အမကြီးမင်းကတော်တော်လေးကိုတမူထူးတဲ့သူမျိုးပါလား
Vol. 37 Ch. 701
"မင်းက ငွေ ညှစ်ဖို့ မတော်တဆ မှုကို ဖန်တီးပီးငွေညှစ်တဲ့ အမျိုးသမီးလား။"
ရိုးသားစွာ ပြောရရင် ကျင့်ကြံမှု အတော်လေးမြင့်လာသည့်တိုင် ယဲ့ယွီရဲ့မှတ်ဉာဏ်က သိပ် ထူးခြားပီးကောင်းနေတာ မဟုတ်ပေ။ ဒါက အိပ်မက် များစွာမှာ ဘဝပေါင်းများစွာ အသက်တာပေါင်းနှစ်ထောင်ချီ ကြုံတွေ့ခဲ့ရပြီး လူ၊ နတ်ဆိုး၊ နတ်ဘုရား၊ တစ္ဆေ၊ နဂါး များစွာ မြင်ပြီးနောက် သူ့မှတ်ဉာဏ်တွေကအတော်ရှုပ်ထွေးသလို ဖြစ်နေပြီ ဖြစ်သည်။ တစ်ခါတလေ တစ်ဦးဦးကို ရင်းနှီးတယ်လို့ ခံစားရနိုင်ပေမယ့် ဘယ်မှာ မြင်ဖူးလဲဆိုတာ မမှတ်မိနိုင်ပေ။ အသက်ရှူမှားလောက်အောင်မိုက်တဲ့ ဘော်ဒီနဲ့ အလှပမျိုးဆိုရင်တော့ ငါ့မိန်းမပဲလို့ အလွယ်မှတ်ထားလိုက်သည်။ (ခိခိ)
ဒါပေမဲ့ ယဲ့ယွီသည် သူ့ ရှေ့ရှိ နန်းတော် ဝတ်စုံ ဝတ်ထားသော အမျိုးသမီး အား နက်နဲစွာ မှတ်မိနေသည်။ အကြောင်းရင်းက ရိုးရှင်းသည်။ ဒီ အမျိုးသမီး သူ့ကို ဒင်လင် မြို့တော် သခင် ရှောင် ကျီဘို သတ်ရာမှာ ကူညီပေးခဲ့သော ကြောင့် သာမကပေ။ အရေးကြီးဆုံးက သူမသည် သူမနှင့်ဆုံဆည်းချိန်ရောက်တိုင်း စကား တစ်ခွန်းမှ မပြောရသေးခင်မှာဘဲ မတော်တဆ မှုမျိုးစုံကို ဖန်တီးတတ်သော နယ်သာတစ္ဆေ ဘုံရဲ့ပထမဆုံး အမျိုးသမီး ဖြစ်ခဲ့သည်။ သူမရဲ့ဝင်လာပုံက အရမ်း ပြင်းထန်သည်၊ သူမရဲ့အမူရာ ဟန်ဆောင်မှုနဲ့ သရုပ်ဆောင်ကောင်းချက်များက ထူးခြားသည်၊ ကမ္ဘာ ဖျက်ဆီးနိုင်စွမ်းရှိသော သခင် တစ်ဦးလိုပင်။ ရလဒ်များ ထွက်လာပြီးနောက် သူမသည် တခြားလူများ မြင်သောအခါ မေ့လဲပြီး သူရဲ့လက်မောင်းထဲသို့ ကိုယ့်ကိုယ်ကို ပစ်ချကာရင်ခွင်ထဲသို့တိုးဝင်လိုက်သည်။
အမကြီးမင်းက တော်တော်လေးကိုတမူထူးတဲ့သူမျိုးပါလား!
ကံကောင်းစွာနဲ့ပဲ ယင် နိုင်းယန် ဒီမှာ ရှိခဲ့ပြီး ကိုယ်တိုင် မျက်မြင် တွေ့ရှိခဲ့သည်။ မဟုတ်ရင် ယဲ့ယွီ သူ့ကိုယ်သူ ရှင်းပြဖို့ နည်းလမ်း မရှိတော့ပေ။
တုန်းကွေ့ မျက်ခုံး အနည်းငယ် ပင့်သည်၊ ရှုပ်ထွေးသော အမူအရာဖြင့် မေးသည်- "မတော်တဆ မှုဖန်တီးပီးငွေညှစ်တာ ဟုတ်လား။ မတော်တဆ မှု ဖန်တီးတာက ဘာလဲ။ ငါတို့ ဒီ မတိုင်ခင် တွေ့ဖူးသလား။"
ဘေးတွင် ရပ်နေသော ယင် နိုင်းယန် ကြောင်းတောင်တောင်လေး ဖြစ်နေသော အပြုံးလေးဖြင့် ပြုံးပြသည်။ ရိုးသားစွာ ပြောရရင် သူမ ငွေ ညှစ်ခြင်းရဲ့အဓိပ္ပာယ်ကို တကယ်ပဲ မသိပေ။ ဒါပေမဲ့ ယဲ့ယွီရဲ့အမူအရာနဲ့ လေသံကို ကြည့်လျှင် ဒါက ပြောဖို့ ကောင်းသော အရာ လုံးဝ မဟုတ်ပေ။ ဒါကြောင့် သူသည် လျင်မြန်စွာ ကိစ္စကို ဖြေရှင်းဖို့ ကြိုးစားခဲ့သည်။
"ဆရာ၊ ကျမရဲ့ခင်ပွန်းရဲ့အတွေးက နည်းနည်း ထူးဆန်းတယ်၊ ဒါပေမဲ့ ဒါကို သိပ် ပူပန်ဖို့ မလိုဘူး။"
အော်၊ ဟုတ်သား၊ ကျမ ရှင်တို့ကို မိတ်ဆက်ပေးပါရစေ။ ဒါက ကျမရဲ့ခင်ပွန်း ယဲ့ယွီ ဖြစ်တယ်။ ပြီးတော့ ဒါက ကျမရဲ့ဆရာ တစ္ဆေ ဘုရင်ဘုံ တုန်းကွေ့ ဖြစ်တယ်။
(နယ်သာတစ္ဆေ ဘုံ: တစ္ဆေ နတ်ဘုရား ၊ လျှို့ဝှက် ဆန်းကြယ်သော တစ္ဆေ ၊ မြေ တစ္ဆေ ၊ ကောင်းကင် တစ္ဆေ ၊ နက်ရှိုင်းသော တစ္ဆေ ၊ တစ္ဆေ သခင် ၊ တစ္ဆေ ဘုရင် ၊ တစ္ဆေ ဧကရာဇ် !)
ယင် နိုင်းယန် ပြောနေစဉ် သူမသည် ယဲ့ယွီကို မျက်စိ မှိတ်ပြသည်။ နောက်ဆုံးမှ အဲဒီ အချိန်က ကိစ္စကို ထပ်ပီးထုတ်ဖော်မပြောတော့ရန် အချက်ပြလိုက်ခြင်းဖြစ်သည်။
လက်တွေ့ဘဝ သို့ ပြန်ရောက်ပြီးနောက် ယင် နိုင်းယန် သူမရဲ့အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တာ အားလုံးကို အခြား ဘယ်သူမှ မသိကြောင်း တွေ့ရှိခဲ့သည်။ သူတို့ အားလုံးထဲက အစွမ်းထက်ဆုံး ဖြစ်သော သူမ၏ဆရာသည် ပင်လျှင် ချွင်းချက် မရှိပေ။ အရင် ဘာတွေ ဖြစ်ခဲ့လဲဆိုတာ လုံးဝ မမှတ်မိဘူး၊ မဖြစ်ခဲ့သလိုပင်။
ဒီ ကာလ အတွင်းမှာ ယင် နိုင်းယန် လူတိုင်းရဲ့"မှတ်ဉာဏ် ပျောက်ဆုံးခြင်း" ကို ကျင့်သား ရနေပြီ ဖြစ်သည်။ တခြားသူများ အားလုံး မူးနေချိန် ကိုယ့်ကိုယ်ကို တစ်ဦးတည်း သတိ ရှိနေသော အခြေအနေကမျိုးဆိုလျှင် သင့်အနေဖြင့် သတိထားသင့်သည်။ ထိုစဉ်က မူးရုးပီး သတိလွတ်နေသူများ၏ ပြုမူပြောဆိုသမျှကို ဘယ်သူ့ကိုမှ လုံးဝ မပြောရဘူး။ မဟုတ်ရင် ဒါက သေချာပေါက် ကြီးမားသော ဘေးအန္တရာယ် ဖြစ်ပေါ်စေလိမ့်မည်။ လူတွေက မင်းကို မယုံရုံ သာမက မင်းကို တော်တော်လေး စိတ်ပျက်စရာလူ တစ်ဦး သို့မဟုတ် သရဲပူးခံရကာ ကယောင်ကတမ်းပြောနေသူ အဖြစ်ပင် ရှုမြင်နိုင်သည်။ ဒါက ကြီးမားသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်!
ယင် နိုင်းယန်ရဲ့သတိပေးချက် နှင့်အတူ ယဲ့ယွီလည်း ဒီ ပြဿနာကို စဉ်းစားမိသည်။ ဒါကြောင့် သူ ဆက်လက်ပီး ထိုကိစ္စကိုစကားမဆက်တော့ပဲ ချက်ချင်း လက် နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်ဖို့ ပြင်ဆင်သည်။ နောက်ဆုံးတော့ တုန်းကွေ့က သူ့ ဇနီးရဲ့ဆရာ ဖြစ်သည်၊ ဒါကြောင့် သူ သူ့ကို မျက်နှာသာ ပေးနိုင်သည်။
သို့သော်လည်း ဒီ အချိန်မှာ ပဲ... တုန်းကွေ့ ရုတ်တက် ရှေ့သို့ တက်သည်၊ ယဲ့ယွီ အား စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြီး ပြောသည်- "မင်း..."
"ကျနော် ဘာဖြစ်လို့လဲ။"
ယဲ့ယွီ မျက်ခုံး အနည်းငယ် ပင့်သည်၊ အတော်လေး အံ့အားသင့်စွာ ခံစားနေရသည်။ မင်း ဘာကို ဆိုလိုတာလဲ။ ဒီ အမျိုးသမီး တစ္ဆေမှာလည်း သူတို့ရဲ့အိပ်မက်များမှ မှတ်ဉာဏ်များလည်း ရှိသလား။ ရိုးသားစွာ ပြောရရင် ယဲ့ယွီနဲ့ သူမ လုံးဝ ဆက်စပ်မှု မရှိပေ။ သူ မေ့လဲသောအခါ သူမ ပေးခဲ့သော နူးညံ့အိစက်လှသော ပွေ့ဖက်မှုကြီးက သူတို့ တစ်ခါမှ ရှိခဲ့ဖူးသော တစ်ခုတည်းသော အဆက်အသွယ် ဖြစ်သည်။ အခြား ဘာမှ မရှိပေ။ ဒါပေမဲ့ သူမ သူမရဲ့အိပ်မက်များမှ မှတ်ဉာဏ်များ ဘာလို့ ပိုင်ဆိုင်ရတာလဲ။
ယဲ့ယွီ သာမက ယင် နိုင်းယန်လည်း စိတ်လှုပ်ရှားလာခဲ့သည်။ ဘာ? ဆရာ လည်း အိပ်မက်မှ မှတ်ဉာဏ်များ နိုးထလာတာလား။ ဒါက အံ့သြစရာ ကောင်းတာပဲနော်။
"မင်းရဲ့ဩဘာမှာ တစ်ခုခု မှားနေတယ်။ မင်း တစ္ဆေ မဟုတ်ဘူး!"
တုန်းကွေ့ ယဲ့ယွီရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်၊ ထို့ကြောင့် သူမရဲ့သံသယများကို အတည်ပြုသည်။ အေးတာ မဟုတ်ဘူး၊ ခန္ဓာကိုယ် အပူချိန် ရှိတယ်!
ယဲ့ယွီ မျက်မှောင် အနည်းငယ် ကြုံ့သည်။ ပြီးနောက် သူသည် လျင်မြန်စွာ လှုပ်ရှားသည်၊ အကွာအဝေး နှစ်မီတာသို့ ဆုတ်ခွာသည်။ "မင်း ဘယ်လို သိတာလဲ။ ငါ ငါ့ တည်ရှိမှုကို လုံးဝ ဖုံးကွယ်ထားတာကို မင်းက ဘယ်လိုဖောက်ထွင်းပီး ရှင်းရှင်းလင်းလင်း မြင်နေတာလဲ။"
"ဒီ နယ်သာတစ္ဆေ ဘုံမှာ ဘယ်သူမှ အကြောင်းပြချက် မရှိဘဲ သူတို့ရဲ့တစ္ဆေ ဩဘာကို ဖုံးကွယ်မှာ မဟုတ်ဘူး။ တစ်ဦးမှ ထွက်ပေါ်လာတဲ့ တစ္ဆေ ဩဘာရဲ့ပြင်းအားသည် သူတို့ရဲ့ခွန်အားကို ညွှန်ပြတယ်လေ ။ တစ်ဦးဦးက တခြားသူတွေနဲ့ လူမှု ဆက်ဆံရေး မလုပ်ချင်ရင်တောင် သူတို့ရဲ့ စွမ်းအားအရှိန်အဝါ အော်ရာ နှင့် ထက်မြက်သော ကိုယ်ရည်ကိုယ်သွေး အချို့ကို ရှောင်လွှဲလို့ မရဘဲ ဖော်ပြလိမ့်မယ်။ မင်းလို လုံးဝ တစ္ဆေ ဩဘာထုတ်ဖော်မထားတဲ့သူ တစ်ဦးက အလွန် သံသယ ဖြစ်စရာ ကောင်းတယ်။ ငါ မင်းကို စမ်းသပ်ရုံ သာ ဖြစ်တယ်၊ ပြီးတော့ ငါ မှန်မယ်လို့ မမျှော်လင့်ခဲ့ဘူး!"
ဆောင်း ဂေါ်ဖီထုပ်မလေး(တုန်းကွေ့) က ဆိုးသွမ်းစွာ ပြုံးသည်။ ပြီးနောက် သူမသည် ယဲ့ယွီကို ဂရုတစိုက် စစ်ဆေးသည်။ "မင်း တစ္ဆေ မဟုတ်ရင် မင်း ဘာလဲ။ နတ်ဘုရား လား။ နတ်ဆိုး လား။ ဒါမှမဟုတ် နဂါး လား။" ကမ္ဘာသည် အံ့သြဖွယ်များ ပြည့်နှက်နေသည်။ ကျယ်ပြန့်သော နယ်သာတစ္ဆေ ဘုံတွင် မကြာခဏ မမျှော်လင့်သော ထူးဆန်းသော အရာများ ဖြစ်ပွားလေ့ ရှိသည်။ ဒါပေမဲ့ ဘုံ ခြောက်ပါး လမ်းကြောင်း ပိတ်လိုက်ပြီးနောက်။ တုန်းကွေ့ အခြား ဘုံများမှ နယ်သာတစ္ဆေ ဘုံသို့ လာသူ တစ်ဦးကို တစ်ခါမှ မမြင်ဖူးပေ။ အခု တစ်ဦး ရောက်ရှိလာသောကြောင့် သူမ သဘာဝအတိုင်း မယုံနိုင်လောက်အောင် သိချင်သည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်တွင် ယဲ့ယွီရဲ့ခန္ဓာကိုယ်မှ သိပ်သည်းသော တစ္ဆေ ဩဘာ ရုတ်တက် ပေါက်ကွဲထွက်လာသည်။ သူ့ ဩဘာက အလွန် အားကောင်းသည်၊ တစ္ဆေ ဘုရင် တစ်ဦးရဲ့ဩဘာ နှင့် နီးပါး နှိုင်းယှဉ်နိုင်သည်။ ဒီ ရုတ်တက် ပြောင်းလဲမှုက တုန်းကွေ့ရဲ့အမူအရာကို အလွန် ထူးဆန်းစေသည်။ ငါ မှားပီး မှန်းဆခဲ့တာလား။ ဒါက မဖြစ်နိုင်ဘူး!
"မင်း အခု ငါ့ကို ဘာလို့ ထင်လဲ။" ယဲ့ယွီရဲ့ခန္ဓာကိုယ်မှ တစ္ဆေ စွမ်းအင် ထွက်ပေါ်လာသည်။ ဒါက အားလုံး "သရဲ တစ်သောင်း ည ချီတက် ပန်းချီကား" ကြောင့် ဖြစ်သည်၊ ဒါပေမဲ့ သူ အဲဒါကို အရမ်း ကောင်းကောင်းလေး ဝှက်ထားသည်။ ပြီးနောက် တုန်းကွေ့ သူ့ကို မယုံမှာ စိုးသောကြောင့် သူ ရုတ်တက် စိတ်စွမ်းအင်အတွေး တစ်ခု ဖြင့် နက်ရှိုင်းသော နယ်သာတစ္ဆေ ကိုးပါးကို လောင်ကျွမ်းဖို့ တစ္ဆေ နတ်ဘုရား နည်းပညာ ကို အသုံးပြုခဲ့သည်။ ချက်ချင်းမှာ သူ့ ခန္ဓာကိုယ်မှ အလွန် သိပ်သည်းသော အနက်ရောင် မီးလျှံများ ပေါက်ကွဲထွက်လာသည်။ သန့်စင်ပြီး နှိုင်းယှဉ် မရသော တစ္ဆေ နတ်ဘုရား နည်းပညာသည် အရာအားလုံးကို သက်သေ ပြဖို့ လုံလောက်သည်။
ဒါကို မြင်သောအခါ တုန်းကွေ့ သူမ မှား မှန်းဆခဲ့ကြောင်း ဝန်ခံခဲ့ရသည်။ နှုတ်ဆက် စကားများ ဖလှယ်ပြီးနောက် သူမသည်နဲနဲရှက်သွားကာ ထွက်ခွာဖို့ အကြောင်းပြချက် ပေးခဲ့သည်။
သူမ ထွက်ခွာသွားပြီးနောက် ယင် နိုင်းယန် အလျင်အမြန် ရှေ့သို့ တက်သည်၊ ယဲ့ယွီရဲ့လက်ဖျားကို ဆုပ်ကိုင်သည်၊ သူမရဲ့မျက်လုံးများ သံသယများ ပြည့်နှက်နေသည်။ ယဲ့ယွီကသူမကိုခုနက ရှင်းရှင်းလင်းလင်း သူ နတ်လောကဘုံမှ နတ်ဘုရား အဖြစ်သို့ရောက်ရှိနေသည်ဆိုသည်ကို ပြောခဲ့သည်၊ ဒါဆို သူ ရုတ်တက် ဒီလို ထွက်ပေါ်နေသော တစ္ဆေ စွမ်းအင်ကို ဘယ်လို ပိုင်ဆိုင်နိုင်တာလဲ။ ဒီ အရာများ ထဲမှ ဘာက အမှန် ဖြစ်ပြီး ဘာက အတု ဖြစ်သလဲ။
ယဲ့ယွီ ယင် နိုင်းယန်ရဲ့အတွေးများ ကို မြင်ပြီး ချက်ချင်း တယ်လီပသီ ကို သုံးပြီး သူမအား အရာအားလုံး ပြောပြခဲ့သည်။ သူ တုန်းကွေ့ အား အမှန်တရား စောစော ကတည်းက မပြောခဲ့ရခြင်းရဲ့အကြောင်းရင်းက... နတ်ဘုရားများ နယ်သာတစ္ဆေ ဘုံသို့ လာခြင်းက အရမ်း ထိခိုက်လွယ်သော ကြောင့် ဖြစ်သည်။ နတ်ဆိုး ဘုံတွင် ယဲ့ယွီ လူ့ သဘာဝရဲ့ဆိုးယုတ်မှုကို မျက်မြင် တွေ့ရှိခဲ့ပြီးသား ဖြစ်သည်။ သူ အတော်လေး အားမကြီးခဲ့ရင် သူ အဲဒီ နတ်ဆိုး သခင်များ ဖမ်းဆီးခံရပြီး သုတေသနအတွက် စမ်းသပ်ခံ ပစ္စည်းအဖြစ် အသုံးပြုခံရလိမ့်မည်။ ထို့ကြောင့် ယဲ့ယွီ သဘာဝအတိုင်း အရာများကို ပိုမို ဂရုတစိုက် စဉ်းစားရမည်။
နောက်ဆုံးတော့ လူ တစ်ဦး အမြဲတမ်း သတိထားသင့်သည်၊ ပြီးတော့ တုန်းကွေ့ ယင် နိုင်းယန်ရဲ့ဆရာ ဖြစ်သော်လည်း သူ ဒီ ကိစ္စကို ထုတ်ဖော်ဖို့ ရည်ရွယ်ခြင်း မရှိပေ။ ဒီ ရှင်းပြချက် ကြားပြီးနောက်။ ယင် နိုင်းယန် စဉ်းစားရင်း ခေါင်းညိတ်သည်။ ယဲ့ယွီရဲ့စိုးရိမ်မှုများက အကြောင်းပြချက် မရှိဘဲ မဟုတ်ပေ။ အချို့ အရာများက မပြောဘဲ ထားတာ ပိုကောင်းသည်။ ဒါပေမဲ့ သူမရဲ့ခင်ပွန်း ဂေါ်ဖီထုပ်ကို မုန်းတီးမှု ဖြစ်ပေါ်လာမှာကို ရှောင်ရှားဖို့ အတွက်။ ယင် နိုင်းယန် နောက်ဆုံးမှ ရှင်းပြချက် ပေးခဲ့သည်။ သူမ ပြောတာက တုန်းကွေ့ အိပ်မက်ထဲမှာ သူမကို များစွာ ကူညီပေးခဲ့သည်၊ ဒါကြောင့် နိုးလာပြီးနောက် သူမ သူ့ကို ဆက်လက် လိုက်နာနေတာ ဖြစ်သည်။ သူ့ စရိုက်က ပြစ်တင်စရာ မရှိပေ၊ ဒါပေမဲ့ သူ့ ကိုယ်ရည်ကိုယ်သွေးက နည်းနည်း ထူးဆန်းသည်။ ဒါပေမဲ့ သူ ဆိုးသော ရည်ရွယ်ချက် လုံးဝ မရှိပေ။
ယဲ့ယွီ အနည်းငယ် ပြုံးပြီး ဘာမှ ထပ်မပြောတော့ပေ။ သူ သူ ကောင်းကောင်း မသိသော လူများကိုပစ်ယုံကာ သူ့ကံကြမ္မာကိုလောင်းကစားလုပ်ရတာကို မကြိုက်ပေ။ ဒီ စကား ပြောပြီးနောက် ယင် နိုင်းယန် ရုတ်တက် သူမရဲ့လေသံကို ပြောင်းပြီး ရှုပ်ထွေးစွာ မေးသည်- "ဒါနဲ့ အကို ပြောတဲ့ အပြိုင် ကမ္ဘာမှာ ရှင်က ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားတာလဲ။ အချစ်က တကယ်ပဲ အဲဒီ တစ္ဆေ ဂိုဏ်း သခင် ငါးဆယ်ကျော်က ဝိုင်းပီးလုပ်ကြံပီးအသတ်ခံရတာလား။" "ဖြစ်မှာ မဟုတ်ဘူး၊ ဟုတ်လား။ ကျမခု သူတို့ကို လက်တွေ့ ဘဝမှာ စမ်းသပ်ပီးတိုက်ကြည့်တာတောင် အလွယ်လေးနိုင်ခဲ့တယ်။ သူတို့ရဲ့ခွန်အား နှင့် ယောက်ျားကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး!"
ဒီ မေးခွန်းက ယဲ့ယွီ မသိစိတ်နဲ့ အနောက်ဘက်သို့ ကြည့်မိသည်။ အခု ချိန်အထိပင် သူ အဲဒီ အိပ်မက်ထဲမှ သူ့ကိုသေစေခဲ့သော ဧရာမ ဥ အတွင်းရှိ ရွှေရောင် မျက်လုံးများ ကို မမေ့သေးပေ! (အသေးစိတ် အတွက် အခန်း ၅၉၆ ကို ကြည့်ပါ!)