← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 16 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 16 Ch. 187-188

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၈၇

ရှဲ့ယွဲ့ကျင်းက လူတစ်ယောက်ရဲ့ ဘဝကို ကြည့်နေရပုံ ပေါ်နေပြီး ထိုကိစ္စ တစ်ခုလုံးက ရှုရွှမ်းရဲ့ ဘဝအကြောင်း ဖြစ်နေချိန် သူ့မှာ အမြင် အချို့ကို ရနေခဲ့သည်။

သူက အဲ့ဒါကို ရှုရွှမ်း ထွက်သွားပြီးမှ မြင်ခဲ့ရပြီး ဆိုင်ထဲက ပစ္စည်းများကို ရွှေ့ဖို့အတွက် ဝမ်ကောတုန်နှင့်အတူ အားသုံးဖို့ ဝင်ပါခဲ့သည်။ အကြောင်းမှာ စားဖိုမှူးက ထွက်သွားသည့်အတွက် ဆိုင်ထဲက ကိစ္စတွေကို ငြင်းဖို့က သာမန်ပဲ ဖြစ်သည့်အတွက် အထက်လူကြီးတွေက ဘာပြဿနာမှ ရှာမတွေ့ခဲ့ပါ။

သူက ဝမ်ကောတုန်နှင့်အတူ သုံး၊ လေးနှစ်လောက် အလုပ် လုပ်ခဲ့ပြီး အိပ်မက်ထဲမှာ သူက လီရင်းကို လက်ထပ်ခဲ့သည်။ သို့သော် လီရင်းရဲ့ မိသားစုက အဆင်ပြေပြီး သူမရဲ့ အစ်ကိုတွေကလည်း အလုပ် အဆင်ပြေကြသည့်အတွက် သူတို့က စကားများခဲ့ကြသော်လည်း မကွာရှင်းဘဲ အတူတူ ဆက်နေခဲ့ကြသည်။

သူ့ရဲ့ အိပ်မက်ထဲတွင် သူက ကောင်စီမြို့သို့ ပြောင်းရဖို့ ဖြစ်လာတော့မှ သူ့ပြစ်မှုက ပေါ်လာတာကို ရှဲ့ယွဲ့ကျင်းက တွေ့ခဲ့ရသည်။

လီရင်း သူ့ကို လက်ထပ်ပြီးကတည်းက သူမက ကောင်းကောင်း စားသောက်ရပြီး သူမရဲ့မိသားစုကလည်း အဲ့ကနေ အကျိုးအမြတ်တွေ ရခဲ့သည်။ ထို့ကြောင့် လီမိသားစုက တစ်ခါတစ်လေ အပြင်ဘက်မှာ ကြွားတတ်ကြသည့်အတွက် အဲ့ဒါကြောင့်ပဲ အခြားသူတွေရဲ့ မနာလိုမှုတွေက များလာခဲ့သည်။

ထိုပြဿနာ တစ်လျှောက်လုံးမှာ ပါဝင်ခဲ့ပြီးနောက် သူက ပိတ်မိခဲ့ရသည်။

မြေပဲတွေ စားပြီးပြီဆိုပြီး တည်တည်ငြိမ်ငြိမ် ပြောခဲ့တဲ့ ရှုရွှမ်းဆီကနေ သူ့ရဲ့ နောက်ဆုံး ကံတရားအကြောင်းကို ကြားခဲ့ရသည်။ ဘာလို့လဲဆိုတော့ အဲ့ဒါက သူ့ရဲ့ အလွန်ကျွံ အကျင့်ပျက် ချစားခဲ့မှုကြောင့်ပဲ။ လီရင်းကလည်း ကံဆိုးခဲ့တယ်။ သူမက မိသားစုကောင်း တစ်ခုနှင့် လက်မထပ်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် သူမက နေဖို့အတွက် သူမ မိဘတွေရဲ့ အိမ်ကို ပြန်သွားကို သွားရတော့မည်။ လီမိသားစုကလည်း ပါဝင်နေခဲ့သေးသည်။ သူတို့က သူတို့ရဲ့ အလုပ်တွေကို မဆုံးရှုံးခဲ့ကြဘူးဆိုပေမယ့် သူတို့ရဲ့ ဂုဏ်သတင်းကတော့ ပျက်စီးသွားခဲ့သည်။

သူက အိပ်မက်ထဲမှာ သေသွားပြီးနောက် ရှုထောင့်တွေက မရပ်သွားခဲ့သော်လည်း ရှုရွှမ်းရဲ့ ရှုထောင့်ဘက်ကို ရွေ့ဖို့ ဆက်သွားခဲ့သည်။

ရှုရွှမ်းနှင့် ဝမ့်လင်းလင်းတို့မှာ အတော်လေး ဆိုးရွားတဲ့ ဆက်ဆံရေးတစ်ခု ရှိနေကြတာကို ရှဲ့ယွဲ့ကျင်းက တွေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ သူ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်သည့်အခါ ဝမ့်လင်းလင်းက သူ့ရဲ့ လက်ကို ချိုးပစ်ခဲ့သည်။ ဝမ့်လင်းလင်းက ရှုရွှမ်းကို စွန့်ပစ်ကာ ထွက်သွားခဲ့သည်။

အစပိုင်းမှာတော့ ရှဲ့ယွဲ့ကျင်းသည် ရှုရွှမ်းက ဘယ်တော့မှ ပြန်မကောင်းနိုင်လောက်ဘူးဟု တွေးမိခဲ့ပြီး သူတို့ကြားရှိ အချင်းချင်း သနားတဲ့ ခံစားချက်တွေကတောင် တိုးတက်လာခဲ့သည်။

သူတို့နှစ်ယောက်လုံးမှာ အတော်ကို ဆိုးရွားတဲ့ ဇနီးတွေ ရှိခဲ့ကြသည်။

လီရင်းက သူ့ဆီကို ကံဆိုးမှုတွေ ယူလာခဲ့ပြီး ဝမ့်လင်းလင်းက ရှုရွှမ်းဆီကို ကံဆိုးမှုတွေ ယူလာခဲ့သည်။

ရှဲ့ယွဲ့ကျင်းသည် ရှုရွှမ်းကလည်း ဒီလိုမျိုး စိတ်ဓာတ်ကျပြီး ကျန်နေခဲ့မယ်ဟု ခံစားခဲ့ရသည်။

သို့သော် အိပ်မက်ထဲမှာ ရှုရွှမ်းက သူ့ကိုယ်သူ လက်မလျှော့သေးဘူးဆိုတာ ဘယ်သူကများ တွေးမိမှာလဲ။ သူက ကျောင်းသားတွေ စခေါ်ခဲ့သည်။ သူ့လက်က ထိခိုက်ထားသော်လည်း သူ့ရဲ့ အရသာခံအဖုတွေကတော့ မပျက်စီးသေးပါ။ သူက ကျောင်းသားတွေကို ခေါ်ခဲ့သည်။ သူက အရည်အချင်းရှိပြီး အလုပ် ကြိုးစားသည့် တပည့်များကို ခေါ်ယူခဲ့သည်။ နောက်ဆုံးမှာတော့ သူ့ရဲ့ နောက်လိုက် တပည့်များ၏ အကြံပေးချက်အရ စီမံရေး စားဖိုမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် စားသောက်ဆိုင်ကြီး တစ်ခုကို သွားခဲ့သည်။

ထိုအိပ်မက်ကို မက်ပြီးနောက် ရှဲ့ယွဲ့ကျင်းက ရှုရွှမ်းကို ထပ်ပြီး တွေ့လိုက်ရသည့်အခါ အတော်လေးကို စိတ်ရှုပ်သွားသလို ခံစားခဲ့ရသည်။ အခုချိန်မှာပဲဖြစ်ဖြစ်၊ အိပ်မက်ထဲမှာပဲဖြစ်ဖြစ် သူနှင့် ရှုရွှမ်းက မတူညီတဲ့ ဘက်နှစ်ခုမှာဟု ခံစားခဲ့ရသည်။

“မင်းက ဒီမှာပဲ။”

ရှုရွှမ်းက သူ့ကို အထုပ်တစ်ထုပ် လက်ကမ်းပေးခဲ့သည်။ “အဲ့ထဲမှာ စားစရာတွေ ပါတယ်။ လမ်းသွားရင်း စားဖို့ သိမ်းထားလိုက်။”

ရှဲ့ယွဲ့ကျင်းက ခနလောက် တိတ်ဆိတ်သွားခဲ့သည်။ “ရှုရွှမ်း၊ ငါ တစ်ခါတစ်လေ မင်းကို တော်တော်လေး မနာလိုတာ မင်း သိလား။”

ရှုရွှမ်းက ခေါင်းငြိမ့်ပြခဲ့သည်။ “တစ်ချို့အရာတွေကိုတော့ ငါသိပါတယ်။”

ရှဲ့ယွဲ့ကျင်းက ရယ်လိုက်သည်။ “တိုတိုပြောရရင် ငါ တောင်းပန်ပါတယ်။ ဒါပေမယ့် ကျေးဇူးလည်း တင်ပါတယ်။”

သူက ရှုရွှမ်းကို မနာလိုဖြစ်ရသည်မှာ သူ့မိန်းမရဲ့ ဘုရားပေးတဲ့ ပုံစံမျိုးကြောင့်သာမက ရှုရွှမ်းကို အမြဲတမ်း ချစ်ပေးတဲ့ လူတစ်ယောက် ရှိနေသည့်အတွက် ဖြစ်သည်။ အရင်ဘဝတုန်းက သူ့ကို သစ္စာဖောက်ပြီး ဘယ်သူကမှ သူ့ကို မချစ်ခဲ့တာတောင် သူသည် ဘယ်တုန်းကမှ အရှုံးမပေးသလို ဘယ်တော့မှလည်း အရှုံးခံမည် မဟုတ်ပါ။

သူတို့နှစ်ယောက်သည် ခနလောက် မျက်နှာချင်းဆိုင် ထိုင်ပြီးနောက် ရှုရွှမ်းက ပြောခဲ့သည်။ “ငါ တွေးထားသလောက်ဆို ဆယ်နှစ်ဆိုတာ မကြာပါဘူး။ လူတိုင်းနဲ့ အဆင်ပြေတဲ့ မင်းကို ငါ မနာလိုဖြစ်လေ့ရှိတယ်။ မင်းက အတော်လေးလည်း တော်ပါတယ်။ နောက်ပိုင်း မင်း လမ်းမလွဲသွားသ၍ ကိစ္စတွေက အမြဲတမ်း ပိုပိုပြီးပဲ ကောင်းလာမှာပါ။”

ရှဲ့ယွဲ့ကျင်း - “ငါသိပါတယ်။”

သူသည် အရင်က ဒါတွေကို မသိကောင်း မသိနိုင်သော်လည်း ဒီကိစ္စတွေ အားလုံးကို ကျော်ဖြတ်ပြီး နောက်ဆုံးမှာတော့ သူက အဲ့ဒါကို သိခဲ့ရသည်။

သူဒုက္ခရောက်တာကို ကြားပြီးနောက် သူ့ရဲ့မိဘတွေက အစကနေ အဆုံးအထိ ပေါ်မလာခဲ့ပါ။ လီရင်းကလည်း စကား တစ်ခွန်းမှတောင် မပြောခဲ့ပါ။ သူသိရသမျှ အကုန်လုံးက သူမသည် ကွာရှင်းဖို့အတွက် သူ့ကို ပြောရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဒါဟာ လူတစ်ယောက်က သူပိုင်သမျှ အရာအားလုံးကို ဆုံးရှုံးပြီးနောက် သူက သူ့ကိုယ်သူ ပိုပြီး လေးလေးနက်နက် ကြည့်နိုင်ဦးမှာလား။

ပြန်စဖို့ အခွင့်အရေး တစ်ခုတည်းသာ အမြဲတမ်း ရှိနေခဲ့သည်။

နွေဦး အစမှာတော့ ခုနစ်ခုမြောက် တပ်မဟာက ရွာရဲ့ မူလတန်းကျောင်းကို တရားဝင် စဖွင့်ခဲ့သည်။

ကျောင်းလာအပ်သည့် ကျောင်းသား အရေအတွက်က ထျန်းယိုဖု ထင်ထားတာထက် ပိုများနေခဲ့သည်။ ကျောင်းသား အယောက် နှစ်ဆယ်ကျော်က လာအပ်ခဲ့သည်။

သူတို့တွေဟာ အစတုန်းက တပ်မဟာထဲမှာ စာလေ့လာခဲ့ဖူးသူများ ဖြစ်ကြပြီး သူတို့က ထပ်ပြီး စာတွေ မလေ့လာကြတော့ဘဲ ရွာကို ပြန်ပြီး တာဝန်ချခံခဲ့ရသည်။

အလယ်တန်းကျောင်း ကျောင်းသားတွေအတွက်ကတော့ ဘာကိုမှ မလုပ်ပေးနိုင်သေးပါ။ လူအချို့အတွက် သူတို့တွေ စီနီယာ အတန်းခွဲ တစ်တန်းကို မလုပ်ပေးရသေးချေ။

အတန်းထဲက ခုံတန်းရှည် ငါးခုံမှာ ထိုင်နေကြတဲ့ ကျောင်းသားက အယောက်နှစ်ဆယ်ကျော် ရှိနေခဲ့ပြီး ခုံတန်းတွေပေါ်မှာ ကျောင်းသား လေးယောက် သို့မဟုတ် ငါးယောက်လောက်က ထိုင်နေခဲ့ကြသည်။

အခန်းထဲမှာ ဘာလျှပ်စစ်မီးမှ မရှိသော်လည်း မှန်ပြတင်းပေါက်တွေ ရှိနေသည့်အတွက် အခန်းက လင်းထိန်နေဆဲ ဖြစ်သည်။

ဝမ့်ရင်းက ထျန်းယိုဖုကို ရှာဖို့အတွက် သွားသည့်လမ်းမှာ သူမက ကျောင်းကနေ နေ့လည်စာ စားဖို့အတွက် အိမ်ပြန်လာသည့် မိုင်မောင့်နှင့် မိုင်စွေ့တို့ကို တွေ့ခဲ့သည်။ ကလေးမလေး နှစ်ယောက်ထဲရှိ တစ်ယောက်က ရိုးရိုး ကျောင်းလွယ်အိတ်လေးကို လွယ်ထားရင်း တစ်ခြား တစ်ယောက်က ခြေဟန်လက်ဟန်များကို လုပ်ပြနေခဲ့သည်။

သူတို့ ဝမ့်ရင်းကို တွေ့သည့်အခါ အချင်းချင်း နှုတ်ဆက်ခဲ့ကြသည်။ ဝမ့်ရင်းက တစ်ယောက်ချင်းစီရဲ့ ပါးစပ်ထဲကို သကြားလုံးတွေ ထိုးပေးကာ ပြောလိုက်သည်။ “ဒီနေ့ မင်းတို့ ကျောင်းသွားရတာ အဆင်ပြေကြရဲ့လား။”

ဂျုံစေ့တွေကို ချွေနေရင်း ခနလောက် တုံ့ဆိုင်းသွားကာ ခေါင်းငြိမ့်ပြခဲ့သည်။ ထိုစဥ်မှာ နားစွင့်နေကြတဲ့သူတွေက တီးတိုး ပြောခဲ့ကြသည်။ “အလေ့အကျင့်ပဲ။ ငါတို့ သူတို့ကို တော်တော်ကို မြန်မြန် သင်ပေးရမှာ။ ဆရာတွေ ငါတို့ကို သင်ပေးနေသမျှ အရာ အားလုံးကို ငါတို့ သိတာပဲလေ။”

သူတို့ရဲ့ လုပ်ငန်းစဥ်က အခြားသူများထက် ပိုမြန်နေခဲ့သည်။ အကြောင်းမှာ ချမ့်ရှုဖန်းက အောက်မြစ်ကို သေသေချာချာ ချပေးထားခြင်းကြောင့် ဖြစ်သည်။ ကလေး နှစ်ယောက်လုံးက သူတို့ရဲ့ အတန်းထဲမှာ အထူးချွန်ဆုံး ကလေးများ ဖြစ်ကြသည်။

ဝမ့်ရင်းက ပြုံးပြီး မိုင်မောင့်ကို မေးလိုက်သည်။ “နင်ရော ဘယ်လိုထင်လဲ၊ မိုင်မောင့်ရေ။”

မိုင်မောင့်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “သမီး ထင်တာတော့…. ဆရာတွေ သင်တာက အရမ်းကို ရိုးရှင်းတယ်။”

သူမက သူမရဲ့ အစ်မနဲ့ ကွဲပြားသည်။ သူမရဲ့ အစ်မက ဆရာချမ့် သင်သည့်အခါ စိတ်မပါ ဖြစ်နေလိမ့်မည်။ သို့သော် သူမကတော့ အစကနေ အဆုံးအထိ အတော်လေးကို လေးလေးနက်နက် လေ့လာခဲ့သည်။ ထို့ကြောင့် ဒီနေ့ သူမ လေ့လာခဲ့ရတာတွေက သူမ လေ့လာပြီးသားဟာတွေ ဖြစ်နေခဲ့သည်။

ဝမ့်ရင်းက ထိုအကြောင်းကို တွေးမိပြီး သူမကို အားပေးခဲ့သည်။ “ပြီးတော့ မင်းတို့ သွားပြီး ဆရာ့ကို တိတ်တဆိတ် သွားမေးလို့ ရတယ်။ ဒါမှမဟုတ်လည်း ဆရာတွေကို အထက်တန်း စာအုပ် အချို့ကို အရင်ဆုံး ကိုယ့်ဘာသာ ဖတ်ပြီး ဆရာကို သွားမေးလို့ ရတယ်။”

မိုင်မောင့် - “သမီးအထင် ဆရာ့မှာ လုပ်စရာတွေ အများကြီး ရှိနေလိမ့်မလား။”

ဝမ့်ရင်း - “ဆရာတွေမှာ လုပ်စရာတွေ အများကြီး ရှိတယ်လို့ မင်းက ဘာလို့ ထင်ရတာလဲ။ မင်း ငါ့ကို မယုံရင် ဒီနေ့နေ့လည် ဆရာကျန်းနဲ့ ဆရာယန့်ကို သွားမေးကြည့်။ ဆရာတွေက ပျော်သွားကြလိမ့်မယ်။ ဆရာတွေ အကုန်လုံးက တော်တဲ့ ကျောင်းသားဆို သဘောကျကြတယ်။”

မိုင်မောင့်ကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးပြီးနောက် ဝမ့်ရင်းက သူတို့ကို ညစာ သွားစားဖို့ တွန်းအားပေးခဲ့သည်။

အကြောင်းမှာ ဒါက မူလတန်းကျောင်း တစ်ကျောင်းသာ ဖြစ်ပြီး နေ့လည်စာ စားချိန်က တစ်နာရီကျော် ရသည့်အတွက် အချိန်က ကပ်နေခဲ့သည်။ သို့သော် နေ့လည်ပိုင်းမှာတော့ စောစော အတန်း ဆင်းပေးသည်။ ကျောင်းဆင်းချိန်က လေးနာရီ ဝန်းကျင်လောက် ဖြစ်သည်။

အကြောင်းကတော့ ကလေးများသည် အိမ်ကို ပြန်ပြီး အိမ်အလုပ်တွေကို ကူညီပေးရဦးမည် ဖြစ်သည်။ တကယ်လို့ သူတို့သာ အိမ်ကို နောက်ကျမှ ပြန်ရောက်သွားရင် သူတို့က အမှောင်ထဲကို သွားရပြီး အဲ့ဒါကြောင့် သူတို့ရဲ့ အိမ်အလုပ်တွေကို နှောင့်နှေးစေမည် ဖြစ်သည်။

ကလေးမလေး နှစ်ယောက်နှင့် နှုတ်ဆက်ပြီးသွားသည့်နောက်မှာ ဝမ့်ရင်းက ထျန်းယိုဖုကို ရှာဖို့အတွက် ထွက်သွားခဲ့သည်။

ထျန်းယိုဖုက သူ့ရဲ့ ပန်းကန်နှင့် တူကို သတိလက်လွတ် ချလိုက်သည်။ သူက ဝမ့်ရင်းကို မြင်သည့်အခါတိုင်း သူမရဲ့ မျက်နှာက လေးလေးနက်နက် ဖြစ်နေခဲ့ပြီး အဲ့ဒါကလည်း အမြဲတမ်း အရေးကြီး ကိစ္စအတွက်သာ ဖြစ်သည်။

အရင်တစ်ခေါက်တုန်းက သူမသည် ရွာရဲ့ မူလတန်း ကျောင်းအတွက် ဒီကို ပြေးလာခဲ့တာ ဖြစ်သော်လည်း ဒီတစ်ခေါက်မှာတော့……

ဝမ့်ရင်းက နေရာကို တည့်တည့် ရောက်လာခဲ့သည်။ “ခေါင်းဆောင်၊ ကျွန်မမှာ အကြံတစ်ခု ရှိတယ်။ ခေါင်းဆောင် အဲ့ဒါကို နားထောင်ချင်လား။”

“ကျွန်မတို့ တပ်မဟာက ဆေးဖက်ဝင် အပင်တွေ စိုက်ဖို့အတွက် တော်တော်လေး သင့်တော်တယ်။ ကျွန်မအထင်တော့ တောင်ရဲ့ အနောက်ဘက်မှာ စွန့်ပစ်ထားတဲ့ နေရာတစ်ခုကို ဖွင့်ပြီး ဝတ်ရည်စုတ်ပန်း အပင်တွေကို စိုက်လို့ရတယ်။”

ဝမ့်ရင်းသည် အဖွဲ့ခေါင်းဆောင်က ဝတ်ရည်စုတ်ပန်းရဲ့ အာနိသင်ကို မသိမှာ စိုးရိမ်သည့်အတွက် သူမက ပြောပြခဲ့သည်။ “အဲဲဒါက ဝတ်ရည်စုတ်ပန်းပဲ။ တောင်ရဲ့ အနောက်ဘက်မှာ ဒီလို အဖြူရောင်နဲ့ အဝါရောင် အရိုင်းပန်းတွေကို မြင်ဖူးလား။ ကျွန်မတို့ အဖွဲ့ထဲက လူတွေက အဲ့ပန်းတွေကို ပွတ်ပြီး ရောင်ရမ်းတာတွေ သက်သာအောင် သူတို့ရဲ့ အနာပေါ်မှာ လူးလေ့ရှိကြတယ်။ ဒါပေမယ့် အဲ့ပန်းတွေကို ရေထဲမှာလည်း ထည့်ပြုတ်လို့ရသလို၊ ရေထဲစိမ်၊ အခြောက်ခံပြီး ကြော်လို့လည်း ရတယ်။ ပြီးတော့ အဲ့ဒါကို နေရာ တော်တော်များများမှာ ဆေးအဖြစ်နဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် သုံးလေ့ရှိကြတယ်။”

“ကျွန်မတို့ မြို့မှာဆိုရင် အခြောက်ခံထားတဲ့ ပျားရည်စုတ်ပန်းတွေကို တစ်အောင်စကို ၁.၁၅ ယွမ်၊ ၁.၅ ယွမ်လောက် ပေးပြီး ဝယ်ရတယ်။ မြေတစ်ကွက်ကနေ တစ်နှစ်ကို ၂၀၀ အောင်စလောက် ထွက်တယ်။ နှစ်နည်းနည်းလောက် စိုက်ပြီးရင် အဲ့ဒါက ပိုများလာပြီး အောင်စ ၃၀၀ ကျော်လောက်အထိ အမြဲတမ်း များများစားစား အထွက်နှုန်း ရှိတယ်။ အဲ့ဒါကြောင့် တစ်ဧကကို တစ်နှစ် ယွမ်သုံးရာလောက် ရှာနိုင်တယ်။”

“ကောင်စီမြို့ရဲ့ ဆေးရုံတွေက ဒီလောက် အများကြီး မရှာနိုင်တာ သေချာနေတော့ ကျွန်မတို့တွေက ပန်းတွေရောင်းဖို့ နောက်ထပ် ဆေးဝါးစက်ရုံကို ရှာရလိမ့်မယ်။ ဒါပေမယ့် ကျွန်မအထင်တော့ ဒါက ဖြစ်နိုင်ချေ အများကြီး ရှိတယ်။ ကျွန်မတို့ တပ်မဟာက မြေဧက နည်းနည်းလောက် ဖွင့်လိုက်မယ်ဆိုရင် အနည်းဆုံးတော့ ကလေးတွေရဲ့ ကျူရှင်ခကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ခေါင်းဆောင်ရော ဘယ်လိုထင်လဲ။”

ထျန်းယိုဖုက ဝမ့်ရင်းရဲ့ စကားများကို ဆက်တိုက် နားထောင်ပြီးနောက် မှင်သက်သွားခဲ့သည်။ “မင်း ဒါကို ဘယ်အချိန်က စဥ်းစားမိခဲ့တာလဲ။”

မြေဧက တစ်ခုချင်းစီကိုတောင် စာရင်းထဲမှာ မှတ်ထားခဲ့သည်။

ဝမ့်ရင်းက စိတ်မပါ လက်မပါ ရယ်လိုက်သည်။ “ကျွန်မ အဲ့ဒါကို မနှစ်က တွေးမိခဲ့တာ။ ပြီးတော့ ကျွန်မ အဲ့ဒါကို တောင်ရဲ့ အနောက်ဘက်မှာ စမ်းကြည့်ပြီးသွားပြီ။ အဲ့ဒါက အဆင်ပြေတယ်လို့ ထင်တယ်။ ပြီးတော့ ကျွန်မတို့ တပ်မဟာအတွက် ပိုက်ဆံရှာဖို့ နည်းတစ်ခုတော့ ရှာချင်တယ်။”

ထျန်းယိုဖု - “မင်းရဲ့ အကြံက ကောင်းသားပဲ။ ဒါပေမယ့် ငါ မင်းကို အမှန်တိုင်း ပြောပြမှရမယ်။”

“ဒါကို လုပ်ဖို့ တပ်မဟာက သဘောတူမှာ မဟုတ်ဘူး။ ငါတို့ တပ်မဟာရဲ့ သစ်သီးခြံကိုပဲ ဥပမာ ယူလိုက်။ ငါ အဲ့ဒါကို စောစော မပြောခဲ့ဘူးဆိုရင် အဲ့ဒါကို ဖွင့်နိုင်မှာ မဟုတ်လောက်ဘူး။”

အရင် နှစ်တွေတုန်းက အခြေအနေတွေကို အရမ်းကြီး ဖိထားတော့ ဒါတွေကို ထုတ်လုပ်ရေး အဖွဲ့တင်မကဘူး၊ တပ်မဟာတွေကတောင် သူတို့ရဲ့ အလုပ်မှာ အရမ်းကို သတိထားနေကြတာ။ ဖြစ်နိုင်မယ်ဆိုရင် ပုံမှန် လုပ်နေကြ အရာတွေကနေ နည်းနည်းလောက် သွေဖယ်နေတာမျိုးတွေကို ခွင့်ပြုမှာ မဟုတ်ပေ။

ဝမ့်ရင်း - “ရှင်က တစ်ချက်လောက် ကြည့်ဖို့ တောင်ရဲ့ အနောက်ကို ဘာဖြစ်လို့ ကျွန်မနဲ့အတူ မလိုက်ခဲ့ရတာလဲ။ အခုဆို ဝတ်ရည်စုတ်ပန်းတွေက ဖူးနေပြီ။ ရှင် ကျွန်မနဲ့ တစ်ချက်လောက် လိုက်ကြည့်ပြီး ဆုံးဖြတ်ချက် ချဖို့ဆိုတာ သိပ်ပြီး နောက်မကျသေးပါဘူး။”

ဝမ့်ရင်းက ထျန်းယိုဖုကို တောင်ရဲ့ အနောက်ဘက်သို့ ခေါ်သွားပြီး တောင်တစ်ခုလုံးက ဝတ်ရည်စုတ်ပန်းများကို ပြခဲ့ရုံသာမက သူမရဲ့ ဆေးဖက်ဝင် အပင်များကိုပါ ပြခဲ့သည်။

“ခေါင်းဆောင်၊ တကယ်လို့ ကျွန်မတို့ တပ်မဟာက ချမ်းသာလာရင် စိုက်ပျိုးရေး တစ်ခုတည်းကို မှီခိုနေဖို့က မဖြစ်နိုင်တော့ဘူး။ နောက်ပိုင်း ကျွန်မတို့ တပ်မဟာထဲမှာ ထွန်စက်တွေ ရှိလာခဲ့ရင် ဒီလို မြေကွပ်လပ်တွေနဲ့ ယှဥ်နိုင်မှာ မဟုတ်လောက်တော့ဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့ တပ်မဟာမှာလည်း အကျိုးအမြတ် ရတဲ့အရာတစ်ခု ရှိနေမယ်ဆိုရင် အဲ့ဒါက ကျွန်မတို့ရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်ပဲ။”

“ ဒီနှစ် ကျွန်မတို့ တပ်မဟာက နှစ်ဧကပဲ စမ်းပြီး စိုက်မယ်လို့ ကတိပေးပါတယ်။ ကျွန်မတို့ အဲ့ဒါကို နောက်နှစ် မေလ ဒါမှမဟုတ်ရင် ဇွန်လကျရင် ရိတ်သိမ်းလို့ ရပြီ။ အဲ့ကျရင် ရှင်သိမှာပါ။ တကယ်လို့ တပ်မဟာက သဘောမတူဘူးလို့ ရှင်ထင်တယ်ဆိူရင် ကျွန်မတို့ နှစ်နှစ်ပဲ စမ်းစိုက်ကြည့်ကြမယ်။ ပြီးမှ ရလာတဲ့ ရလဒ်တွေကို တပ်မဟာကို သွားပြကြမယ်။”

ဝမ့်ရင်းက ကောင်းကွက်၊ ဆိုးကွက်တွေကို သေသေချာချာ ပြောပြခဲ့သည်။ ထျန်းယိုဖုက ထပ်ခါထပ်ခါ တုံ့ဆိုင်းနေခဲ့သည်။ သို့သော် နောက်ဆုံးမှာတော့ ခေါင်းငြိမ့်ခဲ့သည်။

ဝမ့်ရင်းက သက်ပြင်းချလိုက်သည်။ သူမက ဆေးနှင့်ဆိုင်သော အရာများတွင် အမြဲတမ်း ယုံကြည်မှု ရှိနေခဲ့သည်။

နွေဦးစပြီး သိပ်မကြာခင်မှာပဲ ထျန်းယိုဖုက သစ်သီးခြံထဲက လူတွေကို ဝမ့်ရင်းအား ကူညီပေးဖို့ တာဝန်ပေးခဲ့သည်။ ဝမ့်ရင်းက အစေ့တွေကို အလဟဿ မဖြစ်စေခဲ့သော်လည်း ကိုင်းဖြတ်စိုက်ဖို့ တောင်ပေါ်က ဝတ်ရည်စုတ်ပန်းပင်ရဲ့ အကိုင်းများကို ချက်ချင်း ဖြတ်ခဲ့သည်။

ဒုက္ခအများဆုံး အဆင့်ကတော့ မြေကြီးကို ဆွပေးရန် ဖြစ်သည်။ မြေကြီးတွေကို ပြင်ဆင်ပြီး ဘေးပတ်လည်မှာ ဆူးနှင်းဆီတွေ ဝန်းရံထားပြီး နောက်ဆုံးမှာတော့ အကိုင်းတွေ အားလုံးကို စိုက်ပျိုးခဲ့သည်။

အဲ့နှစ် ဝမ့်ရင်းရဲ့ ဂရုစိုက်မှုအောက်မှာ ၈၀ ရာခိုင်နှုန်းသော ဝတ်ရည်စုတ်ပန်းပင်တွေက ကြီးထွားလာခဲ့သည်။

နောက်နှစ် မေလမှာတော့ ဝတ်ရည်စုတ်ပန်းတွေက အခိုင်လိုက် စပွင့်လာခဲ့သည်။ ထျန်းယိုဖုက တစ်ခေါက် အဲ့ဒါတွေကို ကြည့်ဖို့ ရောက်လာသည့်အခါ သူ့လက်တွေက စိတ်လှုပ်ရှားပြီး တုန်နေခဲ့သည်။

အဲ့မှာ စုစုပေါင်း မြေနှစ်ဧက ရှိပြီး ရိတ်သိမ်းလိုက်သော ပန်းတွေက ခုနစ်ကနေ ရှစ်ရာ ကီလိုဂရမ်နီးပါး ရှိသည်။ အခြောက်ခံ လှော်ပြီး နောက်ဆုံး၌ သူတို့တွေ ဆေးဖက်ဝင် ပစ္စည်း ငါးရာ ကီလိုဂရမ်ကို ရခဲ့ကြသည်။

ဝမ့်ရင်းက ဆေးရုံကို နမူနာတစ်ချို့ ပို့ပေးခဲ့သည်။ ဆေးရုံက တစ်ခါတည်းနှင့် အများကြီး မယူနိုင်သော်လည်း ဝမ့်ရင်းကို စီရင်စုမြို့က ဆေးဝါးစက်ရုံ တစ်ရုံနှင့် မိတ်ဆက်ပေးခဲ့သည်။

ဆေးဝါးစက်ရုံက စစ်ဆေးဖို့ ရောက်လာသည့်အခါ သူတို့ စိုက်ပျိုးထားတဲ့ ဆေးပစ္စည်းတွေကို အတည်ပြုပေးခဲ့သည်။ အထူးသဖြင့် ထိုပစ္စည်းတွေရဲ့ အရည်အသွေးကို ဂုဏ်ယူနေခဲ့ကြသည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၈၈

ဆေးဝါး စက်ရုံက ကီလိုဂရမ် ငါးရာကို ယူသွားခဲ့ပြီး အဲ့ဒါက တစ်ကီလိုဂရမ်ကို တစ်ယွမ်နှင့် လေးဆင့် ပေးရမည် ဖြစ်သည်။ ဒါဟာ ဆေးရုံက ပေးတာထက်တော့ အနည်းငယ် နည်းသော်လည်း တစ်ဖက်က သယ်ယူပို့ဆောင်ရေးကို တာဝန် ယူထားသည့်အတွက် အဖွဲ့ဘက်က သက်သာသည်။

ထျန်းယိုဖုက သူ့လက်ထဲ၌ ယွမ်ခုနစ်ရာကို ကိုင်ထားရသည့်အခါ သူက လုံးဝကို မှင်သက်နေခဲ့သည်။

သူသည် အစကနေ အဆုံးအထိ ဝတ်ရည်စုတ်ပန်း နှစ်ဧကကို စိတ်မဝင်စားခဲ့ပါ။ ဝမ့်ရင်းက သူ့ကို အကူအညီ မတောင်းဘဲ ပထမနှစ်မှာ မြေကို တူးပြီး ကိုင်းဖြတ် စိုက်ဖို့ကိုသာ ပြောခဲ့သည်။ သို့သော် သူမက အဲ့ဒါတွေ အားလုံးကို သူမဘာသာပဲ လုပ်ခဲ့သည်။ ဒီနှစ်မှာတောင် သူမက ပန်းတွေကို ခူးဖို့ သူ့ကို မပြောဘဲ အဲ့ဒါကို ကူခူးပေးဖို့ ရွာရဲ့ မူလတန်းကျောင်းက ကျောင်းသားများကို ပြောခဲ့သည်။ ကျောင်းသားတွေက အဲ့ပန်းတွေကို သုံးရက်၊ လေးရက်လောက် ခူးခဲ့ရသည်။

ထျန်းယိုဖုက ငိုလိုက်၊ ရယ်လိုက် ဖြစ်နေခဲ့သည်။ သူသည် ဘာစကား တစ်ခွန်းမှ မပြောဘဲ ယွမ်ခုနစ်ရာထဲမှ ယွမ်သုံးရာ့ ငါးဆယ်ကို ဝမ့်ရင်းအား ပေးလိုက်သည်။

ဝမ့်ရင်းက မငြင်းခဲ့ပါ။ သူမက ပိုက်ဆံစုဖို့ ဝတ်ရည်စုတ်ပန်းကို စိုက်ခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကောင်စီမြို့မှာ အလုပ် တစ်ခု ဝယ်ဖို့ သူမအတွက် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

သို့သော် ရှုရွှမ်းရဲ့ လစာက လွန်ခဲ့သော နှစ်နှစ်ကထက် တိုးသွားပြီး အခုဆိုရင် တစ်လကို ၄၂.၅ ယွမ် ရသည်။

လူနှစ်ယောက်ရဲ့ စုငွေတွေက တိုးလာသည့်အတွက် အခုဆိုရင် သူမတို့ရဲ့ လက်ထဲမှာ ယွမ်နှစ်ရာလောက် ရှိနေပြီ ဖြစ်သည်။

ခေါင်းဆောင်က သူမကို ခွဲပေးထားသည့် ဝေစုကို ထပ်ထည့်လိုက်ရင် စုစုပေါင်း ရှိနေသည့် ယွမ်သုံးရာ့ ငါးဆယ်က သူမရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် လုံလောက်သည်။

ပထမအသုတ်ရဲ့ ဝေစု တစ်ဝက်က ဝမ့်ရင်းကို ပေးရမည်ဟု ဝမ့်ရင်းက ထျန်းယိုဖုနှင့် ဆွေးနွေးခဲ့သည်။ အကြောင်းမှာ အဖွဲ့ထဲရှိ လူအများစုက ဒီကိစ္စမှာ သူမကို မကူညီပေးခဲ့ကြပါ။ တကယ်လို့ သူမက အရှုံးပေါ်သွားခဲ့ရင်တောင် အဲ့ဒါက ဝမ့်ရင်း သူမဘာသာ ငွေကုန်၊ လူပင်းပန်းရုံသာ ဖြစ်သည်။

သို့သော် သူမက ပိုက်ဆံရခဲ့ရင် ပထမနှစ်မှာ တစ်ဝက်ကို ဝမ့်ရင်းအား ပေးရမည် ဖြစ်သည်။ ထို့အပြင် သူမကို နှစ်တိုင်း ဆယ်ပုံ တစ်ပုံကို ပေးရမည် ဖြစ်သည်။

အကြောင်းမှာ သူမက လူတိုင်းကို အပင်တွေ ဘယ်လို စိုက်မလဲနှင့် ဆေးဖက်ဝင် အပင်များကို ဘယ်လို ကြော်ရမလဲဆိုတာ သင်ပေးလိမ့်မည် ဖြစ်သည်။

ကျန်နေသည့် ယွမ် သုံးရာ့ ငါးဆယ်ထဲက ဆင့်ငါးဆယ်ကို ဝမ့်ရင်းအား ပန်းခူးဖို့နှင့် လယ်ကွင်း လုပ်တဲ့နေရာမှာ ကူခဲ့သည့် ကလေး၊ လူကြီးများကို ခေါင်းဆောင်က အရင်ဆုံး ပေးခဲ့သည်။ ထို့နောက် ကျန်တာကို နောက်နှစ် ဝတ်ရည်စုတ်ပန်း စိုက်ဖို့အတွက် မြေကွက်များ လုပ်ရန် သိမ်းထားခဲ့သည်။

ထျန်းယိုဖုက သတိထားတာ တကယ့် အချက်အလက်ကို မပြောခဲ့ပါ။ တပ်မဟာက စီရင်စုမြို့က ဆေးဝါး စက်ရုံနှင့် အဆက်အသွယ် လုပ်ပြီး ဒီနေရာမှာ အချိန်အတော်ကြာ ဝတ်ရည်စုတ် ပန်းပင်တွေ စိုက်ဖို့ ဆန္ဒရှိနေခဲ့ကြသည်။ အစေ့ဆန် ထုပ်လုပ်ရေးကို သေချာအောင် လုပ်တာရဲ့ အခြေခံအရ သူတို့ရဲ့ တပ်မဟာသည် ဆေးပင်တွေ ထပ်စိုက်ဖို့ မြေဧက အနည်းငယ်ကို ထပ်တိုးချဲ့ချင်ခဲ့သည်။

နောက်ဆုံးတော့ တပ်မဟာက ၁၂ ဧကကို ခွင့်ပြုပေးခဲ့ပြီး ထျန်းယိုဖုက အတော်လေးကို စိတ်ကျေနပ်နေခဲ့သည်။

တပ်မဟာထဲမှာ မြေ ၁၂ ဧကရှိပြီး တစ်ဧကကို ယွမ်နှစ်ရာ့ ရှစ်ဆယ် ထွက်သည်။ အဲ့ဒါက တစ်နှစ်ကို ယွမ်သုံးထောင်ကျော် ရနိုင်သည်။

တပ်မဟာထဲရှိ မိသားစု တစ်စုကို ယွမ်များစွာ ရဖို့အတွက် လုံလောက်ပြီး ရွာရဲ့ မူလတန်းကျောင်းက နှစ်နှစ်စာအတွက် လုပ်ထားပြီး ဖြစ်ကာ အဲ့ဒါကတော့ တကယ့် မူလတန်းကျောင်း တစ်ကျောင်း ဆောက်ဖို့အတွက် အချိန်ကျပြီ ဖြစ်သည်။

လာမယ့်နှစ်မှာ ထျန်းယိုဖုက ဝတ်ရည်စုတ်ပန်းကို မြေကွက် အပြည့် စစိုက်တော့မည် ဖြစ်သည်။

ဝမ့်ရင်းက နွေရာသီ အစကတည်းက အပင်စိုက်တာ၊ ရိတ်သိမ်းတာကို စောင့်ကြည့်နေခဲ့ပြီး အခြောက်ခံတာနှင့် ကြော်လှော်တဲ့ လုပ်ငန်းစဥ်ကို ဂရုတစိုက် ကြည့်နေခဲ့သည်။ အဲ့ဒါကို သေချာ စိုက်လား မစိုက်ဘူးလားဆိုတာ သူ မသိဘူးလေ။ ဒါပေမယ့် အဲ့နှစ်တုန်းက စိုက်လိုက်တဲ့ ဝတ်ရည်စုတ်ပန်းတွေက ပွင့်သွားတာပဲ။ အဲ့နှစ်က ဝတ်ရည်စုတ်ပန်းတွေကို ရောင်းတာကနေ သူ ယွမ်တစ်ထောင်ကို ရှာနိုင်ခဲ့သည်။

“ငါတို့ အဖွဲ့ထဲက ဘဝတွေက ပိုပိုပြီး အဆင်ပြေလာတယ်။”

“အဲဲဒါ ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီလောက် ကောင်းတဲ့ ဘဝမျိုးကို ငါတို့ ဘယ်လိုလုပ် ရနိုင်မှာလဲ။”

“ငါတို့တွေ ဝဝလင်လင် စားသောက်လို့လည်း ရပြီ။ ပိုက်ဆံလည်း ရှာနိုင်ပြီ။ ဘေးနားက တပ်မဟာတွေက လူတွေမှာ ငါတို့လောက် အဆင်ပြေတဲ့ ဘဝမျိုး မရှိကြဘူး။”

“ငါတော့ ငါ့သမီးကို စာဆက်ပြီး လေ့လာခိုင်းဖို့ စီစဥ်ထားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ တစ်နှစ်၊ နှစ်နှစ်လောက်တော့ ငါတို့ မိသားစုမှာ သူ့အတွက် ကျူရှင်ခ မလိုတော့ဘူး။ သူသာ ဒီထက် ပိုပြီး စာလေ့လာမယ်ဆိုရင် ဝမ့်ရင်းလို ဆရာဝန်တစ်ယောက် ဖြစ်လာပြီး ငါတို့ တပ်မဟာအတွက် ပိုက်ဆံရှာလို့ရပြီ။”

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဘာလို့ ဝမ့်ရင်းက ဒီလို အလုပ်တွေကို မလုပ်ခဲ့တာလဲ။ ငါမြင်တာတော့ သူက လက်ထပ်ထားတာ နှစ်တွေ ကြာနေပါပြီ။ သူက အခုထိ ဘာဖြစ်လို့ ကိုယ်ဝန် မရသေးတာလဲ။”

“အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့။ သူကိုယ်တိုင်က ဆရာဝန် တစ်ယောက်ပဲလေ။ သူက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ အခုထိ အချိန်ကောင်း တစ်ခုကို မရောက်သေးတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲလေ။”

“အဲ့အတွက် ငါ့ကို အပြစ်တင်ကြ။ ငါ့ပဲ အပြစ်လာပြောနေကြ။ ငါတော့ အဲ့ကိစ္စကို ထပ်ပြီး မပြောတော့ဘူး။”

“ဟေ့၊ အဲ့ဒါက ဝမ့်ရင်းမလား။ သူ ဘယ်ကို သွားနေတာလဲ။”

“သူက ဘယ်ကိုများ သွားနိုင်မှာလဲ။ ဟိုတယ်ကိုပဲ ဖြစ်မှာပေါ့။ ရှောင်ရှုက ဟိုတယ်မှာလေ။”

“ဒီလင်မယားရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းတာပဲ။”

“ငါ့အထင် ရှောင်ရှုနဲ့ ဝမ့်ရင်းတို့က မကြာခင် မြို့ကို ပြောင်းဖို့ သဘောတူထားပြီးပုံပဲ။ မနှစ်က သူတို့ အဲ့ဒါကို မပြောခဲ့ဘူးလား။ မြို့မှာရှိတဲ့ ရှောင်ရှုရဲ့ ဆရာက သူ့ကို ရှာဖို့ ရောက်လာသေးတယ်။ ပြီးတော့ သူ့ကို မြို့ဆီ ပြောင်းပေးချင်နေတာ။”

“ ရှောင်ရှုက မြို့ကို သွားရင် ဝမ့်ရင်းကရော ဘယ်လို လုပ်မှာလဲ။”

“သူကရော သွားမှာလား။ ငါ့အထင်တော့ သူ မြို့ကို ဒီနှစ် သွားကြလိမ့်မယ်။”

……

ဝမ့်ရင်းက သူမရဲ့ စက်ဘီးကို စီးသွားခဲ့ပြီး စားသောက်ဆိုင်ကို ရောက်သည့်အခါ သူမရဲ့ နဖူးမှာ ချွေးတွေက ထွက်နေနှင့်ပြီး ဖြစ်သည်။

ရှုရွှမ်းက တံခါးမှာ စောင့်နေခဲ့သည်။ သူမ ရောက်လာတာကို မြင်သည့်အခါ သူ သူမ စက်ဘီးပေါ်က ဆင်းဖို့ ကူညီပေးခဲ့သည်။ “မင်း ဘာလို့ ဒီလောက် အလျင် လိုနေတာလဲ။ နောက်မှလာလည်း အဆက်ပြေရဲ့သားနဲ့။”

ဝမ့်ရင်းက ရိုးသားစွာ ပြုံးကာ ပြောလိုက်သည်။ “ကျွန်မက ဘယ်လိုလုပ် နောက်ကျလို့ ဖြစ်မှာလဲ။ ရှင့်ကို မမှီလိုက်ရင် ဘယ်လို လုပ်မလဲ။”

ရှုရွှမ်းက ဝမ့်ရင်းရဲ့ လက်ထဲကို စက္ကူအိတ်လေး တစ်အိတ်ကို ထည့်ပေးခဲ့သည်။ ဝမ့်ရင်းက အဲ့ဒါကို ဖွင့်လိုက်သည့်အခါ အထဲမှာ ပူပူလေး ပေါင်းထားသည့် ဘန်းမုန့်ပေါင်းကို မြင်လိုက်ရသည်။

ဝမ့်ရင်းက အနောက်ခုံမှာ ထိုင်လိုက်သည်။ ရှုရွှမ်းက စက်ဘီးကို မှန်မှန်နဲ့ မြန်မြန်လေး နင်းနေသည့်အတွက် သူမက အနောက်ခုံမှာ ထိုင်ပြီး သူမရဲ့ ဘန်းမုန့်ပေါင်းကို အေးအေးဆေးဆေး စားလို့ ရသည်။

တစ်လုပ် ကိုက်ပြီးနောက် ဝမ့်ရင်းက အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ “ရှင် နှမ်းဆီလေးလည်း ထည့်ခဲ့တာ၊ ဟုတ်တယ်မလား။ အရသာရှိလိုက်တာ။”

ရှုရွှမ်းသည် သူမက တစ်လုပ်တည်း စားပြီး မကောင်းတာကနေ စားလို့ ကောင်းတယ်ဟု ပြောလိုက်သည့် သူမရဲ့ ပုံစံလေးကို သဘောကျနေခဲ့ပြီး သူမ စားတာကို ကြည့်နေရသည့် အခါတိုင်း သူက အတော်လေးကို သဘောကျနေခဲ့သည်။

“ဟုတ်တယ်။ အဲ့ဒါက နှမ်းဆီနဲ့ လုပ်ထားတဲ့ ပန်ကိတ်ပဲလေ။ အထဲမှာလည်း ကြပ်တိုက်ပြီး ချက်ထားတဲ့ အသားကိုလည်း ထည့်ထားတယ်။”

ဝမ့်ရင်းက အဲ့ဒါကို အတော်လေး ကျေကျေနပ်နပ် စားနေခဲ့သည်။ သေသေချာချာ ပြောပြရမယ်ဆိုရင် ဒီလို ဘန်းမုန့်ပေါင်းကို အသားညှပ်ပေါင်းမုန့် ဟု ခေါ်သင့်သည်။ ပေါင်မုန့်က အပြင်ကိတ်သားဖြစ်ပြီး အဲ့ဒါကို နှမ်းဆီရယ်၊ ထောပတ်ရယ်နှင့် လုပ်ကာ နယ်ပြီး ဖုတ်ထားသည့်အတွက် အတွင်းသားက အရသာ လေးပြီး စိုစို အိအိလေး ဖြစ်နေခဲ့သည်။

အထဲက ထည့်ထားသည့် အသားကိုလည်း အတုံးလေးတွေ တုံးပြီး ရိုးတွင်းချဥ်ဆီရယ် အနံ့ရယ်နှင့် ဆီမပါဘဲ စိုစိုကြီး ဖြစ်မနေကာ ခြောက်ခြောက်လေးနှင့် ဝါးလိုက်သည့်အခါ အတော်ကို အရသာ ရှိသည်။

ဝမ့်ရင်းက အသားပေါက်စီကို ပြီးအောင် စားလိုက်သည်။ ရှုရွှမ်းက ပြောလိုက်သည်။ “ကိုယ့် အိတ်ကပ်ထဲမှာ လက်ကိုင်ပဝါ ရှိတယ်။”

ဝမ့်ရင်းက ရှုရွှမ်းရဲ့ အိတ်ကပ်ကို နှိုက်လိုက်ပြီး လက်ကိုင်ပဝါ တစ်ထည်ကို ယူ၍ သူမရဲ့ ပါးစပ်ကို သုတ်ကာ ရှုရွှမ်းကို ဖက်လိုက်သည်။

“အဲဲဒါက စားလို့ကောင်းလိုက်တာ။ ရှင်က အရမ်း သဘောကောင်းတာပဲ။”

နှစ်တွေအကြာကြီး လက်ထပ်ပြီးနောက် သူတို့နှစ်ယောက်က ပိုပိုပြီး အတွဲညီလာကြသည်။ ဝမ့်ရင်းက သူမရဲ့ ဘဝမှာ ပျော်ရွှင်ခဲ့ရပြီး ရှုရွှမ်းကို အခုလိုမျိုး စနေရတာကို သူမက သဘောကျနေခဲ့သည်။

ရှုရွှမ်းက ချောင်းဟန့်ကာ ပြောလိုက်သည်။ “နောက်ပြီးရင် မြို့ကို သွားပြီး ခေါက်ဆွဲ သွားစားကြမလား။”

ဝမ့်ရင်းက ပေါက်စီတစ်လုံးကို စားပြီးသော်လည်း သူမက ဘာမှ မစားရသေးတာနှင့် ကွာခြားမနေခဲ့ပါ။ “ကောင်းတယ်၊ ကောင်းတယ်။ ဆရာ လုပ်ပေးတဲ့ ကြက်သား ခေါက်ဆွဲ အစပ်က ခေါက်ဆွဲကြော်ထက် ပိုစားကောင်းတယ်။”

ဆီထဲမှာ ကြက်သားလုံးတွေကို ကြော်ပြီးနောက် ယွနေအောင် ထပ်ကြော်ကာ ငရုတ်ကောင်းနှင့် ကြက်သွန်မြိတ်ကို ထည့်ခဲ့သည်။ ဆီနီနီဖြင့် ကြော်ထားသည့် ကြက်သားလုံးတွေကို ခေါက်ဆွဲပေါ် တင်လိုက်သည့်အခါ အတော်လေးကို စားကောင်းသည်။

ဝမ့်ရင်းသည် အစပ် စားရတာကို သဘောကျနေခဲ့သည်။ “သွားကြမယ်။”

ဒီတစ်ခေါက်မှာတော့ သူတို့ နှစ်ယောက်က အလုပ်ဝယ်ဖို့အတွက် မြို့ကို သွားကြတော့မည် ဖြစ်သည်။

တကယ်တမ်းမှာတော့ ချမ့်တုန်သည် ဝမ့်ရင်းအတွက် မနှစ်က ဆေးရုံမှာ အလုပ်တစ်ခုကို ရှာတွေ့ခဲ့သော်လည်း အဲ့အချိန်တုန်းက ဝမ့်ရင်းသည် သဘောမတူခဲ့ပါ။ အကြောင်းမှာ စက်ရုံက အလွန်ဝေးသည့် မြို့စွန်မှာ ရှိနေသောကြောင့် ဖြစ်သည်။ နောက်ထပ် အကြောင်းပြချက်ကတော့ စက်ရုံမှာ လူအယောက် တစ်ရာသာ ရှိပြီး ရာထူးကလည်း ဆေးခန်းက ငွေကိုင်သာ ဖြစ်သည်။ တတိယ အကြောင်းပြချက်ကတော့ သူမဟာ ပိုက်ဆံ လုံလုံလောက်လောက် မစုရသေးသောကြောင့် ဖြစ်သည်။

ချမ်တုန့်သည် သူက ပိုက်ဆံ ချေးပေးလို့ရတယ်ဟု ချက်ချင်း ပြောခဲ့သော်လည်း ဒါက အချိန်ကောင်း မဟုတ်သေးဘူးဟု ဝမ့်ရင်းက ခံစားမိနေဆဲ ဖြစ်သည်။

ဒီလောက် နောက်ကျပြီးတဲ့နောက် ဒီနှစ် မတိုင်ခင်အထိ ချမ့်တုန်က သူ့ကို ပြန်လာဖို့ တွန်းအားပေးနေဆဲ ဖြစ်သည်။ ဆရာမာက ကျောင်းသားတွေကို လုံလုံလောက်လောက် လေ့ကျင့်ပေးထားပြီးဖြစ်ကာ အနားယူပြီး အိမ်ကို ပြန်ဖို့အတွက် စောင့်နေခဲ့သည်။ မြို့က စားသောက်ဆိုင်ရဲ့ စားဖိုမှူး ခေါင်းဆောင် ရာထူးနေရာမှာ ရှုရွှမ်းကို ထားဖို့အတွက် စောင့်နေခဲ့ကြသည်။

ချမ်တုန့်က ရှာပေးဖို့ အတော်လေး ကြိုးစားထားခဲ့ရပြီး နောက်ဆုံးမှာတော့ မြို့က သကြားစက်ရုံရဲ့ ဆေးဝါးအတွက် ရုံးပိုင်းမှာ အလုပ်တစ်ခုကို တွေ့ခဲ့ရသည်။ သူက အခုချက်ချင်း မစနိုင်သေးသော်လည်း အလွတ်တမ်း ဆရာဝန်တစ်ယောက် လုပ်ခဲ့ဖူးသည့် ဝမ့်ရင်းလို လူက ရာထူးမြင့် တစ်ခုကို ရပြီး ရာထူးလည်း တိုးနိုင်သည်။

ဝမ့်ရင်းက ရှုရွှမ်းနှင့်အတူ ကောင်စီမြို့သို့ ပျော်ပျော်ရွှင်ရွှင် သွားပြီး ဒါတွေက ပြီးလုနီးပါး ဖြစ်တော့မယ်ဟုလည်း ခံစားခဲ့ရသည်။

ကိစ္စတွေက အမြဲတမ်း အဆင်ပြေပြေ ပြီးသွားတာ သေချာသည်။ တစ်ဖက်လူရဲ့ မိသားစုထဲမှာ လူနာတာဝန်ကို လက်လွှဲယူရမည့် ဘယ်သူမှ မရှိသည့်အတွက် သူတို့က တစ်ယောက်ယောက်နှင့် လက်လွှဲပြီး ကလေး မွေးဖို့အတွက် စီစဥ်လို့ ရမည် ဖြစ်သည်။ ထို့ကြောင့် ဆေးခန်းက အလုပ်ကို ရောင်းရမည် ဖြစ်သည့်အတွက် သူတို့က ဒီကိစ္စတွေကို စီစဥ်ဖို့အတွက် ပိုက်ဆံကို သုံးရမည် ဖြစ်သည်။

နှစ်ယောက်လုံးက စိတ်ဝင်စားနေကြပြီး သူတို့ ဆွေးနွေးပြီးနောက် သူတို့က ယွမ်ငါးရာ့ငါးဆယ်အပေါ်မှာပဲ ဆုံးဖြတ်ချက်ကို ချခဲ့ကြသည်။

အကြောင်းမှာ သကြားစက်ရုံက ကောင်စီမြို့ မတိုင်ခင်အထိ ကောင်းတဲ့ အလုပ်တစ်ခု ဖြစ်ကာ ဝယ်ဖို့ဆိုရင် ပိုလို့တောင် စျေးကြီးသည်။

နှစ်ယောက်လုံးက တစ်ရက်တည်းမှာတင် လုပ်စရာရှိတာများကို အပြီး လုပ်ကာ အချိန်မှီ သဘောတူခဲ့သည်။

ချမ်တုန့် - “ဒါက မင်းတို့နှစ်ယောက် အခန်းခွဲနေဖို့ အချိန်တော့ မဟုတ်ဘူး။ ငါတို့ ခြံထဲမှာ အခန်းလွတ် နှစ်ခန်း ရှိတယ်။ မင်းတို့ အရင်ဆုံး အဲ့မှာ နေလို့ ရတယ်။ ငှားခကတော့ တစ်လကို သုံးယွမ်။ မင်းတို့ရဲ့ အိမ်ကို ငှားမယ့် လူတစ်ယောက်လောက် ရှိမလားလို့ ငါကြည့်လိုက်မယ်။ မင်းတို့ ပြောင်းနေချင်တဲ့ အဆောက်အဦ ရှိတယ်ဆိုရင်လည်း ပြောင်းနေလို့ ရပါတယ်။”

ဝမ့်ရင်းသည် သူမရဲ့ တစ်ဘဝလုံး ခြံဝန်းထဲက အိမ်မှာ နေရတာ အသားကျနေခဲ့ပြီ ဖြစ်သည့်အတွက် သူမက မတုံ့မဆိုင်းဘဲ ပြောလိုက်သည်။ “ခြံထဲမှာပဲ ပြောင်းနေရအောင်။”

သူမ အဆောက်အဦတွေမှာ နေရတာ ပင်ပန်းနေပြီ ဖြစ်သည်။

အလုပ်ကို လက်စသတ်ပြီးတာနှင့် တစ်ပြိုင်နက် မြို့ကို ပြောင်းမယ့် ကိစ္စက တကယ့် လက်တွေ့အရာတစ်ခု ဖြစ်လာခဲ့သည်။

ဝမ့်ရင်းက ချမ်တုန့် လုပ်ပေးထားသည့် ကြက်သား ခေါက်ဆွဲ အစပ်ကို ပန်းကန် တစ်ဝက်လောက် စားပြီး ရှုရွှမ်းက ကျန်တာကို ယူပြီး စားလိုက်သည်။ အကြောင်းမှာ ဒါက သူမအတွက် အရမ်း စပ်နေမှာကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။

ဝမ့်ရင်းက အနည်းငယ် ဒေါသထွက်နေသောကြောင့် ရှုရွှမ်းက သူမကို နှစ်သိမ့်ပေးခဲ့သည်။ “ဒီညအထိ စောင့်လိုက်ပါ။ ကိုယ် မင်းကို ဝက်သားဟင်း လုပ်ပေးပါမယ်။”

ဝမ့်ရင်းက ကျန်းမာရေး ကောင်းပြီး အသားစားဖို့ သိပ်ပြီး အဆင်မပြေတဲ့ ပုံစံမျိုး ဖြစ်ပုံမရပါ။ သို့သော် သူမက အစပ်တွေ အများကြီး စားမိမယ်ဆိုရင် သူမရဲ့ ပါးစပ်ထောင့်နားမှာ ရည်ကြည်ဖုလေးတွေ ထွက်လာလိမ့်မည် ဖြစ်သည်။ အဲ့ဒါတွေ သက်သာဖို့အတွက် တစ်ရက်လောက် အချိန်ယူရမည် ဖြစ်သည်။

ရှုရွှမ်းသည် အတိတ်မှာပဲ မနေနေခဲ့ပါ။ ထိုအစား သူက စက်ဘီးပေါ်မှာ ဝမ့်ရင်းကို ခေါ်သွားပြီး လေညှင်းခံနေခဲ့သည်။ တပ်မဟာကို မပြန်ခင်မှာ သူတို့က ဝက်သား နှစ်ပေါင်ကို ဝယ်လာခဲ့သည်။ ဝက်နံရိုး၊ သုံးထပ်သားက အဆီတစ်ထပ်၊ အသားတစ်ထပ် ဖြစ်နေပြီး မြင်ရတာ သဘောကျဖို့ကောင်း၍ အဖြူရောင်နှင့် အနီရောင်တို့ ဖြစ်နေခဲ့သည်။

ရှုရွှမ်းသည် လွန်ခဲ့သော နှစ်နှစ်လောက်ကတည်းက မြို့ရှိ နိုင်ငံပိုင် စားသောက်ဆိုင်ကို ဖွင့်ပေးခဲ့သည်။ ထို့အပြင် အသီးအရွက်နှင့် အသားငါး ရောင်းတဲ့ဆိုင်တွေနဲ့လည်း ပြောဆိုဆက်ဆံခဲ့ရသည်။ သူသည် သူတို့နှင့် ဆက်ဆံရေးကောင်းတစ်ခု ရှိသည့်အတွက် အသားနှစ်ပေါင်ကို ကောင်းတာတွေ ပေးဖို့အတွက် သူတို့ကို ပြောခဲ့သည်။

ကြိုးကို ချည်ပြီးနောက် ရှုရွှမ်းက အသားကိုင်ဖို့ ဆိုင်ကို သွားပြီး ဝမ့်ရင်းက အသားကို လက်ကိုင်တွင် ချိတ်ကာ အဖွဲ့ထဲသို့ ပြန်သွားခဲ့သည်။

လွန်ခဲ့သော သုံးနှစ်တုန်းက ဝမ့်ရင်းသည် အနည်းငယ် ကြောက်တတ်ပြီး သူမရဲ့ မိသားစုက အရမ်း သိသာပြီး အာရုံ စိုက်မှာကို ကြောက်နေခဲ့သည်။ အခုဆိုရင် သူမမှာ အဲ့လို အတွေးမျိုး သိပ်ပြီး မရှိတော့ပါ။

ခုနစ်ခုမြောက် တပ်မဟာထဲရှိ မရေမတွက်နိုင်သော လူတွေက သူမရဲ့ ဝတ်ရည်စုတ်ပန်းကို မှီခိုနေခဲ့ရပြီး အဲ့ဒါကြောင့် နှစ်တိုင်း ပိုက်ဆံ အနည်းငယ်ကို စုမိကြလိမ့်မည် ဖြစ်သည်။ တပ်မဟာထဲ၌ အပ်ချုပ်စက်ရှိသည့် တစ်ယောက်တည်းသော အမျိုးသမီးကြီး မစ္စရှုက လူတိုင်းကို သူတို့ရဲ့ အဝတ်တွေ ဖာပေးဖို့အတွက် တစ်ခါတစ်လေ ကူညီပေးခဲ့သည်။ အခုဆိုရင် တပ်မဟာထဲရှိ လူအနည်းငယ်ကသာ မြို့က အပ်ချုပ်ဆိုင်ကို သွားပြီး သူတို့ကို ဒုက္ခပေးတာကို လျော့စေခဲ့သည်။ ထို့အပြင် ဟိုတယ်ရဲ့ အကြီးတန်း စီမံခန့်ခွဲသူအဖြစ် သတ်မှတ်ခံထားခဲ့ရသော ရှုရွှမ်းက ပိုပြီးတောင် ပြဿနာ များနေခဲ့သည်။

အကျဥ်းချုပ် ပြောရရင် အဖွဲ့သားတွေက ရှုမိသားစုကို သိပ်ပြီး မနာလိုတာမျိုး မရှိတော့ပါ။ ကွာခြားချက်က အရမ်းကို များပြီး သူတို့ကို ဘယ်လို ဆွဲချရမလဲဆိုတာကို ဘယ်သူကမှ မတွေးမိခဲ့ကြပါ။

ဘယ်လိုပဲ ဖြစ်နေပါစေ ရှုရွှမ်းနှင့် ဝမ့်ရင်းက အနှေးနဲ့အမြန်ပဲ မြို့ကို ပြောင်းကြရတော့မည် ဖြစ်သည်။ အဲ့ဒါက လူတိုင်း မှတ်ယူထားသည့် အချက်တစ်ခု ဖြစ်သည်။

သူတို့နဲ့ ဆက်ဆံရေးကောင်း တစ်ခုရှိတာက ပိုကောင်းသည်။

All Chapters