အခန်း (၁၇၃-၁၇၄)
Vol. 15 Ch. 173-174
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၇၃
မျှော်လင့်ထားသလိုပဲ ဝမ့်ရင်း ထွက်သွားပြီးနောက် မုဆိုးမယွီရဲ့ ငိုသံက ထျန်းတကျူးကို အတော်လေး အနှောက်အယှက်ဖြစ်ကာ သူသည် မူးလာသောကြောင့် ထကာ ဝုန်းဒိုင်းကြဲခဲ့သည်။
သူဘာမှ မမေးခင်မှာ မုဆိုးမယွီက စတင် ဆဲဆိုကာ ဆင်ခြေများ ပေးနေခဲ့သည်။
“ဝမ့်ရင်းက နင့်ကို ကြည့်တောင် မကြည့်ပေးနိုင်ဘူး။ ပြီးတော့ ငါလည်း အတူတူ ကောင်းကောင်း နေနေတာပဲလေ။ သူက အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိ ပြောသွားတာ။ မင်း သူ့ကို ယုံလား ဒါမှမဟုတ် ငါ့ကို ယုံလား။”
ထျန်းတကျူးရဲ့ စိတ်ထဲမှာ သံသယအချို့ ရှိသော်လည်း သူက မုဆိုးမယွီနှင့် သူမ ယောက္ခမရဲ့ အနှောက်အယှက် ပေးတဲ့ဒဏ်ကို မခံနိုင်ပါ။ မုဆိုးမယွီက ငိုပြီး ပြဿနာ ရှာနေခဲ့ကာ သူမရဲ့ ယောက္ခမကတောင် စကားကို တည့်တိုး ပြောနေခဲ့သည်။
“မင်းသာ တကယ် အဲ့ဒါကို သံသယရှိတယ်ဆိုရင်လည်း မြို့မှာ ဆရာဝန်နဲ့ သွားပြကြမယ်။ ဒါပေမယ့် ငါ အဲ့ဒါကို သေချာအောင် လုပ်ပြီးလို့ ကိုယ်ဝန်က အဆင်ပြေတယ်ဆိုရင် ငါတို့ ဒီကလေးကို မလိုချင်တော့ဘူး။ မင်းမှာ သူ့ကို ဒီလိုမျိုး စော်ကားဖို့ ဘာအကြောင်းပြချက်မှ ရှိမနေဘူး။ ငါက ချွန်းရှင်းကို ငါ့သမီးအရင်လို ဆက်ဆံခဲ့တာ။ လွန်ခဲ့တဲ့ နှစ်တွေမှာ နည်းနည်းလေး ခက်ခဲခဲ့တာတောင် ချွန်းရှင်းက ရွာသားတွေကို အကူညီ နည်းနည်းပဲ တောင်းခဲ့တာ သေချာတယ်။ တပ်မဟာထဲက အတင်းစကားတွေက သူ့လို မုဆိုးမတစ်ယောက်ကို သတ်လုနီးပါးဖြစ်ခဲ့တာကို ဘယ်သူက သိမှာလဲ။ မင်းကို လက်ထပ်ဖို့ သူနဲ့ ငါက သဘောတူခဲ့တယ်ဆိုတာ ချွန်းရှင်းအပေါ် မင်းရဲ့ ကြင်နာမှုနဲ့ တည်ကြည်မှုတွေကို ငါတန်ဖိုးထားလို့ပဲ။ ဒါပေမယ့် မင်း သူ့ကို ဒီလိုမျိုး သံသယဝင်မှာကိုတော့ ငါက လုံးဝ ခွင့်မပြုနိုင်ဘူး။ သူက မိန်းမကောင်းလေး တစ်ယောက်ပါ။ သူက ထပ်ပြီး လက်ထပ်တာတောင် ငါလို အိုကြီးအိုမ တစ်ယောက်ကို ခေါ်လာပေးခဲ့တာ။ ချွန်းရှင်း ဒါတွေအားလုံးက အမေ့ရဲ့ အမှားတွေပါ။”
ထျန်းတကျူးက ထိုစကားကို ကြားသည့်အခါ ချက်ချင်းပဲ တုန်လှုပ်သွားခဲ့သည်။
သူက သူ့ရဲ့ ရင်ဘက်ကို မြန်မြန်လေး ဖိကာ အာမခံပြီး ပြောခဲ့သည်။ “စိတ်မပူပါနဲ့။ ကျွန်တော် ချွန်းရှင်းရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ သံသယ မဝင်ပါဘူး။”
ထျန်းတကျူး - “ဆရာဝန်နဲ့ သွားမပြတော့ဘူး။ ငါ့မိန်းမက အဆင်ပြေတယ်။ ဘာလို့ ဆရာဝန်နဲ့ သွားပြရမှာလဲ။ တကယ်တော့ ဝမ့်ရင်းက လက်စားချေဖို့ လုပ်နေတာပါ။ အခုကနေစပြီးတော့ ငါတို့ မိသားစုဝင်တွေ ထပ်ပြီး နေမကောင်းဖြစ်ရင် သူ့ဆီ မသွားတော့ဘူး။”
မုဆိုးမယွီမှ ပြောခဲ့သည်။ “ဒါကို ရှင်သိတာ ကောင်းပါတယ်။ ရှင့်ရဲ့ မယားကြီး ကျွီဟွာက ချွန်းရှင်းကို နားလည်မှုကြီး လွဲနေတာ။ အရင်က ကျွန်မတို့ တယာနဲ့ အားရာတို့အကြောင်း ပြောခဲ့ကြပေမယ့် ကျွန်မတို့ ရှင့်ရဲ့ သမီးနှစ်ယောက်နဲ့ သူတို့ကို ပျိုးထောင်ပေးမယ့် အတွေးကို ဆုံးရှုံးလိုက်ရတယ်။ ဘာလို့လဲဆိုတော့ သူတို့က အမေအရင်းနဲ့ဆိုရင် ဒုက္ခခံရမှာကို စိုးရိမ်မိလို့။ ကျွီဟွာက သူ့ကို ဆန့်ကျင်ပြီး မနာလိုနေမယ်လို့ ဘယ်သူ ထင်မှာလဲ။ ဟူး… တကျူး၊ ဒါတွေ အားလုံးက ရှင် ကျွီဟွာကို ပထမနေရာအကြောင်း မပြောခဲ့လို့ပဲ။ ကျွန်မ တကယ်ကို ပါဝင်နေခဲ့ရပြီ။”
ထျန်းတကျူးက မျက်စိပျက် မျက်နှာပျက်ဖြစ်ကာ ရှက်နေခဲ့သည်။ “မင်းတို့ မှန်ပါတယ်။ ဒါက ငါ့အမှားပါ။ ချွန်းရှင်း မင်း ဗိုက်အောင့်နေသေးလား။ တကယ်လို့ အောင့်နေသေးတယ်ဆိုရင် ငါတို့တွေ ဆရာဝန်ရှာဖို့ တစ်ခြား တပ်မဟာဆီကို သွားကြရအောင်။”
မုဆိုးမယွီက ချက်ချင်း ကလေးဆိုးလေး တစ်ယောက်လို ပြုမူလိုက်သည်။ “အဲဲဒါက မအောင့်တော့ပါဘူး။ ငါက ဗိုက်ဆာနေရုံပါ။”
သူမက ကြက်သားစွပ်ပြုတ် တစ်ဝက်လောက်ကို သောက်ခဲ့သော်လည်း စွပ်ပြုတ်က သူမအတွက်တော့ ဗိုက်မပြည့်စေခဲ့ပါ။
ထျန်းတကျူး - “ဒါဆို ငါ သွားချက်ပြုတ်လိုက်မယ်။ အိမ်မှာ ဂျုံလည်း ကုန်နေပြီဆိုတော့ ငါ ဂျုံ သွားကြိတ်လိုက်မယ်။”
ထျန်းတကျူးက မြန်မြန် ထွက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ စိတ်သက်သာရာရပြီး သက်ပြင်း ချနိုင်ခဲ့သည်။ သူမက သူမ ယောက္ခမရဲ့လက်ကို ကိုင်ပြီး စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ “အမေ၊ သမီးနှလုံးတွေ ရင်ဘက်ထဲကနေ ထွက်ကျတော့မလိုပဲ။ အမေရော ဘယ်လိုထင်လဲ။ ဝမ့်ရင်း…..”
မုဆိုးမယွီက သူမကို ချက်ချင်း ကြားဖြတ်ပြောခဲ့သည်။ “နင် ဘာတွေ တွေးနေတာလဲ။ သူက အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး။ ဝမ့်ရင်းက ဆရာဝန် တစ်ယောက်ပါ။ သူ လူနာတွေ နေမကောင်းဖြစ်တဲ့အကြောင်း အခြားသူကို သွားပြောတာမျိုး နင်ဘယ်တုန်းက မြင်ဖူးလို့လဲ။ အဲ့ဒါ ငါတို့ ဒီနေ့ သိပ်ပြီး ဂရုမစိုက်မိတာကြောင့်ပါ။ အို့၊ ငါ မေ့တော့မလို့ သူက အမျိုးသမီးကြီး မစ္စရှုရဲ့ ချွေးမလေ။”
အမျိုးသမီးကြီး မစ္စရှုအကြောင်း ပြောသည့်အခါ မုဆိုးမယွီရဲ့ စိတ်ထဲတွင် လေးလံသွားခဲ့သည်။ “ နောက်တစ်ခါ သူ့အရှေ့မှာ ဘာအကြောင်းကိုမှ မပြောနဲ့။ ငါ့အထင် ဒီကောင်မလေးက သူ့ယောက္ခမလိုပဲ ခေါင်းမာတဲ့ အကျင့်မျိုး ရှိတယ်။”
မုဆိုးမယွီဟာ ကမ္ဘာကြီးကို မမြင်ခဲ့ဖူးသည့် မိန်းမငယ် တစ်ယောက်သာ ဖြစ်သည်။ သူမက ယောက္ခမဖြစ်သူရဲ့ လက်ကို ဆွဲပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ “အမေ၊ ကျွန်မတို့ ဆက်ဆံရေးကို ဘယ်လိုထင်လဲ။”
မုဆိုးမယွီက သူမရဲ့ စိတ်ထဲမှာ ကျိန်ဆဲနေသော်လည်း ရင်းရင်းနှီးနှီး ပြောလိုက်သည်။ “ချွန်းရှင်း၊ ငါ ဒါတွေ အားလုံး နင့်အတွက် လုပ်ခဲ့တာ။ အရင်ကဆို ငါတို့ရဲ့ ဘဝတွေက အရမ်း ခက်ခဲတယ်။ ငါတို့ တပ်မဟာနဲ့ တစ်ခြား တပ်မဟာတွေကို ကြည့်လိုက်။ ထျန်းမိသားစုလို အိမ်အတွင်းရော၊ အပြင်မှာပါ အခြေေအနေကောင်းတဲ့ မိသားစုမျိုး ဘယ်လောက် ရှိလို့လဲ။ တကျူးမှာ အိမ်ရှိတယ်။ အိမ်အကူ သုံးယောက် ရှိတယ်။ သူတို့က သူ့အနား ကပ်လို့တောင် မရဘူး။”
“နင်နဲ့ငါ အဲ့အကြောင်းကို မပြောသ၍တော့ နင့်ဗိုက်ထဲက ကလေးက ထျန်းမျိုးနွယ်ရဲ့ ကလေး မဟုတ်ဘူးဆိုတာ ဘယ်သူက သိမှာလဲ။”
“ကလေးကို မွေးပြီး တကျူးနဲ့ ကလေးကို အနီးကပ် နေဖို့ ပြောလိုက်။ အာကျူးကလည်း သူ့ကလေးလို ဆက်ဆံမှာပဲလေ ဟုတ်တယ်မလား။ နင် နောက်မှ အာကျူးကို ထပ်ပြီး မေးလိုက်။ သူ့မိန်းမကလည်း ကျားမလိုပဲ။ နင့်လို ညှင်သာမနေဘူး။ ကလေးကိုပဲ မွေးလိုက်ကြရအောင်။ ပြီးမှ မိသားစုထဲမှာ နင် နောက်ဆုံး စကားကို ပြောလို့ရမှာ။”
မုဆိုးမယွီက သူမ ယောက္ခမပြောတာကို ကြားပြီးနောက် မြောက်ကြွမြောက်ကြွလေ ဖြစ်သွားသော်လည်း သူမရဲ့ စိတ်ထဲက ကြောက်စိတ်ကတော့ ပျောက်မသွားခဲ့ပါ။ “အမေ၊ တကယ်လို့ သမီးရဲ့ ဗိုက်ထဲက ကလေးက ယောက်ျားလေး မဟုတ်ဘူးဆိုရင် ဘာဖြစ်မှာလဲ။”
နောက်ဆုံး ပြောသွားပုံအရ ထျန်းတကျူးက သား လိုချင်နေတာ။ ထျန်းအာကျူးက အဲ့ဒါကို မပြောပေမယ့် သူကလည်း သားတစ်ယောက် လိုချင်နေတာပင်။
မုဆိုးမယွီက သမီးမိန်းကလေး မွေးလာမှာကို စိုးရိမ်နေခဲ့သည်။ အကြောင်းမှာ သူမက ချမ့်ကျွီဟွာလို ဖြစ်သွားမှာ ဟုတ်တယ်မလား။
မုဆိုးမယွီက တီးတိုးပြောခဲ့သည်။ “မပူပါနဲ့။ ငါ နင့်အတွက် အရာအားလုံးကို စီစဥ်ပေးထားတယ်။ ဒီနှစ် ဆောင်းတွင်းကျရင် လာပြီး ငါတို့နဲ့နေဖို့ ကျောက်တိကို ပြောထားတယ်။ သူကလည်း ကိုယ်ဝန်ရှိနေတာ။ သူက နင်နဲ့ လတူတူပဲ။ အချိန်ကျလာရင် နင်တို့နှစ်ယောက်က အတူတူ မွေးကြမှာ။ နင် သားယောက်ျားလေး မမွေးနိုင်ဘူးလို့တော့ ငါမယုံဘူး။”
မုဆိုးမယွီရဲ့ မျက်လုံးတွေက အရောင် တောက်လာခဲ့သည်။ “ငါ့အဒေါ်က သေချာပေါက် အဲ့ဒါကို လုပ်နိုင်မှာ။ သူက ကလေးတွေ အများကြီးပဲ မွေးပေးခဲ့ပြီးပြီလေ၊ ဟုတ်တယ်မလား။ သူတို့ အားလုံး ယောက်ျားလေးတွေချည်းပဲ။”
မုဆိုးမယွီကလည်း အဲ့ဒါကို ဂုဏ်ယူနေခဲ့သည်။ သူမရဲ့ သမီးသည် လက်ထပ်ပြီးကတည်းက သူမကို ထောက်ခံပေးနေခဲ့သည်။ သူမကို သူမယောက်ျားရဲ့ မိသားစုက ဘာလို့ မကွာရှင်းပေးရတာလဲ။ အဲ့ဒါ သူမက မွေးပေးနိုင်လို့ပဲလေ။
“အဲဲဒါကြောင့် အေးဆေးလေးပဲ နေလိုက်ပြီး ကလေး မွေးပေးလိုက်။ အဲ့အကြောင်းကို နောက်မှပဲ ငါတို့ ပြောကြမယ်။”
မုဆိုးမယွီရဲ့ ယောက္ခမက သူမရဲ့ ဘဝကို အရာရာ စီစဥ်ထားပေးပြီး ဖြစ်ကြောင်းကို ပြောခဲ့ပြီး ကြီးလာတဲ့ အသက်အရွယ်တစ်ခုမှာ သူမရဲ့ နောက်ဆုံး ထောက်ပံ့ပေးမှုက သူ့အရှေ့မှာရှိတဲ့ ဦးနှောက်မကောင်းသော ဒီချွေးမကို လဲမကျအောင် လုပ်ဖို့ ဖြစ်သည်။ သူမရဲ့ ချွေးမကို သူမကသာ မထိန်းထားပေးဘူးဆိုရင် သူမက ဘာလုပ်နိုင်ဦးမှာလဲ။
သူမရဲ့ တုံးအမှုက သူ့ရဲ့ ကောင်းကွက်များ ရှိသည်။ အနည်းဆုံးတော့ နောက်ပိုင်းကျရင် သူမရဲ့ ပင်စင် ပိုက်ဆံတွေက လုံလုံခြုံခြုံ ရှိလိမ့်မည် ဖြစ်သည်။
ထို့အပြင် သူမရဲ့ ချွေးမရော သမီးရောက သားတွေ မွေးတယ်ဆိုရင် သူတို့အတွက် လဲပေးဖို့ စီစဥ်ထားမည် ဖြစ်ကြောင်းကို သူမ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
ဘယ်ကမှန်းမသိတဲ့ အရူးလို ငတုံး ချွေးမ တစ်ယောက်ကို ပြုစုပျိုးထောင်ရတာထက် ကိုယ့်ရဲ့ မြေးကို ပျိုးထောင်ရတာက ပိုကောင်းသည်။
'ဟမ့်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ သူမက အဲ့ဒါကို တိတ်တဆိတ် လဲလိုက်ရင် ဘယ်သူကမှ မသိနိုင်ဘူး။'
ဝမ့်ရင်းက အိမ်ပြန်သွားပြီး ဆေးသေတ္တာကို ချလိုက်ချိန်မှာပဲ ရှုရွှမ်းက ဝင်လာခဲ့သည်။ ရှုရွှမ်းသည် ဝမ့်ရင်းက စိတ်အဆင်မပြေပုံ ရသည့်အတွက် သူမ ထျန်းတကျူးရဲ့ အိမ်ကနေ ဘာလို့ ဒီလောက်မြန်မြန် ပြန်လာတာလဲဆိုတာ မေးဖို့အတွက် အစောတလျင် ဝင်လာခဲ့သည်။
ဝမ့်ရင်းက ဖြစ်တဲ့အကြောင်းကို ပြောပြခဲ့ပြီး ရှုရွှမ်းက အံကိုကြိတ်ကာ ပြောလိုက်သည်။ “နောက်တစ်ခါ သူတို့ ကိုယ့်ကို အလည်ခေါ်ရင်တောင် မသွားတော့ဘူး။”
ဝမ့်ရင်းက ပြုံးလိုက်သည်။ “ရှင်က ဘာလို့ ကျွန်မထက် ပိုပြီး ဒေါသထွက်နေရတာလဲ။ မဟုတ်သေးပါဘူး။”
ထျန်းတကျူးသည် သူ့ကလေး မဖြစ်နိုင်လောက်သည့် ဘယ်ကမှန်းမသိတဲ့ ကလေးအတွက် အရမ်း စိတ်ပူပေးတာကို သူမက ဒေါသထွက်ခဲ့ရသော်လည်း မိုင်မောင့်နှင့် မိုင်စွေ့တို့အကြောင်း ဘာမေးခွန်းကိုမှ မမေးခဲ့ပါ။ မိုင်မောင့်နှင့် မိုင်စွေ့တို့အကြောင်းကို မဆိုထားနှင့် လမစေ့ဘဲ မွေးလာရတဲ့ အငယ်ဆုံးလေး မိုင်ယာ့အကြောင်းကိုတောင် မမေးခဲ့ပါ။
ချွမ့်ကျွီဟွာက ဒီကလေးကို မိသားစုကနေ ခွဲထုတ်ဖို့ ယွမ်၂၀၀ ကျော် သုံးခဲ့ရသော်လည်း သူ့အဖေအရင်းဖြစ်သူကတော့ မေးခွန်း တစ်ခုတောင် မမေးဘဲ ကလေးကို ဒီအတိုင်းပဲ ကြည့်လိုက်သည်။ တိတိကျကျ ပြောရရင် တကယ်လို့ ရှောင်းယာကသာ သူမကို မခေါ်ထားဘူးဆိူရင် ထျန်းတကျူးက တစ်ခေါက်တောင် လာမကြည့်မှာကို စိုးရိမ်မိသည်။
ဝမ့်ရင်းက စိတ်ပျက်သွားခဲ့ရသည်။ “ဘာတွေပဲ ဖြစ်ဖြစ်ပါ၊ သူက သမီးအရင်း ဖြစ်နေတုန်းပဲလေ။ ထျန်းတကျူးကို ကြည့်ရတာလည်း မကောင်းတဲ့ပုံ မပေါ်ပါဘူး။ အဲ့တော့ သူက ဘယ်လိုလုပ် ဒီလောက်ထိ သွေးအေးနိုင်တာလဲ။”
ဒါဟာ သူမရဲ့အိမ် ဖြစ်သည့်အတွက် ရှုရွှမ်းက မပြန်ဘဲ ဝမ့်ရင်းကို တင်းကြပ်စွာ ဖက်ထားခဲ့သည်။ “သူက သားတစ်ယောက် အရမ်းလိုချင်နေတော့ ဦးခေါင်းက ကောင်းကောင်း အလုပ် မလုပ်တော့ဘူး။”
ရှုရွှမ်း - “သားတစ်ယောက် မမွေးနိုင်ဘူးဆိုရင် ကိုယ်တို့ အဖွဲ့ထဲမှာရှိတဲ့လူတွေက သူ့ကို လက်ညှိုးထိုးပြီး လှောင်ကြမယ်လို့ သူက အမြဲတမ်း ခံစားနေရတာလေ။ ဒါပေမယ့် ကိုယ်တို့ အဖွဲ့ထဲက မုဆိုးမစွန်းကလည်း အတူတူပဲ မဟုတ်ဘူးလား။ အဲ့မိသားစုတွေမှာလည်း သားမှ မရှိကြတာပဲ။”
“ကိုယ်တို့ အဖွဲ့ထဲမှာရှိတဲ့လူတွေက အလုပ်ကောင်း တစ်ခုကို လုပ်နေကြပါတယ်။ သူ့အမေနဲ့ သူ့ယောင်းမကို လျှော့မတွက်နဲ့။ သူတို့က အရမ်းကို ညှင်သာပြနေရုံပဲ။ သူသာ ခက်ခက်ထန်ထန် နေလိုက်ရင် သူ့မှာ သမီးသုံးယောက် ရှိနေခဲ့ရင်တောင် သူ့မိသားစုရဲ့ ချမ်းသာမှုတွေကို ဘယ်သူကမှ လွှဲပြောင်းယူရဲမှာ မဟုတ်ဘူး။
ဝမ့်ရင်း- “ကျွန်မ ထျန်းတကျူးကို ကြည့်လိုက်ရင် လူတွေက သူတို့ တစ်ဘဝလုံး မိဘတွေရဲ့ လွှမ်းမိုးတာ ခံခဲ့ရတဲ့ပုံပဲလို့ ခံစားမိတယ်။ သေချာတယ်။ သူ့စိတ်ကို သူ့အမေက ငယ်ငယ်လေးကတည်းက ဖိနှိပ်ထားတာ။ ပြီးတော့ သူက စာမရေးတတ်၊ မဖတ်တတ်ဘူး။ သူ့ရဲ့ ဂုဏ်ငယ်တတ်တဲ့ စိတ်ကြောင့် သူကြီးလာတဲ့အခါမှာ တစ်ခြားသူတွေ သူ့ကို လှောင်မှာ စိုးရိမ်နေတာ သေချာတယ်။ အဲ့တော့ သူက လမ်းမှားပေါ်ကို လျှောက်ပြီးရင်း လျှောက်နေခဲ့တာ။”
ရှုရွှမ်း - “အဲ့တော့။”
ဝမ့်ရင်းက နှုတ်ခမ်းကို စူလိုက်သည်။ “အဲ့တော့… ရွာမှာ အခြေခံ ကျောင်းတစ်ကျောင်း ဖွင့်ဖို့အတွက် အဖွဲ့ ခေါင်းဆောင်ဆီမှာ အဆိုပြုဖို့ ဆုံးဖြတ်လိုက်ပြီ။”
သူမသည် လူတော်တော်များများထံမှာ အသိပညာ မရှိတဲ့ ပြဿနာကို မြင်ခဲ့ရသည်။ သိသင့်သည်က နှစ် အနည်းငယ်အတွင်း လူမှုပတ်ဝန်းကျင်ကြီးက အရမ်း ပြောင်းလဲသွားလိမ့်မည်။ တကယ်လို့ ပညာကို မလေ့လာဘူးဆိုရင် ဒီတောင်တွေကို ကျော်နိုင်မှာ မဟုတ်ချေ။
ရှုရွှမ်းက လုံးဝ အံ့သြနေပုံ မရပါ။ “ကိုယ်တို့ ဘာလုပ်သင့်လဲ။ ကိုယ်တို့ အဖွဲ့ထဲမှာ ကျောင်းတက်နိုင်တဲ့သူ သိပ်မရှိဘူးလေ၊ ဟုတ်တယ်မလား။ အဖွဲ့ခေါင်းဆောင် သဘောမတူမှာကို စိုးရိမ်မိတယ်။”
ဝမ့်ရင်းက လှောင်ပြုံး ပြုံးလိုက်သည်။ “ဒီကိစ္စတွေကို ဖြေရှင်းလို့ရတဲ့ သာမန်နည်းလမ်းတွေ ရှိပါတယ်။ ကျွန်မတို့ အဲ့ဒါတွေကို အဖွဲ့ထဲက အခြေအနေလိုပဲ ထိန်းထားလို့ ရပါတယ်။”
စိတ်ကိုထိန်းလိုက်သည့်အတွက် ဝမ့်ရင်းက အရမ်းကြီး ဒေါသ မထွက်တော့ပါ။
ရှုရွှမ်းက ကြာစွယ်ဟင်းရည်ကို ယူလာခဲ့သည်။ အိမ်မှာ ဘာအသားမှ မရှိသည့်အတွက် သူက ဝက်ဆီကိုသာ အိုးထဲမှာ သုံးပြီး မြေပဲနှင့် မှိုကို ချက်ဖို့အတွက် သုံးလိုက်သည်။
အဲ့ဒါက အသီးအရွက်စွပ်ပြုတ် ဖြစ်သော်လည်း သူ့ရဲ့ အရသာကတော့ အဆင်ပြေသည်။ စွပ်ပြုတ်က လက်ဖက်ရည်အရောင်ဖြစ်ပြီး မြေပဲက နူးညံ့ကာ မှိုက အိစက်၍ ကြာစွယ်ကိုလည်း နူးအိပြီး ယွနေအောင် ချက်ထားခဲ့သည်။ အဲ့ဒါကို ကိုက်လိုက်ရင် အမျှင်ကိုပါ ဆွဲထုတ်နိုင်သည်။
ကြာစွယ်ဟင်းရည်ကို မုန်လာဥနီ၊ ကြက်ဥနှင့် ကြာဇံထည့်ကာ လုပ်ထားပြီး အပေါ်မှာ အလွှာပါးလေး ပါရှိ၍ နှစ်ဖက်လုံးကို ရွှေအိုရောင်သမ်းနေအောင် မီးကင်ထားသည့် ပိုင် မုန့်ဖြင့် တည်ခင်းလေ့ရှိသည်။ တစ်ကိုက် ကိုက်ပြီး စွပ်ပြုတ်ကို တစ်လုပ် သောက်သည့်အခါ အရသာရှိရုံသာမက နွေးပြီး စားလို့ကောင်းသည်။
ညစာစားပြီးနောက် ဝမ့်ရင်းက စာရွက်နှင့် ဘောပင်ကို ယူပြီး အစီအစဥ်တွေ စလုပ်ခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် ဝမ့်ရင်းရဲ့ စိတ်ထဲမှာ အကြံတစ်ခု ရပြီး ထျန်းယိုဖုကို အကြံဉာဏ်တွေပေးဖို့ ဝူကွေ့ဟွာကို တောင်းဆိုခဲ့သည်။
ထျန်းယိုဖုက ဝန့်ရင်းကို အ့သြတကြီး ကြည့်လိုက်သည်။ သူသည် ဝမ့်ရင်းနှင့် အရင်က ဆွေးနွေးခဲ့ပြီး သူမ တပ်မဟာထဲတွင် အငယ်တန်း တပ်သား ဖြစ်ချင်စိတ်ရှိလားဟု မေးခဲ့သည်။ သူမက အမျိုးသမီး ဒါရိုက်တာ ဒါမှမဟုတ် စာရေးမ ဖြစ်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့အချိန်တုန်းက အမျိုးသမီး ဒါရိုက်တာ ရာထူးက လစ်ဟာနေပြီး စာရေးကြီးက အသက်ကြီးနေခဲ့ပြီ ဖြစ်သည်။ သို့သော် ဝမ့်ရင်းက မတုံ့မဆိုင်းဘဲ ငြင်းကာ သူမက အလွတ်တန်း ဆရာဝန်အဖြစ် ရှိနေရတာက အဆင်ပြေတယ်ဟုသာ ပြောခဲ့သည်။
အခုမှ သူမက ဘာလို့ ထပြီး ရပ်တည်တာလဲ။
တကယ်လို့ ထျန်းယိုဖုရဲ့ မေးခွန်းကိုသာ ဝမ့်ရင်း သိနေခဲ့မယ်ဆိုရင် သူမက သေချာပေါက် အဲ့ဒါကို ဖြေလိမ့်မည် ဖြစ်သည်။
တစ်ခြားသူတွေရဲ့ ကိစ္စတွေမှာ ငပျင်းတစ်ယောက် ဖြစ်ရတာဟာ သူမအတွက်တော့ ပုံမှန်ပဲ ဖြစ်သည်။ သူမ အဲ့ဒါကို မလုပ်ရင်လည်း အခြားသူတွေက အဲ့ဒါကို လုပ်လိမ့်မည် ဖြစ်သည်။ သို့သော် ပညာရေးအပိုင်းသို့ ရောက်လာသည့်အခါ သူမက အနည်းငယ် ဝေမျှပေးဖို့ အတော်လေး ဆန္ဒရှိနေခဲ့သည်။
အဲ့ဒါက ဘာနဲ့မှ မတူပါချေ။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၇၄
ဝမ့်ရင်း - “ခေါင်းဆောင်၊ ကျွန်မတို့ တပ်မဟာထဲမှာ ဒီနှစ် ပညာတတ်လူငယ် လေးယောက်ပဲ ရှိတယ်။ ပြီးတော့ နောက်ပိုင်းကျရင် ဒီထပ် ပိုပြီး လိုလာမှာ သေချာတယ်။ အဲ့တော့ လယ်ထဲမှာဆိုရင် ပညာတတ် လူငယ်တွေ အများကြီးကပဲ လုပ်ခရမှတ်တွေကို အများကြီး ရှာနိုင်တာ။ ကျွန်မအထင် ကျွန်မတို့တွေ မူလတန်းကျောင်း တစ်ကျောင်းလောက် တပ်မဟာကို သေချာ လျှောက်ထားသင့်တယ်။ ကျွန်မ ဒါရိုက်တာဝူနဲ့ စစ်ဆေးပြီးပြီ။ ပြီးတော့ ကျွန်မတို့ တပ်မဟာထဲမှာဆို အသက် ငါးနှစ်နဲ့ ဆယ့်တစ်နှစ်ကြား ကလေးတွေက အယောက် ၆၀ ကျော် ရှိတယ်။ ဒါပေမယ့် သူတို့ထဲမှာ ကျောင်းသွားရတဲ့သူက ဆယ်ယောက်တောင် မရှိဘူး။ ဒါရိုက်တာဝူကလည်း စိတ်ပူနေတာ။ ဘာလို့လဲဆိုတော့ တပ်မဟာက ကျောင်းမှာ စာရင်းသွင်းလို့ရမယ့် ကလေး အရေအတွက် သတ်မှတ်ချက်တွေ ရှိတယ်။ ပြီးတော့ မူလတန်းကျောင်း တက်ဖို့အတွက်နဲ့ ကျွန်မတို့တွေ ရှီးဖိုမြို့ဆီ မသွားနိုင်ဘူး။ ကျွန်မတို့တွေ မူလတန်းကျောင်း တစ်ကျောင်းလောက်တော့ ထားသင့်တယ်လို့ ထင်ပါတယ်။ ပြီးတော့ အနီးအနားက တပ်မဟာ နှစ်ခုကလည်း ကျွန်မတို့ဆီ ပို့ပေးလို့ ရတယ်လေ။”
ထျန်းယိုဖုက တုံ့ဆိုင်းသွားခဲ့သည်။ “ဒါပေမယ့် ငါတို့ တပ်မဟာထဲမှာ မူလတန်းကျောင်း ဖွင့်ဖို့အတွက် နေရာ မရှိဘူးလေ။ တကယ်လို့ အခုချိန် ငါတို့ အိမ်တစ်လုံး ဝယ်မယ်ဆိုရင် ငါတို့ ပိုက်ဆံပိုပေးရမှာ မဟုတ်လား။”
အခုအချိန်မှာ အရေးအကြီးဆုံး အရာကတော့ ပိုက်ဆံပဲ။ တပ်မဟာက အုတ်ခဲတွေ၊ စားပွဲခုံ၊ ထိုင်ခုံနဲ့ မူလတန်းကျောင်း ဆောက်ဖို့အတွက် လိုအပ်တဲ့ ခုံတွေ၊ အဲ့ဒါအပြင် တစ်ခြား အသုံးစရိတ်တွေကိုရော ဘယ်လို တက်နိုင်မှာလဲ။
ပြီးတော့…..
ထျန်းယိုဖုသည် အချိန်ကျလာရင်တောင် သူက အဲ့ဒါကို လုပ်နိုင်မယ်လို့ မထင်ခဲ့ပါ။
လူတိုင်းက ဆင်းရဲနေကြသည်။ တပ်မဟာထဲတွင် ကလေးတစ်ယောက်ရဲ့ ကျူရှင်စရိတ်က စာသင်နှစ် တစ်ခုကို နှစ်ယွမ်ရှိသည်။ ထိုနှစ်ယွမ်ကို အထင် မသေးသင့်ပါ။ ထိုခေတ်အခါတုန်းက လူတိုင်းမှာ ကလေးတွေ အများကြီး ရှိသည်။ ပုံမှန်အားဖြင့် မိသားစု တစ်စုမှာ ကလေး နှစ်ယောက် သို့မဟုတ် သုံးယောက် ရှိကြပြီး အချို့ဆို ခြောက်ယောက် သို့မဟုတ် ခုနစ်ယောက်လောက်တောင် ရှိကြသည်။ သူတို့ထဲက အချို့ကို ကျောင်းပို့ဖို့ မိသားစု အချို့ကသာ တတ်နိုင်ကြသည်။
ဝမ့်ရင်း ဘာမှမပြောနိုင်ခင်မှာ ဝူကွေ့ဟွာက ပြောခဲ့သည်။ “ခေါင်းဆောင်၊ မငြင်းလိုက်ပါနဲ့နော်။ ခေါင်းဆောင် ဝင်မပါဘူးဆိုရင် ကျွန်မတို့တွေ အဲ့ဒါကို ကိုင်တွယ်ဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်။”
ဝူကွေ့ဟွာသည် အမျိုးသမီး ဒါရိုက်တာ ရာထူးကို ယူပြီးနောက်မှာမှ ထိုအလုပ်သည် မိန်းမနှင့် ကလေးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့သာမက ကလေးတွေ ကျောင်းတက်ဖို့ ဂရုစိုက်ရမှာကိုလည်း သိရှိလာခဲ့သည်။
သူမရဲ့ စိတ်ထဲမှာ ဒီကိစ္စက ရှိပြီးသားဖြစ်ကာ ဝမ့်ရင်း အဲ့ဒါကို ပြောလိုက်သည့်အခါ သူမက အဲ့အကြောင်းကို ထျန်းယိုဖုနှင့် ဆွေးနွေးဖို့အတွက် အတော်လေးကို စိတ်အားထက်သန်လာခဲ့သည်။
ထျန်းယိုဖုက မျက်မှောင်ကိုကြုတ်ပြီး ပြောလိုက်သည်။ “ ဒီနှစ် တပ်မဟာရဲ့ အထွက်နှုန်းကို မင်းတို့လည်း မြင်ပြီးပြီလေ။ တကယ်လို့ မင်းတို့ အဲ့ဒါကို ဆောက်ချင်တယ်ဆိုရင် နောက်ထပ် နှစ်နှစ်လောက် စောင့်ရမယ်၊ ဟုတ်ပြီလား။”
အရင်ဆုံး သူတို့မှာ ရာသီဥတုမကောင်းတဲ့ နှစ်တစ်နှစ် ရှိနေသညိ။ အခုဆိုရင် သူတို့ မူလတန်းကျောင်း ဆောက်ဖို့ ဘယ်ကနေ ပိုက်ဆံရမှာလဲ။
ဝူကွေ့ဟာက အတော်လေး မကျေမနပ်ဖြစ်ကာ နှာခေါင်း ရှုံ့လိုက်သည်။ “တကယ်လို့ ကျွန်မတို့တွေ နှစ်နည်းနည်းလောက် ထပ်စောင့်လိုက်မယ်ဆိုရင် ကျွန်မတို့ တပ်မဟာက အဲ့လောက်ထိ မစောင့်နိုင်မှာကို စိုးရိမ်မိတယ်။”
ထျန်းယိုဖုက လက်ကို ချလိုက်ရသည်။ 'တပ်မဟာက ပိုက်ဆံမရှိဘဲနဲ့ သူက ဘာလုပ်နိုင်မှာလဲ။'
ဝမ့်ရင်းက စာရွက်ကို ထုတ်ကာ ထျန်းယိုဖုနှင့် ညှိဖို့ စတင်ခဲ့သည်။
“ဒါက မဖြစ်နိုင်စရာ မရှိပါဘူး။ တွေ့လား။ အစပိုင်းမှာ ကျောင်းသားတွေ အများကြီး ရှိမှာ မဟုတ်ဘူး။ ငါတို့ တပ်မဟာထဲမှာ ကျောင်းသား ၂၀ ကနေ ၃၀ အထိ လက်ခံဖို့က အဆင်ပြေတယ်။”
“ ကျောင်းသား အယောက် ၂၀၊ ၃၀ လောက်အတွက် အိမ်တစ်လုံး ဆောက်ဖို့က မလိုပါဘူး။ ပညာတတ် လူငယ် စခန်းမှာရှိတဲ့ အိမ်တွေက ကျယ်ပြီး အခန်းလွတ် အများကြီး ရှိနေတာပဲ။ အခန်း တစ်ခန်းကို ကျောင်းသား ၂၀ ကျော် ထည့်လို့ရတယ်။ အဲ့မှာဆို ထိုင်ခုံ၊ စားပွဲခုံနဲ့ ခုံတန်းတွေ စီစဥ်ဖို့က ပိုလွယ်တယ်။ ထိုင်ခုံ၊ စားပွဲခုံလို ခုံတန်းရှည်တွေ လုပ်ဖို့ လူတစ်ယောက် သွားရှာဖို့ လိုတယ်။ ကလေး အယောက် ၂၀ ကျော်အတွက် ခုံတန်းရှည် ခြောက်ခုံ ဒါမှမဟုတ် ခုနစ်ခုံလောက်ဆို လောက်ပါတယ်။ အဲ့ဒါ မလောက်ရင် အိမ်ကနေ ခုံတွေ ယူလာဖို့ ကျောင်းသားတွေကို ပြောလို့ ရတယ်။”
“ကျန်တာအတွက်ကတော့ ကျောက်သင်ပုန်းတွေက ဆေးပြန်သုတ်လို့ ရတယ်။ မြေဖြူကလည်း သိပ်မလိုပါဘူး။ စာအုပ်ဝယ်ဖို့ မတတ်နိုင်တဲ့ ကျောင်းသားတွေကတော့ သူတို့ဘာသာ ပြန်ကူးလို့ ရတယ်။”
“ကျွန်မတို့ ဒါတွေကို အခု လုပ်လိုက်လို့ ရတယ်။ ကျွန်မတို့ ကျောင်းသားတွေ များလာတော့မှ နောက်ထပ် အိမ်ကို ပြောင်းဖို့ ပြောလို့ရတယ်။”
“ဒီလို တွက်ကြည့်လိုက်မယ်ဆိုရင် ကျူရှင်ခက အရမ်း စျေးမကြီးတော့ဘဲ ကျောင်းသား တစ်ယောက်ကို တစ်ယွမ်လောက်ပဲ ရှိတော့မှာ။ ပညာတတ် လူငယ်တွေက ဆရာတွေအဖြစ် ရှိပေးကြလိမ့်မယ်။ ကျောင်းသား နည်းတယ်ဆိုရင် နေ့တစ်ဝက် စာသင်ပြီး နောက်နေ့တစ်ဝက်ကို အလုပ်လုပ်လို့ ရတယ်။ ကျောင်းသားတွေ များလာပြီဆိုရင်တော့ ဆရာတွေက တဖြည်းဖြည်းနဲ့ အချိန်ပြည့် လုပ်လာရလိမ့်မယ်။”
ဝမ့်ရင်းရဲ့ ဆိုလိုချက်က အတော်လေးကို ရိုးရှင်းပြီး တည့်တိုးဆန်သည်။ ပြဿနာက အဆင်ပြေပြေ၊ မပြေပြေ ဒါမှမဟုတ် ပြဿနာ ရှိရှိ၊ မရှိရှိ အဲ့ဒါကို အခု ဖြေရှင်းရမည်။
မူလတန်းကျောင်းက ဘယ်လိုပဲ ဟောင်းနွမ်းနွမ်း၊ ဒါမှမဟုတ် အခြေအနေတွေက ဘယ်လိုပဲဆိုးဆိုး၊ အနည်းဆုံးတော့ ဒါက ကျောင်းတစ်ကျောင်းပါပဲ။
တစ်ခြား ဘာကိုမှ စိတ်မပူပါနဲ့။ စာသင်ပေးနိုင်တဲ့ ဆရာတစ်ယောက် ရှိနေသ၍တော့ အရင်ဆုံး ဒီအလုပ်ကို စီစဥ်ကြတာပေါ့။ တစ်ခြားအရာတွေကိုက သူတို့ နောက်မှ ပြောလို့ရသည်။
ထျန်းယိုဖု လှုပ်လှုပ်ယွယွ ဖြစ်သွားတာကို မြင်သည့်အခါ ဝမ့်ရင်းက နောက်ထပ် တစ်ခုကို ထပ်ပြောခဲ့သည်။
“တကယ်လို့ ကျွန်မတို့ အဖွဲ့က အဲ့ဒါကို မကြာခင် မလုပ်ဘူးဆိုရင် တစ်ခြား ဘေးမှာရှိတဲ့ အဖွဲ့နှစ်ဖွဲ့က မကြာခင် အဲ့ဒါကို လုပ်တော့မှာ သေချာတယ်။”
ထျန်းယိုဖုက ခနလောက် မှင်သက်သွားခဲ့ပြီး ဝမ့်ရင်း ဘာကို ဆိုလိုလဲဆိုတာ ချက်ချင်း နားလည်သွားခဲ့သည်။
ကျောင်းသွားရတဲ့ အခက်အခဲက ခုနစ်ခုမြောက် တပ်မဟာတွင်သာမက ဘေးနားရှိ တပ်မဟာ နှစ်ခုမှာပါ ရင်ဆိုင်နေရသည်။
တပ်မဟာ သုံးခုလုံးက ကံမကောင်းဘဲ မြို့ကနေ အရမ်း ဝေးပြီး အခြား တပ်မဟာများနှင့် အတော်လေး နီးသည်။ သူတို့ရဲ့ ကိုယ်ပိုင် တပ်မဟာထဲတွင် တစ်ခုခု လုပ်ရမည့် အချိန်ကို ရောက်လာသည့်အခါ အရမ်းကို ဒုက္ခများသည်။
ဝမ့်ရင်းပြောတာ မှန်သည်။ ဟိုးအရင်ကတည်းက တပ်မဟာ ခေါင်းဆောင် နှစ်ယောက်က မူလတန်းကျောင်း ဆောက်မည့်အကြောင်း ပြောနေတာ သူ ကြားခဲ့သော်လည်း ဒီအချိန်မှာတော့ တပ်မဟာ သုံးခုက အတူတူ ပူးပေါင်းပြီး အဲ့ဒါကို ဆောက်မည်ဟု သူတို့က ပြောခဲ့ကြသည်။ တပ်မဟာသုံးခုအကြားမှာ နေရာကို ရွေးထားပြီးပြီ ဖြစ်သည့်အတွက် ကလေးတွေ ကျောင်းသွားဖို့ အဆင်ပြေမည် ဖြစ်သည်။
နောက်ပိုင်းမှာတော့ ခနခန နှောင့်နှေးသွားပြီး အပြင်မှာလည်း ထပ်ခါထပ်ခါ လန့်စရာကိစ္စတွေ ဖြစ်ခဲ့သောကြောင့် ခေါင်းဆောင် သုံးယောက်လုံးက ခွန်အားမဲ့နေခဲ့ကြပြီ ဖြစ်သည်။
အခုဆိုရင် အခြေအနေက အနည်းငယ် ပိုပြီး တည်ငြိမ်လာခဲ့သည်။ မူလတန်း ပညာရေးကို ပညာတတ် လူငယ်တွေက သင်ပေးမည် ဖြစ်သည့်အတွက် အခြား ဘာပြဿနာမှ မဖြစ်တော့ပါ။ ထျန်းယိုဖုက ထိုအကြောင်းကို တွေးမိလေလေ၊ အဲ့ဒါက ပိုကောင်းလေ ဖြစ်သည်။
သူတို့ တပ်မဟာထဲမှာ မူလတန်းကျောင်း ဆောက်တာက ငွေကြေးနဲ့ဆိုင်တဲ့ သက်သာမှုတွေကို ပေးရုံတင်မကဘူး ပညာတတ် လူငယ်တွေ အတွက်လည်း စီစဥ်မှုတွေကို လုပ်ပေးနိုင်သည်။
ဒီလို အကျိုးရလဒ်မျိုး ရတာကပဲ သူ့အတွက် ကံကောင်းတာပင်။
တစ်ခြား တပ်မဟာတွေက အရင် အဆောက်အဦတွေ ဆောက်သွားတာကို သူတို့ စောင့်နေမယ်ဆိုရင် သူတို့ တပ်မဟာကပဲ အကျိုးရလဒ်တွေကို ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။
ထျန်းယိုဖုက သူ့လက်သူ ပွတ်လိုက်သည်။ “ဒီအကြောင်း တွေးဖို့ ငါ့ကို စောင့်ပေးဦး။”
သူ အဲ့အကြောင်းကို တွေးမိလေလေ၊ ဝမ့်ရင်းရဲ့ အကြံက အရမ်း လက်တွေ့ဆန်တယ်လို့ ခံစားရလေလေပင်။
ပညာတတ် လူငယ်တွေအတွက် ဆောက်ထားတဲ့ အိမ်တွေက ပျက်စီးနေပြီလို့ ပြောတယ်မလား။
အဲ့ဒါတွေက အဆင်ပြေပါတယ်။ ပြီးတော့ အဲ့ဒါတွေကို ဒီနှစ်မှ အသစ် ဆောက်ထားတာလေ။ တပ်မဟာထဲမှာ ရှိနေတဲ့ မိသားစု အများစု နေကြတဲ့ အိမ်တွေက ပညာတတ် လူငယ်တွေ နေနေတဲ့ အိမ်တွေလောက် မကောင်းကြပေ။
ခုံတန်းတွေက ပျက်စီးနေပြီး ဖတ်ဖို့အတွက် စာအုပ်တွေလည်း မရှိဘူးလို့ ပြောတယ်မလား။
ဒါက ဘယ်လို အခက်အခဲမျိုးလဲ။ မင်းမှာ ခြောက်နှစ်၊ ဒါမှမဟုတ် ခုနစ်နှစ်အရွယ် ဒါမှမဟုတ် ပိုကြီးတော့ရော ဘယ်ကလေးက အိမ်မှာ အလုပ် မလုပ်ရလို့လဲ။ စာအုပ်တွေကို ပြန်ကူးရေးတာက ခက်ခဲတဲ့ အလုပ်ဆိုပြီး မင်းက သတ်မှတ်လိုက်ရတာလဲ။
ပညာသင်ဖို့ ကုန်ကျစရိတ်ကို ဆိုလိုတာလား။
တစ်ယွမ်ဆိုတာက အရမ်း စျေးချိုသည်။ အဲ့ဒါက တပ်မဟာထဲမှာရှိတဲ့ နှစ်ယွမ်ဆိုတာထက်ကို ပိုပြီး စျေးချိုပါသည်။ တကယ်လို့ မင်း အလုပ် မလုပ်ဘူး ဆိုရင်တောင် တပ်မဟာက မင်းကို စာသင်ဖို့ ပိုက်ဆံ ပေးမယ်လို့ မျှော်လင့်နေတုန်းလား။
ထျန်းယိုဖုက ဆုံးဖြတ်ချက် ချလိုက်သည်။ “ငါ အခု ချက်ချင်း တပ်ခွဲမှူးနဲ့ စာရေးကို သွားရှာလိုက်မယ်။ ပြီးရင် ငါတို့ အသေးစိတ်ကို ဆွေးနွေးဖို့အတွက် အစည်းအဝေး တစ်ခုကို လုပ်ကြမယ်။”
အဲ့ဒါ အလုပ်ဖြစ်နိုင်သော်လည်း ဆောင်းတွင်း ပိတ်ရက်မှာ ဘာလုပ်ကြမလဲဆိုသည့် ကိစ္စအများကြီးကို ဆုံးဖြတ်ရမှာတွေ ရှိသေးတယ်ဟု သူက တွေးမိခဲ့သည်။ 'ပညာတတ် လူငယ်တွေထဲက ဘယ်သူ့ကို ရွေးရမလဲ။ ဆရာတွေကိုရော ဘယ်လိုပေးရမလဲ။'
ဝမ့်ရင်းက အကြံတစ်ခု ပေးလိုက်သည့်အခါ လူတိုင်းက မြန်မြန် သိသွားကြပြီး တုံ့ပြန်ခဲ့ကြသည်။
ရာသီဥတု အေးလာသည့်အခါ ထျန်းယိုဖုက အခြေအနေကို တပ်မဟာထံ သတင်းပေးပို့ခဲ့ပြီး တပ်မဟာက အဲ့ကိစ္စကို စစ်းဆေးဖို့ လူတစ်ယောက်ကို လွှတ်လိုက်သည်။ မြန်မြန် ကြည့်ရှုပြီးတဲ့နောက်မှာတော့ တပ်မဟာက ခွင့်ပြုချက် ပေးခဲ့သည်။
တပ်မဟာက ရန်ပုံငွေ မကောက်ခင်အထိ ရွာမှာ မူလတန်းကျောင်း ဆောက်တာက ကိစ္စကြီးတစ်ခု မဟုတ်ပါ။
ထျန်းယိုဖုက အဖွဲ့သားများထံ ထိုသတင်းကို အမြန် လွှင့်ခဲ့သည်။
ရလဒ်က သူထင်ထားတာထက်ကို ကျော်လွန်နေပြီး တကယ်တမ်းမှာတော့ လူအများစုက ထိုကိစ္စကြောင့် ပျော်ရွှင်နေခဲ့သည်။
“စာသင်နှစ် တစ်နှစ်စာကို တစ်ယွမ်ပဲ ပေးရမှာတဲ့။ အဲ့ဒါက အဆင်ပြေတယ်လို့ ငါ ထင်တယ်။”
“အဲဲဒါက ဘာလို့လဲဆိုတော့ နင့်မှာက နှစ်ယောက်ပဲ ရှိတာကိုး။ ငါတို့မှာတော့ လေးယောက်တောင်လေ။ သူတို့ကို လုပ်ပေးဖို့ဆိုတာက တကယ်ကို စိတ်ညစ်ဖို့ ကောင်းတာပဲ။”
“နင် ဘာတွေ ကြောက်နေရတာလဲ။ နင့်မိသားစုထဲက အငယ်ဆုံးလေး နှစ်ယောက်က ငါးနှစ်တောင် မရှိသေးဘူးလေ။ ပြီးတော့ ဟိုကလည်း သူတို့ကို မလိုချင်ပါဘူး။ အကြီးတွေကို အရင် ပို့ပေးပြီး နောက်မှ အငယ်တွေအကြောင်းကို ပြောကြတာပေါ့။”
“ငါတို့ မိသားစုမှာက ကလေးမလေးတစ်ယောက် ရှိတယ်။ အဲ့တော့ သူ့ကို ပို့ဖို့ မလိုဘူးလေ ဟုတ်တယ်မလား။”
“နင်က အရမ်းကို တုံးတာပဲ။ ဘာလို့ သူ့ကို မပို့ရတာလဲ။ စကားတွေကို သိထားတော့ ကောင်းတာပေါ့။ ဝမ့်ရင်းကိုပဲ ကြည့်လိုက်။ သူက စာဖတ်တတ်တော့ ဆရာဝန်တစ်ယောက် ဖြစ်လာတယ်။ အခုဆိုရင် နင်က ဝမ်းဆွဲသည် ဖြစ်ဖို့လိုတယ်လို့တောင် ဝူကွေ့ဟွာဆီက ငါ ကြားလာတယ်။”
“အဲဲဒါ မှန်တယ်။ နှစ်နည်းနည်းလောက် လေ့လာပြီးရင် နင် စကားတွေ ပိုလေ့လာမိပြီး နောက်ပိုင်းကျရင် ယောက်ျားရှာဖို့ နင့်အတွက် ပိုလွယ်သွားလိမ့်မယ်။”
အဖွဲ့သားတွေကြားထဲမှ အငြင်းအခုံ စကားတွေက သိပ်ပြီး မဆိုးကြပါ။ ထို့အပြင် သူတို့အားလုံးက ရင်းနှီးပြီး စာအနည်းငယ် ဖတ်တတ်တာက မကောင်းတဲ့ ကိစ္စမဟုတ်ဘူးဟု လူအများစုက တွေးခဲ့ကြသည်။
ဒါပေမယ့် သူတို့ ပညာတတ် လူငယ်တွေရဲ့ လေ့ကျင့်ရေး စခန်းကို ရောက်တော့ အခြေအနေတွေက အရမ်းကို ကွဲပြားနေသည်။
ပညာတတ်လူငယ်တိုင်းနီးပါးက အနည်းငယ် ဒေါသထွက်နေခဲ့ကြသည်။
မြို့မှာဆိုရင် စာသင်တာက အတော်လေး ကောင်းတဲ့ အလုပ်ပဲ။
အပြင်မှာဆို ပျော်စရာကိစ္စတွေ အများကြီးရှိပေမယ့် ပျော်စရာ ကိစ္စတွေ အများစုက အလယ်တန်းကျောင်းမှာပဲ ဖြစ်ခဲ့ကြတာပင်။ မူလတန်းကျောင်းမှာ ဖြစ်တယ်ဆိုတာက နည်းနည်းပဲ ရှိသည်။
အရမ်းကြီး အားထုတ်စရာမလိုဘဲ ကလေးတွေကို စာဖတ်ဖို့ သင်ပေးရတာက ဖြူစင်ပြီး သိက္ခာရှိတဲ့ အလုပ်ပင်။
ပညာတတ် လူငယ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ယန့်ဟုန်က လူတိုင်းကို တိတ်တဆိတ် ကြည့်ခဲ့သည်။ သူတို့က အမျိုးသမီး ပညာတတ် လူငယ်လား ဒါမှမဟုတ် အမျိုးသား ပညာတတ် လူငယ်လားဆိုတာ မတွေးကြတော့ဘဲ အားလုံးက ကြိုးစားကြည့်ဖို့ကိုသာ အတော်လေး စိတ်အားထက်သန်နေခဲ့ကြသည်။
ဒါဟာ ရွာထဲက မူလတန်းကျောင်းမှာ စာသင်ရမည့် ရာထူးကြောင့်သာမက ထျန်းယိုဖု ယူဆောင်လာသည့် သတင်းကြောင့်လည်း ဖြစ်သည်။
ဒီနှစ်မှာတော့ တပ်မဟာက ခုနစ်ခုမြောက် တပ်မဟာအတွက် ခွဲတမ်းတစ်ခု ချပေးခဲ့ပြီး အလုပ်သမား၊ လယ်သမားနှင့် စစ်တက္ကသိုလ်တွေမှာ လေ့လာဖို့အတွက် တစ်ယောက်ယောက်ကို သတင်းပို့ဖို့ ထျန်းယိုဖုအား ပြောခဲ့သည်။
ထျန်းယိုဖုသည် သူပြန်လာတဲ့အခါ ဝမ့်ရင်းကို ရှာဖို့ ထွက်သွားခဲ့သည်။ ပညာရေးအပိုင်းအတွက် တပ်မဟာထဲတွင် အထက်တန်းကျောင်းမှ ဘွဲ့ရတဲ့သူက အနည်းငယ်သာ ရှိသည်။ လုပ်နိုင်ကိုင်နိုင်စွမ်းမှာတော့ ဝမ့်ရင်းက ပိုထူးချွန်သည်။ အရေးအကြီးဆုံး အချက်က ဝမ့်ရင်းဟာ အတော်လေးလည်း သန်မာသည်။
ဝမ့်ရင်း သဘောတူလိုက်တာနှင့် တစ်ပြိုင်နက် ထျန်းယိုဖုက ချက်ချင်း နာမည်ပေးလိုက်မည် ဖြစ်သည်။
သို့သော် ဝမ့်ရင်းက ဘာစကား တစ်ခွန်းမှ မပြောဘဲ ငြင်းလိုက်သည်။
ထျန်းယိုဖုက အနည်းငယ် စိတ်မကောင်း ဖြစ်သွားသော်လည်း သူမကို နားချဖို့ မကြိုးစားခဲ့ပါ။ ဝမ့်ရင်းသည် လက်ထပ်ပြီးနောက်ပိုင်းမှာ ပိုပိုပြီး ခေါင်းမာလာတာကို သူတွေ့ခဲ့ရသည်။ သူမရဲ့ စိတ်ကို အလွယ်လေး သူပြောင်းပေးနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် လွတ်လပ်နေတဲ့ နေရာက လူတိုင်းရဲ့ စိတ်ထဲမှာ အထင်းသား ဖြစ်နေခဲ့သည်။
ထိုခွဲတမ်းကို ပညာတတ် လူငယ်တွေထံ ပေးလို့ရပြီး တပ်မဟာရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့အတွက် ဘာလိုအပ်ချက်မှ မရှိပါ။
ပိုင်လင်းက အရမ်းကို စိတ်လှုပ်ရှားနေခဲ့ကာ သူမက နှစ်ခုလုံးကို လိုချင်နေခဲ့သည်။ အလုပ်သမား၊ လယ်သမားနှင့် စစ်တက္ကသိုလ်က ကောင်းသလို မူလတန်းကျောင်းဆရာ အလုပ်ကလည်း အဆင်ပြေသည်။
သူမက နှစ်ခုလုံး လိုချင်သော်လည်း နှစ်ခုလုံးကို ပြီးအောင် လုပ်ဖို့ဆိုတာ သူမအတွက် ခက်ခဲမှာကို သူမ သိနေခဲ့သည်။
မူလတန်း ကျောင်းဆရာများကို သူတို့ရဲ့ ဗဟုသုတ အနိမ့်အမြင့်ဖြင့် ဆုံးဖြတ်သည်။ သူမက အရည်အချင်း ပြည့်မှီတယ်ဟု ခံစားခဲ့ရသော်လည်း ပညာတတ် လူငယ်များကြားမှာတော့ သူမက အတော်ဆုံး မဟုတ်ပါ။ သူမက အလယ်တန်းကျောင်းမှ ဘွဲ့ရပြီး ဖြစ်သော်လည်း အထက်တန်းကျောင်းမှ ဘွဲ့ရသည့် ပညာတတ် လူငယ် များစွာက အဲ့နေရာတွင် ရှိနေခဲ့သည်။ ကျောင်းမှာတုန်းက သတင်းစာအတွက် စာများ ရေးခဲ့တဲ့သူ တစ်ယောက်စ၊ နှစ်ယောက်စလည်း ရှိနေခဲ့ပြီး ဒီအချိန်အတွင်းမှာ သူတို့က ဝူကွေ့ဟွာရဲ့ ကိစ္စမှာ တက်တက်ကြွကြွနှင့် ဝင်ပါခဲ့ကြသည်။
ကိစ္စတွေက သူမကို ဆန့်ကျင်နေခဲ့သည်။
အလုပ်သမား၊ လယ်သမားနှင့် စစ်တက္ကသိုလ်ကို မဆိုထားနှင့် ပိုင်လင်းက သူမရဲ့ ဂုဏ်သတင်းဟာ အရမ်း မကောင်ဘူးဆိုတာကို သူမက သိနေခဲ့သည်။
ထိုခွဲတမ်းကို အဖွဲ့ခေါင်းဆောင်တွေက မဲခွဲရမည် ဖြစ်သော်လည်း သူမက ဝူကွေ့ဟွာကို စော်ကားမိပြီး ဝန်ထမ်းမဟုတ်သည့် အလွတ်တမ်း ဆရာဝန် ဝမ့်ရင်းနှင့်လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု မရှိပါ။