အခန်း (၁၇၉-၁၈၀)
Vol. 15 Ch. 179-180
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၇၉
ပညာတက်လူငယ်စခန်းမှာတော့ ပိုင်လင်းက ထုံးစံအတိုင်း နိုးပြီး ထလာကာ ပုံမှန်အတိုင်းပဲ တစ်ခုခုကို စားပြီးနောက် ယုဖမ်းချန်ကို သွားရှာချင်ခဲ့သော်လည်း ယုဖမ်းချန်က မနိုးသေးပါ။
ပိုင်လင်းသည် အတူတူ ထိုင်ပြီး စာလေ့လာနေသည့် အမျိုးသမီး ပညာတတ် လူငယ်များစွာကို တွေ့ခဲ့ရကာ လန့်သွားသည်။
“ကျန်းလိကို တွေ့မိသေးလား။”
သူမက မေးလိုက်သည့်အခါ အမျိုးသမီး ပညာတတ် လူငယ်တွေထဲရှိ တစ်ယောက်က ဖြေဖို့လုပ်သော်လည်း အခြား အမျိုးသမီး ပညာတတ် လူငယ် တစ်ယောက်က သူမကို ဆွဲပြီး တစ်ချက် ကြည့်လိုက်သည်။
“ဟင့်အင်း။”
ပိုင်လင်းက တော်တော်လေး မပျော်နေခဲ့ပါ။ ပညာတတ် လူငယ်များ အကြားတွင် သူမရဲ့ ဂုဏ်သတင်းက မကောင်းဘူးဆိုတာ သူမက သိနေခဲ့သော်လည်း အဲ့ဒါက တကယ်ကို အရေးကြီးလို့လား။
သူတို့က ကျန်းလိ ရှိသည့်နေရာကို သိကြသော်လည်း သူမကို ဘာမှ မပြောတာကို သေသေချာချာ သိနေခဲ့သည်။ သူတို့က အရမ်းကို သနားဖို့ ကောင်းသည်။ ယောက်ျား တစ်ယောက်ကို ထိန်းထားနိုင်သည့်အတွက် သူတို့က သူမကို မနာလို ဖြစ်နေတာ သိသာနေခဲ့သည်။
ပိုင်လင်းသည် သူမ ကြိုးစားပမ်းစား ရှာတွေ့ထားသည့် မူလတန်း ဖတ်စာအုပ်ကို ကောက်ယူပြီး ကျန်းလိကို ရှာဖို့အတွက် အမျိုးသား ပညာတတ် လူငယ်တွေရဲ့ အခန်းကို သွားခဲ့သည်။
သူမ ထွက်သွားသည့်အခါ အမျိုးသမီး ပညာတတ် လူငယ် များစွာက စတင်ပြီး တီးတိုးပြောခဲ့ကြသည်။
“ကျန်းလိက ဘာမှမရှိတဲ့အခန်းမှာ ဆိုတာကို နင်က သွားပြောဖို့ စီစဥ်နေတာလား။”
“ငါ ငါ ငါ မေ့သွားတာ။”
“အရူးမ၊ အခုကနေစပြီး ကျန်းလိနဲ့ ပိုင်လင်းတို့ ကိစ္စထဲမှာ ဝင်မပါနဲ့။”
“ဟုတ်ကဲ့၊ အစ်မစုန့်၊ ငါ လုံးဝ မပြောဘဲ နေပါ့မယ်။”
“ သူတို့အကြောင်း မပြောဘဲ နေရအောင်။ မြန်မြန် ပြန်စစ်ရအောင်။ နောက်ထပ် ရက်နည်းနည်းလောက် နေပြီးရင် ငါတို့ စာမေးပွဲ ဖြေရတော့မယ်။”
“အစ်မစုန့်၊ ငါ့မှာ ယုံကြည်မှာ မရှိဘူး။ အစ်မယန်ဟုန်က တရုတ်စာ တော်တယ်။ ပြီးတော့ ကျန်းလိက သင်္ချာမှာ တော်တယ်။ ငါတို့ တကယ် သူတို့နဲ့ ပြိုင်လို့ ရမှာလား။”
“ငါတို့တွေ စာမေးပွဲ အောင်မှာ မဟုတ်တာတော့ သေချာတယ်။”
“အဲဲဒါကို ငါတို့က ဘာလို့ လေ့လာဖို့ လိုမှာလဲ။ ငါ ရေဒီယို နားထောင်ချင်တယ်။”
“ငါ နင့်ကို တုံးတယ်လို့ ပြောတုန်းက နင် ငါ့ကို မယုံဘူး။ ငါတို့ တပ်မဟာက ရွာထဲက မူလတန်းကျောင်းကို စဖွင့်တော့မှာ။ နောက်ပိုင်းကျရင် လေ့လာဖို့ ဘေးမှာရှိတဲ့ တပ်မဟာက လူတွေ ရောက်လာလိမ့်မယ်ဆိုတာ ဘယ်သူက မသိမှာလဲ။ ငါတို့ အချိန်တိုင်းတော့ စာမေးပွဲတွေ မဖြေရဘူးလေ ဟုတ်တယ်မလား။ ငါတို့ ဒီတစ်ကြိမ် ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် ငါတို့တွေ နောက်တစ်ခေါက်ကျရင် သင့်တော်တဲ့သူကို ရွေးလို့ရပြီလေ။ ပြီးတော့ နောက်ပိုင်း ငါတို့က အချိန်တိုင်း စာမေးပွဲ ဖြေရရင်တောင် ငါတို့က အများကြီး လေ့လာပြီးပြီဆိုတော့ သူများတွေထက်တော့ ပိုပြီး ကောင်းကောင်း လုပ်နိုင်မှာ သေချာတယ်။”
စုန့်ကျိကျင်းက သူ့ရဲ့ လက်သီးကို ဆုတ်ထားခဲ့သည်။ “ငါတို့ လေ့လာနေသ၍ ဗဟုသုတတွေဆိုတာ ငါတို့ရဲ့ အပိုင်ပဲ။ ငါတို့တွေ ဘယ်တော့မှ ဆရာတွေ မဖြစ်လာရင်တောင် ငါတို့ လေ့လာထားတဲ့ ဗဟုသုတတွေက ငါတို့ရဲ့ အပိုင်ပဲလေ။”
စုန့်ကျိကျင်း ပြောတာကို နားထောင်ပြီးနောက် အမျိုးသမီး ပညာတတ် လူငယ်များစွာကလည်း ရည်မှန်းချက် ကြီးလာကာ သူတို့ရဲ့ ခေါင်းတွေကို ငုံ့ပြီး လေးလေးနက်နက် စာတွေ စဖတ်လာခဲ့ကြသည်။
ပိုင်လင်းသည် ပညာတတ် လူငယ် စခန်းရှိ အခန်းတွေ တစ်ခန်းပြီးတစ်ခန်း လိုက်ရှာပြီး နောက်ဆုံးမှာတော့ နောက်ဆုံး ဘာမှမရှိတဲ့ အခန်းထဲမှာ ကျန်းလီကို တွေ့ခဲ့သည်။
ထိုအခန်းလွတ်ကြီးသည် တပ်မဟာက ဖြည်းဖြည်းချင်း ပြင်ဆင်နေပြီး နောက်ပိုင်း ကျောင်းသားတွေအတွက် စာသင်ခန်း တစ်ခန်း ဖြစ်သည်။ တပ်မဟာက ရန်ပုံငွေ သိပ်မရှိသည့်အတွက် သူတို့က ထိုအခန်းအတွက် ပြတင်းပေါက် အနည်းငယ်ကိုသာ ဖွင့်ထားခဲ့ပြီး အင်္ဂတေ ရိုက်ထားခဲ့သည်။ ပြတင်းပေါက်တွေကိုလည်း လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ တပ်ဆင်ထားခဲ့ပြီး သူတို့က တန်ဖိုးကြီးသော ပြတင်းပေါက် မှန်များကိုသာ အသုံးပြုခဲ့ကြသည်။
စားပွဲခုံနှင့် ထိုင်ခုံတွေကတော့ နွေဦးရောက်သည်အထိ စောင့်ရမည် ဖြစ်သည်။ အခန်းရဲ့ အလယ်မှာ စားပွဲခုံ အဟောင်းကြီး တစ်ခုံသာရှိပြီး အဲ့ခုံသည် အစတုန်းက အစည်းဝေးအခန်းထဲတွင် ထားထားသည့် ခုံဖြစ်သည်။ အကြောင်းမှာ အစည်းဝေးခန်းက အဲ့ဒါကို သိပ်ပြီး မသုံးဖြစ်သည့်အတွက် ဒီမှာ လာရွှေ့ထားခြင်း ဖြစ်သည်။
ပိုင်လင်းက မှီပြီး နွေးနွေးထွေးထွေး ဝတ်ပြီး စားပွဲခုံမှာ ထိုင်ကာ စာလေ့လာနေသည့် ကျန်းလိကို တွေ့ခဲ့သည်။
ပိုင်လင်းက အနည်းငယ် မပျော်မရွှင် ဖြစ်နေခဲ့သည်။ အကြောင်းမှာ ကျန်းလိက သူမကို စာပြပေးဖို့အတွက် ကတိပေးထားခဲ့ခြင်းကြောင့် ဖြစ်သည်။
ပိုင်လင်းရဲ့ အမြင်ထဲမှာ သင်္ချာဆရာ ရာထူးက တစ်နေရာသာရှိပြီး ကျန်းလိက သူမကို စာသင်ပေးမယ်ဆိုရင် သူက စာအုပ်တွေ ဖတ်နေမည် မဟုတ်ပါ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ထိုရာထူးအတွက် သူမသည် ကျန်းလိနှင့် ယှဥ်ပြိုင်နိုင်မည် မဟုတ်တာ သေချာသည်။
ကျန်းလိက တကယ်ကို အတန်းဖော်ဟောင်းတွေကြားရှိ သူငယ်ချင်း ဆက်ဆံရေးကို ဂရုမစိုက်ဘူးဟု ပိုင်လင်းက ခံစားခဲ့ရသည်။ အဲ့ဒါက သေချာကြောင်းကို သူမက ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ခဲ့သည်။ ကျန်းလိက သူ့အတွက် ဘာကောင်းလဲဆိုတာသိရင် သူ့ရဲ့ နေရာကို လက်လျှော့လိုက်သင့်သည်။ ပညာတက်လူငယ် စခန်းက တစ်ခြားသူတွေကို ဘယ်လို ဖိနှိပ်ရမလဲဆိုတာ တွေးထားသင့်သည်။ သူက သူမကို ပုန်းပြီး ဘယ်လို စာကို ကြိုးကြိုးစားစား လေ့လာနိုင်မှာလဲ။
“ကျန်းလိ၊ နင် စာဖတ်နေတာလား။”
သူမ အခန်းထဲသို့ ဝင်သွားသည့်အခါ ပိုင်လင်းက သူ့ကို စိတ်ပျက်လက်ပျက် နှုတ်ဆက်ခဲ့ပြီး မစောင့်နိုင်ဘဲ အချက်တစ်ခုကို ထောက်ပြခဲ့သည်။ “နင် ငါ့ကို စာသင်ပေးမယ်လို့ မပြောခဲ့ဘူးလား။ ငါ ဒီနေ့ အားနေတော့ စာ စလုပ်ကြရအောင်။”
ပိုင်လင်းက ထိုစကားကို ပြောခဲ့သော်လည်း သူမရဲ့ စိတ်ထဲမှာတော့ ကျန်းလိ ဒီစာမေးပွဲကို လက်လျှော့အောင် စကားလမ်းကြောင်း ဘယ်လို လွှဲရမလဲဆိုတာကိုသာ တွေးနေခဲ့သည်။
တကယ်တော့ အရွယ်ရောက်ပြီးတဲ့ ယောက်ျား တစ်ယောက်အနေနဲ့ သူက လယ်ထဲမှာ အလုပ် မလုပ်သင့်ဘူးလား။ ဒီနေရာတစ်ခုအတွက်နဲ့ သူက ဘာလို့ အမျိုးသမီး ပညာတတ် လူငယ် တစ်ယောက်နဲ့ ပြိုင်နေရတာလဲ။
ဒါကိုတော့ သဘောထား မကြီးပါဘူး။ သူမ အဲ့ဒါကို မကြိုက်တာ အံ့ဩစရာတော့ မဟုတ်ပါဘူး။
ကျန်းလိက ခေါင်းငုံ့ပြီး သူ့ရဲ့ အိမ်စာကို သူလုပ်နေခဲ့သည်။ အခန်းထဲမှာ ဘာမီးလင်းဖိုမှ မရှိသည့်အတွက် သူက အတော်လေး ချမ်းနေခဲ့သည်။ သူက လက်ကို လေဖြင့်မှုတ်ရင်း သူ့ရဲ့ စာရွက်ပေါ်က တွက်ချက်ထားတာတွေကို စစ်နေခဲ့သည်။
ထိုစကားကို ကြားပြီးနောက် သူက တုံ့ပြန်ခဲ့သည်။ “မပူပါနဲ့။ ခနစောင့်။”
လူတစ်ယောက် အပြင်ကနေ ရုတ်တရက်ကြီး ဝင်လာသည့်အခါ သူက ဘာကို စောင့်နေလဲဆိုပြီး ပိုင်လင်းက သူ့ကို မေးလိုက်သည်။
ပညာတတ် လူငယ် ကျန်းဟုန်က ဝင်လာခဲ့ပြီး ခုံရှည် တစ်ခုံကို ကိုင်ရင်း စာရွက်နှင့် ဘောပင်တစ်ချောင်းကို ယူလာခဲ့သည်။ သူမက ချည်အနွေးထည် အထူကြီးကို ဝတ်ထားပြီး သူမရဲ့ ခေါင်းပေါ်က ဦးထုပ်ကတောင် ပိုထူသည်။
ကျန်းလိက သူနှင့် ကြိုချိန်းထားတယ်ဆိုတာ သိသာနေခဲ့ပြီး သူက ဒီမှာ ဘာအတွက် ရှိနေလဲဆိုတာ သိနေခဲ့သည်။
ပိုင်လင်းက ရုတ်တရက်ကြီး သူမရဲ့ တည်ငြိမ်မှုက ပျောက်သွားခဲ့သည်။ ကျန်းဟုန်သည်လည်း ပေကျင်းက ပညာတတ်လူငယ်တစ်ယောက် ဖြစ်သော်လည်း သူတို့ နှစ်ယောက်လုံးထက် တစ်နှစ်စောပြီး ရောက်လာခဲ့သည်။ သူတို့က ရွယ်တူ ဖြစ်သော်လည်း အဲ့ဒါမတိုင်ခင်က ပိုင်လင်းနှင့် ကျန်းလိသည် ကျန်းဟုန်အကြောင်းကို သိပ်ပြီး မတွေးခဲ့ပါ။ အကြောင်းမှာ ကျန်းဟုန်က အမြဲတမ်း ကပ်စေးနှဲပြီး တစ်ခါတစ်လေ ပညာတတ် လူငယ် စခန်းရှိ အခြားသူများထံမှ အမြတ်ထုတ်လေ့ရှိသည်။
သူမက နွေးထွေးတဲ့လူတစ်ယောက် ဖြစ်သော်လည်း သူမသည် မြို့ကလူတွေအတွက် အရှက်ရစေတယ်ဟု ပိုင်လင်းရော၊ ကျန်းလိရော နှစ်ယောက်လုံးက ခံစားမိခဲ့သည်။
ကျန်းဟုန်က လမ်းလျှောက် ဝင်လာပြီး ပုံမှန်အတိုင်းပဲ ကျန်းလိကို ရေနွေးတစ်ခွက် လက်ကမ်းပေးခဲ့သည်။
“ကျန်းကျိကျင်း၊ ရေလေး သောက်လိုက်ပါဦး။ အခု ငါတို့ စကြတော့မလား။”
ပိုင်လင်းရဲ့ အသံက အံ့သြမှု့အပြည့် ဖြစ်သွားခဲ့သည်။ “ကျန်းလိ၊ နင် ဘာကို ဆိုလိုတာလဲ။”
သူတို့က သူမကို အပို လေ့ကျင့်ခန်းတွေ ပေးတော့မည်ဟု ပြောသည့်အတွက် ကျန်းဟုန်က ဘယ်လိုလုပ် ဝင်ပါလို့ ရနိုင်မှာလဲ။
ပိုင်လင်းက သူမရဲ့ ပုံမှန် အသွင်အပြင်ကို ဂရုမစိုက်ဘဲ စိတ်ပျက်စွာ မေးခဲ့သည်။ “နင် အရင် ငါ့ကို ကတိပေးခဲ့တာ မဟုတ်ဘူးလား။”
ငါက လူတစ်ယောက်ကိုပဲ ကတိပေးခဲ့တာလေ။ တစ်ဝက်တစ်ပျက်နဲ့ ဘာလို့ နောက်ထပ်တစ်ယောက်ကို ငါက ဘာလို့ ထပ်ထည့်လို့ မရရမှာလဲ။
ကျန်းလိ - “အို၊ ကျန်းဟုန်က ငါတို့နဲ့ မြို့အတူတူပဲ။ သူက လေ့လာချင်တယ်ဆိုလည်း ငါက သူ့ကို လာဖို့အတွက် ခွင့်ပြုပေးလိုက်တာ။ ပိုင်လင်း။ ငါတို့ သုံးယောက်လုံးက နေရာတစ်ခုတည်းက လာကြတာပဲလေ။ ငါက လူ တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်ကို သင်ပေးလို့ ရတယ်လေ။ မဟုတ်ဘူးလား။”
သေစမ်း။
ဆရာမ အလုပ်အတွက် နေရာ နှစ်နေရာသာ ရှိပြီး တရုတ်စာအတွက် ယှဥ်ပြိုင်ဖို့က ခက်ခဲသည်။ သင်္ချာအတွက်ကတော့ ကျန်းလိက အလားအလာ အရှိဆုံး စာဖြေသူ ဖြစ်သည်။ အခုဆိုရင် ကျန်းလိက ကျန်းဟုန်ကို ခေါ်လာခဲ့သည်။ ဒါတွေက သူမအတွက် ခက်ခဲအောင် လုပ်နေတာပဲ မဟုတ်ဘူးလား။
ပိုင်လင်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ပြီး သူမရဲ့ မျက်လုံးထဲမှာတော့ မျက်ရည်တွေ ဝဲနေခဲ့သည်။
ကျန်းဟုန်သာ အဲ့နေရာမှာ ရှိမနေခဲ့ဘူးဆိုရင် သူမက ကျန်းလိနှင့် စကားကောင်းကောင်း ပြောလို့ရပြီး အခြေနေကို သုံးသပ်လို့ရမည် ဖြစ်သည်။ ထို့အပြင် ဒီအရူးက လက်ရှိအခြေအနေကို မဖြေရှင်းနိုင်ဘူးဆိုတာ သေချာသည်။ အရင်ဆုံး ကျန်းလိကို သူမအား စာသင်ပေးရန် လှည့်စားပြီး စာမေးပွဲနေ့သို့ ရောက်သည့်အခါ သူမက ကျန်းလိကို နှောက်ယှက်ပြီး မသွားဖို့ ပြောလိမ့်မည် ဖြစ်သည်။ ထို့နောက် သင်္ချာ ဆရာမ ဖြစ်ဖို့အတွက် သူမရဲ့ ရာထူးက လုံခြုံသွားမည် ဖြစ်သည်။
သို့သော် ကျန်းဟုန်က အနားမှာ ရှိနေသည့်အတွက် ပိုင်လင်းက သူမရဲ့ အရင်က နည်းတွေကိုသာ သုံးပြီး ကျန်းလိကို မကျေနပ်ချက် အပြည့်ဖြစ်နေတဲ့ အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ဒီနည်းလမ်းက ထိရောက်မှု အရှိဆုံး နည်းလမ်းလည်း ဖြစ်သည်။ ကျန်းလိက သူမကို ဒီလို မြင်သည့်အခါတိုင်း တရားမျှတမှုကို ရှာပေးဖို့ သူမအား ကူညီပေးရန် ပြေးလာမည် ဖြစ်သည်။
သို့သော် ထိုနည်းက ဒီတစ်ခေါက်မှာတော့ အလုပ်မဖြစ်တာ သိသာနေခဲ့သည်။ ကျန်းလိက သူမကို ကြည့်တောင် မကြည့်ဘဲ ကျန်းဟုန်ကိုသာ စကားတွေ ပြောနေခဲ့သည်။
“ငါတို့ ဘယ်နေရာကနေ စကြမလဲ။ မင်း အားအနည်းဆုံး အပိုင်းက ဘယ်အပိုင်းလို့ မင်းထင်လဲ။”
ကျန်းဟုန်က သူမ ငှားလာသည့် တတိယတန်း ဖတ်စာအုပ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ဒီကနေ စရအောင်။ ပထမ နှစ်နှစ်လုံးက ပေါင်း၊ နှုတ်၊ မြောက်၊ စား အကြောင်းတွေချည်းပဲ။ ဒီအပိုင်းက တစ်ချို့ အပိုင်းတွေကို စမိတ်ဆက်တာ။ အဲ့ဒါကို ဘယ်လို လုပ်ရမလဲဆိုတာ သိတယ်ဆိုပေမယ့် ငါ အဲ့ဒါကို မရှင်းပြတတ်ဘူး။”
ကျန်းလိ - “ဟုတ်ပြီ။ အဲ့ဒါဆိုလည်း ဒီနေရာကနေ စကြတာပေါ့။”
“ကျန်းလိ…….”
ပိုင်လင်းရဲ့ အသံက အဆုံးမသတ်နိုင်သည့် သူငယ်ချင်း ဆက်ဆံရေးနှင့် မကျေနပ်ချက်တွေ ပါဝင်နေသည့် အသက် ၁၈ နှစ်အရွယ် အသံအဖြစ် ပြောင်းသွားခဲ့သည်။
ကျန်းလိ - “လာ ထိုင်ပြီး နားထောင်။ ငါမင်းအတွက် ခေါင်းစဥ်တွေကို အစကနေ မျိုးတူတာ စုပေးမယ်။”
ပိုင်လင်း - ……
ကျန်းလိက စကားစပြောဖို့ ပြင်လိုက်တာကို မြင်သော်လည်း ပိုင်လင်းက တစ်ခြား ဘာကိုမှ ဂရုမစိုက်ဘဲ မြန်မြန် ထိုင်ချလိုက်ကာ စာအုပ်ကို ဖွင့်ပြီး စတင် နားထောင်ခဲ့သည်။
သူမက ဒေါသထွက်နေသော်လည်း ဆက်သွားဖို့အတွက် ဒီနည်းတစ်ခုတည်း ရှိနေတာကို သူမ သိနေခဲ့သည်။ ယုဖမ်းချန်ကို မြှူစွယ်ဖို့အတွက် နောက်ကွယ်မှာ သူ့ကို ကျန်းလိနဲ့ နှစ်ယောက်တည်း ဒီလောက် လွယ်လွယ်လေး ထားခဲ့မယ်လို့ သူမကို ဘယ်သူကများ ပြောလိုက်တာလဲ။
ထိုလူက သူ့ကိုယ်သူ ဒေါသထွက်နေတယ်ဆိုတာ သိသာနေခဲ့သည်။
ပိုင်လင်းက ထိုအတန်းကို ထိုင်နားထောင်ဖို့ ရည်ရွယ်ချက် ရှိမနေခဲ့ပါ။ သူမ မထိုင်နိုင်သေးဘဲ ကျန်းလိက ဘာကို ဆိုလိုချင်လဲဆိုတာ ကြိုးစားပြီး အဖြေရှာဖို့ကိုသာ သူမက အတော်လေးကို အာရုံစိုက်နေခဲ့သည်။
သို့သော် ကျန်းဟုန်က သူမကို ဆန့်ကျင်နေပုံရသည်။ စာသင်နေချိန်မှာ ကျန်းဟုန်က ခနခန မေးခွန်းများကို မေးနေခဲ့သည်။
“ကျန်းကျစ်ကျင်း၊ ငါ ဒီအပိုင်းကို တော်တော်လေး နားမလည်လို့ အဲ့ဒါကို ထပ်ရှင်းပြလို့ ရမလား။”
“ဟုတ်ပြီ။ ဒီမှာ ငါတို့က ခေါင်းစဥ် တစ်ခုလုံးရဲ့ အကြောင်းကို သေချာ အာရုံစိုက်ထားဖို့ လိုတယ်။ ပြီးရင် ကျောင်းသားတွေနဲ့ ကန့်သန့်ချက်တစ်ခုကို တည်ဆောက်လိုက်။”
“နင် အဲ့ဒါကို သေသေချာချာ ရှင်းပြလိုက်တာပဲ။ ငါ အဲ့ဒါရဲ့ မှတ်စုတွေကိုလည်း လုပ်ပြီးသွားပြီ။ ဒါနဲ့ ဒါ ငါ့မိသားစုကနေ ပို့လိုက်တဲ့ ချည်လုံးပဲ။ နင့်ရဲ့ လက်တွေ နွေးသွားအောင် အဲ့ဒါကို သွားလိုက်။ နင့်လက်ကို မြှောက်စရာ မလိုဘူး။ နင်က အင်္ကျီ ပါးပါးလေးတွေကို ဝတ်ထားတာ ငါတွေ့လိုက်လို့။ ချက်ချင်း အဲ့ဒါကို ရှင်းပြလိုက်ရုံပါ။ ငါ့ကို သရုပ်ပြဖို့အတွက် စာရွက်တွေ၊ ဘောပင်တွေ သုံးဖို့ မလိုပါဘူး။”
“မင်းကို ကျေးဇူးတင်ပါတယ်။ ဆက်သွားကြရအောင်။”
……
ပိုင်းလင်းသည် ဒါက အလုပ်မဖြစ်တာကို တွေ့ခဲ့ရသည်။
သူမက မြန်မြန် ကြားဖြတ်ကာ ဝင်ပြောခဲ့သည်။ “ကျန်းကျစ်ကျင်း၊ ငါမှာ ယုန်မွှေးလက်အိတ် တစ်စုံ ရှိတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက အန်တီရှုကို လုပ်ဖို့ တောင်းဆိုထားတာ။ စောင့်ဦး။ ငါသွားယူလိုက်ဦးမယ်။”
ပိုင်လင်းက မြန်မြန် ပြေးသွားခဲ့သည်။
သူမ ထွက်သွားပြီးနောက် အစပိုင်းမှာ တစ်ယောက်နှင့် တစ်ယောက် အရမ်း နီးကပ်နေကြသည့် ကျန်းဟုန်နှင့် ကျန်းလိတို့က ချက်ချင်းဆိုသလို ခပ်ခွာခွာ ဖြစ်သွားကြသည်။
ကျန်းဟုန်က ပိုင်လင်း ထွက်ပြေးသွားတာကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ “သူက ဘာကို ရဖို့အတွက် ကြိုးစားနေတာလဲ။ သူက နားမထောင်ဘဲနဲ့ ဒီမှာပဲ အတင်း နေနေတာ။”
ကျန်းလိက အေးတိအေးစက်နှင့် လှောင်လိုက်သည်။ “မင်း ရောက်လာတိုင်း သူမ အဲ့ဒီလိုဖြစ်နေမှာ သေချာတယ်။ ဒါက သူမပုံစံပဲလေ။ သူမက ဘာအလုပ်မှ မလုပ်နိုင်ဘူး ဆိုပေမယ့် တစ်ခြား မိန်းကလေးတစ်ယောက်က သူ့ကို အနိုင်ယူတာမျိုးလည်း ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။”
ကျန်းဟုန် - “နင် ဘာလုပ်မလို့လဲ။ သူမက နင်ပြောသလို မဟုတ်ပါဘူး။ ပြီးတော့ ငါ့ကို မြင်ရင် ထွက်ပြေးမှာ မဟုတ်ဘူး။”
ကျန်းလိ - “ဒါဆိုလည်း သူမကို လာခိုင်းလိုက်လေ။ ငါက သူ့အရှေ့မှာ နှိမ့်ချခံနေရတာ ကြာလှနေပြီ။ အခုချိန် သူမ ပြန်လာတယ်ဆိုတာက ပုံမှန်ပဲ မဟုတ်ဘူးလား။ ဒီဇာတ်လမ်းထဲမှာ ကောင်းကောင်း ဟန်ဆောင်ပေးဖို့ ကူညီပေး။ ပြီးတော့ ဒီတစ်ခေါက် သင်္ချာ စာမေးပွဲကို ငါ ဝင်ဖြေမှာ မဟုတ်ဘူး။ နင်က အတော်ဆုံး သင်္ချာ ဆရာမ ဖြစ်လာမှာပါ။”
ကျန်းဟုန်က တုန်လှုပ်သွားခဲ့သည်။ “ဒါကြီးကို နင် တကယ် အတည်ပြောနေတာလား။ နင်က သင်္ချာ ဆရာ လုံးဝကို မဖြစ်ချင်တော့ဘူးလား။ ဒါပေမယ့် နင်က သူမကို ခက်ခဲအောင် လုပ်နေတာလား။”
ကျန်းလိက ဒေါသထွက်နေပုံ ရသည်။ “ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ။ သူမ အရင်က ငါ့ကို လိမ်ပြီး ရွာကို လာတုန်းက ငါ ယူလာတဲ့ ပိုက်ဆံတွေ အားလုံးကို သူက ယူသွားတာ။ အဲ့ပိုက်ဆံတွေ ပြန်ပေးဖို့အတွက် ငါ သူမကို ပြောတော့ သူမက ဆင်ခြင်တွေ ပေးနေတုန်းပဲလေ။ ငါက ဘာလို့ သူမကို မလိမ်နိုင်ရမှာလဲ။”
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၁၈၀
အစပိုင်းမှာတော့ ကျန်းလိက ကျန်းဟုန်ကို ရှာပြီး ပိုင်လင်းကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်ဖို့ စီစဥ်ထားခဲ့ကာ သူ့ရဲ့ အကြံက သူမ ကျန်းဟုန်ကို မြင်သည့်အခါ သူမကို ထွက်ပြေးသွားစေခဲ့သည်။ ထိုအကြောင်းပြချက်အတွက် သူက ကျန်းဟုန်ကို သူ့ရဲ့ စွံပလွံသီးနှင့် ပန်းသီး အားလုံးကို ပေးခဲ့ရသည်။ ထိုသည်က ပိုင်လင်းကို လှည့်စားဖို့သာ ဖြစ်သည်။
သို့သော် အခုဆိုရင် ပိုင်လင်းက ထွက်သွားဖို့ကို ငြင်းပြီး ကျန်းလိက ပိုင်လင်း အရင်က သူ့ကို ဆက်ဆံခဲ့သည့် နည်းလမ်းအတိုင်း ပြန်ဆက်ဆံဖို့ကိုလည်း ချက်ချင်း ဆုံးဖြတ်ချက် ချခဲ့သည်။
ပိုင်လင်းက သူ့ကို မဆွဲထားဘူးလား။ သူကလည်း ဒီလိုပဲ။ ပိုင်လင်းသည် သူမ သင်္ချာဆရာ ရာထူးကို ရဖို့ သူမအား စာသင်ပေးစေချင်သော်လည်း သူမကို သူက အရူးလုပ်ခဲ့သည်။ သူက ထိုရာထူးကို ရဖို့ထက် ပိုင်လင်းကို ပိုပြီး ကျစေချင်ခဲ့သည်။
ကျန်းဟုန်က ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်။ ကျန်းလိက မပြောင်းလဲသေးဘူးဟု သူမ ခံစားခဲ့ရသည်။ သူက တုံးအသည်။ အကြောင်းမှာ အရင်က သူ့ကို ပိုင်လင်းက လိမ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူက ပိုင်လင်း လိမ်တာကို မခံရရင်တောင် တုံးအနေဦးမည် ဖြစ်သည်။
သင်္ချာဆရာ ရာထူး။
တကယ် ကောင်းတဲ့ အလုပ်တစ်ခုပဲ။
သူက ငြင်းခဲ့ပြီးနောက် တကယ်လည်း အဲ့ဒါကို မလိုချင်ခဲ့ပါ။ ဘယ်လို လက်ဖွာတဲ့လူမျိုးလဲ။
သို့သော် အဲ့ဒါဟာ သူမအတွက် အရင်းအနှီးကောင်း တစ်ခုဖြစ်သည့်အတွက် ဘာလုပ်ရမလဲဆိုတာကို ကျန်းဟုန်က သိနေခဲ့သည်။ သူမကို နားချနေဖို့ ကြိုးစားနေတာကို ရပ်လိုက်သည်။
ပိုင်လင်းက ယုန်မွှေး လက်အိတ်ကို ပြန်သွားယူခဲ့ပြီး ကျန်းလိကလည်း သူမကို ကူညီဖို့အတွက် အတော်ကို စိတ်အားထက်သန်နေခဲ့သည်။ ပိုင်လင်းက ကျန်းဟုန်ကို ဂုဏ်ယူနေသည့် အမူအရာမျိုးဖြင့် ကြည့်ပြီး ပြောလိုက်သည်။ “ငါက နင့်ထက် ပိုတော်တယ်။”
ကျန်းဟုန် - ....... 'အရူးနှစ်ယောက်ပဲ။'
ဆောင်းတွင်းမှာ နေ့တာတိုပြီး ဝမ့်ရင်းက အစည်းအဝေး ခန်းထဲမှာ ရေဒီယို နားထောင်ဖို့ အမျိုးသမီးကြီး မစ္စရှုနောက်ကို ခနခန လိုက်သွားပြီးနောက် သူမက အနည်းငယ် ပျင်းလာခဲ့သည်။ သူမက အိမ်မှာ နေခဲ့ပြီး သူမရဲ့ ဆေးသေတ္တာကို ဟိုလုပ် ဒီလုပ် လုပ်နေခဲ့သည်။
ဘေးအိမ်နှင့် ပေါင်းလိုက်ပြီးကတည်းက ရှုရွှမ်းသည် သူမအတွက် ဆေးသေတ္တာ တစ်လုံးကို မြန်မြန်လေး လုပ်ပေးခဲ့သည်။
ဒါဟာ သေတ္တာတွေပေါ်မှာ ဆေးဖက်ဝင် အပင်များ၏ နာမည်ကို ရေးထားသော ဆေးဆိုင်က ဆေးသေတ္တာမျိုး ဖြစ်ကာ သေတ္တာ တစ်ခုကို ဆွဲလိုက်ရုံနဲ့ ဆေးကို အလွယ်တကူ ယူလို့ရသည်။
မတူညီတာကတော့ ဒီဆေးသေတ္တာက ပိုသေးပြီး ဆေးဆိုင်ရှိ သေတ္တာထက် သုံးလေးဆလောက် ပိုသေးသည်။ အံဆွဲတွေအပေါ်မှာ ဘာနာမည်မှ မရှိဘဲ လက်ကိုင်တွေကိုတောင် သစ်သားဖြင့် လုပ်ထားသည်။
သို့သော် ဝမ့်ရင်းက ထိုဆေးသေတ္တာကို မြင်သည့်အခါ ပျော်သွားခဲ့သည်။ သူမ အရင်က လုပ်ထားခဲ့သည့် ဆေးတွေက ဘေးနားတွင် ပြန့်ကျဲနေကာ ကြည့်ရတာ ရှုပ်ပွနေခဲ့သည်။ ဒီဆေးသေတ္တာနဲ့ဆိုရင် သူမက လုပ်ထားသမျှ ဆေးပင်တွေ အားလုံးကို ထိုသေတ္တာထဲ ထည့်ထားလို့ရမည် ဖြစ်သည်။ ထိုသေတ္တာလေးက သူမကို အတော်လေး ပျော်ရွှင်စေခဲ့သည်။
ဆေးသေတ္တာထဲကို အလောတကြီး ရှာဖွေပြီးနောက် ဝန့်ရင်းက ထပ်ပြီး သက်ပြင်းချခဲ့သည်။
အိမ်မှာ ပိုက်ဆံသိပ်ပြီး မကျန်တော့ပါ။
ဒီဆေးသေတ္တာကတင် ဆယ်ယွမ် ပေးရသည်။ ဒီတစ်ခေါက် အကုန်လုံးကို သုံးပြီးတဲ့နောက် မိသားစုရဲ့ စုငွေတွေက မြန်မြန်ပဲ လျှော့သွားခဲ့ကာ အခုဆိုရင် စုငွေက ယွမ်ငါးဆယ်သာ ကျန်တော့သည်။
ဝမ့်ရင်းသည် ညတွင်းချင်း ချမ်းသာရာကနေ ဆင်းရဲရမှာကို တွေးပြီး အနည်းငယ် စိတ်ဖိစီးနေခဲ့သည်။ နောက်နှစ် နှစ်စပိုင်းမှာ တောင်ပေါ်ထွက် ပစ္စည်းများကို ပိုရောင်းရလိမ့်မယ်ဟု ရှုရွှမ်းက အကြံပေးခဲ့သည်။ သူ့မှာ လုံလောက်တဲ့ ပိုက်ဆံ ရှိသည့်အခါ သူက ဝမ့်ရင်းအတွက် အလုပ် တစ်ခုကို ဝယ်ပေးလိမ့်မည် ဖြစ်သည်။ သူတို့ မြို့သို့ ပြောင်းသွားသည့်အခါ သူ့ရဲ့ လစာက ထပ်ပြီး တိုးလာနိုင်သည်။
ထို့နောက် လူနှစ်ယောက် ရှာထားသည့် လစာနှင့် အပိုဝင်ငွေက လစဥ် အသုံးစရိတ်တွေကို ကာမိလိမ့်မည်။
ဝမ့်ရင်းသည် လုပ်ရမည့် ကိစ္စတွေထဲမှာ ဆေးဖက်ဝင် အပင်များ စိုက်ပျိုးဖို့ကိုပါ ထည့်ထားပြီး နွေရာသီမှာ အဲ့အကြောင်းကို အဖွဲ့ခေါင်းဆောင်ကို သွားပြောဖို့ စီစဥ်ထားခဲ့သည်။
ပထမနှစ်တုန်းက သူမသည် စျေးကြီးတဲ့ အပင်များကို စိုက်ဖို့ အဖွဲ့ခေါင်းစဥ်ကို မစီစဥ်ပေးခဲ့ဘဲ ပျားရည်စုတ်ပန်းနှင့် စဖို့ကိုသာ ဆုံးဖြတ်ထားခဲ့သည်။
သူတို့ တပ်မဟာရဲ့ နေရာက ပျားရည်စုတ်ပန်း စိုက်ပြိုးဖို့ အတော်လေးကို သင့်တော်သည်။ တောင်ရဲ့ အနောက်ဘက်မှာ မြေနေရာ အကျယ်ကြီး ရှိသည်။ သူတို့က တောင်ရဲ့ အောက်ခြေမှာ မြေကွက်လေး လုပ်ပြီး အဲ့အပင်တွေကို စိုက်နေသ၍ သူတို့က အနည်းဆုံး သုံးလတစ်ခါလောက် သွားခူးလို့ရနိုင်မည် ဖြစ်သည်။
“ဝမ့်ရင်းရှိလား။ သူ အိမ်မှာလား။”
ဝမ့်ရင်းက ချက်ချင်း သူမရဲ့ အတွေးတွေကို ဘေးဖယ်ပြီး တုံ့ပြန်ခဲ့သည်။
မိတ်ဆွေဟောင်းကြီး ဦးဆောင်သည့် လူများစွာက အပြင်ကနေ ဝင်လာခဲ့သည်။
တပ်သား ခွေးအိုကြီး။
အခုဆိုရင် ခွေးအိုကြီးက ဝမ့်ရင်းနှင့် သူမရဲ့ ယောက်ျားကို မြင်သည့်အခါ ကြောက်နေခဲ့သော်လည်း ဒီနေ့ ပုန်းနေဖို့အတွက် သူ့မှာ ဘာနည်းလမ်းမှ ရှိမနေခဲ့ပါ။ သူက ဒဏ်ရာရခဲ့တယ်လို့ ဘယ်သူကများ သူ့ကို ပြောခဲ့တာလဲ။
ဝမ့်ရင်းကလည်း အဲ့ဒါမှာ သိပ်ပြီး မနေခဲ့ပါ။ ရန်ငြှိုးဟောင်းတွေက ရန်ငြှိုးဟောင်းတွေသာ ဖြစ်ပြီး ဆရာဝန်က ဆေးကုသည့်အခါ ဘယ်လူနာကိုမှ ချေးများနေလို့ မရပါ။
“ဘာဖြစ်လို့လဲ။”
ခွေးအိုကြီးကို ခေါ်လာတဲ့ လူငယ်လေးက ဝမ့်ရင်းကို မှင်သေသေ ကြည့်နေခဲ့ပြီး သူ့ရဲ့ မျက်နှာက ခနလေး အတွင်းမှာပဲ နီရဲသွားခဲ့သည်။
“သူ၊ သူ၊ သူ၊ သူ၊ သူက မမြင်ရဘူးလို့ ပြောတယ်။”
ဆရာဝန် ဝမ့်ရင်းက ဘယ်လိုလုပ် ဒီလောက်ထိတောင် လှလာရတာလဲ။ သူမရဲ့ အသားအရည်က နှင်းထဲကနေ ထွက်လာသလိုကို ဖြူဖွေးနေခဲ့သည်။
ဝမ့်ရင်း - “နင်က နှင်းတွေကို မမြင်ရဘူး ဟုတ်တယ်မလား။”
ခွေးအိုကြီးက တံတွေးကို မြိုချကာ ပြောလိုက်သည်။ “ငါလည်း မသိဘူး။ ငါက တောင်ခြေမှာ ကင်းလှည့်ရင်း တောင်ပေါ်မှာ ရစ်ငှက်နဲ့ တူတာကို တွေ့လိုက်ရတယ်။ ငါက အဲ့ဒါကို ငေးကြည့်နေရင်းနဲ့ ဘာကိုမှ မမြင်ရတော့ဘူး။”
ခွေးအိုကြီးက သေမှာကို ကြောက်နေခဲ့ပြီး သူက ကန်းသွားပြီဟု တွေးနေခဲ့သည်။ သူက ငိုယိုပြီး ဝမ့်ရင်းကို သွားရှာပြီး သူ့ကို ခေါ်သွားပေးဖို့အတွက် ကင်းသမားကို တောင်းပန်ခဲ့သည်။
သူက တစ်ယောက်တည်း မလာနိုင်သလို လာလဲ မလာရဲခဲ့ပါ။ အကြောင်းမှာ သူ ကြောက်နေခဲ့သောကြောင့်ဖြစ်သည်။
ဝမ့်ရင်းက ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်။ “ငါတို့ ဒီနှစ် အစည်းအဝေး ပွဲထဲမှာ နှင်းတွေကို အမြဲတမ်း ငေးမကြည့်သင့်ဘူးဆိုပြီး ငါတို့ မပြောခဲ့ဘူးလား။ ခရမ်းလွန် ရောင်ခြည်တွေက နှင်းတွေထဲမှာ အလွယ်လေး ဖြစ်လာပြီး ကန်းသွားနိုင်တယ်။ နင် အဲ့ဒါကို နားမထောင်တာလား။ ဒါမှမဟုတ် နင် အဲ့ဒါကို တမင်တကာ လုပ်ခဲ့တာလား။”
ဝမ့်ရင်းသည် မနှစ်တုန်းက အာရုံမစိုက်ခဲ့ပါ။ ထို့အပြင် ဘယ်သူကမှလည်း နှင်းကြောင့် ကန်းသွားတာမျိုးကို မခံခဲ့ရသော်လည်း သူမက ဒီနှစ်အတွက် အဆိုးဆုံးကို ပြင်ဆင်ထားပြီး သတင်းတွေကို ထျန်းယိုဖုနှင့် ဝူကွေ့ဟွာကို သတင်းပေးခဲ့သည်။ အထူးသဖြင့် နှင်းကြောင့် ကန်းတာကို ရှောင်ဖို့အတွက် ကလေးနှင့် ကင်းသမားများကို သတိပေးဖို့ လိုအပ်ကြောင်း ပြောခဲ့သည်။
အဲ့ဒါက လှည့်ထွက်သွားတော့ ရက်နည်းနည်းလောက် ကြာသွားတော့ တစ်ခုကို သူမ ကြုံခဲ့ရသည်။
ခွေးအိုကြီးက ငိုနေရင်း ဝမ့်ရင်းဆူတာကို ခံနေရသည်။ သူ့ဘေးနားက လူတွေကလည်း အနည်းငယ် တန့်သွားခဲ့ကြသည်။ ဝမ့်ရင်းကို လှတယ်ဟု ထင်ခဲ့သည့် လူငယ်ကလည်း အခုဆိုရင် မတုံ့ပြန်ရဲတော့ပါ။
ဆရာဝန်တွေက သူတို့ရဲ့ အလုပ်အကြောင်းကို ပြောမှသာ ဒါမျိုးကို ပြောလေ့ရှိပြီး ဒီမှာ တစ်ခုခု မှားနေတယ်ဟု ဝမ့်ရင်းကလည်း မထင်ခဲ့ပါ။
သူမက ခွေးအိုကြီးကို အသစ်ဆောက်ထားသော အိမ်ထဲသိူ့ ရွှေ့လိုက်သည်။ သူမရဲ့ လူနာတွေကိုကြည့်ဖို့ ပိုလွယ်သွားအောင် လုပ်ဖို့အတွက် ရှုရွှမ်းက အိမ်ကို လိုက်ကာများဖြင့် ကာထားခဲ့သည်။ အထဲမှာတော့ အိမ်ထောင်စု ပစ္စည်းများ ရှိနေပြီး အပြင်ဘက်မှာတော့ ဆေးသေတ္တာ အရှေ့မှာ ထားထားသည့် ကြိမ်ကုတင် တစ်လုံးက ရှိနေခဲ့သည်။
ဝမ့်ရင်းက ခွေးအိုကြီးကို ခွေးခြေခုံမှာ ထိုင်ဖို့အတွက် ပြောကာ မှန်ဘီလူးကို ယူပြီး စတင် စစ်ဆေးခဲ့သည်။ စစ်ဆေးပြီးနောက် သူမက မပျော်မရွှင် ပြောခဲ့သည်။ “ဒါက အဆင်ပြေပါတယ်။ သာမန် နှင်းကြောင့် ခနတာ မမြင်ရရုံပါ။ ငါးရက်၊ ခြောက်ရက်လောက် ကုလိုက်ရင် ရပြီ။”
ထိုစကားကို ပြောပြီးနောက် သူက ဇလုံလေး တစ်လုံးကို ယူပြီး ခွေးအိုကြီးရဲ့ မျက်လုံးတွေကို သန့်စင်ဖို့အတွက် အဲ့ထဲကို ရေဖြည့်လိုက်သည်။
ခွေးအိုကြီးက ကြောက်နေဆဲ ဖြစ်သည်။ “ဆရာမ၊ ငါ့ကို ဆေးပေးဖို့ မလိုဘူးလား။ ဆေးမပေးဘဲနဲ့ ငါ အဆင်ပြေပါ့မလား။ ငါ မူးနောက်နောက် ဖြစ်နေပြီး ငါ့ မျက်လုံးတွေကို မဖွင့်ရဲဘူး။ ပြီးတော့ ငါ့မှာ အဖျားလည်း ရှိနေတာ။”
ဝမ့်ရင်း - “ဘာဆေးလဲ။ နင့်ရဲ့ အခြေအနေက ဆိုးရင် ငါနင့်ကို သက်သာအောင် ဆေးပေးမှာပေါ့။ ဒါပေမယ့် နင့်ရဲ့ အခြေအနေက မဆိုးနေတော့ နင်ဆေးသောက်ဖို့ မလိုပါဘူး။ အိမ်ပြန်ပြီး နင့်မျက်လုံးကို အဝတ်အမဲနဲ့ ကာထားလိုက်။ ဒီဆောင်းတွင်း နင် အပြင်ထွက်ရင် နင့်ရဲ့ မျက်လုံးတွေကို ဖုံးဖို့ အဝတ်တစ်ထည်ကို ရှာထား။”
ခွေးအိုကြီးက တုံ့ဆိုင်းနေပြီး ထွက်မသွားချင်ခဲ့ပါ။ သူက မသေချာပါ။ နှင်းကြောင့် လူတွေ ကန်းတာကို သူက ကြားဖူးသော်လည်း အဲ့ဒါကို သူဖြစ်ခဲ့ရသည့်အခါ သူက ကြောက်နေဆဲ ဖြစ်သည်။
အထူးသဖြင့် မျက်လုံးနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဖြစ်လာတော့ သူ့ရဲ့ မျက်လုံးအရှေ့မှာရှိတဲ့ အရာတွေ အားလုံးက အမဲရောင်တွေ ဖြစ်နေပြီး သူကလည်း ဘာကိုမှ မမြင်ရတော့ပေ။ အဲ့ဒါက ကြောက်ဖို့ မကောင်းဘူးလား။
ဝမ့်ရင်းသည် သူ့ကြောင့် အရမ်း စိတ်ရှုပ်လာသည့်အခါ ဆေးမြီးတို တစ်ခုကို အကြံပေးခဲ့သည်။ “တကယ်လို့ ရှင် စိတ်ပူနေတယ်ဆိုရင် ဒီမှာ ဆေးမြှီးတို တစ်ခု ရှိတယ်။ နို့ကို ကျိုပြီး အအေးခံလိုက်။ ဒါမှမဟုတ် လူရဲ့ နို့ကို ကြိုလိုက်။ ပြီးရင် အဲ့ဒါကို မျက်လုံးထဲကို အစက် ချလိုက်။ အဲ့ဒါက ရက်နည်းနည်းလောက် ပိုပြီးတော့ မြန်မြန် သက်သာလာလိမ့်မယ်။”
ဝမ့်ရင်းက ထိုစကားကို ပုံမှနိအတိုင်း ပြောရုံသာ ပြောခဲ့သော်လည်း ခွေးအိုကြီးက အဲ့ဒါကို စိတ်ထဲမှာ မှတ်ထားခဲ့သည်။
ခွေးအိုကြီးက သူ့ရဲ့ ခန္ဓာကိုယ်ကို ကိုင်ကြည့်ပြီးနောက် ငါးဆင့်ကိုသာ တွေ့ခဲ့ရသည်။ ဝမ့်ရင်းက ဂရုမစိုက်ခဲ့ပါ။ စုစုပေါင်း သူမက ဝိဉာဥ်စမ်းရေ တစ်ခွက်ကိုသာ ပေးခဲ့သည့်အတွက် ငါးဆင့်က အဆင်ပြေသည်။
ခွေးအိုကြီးက အတော်လေး ကျေးဇူးတင်ကာ ထွက်သွားခဲ့ပြီး ဒီကိစ္စက ပြီးသွားပြီဟု ဝမ့်ရင်းက တွေးမိခဲ့သည်။
ရလဒ်အနေဖြင့် ရက်အနည်းငယ် ကြာပြီးနောက် တုန်လှုပ်စရာ သတင်းတစ်ခုကို သူမ ကြားခဲ့ရသည်။
“နင် ဘာပြောလိုက်တာ။ ခွေးအိုကြီးက လူနို့ လိုက်ရှာနေတာလား။”
ဝမ့်ရင်းက မယုံသင်္ကာ ဖြစ်နေပုံရသည်။ သူမက ဆေးမြှီးတိုကို ဒီတိုင်း ပြောလိုက်ရုံသာ ဖြစ်သည်။ အကြောင်းမှာ ခွေးအိုကြီးက အဲ့ဒါကို မလုပ်နိုင်ဘူးဟု တွေးလိုက်မိသည့်အတွက် သူမက ပြောလိုက်သည်။ သူ့ရဲ့ ကျန်းမာရေးက မဆိုးရွားဘဲ ငါးရက်၊ ခြောက်ရက် စောင့်ဖို့တောင် မလိုအပ်ပါ။ သူ့ကို သုံးရက်လောက်နှင့် ကုသလို့ ရသည်။ ဝိဉာဥ်စမ်းရေ၏ သက်ရောက်မှုပါ ပါသည့်အတွက် အဲ့ဒါက နှစ်ရက်လောက်ပဲ ကြာမှာ သေချာသည်။
သို့သော် ဒီလူက လူနို့ရှာဖို့အတွက် တကယ်ကြီး ထွက်သွားခဲ့တာလား။ သူက ရမ်းကားမှုနှင့် ဖမ်းခံရမှာ မကြောက်ဘူးလား။
“သူက အဲ့ဒါကို မမြင်ဘူးလေ၊ ဟုတ်တယ်မလား။ သူက ဘယ်လို ထွက်လာခဲ့တာလဲ။”
အမျိုးသမီးကြီး မစ္စရှု - “ငါတို့ တပ်မဟာထဲက မုဆိုးမယွီကို ရှာဖို့အတွက် သူက ကင်းလှည့်အဖွဲ့က လူတစ်ယောက်ကို ပြောလိုက်တာ။ ပြီးတော့ သူ့ကို ပြောခိုင်းတာက မုဆိုးမယွီက ဆောင်းတွင်းကျရင် အတူတူ နေဖို့ သူ့သမီးကို မခေါ်လာဘူးလားတဲ့။ သူ့သမီးက မနေ့ကတင် ကလေးမွေးထားတော့ နို့ထွက်တယ်လို့ ပြောသေးတယ်။ နင် အဲ့ဒါကို မမြင်ဘူးပဲ။ ပြီးတော့ အဖွားယွီက နင့်ကို ရိုက်တော့မယ်။”
ဝမ့်ရင်း - ……
အမျိုးသမီးကြီး မစ္စရှုက ဆက်ပြောသည့်အခါ အဲ့ဒါက ထူးဆန်းနေခဲ့သည်။ မုဆိုးမယွီက ဒီမနက်ကလေးတင် ကလေးကို လမစေ့ဘဲ မွေးခဲ့သည်။ သူတို့ နှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် မွေးကြသော်လည်း ထျန်းတကျူးက ရှင်းဟွာဟုတောင် မခေါ်ဘဲ သူက အိမ်မှာ ကလေးမွေးခဲ့တယ်ဟုသာ ပြောနေခဲ့သည်။ ဒီနေ့မနက်ကတင် သူက သမီး တစ်ယောက်နဲ့ သား တစ်ယောက် မွေးခဲ့တယ်ဆိုသည့် စကားတစ်ခွန်းက ချက်ချင်း ပြန့်သွားခဲ့သည်။ မုဆိုးမယွီက သားယောက်ျားလေးတစ်ယောက် မွေးခဲ့သည်။
ဝမ့်ရင်းရဲ့ အာရုံက မြန်မြန်ပဲ ပြောင်းသွားခဲ့သည်။ “အတူတူ မွေးသွားတာလား။ မုဆိုးမယွီ လစေ့ဖို့က တစ်လလောက် လိုသေးတယ်ဆိုတာ ငါမှတ်မိပါတယ်၊ ဟုတ်တယ်မလား။”
အမျိုးသမီးကြီး မစ္စရှု - “ဒါက မဟုတ်ဘူးလို့ ဘယ်သူက ပြောလဲ။ တစ်လလိုသေးတယ်လို့ တွက်ထားလိုက်တာ။ သူတို့ ပြောတာကတော့ မနေ့က တစ်ခုခုဖြစ်ပြီး သူက လဲကျပြီး လမစေ့ဘဲ မွေးသွားတာတဲ့။”
အမျိုးသမီးကြီး မစ္စရှု - “ဒီနေ့ မနက်တုန်းက ထျန်းတကျူးက ဘယ်လောက်တောင် မောက်မာနေလဲ ဆိုတာကို နင်မမြင်ခဲ့ဘူးလား။ သူ့မှာ သားတစ်ယောက် ရှိတယ်ဆိုပြီး တွေ့သမျှ လူတိုင်းကို လိုက်ပြောနေတာ။”
ဝမ့်ရင်းက အဲ့အကြောင်းကို ဘယ်လောက်ပဲ တွေးနေပါစေ၊ ဒါက ထူးဆန်းနေခဲ့သည်။ လဲကျပြီးတော့ လမစေ့ဘဲ မွေးသွားတာလား။ မုဆိုးမယွီရဲ့ ကိုယ်ဝန်ကို ထျန်းတကျူးက ဘယ်လောက် ဂရုစိုက်လဲဆိုတာ ကြည့်လိုက်ရင် သူက တကယ်ကြီး သူမကို လဲကျဖို့ ခွင့်ပြုမှာတဲ့လား။
ပြီးတော့ ယောက်ျားလေးရော၊ မိန်းကလေးရော ဖြစ်နိုင်တယ်လား။
ဝမ့်ရင်းက သူမရဲ့ သံသယတွေကို စိတ်ထဲမှာသာ ထားလိုက်သော်လည်း နောက်ကျမှ ချမ့်ကျွီဟွာကို သွားရှာမယ်ဟု သူမက တွေးနေခဲ့သည်။
မနက်ပိုင်းမှာ ချမ့်ကျွီဟွာက အစည်းအဝေး အခန်းထဲကို မသွားခဲ့သော်လည်း မိုင်မောင့်နှင့် မိုင်စွေ့တို့ကတော့ သွားခဲ့ကြသည်။ ကလေးမလေး နှစ်ယောက်ရဲ့ အကြိုက်ဆုံး အရာကတော့ ရေဒီယို နားထောင်ရတာ ဖြစ်သည်။ အဲ့ကနေ လာသည့် ကလေး သီချင်းတွေက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းသည်။ မိုင်စွေ့က အဲ့ဒါကို အကြိမ် အနည်းငယ် နားထောင်ပြီး အဲ့ကနေ လေ့လာခဲ့သည်။ သူမရဲ့ အသံက ငှက်လေးရဲ့ အသံလို နားဝင်ချိုနေခဲ့သည်။ သူမက ပြန်လာပြီး သူမရဲ့ တစ်နှစ်အရွယ် ညီမလေးကို ဆိုပြခဲ့သည်။
ထို့ကြောင့် ဝမ့်ရင်း ရောက်လာတာကို ချမ့်ကျွီဟွာက သိနေခဲ့ပြီး ဖြစ်သည်။