အခန်း (၁၇၅-၁၇၆)
Vol. 15 Ch. 175-176
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၇၅
ထို့နောက် ဂျုံရိတ်သိမ်းချိန်မှာ ပိုင်လင်းက ကျန်းလိကို လှောင်လိုက်ကတည်းက ကျန်းလိသည် ပိုင်လင်းကို လုံးဝ ဒေါသထွက်သွားခဲ့သည်။ သူက ပိုင်လင်းကို မြင်သည့်အခါ သူမကို မျက်လုံးဖြင့် စေ့စေ့တောင် မကြည့်ဘဲ အေးတိအေးစက် ဖြစ်သွားခဲ့သည်။
ကျန်းလိက စာရေးကြီးရဲ့အိမ်မှာ နေခဲ့ရသည်။ ပိုင်လင်းက အရမ်းကို စိတ်အနှောက်ယှက်ဖြစ်ပြီး စာရေးကြီးအား သူမအကြောင်း တစ်ခုခု လွဲနေတယ်ဟု ကျန်းလိက သွားပြောမှာကို သူမက ကြောက်နေခဲ့သည်။
ထိုအရာကို တွက်ချက်ပြီးနောက် ပိုင်လင်းသည် သူမ မဲအနည်းငယ်သာ ရတော့မှာကို ခံစားမိခဲ့သည်။
ပိုင်လင်းက သူမရဲ့ လက်သည်းတွေကို ကိုက်ပြီး ဟိုကြည့်၊ ဒီကြည့် လုပ်နေခဲ့သည်။
သူမသည် ဂျုံရိတ်သိမ်းရာသီကတည်းက ကိစ္စ များစွာကို ကြုံခဲ့ရပြီး အသားတွေ မဲကာ ပိုပြီးလည်း ပိန်သွားခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် အဲ့မှာ လုပ်ဆောင်ချက်အချို့ ရှိနေခဲ့ပြီး ယုဖမ်းချန်က သူမနှင့် သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးထက်ကို ပိုပြီး တိုးတက်လာကာ သူတို့က နောက်ဆုံး ဆက်ဆံရေးကို ရောက်ဖို့ ခြေလှမ်း တစ်လှမ်းသာ လိုတော့သည်။
ပိုင်လင်းက လွတ်လမ်းတစ်ခုကို ရှာချင်နေခဲ့သည်။ အကောင်းဆုံးကတော့ သူမ ဘွဲ့ရပြီးနောက် အလုပ် ရနိုင်သည့် အလုပ်သမား၊ လယ်သမားနှင့် စစ်တက္ကသိုလ်ကို သေချာပေါက် ရောက်နိုင်ဖို့ ဖြစ်သည်။ တကယ်လို့ သူမ မြို့ကို မပြန်ဖြစ်ရင်တောင် ဒီမှာရှိတဲ့ တပ်မဟာထဲမှာနေပြီး ဂုဏ်ရှိတဲ့ အလုပ်တစ်ခုကို ရှာနိုင်မည် ဖြစ်သည်။
မူလတန်း ကျောင်းဆရာမ ပိုင်လင်းကတော့ နှစ်ခုလုံး လုပ်ဖို့အတွက် စီစဥ်ထားခဲ့သည်။ တကယ်လို့ သူမက အလုပ်သမား၊ လယ်သမားနှင့် စစ်တက္ကသိုလ်ကို မသွားနိုင်ခဲ့ရင် အနည်းဆုံးတော့ အမှီတစ်ခု ရှိရမည် ဖြစ်သည်။
ဒီစိတ်နှင့် သူမက ယုဖမ်းချန်ကို ရှာဖို့အတွက် ဟိုဟိုဒီဒီ ထွက်သွားခဲ့သည်။
တစ်ဖက်မှာတော့ ယုဖမ်းချန်က ဘာကိုမှ စိတ်မဝင်စားပါ။ သူ့မှာ မကြာသေးခင်ကမှ လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့ပြီး သူသည် အဲ့ဒါကို ဘယ်သူမှ မပြောပြဘဲ စိုးရိမ်နေခဲ့သည်။
ပိုင်လင်း လာနေတာကို မြင်သည့်အခါ ယုဖမ်းချန်က အိမ်မှ ပို့လာသည့် စာကို ဖယ်လိုက်ပြီး ပိုင်လင်းနှင့် စကားတွေ ပြောခဲ့ကြသည်။
ဘာစကား တစ်ခွန်းမှ မပြောဘဲ ပိုင်လင်းက တက္ကသိုလ် နေရာများနှင့် မူလတန်း ဆရာများ အကြောင်းကို ပြောခဲ့သည်။
“ဖမ်းချန်၊ ငါ့ကျန်းမာရေးက သိပ်ပြီး မကောင်းဘူးလို့ ခံစားနေရတယ်။ ငါ အလုပ် လုပ်ရင်တောင် လူတိုင်းနဲ့ အတူတူ မလုပ်နိုင်လောက်ဘူး။ အဲ့ဒါကြောင့် ငါတော့ အလုပ်သမား၊ လယ်သမားနဲ့ စစ်တက္ကသိုလ်ကို သွားရရင် ကောင်းမှာပဲ။ ငါ ကျောင်းပြီးသွားရင် ငါ့အတွက် ငါ အလုပ်တစ်ခု စီစဥ်လို့ ရတယ်။ ပြီးရင်…. ငါ နှစ်ခုလုံး….”
ပိုင်လင်းက ရှက်သလို ဟန်ဆောင်ပြီး စကားကို ယုဖမ်းချန်ဆီ လွှဲပေးလိုက်သည်။
ယုဖမ်းချန်က မျက်မှောင်ကို ကြုတ်ပြီး ပြောလိုက်သည်။ “ပိုင်ကျစ်ကျင်း၊ မင်း ဘယ်လိုလုပ် ဒီလိုမျိုး တွေးနိုင်ရတာလဲ။ ငါတို့က ကျေးလက်ဒေသတွေကို ပြန်ထူထောင်ဖို့ ရောက်လာကြတာလေ။ လယ်ထဲမှာ အလုပ် လုပ်ရတာ ခက်ခဲတယ်ဆိုတာက ဟုတ်ပါတယ်။ အဲ့လို အခက်အခဲတွေကို ငါတို့က ပိုပြီးတော့တောင် ကြုံရဦးမယ်။ အဲ့ဒါက ဘယ်လောက် ခက်ခဲလဲဆိုတာကို မင်းသိချင်တယ်ဆိုရင် မိုင်နှစ်သောင်းခွဲလောက် ချီတက်ရတဲ့ စစ်ခရီး အရှည်ကြီးအကြောင်းကို တွေးလိုက်။ အဲ့ဒါက ဘယ်လောက် ပင်ပန်းလဲဆိုတာကို သိချင်တယ်ဆိုရင် တော်လှန်ရေးအတွက် လုပ်နေတဲ့ လူတွေအကြောင်းကို တွေးကြည့်လိုက်။ ငါတို့တွေက အေးချမ်းတဲ့ အချိန်တစ်ခုမှာ နေနေတာ။ အဲ့အချိန်က အတော်လေးလည်း ကောင်းပါတယ်။ တကယ်လို့ ငါတို့ ဒီအခက်အခဲတွေကို မခံနိုင်ဘူးဆိုရင် ငါတို့ ဘယ်သွားသွား အဲ့လို ပြေးနေရမှာပဲ။”
နောက်ပိုင်းမှာတော့ ပိုင်လင်းသည် ယုဖမ်းချန်နဲ့ ရှိနေတာရတာကို ပိုပိုပြီး စိတ်ရှုပ်လာခဲ့သည်။ ဒီလူက အမှန်တရားတွေအကြောင်း ပြောနေတာကို ဘယ်တုန်းကမှ ရပ်မသွားခဲ့ပါ။
ခက်ခဲတဲ့ အလုပ်တွေ အားလုံးက လေ့ကျင့်ရေးတွေပဲ။ သူသာ ဒါတွေကို တကယ် လေ့ကျင့်ရေးလို့ တွေးတယ်ဆိုရင် သူက ဘာလို့ အပြင်ထွက်ပြီး စားနေသေးလဲ။ သူက ပျင်းနေမယ့်အစား ဘာလို့ အလုပ်ကို မကြိုးစားတာလဲ။
သူ့ခန္ဓာကိုယ်မှာ ထိန်းချုပ်ဖို့ အခက်ခဲဆုံး အရာကတော့ သူ့ရဲ့ပါးစပ် ဖြစ်သည်။
ယုဖမ်းချန်ဆီမှ အဆူခံရပြီးနောက် ပိုင်လင်းက အဆက်အသွယ် ရဖို့အတွက် ပိုက်ဆံချေးမယ့် ကိစ္စကို တစ်ခွန်းမှတောင် မပြောလိုက်ရပါ။
ပိုင်လင်းသည် သူမ ဒါကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ယုဖမ်းချန်သည် သူမရဲ့နားတွေ အသားမာ တက်တဲ့အထိ ဒုက္ခပေးတော့မည် ဖြစ်သည်။
ပိုင်လင်းက အရမ်း စိုးရိမ်နေသည့်အတွက် အပြင်ကို ထွက်သွားသည့်အခါ ကျန်းလိက အဝတ်တွေ လျှော်ဖို့ ယူသွားတာကို တွေ့ခဲ့ရသည်။
သူမက မြန်မြန် လျှောက်သွားပြီး ပြောခဲ့သည်။ “ကျန်းကျစ်ကျင်း၊ နင် ငါ့ အကူအညီ လိုသေးလား။”
ယုဖမ်းချန်က သူမကို မကူညီနိုင်သည့်အတွက် သူမက နည်းလမ်းတစ်ခု ရှာရမည် ဖြစ်သည်။
ကျန်းလိက သူမကို မြင်သည့်အခါ မပျော်တော့ပါ။ “မလိုပါဘူး။”
ကျန်းလိ ပြောပြီးသွားသည့်နောက် ပိုင်လင်းက အနောက်ကနေ လိုက်သွားခဲ့သည်။ “ကျန်းကျစ်ကျင်း၊ ငါ နင့်ကို ပြောစရာ တစ်ခု ရှိတယ်။”
သူမ ဘာကိုမှ ဂရုမစိုက်ဘဲ သူမလိုချင်တာကိုသာ ယူခဲ့သည်။
ကျန်းလိမှာ ပိုက်ဆံမရှိတာကို သူမ သိသော်လည်း ကျန်းလီက သန်မာပြီး သင်္ချာမှာ တော်တာကိုလည်း သိနေခဲ့သည်။
ကျောင်းမှာတုန်းက ကျန်းလိသည် အခြား ဘာသာရပ်များမှာ အမှတ် နည်းသော်လည်း သင်္ချာမှာတော့ အမြဲတမ်း အမှတ်အများကြီး ရသည်။
ပိုင်လင်းသည် ကျန်းလိက သူမကို သင်္ချာတွက်ရာမှာ ကူပေးစေချင်ခဲ့သည်။ တရုတ်ဘာသာမှာ ပြိုင်ဆိုင်မှုက ပြင်းထန်သော်လည်း သင်္ချာမှာတော့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သည်။
သူမက ကျန်းလိနှင့် ဆန့်ကျင်ဘက် ဘာသာရပ်တွေမှာ အရမ်း အားနည်းသည်။ သူမက သင်္ချာကို ကြောက်ပြီး အခုဆိုရင် သူမရဲ့ မျှော်လင့်ချက်တွေက ကျန်းလိအပေါ်မှာသာ ရှိတော့သည်။
ကျန်းလိက ဘာမှ မကြားချင်ယောင်ဆောင်ပြီး သူ့ရဲ့ ဇလုံကိုယူကာ ထွက်သွားခဲ့သည်။ ပိုင်လင်းက ကောင်းတဲ့ အရာတွေကို ပြောခဲ့ပါစေ ကိစ္စမရှိဘဲ သူမက လက်လျှော့မည် မဟုတ်ပါ။
ပိုင်လင်းက ဒေါသထွက်ပြီး ဘာမှမတွေးဘဲ ပြောခဲ့သည်။ “ကျန်းလိ၊ နင်က ဒီလိုလူမျိုး ဖြစ်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ငါ နင့်ကို မငြင်းခဲ့ဘူးလား။ နင်က ဘာလို့ အရမ်း တုံးရတာလဲ။”
ကျန်းလိက လှောင်ပြုံး ပြုံးလိုက်သည်။ “မင်း အဲ့ဒါကို သိပ်ပြီး ကောင်းကောင်းမွန်မွန် ပြောနေဖို့ မလိုပါဘူး။ မင်း ငါ့ဆီကိုလာတာ မင်းအတွက် ငါ့ကို တစ်ခုခု လုပ်ခိုင်းမလို့မလား။ အခုချိန်မှာ မင်း အဆင်ပြေရင် မင်းက ငါ့ကို အစ်ကိုတစ်ယောက်လို မြင်တယ်ဆိုပြီးပဲ ပြောမှာမလား။ မင်းက ဘာလို့ ဟန်ဆောင်နေတာလဲ။”
ပိုင်လင်းသည် ပထမဆုံးအကြိမ် ကျန်းလိထံမှ လှောင်ခြင်းကို ခံခဲ့ရကာ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ “ငါက အမှန်တရားကို ပြောလိုက်မိလို့လား။ ငါ နင်နဲ့အတူ မရှိချင်လို့ဆိုပြီး ငါ့ကို လက်စားချေနေတာ မဟုတ်ဘူးလား။ အဲ့လို မှမဟုတ်ရင် နင် ငါ့ကို ဘာလို့ နည်းလမ်း မပြပေးတော့တာလဲ။ နင်က မုန်းနေတာပဲ။ ကျန်းလိ၊ နင် ယုဖမ်းချန်ဆီကနေ သင်လို့ မရဘူးလား။ ပိုပြီး စိတ်သဘောထား မကြီးတော့ဘူးလား။ နင်က ဘာလို့ ကိစ္စတွေကို အရမ်း ပုံကြီးချဲ့နေရတာလဲ။”
ပိုင်လင်းက ဒေါသထွက်ပုံရသော်လည်း သူမက လုံးဝ ဒေါသထွက်နေတာ မဟုတ်ပါ။ သူမက ကျန်းလိရဲ့ အရှေ့မှာ ယုဖမ်းချန် အကြောင်းကို ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်း ဖြစ်သည်။ ဘာလို့လဲ။ သူမက ယုဖမ်းချန်နဲ့ ကျန်းလီကို ရန်ဖြစ်စေချင်ရုံသာ ဖြစ်သည်။ တကယ်လို့ ရန်မဖြစ်ဘူးဆိုရင် ဘယ်လိုလုပ် သူမက အဖိုးတန်မှာလဲ။
ဒီအချိန်အတွင်းမှာ ကျန်းလိ ဘာဖြစ်သွားလဲဆိုတာ သူမ မသိတော့ပေ။ သူက သူမနဲ့လည်း မပတ်သက်တော့ဘူး။ တကယ်လို့ ကျန်းလိက သူမနဲ့ ပတ်သက်ဖို့ လာတယ်ဆိုရင် သူမက ယုဖမ်းချန်ကို ဟိုးအရင်ကတည်း ခေါ်သွားမှာကို စိုးရိမ်မိသည်။
ယောက်ျားတွေ အားလုံးက အတူတူပဲ။ သူတို့က ရန်မဖြစ်ဘူးဆိုရင် စိတ်ကုန်သွားကြလိမ့်မည်။
ကျန်းလိက သူမရဲ့ စကားတွေကို လမ်းလွှဲလိုက်ပုံ ရသည်။ သူက ခေါင်းကိုငုံ့ပြီး ဘာစကားတစ်ခွန်းမှ မပြောတော့ပါ။ ပိုင်လင်းက မြန်မြန်ပဲ ဆက်ပြောခဲ့သည်။ “ကျန်းလိ၊ ငါ့ကို ကူညီပေးပါဟာ။ အခုချိန်မှာ နင်က ငါမှီခိုလို့ရတဲ့ တစ်ဦးတည်းသောသူပါ။ နင်ပဲ ငါ့ကို ကူညီနိုင်မှာဟ။”
အချိန်အတော်ကြာပြီးနောက် ကျန်းလိက ရုတ်တရက် တုံ့ပြန်လိုက်ပုံရပြီး မှုန်သုန်သုန် ပြောလိုက်သည်။ “ရက် နည်းနည်းလောက် စောင့်ကြရအောင်။ အဲ့အချိန် လူတိုင်း အားသွားကြပြီ။”
ပိုင်လင်းက အရမ်းကို ဂုဏ်ယူသွားခဲ့သည်။ သူမက ကျန်းလိကို ဘယ်တော့မှ မဆုံးရှုံးဘူးဆိုတာ သိနေခဲ့သည်။
“ငါ နင့်ကို ကျေးဇူး အများကြီး တင်ပါတယ်။”
ပိုင်လင်းက လှည့်ထွက်သွားခဲ့သည်။ ကိစ္စတွေကို ဖြေရှင်းပြီးနောက် သူမက ကျန်းလိရဲ့ တောင်းဆိုမှုကို သဘောတူဖို့ အရမ်း ပျင်းသွားခဲ့သည်။
သူမ နည်းနည်းလေး မသိလိုက်တာ တစ်ခုကတော့ ကျန်းလိက သူမကို ထေ့ငေါ့သလို အပြုံးမျိုး ပြုံးပြခဲ့သည်။
တပ်မဟာက ရွာထဲတွင် မူလတန်းကျောင်း ဖွင့်ဖို့ကို ခနလောက် ဆွေးနွေးခဲ့ကြသည်။ နောက်နှစ် နွေဦးမှာ ရွာရဲ့ မူလတန်းကျောင်းကို စဖွင့်ဖို့ မျှော်လင့်ထားပြီး ဒီဆောင်းတွင်းမှာ ဆရာ၊ ဆရာမတွေကို ရွေးချယ်မည် ဖြစ်သည်။ အဖွဲ့သားတွေက ပညာတတ် လူငယ်တွေရဲ့ စခန်းအကြောင်းကို အတင်းတုပ်နေခဲ့ကြပြီး နောက်ဆုံးမှာတော့ နိုဝင်ဘာလကို ရောက်လာခဲ့ပြီ ဖြစ်သည်။
နိုဝင်ဘာလမှာတော့ ရာသီဥတုက ပိုအေးလာပြီး တပ်မဟာကလည်း ဆောင်းတွင်းအတွက် ပြင်ဆင်ရေး အဆင့်ကို လုပ်နေခဲ့ကြသည်။
တို့ဟူးကြိတ်ခြင်း၊ အသီးအရွက်ခြောက်တွေကို လဲလှယ်ခြင်း၊ ဝက်သတ်ခြင်းနှင့် ဝက်သားတွေကို ဝေပေးခြင်း၊ တောင်ပေါ်မှာ တောကောင်များကို အမဲလိုက်ခြင်း…..
ကိစ္စမျိုးစုံ ဖြစ်သည်။
မနှစ်ကမှ ဝမ့်ရင်းသည် ဒီနေရာကို ရောက်လာပြီး သူမရဲ့ မင်္ဂလာပွဲကို ပြင်ဆင်ရင်း အလုပ် ရှုပ်နေခဲ့သည်။ ဒီနှစ်မှာတော့ သူမက ပိုပြီး အလုပ်အားသွားခဲ့သည်။ သူမက စာရင်းတစ်ခုလုပ်ပြီး ရှုရွှမ်းနှင့်အတူ မြို့ကို ခနခန သွားခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့က လိုအပ်တဲ့ အရာအားလုံးကို ဝယ်ခဲ့ကြသည်။
အဲ့နေ့မှာပဲ ထျန်းယိုဖုက ရောက်လာခဲ့သည်။
“ဘာ၊ တပ်မဟာက ရေဒီယိုတစ်လုံး ဝယ်ချင်တယ်တဲ့လား။”
ထျန်းယိုဖုက ခေါင်းငြိမ့်ပြလိုက်သည်။ “ပန်းသီးနဲ့ စွံပလွံသီးတွေရဲ့ စျေးက ဒီနှစ် နည်းနည်းလေး ပိုတက်တယ်။ မင်းတို့အိမ်မှာရှိသလို သေတ္တာကြီးနဲ့ ရေဒီယိုတစ်လုံး ဝယ်တာက ပိုကောင်းလိမ့်မယ်လို့ ငါထင်တယ်။ ပြီးရင် အဲ့ဒါကို အစည်းအဝေးခန်းထဲမှာ ထားထားလိုက်။ အစည်းအဝေးအချိန်အတွင်းမှာ လူတိုင်းက ပျင်းလာပြီဆို ရေဒီယို နားထောင်လို့ ရတယ်။”
အဲ့လို လုပ်ရလို့ ဝမ့်ရင်းကလည်း အရမ်းပျော်နေတာ သေချာသည်။ အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ ဗူးကို ရတနာတစ်ခုလို သဘောထားသည်။ သူမက သီချင်း နားထောင်ဖို့ အိမ်ကို ပြန်သွားလို့ ရသော်လည်း သူမက လုံးဝ မပျော်နေဘဲ အဲ့ဒါကို ဘယ်သွားသွား သယ်သွားတဲ့ အချိန်တိုင်းမှာ ထိုဗူး ထိခိုက်မှာကို စိုးရိမ်နေခဲ့သည်။
အဖွဲ့ကလည်း တစ်လုံးလောက် ထပ်ဝယ်မယ်ဆိုရင် ပိုကောင်းမည် ဖြစ်သည့်အတွက် ရှုမိသားစုရဲ့ တံခါးဝမှာ တစ်နေကုန်လုံး လူတွေအများကြီး ရှိနေတော့မည် မဟုတ်ပါ။
ဝမ့်ရင်းက သူမကို ထိုဗူး ရောင်းလိုက်သည့် ကျန်းစန်းကို မြို့မှာ သိပ်မရှာစရာမလိုဘဲ တွေ့ခဲ့ရသည်။ ဒီတစ်ခေါက်မှာလည်း သူမက စျေးထပ်ဆစ်ခဲ့ပြီး စျေးကို ၃၂ ယွမ်အထိ လျှော့ခိုင်းပြီး အောင်မြင်စွာဖြင့် ရေဒီယိုဗူးကို ပြန်ယူသွားခဲ့သည်။
အဖွဲ့ထဲမှာ တရုတ်နှစ်သစ်ကူး ရှိပုံရသည်။ အဲ့ဒါက ပုံမှန် မဟုတ်သော်လည်း အဲ့ဒါကို အဖွဲ့က ပိုင်သည်။ တစ်ခြားနည်းဖြင့် ပြောရရင် သူတို့ထဲက ဘယ်သူမဆို အဲ့ဒါကို ပိုင်သည်။
ထိုပျော်ရွှင်မှုတွေက ဝက်သားဝေတော့မယ့် အကောင်းဆုံး နေ့သို့မရောက်ခင်အထိ ဆက်ရှိနေခဲ့သည်။
“ဘုရားရေ၊ သူတို့ ဒီဝက်ကို ဘယ်လိုတောင် မွေးထားတာလဲ။ အဲ့ဒါက ဘယ်လိုလုပ် ဒီလောက်ထိ ဝနေရတာလဲ။”
ချမ့်ကျွီဟွာက အရမ်း ဂုဏ်ယူနေခဲ့သည်။ သူမက ဝဖြိုးနေသည့် ဝက်မျာစွာရဲ့ အရှေ့မှာ ရပ်ကာ အံ့ဩတကြီး ဘေးက အော်နေသည့် လူတွေရဲ့ အသံကို နားထောင်နေခဲ့သည်။
အဲ့ဝက်က အကြီးကြီးပဲမလား။ သူ့ကြည့်ရတာ ပေါင်၂၀၀ ကျော်မယ့်ပုံပဲ။
“ဝိုး၊ ဂန္ဓမာပန်းလေးက အရမ်းကို လုပ်နိုင်စွမ်း ရှိတာပဲ။”
“တစ်ခေါက်တည်းနဲ့ ဒီလိုကောင်ကြီး ဖြစ်လာအောင် နင် ဘယ်လိုတွေ ကျွေးတာလဲ။”
“ဟဟဟဟ၊ ဒီနှစ်တော့ ငါ့မိသားစုက အသားတွေ ပိုရတော့မယ်။”
“အဲ့ထက်တောင် ပိုသေးတယ်။ မနှစ်ကထက် နှစ်ဆ ပိုမယ်လို့ ငါမြင်မိတယ်။”
“အဲဲဒါ ကောင်းတာပေါ့။ ဒီနှစ် ငါတို့တွေ ဝက်သား ဝေပေးတာ သုံးခါလောက် ရတော့မယ်။”
“သိုးတွေလည်း ရှိသေးတယ်။ နှစ်ကောင်ကို လက်လွှဲပေးပြီး နောက်ဆုံးတစ်ကောင်ကို နှစ်ကုန်မှ ဝေပေးမယ်လို့ ခေါင်းဆောင်က ပြောတယ်။”
“ငါတို့ သိုးတွေကို ဘယ်လို ခွဲမှာလဲ။ ငါတို့ အဖွဲ့ထဲမှာ ဝက်သတ်တဲ့သူတွေ ရှိနေတာဆိုတော့ အဲ့ဒါက သိုးတွေ သတ်တာနဲ့ မတူဘူးလား။”
“အဲဲဒါက ပြဿနာကြီး မဟုတ်ဘူးလေ ဟုတ်တယ်မလား။ ထားလိုက်စမ်းပါ။ ဒီဝက်တွေ ဘယ်လောက် လေးလဲဆိုတာ စစ်ဖို့ မြန်မြန်လုပ်ကြပါ။ ဟီးဟီး၊ ပြန်သွားပြီး နောက်မှပဲ ဝက်သားနဲ့ အာလူး ချက်စားဦးမယ်။”
……
ဝမ့်ရင်းတောင် အံ့သြသွားခဲ့သည်။ နွေဦးတုန်းက သူမ မွေးခဲ့သည့် ဝက်ကြီးက အချိန်တိုအတွင်း မြန်မြန် ကြီးလာသော်လည်း နောက်ပိုင်းမှာတော့ တန်းတစ်ခုကို မရောက်ဘဲ ဝိဉာဥ်စမ်းချောင်းမှ ရေများကို ဘယ်လောက်ပဲ တိုက်ပါစေ အဲ့ထက်တော့ ပိုမကြီးပါ။ နောက်ဆုံးမှာတော့ ဝက်က ၁၆၀မှ ၁၇၀ ကီလိုဂရမ်သာ ရှိသည်။
ဒါပေမယ့် ချမ့်ကျွီဟွာ မွေးထားသည့် ဝက်တွေက ဝိဉာဥ်စမ်းချောင်းမှ ရေတွေကို အနည်းငယ်သာ သုံးခဲ့သော်လည်း အားလုံးက ဝပြီး သန်မာကာ အနည်းဆုံး ကီလိုနှစ်ရာလောက် ရှိသည်။
ဝမ့်ရင်းက ထိုအကြောင်းကို တွေးလိုက်သည့်အခါ ဝိဉာဥ်စမ်းချောင်းရှိရေက ကျန်းမာအောင်သာ လုပ်နိုင်ကြောင်း နားလည်သွားခဲ့ပြီး သူ့ရဲ့ အကြီးဆုံး လုပ်ဆောင်ချက်က ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းဖို့သာ ဖြစ်သည်။ သို့သော် ဝက်တွေက ပိုဝလေ ပိုကောင်းလေ ဖြစ်သည့်အတွက် သူမက အဲ့ဒါကို မလုပ်နိုင်ခဲ့ပါ။ ဝက်တွေကို ကီလိုနှစ်ရာကျော်အောင် မွေးထားတာက သူတို့အတွက် ကျန်းမာတယ်ဟု မသတ်မှတ်နိုင်ပါ။ ချမ့်ကျွီဟွာ မွေးထားတဲ့ ဝက်တွေက လမ်းတောင် ဖြည်းဖြည်းပဲ လျှောက်နိုင်တာကို သိသင့်သည်။
ချမ့်ကျွီဟွာသည် ဝက်စာတွေကို ချက်ဖို့အတွက် နေ့တိုင်း အာရုံမတက်ခင်ကတည်းက ထလေ့ရှိကြောင်းကို ချမ့်ယုက ပြောပြခဲ့သည်။ မိုင်မောင့်နှင့် မိုင်စွေ့တို့ ညီအစ်မတွေက မြက်ရိတ်ဖို့အတွက် တောင်ပေါ်ကို နေ့တိုင်း သွားကာ တစ်နေ့ကို အနည်းဆုံး ခြင်းတောင်း နှစ်တောင်း သို့မဟုတ် သုံးတောင်း သယ်ခဲ့ကြရသည်။
ကန်စွန်းဥတွေကို စိုက်ပြီး ကန်စွန်းဥ အကြွင်းအကျန်ကို ဝက်များအား ကျွေးမည့် အစီအစဥ်ကတော့ အဲ့ဒါကို လွန်ခဲ့သော နှစ်လ သို့မဟုတ် သုံးလလောက်ကသာ အသုံးပြုခဲ့ကြသည်။ အဲ့ဒါမတိုင်ခင် ချမ့်ကျွီဟွာက ကန်စွန်းဥကိုင်းတွေကို ဖြတ်ပြီး ဝက်များကို ကျွေးခဲ့သည်။
ဒီလို ဂရုတစိုက် စောင့်ရှောက်မှုမျိုးကြောင့် ဝက်တွေက သဘာဝအတိုင်း ပိုကောင်းအောင် ကြီးလာခဲ့ကြသည်။
ချမ့်ကျွီဟွာသည် တစ်ခုခု နားမလည်သည့်အခါ တိရိစ္ဆာန်ရုံကိုသွားပြီး မေးလေ့ရှိသည်။ ဝက်ပေါက်လေး ခြောက်ကောင်ကို မွေးခဲ့ရသည့်အတွက် အခုဆိုရင် သူမက ဝက်မွေးတာနှင့် ပတ်သက်သည့် အရာအားလုံးကို ရှင်းပြနိုင်သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၇၆
ထိုဝက်တွေကို မြင်သည့်အခါ ထျန်းယိုဖုကလည်း အံ့ဩသွားခဲ့သည်။ သူနောက်ဆုံးအကြိမ် သွားလည်တုန်းက ဝက်တွေကို ကောင်းကောင်း ကျွေးမွေးထားသည့်အတွက် ၁၇၀နှင့် ၁၈၀ အကြားသာ ရှိလိမ့်မယ်ဆိုတာ သူမှတ်မိနေခဲ့သည်။ နှစ်လတည်းနဲ့ သူတို့က ဘယ်လိုလုပ် ဒီလောက် ကြီးလာရတာလဲ။”
“ဂန္ဓမာပန်းလေး၊ နင်က ကောင်းတဲ့ ဝက်ကို မွေးခဲ့တာပဲ။”
ထျန်းယိုဖုက ဝက်တွေကို သေသေချာချာ ကြည့်လိုက်သည်။ “ငါတို့တွေ ဒီနှစ် ဝက်တွေကို ပိုရနိုင်တယ်။”
အဖွဲ့က လုပ်စရာတွေနဲ့ အလုပ်ရှုပ်နေသလို တိရိစ္ဆာန် စောင့်ရှောက်ရေး ဌာနက ဝက်တွေ လာမယူခင်အထိ နေရာကို ဝန်းရံထားကြသည်။
ရွာသား အုပ်လိုက်ကြီးက သူ့ကို လိုချင်စိတ် ပြင်းပြစွာ စိုက်ကြည့်နေတာကို မြင်သည့်အခါ ဝက်လာယူသည့် လူငယ်က မှင်သက်သွားခဲ့သည်။ “ဒီကိုလာတဲ့ လမ်းမှာ ငါတို့ကား ပျက်သွားလို့ နည်းနည်း နောက်ကျသွားတာ။”
“မင်းအကြောင်း ဘယ်သူက ဂရုစိုက်လို့လဲ။ ငါတို့ အဖွဲ့ရဲ့ ဝက်တွေကို မြန်မြန် အလေးချိန် ချိန်ပေး။ အဲ့ဒါ ဝေပေးမယ့်အချိန်ကို ငါတို့တွေ စောင့်နေကြတာ။”
ရှောင်နန်က စိတ်သက်သာရာရကာ သက်ပြင်း ချလိုက်သော်လည်း သူက ဝက်ကို မြင်သည့်အခါ အံ့ဩသွားခဲ့ရသည်။ “ဝိုး။”
ပုံမှန်အတိုင်းဆို တိရိစ္ဆာန်ဌာနကပဲ ဝက်တွေကို ကီလို နှစ်ရာကျော်အောင် မွေးနိုင်သော်လည်း သာမန် တာဝန်ချထားပေးသည့် ဝက်တွေကိုတော့ မမွေးနိုင်ပါ။
အကြောင်းပြချက် တစ်ခုကတော့ အဖွဲ့သားတွေ မွေးတဲ့ဝက်က ဌာနမှာ မွေးတဲ့ဝက်တွေလောက် နည်းမကျဘဲ နောက်ထပ် အကြောင်းပြချက် တစ်ခုမှာ အဖွဲ့သား အများစုက အိမ်မှာ စားစရာတောင် လောက်ငှစွာ မရကြသည့်အတွက် သူတို့က ဝက်တွေကို ဘယ်လို သေသေချာချာ ကျွေးရမလဲဆိုတာ သူတို့ မသိကြပါ။
လွန်ခဲ့သော နှစ်အနည်းငယ်က လိုအပ်သည့် အချို့မိသားစုတွေကို တာဝန်တွေ ပေးခဲ့ကြသော်လည်း သူတို့က ဝက်တွေကို အစာ မကျွေးခဲ့ကြပါ။ အများစုက သေသွားကြပြီး တာဝန်တန်းလန်းနှင့် စားလိုက်ကြသည်။
သူတို့ အဲ့ဒါကို အလေးချိန် ချိန်ကြည့်လိုက်တော့ ပမာဏက ပိုပြီးတော့တောင် မျက်စိကျစရာ ဖြစ်နေသေးသည်။
“နှစ်ရာနဲ့ ကိုးပေါင်တောင်။”
ကီလိုဂရမ် နှစ်ရာကျော်တယ်။
သူ့ဘေးနားရှိ အဖွဲ့သားတွေက ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားလာကြပြီး သူတို့ရဲ့ မျက်လုံးတွေက အရောင် တောက်လာခဲ့သည်။
ဒီနှစ်ဟာ တပ်မဟာက ဝက်တွေကို တစ်စုတစ်စည်းထဲ မွေးကြသည့် ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် အရင်နဲ့ မတူဘူးဆိုတာ သေချာသည်။ ဝက်တွေကို ဝေပြီးတဲ့နောက်မှာ ဝက်မွေးတဲ့သူတွေကို ပေးရမှာ ပေးခဲ့ကြသည်။ အပိုငွေအတွက်ကတော့ အဲ့ဒါက ပိုက်ဆံ သို့မဟုတ် အသားအတွက် လဲမလားဆိုသည့် ထျန်းယိုဖုရဲ့ အမြင်အပေါ်မှာသာ မူတည်သည်။
ထျန်းယိုဖုက လူတိုင်းရဲ့ အတွေးတွေကို သေချာ နားလည်သည်။ ဝက်တွေကို အလေးချိန် ချိန်ပြီး ဝေပေးရမည့် ဒီအချိန်ကို ရောက်လာပြီးနောက် ကွာခြားချက်တွေက ပိုပိုပြီး သိသာလာခဲ့သည်။ ဝက်ကို မွေးဖို့ တာဝန် ပေးခံထားရတဲ့ သူတွေက ကီလို အနည်းငယ်သာ ရပြီး သူတို့ရဲ့ ဝက်တွေက ကီလို ၁၆၀ကို မကျော်ခဲ့ကြပါ။
အနှစ်ချုပ် ပြောရရင် ချမ့်ကျွီဟွာ မွေးထားသည့် ဝက်ကသာ ကီလိုဂရမ် ၂၀၀ ကျော်ပြီး အကြီးဆုံး ဝက်ကတော့ ကီလို ၂၁၀ ကျော်သည်။
သေချာ တွေးပြီးတဲ့နောက် ထျန်းယိုဖုသည် စုပြီး မွေးထားသည့် ဝက်တွေကို ပိုက်ဆံအတွက် လဲဖို့ ဆုံးဖြတ်ခဲ့ပြီး ကျန်တဲ့အသားတွေကို သိမ်းထားဖို့ ဆုံးဖြတ်ခဲ့သည်။
ဒီလိုနည်းနဲ့မှ လူတိုင်းက ဒီနှစ် ဝက်တွေကို ပိုရကြမည် ဖြစ်သည်။
တိရိစ္ဆာန် ဌာနရဲ့ ဝန်ထမ်းက မြန်မြန် တွက်ချက်လိုက်ပြီး သူတို့ ယူလာတဲ့ ဝက်တွေထဲက တစ်ကောင်ကို ရွေးလိုက်သည်။ “ ဒီမှာ။ မင်းတို့ ရမယ့် ဝက်ရဲ့ တစ်ဝက်က ဒါနဲ့ အတူတူပဲ ရှိလောက်မယ်။ နောက်မှ ငါ ပိုက်ဆံကို လာတွက်ပေးမယ်။”
“ဟမ်၊ ဒီကိစ္စမှာ ငါတို့ အဖွဲ့က ဒီနှစ် ဝက်တစ်ကောင်ကို ပိုရရမှာလေ။”
“ကောင်းတာပေါ့။ ငါယူလာတဲ့ ဇလုံက အရမ်း သေးနေတာပဲ။ ပိုကြီးတဲ့ ဇလုံတစ်လုံကို ငါသွားပြီး ပြန်ယူလိုက်မယ်။”
ဝက်ရဲ့ တာဝန်တွေ အားလုံးကို လက်လွှဲပြီးနောက် ထျန်းယိုဖုက မျှော်လင့်ချက်အပြည့် ဖြစ်နေသည့် လူတိုင်းရဲ့ မျက်နှာတွေကို ကြည့်ကာ နောက်ဆုံးမှာတော့ ပြောခဲ့သည်။ “ဒီနေ့ အရင်ဆုံး ဝက်နှစ်ကောင်ကို ငါတို့ ခွဲပေးမယ်။ ပြီးမှ နှစ်သစ်ကူး မတိုင်ခင် နောက်ထပ် ဝက်တစ်ကောင်နဲ့ သိုးတစ်ကောင်ကို ခွဲပေးမယ်။ ဒါပေမယ့် ငါ သေချာ ပြောပြချင်တဲ့ အချို့ကိစ္စတွေ ရှိနေသေးတယ်။”
“ငါတို့ တပ်မဟာထဲမှာ တပ်သား ချမ့်ကျွီဟွာက ဝက်တွေ၊ သိုးတွေ အကုန်လုံးကို မွေးသွားခဲ့တာ။ တပ်သား ချမ့်ကျွီဟွာ ဝက်မွေးတာကို လုပ်ခ ရမှတ် အပြည့်အနေနဲ့ တွက်မယ်ဆိုတာ ငါအရင်က ပြောခဲ့တယ်။ ဒါပေမယ့် ဒီနှစ် ဝက်တွေကို သေချာ မွေးထားတာ မြင်ရတော့ ချမ့်ကျွီဟွာကို အပိုအနေနဲ့ ဆယ်ယွမ် ပေးဖို့ကို ငါအကြံပေးတယ်။”
ဒါက ဝမ့်ရင်းရဲ့ အကြံပဲလို့ တွေးမိပေမယ့်လည်း ချမ့်ကျွီဟွာက ဝက်တွေကို ဒီလောက်ကောင်းကောင်း မွေးနိုင်မယ်လို့ ဘယ်သူက သိနေခဲ့မှာလဲ။ လူတွေကို လုပ်ခရမှတ် အပြည့်ပေးတာက မသင့်တော်ဘူးဟု ထျန်းယိုဖုက ခံစားမိခဲ့သည်။
ဆုချီးမြှင့်လိုက်ပါ။
နှစ်ရက်အတွင်း အထူး အဖွဲ့သားအတွက် တပ်မဟာကို လျှောက်ရမည်။
ထျန်းယိုဖုက ထျန်းယိုဖုရဲ့ အဆိုကို လူအများစုက သဘောတူခဲ့သည်။
“ကျွီဟွာက ဝက်မွေးတာကို ကောင်းကောင်း လုပ်ထားတာ သေချာတယ်။ အဲ့ဒါကြောင့် ငါတို့တွေက အဲ့ကနေ အကျိုးအမြတ် ရကြတာပဲ။”
အရင်နှစ်တုန်းက ဝက်သား အများကြီး မရကြပေ။
“ကျွီဟွာမှာ ကလေး သုံးယောက်တောင် ရှိတယ်ဆိုတော့ ပိုပြီး ပိုရဖို့ ထိုက်တန်ပါတယ်။”
“အဲ့ဒါ မှန်တယ်။ ဝက်မွေးရတယ်ဆိုတာ အရမ်း ဖိအား များတယ်။ သူတို့နဲ့ ထိုက်တန်တဲ့အရာကို သူ့တို့ဆီ ပေးသင့်ပါတယ်။”
ထေ့ငေါ့ကာ ပြောနေခဲ့ကြသည့် လူတစ်ယောက်၊ နှစ်ယောက်လောက်လွဲလို့ လူတိုင်းက သဘောတူခဲ့သည်။
“အို၊ ဝက်မွေးရတာ ဘယ်လောက် ခက်လို့လဲ။ သူတို့ကို မြက်တွေ ကျွေးရုံပဲ မဟုတ်ဘူးလား။”
“အဲ့နေရာမှာ ငါသာဆိုရင် ငါလည်း အဲ့ဒါကို လုပ်နိုင်မှာပဲလေ။”
ပြောနေတဲ့ သူတွေကတော့ ထျန်းအာကျူးရဲ့ အမေနှင့် မိန်းမတို့သာ ဖြစ်သည်။
သူတို့ နှစ်ယောက်က စိတ်မသက်မသာ ဖြစ်နေကြပြီး ချမ့်ကျွီဟွာကို ချီးကျူးသံများနှင့် ချမ့်ကျွီဟွာ ဆယ်ယွမ်ကို အလကား ဘယ်လို ရလိုက်လဲဆိုတာကို လူတိုင်းက ချီးကျူးနေကြသည့် အသံကို ကြားသည့်အခါ ချက်ချင်းဆိုသလိုပဲ သူတို့က စိတ်ပျက်သွားခဲ့ကြသည်။
ချမ့်ကျွီဟွာနှင့် ထျန်းတကျူးတို့ မကွာရှင်းခင်တုန်းက သူမ ဝက်စာကျွေးတာကို တစ်ခါမှ မမြင်ဖူးပါပေ။ သူက ဘယ်လိုလုပ် ဝက်တွေကို ကောင်းကောင်း မွေးနိုင်ရတာလဲ။ ဟမ်၊ သူမက ကောင်းတဲ့ ဝက်ပေါက်တွေကို မွေးခဲ့ရလို့ပဲ ဖြစ်ကို ဖြစ်ရမည်။ မင်းက ကောင်းတဲ့ ဝက်ပေါက်တွေကို ရမယ်ဆိုရင် သူတို့ကို အဆင်ပြေပြေပဲ မွေးနိုင်မှာလို့ လူတွေက ပြောကြသည်။
သူမက ကြွက်သေတစ်ကောင်ကို ခုတ်မိတဲ့ ကြောင်ကန်း တစ်ကောင်သာသာပါပဲ။
သူတို့ နှစ်ယောက်က ထေ့ငေါ့တဲ့ မှတ်ချက်တွေကို လုပ်နေခဲ့ကြသော်လည်း လူတိုင်းကတော့ သူတို့ကို အနိုင်ကျင့်ခဲ့ကြသည်။
“နင် ဘာပြောနိုင်မှာလဲ။ မုဆိုးမစွန်းရဲ့ အိမ်မှာရှိတဲ့ ဝက်တွေက ကီလိုဂရမ် ၁၇၀ မကျော်တာကို နင် မမြင်ဘူးလား။ ဒါတွေ အားလုံးက သူမ ယူလာတဲ့ ဝက်ပေါက်တွေနဲ့ အတူတူပဲ။ သူက ဝက်တွေကို ကောင်းကောင်း မွေးခဲ့ရုံပဲ။”
“ကျွတ်၊ ကျွတ်။ နင်တို့ နှစ်ယောက်က ယုတ်မာတယ်လို့ ငါထင်သားပဲ။ ငါက နင်တို့ မိသားစုထဲက မဟုတ်တော့တာတောင် ငါ့ကို လာကြည့်ပြီး မကောင်းတဲ့ အရာတွေ လာပြောနေတုန်းပဲ။”
ချမ့်ကျွီဟွာက သူတို့ ပြောတာကို မကြားချင်ယောင် ဆောင်လိုက်ပြီး သူမရဲ့ မျက်နှာက ပျော်ရွှင်မှုတွေ ဖြာထွက်နေခဲ့သည်။ လူတွေအများကြီးက သူမဘေးမှာ ဝန်းရံနေပြီး မေးခွန်းတွေ မေးနေခဲ့ကြသည်။ အဲ့ဒါက ထျန်းတကျူးအကြောင်း မဟုတ်ဘဲ ဝက်တွေကို သူမ ဘယ်လို မွေးခဲ့လဲဆိုတာသာ ဖြစ်သည်။
“လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေလား။”
ဘာလျှို့ဝှက်ချက်မှ မရှိသော်လည်း ချမ့်ကျွီဟွာသည် တကယ့်လက်တွေ့ ဝက်မွေးတဲ့နေရာမှာ အတွေ့အကြုံ အများကြီး ရှိသည်။ သူမသည် အရင်က သူမရဲ့ ယောက္ခမဟောင်းနှင့် ယောင်းမတို့ရဲ့ မနာလိုတာကို လုံးဝ ဂရုစိုက်ဘဲ အခြားသူများနှင့် စိတ်ဝင်တစား ထိုအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ထျန်းတကျူးက အနားနားမှာ ရပ်နေခဲ့ပြီး မုဆိုးမယွီက လိုက်မလာခဲ့ပါ။ သူက လူတွေ ဝန်းရံနေသည့် ချမ့်ကျွီဟွာကို ကြည့်နေခဲ့ပြီး အကြောင်းပြချက် အချို့ကြောင့် ရင်ထဲမှာတော့ အတော်လေး ဘာမှ မရှိသလို ခံစားနေခဲ့ရသည်။
ပထမနှစ်ဝက်မှာ ကလေးနာမည်ပြောင်းတဲ့ ကိစ္စနှင့် အချင်းများပြီးကတည်းက ထျန်းတကျူးသည် ချမ့်ကျွီဟွာကို ထပ်ပြီး မတွေ့ခဲ့ပါ။
ချမ့်ကျွီဟွာ အရင်ကထက် ပိုပိန်လာသော်လည်း အားနည်း၊ ဖြူဖျော့၊ အရိုးပေါ် အရည်တင်နေသည့် ပုံစံမျိုးတော့ မဟုတ်ပါ။ ထိုအစား၊ သူမရဲ့ ပါးတွေက နီရဲပြီး၊ အသံစွာစွာ၊ ကျန်းကျန်းမာမာနှင့် ပိန်ပိန်ပါးပါး ပုံစံမျိုး ဖြစ်ကာ သူမက နှစ်ပေါင်းများစွာ ငယ်သွားသလို ဖြစ်နေခဲ့သည်။
ထျန်းတကျူးရဲ့ မျက်လုံးတွေက မှုန်ကုတ်ကုတ် ဖြစ်သွားခဲ့သည်။ သူက သူ့ခံစားချက်ကို ဖော်ပြလို့ မရနိုင်သော်လည်း ချမ့်ကျွီဟွာက သူနှင့် ဝေးသည်ထက် ဝေးလာတယ်ဟု အမြဲတမ်းလိုလို ခံစားခဲ့ရသည်။
ဒီနှစ် ဝက်ဝေတဲ့အခြေနေက အရင်ကထက်တောင် ပိုပြီး ပျော်စရာ ကောင်းနေခဲ့ပြီး တစ်မိသားစုမှ တစ်ယောက် ထွက်လာပြီး ရွေးဖို့အတွက် ထျန်းယိုဖုက ခေါ်ခဲ့သည်။
ဝက်သားကို ပထမဆုံးရတဲ့ မိသားစုကတော့ ချမ့်ကျွီဟွာတို့ မိသားစု ဖြစ်သည်။ ချမ့်ကျွီဟွာက အကောင်းဆုံး ကြိုးစားကာ လုပ်ခရမှတ် အပြည့် ရခဲ့သည့်အတွက် သူမက တစ်ခါတည်း ဝက်သားကို တစ်ဆယ် ကီလိုဂရမ်ကျော် ရနိုင်မည် ဖြစ်သည်။
သူမက ဝက်ဆီ၊ ဝက်ခေါက်၊ ဝက်၊ ဝက်အသဲ၊ သွေးနှင့် ဝက်လက် အရှေ့ပိုင်းရှိ အသားများကို ယူခဲ့သည်။
ဝက်လက် အရှေ့ပိုင်းရှိ အသားများကို ဖက်ထုပ်လုက်ဖို့ ယူသွားခဲ့သည်။ မနှစ်တုန်းက သူမသည် သူမရဲ့ သမီး နှစ်ယောက်အတွက် အသီးအရွက် ဖက်ထုပ်ကိုသာ လုပ်ပေးနိုင်ခဲ့သည်။ ဒီနှစ်မှာတော့ ဖက်ထုပ်တွေကို ပိုလုပ်ဖို့ သူမက စီစဥ်ထားခဲ့သည်။ သားအမိတွေအပြင် ချမ့်ရှုဖန်းနှင့် ချမ့်ယုတို့ကလည်း နှစ်သစ်ကူးနေ့ကနေ ငါးရောက်မြောက်နေ့အထိ စားသောက်ကြမည် ဖြစ်သည်။
ဝမ့်ရင်းက လုပ်ခရမှတ် အနည်းငယ်ကိုသာ ရခဲ့သော်လည်း လုပ်ခရမှတ် လိုနေခဲ့ရင် အဲ့ဒါအတွက် ပိုက်ဆံဖြင့် အစားထိုးမည်ဖြစ်ကြောင်းကို ရှုရွှမ်းနှင့် သူမက ဆွေးနွေးထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အဲ့ဒါ ဝမ့်ရင်းအလှည့်ကို ရောက်လာဖို့ မကြာလိုက်ပါ။
အမျိုးသမီး မစ္စရှုနှင့် ဝမ့်ရင်းတို့ရဲ့ ဝေစုကို ပေါင်းလိုက်မယ်ဆိုရင် သူတို့က တစ်ဆယ် ကီလိုဂရမ်လောက် ရနိုင်သည်။
ဝမ့်ရင်း - “ကျွန်မကို နံရိုးတစ်ခြမ်း၊ ဝက်နားရွက်၊ ဝက်ဗိုက်သား တစ်ပေါင်၊ ဝက်လက်နဲ့ တစ်ခြား ကျွန်မလိုချင်တာက ဝက်ဖင်၊ ဝက်သွေးနဲ့ ဝက်အူပေး။”
ဝမ့်ရင်းက အသက်ရှင်အောင် ဘယ်လိုနေရမလဲဆိုတာ မသိဘူးဟု အချို့လူတွေက ပြောခဲ့ကြသည်။ သို့သော် ဒီနှစ်မှာတော့ ဝက်သား ဝေသည့်အခါ လူတိုင်းက အတော်လေး ဉာဏ်ကောင်းလာကြပြီး သူတို့ကို ဘယ်သူကမှ အရူးမလုပ်နိုင်ကြပါ။
'ဘယ်လို ဟာသမျိုးလဲ။ ဝမ့်ရင်းရဲ့ ယောက်ျားက စားဖိုမှူးတစ်ယောက်ဆိုတော့ ထုံးစံအတိုင်း သူမက ဘာပဲ စားချင်ချင်၊ စားလို့ရတယ်။'
ထိုအချိန်မှာတော့ ဝမ့်ရင်းက အသားတွေကို ဘယ်လို စားရမလဲဆိုတာ တွေးနေပြီ ဖြစ်သည်။
အရင်ဆုံး သူမတို့တွေ ဝက်သားနံရိုးနဲ့ ရွှေဖရုံသီးကို ပေါင်းစားကြမည်။ သူမတို့ စိုက်ထားတဲ့ ရွှေဖရုံစေ့တွေက နံရံပေါ် နွယ်ပင်တွေ တက်နေသလို အသီးတွေလည်း သီးနေပြီပင်။ ဒါပေမယ့် ဖရုံသီးတွေ သီးတာက နွေရာသီဆိုတော့ အဲ့အချိန်တုန်းက စားစရာတွေက မပြတ်လပ်ပေ။ ဝမ့်ရင်းသည် အဲ့ဒါကို စမ်းကြည့်ဖို့ကလွဲလို့ ဘာကိုမှ ဂရုမစိုက်ခဲ့ပါ။ ဖရုံသီးကြီး တစ်လုံးက ဆယ်ပေါင်လောက် လေးသည်။ ထို့ကြောင့် မိသားစုတစ်စုက ဖရုံသီးတစ်လုံးကို နည်းလမ်းပေါင်းစုံဖြင့် စားလို့ရသည်။ ဖရုံသီးကို ဝက်ခေါက်နှင့် တွဲချက်လိုက်သည့်အခါ အရမ်းကို လိုက်တယ်ဟု တွေးမိခဲ့သော်လည်း အခုဟာ ဝက်နံရိုးနှင့် ဖြစ်သည်။
အဲ့ဒါက အရှေ့မြောက်ပိုင်းမှ ရသည့် ရွှေဖရုံသီး၊ အာလူး၊ ပြောင်းဖူးကို ဝက်နံရိုးနှင့် ချက်လိုက်ရင် ဒါမှမဟုတ် ဝက်နံရိုးရဲ့အောက်မှာ ရွှေဖရုံသီးကို ခံပြီး ပေါင်းလိုက်မယ်ဆိုရင် အဲ့ဒါတွေ အားလုံးက အတော် စားကောင်းသည့် ဟင်းပွဲတွေ ဖြစ်ကြသည်။
အထူးသဖြင့် လတ်ဆက်တဲ့ ဝက်နံရိုးတွေကို ပေါင်းလိုက်ရင် နူးညံ့တဲ့ ဝက်နံရိုးတွေက ရွှေဖရုံသီးနှင့် ပေါင်းသွားပြီး စိုစို၊ အိအိ၊ နူးညံ့ကာ ချိုပြီး မွှေးနေခဲ့သည်။
နံရိုးတွေကို ချိုချဥ်လေးဖြစ်အောင် လုပ်ဖို့လည်း လိုအပ်သည်။ အစောပိုင်းတုန်းက ဗူးအလွတ်တစ်ခုကို ယူလာဖို့အတွက် ဝမ့်ရင်းက ရှုရွှမ်းအား ပြောခဲ့သည်။ နွေရာသီ ခရမ်းချဥ်သီး အထွက်များသည့်အခါ သူမက ခရမ်းချဥ်သီး အနှစ်ကို လုပ်ပြီး ဗူးထဲ ထည့်ပိတ်ထားဖို့ ဖြစ်သည်။ အဲ့ဒါတွေကို တရုတ်နှစ်သစ်ကူးတဲ့အထိ စားလို့ရသည်။ ဒီနှစ်ရဲ့ ဝက်နံရိုး ချိုချဥ်ကို ခရမ်းချဥ်သီး အနှစ်ဖြင့် လုပ်လို့ရသည်။ အဲ့ဒါက ချိုချဥ်ပြီး မွှေးကြိုင်ကာ အရိုးမပါတော့ပါ။
ဝက်ဖင်ရဲ့ ထိပ်ကို ကျွတ်ယွနေအောင် လုပ်လို့ရပြ အဲ့ဒါကို တရုတ်နှစ်သစ်ကူးအတွင်းမှာ ဟော့ပေါ့အတွက် သုံးလို့ရသည်။
ဝက်နားရွက်တွေကို အအေးစာအတွက် တည်ခင်းလို့ ရသည်။ ရှုရွှမ်းလုပ်ထားတဲ့ဝိုင်က သောက်လို့ရရင် အဲ့ဒါကို အရံဟင်းပွဲအဖြစ် စားမယ်လိုက်မယ်ဆိုရင် အကောင်းဆုံး ဖြစ်နေလိမ့်မည်။
……
ဝမ့်ရင်းက စားစရာကို ရွေးနေချိန်မှာ ရှုရွှမ်းက ဆောင်းတွင်းမရောက်ခင် စီစဥ်ရမှာများကို စတင် လုပ်ဆောင်နေခဲ့ပြီး ဖြစ်သည်။
ပထမဆုံးအကြိမ် ရှုရွှမ်းက ရှဲ့ယွဲ့ကျင်းကို ရှာဖို့ ထွက်သွားကာ မေးလိုက်သည်။ “ငါ ဒီနှစ် ဆောင်းတွင်းကို ကုန်ဆုံးဖို့အတွက် တပ်မဟာထဲကို ပြန်သွားသင့်တယ်။ မနှစ်တုန်းက ဆိုင်ရဲ့ စာချုပ်ကို ငါတို့ ထပ်ပြီး လက်မှတ်ထိုးသင့်လား။”
ရှဲ့ယွဲ့ကျင်းရဲ့ မျက်လုံးက မဲနက်သွားခဲ့သည်။ ဝမ်ယန်က မတုံ့ပြန်ခင်မှာ ခနလောက် တိတ်ဆိတ်သွားခဲ့သည်။ “ကောင်းပြီလေ။”
သူသည် မကြာခင်ကမှ ခက်ခဲတဲ့ အချိန်တစ်ခုကို ရခဲ့သည်။ လီရင်းကို ကွာရှင်းဖို့က မလွယ်ဘူးဆိုတာ သိနေခဲ့ပြီး ငှားထားတဲ့ သူ့အိမ်ကလည်း လူတွေနှင့် ပြည့်နေခဲ့သည်။
နှစ်ဖက်လုံးရဲ့ ထိုးနှက်ချက်တွေအောက်မှာ ရှဲ့ယွဲ့ကျင်းရဲ့ အခြေအနေက တစ်နေ့ထက် တစ်နေ့ ပိုပြီး ဆိုးလာခဲ့သည်။
သူက လီရင်းကို ကွာရှင်းချင်ခဲ့ပြီး အဲ့အချိန်ကျမှသာ လီရင်းရဲ့ မိသားစုသည် အစောပိုင်းတုန်းက ဖြစ်သွားခဲ့သည့် ဆန်စပါး သိုလှောင်တဲ့ ကိစ္စမှာ လိမ်ခံခဲ့ရသူ ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဒီကိစ္စကြောင့် ရှဲ့ယွဲ့ကျင်းက ကွာရှင်းဖို့ကို ပိုပြီး ဆုံးဖြတ်မိခဲ့ကြောင်း သံသယဝင်စရာတောင် မရှိပါ။
'စားစရာတွေ သိုလှောင်ထားတာလား။ သူတို့ရဲ့ခေါင်းကို မြည်းတစ်ကောင်က ကန်လိုက်တာပဲ ဖြစ်ရမယ်။'
ဒီကိစ္စကြောင့် ဒီမိသားစုက တုံးအပြီး အကျင့် မကောင်းတာကို ပြသနေခဲ့သည်။
ရှဲ့ယွဲ့ကျင်းက ကွာရှင်းချင်ပြီး လီရင်းက ရည်နည်းနည်းလောက် တုံ့ဆိုင်းနေခဲ့သည်။ နောက်ဆုံးမှာတော့ သူမရဲ့ လေးယောက်မြောက် အစ်ကိုက တောင်းဆိုမှု လုပ်ဖို့အတွက် အရှေ့ကို ထွက်လာခဲ့သည်။
လီရင်းက ကွာရှင်းဖို့ သဘောမတူခင်မှာ ယွမ်သုံးရာကို တောင်းခဲ့သည်။