← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 15 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 15 Ch. 177-178

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၇၇

ယွမ်သုံးရာတဲ့လား။ သူတို့က မျက်နှာ ဘယ်နားမှာလဲဟု ရှဲ့ယွဲ့ကျင်းက လီမိသားစုကို မေးချင်နေခဲ့သည်။

ယွမ်သုံးရာက သာမန် အလုပ်သမား တစ်ယောက်ရဲ့ နှစ်စဥ် လစာဖြစ်သည်။

လီရင်းက လှလို့လား။ ဒါမှမဟုတ် သူမက အခြား နေရာတစ်ခုခုမှာ အတော်လေး ထူးချွန်လို့လား။ သူမက သူမရဲ့ မင်္ဂလာဆောင်အတွက် စားပွဲဆယ်ဝိုင်းကို မှာဖို့ လိုအပ်နေခဲ့ပြီး သူမ ကွာရှင်းဖို့အတွက် ယွမ်သုံးရာကို လိုအပ်သည်။

ရှဲ့ယွဲ့ကျင်းက မလိုချင်တာ သေချာနေခဲ့သော်လည်း သူက မကြောက်နေခဲ့ပါ။ အဆိုးဆုံး အရာကတော့ သူက လက်ထပ်ပွဲကို ဖျက်သိမ်းဖို့ ဖြစ်သွားခဲ့ရသည်။ လီရင်းကို သူလက်ထပ်လိုက်ရတာက လိမ်လည်မှုကို အခြေခံထားသည့်အတွက် တရားမဝင်ဘူးဟု ကြေညာလိုက်မယ်ဆိုရင် ပိုကောင်းလိမ့်မည် ဖြစ်သည်။

သို့သော် လီရင်းရဲ့ လေးယောက်မြောက် အစ်ကိုက တစ်ခုခုကို ယုတ်မာတဲ့ ပုံစံမျိုးဖြင့် ပြောလိုက်သည်။

“ဆက်လုပ်။ မင်း လုပ်မယ်ဆိုရင် မင်းရဲ့ မကောင်းတဲ့ အကျင့်အတွက် မင်းကို တရားစွဲဖို့ လီရင်းကို ခေါ်သွားမယ်။ ငါ့မိသားစုက တစ်ချို့အရာတွေကို လိမ်ခဲ့တယ် ဆိုပေမယ့် မင်းကရော မလိမ်ခဲ့လို့လား။ လက်မထပ်ခင် မင်းနဲ့ အတူတူ နေခဲ့တဲ့ ငါ့ညီမကိုတောင် မင်းက လိမ်ခဲ့တာပဲလေ။”

လီလောင်စစ်ကလည်း ဒေါသထွက်နေခဲ့သည်။ ရှဲ့ယွဲ့ကျင်းက သူ့မှာ အိမ်ရှိတယ်ဟု သူတို့ကို လိမ်ခဲ့လို့ မဟုတ်ဘဲ တကယ်တမ်းက ရှဲ့ယွဲ့ကျင်းက သုံးစားမရတဲ့ လူတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။

သူက ထိုအကြောင်းကို တွေးမိလေလေ၊ ပိုပြီး စိတ်ဆိုးလာလေလေ ဖြစ်သည်။

အကြောင်းမှာ သူတို့ မိသားစုက လိမ်လည်ပြီး လက်ထပ်ခဲ့တာကို ဝန်ခံခဲ့သည့်အတွက် ဘယ်ညီအစ်ကိုကမှ ရှဲ့ယွဲ့ကျင်းရဲ့ အခြေအနေကို အသေးစိတ် မမေးခဲ့ကြပါ။ သူဟာ စားသောက်ဆိုင်က စားဖိုမှူးတစ်ယောက် ဖြစ်ကြောင်းကို လီရင်း ပြောပြလို့သာ သူတို့က သိခဲ့ရသည်။

အရင်က လီလောင်စစ်သည် စက်ရုံမှာ အလုပ် လုပ်ခဲ့သည့်အတွက် သူက နားလည်သည်။ လက်မှတ်ရ စားဖိုမှူးတစ်ယောက်က နေရာ ရွှေ့ပေးလို့ရသည့် အရည်အချင်းရှိသည့် အလုပ်သမားတစ်ယောက် ဖြစ်သည်။ ဓာတ်ဗူး စက်ရုံက လျှပ်စစ်ပြင်သမားများက ဘယ်လောက် မောက်မာလဲဆိုတာ မမြင်ဖူးဘူးလား။ အရည်အချင်းရှိတဲ့ အလုပ်သမား တစ်ယောက်က အလုပ်ကြိုးစားနေသ၍ ရလာမယ့် အကျို့ကျေးဇူးက အများကြီးပဲ။ ဓာတ်ဗူးစက်ရုံမှာ အရည်အချင်းရှိတဲ့ အလုပ်သမားတွေရဲ့ အမြင့်ဆူံး သတ်မှတ်ချက်က အဆင့်၆ အလုပ်သမားတွေပဲ။ ပြီးတော့ သူတို့က တစ်လကို ယွမ် ၆၀ ဒါမှမဟုတ် ၇၀ လောက် ရှာနိုင်သည်။

အဲ့ဒါက သာမန်အလုပ်သမား နှစ်ယောက်ရဲ့ လစာနဲ့ အတူတူပဲ။

ရှဲ့ယွဲ့ကျင်းရဲ့ အခြေအနေများထဲတွင် ဒီအခြေအနေက ဆွဲဆောင်မှု အရှိဆုံး ဖြစ်သည်။

စားဖိုမှူးတစ်ယောက်ရဲ့ ရာထူး အကျိုးအမြတ်က သာမန် အရည်အချင်းရှိတဲ့ အလုပ်သမားတွေထက် ပိုပြီး များသည်။ သူက စားသောက်ဆိုင်မှာ အလုပ်သမား တစ်ယောက် ဖြစ်လာနေသ၍ သူ့ရဲ့ မိသားစု တစ်ခုလုံးကို ထောက်ပံ့ပေးဖို့အတွက် ဝင်ငွေ အနည်းငယ်က လုံလောက်သည်။

လီလောင်စစ်က အစီစဥ်ချတဲ့နေရာမှာ အတော်လေးကို တော်ပြီး သူ့ရဲ့ အကြံကတော့ သူ့ရဲ့မိသားစု အကျိုးမြတ် ရဖို့အတွက် ရှဲ့ယွဲ့ကျစ်ကို ရာထူးတိုးစေရန် ဖြစ်သည်။

သူတို့က အလကား မစားတာကတော့ သေချာသည်။

မနက်စာ စားချိန်အတွင်း လီရင်းက ရှဲ့ယွဲ့ကျင်းဟာ စားသောက်ဆိုင်မှာ ပြိုင်ဘက်တစ်ယောက် ရှိကြောင်းကို ပြောပြခဲ့ကာ နှမ်းဖြူးတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်သည့် စားဖိုမှူးရဲ့ နာမည်က ရှုရွှမ်းဖြစ်သည်။

လီလောင်စစ်သည် ရှဲ့ယွဲ့ကျင်းနှင့် ဆက်ဆံရေးကောင်း ရှိလိုက်တာနှင့် ရှဲ့ယွဲ့ကျင်းအတွက် စားဖိုမှူးတစ်ယောက် ဖြစ်ဖို့အတွက် နည်းလမ်းတစ်ခု သူက ရှာပေးမှာ သေချာသည်။

ဟီးဟီး။ အဲ့ဒါက လုံးဝတော့ မခက်ပါဘူး။

လီလောင်စစ်ရဲ့ အကြံဉာဏ်က သူ့မိန်းမကို သွားခိုင်းပြီးအဓိပ္ပါယ်ရှိတာ တစ်ခုခုလုပ်ဖို့နှင့် စားဖိုမှူးနှင့် သူ့မိန်းမတို့က တစ်ယောက်နှင့် တစ်ယောက် မသိဘူးဟု ပြောနေခဲ့သည်။ ဒီရက်တွေမှာ အလုပ် လုပ်ရတဲ့ ပုံစံကို စည်းကမ်း ကြပ်မတ်စွာ စစ်ဆေးခဲ့ပြီး ရှဲ့ယွဲ့ကျင်းက သူ့သူဌေးကိုသာ ဂရုစိုက်ဖို့လိုပြီး အဲ့လူက သူ့ကို ဆိုင်ကနေ နှင်ထုတ်လိမ့်မည် ဖြစ်သည်။

သူ့ရဲ့ အကြံက ဘယ်လောက်တောင် ကောင်းလိုက်လဲ။

ရလဒ်အနေဖြင့် သူတို့ မိသားစုကပဲ အကျိုးဆက်တွေကို ခံစားခဲ့ကြရသည်။

ရှဲ့ယွဲ့ကျင်းမှာ ဘာလက်မှတ်မှ မရှိသလို သူက စားဖိုမှူး တစ်ယောက်လည်း လုံးဝ မဟုတ်ပါ။

လီလောင်စစ်က အဲ့ဒါကို အတော်လေး နောင်တ ရနေခဲ့သည်။ ဒီလိုဖြစ်မယ်ဆိုတာ သူသိနေခဲ့ရင် လီရင်းကို ရှဲ့ယွဲ့ကျင်းနှင့် သွားနေဖို့အတွက် သူက ပြောခဲ့မည် မဟုတ်ပါ။

အခုဆိုရင် လီရင်း ကွာရှင်းရမှာလား၊ မကွာရှင်းရဘူးလား ဆိုတာကို နောင်တရနေရင်း သူမ တစ်ခါ လက်ထပ်ပြီးပြီဆိုတာကို လူတိုင်းက သိနေကြပြီ ဖြစ်သည်။ တစ်ခါ လက်ထပ်ဖူးသည့် မိန်းမ တစ်ယောက်အတွက် မိသားစုကောင်း တစ်ခုကို ထပ်ရှာဖို့ဆိုတာ ခက်ခဲသည်။

လီလောင်စစ်က ဒေါသထွက်ပြီး နောင်တ ရသည့်အတွက် ငွေပမာဏ အများကြီးကိုသာ တောင်းခဲ့တော့သည်။

'ရှဲဲ့ယွဲ့ကျင်း မင်းက ကွာရှင်းချင်တယ် မဟုတ်ဘူးလား။ ကောင်းပြီလေ။ ငါ့ကို ယွမ်သုံးရာ ပေးလိုက်။'

အစပိုင်းမှာတော့ လီလောင်စစ်က ယွမ်ငါးရာကို ချက်ချင်း တောင်းချင်ခဲ့သည်။

အခုဆိုရင် မြို့ထဲမှာ လီမိသားစုက မကောင်းတဲ့ ဂုဏ်သတင်းမျိုး ရှိနေခဲ့ပြီး မိသားစုမှာ ဘာဝင်ငွေမှ မရှိပါ။ သူသည် ရည်မှန်းချက်မရှိသည့် ညီအကို နှစ်ယောက်လို ဒီနေရာမှာပဲ ဝေ့လည်ကြောင်ပတ် မလုပ်ချင်ခဲ့ပါ။

သူက မြို့ကို သွားတော့မှာ။

ယွမ်ငါးရာဆိုတာ မြို့မှာ အလုပ်တစ်ခု ဝယ်ဖို့အတွက် လုံလောက်သည်။

သူ့မိသားစုက ပြစ်မှုမှတ်တမ်း ရှိတဲ့အတွက် သွားလို့ မရဘူးဆိုပြီး မင်းပြောခဲ့တယ်မလား။ ကိစ္စမရှိပါဘူး။ အချိန်ကျလာရင် သူက သူ့မိန်းမကို တွန်းပို့လိမ့်မည်။ သူ့မိန်းမက ဝင်မပါခဲ့ဘူးဆိုရင် သူ့မိသားစုထဲက ယောက်ျားတွေရဲ့ ပြစ်မှုမှတ်တမ်းကပဲ ရဲတွေဆီမှာ ရှိလိမ့်မည်။ သူ့မိန်းမက အလုပ်သွားတဲ့အချိန်မျိုးဆို သူက အိမ်မှာထိုင်ပြီး စားစရာကိုပဲ ထိုင်စောင့်နေမှာ။

လီလောင်စစ်သည် သူ့ဘဝကြီး ပျက်စီးသွားမှာကို လုံးဝ စိတ်မပူခဲ့ပါ။ သူ့မိန်းမ မိသားစုရဲ့ အခြေအနေက ဝမ့်ပင်းပင်းတို့ထက်တောင် ပိုဆိုးသေးသည်။ သူမက ဘယ်ကို ပြေးနိုင်မှာမလို့လဲ။

သို့သော် လီလောင်စစ်က သူ့ပါးစပ်ကို မဟခင်မှာ ရပ်လိုက်ပြီး အရင်ဆုံး ရှဲ့ယွဲ့ကျင်းရဲ့ နောက်ဆုံး စကားကို စမ်းသပ်ချင်နေခဲ့သည်။

တကယ်လို့ သူက ချက်ချင်းကြီး ယွမ်ငါးရာ တောင်းလိုက်ရင် ရှဲဲ့ယွဲ့ကျင်းက ကြောက်ပြီး ပြေးသွားမှာကို စိုးရိမ်မိသည်။

ယွမ်ငါးရာဆိုတာ မစား၊ မသောက်ဘဲ စုထားရသည့် နှစ်နှစ်စာ လစာနီးပါး ရှိသည်။ အထူးသဖြင့် မြို့က လစာသည် ကျေးလက်မှာလောက် မမြင့်သည့်အတွက် အလုပ်သမား အများကြီးနှင့် မိသားစု အများစုက အဲ့လောက် ပမာဏ အများကြီးကို စုနိုင်လိမ့်မည် မဟုတ်ပါ။

လီမိသားစုကို ဥပမာအနေနဲ့ မှတ်ယူလိုက်။ သူတို့မှာ အလုပ်သမားတွေ အများကြီးရှိပြီး သူတို့ရဲ့ မိန်းမတွေ အားလုံးကလည်း ယာယီ အလုပ်သမားတွေပဲ။ ဒါပေမယ့် သူတို့က ယွမ်သုံးရာလောက်ပဲ စုနိုင်သည်။

ရှဲ့ယွဲ့ကျင်းက အသက် အရမ်း မကြီးသေးဘဲ အဲ့နေ့တုန်းက သူသည် သူ့မိဘ၊ ညီအကိုများနှင့် ရောက်လာခဲ့သည်။ သူက ပိုက်ဆံအများကြီး ရှိတဲ့ပုံမျိုး ပေါ်မနေခဲ့ပါ။

လီလောင်စစ်က မရဲတရဲနှင့် ယွမ်သုံးရာကို တောင်းကာ ရှဲ့ယွဲ့ကျင်း ပိုက်ဆံစုမိတော့မှ နောက်ထပ် ယွမ်သုံးရာကို ထပ်တောင်းမည်ဟု သူက တွေးနေခဲ့သည်။

ယွမ်ခြောက်ရာပေါ့။

ဒီပိုက်ဆံ ပမာဏက သူ့မိန်းမနဲ့ မြို့ကိုသွားပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေဖို့အတွက် လုံလောက်သည်။

သူ့အကိုတွေနဲ့ လီရင်းကို ဘာလုပ်မလဲဆိုတာ သူ့ကို မေးသင့်သည်။

'ဟဟ၊ သူတို့ကို ဘယ်သူက ဂရုစိုက်လို့လဲ။'

လီလောင်စစ်က သူ့မိန်းမအား လီရင်းကို နားချပြီး သူ့မိသားစုရဲ့ဘက်မှာ သေချာ ရပ်တည်အောင် လုပ်ဖို့ ပြောခဲ့သည်။ သူသည် ပိုက်ဆံတောင်းမည့် ကိစ္စကို သူ့ရဲ့ ညီအကို နှစ်ယောက်နှင့်တောင် မတိုင်ပင်ခဲ့ပါ။

ထိုအချိန်မှာတော့ ရှဲ့ယွဲ့ကျင်းကို ခြိမ်းခြောက်ဖို့ သူဟာ လက်မထပ်ခင် လီရင်းနှင့် နေခဲ့သည်ဆိုသည့် အချက်က လီလောင်စစ်ရဲ့ အကြံဉာဏ် ဖြစ်သည်။

ရှဲ့ယွဲ့ကျင်းက ပြောခဲ့သည်။ “ငါနဲ့ လီရင်းကြားမှာ ဘာမှ မဖြစ်ခဲ့ဘူး။”

သူသည် ဆင်းရဲသည့် ကျေးလက်မှ ကောင်လေး တစ်ယောက် ဖြစ်သည်။ သူ့မှာ ကောင်မလေး ရှိသော်လည်း မင်္ဂလာဦးည မတိုင်ခင်အထိ အချို့သော အရာများကို စောင့်ရမည်ဆိုတာ သူက သိနေခဲ့သည်။ ထို့ကြောင့် သူက လီရင်းနှင့် အတူတူနေတုန်းက ခွဲပြီး အိပ်ခဲ့ကြသည်။

လီလောင်စစ်က နှာခေါင်းကို ရှုံ့လိုက်သည်။ “အဲ့လို ပြောတာက အလကားပဲ။ လီရင်းက တရားဆွဲလိုက်ရင် သူပဲ နိုင်မှာ။ ပြီးတော့ မင်းနဲ့ သူ အတူတူနေခဲ့တာကို လူတွေ အများကြီးက မြင်ပြီးပြီဆိုတော့ အဲ့ဒါက ဘာများ ကွာခြားသွားတော့မှာလဲ။”

ဒီလို ပြောလို့လည်း ရတာပဲ။ အဲ့ကိစ္စကို ဘယ်သူကမှ သူတို့ဘာသာ သတင်း မပို့ခဲ့ဘူးဆိုရင် အခုအချိန် မတိုင်ခင် သူတို့ကို တစ်ယောက်ယောက်က ဖမ်းဖို့ ရောက်လာလိမ့်မယ်။ လက်မထပ်ခင် အတူတူနေပြီး ဘာကိစ္စမှ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရတာလား။

ရှဲ့ယွဲ့ကျင်း - “အဲ့ကိစ္စကို အခုလို လုပ်တော့ရော မင်းအတွက် ဘာများကောင်းလို့လဲ။ တကယ်လို့ အဲ့ဒါကို သတင်းပို့လိုက်ရင် လီရင်းက ဒီလိုမျိုး သွားလို့ရမှာ မဟုတ်တော့ဘူး။”

လီလောင်စစ် - “လီရင်းကို ပူမနေစမ်းပါနဲ့။ မင်းကိုယ်မင်းသာ ပြောစမ်းပါ။ တကယ်လို့ မင်းသာ တရားစွဲခံလိုက်ရရင် အလုပ်က ရှိနေဦးမှာလား။”

အခုချိန်မှာ ရှဲ့ယွဲ့ကျင်း အလုပ်ချင်ဆုံးအရာက လီရင်းနှင့် တွေ့ခဲ့ရသည့် အချိန်ကို နောက်ပြန်သွားပြီး သူ့ရဲ့ ပါးသူ အားရပါးရ ရိုက်ချင်နေခဲ့သည်။

ဒီလို မိသားစုမျိုးကို သူက ဘယ်လိုလုပ် တွေ့ခဲ့ရတာလဲ။

ရှဲဲ့ယွဲ့ကျင်း ကူကယ်ရာမဲ့နေတာကို မြင်သည့်အခါ လီလောင်စစ်က ကျေကျေနပ်နပ်နှင့် ပြောခဲ့သည်။ “အဲဲဒါကို သေသေချာချာ တွေးလိုက်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ အခုချိန် ငါတို့မိသားစုက အလုပ်မရှိဘူး။ မင်းနဲ့ ပြဿနာတက်ဖို့ အချိန်တွေ အများကြီးပဲ ရှိတယ်။”

ရှဲ့ယွဲ့ကျင်းက ရက်စက်ပုံရသည်။ “မင်းက ယွမ်သုံးရာကို ယူပြီး နောက်ပိုင်း ငါ့ဆီကို ထပ်လာရင် ဘာလုပ်ရမလဲ။”

သူက အရူးတစ်ယောက် မဟုတ်ပါ။ အခုဆိုရင် လီမိသားစုက ခြေဗလာ ဖြစ်နေကာ ဖိနပ်စီးဖို့ကိုတောင် မစိုးရိမ်ခဲ့ကြပါ။ သူတို့မှာ ဘာအောက်ခြေစည်းမှ မရှိကြပါ။ ဒီအခြေအနေကို ဘယ်လိုလုပ် သူက မတွေးမိဘဲ နေပါ့မလဲ။

“ငါတို့ အရင်က မတွေ့ဖူးဘူးဆိုပြီး ပြောတဲ့စာကို ငါ့ဆီ ရေးပို့ဖို့ မင်းက လီရင်းကို ပြောခဲ့တာ။ အဲ့ဒါကြောင့် ငါက သူ့ကို နေဖို့နေရာ ငှားခဲ့တာ။ ငါတို့တွေ ဘာမှ မဖြစ်ခဲ့ကြဘူး။”

ရှဲ့ယွဲ့ကျင်း - “ငါသာ အဲ့ဒါကို မရေးခဲ့ဘူးဆိုရင် မင်း ငါ့ကို တရားစွဲလို့ရတယ်။ အဲ့ကျရင် ငါ အလုပ်ပြုတ်ပြီး မင်းတို့ မိသားစုကလည်း တစ်ပြားမှရမှာ မဟုတ်ဘူး။”

လီလောင်စစ်က ဆန္ဒမရှိတော့တာ သေချာသည်။ သို့သော် သူသာ သဘောမတူခဲ့ရင် သူက ပိုရဖို့အတွက် ကြိုးစားနေတဲ့ပုံ ဖြစ်သွားလိမ့်မည်။ နှစ်ဖက်လုံးက မတိုးသာ မဆုတ်သာ အခြေအနေမျိုး ဖြစ်နေခဲ့သည်။

ဒါဟာ ဒီရက်တွေ မတိုင်ခင်ထိတော့ မဟုတ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အကြောင်းမှာ နောက်ဆုံး လီမိသားစုက စားစရာတွေ ကုန်သွားသည့်အတွက် လီလောင်စစ်က သူ့ရဲ့ ပုံစံကို လျှော့ပေးလိုက်ကာ ယွမ်သုံးရာ လဲဖို့အတွက် သူ့ထံ စာရေးဖို့ လီရင်းအား ခွင့်ပြုပေးဖို့ သဘောတူပေးခဲ့သည်။

ရှဲ့ယွဲ့ကျင်းက စိတ်သက်သာရာရသွားခဲ့ရသော်လည်း စိတ်ပူနေခဲ့သည်။

သူက ဆောင်းတွင်းမှာပဲ ပိုက်ဆံရှာနိုင်ခဲ့သည်။ မနှစ်က သူသည် ယွမ်၅၀၀ ရှာနိုင်ခဲ့ပြီး ထိုပိုက်ဆံ အများစုကို ဒီနှစ်မှာ လီရင်းနှင့် ချိန်းတွေ့ဖို့ သုံးခဲ့ပြီး ဖြစ်သည်။ ဒီနှစ် သူက ယွမ်သုံးရာ အကြွေးတင်ပြီးသား ဖြစ်နေခဲ့သည်။

ရှဲ့ယွဲ့ကျင်းက လှည့်ထွက်သွားပြီး ဝမ်ကောတုန်အိမ်သို့ သွားခဲ့သည်။

ထို့ကြောင့် ရှုရွှမ်းက ခွင့်ယူဖို့ ဝမ်ကောတုန်ကို ပြောသည့်အခါ ဝမ်ကောတုန်က အရင်က ပွင့်နေသည့် ဂန္ဓမာပန်းကလေးလို ပြုံးပြလိုက်သည်။

“ ရှောင်ရှု၊ မင်းမြင်လား။ ဒီနှစ် ငါတို့ စားသောက်ဆိုင်ရဲ့ စီးပွားရေးက အဆင်ပြေနေသလို မင်းကလည်း အလုပ် ကြိုးစားတယ်။ ငါ့အထင် ဒီနှစ် စျေးဝယ်ဖို့ကို ယွဲ့ကျင်းနဲ့ လွှတ်ထားလိုက်သင့်တာ ဟုတ်တယ်မလား။”

ရှုရွှမ်းက ဒီအခြေအနေကို ကြိုပြီး မျှော်လင့်ထားပုံရကာ ဘာမှ ထပ်မပြောဘဲ သဘောတူလိုက်သည်။

ဝမ်ကောတုန်က စိတ်လှုပ်ရှားစွာ သူ့ရဲ့လက်တွေကို ပွတ်လိုက်သည်။ “အဲ့တော့ မင်း ဒီကိစ္စကို ပူနေဖို့တော့ မလိုပါဘူး။ ပြီးတော့ မနက်ဖြန် မင်းရဲ့ အားလပ်ရက်ကို စယူလို့ရတယ်၊ ဟုတ်ပြီလား။”

ရှုရွှမ်း - “အလျင်မလိုပါဘူး။ အကုန်လုံးကို ကျွန်တော် ထုပ်ပိုးပြီးသွားပြီ။ ကျွန်တော်တို့ လက်မှတ်ထိုးပြီး တာဝန်တွေကို ရှင်းရှင်းလင်းလင်း ခွဲလို့ရတယ်။”

ဝမ်ကောတုန်ရဲ့ မျက်နှာက ချက်ချင်း ပျက်သွားပြီး တွေဝေသွားခဲ့သည်။ အဲ့ဒါက လူတိုင်း ပိုက်ဆံရှာဖို့ ကောင်းတယ်မလား။ ရှုရွှမ်းက ဘာလို့ အရမ်းကြီး ခေါင်းမာနေရတာလဲ။

တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ရှဲ့ယွဲ့ကျင်းက စကား ဝင်ပြောသည့်အခါ ဝမ်ကောတုန်က စကားပြောဖို့ လုပ်လိုက်သည်။ “ကောင်းပြီ။ ငါ မင်းနဲ့အတူ လက်မှတ် ထိုးလိုက်မယ်။”

သူ့ရဲ့လူက သူ့ကို ပြန်ပြီး ဆန့်ကျင့်နေကတည်းက ဝမ်ကောတုန်သည် ဘာမှ ပြောစရာ မရှိတော့ပါ။ “ဒါဆိုလည်း ပြီးတာပဲ။”

ရှုရွှမ်းသည် စကားပြောပြီးနောက် အလုပ်သို့ ပြန်လာခဲ့သည်။ သို့သော် ရှဲဲ့ယွဲ့ကျင်းရဲ့ မျက်လုံး ကြည့်တဲ့ပုံက အရင်နဲ့ မတူဘဲ ရိုကျိုးစွာ ရှုရွှမ်းကို ကူညီပေးခဲ့သည်။

ရှုရွှမ်းက အဲ့ဒါကို မြင်သည့်အခါ ထိုအကြောင်းအား ဝမ့်ရင်းကို ပြောပြဖို့အတွက် ပြန်သွားခဲ့သည်။

ဝမ့်ရင်းက ခနလောက် တွေးပြီး ပြောခဲ့သည်။ “မင်္ဂလာပွဲတုန်းက သူ့ကို ကူညီပေးခဲ့လို့ ရှင့်ကို ကျေးဇူးတင်နေတာလည်း ဖြစ်နိုင်တာပဲ။”

ဝမ့်ရင်း - “အဲ့ဒါ ကောင်းပါတယ်။ ဉာဏ်ကောင်းတဲ့ လူတွေက သူတို့ကိုယ် သူတို့နဲ့ သူများတွေကို နာကျင်စေမယ့် အရာမျိုးတွေကို မလုပ်ကြဘူး။ သူ ရှင့်ကို ဘာပြဿနာမှ မရှာဘူးဆိုကတည်းက သူ့အကြောင်း ရှင် ဘာမှ စိတ်မပူရတော့ပါဘူး။ ညဘက် သူအရမ်း လမ်းလျှောက်ရင် သူ့ခြေထောက်တွေ စိုကုန်လိမ့်မယ်။ ဒါပေမယ့် ရှင်လုပ်သမျှ အရာအတွက် အမြဲတမ်း တန်ရာတန်ကြေးတော့ ရှိတယ်။”

အလုပ်က ပူပန်စရာတွေကို ဘေးဖယ်ထားလိုက်ရင် ရှုရွှမ်းက အိမ်မှ သူ့ရဲ့ အားလပ်ချိန်တွေကို ဘယ်လို ချက်ပြုတ်ရမလဲဆိုတာကို တွေးရင်း ကုန်ဆုံးခဲ့သည်။

ဝက်နံရိုး ချိုချဥ်ရော၊ ဝက်နံရိုးပေါင်းရော နှစ်ခုလုံးကို လုပ်ပြီးပြီဖြစ်ကာ ကျန်နေသေးသည့် ဝက်အစာအိမ်ကို ကြက်သားနှင့် ချက်ပြီး ဝမ့်ရင်း စားချင်နေသည့် ဝက်သားကြွပ်ကြော်ကိုလည်း ချက်ပြုတ်ခဲ့သည်။

ဝက်ဖင်ထိပ်ကရတဲ့ အဆီအနည်းငယ်ပါသည့် ဝက်သားကို ယူပြီး အမြှောင်းလေးတွေ လှီးကာ နှပ်ဖို့ အရသာထည့်၍ ငရုတ်ကောင်းမှုန့်ဖြူးလိုက်သည်။ ထို့နောက် ဂျုံမှုန့်၊ ကြက်ဥနှင့် ရောကာ အသားကို စိမ်ပြီး အိုးထဲမှာ ကြော်လိုက်သည်။

ကြွပ်ယွသော အသားကြော်ရဲ့ အရသာက ပေါ့ပြီး မထင်ထားလောက်အောင် မွှေးကြိုင်နေခဲ့သည်။

ဝမ့်ရင်းက ပန်းကန်သေးလေး တစ်လုံးကို ယူပြီး ကြွပ်ယွနေသည့် အသားကို တကျွတ်ကျွတ် ဝါးစားနေခဲ့သည်။ ဘေးနားတွင် နှမ်း၊ ဆားနှင့် ငရုတ်သီးမှုန့်ကို ဖြူးထားခဲ့သည်။ အသားက ရွှေအိုရောင် ဖြစ်နေပြီး ကြွပ်ယွကာ ငရုတ်ကောင်းမှုန့် အနံ့ကလည်း မွှေးကြိုင်၊ ထုံသင်းပြန့်နေခဲ့သည်။ ငရုတ်သီးမှုန့်နှင့် တို့စားလိုက်သည့်အခါ ထုံပြီး စပ်သည့် အရသာက အရသာဖုလေးတွေရဲ့ နေရာမှာ ချက်ချင်း နေရာဝင်ယူသွားခဲ့သည်။

ရှုရွှမ်းက အဲ့ဒါကို တစ်အိုးကြီး ကြော်ထားခဲ့သည်။ ဝက်သားကြွပ်ကြော်ကို ခြောက်ခြောက်ကပ်ကပ်ဖြင့် စားလို့မရသဖြင့် ဟော့ပေါ့တစ်အိုးကို လုပ်ခဲ့ပြီး ပေါက်စီတွေကိုလည်း လုပ်ခဲ့သည်။

ရှုရွှမ်း နောက်ဆုံး ကြော်ခဲ့သည့် ဝက်သားကြော်တွေ အားလုံးက အပြားလေးတွေ ဖြစ်သည်။ စားဖို့ အချိန်ကို ရောက်လာသည့်အခါ သူမက ဝက်သားကြော်ကို ပန်းကန်လေးထဲ ထည့်ပြီး အချဥ်ကို တစ်ဇွန်း ထည့်ကာ ဝက်ခေါက်နှင့် ကြက်သားမှ ရလာသည့် ကြက်သား စွပ်ပြုတ် တစ်ပန်းကန်ကို ထည့်လိုက်သည်။

အပြင်က အရေခွံက တွန့်ပြီး အသားတွေကို ပတ်သွားပြီး အရည်နဲ့ အရသာမှုန့်တွေကို စုပ်သွားတဲ့အထိ အဲ့နည်းအတိုင်းပဲ ပေါင်းထားလိုက်သည်။ အနံ့နဲ့တင် အရမ်းကို အရသာရှိလွန်းလို့ လူတွေကို မူးမေ့သွားအောင် လုပ်နေတာပင်။ ကြွပ်ယွနေတဲ့ ဝက်သားကြော်ကို ထမင်းနဲ့ ခေါက်ဆွဲပေါ်မှာတင်ပြီး ဟင်းရည်ထဲကို နှစ်လိုက်။ အဲ့လိုဆိုရင် ပုံမှန် စားနေကြ စားစရာတွေက ပိုပြီးတော့တောင် အရောင်တွေ စုံသွားလိမ့်မည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၇၈

ဝမ့်ရင်း - “တကယ်လို့ အဲ့မှာ ကြာပန်း ကိတ်မုန့်တွေသာ ရှိနေမယ်ဆိုရင် သိပ်ကောင်းမှာပဲ။”

ရှုရွှမ်း - “ကိုယ် ဒီနေ့တော့ အဲ့ဒါကို မလုပ်နိုင်သေးဘူး။ မင်းကို နှစ်သစ်ကူး ညစာ စားပွဲကျရင် ကြာပန်း ကိတ်မုန့်နဲ့ ဝက်သားကို ဆန်မှုန့်နဲ့ ပေါင်းတဲ့ဟာကို ကိုယ်လုပ်ပေးမယ်။”

ဝမ့်ရင်း - “အိမ်မှာ ဆန်မှုန့် မရှိဘူးလေ၊ ဟုတ်တယ်မလား။”

ရှုရွှမ်း - “သူ့ကို အစားထိုးဖို့အတွက် ကိုယ် လူတစ်ယောက်ကို ရှာလိုက်မယ်။”

ဝမ့်ရင်း - “ပိုပြီး လဲလာခဲ့။ အဲ့ဒါဆိုရင် ရှင် တရုတ် ဖက်ထုပ်တွေကို လုပ်လို့ရတယ်။”

ဝမ့်ရင်းသည် မနှစ်က မီးပုံးပွဲတုန်းက ဆန်မုန့်ကို မစားခဲ့ရပါ။ အဲ့ဒါက သူမကို အချိန်အတော်ကြာ နောင်တရအောင် လုပ်ခဲ့သည်။

ရှုရွှမ်း - “အဲဲဒါဆို ဖက်ထုပ်ထဲမှာ ထည့်မယ့် အစာပလာတွေ လုပ်ဖို့အတွက် မြေပဲတွေ ပိုယူလာခဲ့။”

သကြားရယ်၊ မြေပဲရယ်နှင့် လုပ်ထားသည့် ဖက်ထုပ်က အရမ်းချိုပြီး တစ်လုပ် စားလိုက်ရုံဖြင့် ရင်ထဲကို တန်းပြီး ရောက်သွားလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။ “အဲ့မှာ ဝက်ပေါင်ခြောက်လည်း ရှိတယ်။”

ရှုရွှမ်းသည် ဝက်ပေါင်ခြောက် ဝယ်ဖို့အတွက် သူ့ဦးလေးကို တောင်းဆိုခဲ့ပြီး ချက်ချင်းဆိုသလို သူ့ဦးလေးက ဆယ်ပေါင်လောက်ရှိတဲ့ ဝက်ပေါင်ခြောက် အနည်းငယ်ကို ပို့ပေးခဲ့သည်။ ရှုရွှမ်းက အဲ့ဒါကို အိမ်သို့ ယူလာသည့်အခါ ဝမ့်ရင်းက အတော်လေးကို ပျော်နေခဲ့သည်။

ဝက်ပေါင်ခြောက်။ ဝက်ပေါင်ခြောက်က အရမ်းကြီး မကြီးသလို၊ အရမ်းကြီး အခြောက်မခံထားသော်လည်း ဝမ့်ရင်းက အဲ့ဒါကို မစားရတာ ကြာလှပြီ ဖြစ်သည်။

ဝမ့်ရင်းရဲ့ စိတ်ထဲတွင် စားစရာတွေ ၁၀၈ မျိုးလောက် ရှိနေခဲ့ကာ စားဖို့ စောင့်နေခဲ့ပြီး ဆောင်းတွင်း ရောက်လာဖို့ကို မျှော်နေခဲ့သည်။

အဖွဲ့က တောဝက်တွေ အမဲလိုက်ဖို့အတွက် တောင်ပေါ်သို့ တက်သွားခဲ့ပြီး ဝက်သားတွေကို ဝေခဲ့သည်။ ဒီနှစ်မှာတော့ သူတို့က ကြာဇံတွေကိုလည်း ဝေပေးခဲ့သည်။

ချမ့်ကျွီဟွာသည် သူမ ဝက်တွေကို မွေးထားသည့် မြေကွက်မှ ကန်စွန်းဥများကို ရိတ်သိမ်းခဲ့ပြီး ဂျုံမှုန့် အများကြီးကို စုထားနိုင်ခဲ့သည်။ ရာသီဥတု ကောင်းမှ အခြောက်ခံဖို့ အဲ့ဒါတွေကို သူမက ယူသွားခဲ့ပြီး နှစ်သစ်ကူး မတိုင်ခင် ဂျုံမှုန့်တစ်အိုးကို အချိန်မှီ လုပ်ခဲ့သည်။

ဟင်းလင်းပြင် နေရာမှာ မီးမွှေးခဲ့ပြီး လူငယ် စခန်းမှ ငှားလာသည့် အိုးကြီးထဲမှာ ရေနွေးအိုး တည်ထားခဲ့သည်။ အပေါ်ကနေ ကြာဇံကို ဆန်ခါဖြင့် စစ်ချခဲ့ပြီး တစ်ယောက်ယောက်က အောက်ကနေ ပြုတ်ပြီးသား ကြာဇံတွေကို ခပ်ကာ ဝါးလုံးပေါ်မှာ လှန်းထားခဲ့သည်။ ထိုမြေကွက်လေးကနေ ကြာဇံ ၂၀၀ ကီလိုဂရမ်ကို ထုတ်နိုင်ခဲ့သည်။

ပမာဏက မများပါချေ။ တကယ်လို့ ပညာတတ် လူငယ်တွေကိုပါ တစ်ခါတည်း ခေါ်သွားမယ်ဆိုရင် မိသားစု တစ်စုကို တစ်ပေါင်ကျော်လောက် ရနိုင်သည်။ ဒါပေမယ့် အဲ့ဒါက ဟင်းပွဲတွေထဲမှာ ထည့်ချက်ရင် အရမ်း စားကောင်းသည်။

အဲ့ဒါကို ကိုယ့်ဘာသာ ဝယ်မယ်ဆိုရင် အဲ့ဒါက အများကြီး ပေးရလိမ့်မည်။

ကြာဇံကို ဂေါ်ဖီ၊ ဝက်သားနဲ့ ရောချက်ရင် ငါ့ရဲ့ တပ်မဟာထဲက ကြာဇံတွေက ဝါးလို့ကောင်းပြီး အရသာရှိသည်။ အဲ့ဒါကို ဂျုံမှုန့်တွေ မျိုးစုံနဲ့ လုပ်ထားတဲ့ ပေါက်စီနဲ့ စားလို့ရသည်။ မိသားစုတွေ အများကြီးက ဗိုက်ပြည့်ပြီး လမ်းတောင် မလျှောက်နိုင်တော့ပေ။

ရှုရွှမ်းနှင့် ဝမ့်ရင်းကလည်း ဆောင်းတွင်းအတွက် အတော်လေး ဂရုတစိုက် ပြင်ဆင်နေခဲ့ကြသည်။ အရင်ဆုံး သူတို့က ရှုမင်းထံ တစ်ခုခုကို ထပ်ပြီး ပို့ခဲ့ကြသည်။ လွန်ခဲ့သော နှစ်လကမှ နောက်ဆုံး အကြိမ် သူ့ဆီ ပို့ပေးခဲ့သည်။ ဒီတစ်ခေါက်မှာတော့ သူတို့က ပစ္စည်းတွေကို ပိုပြီး ပို့ပေးခဲ့ကြသည်။ သို့သော် စားစရာ နည်းနည်းနှင့် အဝတ်ထူထူကို အများဆုံး ပို့ပေးခဲ့သည်။

အမျိုးသမီးကြီးမစ္စရှု အပ်ချုပ်စက် ရပြီးကတည်းက သူမသည် နေ့တစ်ဝက်လောက်ကို အဲ့အရှေ့မှာသာ ထိုင်ပြီး အချိန်ကုန်နေခဲ့သည်။

စိုက်ပျိုးရေးလုပ်ငန်းတွေ ပါးသည့် ဒီအချိန်အတွင်းမှာ မိသားစုတွေ အများကြီးကလည်း အဝတ်တွေကို ချုပ်ခဲ့ကြသည်။ အရင်တုန်းက သူတို့သည် အိမ်မှာပဲ အပ်ချုပ်ပြီး အဝတ်အစား အသစ်တွေကိုတော့ မြို့က အပ်ချုပ်သမားတွေဆီ ယူသွားကြလိမ့်မည် ဖြစ်သည်။ တပ်မဟာမှာ အပ်ချုပ်စက် ရှိနေပြီ ဖြစ်သည့်အတွက် လူအများစုက အကူအညီ တောင်းဖို့ သူတို့ရဲ့ ပစ္စည်းတွေကို အမျိုးသမီးကြီး မစ္စရှုထံ ယူလာကြသည်။

အမျိုးသမီး မစ္စရှုက အခြားသူတွေကို ကူညီရတာကို ပျော်နေခဲ့သည်။ သူမက စိတ်ကြိုက် အလဲအလှယ် အနေဖြင့် ကြက်ဥ တစ်လုံး သို့မဟုတ် နှစ်လုံး ရနိုင်ပြီး မိသားစုထဲမှာ ရုတ်တရက် ကြက်ဥတွေ အများကြီး ရလာခဲ့သည်။

ရှုမင်းအတွက် လုပ်ပေးလိုက်သည့် အဝတ်အစားတွေကလည်း ထူပြီး ရှုရွှမ်း ယူလာသည့် ယုန်အရေခွံကိုလည်း သုံးလို့ရသည်။ အမျိုးသမီးကြီး မစ္စရှုက ယုန်အရေပြားကို အတွင်းနဲ့ အပြင်သို့ လှန်လိုက်သည့်အခါ အထဲမှာ အမွှေးတွေ ရှိနေခဲ့ပြီး အပြင်မှာတော့ အရည်ပြား ရှိနေခဲ့သည်။ အပြင်ဘက် အရေပြားမှာ ဂွမ်းအနည်းငယ်ကို ထပ်ထည့်လိုက်ပြီး အပြင်ဘက်ကို အဝတ်ကြမ်းဖြင့် ထပ်ဖုံးလိုက်သည်။

ရှုရွှမ်းက အဲ့ဒါကို စမ်းဝတ်ကြည့်ပြီး အဲ့ဒါက အတော်ကို နွေးတယ်ဟု ပြောခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက စိတ်သက်သာရာ ရသွားခဲ့သည်။ “အဲဲဒါက နွေးတယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အဲ့မှာ တကယ်ကို အေးတာ။ အဲ့မှာ အနိမ့်ဆုံး အပူချိန်က ၂၀ ဒီဂရီ ဆဲလ်စီယပ် ရှိတယ်လို့ ရေဒီယိုကနေ ကြားထားတယ်။ မင်းလည်း ထူတဲ့ဟာ တစ်ခုခုကို ဝတ်သင့်တယ်။”

ရှုမင်းထံ ပစ္စည်းတွေ ပို့ပြီးနောက် ရှုရွှမ်းက အမျိုးတွေဆီ တကူးတက သွားလည်ခဲ့သည်။

မနှစ်ကမှ သူတို့ လက်ထပ်ခဲ့ရသည့်အတွက် သူတို့က ခွင့်မရခဲ့ကြပါ။ ဒီအချိန်မှာတော့ အမျိုးတွေ အများကြီးက ရောက်လာခဲ့သည်။ ဒီနှစ်မှာတော့ သူတို့က သင့်တော်တဲ့ လမ်းကြောင်းတစ်ခုဖြင့် ထွက်ရမည် ဖြစ်သည်။ ရှုရွှမ်းက လက်ဆောင်တွေကို ပြင်ဆင်ပြီး ဝမ့်ရင်းနှင့်အတူ အဒေါ်စုရဲ့အိမ်သို့ သွားခဲ့သည်။ သူတို့မိသားစု နှစ်စုက ရင်းနှီးကြပြီး ဒီနှစ် သူတို့ရဲ့ အထွက်နှုန်းက မကောင်းတာကို ရှုရွှမ်းက သိတဲ့အတွက် သူက ဝက်သားနှစ်ပေါင်နှင့် ငါးကြီး တစ်ကောင်ကို ယူသွားခဲ့သည်။

အပြန်အလှန်အနေဖြင့် အမျိုးသမီးကြီး မစ္စစုက အဆူးရှိသည့် နှင်းဆီပန်း လက်တစ်ဆုပ်စာ၊ လိမ္မောသီး ခြင်းတစ်ဝက်နှင့် တို့ဟူးခြောက်တွေ လက်တစ်ဆုပ်စာ ပေးလိုက်သည်။

ရှုရွှမ်းက ခနခန ငြင်းခဲ့သော်လည်း မရခဲ့ပါ။ သူက ရွေးချယ်စရာ မရှိဘဲ အဲ့ဒါကို ယူပြီး ပြန်လာခဲ့ရသည်။

အမျိုး အများစုမှာ မင်္ဂလာပွဲတုန်းက ဝမ့်ရင်း ဆုံခဲ့ရသည့်သူများ ဖြစ်သည်။ သူတို့အားလုံးဆီ သွားလည်ဖို့ ဝမ့်ရင်းကို ရှုရွှမ်းက ခေါ်သွားခဲ့ပြီး နောက်ဆုံးမှာတော့ ဝမ့်ရင်းက တစ်ခုခုကို မှတ်မိသွားခဲ့သည်။

“ရှင့်ရဲ့ သုံးယောက်မြောက် အဒေါ်အိမ်ကို မသွားဘူးလား။ ရှင့်အဒေါ်ရဲ့ သမီးက ကျွန်မတို့ မင်္ဂလာဆောင်ကို လာတယ်လေ ဟုတ်တယ်မလား။”

ကောင်မလေးရဲ့ နာမည်က စွန်းမိန် ဖြစ်သည်။ သူမကို ဝမ့်ရင်းက မှတ်မိနေဆဲ ဖြစ်သည်။ အမျိုးသမီးကြီး မစ္စရှုက သူမနှင့် မိတ်ဆက်ပေးခဲ့ပြီး သူမကို ထိုကောင်မလေးက အထင်သေးလုနီးပါး ဖြစ်ခဲ့ရသည်။

“ကိုယ့်ရဲ့ သုံးယောက်မြောက် အဒေါ်က ကောင်စီမြို့မှာ နေတာ။”

ဝမ့်ရင်းက ပိုလို့တောင် စိတ်ရှုပ်သွားခဲ့ရသည်။ သူတို့ အရင်က ကောင်စီမြို့ကို ခနခန သွားခဲ့ကြတာတောင် ရှုရွှမ်းက ထိုအကြောင်းပြောတာ သူမက ဘာလို့ မကြားဖူးရတာလဲ။

ရှုရွှမ်း - “ သူတို့နဲ့က အဲ့လောက် မရင်းနှီးပါဘူး။ ကိုယ်တို့ရဲ့ မင်္ဂလာဆောင်တုန်းက သူတို့ကို ဖိတ်တောင် မဖိတ်ခဲ့ပါဘူး။”

ရှုရွှမ်းက ဘာကိုမှ မဖုံးကွယ်ထားဘဲ မိသားစု နှစ်စုကြားက ဆက်ဆံရေးကို ဝမ့်ရင်းအား တိုက်ရိုက် ပြောပြခဲ့သည်။

အကျဥ်းချုပ် ပြောရရင် မစ္စတာရှုနှင့် သူမတို့ ညီအစ်မ နှစ်ယောက် လက်မထပ်ခင်တုန်းက မိသားစုသည် ဆင်းရဲစွာ နေခဲ့ရပြီး ကောင်မလေး သုံးယောက်ကို မထောက်ပံ့ပေးနိုင်သည့်အတွက် သူတို့က ပထမဆုံး တစ်ယောက်ကို ရောင်းပစ်ခဲ့ရသည်။

ရှုရွှမ်းရဲ့ သုံးယောက်မြောက် အဒေါ်က ကောက်ကျစ်ပြီး အမျိုးသမီးကြီး မစ္စရှုကို ရောင်းထုတ်ဖို့ တစ်နည်းနည်းဖြင့် လုပ်ခဲ့သည်။ နောက်ပိုင်းမှာ အမျိုးသမီးကြီး မစ္စရှုက အိမ်ဖော်တစ်ယောက် အနေဖြင့် အလုပ်လုပ်ဖို့ မြို့ကို သွားခဲ့ရသည်။ ထို့နောက် သူမက ရှုရွှမ်းရဲ့ အဖေနှင့် မေတ္တာမျှသွားပြီး သူတို့က ချမ်းသာတဲ့ မိသားစု တစ်ခုအတွက် အတူတူ အိမ်အဖော်အနေဖြင့် လုပ်ခဲ့ကြသည်။

အဲ့အချိန်ကတည်းက ညီအစ်မ သုံးယောက်ကြားရှိ ဆက်ဆံရေးက ဆိုးရွားသွားခဲ့သည်။

အကြီးဆုံး အစ်မအနေဖြင့် အမျိုးသမီးကြီး မစ္စစုက သူ့ရဲ့ သုံးယောက်မြောက် အဒေါ်ကို ပြင်းပြင်ထန်ထန် အပြစ်ပေးခဲ့သည်။

ရှုရွှမ်း - “အဲဲဒါကြောင့် ကိုယ့်ရဲ့ သုံးယောက်မြောက် အဒေါ်က အချိန်အကြာကြီး ပြန်မလာခဲ့တာ။ ကိုယ့်အမေကလည်း သူနဲ့ ဘာအဆက်အသွယ်မှ မလုပ်ခဲ့ဘူး။”

ဝမ့်ရင်းမှ ခေါင်းငြိမ့်ပြခဲ့သည်။ သူတို့သည် သူမနှင့် ဘာအဆက်အသွယ်မှ မရှိကြသည့် ဆွေမျိုးများ ဖြစ်နေလည်း ကိစ္စတော့ မရှိပါ။

ဒီနှစ် ဆောင်းဝင်တာက အနည်းငယ် နောက်ကျသည်။ သို့သော် လူတိုင်းရဲ့ နှလုံးသားတွေကတော့ အတော်လေးကို နွေးထွေးသည်။

တပ်မဟာက ဝက်သား၊ တောဝက်၊ စွံပလွံသီး၊ ပန်းသီးနှင့် ကြာဇံတွေကို ဝေပေးခဲ့သည်။ သူတို့ အားတဲ့အချိန် ရလာရင် တပ်မဟာထဲကို ပြန်သွားပြီး ရေဒီယို နားထောင်လို့ရသည်။ ကျေးလက်မှာရှိတဲ့ ဘဝတွေရဲ့ အခက်အခဲကို အမြဲတမ်း စောဒက တက်နေတဲ့ ပညာတတ် လူငယ်တွေကတောင် အခုဆိုရင် ပြုံးနေကြပြီပင်။

“တစ်ခြား တပ်မဟာတွေမှာ နားထောင်ဖို့ ရေဒီယိုတွေမှ မရှိတာ။”

“ငပျင်း တပ်မဟာထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်လို့ ငါကြားထားတယ်။ သူတို့က ရတဲ့ ရိက္ခာ ပမာဏကို မကျေနပ်ဘူးလို့ ပြောနေကြတာ။”

“ဘယ်သူက ဂရုစိုက်လို့လဲ။ ငါတို့ တပ်မဟာမှာရှိတဲ့ ဘဝတွေကပဲ အကောင်းဆုံးလို့ ငါတွေးမိရုံပါ။”

“ဟီးဟီး၊ နှစ်သစ်ကူး ရောက်လာရင် ငါတို့ အဖွဲ့ထဲက လူတွေ ပိုပြီး အလွယ်တကူ လက်ထပ်ကြတော့မှာကို ငါ စိုးရိမ်မိတယ်။”

“မဟုတ်လို့လား။ ငါတို့က အဆင်ပြေတဲ့ ဘဝမှာ နေနေရတော့ လူတွေက လက်ထပ်ပြီး ငါတို့အဖွဲ့ထဲ လာချင်နေကြပြီလေ။”

နှင်းတွေက ငှက်မွှေးတွေလို တော်တော်လေး သည်းနေခဲ့သည်။

မနက်ပိုင်း ဝမ့်ရင်း နိုးလာသည့်အခါ အပြင်ဘက်မှာ နှင်းတွေ ဖုံးနေပြီး ခြံထဲမှာလည်း နှင်းတွေထူနေတာကို တွေ့ခဲ့ရသည်။

ရှုရွှမ်းက ဂေါ်ပြားကို သုံးပြီး ခြံထဲရှိ နှင်းများ အားလုံးကို ဖယ်ပြီး တစ်နေရာမှာ ပုံထားကာ ထောင့်နားတွင် ပိရမစ်လေး တစ်ခုကို ဆောက်ထားခဲ့သည်။ ထို့နောက် သူက အလယ်မှာ အပေါက် တစ်ပေါက်ကို တူးပြီး မီးဖိုချောင်ထဲတွင် အသား၊ ငါးများ ချိတ်ထားသည့် သစ်သားဗူးထဲ ထည့်ကာ တူးထားသော နှင်းအပေါက်ထဲသို့ ဗူးကို ထည့်လိုက်သည်။

သဘာဝဆန်ပြီး ရိုးရှင်းသည့် ထိုရေခဲသေတ္တာက နွေဦးရောက်လို့ နှင်းတွေ အရည်ပျော်သွားသည်အထိ သုံးလို့ရသည်။

ဝမ့်ရင်းက ရေနွေးနွေးဖြင့် မျက်နှာကို သစ်လိုက်ပြီး လေအေးလေးက သူမကို နိုးသွားစေခဲ့သည်။

“မနက်စာ ဘာစားရမလဲ။”

သူမမှာ အလုပ်သွားစရာ မရှိဘူးဆိုရင် သူမရဲ့ နေ့စဥ် လုပ်ရမယ့်အရာက သုံးခုပဲရှိပုံရသည်။ မနက်မှာ ဘာစားမလဲ။ နေ့လည်မှာ ဘာစားမလဲနဲ့ ညနေကျရင် ဘာစားမလဲဆိုတာပဲ။

ရှုရွှမ်း - “ခေါက်ဆွဲကြော် ပူပူလေး စားလိုက်။”

လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက အိမ်မှာရှိတဲ့ မြေပဲတွေကို ဆီထုတ်ဖို့ ယူသွားခဲ့ပြီး ရှုရွှမ်းက နှမ်းဆီတွေကိုလည်း ထုတ်ခဲ့သည်။ ထို့နောက် အဲ့အကြောင်းကို တွေးမိပြီး သူမက နှမ်းနှစ် တစ်ဗူးနှင့် မြေပဲထောပတ် တစ်ဗူးစီကို သိမ်းထားခဲ့သည်။

အစပိုင်းမှာတော့ သူမက အဲ့ဒါကို ဟော့ပေါ့လုပ်ဖို့ သိမ်းရန် စီစဥ်ထားသော်လည်း မနက်ပိုင်း သူမ နိုးလာပြီး နှင်းများကို တွေ့သည့်အခါ ရှုရွှမ်းက ခေါက်ဆွဲကြော် ပူပူလေး လုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့သည်။

အဲ့ဒါက အေးသည်။ ပြီးတော့ သူမ မနက်ပိုင်းမှာ ဆန်ပြုတ်ပဲ စားထားမယ်ဆိုရင် နေ့ဝက်လောက်နဲ့ ငါ ဗိုက်ဆာလာလိမ့်မယ်။

“ဟုတ်ပြီ၊ ဟုတ်ပြီ။ မြေပဲနဲ့ ပဲကို အချဥ်လုပ်ထားတာ ပိုထည့်ပေး။”

ခေါက်ဆွဲတွေကို ပြာရည်ဖြင့် နယ်ပြီးနောက် အဲ့ဒါတွေကို ဖယ်ထားလိုက်သည်။ ခေါက်ဆွဲတွေကို ဖယ်ထားပြီးနောက် ရှုရွှမ်းက ကျောက်ဖရုံသီးနှင့် ပင်လယ်ရေမှော်ကို စွပ်ပြုတ်လုပ်ခဲ့သည်။ ပြာရည် ခေါက်ဆွဲကို လုပ်ပြီးနောက် မကျက်တကျက် ခေါက်ဆွဲတွေကို ထုတ်ပြီး စစ်ချကာ နှမ်းဆီနည်းနည်း ထည့်ကာ တူဖြင့် ထပ်ခါထပ်ခါ မွှေလိုက်သည်။

ရှုရွှမ်းက ခေါက်ဆွဲတွေကို ထားဖို့အတွက် တံစက်မြိတ်အောက်မှာ နေရာတစ်ခုကို တွေ့ခဲ့ရသည်။ လေအေးတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ခေါက်ဆွဲတွေက ခနလေးနဲ့ အေးသွားခဲ့သည်။

ဂျုံသားတွေက အနည်းငယ် ဝါလာပြီး အမျှင်တွေက ကွဲလာခဲ့သည်။ ရှုရွှမ်းက ပမာဏ တစ်ခုကို ယူလိုက်ပြီး အဲ့ဒါကို ဘေးနားမှာ ထားပြီးနောက် နှမ်းနှစ်၊ နှမ်းဆီနှင့် ထောပတ် ဇွန်းတစ်ဝက်လောက်ကို ထည့်ပြီး မွှေကာ အနှစ်တစ်မျိုးကို ပြင်ဆင်နေခဲ့သည်။

အိုးထဲတွင် ထည့်ချက်ထားသည့် အယ်ကာလိုင်း ခေါက်ဆွဲကို အနှစ်၊ မုန်လာအစပ်၊ ပဲတီချဥ်၊ မြေပဲနှင့် ကြက်သွန်မြိတ်တို့နှင့် ရောလိုက်သည်။ မီးဖိုပေါ်တွင် တည်ထားသော စွပ်ပြုတ် တစ်ဇွန်းကိုလည်း ထည့်ကာ ခေါက်ဆွဲတွေက ပူလာတာနှင့် စားလို့ရပြီ ဖြစ်သည်။

ခေါက်ဆွဲတွေကို မြေပဲနှစ် များများနှင့် နယ်ထားကာ ကျောက်ဖရုံသီးနှင့် ပင်လယ်ရေမှော် စွပ်ပြုတ်က လက်ဆက် မွှေးကြိုင်ပြီး ပေါ့ပေါ့ပါးပါး ရှိသည်။

မနက်စာ တစ်ခုက လူတိုင်းကို ကျေနပ်စေခဲ့သည်။

မနက်စာ စားပြီးနောက် ရှုရွှမ်းက တစ်ခြားသူများကို နှုတ်ဆက်ဖို့ ထွက်သွားခဲ့သည်။ ဒီနှစ်မှာတော့ သူတို့က နှင်းတွေကို ဖယ်ပြီး ကင်းလှည့်ဖို့ တာဝန်ကို ယူရသည်။ ဝမ့်ရင်းက အမျိုးသမီးကြီး မစ္စရှု ချုပ်ပေးထားသည့် ချည်ဖိနပ် အထူကြီးကို ဝတ်ထားပြီး တပ်မဟာရဲ့ အစည်းအဝေး အခန်းကို အတူတူ သွားဖို့အတွက် ပြင်ဆင်ရန် သူမရဲ့ ယောက္ခမကို သွားရှာဖို့ လမ်းလျှောက် ထွက်သွားခဲ့သည်။

သူတို့က လူငယ် စခန်း ဂိတ်ပေါက်သို့ ရောက်သည့်အခါ ကျန်းပင်းနှင့် ကျန်းလီတို့က ထွက်လာတာကို တွေ့ခဲ့ရသည့်အတွက် သူတို့က အတူတူ သွားဖို့အတွက် ဆုံးဖြတ်ခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက ကျန်းပင်းကို အမြင်ကြည်ပြီး သူတို့က လမ်းလျှောက်ရင်း စကားပြောခဲ့ကြသည်။

အမျိုးသမီးကြီး မစ္စရှုက ပုံမှန်အတိုင်း မေးလိုက်သည်။ “ဘယ်လိုဖြစ်လို့ ဒီမှာ နင်တို့ နှစ်ယောက်ပဲ ရှိနေတာလဲ။ သူတို့ ရေဒီယို နားမထောင်ကြဘူးလား။”

ရေဒီယို နားထောင်တယ်ဆိုတာက ခေတ်အမှီဆုံး အရာတစ်ခု ဖြစ်သည်။ အခုဆိုရင် တပ်မဟာထဲရှိ အိမ်ထောင်စုတိုင်းက အတော်လေး တက်ကြွနေသည်။ တပ်မဟာက တစ်နေ့ကို လေးနာရီ ရေဒီယို ဖွင့်ဖို့အတွက် အမိန့်ပေးထားပြီး မနက်ပိုင်း နှစ်နာရီနှင့် နေ့လည်ပိုင်း နှစ်နာရီ ဖွင့်ပေးမည် ဖြစ်သည်။

ဒီလိုနည်းနဲ့မှ အပြင်ဘက်တွင် ကင်းလှည့်နေသူများနှင့် နှင်းတွေကို ရှင်းနေတဲ့သူတွေက နားထောင်ဖို့အတွက် သူတို့အလှည့်ကို ရောက်လာနိုင်မည် ဖြစ်သည်။

မနက်ပိုင်း မနက်စာ စားပြီးတော့ သူမ ရေဒီယို နားထောင်ဖို့ သွားသည်။ ထို့နောက် အစည်းအဝေးပွဲရဲ့ အငွေ့အသက်ကို ရဖို့အတွက် သွားနားထောင်သည်။ နေ့လည်ပိုင်းကျတော့ ဝူကွေ့ဟွာ စီစဥ်ထားတဲ့ ကလေးတွေ သရုပ်ဆောင်တာကို သွားကြည့်သည်။ အဲ့ဒါပြီးတော့ နှစ်နာရီလောက် ရေဒီယို နားထောင်သည်။

လှပလိုက်တဲ့ နေ့လေးတစ်နေ့ပါလား။

ကျန်းပင်း - “ သူတို့တွေ အလုပ်ရှုပ်နေကြတာ။”

သူတို့က ဘာလို့ အလုပ်ရှုပ်နေတာလဲ။ သူတို့က မူလတန်းပြ ဆရာမတွေ၊ တက္ကသိုလ်တွေရဲ့ ထောက်ခံချက် ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ သေချာတယ်။

ကျန်းပင်း - “ငါက ကောင်းတဲ့ ကျောင်းသား တစ်ယောက်တော့ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ငါက အပျော်အနေနဲ့တော့ ဝင်မပါချင်ပါဘူး။ သူတို့ အားလုံးက သူတို့ အခန်းထဲမှာပဲ အလုပ်ရှုပ်နေကြတာ။ ပြီးတော့ နှစ်သစ်ကူးပြီးလို့ ရက်နည်းနည်းလောက် နေပြီးရင် သူတို့ စာမေးပွဲ ဖြေရတော့မယ်။”

ထျန်းယိုဖုက ထောက်ခံချက် ကိစ္စနှင့် ပတ်သက်ပြီး အတော်လေး နှုတ်ဆိတ်နေခဲ့သော်လည်း မူလတန်းပြ ဆရာတွေကတော့ သူတို့ အကောင်းဆုံး ကြိုးစားလို့ ရနိုင်သည်။

မူလတန်းပြ ဆရာမတွေအတွက် လိုအပ်ချက်တွေက မမြင့်သော်လည်း အဖွဲ့သားတွေက အကောင်းဆုံးကို လေ့လာချင်တာ သေချာသည့်အတွက် နွေရာသီ မတိုင်ခင် စာမေးပွဲကို စီစဥ်ပေးမည် ဖြစ်သည်။ ပထမ အသုတ်မှာ ဆရာမ နှစ်ယောက်ကို ရွေးချယ်ပြီး တစ်ယောက်က တရုတ်စာသင်ပြီး နောက်တစ်ယောက်က သင်္ချာကို သင်ပေးရမည် ဖြစ်သည်။

ကျန်းပင်းသည် သူမက နောက်ကျမှ ရောက်လာပြီး အရည်အချင်းက လုံလုံလောက်လောက် မရှိဘူးဆိုတာ သိနေခဲ့သည်။ ထို့အပြင် သူမရဲ့ မိသားစုက အဆင်ပြေသည့်အတွက် နောက်နှစ်နှစ်လောက်ဆို သူမရဲ့ အိမ်ကို ပြန်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူမက ထုံးစံအတိုင်းပဲ ဝင်မပါခဲ့ပါ။

အမျိုးသမီးကြီး မစ္စရှုက ကျန်းလီကို ကြည့်လိုက်သည့်အခါ ကျန်းလီက ပြောခဲ့သည်။ “ကျွန်မလည်း အဲ့ဒါတော့ မလုပ်နိုင်ဘူး။”

သူမက ကျေးလက်ဒေသကို အစောကြီး ရောက်လာခဲ့ပြီး အရင်က အရာတွေ တော်တော်များများကို မေ့နေပြီ ဖြစ်သည့်အတွက် ပုံမှန်အတိုင်းပဲ သူမက ဝင်မပါခဲ့ပါ။

သူတို့နှစ်ယောက်က လက်လျှော့ခဲ့သော်လည်း အခြားသူတွေကတော့ လက်မလျှော့ခဲ့ပါ။

All Chapters