အခန်း (၁၆၉-၁၇၀)
Vol. 15 Ch. 169-170
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၆၉
သို့သော် ရှဲ့ယွဲ့ကျင်းသည် အထက်တန်းကျောင်း တက်တာက သူ့အတွက် အရေးမပါကြောင်းကို သိနေခဲ့သည်။ သူ့ရဲ့ ကိုယ်ပိုင် တပ်မဟာက နွံအိုင် တစ်ခုသာ ဖြစ်သည်။ သူသည် အဲ့ကနေ ရုန်းထွက်ရမည် ဖြစ်သည်။
ရှဲ့ယွဲ့ကျင်းသည် အံကိုကြိတ်ပြီး အလယ်တန်းကျောင်း ဝင်ခွင့် စာမေးပွဲကို ဝင်ဖြေခဲ့သည်။ အောင်ပြီးနောက် သူက မြို့ကို တစ်ယောက်တည်း ထွက်သွားခဲ့သည်။ အဲ့အချိန်မှာ ဘဝက သိပ်ပြီး မခက်ခဲခဲ့ပါ။ အဲ့နေရာမှာ စျေးလေးတစ်စျေး ရှိနေခဲ့သည့်အတွက် သူသည် အိမ်မှ ကြက်ဥများကို ခိုးပြီး စျေးထဲမှာ ပြန်ရောင်းခဲ့သည်။
ရှဲ့ယွဲ့ကျင်းက ကြက်ဥနှင့် ကြက်တွေကို ရောင်းပြီး အသီးအရွက်တွေ ခူးဖို့အတွက် တောင်ပေါ်သို့လည်း သွားခဲ့သေးသည်။ ဈေးတွေက အရမ်း ချိုသော်လည်း အနည်းဆုံးတော့ သူက ကျူရှင်ခအတွက် လုံလောက်အောင် စုထားရမည် ဖြစ်သည်။
အခက်အခဲတွေနှင့် အလယ်တန်းကျောင်းကို အောင်ပြီးနောက် ရှဲ့ယွဲ့ကျင်းက စာကို ဆက်ပြီး မလေ့လာတော့ပါ။
သူသည် ဒါဟာ သူ့အသက်မွေးဝမ်းကြောင်း အလုပ်ရဲ့ အဆုံးသတ်ဆိုတာကို သိနေခဲ့သည်။ သူက အသွေးအသားကို ရောင်းမယ်ဆိုရင်တောင် စာလေ့လာဖို့ တတ်နိုင်မည် မဟုတ်ပါ။
ရှဲ့ယွဲ့ကျင်းက အလုပ်စာမေးပွဲကို ဖြေဖို့အတွက် ကောင်စီမြို့နှင့် အနီးဆုံး တပ်မဟာကို ရွေးခဲ့သည်။ စာမေးပွဲတွေ အများကြီးကို ဖြေပြီး နောက်ဆုံးမှာတော့ သူက စားသောက်ဆိုင်မှာ အလုပ်တစ်ခု ရခဲ့သည်။
ရှဲ့ယွဲ့ကျင်း ရှီးဖိုမြို့မှာ အခြေကျပြီးကတည်းက သူသည် ဘယ်တုန်းကမှ မပြန်ခဲ့ပါ။
နောက်ပိုင်းမှာတော့ သူ အဆင်ပြေလာတယ် ဆိုတာကို သူ့အမေက လူတစ်ယောက်ဆီကနေ ကြားခဲ့ရသည်။ ထို့ကြောင့် သူမက လာပြီး သူ့ကို ရှာချင်နေခဲ့သည်။
ရှဲ့ယွဲ့ကျင်းက သူ့အမေကို လာဖို့အတွက် မပြောခဲ့ပါ။ အကြောင်းမှာ သူ့မိသားစု ဘယ်လို လူမျိုးလဲဆိုတာကို သူက ကောင်းကောင်း သိနေခဲ့သည်။ ထို့ကြောင့် သူက လတိုင်း သူ့မိသားစုထံ ငါးယွမ်ပေးပြီး လတိုင်း အဲ့ငွေကို ပြန်ယူသွားဖို့ သူက လူတစ်ယောက်ကို ပြောခဲ့သည်။
အခုချိန်ထိ ရှဲ့ယွဲ့ကျင်းက အေးဆေး၊ တည်ငြိမ်စွာ နေခဲ့ရပြီး နောက်ထပ် နှစ်အနည်းငယ် ကြာပြီးနောက် ကြိုးစားကာ မြို့မှာ အလုပ်တစ်ခု ဝယ်မယ်ဟု တွေးထားခဲ့သည်။
သူက သူမိသားစု၏ လွှမ်းမိုးမှုအောက်ကနေ လုံးဝ ရုန်းထွက်ပြီးနောက် ထိုလူပျင်း မိသားစုကိုလည်း ထပ်ပြီး ထောက်ပံ့ပေးတော့မည် မဟုတ်ပါ။
လီရင်းကို လက်ထပ်တာက ရှဲ့ယွဲ့ကျင်းရဲ့ ဘဝ အစီအစဥ်တွေထဲက အစိတ်အပိုင်း တစ်ခုဖြစ်သည်။
သူ့မှာ အိမ်တစ်လုံးမှ မရှိဘဲ အခုဆိုရင် သူက လတိုင်း အိမ်ငှားနေရဆဲ ဖြစ်သည်။ တကယ်လို့ သူသာ လီရင်းကို လက်ထပ်ခဲ့မယ်ဆိုရင် လက်ထပ်ပြီးနောက် သူက လီရင်းရဲ့ အိမ်မှာ နေလို့ရမည် ဖြစ်သည်။ ပထမဆုံး သူက အိမ်ငှားခကို စုလို့ရမည် ဖြစ်သည်။
လီရင်းမှာလည်း အလုပ်တစ်ခု ရှိနေဆဲ ဖြစ်ကာ အချိန်ကျလာသည့်အခါ သူတို့နှစ်ယောက် အတူတူ ပိုက်ဆံစုပြီး အလုံအလောက် ရလာသည့်အခါ သူက မြို့သို့ သွားနိုင်မည် ဖြစ်သည်။
ဒါပေမယ့် သူက ဒီလောက် အဆင်ပြေအောင် စီစဥ်ထားလိမ့်မယ်ဟု ဘယ်သူကမှ မတွေးထားခဲ့သော်လည်း ဒီနေ့မှာတော့ သူ့ကို လက်ပူးလက်ကြပ် မိသွားခဲ့သည်။
သူ့အမေက နှုတ်တောင် မနှုတ်ဆက်ဘဲ သူ့ကို သတ်ဖို့ သူ့အဖေ၊ အစ်ကိုတွေနှင့်အတူ ချက်ချင်း ရောက်လာခဲ့သည်။
ထို့အပြင် သူ့အမေက ထပ်ပြီး ကိုယ်ဝန်ရနေပြီ ဖြစ်သည်။
ရှဲ့ယွဲ့ကျင်းသည် သူ့ဘေးနားရှိလူတွေ ပြောတဲ့အသံကို နားထောင်ပြီးနောက် ဝင်ပုန်းလို့ရမည့် အပေါက်တစ်ခု ရှာတွေ့ဖို့ကိုသာ ဆုတောင်းနေတော့သည်။
လီရင်းက အလန့်တကြား အော်လိုက်သည်။ “ရှဲ့ယွဲ့ကျင်း၊ ဘာတွေ ဖြစ်နေတာလဲ။”
ရှဲ့ယွဲ့ကျင်းက မြန်မြန် ရှင်းပြခဲ့သည်။ “ရင်ကျိ၊ ကိုယ်ပြောတာ နားထောင်။ ဒီနေ့ ကိုယ့်အမေနဲ့ အခြားသူတွေ ရောက်လာမယ်လို့ ကိုယ် တကယ် မသိခဲ့ပါဘူး။ သူတို့ မကြာခင် ပြန်သွားလိမ့်မယ်။ ကိုယ် ဒါကို သေချာပေါက် ကိုင်တွယ်ပြီး မင်းနဲ့ မပတ်သက်စေရပါဘူး။”
လီရင်းက ဒေါသထွက်သွားခဲ့သည်။ “ရှင် ကျွန်မကို လိမ်တယ်။ ယွဲ့ကျင်း၊ ရှင် ကျွန်မကို လိမ်တယ်။ အရင်က ရှင်ပဲပြောတော့ ကျွန်မကို မလိမ်ပါဘူးဆို။”
ရှဲ့ယွဲ့ကျင်း - “ကိုယ် မင်းကို တကယ် မလိမ်ပါဘူး။ ရင်ကျိ။ ကိုယ့်မိသားစုရဲ့ အခြေအနေတွေ ကိုယ် မင်းကို ပြောပြခဲ့ပါတယ်။ အဲ့ဒါ ဒီနှစ် ပျက်ကပ်ဆိုက်တာကြောင့် မဟုတ်ဘူးလား။”
လီရင်းက ရှက်သလို ခံစားခဲ့ရသည်။ သူမရဲ့ မူလ ရည်ရွယ်ချက်မှာ သူမ ဘယ်လို ကောင်းကောင်း နေနေရလဲဆိုတာ သူမရဲ့ အမျိုးတွေကို မြင်စေချင်လို့ ဖြစ်သည်။ သူမ အမေရဲ့ အကြောင်းက အားရဖို့ မကောင်းသလို ဖုံးကွယ်လို့လည်း မရနိုင်ပါ။ အဲ့ကိစ္စ ပေါ်သွားတာနှင့် တစ်ပြိုင်နက် သူမ ကောင်းမွန်စွာ အိမ်ထောင်ကျထားသည့်အတွက်ကြောင့် ထိုအမျိုးများက သူမကို သေချာပေါက် အထင်သေးမည် မဟုတ်ပါ။
သို့သော် အခုဆိုရင် သူမအတွက် အရေးကြီးတဲ့နေ့က ဟာသတစ်ခုလို ပြောင်းလဲသွားခဲ့သည်။
လီရင်းက အော်လိုက်သည်။ “ကျွန်မ လက်မထပ်ဘူး။ ကျွန်မ မင်္ဂလာမဆောင်တော့ဘူး။”
ရှဲ့ယွဲ့ကျင်းက အလန့်တကြား ဖြစ်သွားခဲ့သည်။ သူ့အမေနှင့် အခြားသူတွေက မျက်လုံးကြီးပြူးပြီး အပြင်ဘက်မှာ ရပ်နေခဲ့ကြသည်။ သူ့ဘေးနားရှိ အမျိုးတွေကို မဆိုထားနှင့် ဆိုင်ထဲရှိ စားပွဲထိုးများနှင့် လုပ်ဖော်ကိုင်ဖက်များ အားလုံးကတောင် အထဲကို ကြည့်နေခဲ့ကြပြီး ရံဖန်ရံခါ မှတ်ချက်တွေ ပေးနေခဲ့သည်။
သူတို့ရဲ့ မျက်လုံးထဲမှာ အထင်သေးတဲ့ အကြည့်တွေ ရှိနေခဲ့သည်။ ဘယ်လိုအချိန်မျိုးပဲ ဖြစ်နေပါစေ သူတို့ရဲ့သားက ဒီလိုနေရာမှာ ပွဲကြီးတစ်ပွဲ ကျင်းပနေသည့်အခါ မိဘတွေအတွက် ဘာတစ်ခုမှ မလုပ်ပေးဘူးဆိုရင် အဆင်ပြေလိမ့်မည် မဟုတ်ပါ။
ဒီလူတွေက ခြေဟန် လက်ဟန်ဖြင့် သူ့အကြောင်း ဘာပြောမလဲဆိုတာကို ရှဲ့ယွဲ့ကျင်းက သိနေခဲ့သည်။
'နှလုံးသား မရှိဘူး၊ အသိတရား မရှိဘူး။ ပြီးတော့ ကျေးဇူးလည်း မသိတတ်ဘူး။'
လီရင်းက ထပ်ပြီး ပြဿနာတစ်ခုကို စရှာခဲ့သည်။ သူမက ငိုပြီး လက်မထပ်ဘူးဟု အော်ဟစ်နေခဲ့သည်။ သူမဘေးနားရှိ အမျိုးတွေ အားလုံးက သူမရဲ့ မိသားစုဝင်များ ဖြစ်ကြသည်။ သူမကို တားတာက မမှန်သလို မှားလည်း မမှားပါ။ သူမကို ဖြေသိမ့်ဖို့က ခက်ခဲသည်။
သူ သူတို့ကို ဘယ်လို ဖျောင်းဖျပေးနိုင်မှာလဲ။ တကယ်လို့ သူတို့က ယောက်ျားလေးဘက်က အမျိုးတွေသာဆိုရင် အနည်းဆုံးတော့ သူ့တို့ကို သူက ဖျောင်းဖျပေးလို့ ရမှာပဲ။ ပြီးတော့ သူတို့မှာ လက်ထပ် စာချုပ်က ရပြီးသွားပြီလေ။ ဒီတစ်ခေါက်ကျမှ သူတို့က ဘာအကြောင်းနဲ့ လက်မထပ်ချင်တော့ဘူးဆိုပြီး ပြောနေရတာလဲ။ ကွာရှင်းလို့ မရတော့ဘူးလေ၊ ဟုတ်တယ်မလား။
သို့သော် သူတို့သည် မိန်းကလေးဘက်မှ အမျိုးတွေ ဖြစ်ပြီး သူတို့ကို ဖျောင်းဖျဖို့ အရမ်း ခက်ခက်ထန်ထန် လုပ်ခဲ့မယ်ဆိုရင် သူတို့သည် သူတို့လူဘက်က မဟုတ်ဘူးဟု မြင်သွားကြလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူမကို ဖျောင်းဖျဖို့ ကြိုးစားခဲ့သည့် တစ်ယောက်တည်းသောသူက လီရင်းရဲ့ လေးယောက်မြောက် ယောင်းမဖြစ်သည်။
လီရင်းရဲ့ လေးယောက်မြောက် ယောင်းမက လီရင်းရဲ့ မျက်ရည်တွေကို သုတ်ပေးပြီး ဘာစကား တစ်ခွန်းမှ မပြောဘဲ ခွေးခြေခုံပေါ်သို့ သူမကို တွန်းလိုက်သည်။
လီရင်းရဲ့ အစ်ကိုတွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြပြီး သူတို့က အနည်းငယ် အသိဉာဏ် မရှိဘူးဟု တွေးမိခဲ့ကြသည်။
ဒီအခြေအနေမျိုးမှာ လီမိသားစုရဲ့ လေးယောက်မြောက်သားက ဉာဏ်ကောင်းနေဆဲ ဖြစ်သည်။
သူက ရှဲ့ယွဲ့ကျင်းရဲ့ အင်္ကျီကော်လံစကို ဆွဲပြီး မေးလိုက်သည်။ “ရှဲ့ယွဲ့ကျင်း၊ မင်းက တမင်တကာ ငါတို့ လီမိသားစုကို အရှက်ရအောင် ကြိုးစားနေတာလား။”
ရှဲဲ့ယွဲ့ကျင်းက ရှင်းပြခဲ့သည်။ “အစ်ကို၊ ကျွန်တော်က ဘယ်လိုလုပ် သိမှာတဲ့လဲ။”
ဒီအခြေအနေကို သူတကယ် မထိန်းချုပ်နိုင်တော့ပါ။
လီမိသားစုရဲ့ လေးယောက်မြောက်သား - “ဟိတ်ကောင်၊ မင်းက ဒီကိုလာပြီး ငါတို့ညီမလေးကို လှည့်စားသွားတာ။ အခုကနေစပြီးတော့ မင်းမိဘနဲ့ တစ်မျိုးလုံး တစ်ဆွေလုံးက မင်းနဲ့အတူ နေတော့မှာလား။”
ရှဲ့ယွဲ့ကျင်း - “အဲဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့ ချက်ချင်း ပြန်သွားလိမ့်မယ်။”
ရှဲဲ့ယွဲ့ကျင်းက သူ့ရဲ့လက်ကို မြှောက်ပြီး ကျန်ပြောခဲ့သည်။ “မြို့မှာဆို သူတို့ဘဝတွေက အသားကျမှာ မဟုတ်ဘူး။ သူတို့ ပြန်သွားဖို့ ချက်ချင်း စီစဥ်ပေးလိုက်မယ်။”
“ယွဲ့ကျင်း၊ ငါတို့ မပြန်ဘူး။ မင်း မသိဘူးလား။ ငါတို့ရဲ့ အိမ်တွေကလည်း ပြိုသွားပြီလေ။ ငါတို့တွေ ပြန်လို့ မရတော့ဘူး။”
ရှဲ့ယွဲ့ကျင်းက သူ့မိန်းမ မိသားစုနှင့် ညှိဖို့အတွက် အကြံထုတ်နေချိန်မှာ သူ့အမေက သူ့ကို ပြန်ဆွဲထားခဲ့သည်။
ရှဲ့ယွဲ့ကျင်းရဲ့ အမေက သူမရဲ့ သားအနောက်ကို ထပ်ပြီး လုပ်ရမှာကို စိုးရိမ်နေသည့်အတွက် သူမက မြန်မြန် ဆက်ပြောခဲ့သည်။ “ နွေရာသီဆို ငါတို့အိမ်က အခြေအနေ မကောင်းဘူး။ ဟိုတစ်လောတုန်းက ငါတို့ အိမ်ကို မိုးသီးတွေ ထိသွားသေးတယ်။ နောက်ပိုင်း ငါတို့တွေ အဲ့ဒါကို လုပ်ရင်းနဲ့ အလုပ်ရှုပ်နေခဲ့ကြတာ။ လွန်ခဲ့တဲ့ ရက်တုန်းကလည်း မိုးတွေရွာပြီး အဲ့ဒါက ပျက်စီးသွားပြန်တယ်။”
စောင့်ရှောက်ရင်း အလုပ်ရှုပ်နေတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ခဗျားတို့က စောင့်ရှောက်ဖို့ အရမ်း ပျင်းတယ်ဆိုတာ သိသာနေတာပဲလေ။
ရှဲ့ယွဲ့ကျင်းက သွေးတွေ အန်ထွက်မလိုကို ဖြစ်နေခဲ့သည်။
မိုးရွာရင်တော့ ရေယိုမှာပဲ။
လီလောင်စစ်က မျက်မှောင်ကို ကြုတ်ပြီး ပြောခဲ့သည်။ “ရှဲ့ယွဲ့ကျင်း၊ မင်း ဘာတွေ ပြောနေတာလဲ။ ငါတို့ရဲ့ ရင်းကျီက အခြေအနေ မဆိုးပါဘူး။ သူက မင်းကို သူ့မိသားစုကို စောင့်ရှောက်ဖို့နဲ့ ပြဿနာကနေ လွတ်ဖို့ပဲ လုပ်ခဲ့တာ။ အခု မင်း ငါတို့ကို ဖြေရှင်းချက်တစ်ခုခု ပေးကို ပေးရမယ်။”
လီရင်းက ထိုစကားကို ကြားသည့်အခါ ပိုပြီးတောင် ကျယ်လောင်စွာ အော်ငိုတော့သည်။
ရှဲ့ယွဲ့ကျင်းက သူမိဘနှင့် ညီအစ်ကိုတွေက တစ်ဖက်မှာ ရှိပြီး အလယ်မှာ ကြားညပ်နေခဲ့သည်။ သူတို့ရဲ့ အဝတ်တွေက စုတ်ပြတ်နေရုံသာမက ကိုယ်ဝန်ရှိနေတဲ့ သူ့အမေကလည်း သူ့ကို ရေဖြင့် ပတ်လိုက်သည်။
ဖြေရှင်းချက်တစ်ခုအတွက် ပူညံပူညံ လုပ်နေသည့် တစ်ဖက်ရှိ သူသည် တကယ်လို့ တစ်ဖက်လူက ကျေနပ်လောက်သည့် အဖြေမျိုး မပေးဘူးဆိုရင် ဒီအိမ်ထောင်ရေးက အလကား ဖြစ်သွားမှာကို စိုးရိမ်နေခဲ့သည်။
ရှဲ့ယွဲ့ကျင်းက အရမ်းကို စိုးရိမ်နေသည့်အတွက် လုံးဝကို ချွေးသီးချွေးပေါက် ကျနေခဲ့သည်။
ဝမ်ကောတုန်သည် ကိစ္စတွေက အဆင်မပြေတာကို မြင်သည့်အခါ ထွက်ပြေးသွားခဲ့ပြီး ဖြစ်သည်။ သူသည် အခန်းထဲရှိ လူတွေကို ကြည့်လိုက်ပြီး သူသည် ရှဲ့ယွဲ့ကျင်း၏ ခေါင်းဆောင်အနေဖြင့် သူ့ကို အနောက်မှာ ချန်ထားပြီး ဒီကိစ္စကို တာဝန်ခံခိုင်းမှာ စိုးရိမ်နေခဲ့သည်။
ဒီကိစ္စနှင့် ပတ်သက်ပြီး သူဘာမှ မလုပ်နိုင်ပါ။
သူ့အတွက်တော့ နှစ်ဖက်လုံးနှင့် ညှိဖို့က လွယ်ကူပုံ မရပါ။ မိသားစုကိစ္စတွေ ပါဝင်လာသည့်အတွက် သူဘာပြောပြော အပြစ်တင်ခံရမည် ဖြစ်သည်။
အရင်ဆုံး ထွက်သွားပြီး နောက်မှ ပြန်လာတာက ပိုကောင်းလိမ့်မည် ဖြစ်သည်။
ဝမ်ကောတုန်က ထွက်ပြေးသွားပြီး ရှဲ့ယွဲ့ကျင်းက အလယ်မှာ ပိတ်မိနေခဲ့ကာ စိတ်ရှုပ်ကာ မြေပေါ်တွင် ထိုင်ချလိုက်သည်။
လီမိသားစုရဲ့ ဒုတိယသားက အော်ပြောလိုက်သည်။ “ယွဲ့ကျင်း၊ မင်း ငါတို့ကို ဖြေရှင်းချက်တစ်ခုတော့ ပေးကို ပေးရမယ်။ ငါတို့ ညီမလေးက လက်ထပ်ရတော့မယ်။ ပြီးတော့ မင်းက အခုလိုမျိုး အရှက်မရှိတဲ့သူ မဟုတ်ပါဘူး။ အဲ့ဒါအပြင် ငါတို့ ရင်းကျီက သာမန် အလုပ်သမားတစ်ယောက်ပါပဲ။”
တစ်ခုခု မှားနေတယ်ဟု လီလောင်စစ်က တွေးလိုက်ပြီး အနီးအနားရှိ ဆွေမျိုးများ တီးတိုးပြောနေတာကို ကြားသည့်အခါ လီလျိုအာကို တားဖို့ လုပ်လိုက်သည်။
“ရင်းကျီက သာမန် အလုပ်သမားတစ်ယောက်လား။ ဘယ်လို သာမန် အလုပ်သမားလဲ။ သူ့မှာ အလုပ် မရှိဘူး မဟုတ်လား။”
“ဟုတ်တယ်။ သူ့အမေက သူ့အတွက် အလုပ်တစ်ခုခု စီစဥ်ပေးရင်တောင် သူက သူ့ယောင်းမတွေကိုပဲ ဦးစားပေးမှာ ဟုတ်တယ်မလား။”
ရှဲ့ယွဲ့ကျင်းသည် သူ့ဘဝတစ်လျှောက်လုံး ဒီနေ့လောက်အထိ ဘယ်တုန်းကမှ ထိတ်လန့်ဖို့ မကောင်းခဲ့ကြောင်း ခံစားမိခဲ့သည်။
“နင် ဘာတွေ ပြောနေတာလဲ။ လီရင်းမှာ အလုပ်မရှိဘူး လား။”
ဒါက လူအချို့ လိမ်ကြတဲ့ပုံဖြစ်ပြီး သူတို့ လိမ်သည့်အခါ သူတို့ကိုယ်သူတို့ အလွယ်တကူ အလွယ်တကူ လှည့်စားခဲ့ကြသည်။
ဒါဟာ လီမိသားစုရှိ ဒုတိယသားရဲ့ ပြဿနာ ဖြစ်သည်။
လီရင်းနှင့် ရှဲ့ယွဲ့ကျင်းတို့ မင်္ဂလာစာချုပ်ကို ရပြီးနောက် သူတို့ရဲ့ မင်္ဂလာပွဲ ကျင်းပကတည်းက ဒါဟာ သေချာတဲ့ ကိစ္စတစ်ခုဟု ခံစားခဲ့ရသည်။ လီရင်းက ဓာတ်ဗူး စက်ရုံမှာ သာမန် အလုပ်သမားတစ်ယောက် ဖြစ်တယ်ဟု စိတ်ထဲမှာ သူ့ကိုယ်သူ ရိုက်သွင်းနေခဲ့သည်။
သူက လီရင်းကို ဓာတ်ဗူးစက်ရုံရဲ့ အတွင်းကိစ္စ အကြောင်းကိုတောင် ပြောပြခဲ့ပြီး ရှဲ့ယွဲ့ကျင်းရဲ့ အရှေ့မှာ ပီပီပြင်ပြင် လိမ်ဖို့အတွက် လီရင်းကို ပြောခဲ့သည်။
ထို့ကြောင့် ခနကြာပြီးနောက် အခုဆိုရင် လီရင်းက သူ့အစ်ကိုတွေရဲ့ အရှေ့မှာ အမူအရာမပျက် ဓာတ်ဗူး စက်ရုံ၏ စိတ်ဝင်စားစရာ အကြောင်း အချို့ကို ပြောနိုင်ခဲ့သည်။ ရှဲ့ယွဲ့ကျင်းက တကယ် ယုတ်မာသော်လည်း မြို့မှာ သူ့ရဲ့ သူငယ်ချင်း၊ ဆွေမျိုး တစ်ယောက်မှ မရှိပါ။ လီမိသားစု တစ်စုလုံးက သူ့ကို လှည့်စားတယ်ဟု သူက ဘယ်လိုလုပ် ပြောနိုင်မှာလဲ။
လီလျိုအာရဲ့ စကားတွေက ရှဲ့ယွဲ့ကျင်းရဲ့ နှလုံးသားကို သံသယမရှိ တုန်လှုပ်ခဲ့သည်။
သူက လုံးဝ နေလို့မကောင်းပါ။
“လီရင်း၊ ငါ့ကို ရှင်းပြဦး။ ဘာတွေ ဖြစ်နေတာလဲ။”
ဘယ်လိုတောင် ထူးခြားလိုက်တာလဲ။ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ လီရင်းက ရှဲ့ယွဲ့ကျင်းကို အလားတူ မေးခွန်းမျိုး မေးလိုက်သည်။
မီးဖိုချောင်ထဲရှိ ရှုရွှမ်းက ပွဲကို လက်စသတ်ခဲ့သည်။ ဟင်းတွေကို ချပေးမည့် စားပွဲထိုးတွေက သူတို့ရဲ့ လက်ထဲမှာ ဖရုံစေ့တွေကို ဖွက်ထားခဲ့သည်။ ရှုရွှမ်းကလည်း မီးဖိုချောင်ထဲက ထွက်ကာ တံခါးနားမှာ ရပ်လိုက်သည်။
အခြေအနေတွေ မကောင်းတာကို မြင်သည့်အခါ လီရင်းက အစပိုင်းမှာတော့ မျှော်လင့်ချက်တွေကို လက်လျှော့ဖို့ အလောတကြီး ဖြစ်သွားခဲ့ရသည်။
“ရှင် ကျွန်မကို ဘာကိစ္စကြောင့် လာအော်နေရတာလဲ။ မကြာသေးခင်ကမှ ကျွန်မရဲ့ အလုပ်ကနေ ထွက်လိုက်တာလေ။ ရှင့်အလုပ်က အဆင်မပြေလို့လား။ ရှင်က ကျွန်မကို မထောက်ပံ့ပေးနိုင်ဘူးလား။ အဲ့ဒါအပြင်….”
လီရင်းက ဒါကို ကိစ္စကြီးတစ်ခုလို ပြောနေခဲ့သည်။ “ရှင်က ကျွန်မအပေါ်မှာ အမြဲတမ်း ကောင်းပေးမယ်လို့ မပြောခဲ့ဘူးလား။ ကျွန်မမှာ အလုပ်ရှိတာ မရှိတာက ကိစ္စမရှိဘူး။ တကယ်လို့ ရှင်သာ ကျွန်မအပေါ် ကောင်းပေးချင်တယ်ဆိုရင် ဒီလို အပြင်အခြေနေကို မကြည့်သင့်ဘူး။”
လူတိုင်း - ......
ဒါက တော်တော်လေးကို အကျိုးအကြောင်း မဆီလျော်တာပဲ။
ဘယ်သူမှ သတိမထားမိခင်မှာ လီလောင်စစ်ရဲ့ မိန်းမက ဘေးသို့ တိတ်တဆိတ် ရွှေ့သွားခဲ့သည်။
သူမက လီရင်းကို ထိုစကားများနှင့် ဆွဲဆောင်ခဲ့သည့် တစ်ယောက်တည်းသောသူ ဖြစ်သည်။ ထို့အပြင် လီရင်းသည် ဒီလိုကိစ္စကြီးမျိုးကို အရင်က မလုပ်ခဲ့ဖူးပါ။ သူမက ရှဲ့ယွဲ့ကျင်းနှင့် လက်ထပ်စာချုပ် မရခင်အထိ ညသန်းခေါင်ဆိုရင် အိပ်လို့တောင် မရပါ။ လေးယောက်မြောက်သားရဲ့ ဇနီးက သူမကို အယုံသွင်းဖို့ ထိုစကားတွေကို သုံးခဲ့သည်။
လီလျိုအာလိုပဲ သူပြောသမျှကို အရာအားလုံးကို ယုံခဲ့သည်။ ဘာကြောင့်လဲဆိုတာ လီရင်းက မသိပါ။ သို့သော် တကယ်တမ်းမှာတော့ သူမက လောင်စစ် မိန်းမရဲ့ စကားတွေကို စိတ်ထဲမှာ မှတ်ထားခဲ့သည်။
သူမရဲ့ ယောင်းမဖြစ်သူ ပြောတာက မှန်တယ်ဟု ခံစားခဲ့ရသည်။ တကယ်လို့ သူမက တကယ့် ယောက်ျားသာဆိုရင် ဘာလို့ ဒီလိုကိစ္စ အမျိုးမျိုးကို ဂရုစိုက်နေမှာလဲ။ သူမက ရှဲ့ယွဲ့ကျင်းရဲ့ ဆင်းရဲသည့် မိသားစု နောက်ခံကိုတောင် အပြစ်မတင်ခဲ့ပါ။
လီရင်းသည် သူမမှာ အလုပ်မရှိသော်လည်း သူမက မြို့မှာ ကြီးပြင်းလာသည့် မိန်းကလေးတစ်ယောက် ဖြစ်သည့်အတွက် ရှဲ့ယွဲ့ကျင်းလို လယ်သမား တစ်ယောက်အတွက် ပိုပြီး သင့်တော်တယ်ဟု တွေးမိခဲ့သည်။
သူက သူ့ဘာသာ ရုန်းထွက်ဖို့ ကြိုးစားခဲ့ရုံပဲလေ။ ဒီလို လှည့်စားမှုလေးကို သူမက ဘယ်လိုလုပ် ဂရုစိုက်နိုင်မှာလဲ။
လီရင်းရဲ့ ကိုယ့်ကိုကိုယ် ကျေနပ်နေမှုက ချင်ချင်း ရှဲ့ယွဲ့ကျင်းအတွက် သည်းခံနေရင်း ပြဿနာတစ်ခုကို ထပ်ဖြစ်စေခဲ့သည်။
ရှဲ့ယွဲ့ကျင်းက လုံးဝကို ဒေါသထွက်နေသည်။ ' မင်း အပြင် ကိစ္စတွေကို ဂရုမစိုက်သင့်ဘူး။ မင်းကိုယ်မင်းပဲ နားထောင်ပါ။ မင်း အဲ့ဒါကို ယုံလား။'
'တကယ်လို့ မင်းက အခြေအနေတွေကို ဂရုမစိုက်ဘူးလို့ ပြောပြီး ငါက မြို့မှာ ဒီစားဖိုမှူးအလုပ် မရှိဘူးဆိုရင် မင်းက ငါ့ကို သဘောကျမယ်လို့ မင်းထင်လား။'
လူတွေက အဲ့ဒါကို ထပ်ပြီး မထိန်းနိုင်တဲ့အချိန်မျိုးဆို သူတို့က ဘာကိုမှ မတွေးဘဲ စကားပြောဖို့ကိုပဲ ရည်ရွယ်ကြလိမ့်မည်။ ရှဲ့ယွဲ့ကျင်းက ချက်ချင်းဆိုသလို စပြီး ကျိန်ဆဲတော့မည် ဖြစ်သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၇၀
သူသည် သူငယ်ငယ်ကတည်းက ကြားဖူးခဲ့သည့် ညစ်ညမ်းသော စကားများ အားလုံးဖြင့် ဆဲခဲ့သည်။ သို့သော် စကားတွေ အားလုံးက ဗလုံးဗထွေးတွေ ဖြစ်နေခဲ့ပြီး ဘာစကားမှ ရေရေရာရာ မရှိပါ။
ငယ်ငယ်ကတည်းက အရွယ်ရောက်သည်အထိ သူက ခြေလှမ်းတိုင်းကို တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းကာ အကောင်ဆုံး ကြိုးစားပြီး အရာရာကို သေသေချာချာ စီစဥ်ခဲ့သည်။
ရလဒ်အနေဖြင့် သူက ဘဝရဲ့ အရေးကြီးသည့် ဒီလို လက်ထပ်ပွဲမျိုးမှာ နှောင့်နှေးမှုကြီး တစ်ခုကို ခံစားခဲ့ရသည်။
တကယ်လည်း လီရင်းက သူ့ကို လိမ်ခဲ့သည်။
ဘာသာမန်အလုပ်လဲ။ သူမမှာ အလုပ်မရှိဘူးဟု သူ့ကို သူမက စောစောစီးစီး ပြောပြခဲ့မယ်ဆိုရင် သူက သူမကို လုံးဝ အဆက်အသွယ်လုပ်မည် မဟုတ်ပါ။
ရှဲ့ယွဲ့ကျင်းရဲ့ တုံ့ပြန်မှုက လီရင်းကို အတော်လေး မကျေမနပ် ဖြစ်စေခဲ့သည်။
လီရင်းကလည်း သူ့ကို ကျိန်ဆဲခဲ့သည်။ “ရှဲ့ယွဲ့ကျင်း၊ ရှင်က ဘာလို့ မျက်လုံးဖွင့်ပြီး ရှင့်ရဲ့ အကျည်းတန်တဲ့ ပုံစံကို မကြည့်တာလဲ။ ရှင်က ကြည့်ကောင်းလို့လား။ ဒါမှမဟုတ် လုပ်ရည်ကိုင်ရည် ရှိလို့လား။ ရှင်က စားဖိုမှူးလေး တစ်ယောက်သာသာပါပဲ။ ရှင့် တစ်မိသားစုလုံးရဲ့ ခြေထောက်ကို တရွတ်တိုက် ဆွဲရင်တောင် ကျွန်မက အထင်မကြီးဘူး။ အဲ့ဒါကို ရှင်က ကျွန်မကို အထင်သေးရဲတယ်ပေါ့လေ။ ကျွန်မ ရှင့်ဆီကနေ ခန်းဝင်ခတောင် မယူခဲ့ဘူး။ ပြီးတော့ ရှင် ကျွန်မကို ကောင်းကောင်း ဆက်ဆံဖို့ မနေ့ကလေးတင် ကျိန်ပြောခဲ့တာ။ ဒါပေမယ့် အခုတော့ ရှင့်မျက်နှာက ကျွန်မကို ဆန့်ကျင်နေပြီ။ ရှင်က ယောက်ျား တစ်ယောက်မှ ဟုတ်ရဲ့လား။”
ရှဲ့ယွဲ့ကျင်းက ဆဲဆိုသမျှ စကားတိုင်းကို တုံ့ပြန်ခဲ့သည်။
…….
မင်္ဂလာပွဲကို ရောက်လာကြသည့် လူတိုင်းက မှင်သက်နေခဲ့ကြသည်။
တစ်ဝက်လောက် စားပြီးသောက်ပြီး သတို့သားနှင့် သတို့သမီးက အမျိုးများရဲ့ အရှေ့မှာ တစ်ယောက်ကို တစ်ယောက် စတင် ဆဲဆိုနေခဲ့ကြကာ ရန်ဖြစ်ဖို့ သူတို့ရဲ့ အင်္ကျီလက်တွေကိုတောင် တင်လုနီးပါး ဖြစ်ခဲ့ကြသည်။ သူတို့သည် သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီလိုမျိုး မြင်ကွင်းမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါ။
ထိုအချိန်မှာပဲ လီမိသားစုရဲ့ အကိုတွေကလည်း ဝင်ပါခဲ့ကြသည်။ သူတို့ရဲ့ ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်များဖြင့် ထရပ်ပြီး ချက်ချင်းဆိုသလို လီရင်းရဲ့ အနောက်မှာ ရပ်လိုက်ကြသည်။
“ရှဲ့ယွဲ့ကျင်း၊ ငါ နင့်ကို ပြောနေတယ်။ အခုဆိုရင် ငါတို့က လက်ထပ်စာချုပ်လည်း ချုပ်ပြီးသွားပြီ။ ငါ့ကို ဒီလိုလုပ်ဖို့ တွေးတောင် မတွေးနဲ့။ နင်လည်း ငါ့ကို နင့်မိသားစုအကြောင်း လိမ်ပြောခဲ့တာပဲ။ အဲ့တော့ အခု ငါတို့က ကြေသွားပြီလေ။ ကျေးလက်ဒေသဆီကို နင့်မိဘတွေ မြန်မြန် ပြန်ပို့လိုက်တော့။”
လီရင်းသည် သူမ ဘေးနားရှိ လူတွေရဲ့ အတွေးများကို ဂရုမစိုက်ဘဲ ဒီလိုမျိုး အော်လိုက်သည်။ သူမက မျက်နှာပျက်ထားပြီး ဖြစ်သည့်အတွက် ဘာကိုမှ ဆုံးရှုံးနိုင်တော့မည် မဟုတ်ပါ။
ကံကောင်းစွာဖြင့် လက်ထပ်စာချုပ်ကို လုပ်လိုက်ပြီ ဖြစ်သည့်အတွက် ရှဲ့ယွဲ့ကျင်းက သူမနှင့် ကွာရှင်းပြီး နောက်တစ်ယောက် ထပ်ရှာဖို့ မတွေးသင့်တော့ပါ။
လီမိသားစုထဲရှိ အကိုတွေကလည်း ဝင်ပါလာခဲ့သည်။
“အဲဲဒါတော့ ဟုတ်တယ်။ ငါတို့တွေ မင်းမိသားစုရဲ့ အခြေအနေတွေကို မမေးခဲ့ဘူး။ မင်းလို အရွယ်ရောက်တဲ့ ယောက်ျားတစ်ယောက်က ငါ့ညီမ အလုပ်မရှိတာကို ဘယ်လိုလုပ် ဂရုစိုက်ရဲရတာလဲ။ မင်း ငါ့ညီမလို အခြေအနေမျိုးနဲ့ နောက်တစ်ယောက်ကို ရှာနိုင်တယ်ဆိုရင်တော့ မင်း ကံကောင်းတာပေါ့။”
ထို့နောက်မှာတော့ ရှဲ့ယွဲ့ကျင်းသည် အခြားသူများကို ချုပ်ကိုင်ဖို့ အင်အား သုံးရတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုသာ သိရှိသွားခဲ့သည်။
လီမိသားစုရှိ ညီအကိုများက ထိုမကျေနပ်ချက်ကို ဖုံးကွယ်ဖို့ သူ့ကို လိုချင်တယ်ဆိုတာ သေချာသည်။
ရှဲ့ယွဲ့ကျင်းက အတော်လေး ဒေါသထွက်ကာ ထရယ်ခဲ့သည်။ “မင်းတို့ကောင်တွေက စိတ်ကူးယဥ်နေရုံပါပဲ။ မင်းတို့က ငါ့ကို တစ်ခါ လိမ်တယ်။ ပြီးတော့ နှစ်ခါ လိမ်တယ်။ အရင်က လီရင်းမှာ အလုပ်ရှိတယ်ဆိုပြီး လိမ်ခဲ့တယ်။ အဲ့တော့ ငါ့ကို ဖုံးကွယ်ထားတဲ့ တစ်ခြားအရာတွေလည်း မင်းတို့မှာ ရှိကိုရှိရမယ်၊ ဟုတ်တယ်မလား။”
ရှဲ့ယွဲ့ကျင်းက မတုံးပါ။ သူ အရင်က ဒီအကြောင်းကို ထိုနည်းအတိုင်း မတွေးခဲ့ဖူးပါ။ သို့သော် အခုဆိုရင် လီမိသားစုက ကူညီဖို့ အရမ်းကို ဆန္ဒရှိနေသည့်အတွက် အဲ့ဒါရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိကို ရှိရမည်။
တကယ်လို့ ရှဲ့ယွဲ့ကျင်းက သဘောတူလိုက်မယ်ဆိုရင် အဲ့ဒါက ထူးဆန်းနေလိမ့်မည် ဖြစ်သည်။
“ငါ စိတ်မဝင်စားဘူး။ မင်းတို့တွေ ငါ့ကို လိမ်နေကြတာ။ ငါ့လက်ထပ်ပွဲကို ဖျက်သိမ်းဖို့အတွက် ငါသွားပြောမယ်။”
ရှဲ့ယွဲ့ကျင်းသည် နှစ်တွေအများကြီး လေ့လာထားသည့်အတွက် သူက အခြားသူတွေထက် ပိုသိသည်။
သူက ထိုအကြောင်းကို သိသည်။ လွန်ခဲ့သော နှစ်အစောပိုင်းတုန်းက သူသည် အမျိုးသမီးတွေရဲ့ အခွင့်အရေးများအတွက် စိတ်အားထက်သန်စွာ ထောက်ခံပေးခဲ့ချိန်တွင် တကယ်လို့ လက်ထပ်ပွဲက လိမ်လည်ပြီး ဖြစ်ခဲ့ရတာဆိုရင် အဲ့ဒါကို သက်သေပြဖို့ လူတစ်ယောက်ရှာပြီး ဖျက်သိမ်းလို့ ရတယ်ဟု သူက ပြောခဲ့သည်။
အခုဆိုရင် ရှဲ့ယွဲ့ကျင်းက သနားဖို့ကောင်းတယ်ဟု ခံစားခဲ့ရသည်။ သူက လီရင်းကို တင်တောင်းပစ္စည်း မပေးခဲ့ရသော်လည်း သူသည် လီရင်းအတွက် အများကြီး အကုန်ကျခံထားခဲ့ရသည်။
ရှုရွှမ်း ဆိုင်မှာတုန်းက သူသည် အဲ့ဒါကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။ သူက လီရင်းကို တစ်ခုခု ပေးလိုက်တိုင်း အဲ့ဒါအတွက် သူ့ဘာသာ ပေးခဲ့ရပြီး ကုန်ကျစရိတ်ကလည်း မနည်းပါ။
ပထမ နှစ်ဝက်မှာ အမျိုးသမီးကြီး မစ္စလီနှင့် တွေ့ပြီးနောက်မှာတောင် သူမက တစ်ခါတစ်လေ ဆိုင်ကိုလာပြီး ဝက်ခြေထောက်၊ ဝက်လက် ဒါမှမဟုတ် ကြက်ပေါင်များကို လာတောင်းလေ့ ရှိသည်။ သူမရဲ့ အိမ်မှာ ဧည့်သည်တွေ ရှိသည့်အတွက် သူတို့ကို ဧည့်ခံဖို့ ဟင်းပွဲအချို့ ဝယ်ချင်သော်လည်း ကံမကောင်းစွာဖြင့် သူမ အပြင်ထွက်လာတုန်းက ပိုက်ဆံယူဖို့ မေ့ခဲ့တယ်ဟု သူမက ပြောခဲ့သည်။
ရှဲ့ယွဲ့ကျင်းက မတုံ့မဆိုင်းဘဲ လိုအပ်တာကို လုပ်ပေးခဲ့သည်။
ကုန်ကုန်ပြောရရင် ပိုက်ဆံက အတော်လေး များသည်။
ရှဲ့ယွဲ့ကျင်းက အရမ်းကို စိတ်ပျက်သွားခဲ့ရသည်။
ဒါဟာ သူ့ရဲ့ ပထမဆုံးအကြိမ် ချိန်းတွေ့ဖူးခြင်းဖြစ်ကာ ဘာအတွေ့အကြုံမှ မရှိခဲ့ပါ။ ထို့အပြင် သူသည် ဆင်းရဲသည့် နေရာတစ်ခုမှ ရောက်လာသည့်အတွက် လီရင်းလို မြို့သူတစ်ယောက်ကို အထင်ကြီးခဲ့မိသည်။
သူ့ရဲ့ အားလပ်ချိန်တွေမှာ သူသည် ဘုရားသခင်က မတရားဘူးဟု တွေးရင်း စိတ်ရှုပ်နေခဲ့သည်။ တကယ်လို့ သူ့မှာ ရှုရွှမ်းလို မျက်နှာမျိုး ရှိမယ်ဆိုရင် သူက အရမ်းကြီး သတိထားနေရမည် မဟုတ်ပါ။ သူ့ရဲ့ မျက်နှာကိုသာ အမှီပြုပြီး မိန်းမတစ်ယောက်ကို ရှာနိုင်သည်။
သို့သော် အခုချိန်မှာတော့ အဲ့ဒါကို ပြောဖို့ဆိုတာ အရမ်း နောက်ကျသွားပြီဖြစ်ကာ သူ့ကို လီရင်းက လိမ်နေဆဲ ဖြစ်သည်။
လီညီအစ်ကိုများသည် ဒီလို တရားမဝင်သည့် လက်ထပ်ပွဲမျိုး ရှိတယ်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပါ။
သူတို့က တုန်လှုပ်ကာ ဒေါသထွက်သွားခဲ့ကြသည်။ ဒါဟာ သူတို့ တွေးထားတာကို ကျော်လွန်နေခဲ့သည်။
အစတုန်းက သူတို့သည် လက်ထပ်စာချုပ် ရသည့်အခါ ရှဲ့ယွဲ့ကျင်းက အဲ့ဒါကို လက်ခံလိမ့်မည်ဟု သူတို့က တွေးထားခဲ့ကြသည်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ လီရင်းက ငယ်ရွယ်ပြီး လှပတဲ့သူ ဖြစ်သည့်အတွက် သူမက တင်တောင်းငွေကို မတောင်းခဲ့ဘူးဆိုရင် သူ့ကို စော်ကားသလို ဖြစ်နေလိမ့်မည် မဟုတ်ပါ။
ရှဲ့ယွဲ့ကျင်းက အရမ်း ကောက်ကျစ်လိမ့်မည်ဟု ဘယ်သူက သိခဲ့မှာလဲ။
သူက အမှန်တရားကို သိသွားသည့်အခါ ကွာရှင်းဖို့ လုပ်တော့မည် ဖြစ်သည်။
လီမိသားစုသည် လက်ထပ်ပွဲကို ဖျက်သိမ်းတယ်ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်သည့်အတွက် အဲ့ဒါဟာ ကွာရှင်းတယ်ဟု ဆိုလိုခြင်း ဖြစ်ကြောင်းကို သူတို့က အလိုလို တွေးလိုက်ကြသည်။
လီရင်းသည် သူမရဲ့ မျက်နှာကို လက်ဖြင့်အုပ်ပြီး ငိုကာ သူ့ကို ကျိန်ဆဲနေခဲ့သည်။ လီမိသားစုရဲ့ ညီအကိုတွေက ရောက်လာပြီး ရှဲ့ယွဲ့ကျင်းကို ရိုက်ချင်ခဲ့ကြသည်။
ရှဲ့ယွဲ့ကျင်းရဲ့ အကိုတွေကလည်း ကူညီဖို့အတွက် ရောက်လာခဲ့ကြပြီး အခန်းက လူတွေအပြည့် ဖြစ်သွားကာ ပန်းကန်လုံး၊ ပန်းကန်ပြား များစွာက ကွဲကုန်ကြသည်။
ရှုရွှမ်းသည် အဲ့ဒါက အလုပ်မဖြစ်တာကို မြင်သည့်အခါ သူက ထွက်သွားပြီး လူစုကို ခွဲခဲ့ကြသည်။
လီမိသားစုရဲ့ ဒုတိယသားက ဆဲဆိုခဲ့သည်။ “ဘယ်ကောင်လဲ…အား။”
ရှုရွှမ်းက တစ်ယောက်ချင်းစီကို ခွဲထုတ်ပြီး မြေပေါ်သို့ လှဲချပစ်ခဲ့သည်။
“မင်းတို့ ရန်ဖြစ်ချင်ရင် အပြင်ထွက်သွားကြ။ ဟိုတယ်ထဲမှာ ဘာပြဿနာမှ မလုပ်ကြနဲ့။ တကယ်လို့ မင်းတို့တွေ ပြည်သူပိုင် ပစ္စည်းတွေကို ပျက်စီးအောင် လုပ်ရင် အဲ့ဒါတွေကို မင်းတို့ ပြန်လျော်ပေးရမယ်။”
ရှဲ့ယွဲ့ကျင်းက သူ့မျက်နှာကို သုတ်ပြီး ရှုရွှမ်းကို ပြောလိုက်သည်။ “အဲဲဒါအတွက် ငါပေးပါ့မယ်။”
သူက ရှုရွှမ်းကို ကျေးဇူးတင်နေခဲ့သည်။ အခုလေးတင် လီမိသားစုရဲ့ အစ်ကိုတွေကို သူက အောက်ဆုံးအထိ ဖိနှိပ်ထားပြီး ဖြစ်သည်။ တကယ်လို့ သူတို့ကို အနည်းငယ်ကြာအောင် ဖိနှိပ်ထားမယ်ဆိုရင် သူတို့ရဲ့ အားအင်တွေ အားလုံး ကုန်သွားမှာ သေချာသည်။
ရှဲ့ယွဲ့ကျင်းက လီမိသားစုကို အော်လိုက်သည်။ “ကိစ္စတွေ ဒီလို ဖြစ်လာပြီဆိုတော့ မင်းတို့တွေ ငါနဲ့အတူ လုပ်စရာရှိတာတွေ လုပ်ပြီးရင် ကွာရှင်းကြမယ်။ ဒါမှမဟုတ်လည်း လက်ထပ်တာကို ဖျက်သိမ်းဖို့အတွက် ငါ လုပ်လိုက်မယ်။”
အကြောင်းမှာ လီမိသားစုသည် သူ့ကို လူသုံးကုန် တစ်ခုအဖြစ် သဘောထားပြီး သူ့ကို လွှတ်ပေးဖို့ ဆန္ဒ မရှိမှာကို စိုးရိမ်သည့်အတွက် သူက လက်လျှော့ခဲ့သည်။
“ငါ နင့်ကို မပြောရသေးဘူး။ ငါ့မှာ အိမ်ပိုင်မရှိဘူး။ အခု ငါ နေနေတဲ့အိမ်က ငှားထားတာ။”
ခဲတစ်လုံးက ထောင်ပေါင်းများစွာသော လှိုင်းငယ်လေးတွေကို ထစေသည်။ အခုဆိုရင် လိမ်ခံရတယ်ဆိုတဲ့ ခံစားချက်မျိုးကို လီမိသားစု ပြန်ခံစားရမည့် အလှည့် ဖြစ်သည်။
လီရင်းက အော်ပြီး ရှဲ့ယွဲ့ကျင်းရဲ့ မျက်နှာကို အာလူးခြစ်များဖြင့် ကောက်ပေါက်လိုက်သည်။
“မကောင်းတဲ့ကောင်။ ဘယ်လိုလုပ် နင်က ငါ့ကို လိမ်ရဲရတာလဲ။”
ရှဲဲ့ယွဲ့ကျင်းက အထိနာသွားခဲ့ပြီး လှောင်ပြုံး ပြုံးခဲ့သည်။ “အကိုကြီး၊ ဒုတိယအကိုကြီးအကြောင်းကို မပြောပါနဲ့။ မင်းက အဲ့လောက် မသန်မာဘူး။”
ဘေးတွင် ကြည့်နေသူများ - ……
သေချာတာပေါ့။
အဲ့ဒါရဲ့ အချိန်သာ မလွဲမှားခဲ့ဘူးဆိုရင် သူတို့က လိုက်ဖက်တဲ့ အတွဲဆိုပြီး သူတို့ ပြောမိမှာပဲ။
ယောက်ျားက မိန်းမကို အိမ်တစ်လုံး ရှိတယ်ဆိုပြီး လိမ်သည်။ ပြီးတော့ မိန်းမက ယောက်ျားကို အလုပ်ရှိတယ်ဆိုပြီး လိမ်သည်။
“ဝိုး၊ သူတို့နှစ်ယောက်က အံ့သြစရာပဲ။”
“ငါက ဘာများ လုပ်နိုင်မှာလဲ။ ငါ ဒါကို မလုပ်နိုင်ဘူး။ ငါ ကွာရှင်းဖို့ပဲ စောင့်မယ်။”
“မဟုတ်ဘူး။ မင်းတို့တွေက အပြင်မှာရှိတဲ့ ကိစ္စကိုပဲ ကြည့်နေကြတာ။ ဒီနေ့ ငါတို့ စားသောက်ဖို့အတွက်ရော ဘယ်လိုလဲ။ အဲ့ဒါတွေကို ငါတို့ဘာသာ ပေးမှာလား။”
“အိုး၊ ငါတို့တွေ အဓိက ဟင်းပွဲကို အခုထိ မတည်ခင်းရသေးဘူး။ ငါ တော်တော်လေးကို နစ်နာနေပြီ။ ငါက အဲ့အတွက် သေချာပေါက် မပေးဘူး။ အဲ့ဒါက ငါ့ကို လိမ်တဲ့ သူတွေအတွက် မဟုတ်ဘူး။ ပြီးတော့ ငါက ပိုက်ဆံတွေကို လက်ဆောင်အနေနဲ့ ပေးတောင် ပေးပြီးသွားပြီ။”
“အဲဲဒါက ဟုတ်တယ်။ စားစရာတွေ ငါတို့ဆီ ချပေးဖို့ စားပွဲထိုးကို ပြောရင်ရော ဘယ်လိုလဲ။ ငါ ရေနွေကရား တစ်ခုကို ယူလာခဲ့တယ်။”
“ငါရောပဲ။ ငါလည်း ရေထည့်ဖို့ မြို့ကနေ ထမင်းပန်းကန် တစ်ပန်းကန် ဝယ်လာတယ်။”
“အဲဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ငါ ဒီကို လက်ဗလာနဲ့ လာခဲ့တာ။ မင်းတို့က အကုန်လုံး ယူသွားရင် ငါ ဘာစားရမှာလဲ။”
“မင်းက အရူးပဲ။ မင်းက အဲ့ဒါကို ပန်းကန်ထဲ ထည့်ပြီး အဲ့ ပန်းကန်ကို မင်းနဲ့အတူ ယူသွားလိုက်လေ။ အများဆုံး မင်းက စားသောက်ဆိုင်ကို ပိုက်ဆံ နည်းနည်း ပေးပြီး ပြန်တဲ့အချိန် နောက်ထပ် ပန်းကန် အသစ် တစ်လုံး ရပြီလေ။”
“ဟုတ်တယ်။ မြန်မြန် လုပ်ကြတာပေါ့။”
စားပွဲထိုး - ……
လီမိသားစုရဲ့ ဆွေမျိုးတွေ အားလုံးက စားစရာတွေကို တည်ခင်းဖို့အတွက် စိတ်အားထက်သန်နေကြသည်။ စားပွဲထိုးများက ငိုချင်နေကြသော်လည်း မျက်ရည်က မကျပါ။ မီးဖိုချောင်ထဲမှာ စားစရာတွေကို ပြင်ပြီးပြီ ဖြစ်သော်လည်း သူတို့က အဲ့ဒါကို မတည်ခင်းရဲခဲ့ကြပါ။
အနာဂတ်မှာ ဘာပိုက်ဆံမှ မကျန်တော့ရင် အဲ့ဒါတွေကို ဘယ်သူက ပိုင်မှာလဲ။
စကားကို မီးဖိုချောင်ထဲသို့ လှမ်းပြောလိုက်ပြီး စားပွဲထိုးက ရှုရွှမ်းကို မေးဖို့အတွက် တုန်တုန်ရီရီ သွားခဲ့သည်။
ရှုရွှမ်းက အဲ့အကြောင်းကို ခနလောက် တွေးပြီးနောက် ပြောခဲ့သည်။ “ထုံးစံအတိုင်းပဲ ဆက်သွားလိုက်။ ပြီးရင် သူတို့ပြောတဲ့အတိုင်း လိုက်လုပ်လိုက်။”
ဘယ်လိုပဲ ဖြစ်နေပါစေ၊ စားပွဲကြိုယူထားတဲ့ ပိုက်ဆံကို ဝမ်ကောတုန်က ကောက်ခံထားခဲ့ပြီး ရှဲ့ယွဲ့ကျင်းရဲ့ နာမည်ကို သုံးခဲ့သည်။ လက်ရှိအခြေအနေအရ ဒီလူတွေကို အမြန်ဆုံး ခွဲလိုက်တာ ပိုကောင်းသည်။
သူတို့တွေ သူတို့ကို စားစရာ မပေးဘူးဆိုရင် ဒီလူတွေက ဒီမှာပဲ ဆက်နေပြီး ထွက်သွားကြမှာ မဟုတ်တော့ပေ။ တကယ်လို့ သူတို့က ပြဿနာ ထပ်ရှာပြီး ဆိုင်ထဲက ပစ္စည်းတွေ ပျက်စီးသွားရင် သူ ဖြေရှင်းဖို့က အရမ်း ခက်ခဲသွားလိမ့်မည်။
ရှုရွှမ်း - “ဟင်းပွဲတွေကို ယူလာတော့။ တကယ်လို့ တစ်ယောက်ယောက်က တစ်ပန်းကန်လောက် ဝယ်ပြီး ယူသွားချင်တယ်ဆိုလည်း သူတို့ကို ပေးလိုက်။ သူတို့ကို သေချာကြည့်ထား။ ဘာပြဿနာမှ မရှာစေနဲ့။ ပန်းကန်တွေကို ဘယ်သူကပဲ ထပ်ခွဲခွဲ အဲ့ဒါအတွက် သူတို့တွေ တန်ရာတန်ကြေး ပေးရလိမ့်မယ်။”
နောက်ဆုံးမှာတော့ စားပွဲထိုးက နောက်ခံတစ်ခုကို ရကာ ချက်ချင်း အဲ့ဒါကို လုပ်လိုက်သည်။
ရှုရွှမ်းသည် အနည်းငယ် အေးစက်နေသည့် ဟင်းပွဲများကို ကြည့်ပြီး စိတ်ရှုပ်သွားခဲ့သည်။
ရှဲ့ယွဲ့ကျင်းရဲ့ ကိစ္စက သူထင်ထားတာနှင့် တလွဲစီ ဖြစ်နေခဲ့သည်။
မိန်းမငယ်လေးသည် ရှဲ့ယွဲ့ကျင်းက သူမရဲ့ လက်ထပ်ပွဲကို လိမ်ညာခဲ့တယ်ဟု တွေးခဲ့သော်လည်း နောက်ဆုံးမှာတော့ နှစ်ဖက်စလုံး အလိမ်ခံခဲ့ရသည်။
အပြင်ဘက်ရှိ လူတွေက သူတို့ရဲ့ စားစရာတွေကို ယူကာ ပြန်သွားခဲ့ကြသည်။ ရှုရွှမ်း ထွက်သွားသည့်အခါ ဟင်းပွဲ အားလုံးက ပြောင်သွားခဲ့ပြီး အရွက်တစ်ဖက်၊ ဟင်းရည်တစ်ခွက်တောင် မကျန်တော့ပါ။
ဆွေမျိုးတွေ အားလုံးက ထွက်သွားခဲ့သော်လည်း လီမိသားစုနှင့် ရှဲ့ယွဲ့ကျင်းတို့ မိသားစုက အပြင်ဘက်မှာ တစ်ယောက်ကို တစ်ယောက် အချင်းချင်း နှစ်သိမ့်ပေးနေဆဲ ဖြစ်သည်။
ရှုရွှမ်းက သူတို့ကို လျစ်လျူရှုလိုက်ပြီး ပျက်စီးတာတွေကို တွက်ကာ စားပွဲခုံကို သန့်ရှင်းရေး လုပ်ဖို့အတွက် စားပွဲထိုးအား ပြောလိုက်သည်။ လျော်ကြေးတွေက ရှဲ့ယွဲ့ကျင်းအပေါ်ကိုသာ ပုံချခံရမှာ သေချာပြီး ရောင်းလိုက်သော ပန်းကန်များကိုလည်း ပျက်စီးသွားတဲ့ အရာတွေအဖြစ် သတင်းပေးပို့မည် ဖြစ်သည်။
စားသောက်ဆိုင်မှာ ဝယ်ယူထားတဲ့ ပမာဏကြီး တစ်ခုရှိကာ ရက်အနည်းငယ်အတွင်း အဲ့ဒါကို အကုန် အလျော်ပေးရလိမ့်မည် ဖြစ်သည်။
လီမိသားစုဝင်များသည် သူတို့ရဲ့ အမျိုးအားလုံးက ထွက်သွားကြတာကို တွေ့ခဲ့သည်။ သူတို့ မထွက်သွားခင် အချို့က လာနှုတ်ဆက်သွားခဲ့ကြသည်။ ထိုအချိန်မှာ အချို့ကတော့ ပုံမှန်အတိုင်း ထွက်သွားကြသည့်အတွက် အဲ့ဒါက လီမိသားစုရဲ့ ညီအကိုများကို အတော်လေး ဒေါသထွက်စေခဲ့သည်။
ပိုပြီး စိတ်ဓာတ်ကျစရာ ကောင်းတဲ့အရာက ရှဲ့ယွဲ့ကျင်း အရင်ကတည်းက လီရင်းနဲ့ကွာရှင်းဖို့ စိတ်ထဲမှာ ပြင်ဆင်ထားလားဆိုတာ လီရင်းလည်း မသိတော့ပေ။ အခုဆိုရင် သူက အကုန်လုံးကို ပြောပြပြီး လီရင်းကို ဆက်တိုက် ရန်စနေတာ။
သူက လက်မှတ်တောင် မရှိသေးတဲ့ မီးဖိုချောင် အကူဖြစ်ပြီး သူက စားဖိုမှူးတစ်ယောက် ဆိုတာကလည်း လိမ်ပြောတာသာ ဖြစ်တယ်ဟု သူက ပြောခဲ့သည်။ ထို့အပြင် စားသောက်ဆိုင်ထဲက ဟင်းပွဲ အကုန်လုံးကို စားဖိုမှူးကပဲ ချက်ပြုတ်ပြီး သူကတော့ လှီးဖြတ်ပေးရုံသာ ဖြစ်သည်။ အရင်က လီရင်း စားခဲ့တဲ့ ဟင်းပွဲတွေ အကုန်လုံးကိုလည်း သူကပဲ ချက်တယ်လို့ ထင်ခဲ့ဖူးသည်။ အဲ့ဒါကို တစ်ခြားသူတွေက ချက်ပြုတ်ခဲ့သည်။
လီလောင်စစ်က အံကို ကြိတ်ထားခဲ့သည်။ “မင်းက အရမ်းကို လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတာပဲ။ မင်းက ငါတို့ကို လိမ်ရဲတယ်ဆိုတော့ စောင့်ကြည့်ကြတာပေါ့။”
လီမိသားစုသည် ထိန်းမရအောင် ငိုနေသည့် လီရင်းကို ခေါ်သွားခဲ့ကြသည်။
ရှဲ့ယွဲ့ကျင်းရဲ့ ပုခုံးတွေကလည်း လျော့သွားခဲ့ပြီး သူ့ကြည့်ရတာ ပင်ပန်းပြီး အားနည်းနေပုံ ရသည်။
သူက စုတ်ပြတ်နေသည့် သူ့မိဘတွေကို ကြည့်ကာ အားမရစွာ ပြောလိုက်သည်။ “သွားကြမယ်။”
အခု လူတိုင်း ထွက်သွားကြပြီဆိုတော့ သူ ဘာလုပ်နိုင်မှာလဲ။ ရှဲ့ယွဲ့ကျင်းက သူ့မိဘတွေကို သူ့အိမ်သို့ ခေါ်သွားခဲ့သည်။
ရှုရွှမ်းက ဆိုင်ကို သန့်ရှင်းရေးလုပ်ပြီး အရာရာကို သိမ်းဆည်းပြီးနောက် နေ့လည်ပိုင်းကို ရောက်နေခဲ့ပြီ ဖြစ်သည်။
သူက ဆိုင်ထဲမှာ ထပ်မနေတော့ပါ။ အစပိုင်းမှာတော့ ရှဲ့ယွဲ့ကျင်းက ဆိုင်ကို နေ့လည်ကနေ ညနေအထိ ဘိုကင်တင်ထားခဲ့သော်လည်း ညနေပိုင်းမှာ ဆိုင်ဖွင့်ဖို့ မလိုဘူးဟု ဝမ်ကောတုန်က ပြောခဲ့သည်။ ထို့ကြောင့် တစ်ချိန်လုံး ရှဲ့ယွဲ့ကျင်းကိုသာ အချိန်ပေးထားခဲ့သည်။ စားပွဲကို စီစဥ်ပေးသည့်အခါ ပုံမှန်ဆိုလဲ အခုလိုပဲ ဖြစ်သည်။ တစ်ယောက်တည်း ဆက်တိုက် သန့်ရှင်းရေး အလုပ်ကို လုပ်နေရတာက အတော်လေးကို ဒုက္ခများသည်။ ထို့ကြောင့် ရှုရွှမ်းက ညနေပိုင်းအတွက် ဘာမှတောင် မပြင်ဆင်ထားခဲ့ပါ။
သူက ထုံးစံအတိုင်း အိမ်ပြန်သွားခဲ့သည်။