

ယပ်တောင် အရိုးများကို တောက်ပသော အပြာရောင်သတ္တုနဲ့ ပြုလုပ်ထားပြီး စီးဆင်းနေသည့် မိုးတိမ်ပုံစံများနဲ့ ထွင်းထားကာ ပိုးသားမျက်နှာပြင်သည် ဟိန်းဟောက်နေသော နဂါးများနဲ့ ရစ်ပတ်နေသည်။

ရှေးဟောင်းပစ္စည်း လှုပ်ရှားမှုတိုင်းသည် ဝိညာဉ်ဖိအားကို သိမ်မွေ့စွာ ထုတ်လွှတ်လိုက်တာကြောင့် အတွေ့အကြုံရင့် မန်နေဂျာ၏ နှလုံးသား တစ်ချက် ခုန်သွားလောက်အောင်ပင်။

သူ့မျက်လုံးများသည် အံ့အားသင့်ပြီး ပြူးကျယ်သွား၏ ထိုယပ်တောင်ကို သူသိ၏

"ဒါ… ဒါက ကောင်းကင်ငှက်မွှေးယပ်တောင်”

သူ အသက်ရှူလိုက်ပြီး ကျောက်မျိုးနွယ်၏ နာမည်ကြီး ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းကို ချက်ချင်း မှတ်မိသွားသည်။

စေ့စပ်ပွဲအတွက် လောင်းကြေးထပ်ပြီးနောက် ရှေးဟောင်းပစ္စည်းသည် ပိုင်ကျီဟန်လက်ထဲ ရောက်သွားကြောင်း သူသိ၏

(သူ ဒါကို လေလံတင်ချင်တာလား။ တကယ်လား။)

ကျောက်မျိုးနွယ်ဝင်များ၏ မျက်နှာအမူအရာကို သူ မြင်ယောင်နိုင်ပေမဲ့ ဒါတင်မကပေ။ထိုအတွက် ဖြစ်ပေါ်လာမည့် လေလံစစ်ပွဲကိုလည်း သူ မြင်ယောင်နိုင်၏

မန်နေဂျာသည် စိတ်လှုပ်ရှားစွာနဲ့ တံတွေးမျိုချလိုက်၏ ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်း တစ်ခုတစ်ခုတည်းနဲ့ ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာ၏ အာဏာချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်သည်။

ထို့နောက် ပိုင်ကျီဟန်သည် ဂရုမစိုက်သလို တစ်ခုကို စွန့်ပစ်လိုက်၏ တခြားရတနာဆယ်ခုပါ အပါပင်။ ထိုရတနာတစ်ခုချင်းစီသည် အင်အားကြီးနိုင်ငံများမှ ရွှေဒင်္ဂါးပြား သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်၏

ခဏတာအတွင်းမှာ ထိုလူသည် စိုက်ကြည့်ရုံသာ တတ်နိုင်၏

"လေးစားအပ်ပါသောသခင်လေး...ကျွန်တော်ကိုယ်တိုင် သခင်လေးရဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်ပေးပါမယ်။ လေလံပွဲက အထူးအစီအစဉ်တွေ ပြုလုပ်ပေးပါလိမ့်မယ်။"

All Chapters