ကျူးယန် ၏ အနှစ်သာရ သွေး
Vol. 37 Ch. 712
ပြောသင့်သည် ထက် မပြောခြင်းက ပိုကောင်းသည်။ ဖုန် ကျန့်ရှင်သည် လျန်းရှင် လေလံရုံ၏ ခေါင်းဆောင် အဖြစ် သူ့ ဂုဏ်သတင်း အတိုင်းတကယ်ပင် အရည်ချင်းပြည့်ဝသောသူဖြစ်သည်။ သူ့ လျှို့ဝှက် ဘဏ္ဍာများ မယုံနိုင်လောက်အောင် အစွမ်း ထက်သောရတနာများဖြင့်ပြည့်နေခဲ့ဖူးသည်။
ခုနစ် ရောင်စုံ ငရဲ ဆေးလုံး မျိုချပြီးနောက်။ ယဲ့ယွီ သူ့ ခန္ဓာကိုယ် အတွင်း၌ သန့်စင်သော စွမ်းအား တစ်ခု ရုတ်တက် ခံစားရသည်။ သူ့ ကျင့်ကြံမှု အဆင့် လျင်မြန်စွာ မြင့်တက်လာသည်။ အလွန်ကိုပဲ လျင်မြန်စွာပင် ရွှေ နတ်ဘုရား ဘုံ၏ အထွတ်အထိပ် သို့ ရောက်ရှိသွားခဲ့သည်၊ ပြီးတော့ မဆုတ်မနစ်သော အရှိန်အဟုန် ဖြင့် ဆက်လက် မြင့်တက်နေသည်။ သို့သော်လည်း သူ နတ်ဘုရား သခင် ဘုံ သို့ ချိုးဖျက်ကာ အဆင့်မဖြတ်ကျော်နိုင်ခဲ့ပေ။ အောင်မြင်ဖို့ တစ်လှမ်း သာ လိုသော်လည်း ကံမကောင်းစွာနဲ့ပဲ ထိုအဆင့်ထိရောက်မသွားပေ။ ဒါက ယဲ့ယွီ အနည်းငယ် စိတ်ဆိုးစေသည်။ သူ အခြား လျှို့ဝှက် ပစ္စည်းများ ရှိမရှိ ကြည့်ဖို့ အခန်း ကြီးတခုလုံးကို ပတ်ပတ်လည် ပေါ့ပေါ့ပါးပါး စတင် ရှာဖွေခဲ့သည်။
သူ ပျော်ပွဲစားထွက်သလို ပျော်ရွှင်စွာ ရှာဖွေနေစဉ်... ရုတ်တရက် တံခါးဝုန်းကနဲ တွန်းဖွင့်သည်၊ ပြီးတော့ မြေခွေး မိစ္ဆာ ဖုန် ကျန့်ရှင် လှပခန့်ညားစွာ ဝင်လာသည်။ ယဲ့ယွီ ကို မြင်သောအခါ သူ ချက်ချင်း မျက်မှောင် ကြုံ့သည်။ သူ စကားပြောဖို့ လုပ်နေစဉ် ယဲ့ယွီ အရင် စကားပြောသည်။ "မင်း ဒီမှာပါ လား? ထိုင်ပါ၊ ငါ ပစ္စည်းတခုကို ရှာနေတယ်၊ ငါ မင်းကို နောက်မှ ပြောစရာရှိသေးတယ်!"
ဒီ စကားကိုကြားလိုက်တော့ ဖုန် ကျန့်ရှင် စကားမပြောနိုင်တော့ပေ။ "ငါနဲ့မင်းနဲ့က ညီအစ်ကိုလဲ မဟုတ်သလို တစ်ဦးကို တစ်ဦး တောင်မှသိရဲ့လား။ မင်း ဘာလို့ ငါ့ကို ဒီလို ရင်းနှီးသော လေသံ ဖြင့် ပြောနေတာလဲ? ဒါ့အပြင် မင်း ငါ့ နေရာ ကို မင်းမိဘအမွေပေးထားသလိုမျိုး မွှေနှောက်ခဲ့တယ်၊ ပြီးတော့ ဒီလောက် ပေါ့ပေါ့ပါးပါး ပြုမူခဲ့တယ်၊ မင်းက ဒီ နေရာ၏ ပိုင်ရှင် ဖြစ်တယ်လို့တောင်ငါထင်လာပီ ။ ဒါက တကယ်ပဲ ဆုံးဖြတ်ဖို့ ခက်တယ်" ဖုန် ကျန့်ရှင် သူများ လမ်းမှား သွားခဲ့ပီး တခြားလူအိမ်ထဲရောက်သွားလား ဆိုတာ တောင် ကြောင်တောင်တောင်နဲ့ပြန်စဉ်းစားမိစေသည်။ ဒါပေမဲ့သူ၏ ပတ်ပတ်လည်ရှိ ရင်းနှီးသော ပြသထားသော အရာများ ကို မြင်နိုင်တယ်။ ဖုန် ကျန့်ရှင်ပိုင်ဆိုင်သော လျန်းရှင် ဖန်လေလံရုံ ၏ အမြင့်ဆုံး ထပ်၊ ပြီးတော့ သူ့ကိုယ်ပိုင် အခန်း ဖြစ်ကြောင်း လုံးဝ သေချာသည်။
သို့တိုင် သူ အလျင်စလို မလုပ်ပေ၊ ဒါပေမဲ့ တံခါး တွင် ရပ်သည်၊ ပြီးတော့ တိတ်တဆိတ် ယဲ့ယွီ ကို ကြည့်သည်။ သူ သူ့ မျက်လုံးများ အနည်းငယ် မှိတ်သည်၊ ပြီးတော့ အလေးအနက် စဉ်းစားရန် စတင်ကြိုးစားသည်။ ရိုးရိုးသားသား ပြောရရင် ငါ့ စီမံခန့်ခွဲမှု အောက်မှာ လျန်းရှင် ဖန်က မိစ္ဆာ ဘုံ တစ်ခုလုံး တွင် နာမည်ကြီးမှာ မဟုတ်ပေ။ သို့သော်လည်း ကျန်းယောင် မြို့တော် သို့ လာသော မိစ္ဆာ မည်သူမဆို သူ့ လေလံ အိမ် အကြောင်း မသိဘဲ မနေနိုင်ပေ။ ဆိုရိုးစကား အရ ကောင်းမွန်သော ဂုဏ်သတင်းက အသေးအဖွဲ သာမာန်လူဆိုး လူယုတ်မာများ ကို တားဆီးနိုင်တယ်! ပုံမှန်အားဖြင့် သာမာန် မိစ္ဆာများ သူ့ ပိုင်နက် တွင် ဘယ်တော့မှ ရမ်းကားစွာ ပြုမူဖို့ မဝံ့ရဲပေ။ ဒီကောင်ကတော့ ဒီကို လာဝံ့သည် ဖြစ်သော ကြောင့် သူ့မှာ ယုံကြည်မှု အများကြီး ရှိနေတယ်၊ ပြီးတော့ သူ့နောက်ခံအင်အားကသေချာပေါက်ကိုပဲ တို့ လျန်းရှင် ဖန် တစ်ခုလုံး ကို သိမ်းပိုက်နိုင်တယ် ဆိုတာ သေချာသည်။
ဒါက စိတ်ဝင်စားစရာ ကောင်းသည်၊ တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းသည်။ မိစ္ဆာ စွမ်းအင် ပြန်လည် ဖြစ်ပေါ်လာခြင်း နှင့်အတူ ပို၍ ပို၍ နဂါးများကဲ့သို့စွမ်းအားနဲ့ မိစ္ဆာများ ပေါ်ထွက်လာခဲ့သည်။ ပထမ၊ ကျန်းယောင် မြို့တော်၏ မြို့ သခင် ဟွာ နျန်ဟေ အသတ်ခံရသည်၊ ပြီးတော့ အားကောင်းသော မိစ္ဆာ ဘုရင်တပါးကမြို့ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့သည်။ သူ ကျန်းယောင် မြို့တော်၏ သခင် အသစ် ဖြစ်လာခဲ့သည်။ လွန်ခဲ့သောနာရီဝက်ခန့်ကပင် ဖုန် ကျန့်ရှင် မြို့ သခင်၏ အိမ်တော် သို့ သွားသည်၊ ပြီးတော့ မြို့ သခင် အသစ် နှင့် တွေ့ဆုံပြီး ဆက်သွယ်ကာ ကောင်းမွန်သော ဆက်ဆံရေး ရဖို့ ဘဏ္ဍာများ လည်း ဆက်သပေးခဲ့သည်။ မမျှော်လင့်ဘဲ ပြန်လာပြီးနောက် သူ ယဲ့ယွီ နှင့် ထပ်မံ တွေ့ဆုံခဲ့သည်။
ဒီလူငယ်(ယဲ့ယွီ)၏ အေးဆေးတည်ငြိမ်ပြီး တည်ငြိမ်သော သဘောထားက သံသယ ရှိသော ဖုန် ကျန့်ရှင် အား သူ့ ရှေ့ရှိ ပုဂ္ဂိုလ် လည်း မိစ္ဆာ ဘုရင် ဘုံ ကျွမ်းကျင်သူ ဖြစ်နိုင်တယ် ဆိုတာ မျိုးတွေးမိသည်။ မဟုတ်ရင် ဒီလောက် ကြောက်ရွံ့မှု မရှိဘဲ ပြုမူဖို့ မဖြစ်နိုင်ဘူးလေ။ ဒါ့အပြင် အထင်ရှားဆုံး လက္ခဏာက အခြား တစ်ဖက် မှ မိစ္ဆာ ဩဘာ လုံးဝ မခံစားရခြင်း ဖြစ်သည်။ ဒီလို လုပ်နိုင်ဖို့ ပြိုင်ဘက်၏ ခွန်အား သူ့ကိုယ်ပိုင် ထက် အများကြီး သာလွန်ဖို့ အလွန် ဖြစ်နိုင်တယ်။ အဲဒါကြောင့် အတိမ်အနက် လုံးဝ မပြောနိုင်ခြင်း ဖြစ်သည်။
များစွာ စဉ်းစားပြီးနောက်။ ဖုန် ကျန့်ရှင် ဖြည်းဖြည်းချင်း အခန်း အတွင်းသို့ လမ်းလျှောက်သည်၊ ပြီးတော့ ဧည့်သည် ထိုင်ခုံ တွင် တိတ်တဆိတ် ထိုင်လိုက်သည်။ ယဲ့ယွီ သူ၏ အခန်း ကို စေ့စေ့စပ်စပ် ရှာဖွေသည်ကို တိတ်တဆိတ်လိမ္မာစွာထိုင် ကြည့်သည်။ သူ တိတ်ဆိတ်နေခဲ့သည်။ ဒါပေမဲ့ ရုတ်တရက် သူ့ လျှို့ဝှက် အခန်း ဆွဲထုတ်ခံရသည်ကို မြင်သောအခါ ခုနစ် ရောင်စုံ ငရဲ ဆေးလုံး ပျောက်ကွယ်သွားခဲ့ပြီကိုသိလိုက်ရသောအခါ ဒီ အခိုက်အတန့်။ ဖုန် ကျန့်ရှင် တကယ်ပဲ ရူးသွပ်လုနီးပါး ဖြစ်သည်။
ဒါပေမဲ့ သူ နောက်ဆုံး ထိန်းထားနိုင်ခဲ့သည်၊ သူ့ အကျီလက် အတွင်း ဖွက်ကာထည့်ထားသော သူ့ ညာဘက် လက်က ကျောက် ဆွဲသီး တစ်ခု ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း ဖြစ်သည်။ ဒါက သူ မြို့ သခင် အသစ် ဆီက ဈေးနှုန်း မြင့်မားစွာ ခုမှ ရရှိခဲ့သော ငြိမ်းချမ်းရေး ကျောက် စိမ်း ဖြစ်သည်။ သူ ၎င်းကို ချေလိုက်ရင် မြို့ သခင် အသစ် သူ့ အသက် ကို ကယ်တင်ဖို့ လာလိမ့်မည်။ ဒါက ဖုန် ကျန့်ရှင် သည်မြို့သခင်ထံသို့ မိစ္ဆာ ကျောက်တုံးများစွာဆက်သကာ သူ့ကိုယ်သူ အတွက်ဝယ်ခဲ့သော ကာကွယ်မှု ဖြစ်သည်။ သို့သော်လည်း သူ လက်ရှိ ၎င်းကို အသုံးချကာ အသက်သွင်းဖို့ မစီစဉ်ပေ။
ပထမ၊ ငြိမ်းချမ်းရေး ကျောက် စိမ်းက အလွန် တန်ဖိုး ရှိနေတယ်။ ဘာမှမဟုတ်ပဲသုံးမိသွားလျှင် ဒီအဖိုးတန်ရတနာ ကုန်ဆုံးသည်နှင့် တပြိုင်နက် ဖုန် ကျန့်ရှင် အချိန် အကြာကြီး ခံစားရလိမ့်မည်။ ဒုတိယ၊ ယဲ့ယွီ ဘာလို့ ဒီကို လာတာလဲ ဆိုတာ သူ တကယ်ပဲ သိချင်သည်။
ခဏ ကြာပြီးနောက်။ ယဲ့ယွီ အခန်း တစ်ခုလုံး စေ့စေ့စပ်စပ် ရှာဖွေသည်၊ ဒါပေမဲ့ အသုံးဝင်သော ဘာမှ မတွေ့ပေ။ ထို့နောက် သူ အေးစက်စွာ ပြောသည်- "ဒါဆိုရင် မင်း၏ ဒီ အခန်းထဲမှာ ကျန်တာ ဆေးလုံး တစ်လုံး ပဲ လား?"
ဒီလို မေးမြန်းမှု နှင့် ရင်ဆိုင်ရသောအခါ။ ဖုန် ကျန့်ရှင် တည်ငြိမ်စွာ ပြုံးသည်၊ ပြီးတော့ မသက်ဆိုင်သော အဖြေ ပေးသည်- "ငါ မင်း၏ နာမည် မေးလို့ ရမလား၊ မိစ္ဆာ အဖော်? ပြီးတော့ မင်း ဒီကို ဘာ လုပ်ဖို့ လာတာလဲ။" ယဲ့ယွီ မျက်ခုံး အနည်းငယ် ပင့်သည်။ ဖုန် ကျန့်ရှင် ဒီလောက် ယဉ်ကျေးသည်ကို မြင်သောအခါ သူ ချက်ချင်း နတ်ဘုရား ထိန်းချုပ် စိတ် နည်းစနစ် ကို အသုံးပြုဖို့ အလျင်စလို မလုပ်ပေ။ ထိုအစား မျက်နှာချင်းဆိုင်တွင် တိုက်ရိုက် ထိုင်သည်၊ ပြီးတော့ မေးသည်- "မင်း ရှေးဟောင်း မိစ္ဆာ သွေး တစ်စက် ကို ရောင်းလိုက်ပြီလား။"
ရိုးရိုးသားသား ပြောရရင်။ ယဲ့ယွီ ကျူးယန် ၏ စွမ်းရည်များ ကို အလွန် လေးစားသည်။ ဖြစ်နိုင်ရင် ငါ သဘာဝအတိုင်း လက်တွေ့ဘဝတွင်လည်း ထပ်မံ ပိုင်ဆိုင်ချင်သည်။ သို့သော်လည်း နတ်ဘုရားများ ရှေးဟောင်း မိစ္ဆာများ၏ အနှစ်သာရနဲ့ သွေး ကို အသုံးပြုနိုင်မလား ဆိုတာ မသိပေ။
သံသယ၏ အရိပ် ဖုန် ကျန့်ရှင်၏ မျက်လုံးများ ကို ဖြတ်သန်းသွားသည်။အကိုကေ အရင်ဝယ်နေကျ ဖောက်သည် လား? "အဲ့ဒါက မရောင်းရသေးပါဘူး။ မင်း အဲဒီ ရှေးဟောင်း သွေး အနှစ်သာရ တစ်စက် ကို စိတ်ဝင်စားရင် ငါ မင်းကို ဈေးနှုန်း နိမ့်နိမ့်လေးနဲ့ပေးမယ်လေ ၊ ဘယ်လို လဲ..." သူ စကား မဆုံးခင် ယဲ့ယွီ သူ့ လက်ကို မြှောက်သည်၊ ပြီးတော့ ပြောသည်- "မရောင်းရသေးတာ ကောင်းပါတယ်။ မင်း ငါ့ကို ဈေးနှုန်း ပြောပြဖို့ မလိုဘူး၊ မည်သို့ပင် ဖြစ်စေ ငါ မင်းကို မိစ္ဆာ ကျောက်တုံး တစ်ခုမှ ပေးဖို့ စဉ်စားမထားဘူး။"
"ဟင်.."
နောက်တစ်ခုက၊ နတ်ဘုရား ပင်လယ် မုဆိုးအဖွဲ့စည်း ကို ဆက်သွယ်ပါ၊ ပြီးတော့ မင်းနဲ့ ပူးပေါင်းနေသော ပင်လယ်မိစ္ဆာမဟာမိတ်အဖွဲ့ ရဲ့ အဖွဲ့ဝင်များ ကိုလည်း အကြောင်းကြားပါ၊ လီ ရွှေ ဂုံး မိစ္ဆာ ၏ ရှိရာ နေရာ ရှာဖွေဖို့ ပြောပါ။ "ဖြစ်နိုင်ရင် ငါတို့ နှစ်ရက် အတွင်းရအောင်ရှာပေး၊ ကောင်းပြီ ဘာမရှင်းတာရှိသေးလဲ?"
ဒီ စကားလုံးများ ကြားသောအခါ... ဖုန် ကျန့်ရှင် ရုတ်တက် ထရပ်သည်၊ ပြီးတော့ အေးစက်သော အသံ ဖြင့် မေးသည်- "မင်း က ဘယ်သူလဲ?" လျန်းရှင် ဖန်နဲ့ ပင်လယ်မိစ္ဆာမဟာမိတ်အဖွဲ့မှငါးဖမ်းသမားများ အကြား ဆက်ဆံရေး ကောင်းမွန်သည် ဆိုတာက လျှို့ဝှက်ချက် မဟုတ်ပေ။ သို့သော်လည်း သူတို့ ပင်လယ်မုဆိုးအဖွဲ့စည်း နှင့် ပုဂ္ဂလိက ဆက်သွယ်မှု ရှိကြောင်း လူ အနည်းငယ် သာ သိသည်။ ဖုန် ကျန့်ရှင် အပြင် ယုံကြည်ရသော အတွင်းလူ နှစ်ဦး သာလျှင် အမှန်တရား ကို သိသည်။ ထို့ကြောင့် သူ ယဲ့ယွီ အချက်အလက် ဘယ်က ရခဲ့တာလဲ ဆိုတာ လုံးဝ မသိခဲ့ပေ။
"မင်းကို ကြည့်ပါဦး၊ မင်း အရမ်း အလျင်စလို ဖြစ်နေတယ်။" "ကောင်းပြီ၊ ငါ မင်းနဲ့ စကားများပီးအချိန်မ ဖြုန်းတော့ဘူး။ ဒီမှာ ပဲ အဆုံးသတ်ကြစို့!" ယဲ့ယွီ ပြောနေစဉ် သူ သူ့ လက်ချောင်းများ ချိုးသည်၊ ပြီးတော့ နတ် ထိန်းချုပ် စိတ် နည်းစနစ် အသုံးပြုသည်။
နောက်တစ် စက္ကန့်၊ ဖုန် ကျန့်ရှင်၏ မျက်လုံးများ သွေးရောင် ပြောင်းသည်၊ ပြီးနောက် လျင်မြန်စွာ ပုံမှန် ပြန်လည် ရောက်ရှိနေတယ်။ သူ ဒူးတစ် ဖက် ထောက်သည်၊ ငြိမ်းချမ်းရေး ကျောက် စိမ်း ကို ကိုင်ထားသည်။ သူ ညင်သာစွာ ပြောသည်- "အရိုအသေ ပြုပါတယ်၊ သခင်။" "ဒီလိုလုပ်စမ်းပါ ၊ ငါ ခုနက ကြောင်တောင်တောင်နဲ့ ဆူညံနေတဲ့မင်းပုံစံ ကို မကြိုက်ဘူး!" ယဲ့ယွီ ကျေနပ်စွာ ခေါင်းညိတ်သည်။
ထို့နောက် သူ ငြိမ်းချမ်းရေး စာ ပါဝင်သော ကျောက် တံဆိပ် ကို ကောက်ယူသည်၊ ပြီးတော့ ဂရုတစိုက် စစ်ဆေးသည်၊ ၎င်း အလွန် ရင်းနှီးမှု မရှိကြောင်း သာ တွေ့ရှိ သည်။ ဒါကြောင့် သူတို့ ဖုန် ကျန့်ရှင်၏ မှတ်ဉာဏ်များ ကို ဖတ်သည်။ ၎င်းကို ကြည့်ပြီးနောက် မှ သူ သဘောပေါက်သည်။ မိစ္ဆာ မျိုးနွယ် လည်း မိစ္ဆာ စွမ်းအင် ပြန်လည် ဖြစ်ပေါ်လာခြင်း ကို ကြုံတွေ့ခဲ့ရသည်၊ ပြီးတော့ မိစ္ဆာ ဘုရင် အဆင့်ရှိ ကြီးမားသော မိစ္ဆာများ နိုးထပြီးသား ဖြစ်သည်။ ကျန်းယောင် မြို့တော် တွင် မြို့ သခင် အသစ် ခန့်အပ်ခဲ့သည်။
ဒီ ကျောက် ဆွဲသီး ကို အကူအညီ တောင်းဖို့ မြို့ သခင်သို့ သတင်းစကား ပို့ဖို့ အသုံးပြုခဲ့သည်။ ဒါက မင်းနောက်ကို ဘယ်တော့မှ ထပ်ပီးသုံးစရာ မလိုတော့ဘူး ဆိုတာ ဝမ်းနည်းစရာ ပဲ! ယဲ့ယွီ ငြိမ်းချမ်းရေး ကျောက် စိမ်း ကို သူ့ အိတ်ကပ်ထဲ ထည့်သည်၊ ပြီးနောက် လီ ရွှေ ဂုံး မိစ္ဆာ မျိုးနွယ် ၏ ရှိရာ နေရာ ရှာဖွေရန်အမြန်ဆုံးအချိန်မဆိုင်းပဲ စတင်ရန်နဲ့ ရှေးဟောင်း မိစ္ဆာ၏ အနှစ်သာရ သွေး တစ်စက် ကို ပြန်လည် ရယူရန် ဖုန် ကျန့်ရှင် ကို ညွှန်ကြားသည်။
မကြာခင် ဖုန်ကျန့်ရှင်က သွေး တစ်စက် ပို့ပေး သည်။ ၎င်းကို ခဏတာ စိုက်ကြည့်ပြီးနောက် ယဲ့ယွီ ချက်ချင်း ၎င်းကို မသုံးပေ။ ထိုအစားသူ ရုတ်တရက် အရေးကြီးသော တစ်ခုခု မှတ်မိသည်။ ဒါက အိပ်မက် ထဲမှာ ဖြစ်သည်။ အဲဒီမှာ မျောက် မိစ္ဆာ တစ်ကောင် သူ့ကို ဒီ ရှေးဟောင်း မိစ္ဆာ သွေး တစ်စက် အတွက် ရယူဖို့သူနဲ့ ယှဉ်ပြိုင်နေတာ ရှင်းရှင်းလင်းလင်းကိုမှတ်မိနေခဲ့တယ်၊ ဒါကြောင့် ဘာလို့ ဒီတစ် ခါ မျောက် မိစ္ဆာကဒီသွေးကို မဝယ်သေးတာလဲ? ဒီ တိုတောင်းသော အချိန်ကာလ အတွင်း မိစ္ဆာ ဘုံတွင် မမျှော်လင့်သော ဖြစ်ရပ်များ များစွာ ဖြစ်ပွားခဲ့တာ ဖြစ်နိုင်မလား။ ယဲ့ယွီ အနည်းငယ် ရှုပ်ထွေးသွားသည်။
ထို့နောက် သူ ရှေးဟောင်း မိစ္ဆာ သွေး တစ်စက် ကို သိမ်းသည်။ သူ အခု ဒါကိုမသုံးသေးဘူး၊ နတ်ဘုရားများ အသုံးပြုဖို့ လုံခြုံမှု ရှိမရှိ သူ အရင် ဆုံးဖြတ်ဖို့ လိုသည်။ သေချာတာပေါ့၊ အမြီးပေါက်လာပါက ထိုအမြီး ကိုလည်းဘယ်နေရာမှာထားရမလဲသေချာပြင်ဆင်တာက အကောင်းဆုံး ဖြစ်သည်။ မဟုတ်ရင် နတ်ဘုရား တစ်ပါး တစ်နေကုန် သူ့ အမြီး လှုပ်နေရင် ဘယ်လို ပုံ ပေါက်မလဲ။