← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 16 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 16 Ch. 189-190

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၈၉

ဝမ့်ရင်းက လက်ကိုင်မှာ အသားကို ချိတ်ပြီး စက်ဘီးကို စီးကာ အိမ်ပြန်လာခဲ့ပြီး လမ်းမှာ တွေ့သမျှ မရေမတွက်နိုင်သည့် လူတွေကိုလည်း နှုတ်ဆက်ခဲ့သည်။

သူမအိမ်ကို ရောက်တော့ မစ္စရှုက သူမကို နှုတ်ဆက်ဖို့ ရောက်လာသည်။ “ဘယ်လိုလဲ။ စီစဥ်ပြီးပြီလား။”

ဝမ့်ရင်းက စက်ဘီးပေါ်ကနေ ဆင်းပြီး အသားကို ကိုင်ကာ အကျယ်ကြီး ပြောခဲ့သည်။ “အဲဲဒါ စီစဥ်ပြီးသွားပြီ။ သမီး နောက်လ အစကနေ အလုပ် လုပ်ရတော့မယ်။”

အမျိုးသမီးကြီး မစ္စရှုက အသားကို ပျော်ရွှင်စွာ ယူပြီး ပြောခဲ့သည်။ “ဟုတ်ပြီ။ ဟုတ်ပြီ။ ဒီည ရှုရွှမ်း ပြန်လာမှ သူ့ကို မေးပြီး ဟင်းကောင်းကောင်း ချက်ခိုင်းရမယ်။ ငါတို့ လကုန်ရင် စားပွဲလေး နည်းနည်းလောက် ပြင်ပြီး လူတိုင်းကို ဖိတ်ပြီး အသိပေးလိုက်မယ်။”

ဒီတစ်ခေါက်မှာတော့ အမျိုးသမီးကြီး မစ္စရှုက မြို့ကို သွားဖို့ လုံးဝ အင်တင်တင် ဖြစ်နေခဲ့သည်။ သူမက ကျေးလက်ဒေသမှာ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရနေခဲ့ပြီး အဲ့နေရာမှာ လူတိုင်းက သူမကို ရိုသေသမှု ရှိကြသည်။ သူမက စကားပြောဖို့အတွက် သူငယ်ချင်းဟောင်းတွေကို ရှာလို့ရပြီး ရေဒီယို နားထောင်ဖို့ လူတွေက သူမဆီကို လာကြလိမ့်မည် ဖြစ်သည်။ သူမရဲ့ သားနှင့် ချွေးမကလည်း အရမ်းကို ကောင်းကြသည်။ ဝမ့်ရင်းက သူမကို ဘယ်တုန်းကမှ အထင်မသေးဘဲ အမြဲလိုလို သူမအတွက် ပစ္စည်းတွေ ဝယ်လာပေးလေ့ ရှိသည်။ သူမရဲ့ ဘဝက အရမ်းကို အဆင်ပြေနေပြီး တပ်သား မိသားစုတွေကတောင် မြို့ကို ဒီတိုင်း တစ်ယောက်တည်း လွှတ်လိမ့်မည် မဟုတ်ပါ။

ဒုတိယအနေဖြင့် ဒါက အမျိုးသမီးကြီး မစ္စရှုရဲ့ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်လည်း ဖြစ်သည်။ ဝမ့်ရင်း ထွက်သွားပြီးနောက် တပ်မဟာက ဝတ်ရည်စုတ်ပန်းမှဈရတဲ့ အကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်ပြီး သူမရဲ့ ချွေးမကို မပေးမှာ စိုးရိမ်နေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက အဲ့ဒါကို အကျယ်ကြီး မပြောခဲ့သော်လည်း သူမရဲ့ အဓိပ္ပါယ်က ရှင်းရှင်းလင်းလင်း ရှိနေခဲ့သည်။ သူမက တပ်မဟာထဲမှာ နေချင်နေခဲ့သည်။ သူမက နေလှန်းခြင်း၊ အခြောက်ခံခြင်းနှင့် ဝတ်ရည်စုတ်ပန်းများကို လှော်တဲ့နေရာမှာ ကျွမ်းကျင်နေခဲ့ပြီး ဖြစ်ကာ သူမက နှစ်တိုင်း ဒီလုပ်ငန်းကို မြင်ခဲ့ရပြီး ဖြစ်သည်။ အစပိုင်းမှာတော့ ဝမ့်ရင်းသည် သူမက ပထမ နှစ်ဝက်လောက် အချိန် ယူရမည်ဟု ပြောခဲ့သော်လည်း သူမက ငါးနှစ်ဆက်တိုက် အနည်းဆုံး ဆယ်ပုံ တစ်ပုံကို ရလိမ့်မည် ဖြစ်သည်။

အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းသည် အရမ်း ရိုးသားတယ်ဟု ခံစားခဲ့ရသည်။ ဘာငါးနှစ်လဲ။ သူမက ဒီလို အတွေးမျိုးကို တပ်မဟာအတွက် ပိုက်ဆံရှာဖို့ ရလာခဲ့ခြင်း ဖြစ်သည်။ ငါးနှစ်ကို မဆိုထားနှင့် ဆယ်နှစ်လောက် အချိန်ယူလို့ ရသည်။

သို့သော် ဝမ့်ရင်းက လေးလေးနက်နက် ပြောခဲ့သည်။ ဒီနှစ်ကနေ စပြီးတော့ နောက်ငါးနှစ်နေလို့ ၁၉၇၇ လောက်အထိ လုံလောက်မည် ဖြစ်သည်။

အမျိုးသမီးကြီး မစ္စရှုက ရွေးချယ်စရာ မရှိသော်လည်း အဲ့ဒါကို သူမဘာသာ မျက်စိဒေါက်ထောက် ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ မြို့ကို သွားတာနှင့် တစ်ပြိုင်နက် တပ်မဟာထဲရှိ လူတွေက သူတို့ သွားပြီး သဘောတူထားသော ပိုက်ဆံတွေကို မပေးမှာကို တွေးမိပြီး စိုးရိမ်နေခဲ့သည်။

သူမသားနဲ့ သူမချွေးမက မြို့မှာနေတော့မှာဆိုတော့ ကုန်ကျစရိတ်တွေ အများကြီးပဲ ရှိနေမှာ။

မြို့မှာ စိုက်ပျိုးရေးလုပ်ဖို့ မြေနေရာလည်း မရှိဘူးဆိုတော့ ဘာစားစရာမှ မထုတ်နိုင်ဘူး။ ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာလောက်ပဲ ဝယ်ပြီး အဲ့ဒါတွေကို ထည့်တွက်လိုက်ရင် ကုန်ကျစရိတ်တွေက အရမ်း များသည်။

သူမက ကျေးလက်ဒေသမှာ နေပြီး ဟင်းတွေကို ပိုမှာနေတာက မြို့က ထိုလူငယ် လင်မယားအတွက် ဝန်ထုတ်ဝန်ပိုးတွေကိုလည်း သက်သာစေလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က အချိန်အတော်ကြာ အမျိုးသမီးကြီး မစ္စရှုကို နားချဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

အမျိုးသမီးကြီး မစ္စရှုက ယုံကြည်ချက်ရှိရှိ ပြန်ငြင်းခဲ့သည်။ “မင်းတို့ နှစ်ယောက်လုံးက အလုပ် သွားလုပ်ကြမှာ။ ပြီးရင် ငါသွားရင် ငါက အိမ်ထဲမှာပဲ နေနေရမှာ။ ငါ မသွားခင် မင်းတို့ ကလေး ရတဲ့အထိ ငါစောင့်မယ်။”

သူတို့ လက်ထပ်ထားတာ ငါးနှစ်နီးပါး ရှိပြီဖြစ်သော်လည်း ဝမ့်ရင်းက အခုထိ ကလေး မမွေးရသေးပါ။ တပ်မဟာထဲရှိ လူများစွာက ငြီးတွားနေကြပြီး အမျိုးသမီးကြီး မစ္စရှုကလည်း အနည်းငယ် စိတ်ရှုပ်နေတာ သေချာသည်။

နောက်ဆုံးမှာတော့ ရှုရွှမ်းနှင့် ဝမ့်ရင်းက သဘောတူခဲ့ကြသည်။

အရင်ဆုံး အမျိုးသမီးကြီး မစ္စရှုက ကျေးလက်ဒေသမှာ နေမည် ဖြစ်သည်။ သူတို့နှစ်ယောက် အနားယူချင်သည့် ဘယ်အချိန်မဆို သူတို့ ပြန်လာကြလိမ့်မည် ဖြစ်သည်။ သူတို့က ထျန်းရှင်းဟွာကိုလည်း မေးကြလိမ့်မည် ဖြစ်သည်။ တပ်မဟာထဲရှိ လက်ရှိ အလွတ်တမ်း ဆရာဝန်က အမျိုးသမီးကြီး မစ္စရှုရဲ့ အခြေအနေကို ပိုပြီး အာရုံစိုက်ဖို့အတွက် ဘယ်ကိစ္စမဆို အမြန်ဆုံး မြို့ကို ပို့ရမည် ဖြစ်သည်။

ဝမ့်ရင်းသည် ညနေဘက် ရှုရွှမ်း ပြန်လာတော့မှ အသားတွေကို ချက်ဖို့ သူနဲ့ လွှဲထားရန် ပြောခဲ့သည်။ ထို့နောက် ပစ္စည်းအိတ် တစ်အိတ်ကို ယူလာပြီး တောင်ပေါ်ကို တက်သွားခဲ့သည်။

တောင်ရဲ့ အနောက်ဘက်မှာ ချမ့်ရှုဖန်းနေသည့် ပျက်စီးနေသော အိမ်က နှစ်တွေ ကြာပြီးနောက် တဖြည်းဖြည်း ပုံပေါ်လာသည်။ အဲ့မှာ ကောင်းကင်မှ အလင်းရောင် ဖြာကျနေသည့် အခန်း တစ်ခန်း ရှိနေခဲ့သော်လည်း အပြင်ဘက်မှာ အဆူးများနှင့် ခြံစည်းရိုး တစ်ခု၊ ခြံထဲက ရေတိုင်ကီ တစ်လုံးနှင့် မီးဖိုကြီး အောက်က မြေအိုးနှင့် အဲ့ပေါ်မှာ သံအိုး တစ်အိုးကတော့ ရှိနေဆဲ ဖြစ်သည်။

ဒါတွေ အားလုံးကို ချမ့်ယုက ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာကို ဝမ့်ရင်းက သိနေခဲ့သည်။ တောင်ပေါ်ကနေ ချမ့်ယု ရလာသော ဆေးပင်များကို လဲပြီး ရလာသော ပိုက်ဆံနှင့် ကန်ထဲရှိ ငါးများကို အခြား တပ်မဟာများနှင့် လဲပြီး ရလာတဲ့ ပိုက်ဆံတွေနှင့်ဆိုရင် သူမက ချမ့်ရှုဖန်းကို ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေလို့ရအောင် အသာလေး လုပ်ပေးလို့ ရသည်။

ဒါဟာ ချမ့်ယုက သတိရှိသောကြောင့် ဖြစ်ပြီး သူမက သူမရဲ့ ပိုက်ဆံ အားလုံးကို အပြင်မှာ သုံးတာထက် အိမ်ထဲမှာ အတွက်သာ သုံးလေ့ရှိသည်။

သူမက တစ်ခုခု ဝယ်ဖို့ သို့မဟုတ် ကောင်းတာ တစ်ခုခု စားဖို့ ပိုက်ဆံ အနည်းငယ် ရှိသည့်အခါတိုင်း သူမက အဲ့ဒါကို ဝမ့်ရင်းနှင့် ချမ့်ရှုဖန်းဆီမှာ ချန်ထားလိမ့်မည် ဖြစ်သည်။ သူမက သူမရဲ့ မိသားစုနှင့် ပတ်သက်ပြီး ဘာကိုမှ ဘယ်တုန်းကမှ ထုတ်မပြောပါ။

ဝမ့်ရင်း တံခါးနားကို ရောက်သည့်အခါ ချမ့်ရှုဖန်းက ခြေသံကို ကြားလိုက်ရပြီး ပြုံးကာ တံခါးကို သွားဖွင့်ခဲ့သည်။ “ချမ့်ယုက နင့်ကို တစ်ခုခု ဝယ်ဖို့ ထပ်ပြီး မှာလိုက်ပြန်တာ ဟုတ်တယ်မလား။”

ဝမ့်ရင်းက အသီး သကြားလုံး အထုပ်ကို ပေးလိုက်သည်။

ချမ့်ရှုဖန်း - “ဒီကောင်မလေးက ဆယ့်ခြောက်နှစ်တောင် ရှိနေပြီ ဆိုပေမယ့်လည်း သူက အရွယ်နဲ့ မလိုက်တာတွေကို လုပ်နေတုန်းပဲ။”

သူတို့ စကားပြောနေချိန်မှာ ချမ့်ယုက ပြန်လာခဲ့သည်။

ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေးက နူးညံ့ပြီး ရဲရင့်တဲ့ ပုံစံမျိုးရှိကာ သူမရဲ့ မျက်လုံးတွေက အရောင် တောက်နေခဲ့သည်။

“အစ်မရင်း၊ အမက ဒီရောက်နေတာပဲ။”

ဝမ့်ရင်းက သူမရဲ့ ဆံပင်အတိုလေးကို ကိုင်ပြီး ပြောလိုက်သည်။ “နင် ဘာဖြစ်လို့ ဆံပင်ကို ထပ်ညှပ်လိုက်တာလဲ။ နင့် ဦးရေပြားက မြင်တောင်မြင်တောင် မြင်ရတော့မယ်။”

ချမ့်ယု - “ဆံပင်အတိုနဲ့က ပိုအဆင်ပြေတယ်။ ဆံပင်ရှည်ရင်က ဒုက္ခများတယ်။”

သူမက အဲ့စကားကို ပြောပြီးတာနှင့် ဝမ့်ရင်း ယူလာသော အသီး သကြားလုံးတွေကို ပျော်ရွှင်စွာ သွားကြည့်ခဲ့သည်။ သူမက တစ်ခုကို ယူပြီး ပျော်ရွှင်စွာ သူမရဲ့ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး အဲ့ဒါရဲ့ အချဥ်ဓာတ်ကြောင့် သူမက မျက်မှောင်ကို ကြုတ်ကာ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေခဲ့သည်။

ချမ့်ရှုဖန်းက သူမကို ပြုံးပြီး ကြည့်နေခဲ့သည်။ ထို့နောက် ဝမ့်ရင်းကို မေးဖို့အတွက် ပြန်လှည့်လိုက်သည်။ “နင်တို့ အဲ့မှာ စီစဥ်စရာရှိတာတွေ စီစဥ်ပြီးသွားပြီလား။ နင်တို့ မြို့ကို ဘယ်တော့ သွားကြမှာလဲ။”

ဝမ့်ရင်း - “နောက်လ အစလောက်မှပါ။”

ချမ့်ရှုဖန်းက သူမအတွက် အတော်လေးကို ပျော်နေခဲ့သည်။ “အဲဲဒါဆို ကောင်းတာပေါ့။”

ချမ့်ယုကလည်း တုံ့ဆိုင်းစွာ ရောက်လာခဲ့ပြီး ဝမ့်ရင်းကို မှီကာ ပွတ်လိုက်သည်။ “အစ်မရင်း၊ အမ ထွက်သွားတဲ့အခါကျရင် ငါ လွမ်းနေရတော့မှာ။”

ဝမ့်ရင်းက သူမရဲ့ ပါးလေးကို ဆွဲပြီး ပြောလိုက်သည်။ “အစ်မလည်း မင်းကို လွမ်းနေတော့မှာပါ။ မင်းရဲ့ သရုပ်ဆောင် စွမ်းရည်ကို ကောင်းအောင် လေ့ကျင့်ထား။ နောက်ထပ် နှစ်နည်းနည်းလောက် ကြာပြီးရင် မင်းလည်း မြို့ကို ပြောင်းရရင် ပြောင်းရနိုင်တယ်။”

ချမ့်ယုက ခေါင်းငြိမ့်ပြခဲ့သည်။ “သမီး ကြိုးစား လေ့ကျင့်ပါတယ်။ ဆရာမ ဟုတ်တယ်မလား။”

ချမ့်ရှုဖန်းက အနည်းငယ် စိတ်မကောင်း ဖြစ်နေခဲ့သည်။ အကြောင်းမှာ ဝမ့်ရင်းနှင့် ခွဲရလို့ မဟုတ်ပါ။ တကယ်က ဝမ့်ရင်း မြို့ကို သွားမှာ သူမက သိနေခဲ့ပြီး ဖြစ်သည်။ ရှုရွှမ်းနှင် ဝမ့်ရင်းရဲ့ အရည်အချင်းနှင့်ဆို ဒီလို ရွာငယ်လေးက သူတို့နှစ်ယောက်ကို မထိန်းထားနိုင်ခဲ့ပါ။

သူမကို ဝမ်းနည်းစေသည့် အကြောင်းမှာ အနာဂတ်က ချမ့်ယုကြောင့် ဖြစ်သည်။

သူမရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံး ဒီမှာ နေရတာက အဆင်ပြေပေမယ့် ဒီနှစ်မှ ချမ့်ယုက ဆယ့်ခြောက်နှစ် ပြည့်မှာ။ နောက်နှစ်အနည်းငယ်လောက် နေရင် သူက အရွယ် ရောက်လာတော့မှာ။ သူမက ဒီနေရာမှာပဲ သူမနဲ့အတူ တစ်ဘဝလုံး အချိန်ကုန်ရမှာလား။

ဝမ့်ရင်းက ချမ့်ရှုဖန်းရဲ့ အတွေးကို သိခဲ့ရသည့်အတွက် သူမက ချမ့်ယုကို ပို့ပေးပြီး ချမ့်ရှုဖန်းနားကို ကပ်ကာ စကား နည်းနည်းကို တီးတိုး ပြောခဲ့သည်။

“ဘာလဲ။ တစ်ခြား တပ်မဟာတွေက လူတွေကို ပြန်လည် ထူထောင်ခွင့် ပေးပြီး မြို့ကို ပြန်ခိုင်းတယ်လို့ ပြောချင်တာလား။”

ချမ့်ရှုဖန်းက စိတ်လှုပ်ရှားစွာဖြင့် ဝမ့်ရင်းရဲ့ လက်ကို ဆွဲလိုက်သည်။ “တကယ်လား။”

ဝမ့်ရင်း - “အဲ့လိုပဲလေ။ တက္ကသိုလ်က ပါမောက္ခ နှစ်ယောက်ကို ပြန်ခေါ်သွားကြတယ်။”

ချမ့်ရှုဖန်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့သည်။ ဘာတွေပဲ ဖြစ်နေပါစေ၊ ဝမ့်ရင်း ယူလာတဲ့ သတင်းက သူမကို ယုံကြည်မှုတွေ ပေးတယ်ဆိုတာက သံသယဝင်စရာ မရှိပါ။

သူမ ပြန်သွားလို့ သူမရဲ့ အလုပ်ကို ဆုံးရှုံးရရင်တောင် ချမ့်ယုသာ ပြန်သွားနိုင်မယ်ဆိုရင် ပြန်သွားနိုင်မယ်ဆိုရင် သူမက အရာရာကို ပေးဆပ်ဖို့ ဆန္ဒရှိနေခဲ့သည်။

ဝမ့်ရင်း - “ကျွန်မအထင်တော့ အဲ့ဒါက သုံးနှစ်ကနေ ငါးနှစ်လောက်ပဲ အချိန်ပေးရမှာ။ တကယ်လို့ သူမသာ အလုပ်ကြိုးစားရင် သုံးနှစ်တောင် ကြာမှာ မဟုတ်ဘူး။ သိပ် အများကြီး မပူနဲ့။ ချမ့်ယု ပြန်တဲ့အခါကျရင် ၂၀ ဝန်းကျင်လောက်ပဲ ရှိဦးမှာ။ သူ့ရဲ့ အရည်ချင်းတွေကို မပျောက်သွားသ၍ အနှေးနဲ့ အမြန်ပဲ သူ ပြန်ရလိမ့်မယ်။”

ချမ့်ရှုဖန်းက တက်တက်ကြွကြွနှင့် ခေါင်းငြိမ့်ခဲ့သည်။

ဝမ့်ရင်းက ချမ့်ရှုဖန်းကို နှစ်သိမ့်ပေးခဲ့ပြီး နောက်ဆုံးမှာတော့ ဖြေရှင်းလို့ မပြီးသေးသည့် ကိစ္စတွေထဲက တစ်ခုကို ရှင်းပြီးပြီ ဖြစ်သည်။ ပါမောက္ခနှစ်ယောက်ကို ပြန်ခေါ်သွားတဲ့ အကြောင်းက သူမ စနေတာ မဟုတ်ပါ။

သူမက အဲ့ဒါကို ထျန်းယိုဖုထံကနေ သိလာခဲ့ခြင်း ဖြစ်သည်။ ဒီကိစ္စကို အတော်လေး သိုသိုဝှက်ဝှက် ကိုင်တွယ်ခဲ့သော်လည်း တကယ်ကို သူ့တို့အား ဘေးကင်း လုံခြုံစွာလုံခြုံစွာ ခေါ်သွားခဲ့ပြီး သုတေသနအချို့ ပြန်စနေပြီဆိုတဲ့ ကောလဟာလတွေ ထွက်လာခဲ့ပြီ ဖြစ်သည်။

ဝမ့်ရင်းက ထိုသတင်းကို ချမ့်ရှုဖန်းအား ပြောဖို့အတွက် မစောင့်နိုင်ဘဲ သူမရဲ့ သံသယတစ်ဝက်ကို ပျောက်အောင် လုပ်ပြီး အမှန်တရား တစ်ဝက်ကို ပေးသိလိမ့်မည် ဖြစ်သည်။ အခုက ၁၉၇၃ ရှိပြီဖြစ်ပြီး ချမ့်ရှုဖန်းက သူမ ပေကျင်းကို မပြန်နိုင်ခင် ငါးနှစ်တောင် စောင့်ဖို့ မလိုတော့ပါ။ နောက်ပိုင်းကျရင် ဒါကြောင့် ချမ့်ရှုဖန်းအား မျှော်လင့်ချက်အချို့ ပေးလို့ရအောင် ဝမ့်ရင်းက ပြောခဲ့ခြင်း ဖြစ်သည်။

ငါးနှစ်ကြာပြီးနောက် ချမ့်ယုကလည်း ၂၁ နှစ် ရှိပြီဖြစ်သည့်အတွက် သိပ်အကြာကြီး အချိန်မယူရတော့ပါ။

ချမ့်ရှုဖန်းနှင့် စကားပြောပြီးနောက် ဝမ့်ရင်းက ချမ့်ကျွီဟွာကို ထပ်ပြီး ရှာဖို့အတွက် ထွက်သွားခဲ့သည်။

အခုဆိုရင် ချမ့်ကျွီဟွာက အရင် နှစ်တွေကနှင့် လုံးဝကို မတူတော့ပါ။ ထိုနေရာမှာ ရပ်နေသည့် သူမက ကျက်သရေရှိပြီး သဘာဝဆန်သည်။ ဝမ့်ရင်း ထိုနေရာကို ရောက်သွားသည့်အခါ သူမက ဝက်တွေကို ကျွမ်းကျွမ်းကျင်ကျင် အစာကျွေးနေခဲ့သည်။ အခုဆိုရင် အဖွဲ့ထဲမှာ ဝက်ရှစ်ကောင် ရှိပြီး သူတို့ကို သေချာ ကျွေးမွေးထားသည့်အတွက် အကောင်တိုင်းက ဝပြီး သန်မာသည်။

အစပိုင်းမှာတော့ ဝိဉာဥ် စမ်းရေတွေ ဖြန်းပေးဖို့အတွက် ဝမ့်ရင်းက တစ်ခါတစ်လေ ရောက်လာခဲ့သည်။ နောက်ပိုင်းမှာ ချမ့်ကျွီဟွာက ဝက်မွေးတဲ့နေရာမှာ အတွေ့အကြုံ ရသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် အားလုံးသည် အဖွဲ့က ထားခဲ့သော ဝက်ပေါက်များ ဖြစ်သည့်အတွက် ဝိဉာဥ် စမ်းရေ မရှိဘဲနှင့်တောင် ၂၀၀ ကီလိုဂရမ်ကျော်အောင် အသာလေး ကျွေးလို့ရသည်။

ရလဒ်အနေဖြင့် ချမ့်ကျွီဟွာက တပ်မဟာထဲတွင် လူသိများတဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။

နှစ်တိုင်း သူမက လုပ်ခရမှတ် အပြည့်ကို ရှာနိုင်ပြီး အဖွဲ့ ခေါင်းဆောင်ကလည်း ဝက်တွေကို မွေးပေးသည့်အတွက် သူမအား ပိုက်ဆံကို တွက်ပေးခဲ့သည်။ သူမသည် သူမ မွေးသည့် ဝက်တစ်ကောင်အတွက် ငါးယွမ်ရသည်။ သူမက နှစ်တိုင်း ဝင်ငွေ ရသည့်အတွက် အခြားသူတွေလောက် မဆိုးပါ။

ပိုက်ဆံဆိုတာ လူတစ်ယောက်ရဲ့ ခွန်အား ဖြစ်သည်။ အခုဆိုရင် ချမ့်ကျွီဟွာက အတော်ကို အမြင်ကျယ်ပြီး သူမ သွားလိုက်သည့် အခါတိုင်း လူတိုင်းက သူမကို အထင်ကြီးကြသည်။

ချမ့်ကျွီဟွာသည် ဝမ့်ရင်းက အဆက်မပြတ် အလုပ်လုပ်နေတာကို တွေ့သည့်အတွက် သူမကို ခေါ်လိုက်သည်။ “လာပြီး ထိုင်ဦးလေ။ ထောင့်မှာ မိုင်မောင့်ရဲ့ အဖွား ပို့ပေးလိုက်တဲ့ မက်မွန်သီး ကိတ်တွေ ရှိတယ်။ နည်းနည်း စားလိုက်ဦး။”

ဝမ့်ရင်းက အိမ်ထဲကိုလည်း မဝင်သွားခဲ့သော်လည်း လက်ကမ်းပေးဖို့ အရှေ့ကို ခြေလှမ်း လှမ်းလိုက်သည်။

ဝက်တွေကို အစာကျွေးပြီးနောက် ချမ့်ကျွီဟွာက အေပရွန်ကို ချွတ်ကာ ဝမ့်ရင်းကို အိမ်ထဲဝင်ဖို့ ဖိတ်လိုက်သည်။ သူမက ရက်ရက်ရောရောနှင့် ဝမ့်ရင်းကို မက်မွန်သီး ကိတ်မုန့်ကို ဝေပေးခဲ့သည်။

“မိုင်မောင့်က ကျောင်း သွားပြီ။ အခုထိ ပြန်မလာသေးဘူး။ မိုင်စွေ့က သူ့အဖွားရဲ့ အိမ်ကို သွားတယ်။ အဲ့မှာ စပျစ်သီးတွေ သီးနေတယ်ဆိုပြီး ပြောလို့ သူမက သွားခူးချင်တယ်တဲ့။ သူမက မိုင်ယာ့ကိုလည်း ခေါ်သွားချင်တယ်လို့ ပြောတယ်။”

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက တပ်မဟာထဲမှာ ပိုက်ဆံ နည်းနည်း ရှိတယ်ဆိုတော့ လမ်းခင်းမယ့် အစီအစဥ်ကို ပြန်ပြင်ခဲ့ကြသည်။ လမ်းပေါ်မှာ လမ်းလျှောက်ဖို့က အဆင်ပြေသည့်အတွက် ချမ့်ကျွီဟွာက ထုံးစံအတိုင်း စိတ်မပူတော့ပါ။

အကြောင်းမှာ ကလေး သုံးယောက်လုံးက ချမ့် မျိုးရိုး နာမည်ကို ယူခဲ့ကြပြီး တစ်ယောက်ဆီ တစ်ယောက် ခနခန လာလည်ကြသည်။ သူမမှာ မှီခိုစရာ မရှိတော့တဲ့နောက် သူမရဲ့ မိဘတွေက သူမကို ပိုပြီး အာရုံစိုက်လာကြသည်။

ချမ့်ကျွီဟွာသည် နှစ်တိုင်း ဝက်သားတွေရဲ့ ဝေစုကို ရပြီးနောက် အဲ့ဒါတွေကို သူမရဲ့ မိဘထံ နှစ်ခေါက် ပို့ပေးခဲ့သည်။ အဲ့ကတည်းက သူတို့သည် လက်ဆောင်ချင်း ဖလှယ်နေခဲ့သည်။ အထူးသဖြင့် မနှစ်က ချမ့်မိုင်မောင့်က အဆင့်တစ်ခုကို ကျော်ပြီး အခုဆိုရင် တပ်မဟာရဲ့ အလယ်တန်း ကျောင်းကို စာရင်း သွင်းကာ သူမရဲ့ မိသားစုက ပျော်နေခဲ့ကြပြီး အမြဲတမ်းလိုလို သူမနှင့်သူမနှင့် သူမရဲ့ အမေက သူတို့ ရသမျှ စားစရာများ အကြောင်းကို ထုတ်ပြောပြလေ့ ရှိသည်။ လူကြီးများစွာက သူမကို သူမအမေရဲ့ တပ်မဟာထဲသို့ ပြန်ပြောင်းရန် တကျည်ကျည် လုပ်နေခဲ့ကြသည်။ ထို့အပြင် ခုနစ်ခုမြောက် တပ်မဟာအတွက် သူမ ဝက်တွေကို ဘယ်လို မွေးလဲဆိုတာ မြင်သည့်အခါ သူတို့က မနာလို ဖြစ်ခဲ့ကြသည်။

ငါတို့ ကိုယ်ပိုင် တပ်မဟာထဲက ဝက်တွေကိုကျ ဘာလို့ ကီလိုဂရမ် ၂၀၀ ကျော်အောင် မမွေးနိုင်ရတာလဲ။

ချမ့်ကျွီဟွာမှာ လှည့်ကွက်တစ်ခုခု ရှိလိမ့်မည်ဟု လူတိုင်းက တွေးမိခဲ့ကြသည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၉၀

အခုဆိုရင် ချမ့်ကျွီဟွာရဲ့ မိဘတွေက သူမ ပြန်လာပြီး ဝက်တွေကို ဘယ်လို မွေးရလဲဆိုတာ သင်ပေးနိုင်ဖို့ကို မျှော်လင့်နေခဲ့သည်။ သို့မှသာ သူတို့က ခုနစ်ခုမြောက် တပ်မဟာထဲရှိ လူတွေလို နေလို့ရမည် ဖြစ်သည်။

ချမ့်ကျွီဟွာက ပြန်သွားဖို့ မတွေးထားခဲ့ပါ။ သူမ မိသားစုရဲ့ တပ်မဟာက အဖွဲ့နှင့် မနီးပါ။ အဲ့ဒါကပဲ သူမရဲ့ ကလေးတွေ ကျောင်းတက်ဖို့ ခက်ခဲစေခဲ့သည်။ ထို့အပြင် ခုနစ်ခုမြောက် တပ်မဟာထဲရှိ လူတိုင်းက သူမအပေါ် အတော် ကြင်နာကြသည်။ လွန်ခဲ့သော နှစ်တွေမှာ တပ်မဟာထဲတွင် အတင်းတုပ်ခဲ့ကြသော သူမရဲ့ ကွာရှင်းထားတဲ့ အကြောင်းကိုတော့ တော်တော်လေးကို မေ့သွားခဲ့ကြပြီး ဖြစ်သည်။

ဒီမှာ နေရတာကလည်း အဆင်ပြေတယ်ဟု သူမက တွေးမိခဲ့သည့်အတွက် ထျန်းယိုဖုက ချက်ချင်း ပျက်စီးနေတဲ့ အိမ်နှင့် နေစရာ မြေတစ်ခုကို ပေးခဲ့ကာ ထိုအိမ်ကို ပြန်ပြင်ဖို့ အုတ်ခဲ အချို့ကိုလည်း ဝယ်ခဲ့သည်။

သူတို့ မိသားစု လေးယောက်က ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေနေခဲ့ရပြီး ချမ့်ရှုဖန်းက သူမတို့ဆီ လာလည်ပြီး စကားပြောလို့ ရသည်။

ဝမ့်ရင်းသည် သူမရဲ့ အလုပ်တွေ လက်စသတ်ပြီးကြောင်းနှင့် လကုန်ရင် ညစာစားဖို့ သူမတို့ မိသားစုကို ဖိတ်မယ့်အကြောင်း ပြောရန် ရောက်လာခဲ့သည်။

ချမ့်ကျွီဟွာက ပျော်ပြီး ပြုံးလိုက်သည်။ “ဒါက ကောင်းတာပေါ့။ လေ့လာပြီးတော့မှဆိုတော့ တကယ်ကို ကွာခြားသွားတာပေါ့။ နင် မြို့ကို သွားလို့ရပြီ။ ငါလည်း မိုင်မောင့်ကို အလုပ်ကြိုးစားဖို့ ပြောရမယ်။ အဲ့ဒါမှ နောက်ပိုင်းကျရင် ငါတို့လည်း မြို့ကို သွားလို့ရမှာ။”

ပိုက်ဆံ ရှာနိုင်ပြီးတဲ့နောက်မှာ ချမ့်ကျွီဟွာရဲ့ အမြင်တွေက ပြောင်းလဲသွားခဲ့သည်။

သူမက ဝင်ခွင့်ပေးတဲ့စာကို ရကာ မြို့ကို တစ်ခါတစ်လေ သွားရသည်။ ဝက်တွေ ဖျားနာတာကို ကာကွယ်ပေးဖို့အတွက် သူမက ဆေးဝယ်ဖို့ မြို့ကို သွားခဲ့သော်လည်း ဒါဟာ ကမ္ဘာကြီးကို မြင်ရန် သူမအတွက်တော့ နည်းလမ်း တစ်ခုသာ ဖြစ်သည်။ သူမ ပြန်လာသည့်အခါ သူမက မိုင်မောင့်နှင့် မိုင်စွေ့ကို အကြံဉာဏ် များစွာ ပေးခဲ့ပြီး သူတို့ စာကြိုးစားရမယ်ဟု အသေအချာ တိုက်တွန်း ပြောဆိုနေခဲ့သည်။

မြို့မှာ နေရတာက ကောင်းသည်။ သူတို့ သွားတဲ့နေရာတိုင်းမှာ အရောင်းဆိုင်တွေနဲ့ လူတိုင်းက သေသေချာချာ ဝတ်ထားခဲ့ကြတာပင်။

သူမသည် သူမရဲ့ သမီးတွေကို မြို့က အဲ့လို ဘဝမျိုးနဲ့ နေစေချင်ခဲ့သည်။

မိုင်မောင့်သည် သူမ အမေရဲ့ စကားတွေကို စိတ်ထဲမှာ မှတ်ပြီး နားထောင်တတ်သည့် ကလေးမျိုး ဖြစ်သည်။ ဝမ့်ရင်းသည် သူမကို လေ့ကျင့်ခန်းတွေ သေချာ ထပ်ပြီး သင်ပေးနိုင်မည့် ဆရာ တစ်ယောက်ကိုတစ်ယောက်ကို ရှာဖို့အတွက် ပြောသည့်အခါ သူမက နားထောင်ခဲ့သည်။ နှစ်နှစ်တည်းနဲ့ သူမက မူလတန်းရှိ ကျောင်းစာများ အားလုံးကို ကျွမ်းကျင်သွားခဲ့ပြီး ဖြစ်သည်။

သူမ အလယ်တန်းကျောင်း သွားဖို့ကို ယန့်ဟုန်က ထောက်ခံပေးခဲ့သည်။ ရွာထဲတွင် ကျောင်းတတ်ရသော ကလေးများအနက် မိုင်မောင့်က အကြီးဆုံး ကလေး ဖြစ်သည်။ သူမ မူလတန်းကျောင်းကို အသက် ဆယ့်တစ်နှစ်မှာ စတက်ခဲ့ပြီး နှစ်နှစ်ဆိုရင် သူမက ဆယ့်သုံးနှစ် ပြည့်ပြီ ဖြစ်သည်။ မူလတန်းကျောင်းရဲ့ အဆင့်ကို ကျော်လိုက်မယ်ဆိုရင် သူမရဲ့ အသက်က ကွက်တိကျသွားပြီ ဖြစ်သည်။

သို့သော် ဘာတွေပဲ ဖြစ်နေပါစေ၊ နှစ်နှစ်အတွင်းမှာ သူမက မူလတန်းကျောင်း ပြီးတယ်ဆိုတာမျိုးကို တပ်မဟာထဲတွင် မကြားဖူးခဲ့ပါ။

ထိုအချိန်အတွင်းမှာ ချမ့်ကျွီဟွာက လေညှင်းခံရင်း လမ်းလျှောက်နေခဲ့သည်။ သူမရဲ့ ကလေးက ကောင်းကောင်း လုပ်နေတာထက် ဘယ်အရာကများ သူမကို ပိုပြီး ကျေနပ်အောင် လုပ်နိုင်မှာလဲ။ မဟုတ်ဘူး။ လူတိုင်းရဲ့ အားကျနေတဲ့ မျက်လုံးတွေကို မြင်ရတာထက် ပိုကောင်းတဲ့အရာ မရှိပါ။

မိုင်မောင့်က တပ်မဟာရဲ့ အလယ်တန်းကျောင်းကို သွားခဲ့သည်။ အစပိုင်းမှာ သူမက အနောက်တွင် အနည်းငယ် ရှိနေခဲ့သော်လည်း သူမ ပြန်လာသည့်အခါ သူမသည် စာအုပ်တွေ ထုတ်ပြီး ပညာတတ် လူငယ်စခန်းရှိ ဆရာများကို မေးကာ တဖြည်းဖြည်း လိုက်နိုင်လာခဲ့သည်။ အခုဆိုရင် တပ်မဟာ အလယ်တန်းကျောင်းမှာ အဆင့်တစ်ရတဲ့ ကောင်မလေး နာမည်က ချမ့်မိုင်မောင့်ဆိုတာကို မသိတဲ့သူ ရှိပါဦးမလား။

ချမ့်မိုင်မောင့်ရဲ့ ဆန္ဒက ချမ့်ကျွီဟွာကို ဂုဏ်ယူရအောင် လုပ်ပေးချင်ခဲ့သည်။

မိုင်စွေ့က သူမရဲ့ အစ်မထက် ပိုအဆော့သန်သော်လည်း မိုင်မောင့်က သူမ အားတဲ့အချိန်တိုင်း သူမကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည့်အတွက် မိုင်စွေ့ရဲ့ အဆင့်တွေက အမြဲတမ်း ထိပ်ဆုံး သုံးယောက်ထဲမှာ ပါသည်။ ထို့ကြောင့် သူတို့က အလယ်တန်းကျောင်း သွားရတာမှာ ဘာအခက်အခဲမှ မရှိတာ သိသာနေခဲ့သည်။

ချမ့်ကျွီဟွာက သူမရဲ့ သမီးတွေအကြောင်း ပြောသည့်အခါ ပီတိတွေဖြာနေခဲ့သည်။ “အခုတော့ ငါဘာကိုမှ မလိုချင်ပါဘူး။ မိုင်မောင့်ကို စာပဲ ကောင်းကောင်း ဖတ်နိုင်ပြီး မိုင်စွေ့ကို သူ့ရဲ့ အစ်မတွေဆီက လေ့လာဖို့နဲ့ မိုင်ယာကိုတော့ ဒီအချိန်အတွင်းမှာ ကောင်းကောင်း လုပ်နိုင်ဖို့ပဲ လိုချင်ရုံပါ။”

ဘယ်လိုပဲဖြစ်နေပါစေ၊ သူမက အဲ့ဒါကို တတ်နိုင်သည်။ ကလေး သုံးယောက်ရဲ့ ပညာရေး ကုန်ကျစရိတ်က များပြီး တစ်နှစ်ကို ပိုက်ဆံ သိပ်အများကြီး မစုနိုင်သော်လည်း အခြားအရာတွေရဲ့ အပေါ်မှာ ပိုက်ဆံသုံးတာထက် ပညာရေးအတွက် ပိုက်ဆံ သုံးတာက ပိုကောင်းသည်။

ချမ့်ကျွီဟွာက သူမရဲ့ သမီးတွေကို နည်းပညာ အလယ်တန်းကျောင်း ရောက်ထဲအထိ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ထားခဲ့သည်။ သို့မှသာ သူတို့က အလုပ်တစ်ခု ရှာနိုင်မည် ဖြစ်သည်။ သူမက မိုင်မောင့် နည်းပညာ အလယ်တန်းကျောင်း ပြီးတဲ့နောက်မှာ အလုပ်တစ်ခု ရတာကို စောင့်ကြည့်နေခဲ့သည်။

နည်းပညာ အလယ်တန်းကျောင်းက အထက်တန်းကျောင်း အောင်ဖို့ထက်တောင် ပိုခက်သည့်အတွက် အဲ့ဒါတွေ အားလုံးက သူမ အောင်မှာလားဆိုတဲ့ အပေါ်မှာသာ မူတည်သည်။ တကယ်လို့ သူမသာ အထက်တန်းကျောင်းကို မသွားနိုင်ခဲ့ဘဲ မြို့မှာ အလုပ်လုပ်ဖို့ အနိမ့်ဆုံး လိုအပ်ချက်က အထက်တန်း အောင်လက်မှတ် တစ်ခုသာဆိုရင် နောက်ထပ် နှစ်အနည်းငယ် ထပ်ပြီး လေ့လာရတာက ထိခိုက်စေလိမ့်မည် မဟုတ်ပါ။

ဝမ့်ရင်းသည် ချမ့်ကျွီဟွာ သူမရဲ့ သမီးကို နည်းပညာ အလယ်တန်းကျောင်း ပို့မယ့် အကြံကို ချက်ချင်း မငြင်းခဲ့ပါ။ ဒီနည်းက အဲ့နှစ်တွေမှာ အလုပ်သမား၊ လယ်သမားနှင့် စစ်တက္ကသိုလ်ကို လူတိုင်း မသွားနိုင်ကြသည့်အတွက် နည်းပညာ အလယ်တန်းကျောင်းက ကုန်ကျစရိတ် အများဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။

သူတို့နှစ်ယောက်က ခနလောက် စကားပြောရင်း မိုင်စွေ့ ပြန်လာတဲ့အထိ စောင့်နေခဲ့ကြသည်။

မိုင်စွေ့က သူမရဲ့ ညီမကို အိမ်ထဲသို့ ဆွဲခေါ်လာခဲ့သည်။ ကလေးမလေး နှစ်ယောက်လုံးရဲ့ လက်ထဲမှာ ခြင်းတောင်း အသေးလေးတွေကို ကိုင်ထားခဲ့သည်။ သူတို့ တံခါးနားကို ရောက်သည့်အခါ သူတို့ရဲ့ အမေကို ခေါ်လိုက်ကြသည်။

ချမ့်ကျွီဟွာသည် သူတို့နှစ်ယောက်ရဲ့ လက်ထဲက ခြင်းတောင်းတွေကို မြန်မြန် ယူပြီး သူတို့ကို အိမ်ထဲသို့ ဝင်ခိုင်းလိုက်သည်။

ဝမ့်ရင်းကို မြင်သည့်အခါ မိုင်စွေ့က မြန်မြန် နှုတ်ဆက်ခဲ့သည်။ “အစ်မရင်းက ဒီရောက်နေတာပဲ။”

မိုင်ယာလေးက လေးနှစ်သာ ရှိသေးပြီး သူမရဲ့ ကလေး အသံလေးဖြင့် ပြောလိုက်သည်။ “ရင်းရင်းက ဒီမှာလား။”

ဝမ့်ရင်းက မိုင်ယာကို မြင်သည့်အခါ သဘောကျသွားခဲ့သည်။ ဝမ့်ရင်းက သူမကို ချီပြီး ပွတ်ပေးလိုက်သည်။ ကလေးမလေးက အပွတ်ခံရတာကို လန့်နေခဲ့သည်။ သူမက လက်ထဲရှိ စပျစ်သီးများကို ဝမ့်ရင်းအား ထိုးပေးခဲ့ပြီး ပြောခဲ့သည်။ “အဲဲဒါကို စားလိုက်။”

ဝမ့်ရင်းက အဲ့ဒါကို ပြန်ပေးပြီး ပြောလိုက်သည်။ “ဟင့်အင်း၊ အဲ့ဒါကို ယာယာက စားလိမ့်မယ်။”

မင်း မုယောတွေကို တစ်လုပ်လောက် စားလိုက်ရင် အရမ်းကို ကျေနပ်ပြီး ပါးတွေက ရဲလာလိမ့်မယ်။

ဝမ့်ရင်းသည် ချမ့်ကျွီဟွာဆီ လာတဲ့အချိန်တိုင်း အကြာကြီး နေပြီး ထမင်းလုံးလေးတွေ လက်တစ်ဆုပ်စာ လုပ်လေ့ရှိသည်။ မုယောလေးတွေက ချစ်စရာကောင်းပြီး ထမင်းလုံးများနှင့် တူသည်။

ဝမ့်ရင်းက ထျန်းကျီကို ပွတ်ပေးနေချိန်မှာ မိုင်စွေ့က သူမရဲ့ အမေကို တိုင်ပြောနေခဲ့သည်။

“သမီးတို့ ရွာအဝင်ဝကို ရောက်တော့ မုဆိုးမယွီနဲ့ ထျန်းအာကျူးတို့ ရန်ဖြစ်နေတာကို တွေ့ခဲ့တယ်။ သူက သမီးကို မြင်တော့ သမီးကိုပါ စဆဲရော။”

ချမ့်ကျွီဟွာက ထိုစကားကို ကြားသည့်အခါ ဒေါသထွက်ခဲ့ရသည်။ “သူက သမီးကို ဆူရဲတယ်ပေါ့လေ။ စောင့်နေ။ ငါ အခုချက်ချင်း သူနဲ့ သွားရှင်းရမယ်။ ဒီဟာမကို မှတ်လောက်သားလောက်ဖြစ်အောင် ရိုက်ရမယ်။”

မိုင်စွေ့က သူမကို မြန်မြန် နှစ်သိမ့်ပေးဖို့ ကြိုးစားခဲ့သည်။ “သမီးက သူ့ကို ရွှံ့ဘောလုံးနဲ့ ပစ်လိုက်တာ။ သူ့မျက်နှာဆို ရွှံ့တွေ ပေသွားတာ။ အဲ့ဒါက ဘာမှမဖြစ်ပါဘူး၊ အမေရယ်။ အမေ သွားဖို့ မလိုပါဘူး။ ဒီရက်ထဲ သူတို့တွေက အဲ့မှာ ပြဿနာ တစ်ခု ဖြစ်နေကြတာဆိုတော့ ဝင်မပါကြရအောင်။”

ဝမ့်ရင်းက သူမရဲ့ ခေါင်းကို ပုတ်လိုက်သည်။ “ဘာတွေ ဖြစ်နေကြတာလဲ။”

သူမသည် မကြာသေးခင်ကမှ အလုပ်တစ်ခု ဝယ်ရင်းနဲ့ အလုပ်များနေခဲ့ရသည့်အတွက် အဖွဲ့ထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို တကယ် အာရုံမစိုက်နိုင်ခဲ့ပါ။

ချမ့်ကျွီဟွာက မိုင်စွေ့ရဲ့ လက်ထဲကို မုယောတွေ ပေးလိုက်ပြီး အထဲမှာ မက်မွန်သီး ကိတ်မုန့်တွေ သွားစားဖို့ ပြောပြီးနောက် အတင်းပြောဖို့ ဝမ့်ရင်းကို ဘေးသို့ ဆွဲခေါ်သွားခဲ့သည်။

“နင်သိလား။ မနှစ်က ထျန်းတကျူးရဲ့ သားက သူနဲ့ မတူဘူးလို့ တပ်မဟာထဲမှာရှိတဲ့ လူတိုင်းက ပြောနေကြတာ။ သူရော၊ မုဆိုးမယွီရောက မျက်ရစ်နှစ်ထပ်ပါပေမယ့် မွေးလာတဲ့ ကလေးက မျက်ရစ် တစ်ထပ်ပဲ ပါတယ်။ သူတို့ရဲ့ နှာခေါင်းတွေနဲ့ ပါးစပ်တွေကလည်း အဲ့လိုပဲ။ သူက ထျန်းမိသားစုဝင်တွေနဲ့ လုံးဝကို မတူဘူး။”

“လွန်ခဲ့တဲ့ ရက်တုန်းက တစ်ခြား တပ်မဟာထဲက လူတစ်ယောက် သူ့အမျိုးတွေဆီ အလည်လာဖို့ဆိုပြီး ရောက်လာတော့ သူက မုဆိုးမယွီရဲ့ သမီးဆီကို ပြေးသွားတယ်တဲ့။ သူ့သမီးကလည်း သူနဲ့အတူ ကလေးမလေး တစ်ယောက်ကို ခေါ်လာတယ်တဲ့။ ငါတို့ တပ်မဟာထဲက လူတွေက သူမကို ကြည့်လေလေ၊ အဲ့ဒီ့ ကောင်မလေးက မုဆိုးမယွီနဲ့ တူတယ်ဆိုပြီး တွေးမိလာလေပဲ။ သူတို့ ပြန်သွားတော့မှ ဇာတ်ကြောင်းတွေ ပြန့်သွားတာ။”

“ဒါပေမယ့် ထျန်းတကျူး ဘာမှမပြောခင်မှာပဲ သူ့အမေက မူးလဲသွားတာ။ ထျန်းအာကျူးက သူ သစ္စာဖောက်ခံရတယ်ဆိုပြီး ပြောရင်း အပြေးလာခဲ့တာ။ သူက မုဆိုးမယွီနဲ့ ရန်ဖြစ်ဖို့ သွားတယ်လေ။”

“အခုဆို အဖွဲ့ထဲမှာရှိတဲ့ လူတိုင်းက စုံစမ်းနေကြတာလေ။ ဒီကောင်မလေးက ထျန်းမိသားစုက မဟုတ်ဘူးဆိုပြီးလည်း ပြောနေကြတာ။ သူက မုဆိုးမယွီနဲ့ တူတယ်ဆိုပေမယ့် သူကတော့ ထျန်းတကျူးရော၊ ထျန်းအာကျုးနဲ့ရော လုံးဝ မတူဘူး။”

“ဘယ်လို အရှုပ်ထုပ်မျိုးလဲ။ အခုချိန်မှာ အခြေအနေတွေက ရုတ်ရုတ်သဲသဲ ဖြစ်နေတာ။ မုဆိုးမယွီက ပြဿနာတစ်ခု ရှာနေတာ။ ပြီးတော့ သူ့ယောက္ခမကလည်း သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေဖို့ ကြိုးစားနေတာ။ ထျန်းအာကျုးနဲ့ သူ့မိန်းမကို မုဆိုးမယွီနဲ့ သူ့ယောက္ခမက နှင်ချဖို့ လုပ်နေကြတာလေ။”

ဝမ့်ရင်းက တုန်လှုပ်သွားခဲ့သည်။ သူမ အရင်က အဲ့ဒါကို ခန့်မှန်းမိခဲ့သော်လည်း အမှန်တရားက တကယ်ကြီး အခုလို ဖြစ်နေလိမ့်မယ်ဟု သူမက မထင်ထားခဲ့ပါ။

မုဆိုးမယွီက သူမ ဘယ်သူ့ကိုယ်ဝန်ကို လွယ်ထားရလဲဆိုတာ မသိဘဲ သူမက ထျန်းတကျူးကို အပြစ်တင်ချင်သည့်အတွက် သူမက နှစ်ယောက်လုံးကို လိမ်ဖို့အတွက် ထျန်းတကျူးနှင့် ထျန်းအာကျုးတို့ အမေနှင့် အဖွဲ့ကျသွားခဲ့သည်။ သူမက ဒီကလေးက သူ့ရဲ့ကလေးပါဆိုပြီး ထျန်းအာကျုးကို လိမ်ခဲ့ကာ ကိုယ်ဝန်ရှိနေပြီဆိုပြီးလည်း ထျန်းတကျူးကို လိမ်ခဲ့သည်။

ထို့အပြင် ကလေးကို မုဆိုးမယွီက မွေးခဲ့တာတောင် မဟုတ်ပါ။ မုဆိုးမယွီက သမီးတစ်ယောက် မွေးခဲ့ပြီး သားကတော့ မုဆိုးမယွီရဲ့ ယောက္ခမ သူမဘာသာ လဲဖို့အတွက် ရလာသည့် မြေးတစ်ယောက် ဖြစ်သည်။

ဖရဲသီး အကြီးကြီးပဲ….

ချမ့်ကျွီဟွာက ထိုမိသားစုကို အထင်သေးပြီး ဒါကိုလည်း အရမ်း အထင်သေးသည်။ “အဲဲဒါကို ယုံချင်ယုံ၊ မယုံချင်နေ။ နောက်ဆုံးတော့ သူတို့က ဒီလို အမြှီးအမောက် မတည့်တဲ့ နည်းနဲ့ နေနေရတုန်းပဲ။”

ထျန်းတကျူးက သူ့သားနှင့် အတော်လေးကို မတူသည့်အတွက် သူက ရူးချင်သလို ဖြစ်နေခဲ့သည်။ ဒီကလေးက သူ့ရဲ့ကလေး မဖြစ်နိုင်ဘူးဟု ဘယ်လိုလုပ် ဝန်ခံရမှာလဲ။

သို့သော် ဒါကလည်း မှန်သည်။ တကယ်လို့ ထျန်းတကျူးက သူ့ရဲ့ သားကို အခြားသူအား မွေးဖို့ ခွင့်ပြုပေးလိုက်မယ်ဆိုရင် သူက အဲ့လို လုပ်နိုင်သည့်အတွက် သူ့ရဲ့သားကို ဆုံးရှုံးပြီးနောက် သူက သူ့ရဲ့ သမီးတွေကို ကြည့်ဖို့ ပြန်ရောက်လာမည် မဟုတ်ပါ။

သို့သော် သူတို့က သူ့ကို ကြည့်မယ်ဆိုရင်တောင် အလကားပဲ ဖြစ်သည်။ ကလေးသုံးယောက်က သူတို့ရဲ့ မျိုးရိုးနာမည်တွေကို ပြောင်းလိုက်ကြပြီး အခုဆိုရင် သူတို့က ချမ့်မိသားစုဝင်တွေ ဖြစ်သွားကြပြီ ဖြစ်သည်။ တကယ်လို့ ထျန်းတကျူးက တစ်ခုခု လွဲလွဲချော်ချော် လုပ်ခဲ့ပါက သူမရဲ့ မိသားစုက သူ့ကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးလိမ့်မည် ဖြစ်သည်။

ကိစ္စတွေက ချမ့်ကျွီဟွာ မျှော်လင့်ထားသလို ဖြစ်လာခဲ့သည်။ လမကုန်ခင်မှာ ထျန်းမိသားစုရဲ့ ကိစ္စတွေ ပြီးသွားခဲ့မယ်ဆိုရင် ထျန်းတကျူးက ဘာတစ်ခွန်းမှ ပြောလိမ့်မည် မဟုတ်ပါ။

ထျန်းအာကျူးနှင့် သူ့အစ်ကိုက ခွဲခွာသွားပြီး သူတို့က နောက်ထပ် တစ်ယောက်ကို တစ်ယောက် အဆက်အသွယ်လည်း မရှိကြတော့ပါ။

ထျန်းတကျူးရဲ့ အမေက ထျန်းတကျူးကို ကွာရှင်းဖို့ တွန်းအားပေးခဲ့ပြီး တကယ်လို့ သူသာ မုဆိုးမယွီကို အဝေးသို့ မပို့ပစ်ဘူးဆိုရင် သူမရဲ့ သားကို အသိအမှတ်ပြုမှာ မဟုတ်ဘူးဟု ပြောနေခဲ့သည်။

သို့သော် အမေ့ရဲ့ စကားကို အမြဲတမ်း နားထောင်တတ်တဲ့ ထျန်းတကျူးက တကယ်လည်း သူ့ရဲ့အမေကို စိတ်တိုင်းကျ လုပ်ဖို့ ခွင့်ပြုပေးခဲ့ပြီး နောက်ဆုံးမှာတော့ သူက မုဆိုးမယွီနှင့် သူနှင့် မတူတဲ့ သူ့ရဲ့သားကို အဝေးသို့ မပို့ပစ်ခဲ့ပါ။

သို့သော် ထျန်းတကျူးရဲ့ မုဆိုးမယွီရဲ့ ယောက္ခမဖြစ်သူကို အဝေးသို့ ပို့ပစ်ခဲ့သည်။

သတင်းတွေကို ကြားသည့်အခါ အမျိုးသမီးကြီး မစ္စရှုက မအံ့ဩသွားခဲ့ပါ။ “အဖွားကြီးယွီက အရမ်း တွက်တတ်တယ်။ သူက သူကြီးလာတဲ့အခါ မုဆိုးမယွီက သူ့ကို ထောက်ပ့ပေးဖို့ စောင့်ကြည့်ပြီး သူ့ရဲ့ ကလေးတွေကိုတောင် လဲလိုက်တာလေ။ ဒါပေမယ့် ထျန်းတကျူးကို ထပ်ပြီး တွေ့ခဲ့ရင်တောင် သူက သူ့ရဲ့ သားကိုသားကို မှတ်မိမှာ မဟုတ်ဘူး။ ဒါပေမယ့် သူက သူ့မိန်းမရဲ့ ယောက္ခမဟောင်းကိုလည်း မှတ်မိဖို့ မလိုပါဘူး။ ဒီလောက် ပြဿနာကြီးတစ်ခုကို ရှာပြီးတော့ ဘာမှ မဟုတ်တာအတွက် သူ့ဆီက အခွင့်အရေး လိုချင်နေတာပဲ။ ဒါက မဖြစ်နိုင်ဘူးလေ။”

ထျန်းတကျူးက မတင်းကြပ်သော်လည်း ယွီဖုကျီက သူ့ကို ပါးတစ်ချက် ရိုက်ခဲ့သည်။ သူမက ယွီမိသားစုရဲ့ မြေးနှင့် သူ့ရဲ့ အဖွားကို ထောက်ပံ့ပေးဖို့ ပြောခဲ့သည်။

နင်က ဘယ်လောက်တောင် လှပတဲ့ အရာတွေကို တွေးနေတာလဲ။

ထျန်းတကျူးက မုဆိုးမယွီကို မောင်းထုတ်ခဲ့သည်။ မုဆိုးမယွီက သူ့ကို တားချင်သော်လည်း မလုပ်နိုင်ခဲ့ပါ။ သူမက အရမ်း ကြိုးစားမိပြီး ထျန်းတကျူးက သူမကို နှင်ထုတ်မှာ စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် ကိစ္စတွေကို စိတ်လျှော့ခဲ့ရသည်။ မစ္စယွီက ပြဿနာ တစ်ခုကို ရှာချင်သော်လည်း သူမက မလုပ်နိုင်ခဲ့ပါ။ အခုဆိုရင် အဖွဲ့ထဲရှိ လူတိုင်းက အရာရာကို သိသွားခဲ့ကြပြီ ဖြစ်သည်။ သူမက ရိုးသားတဲ့ လူတွေကို အနိုင်ကျင့်ပြီး လိမ်ခဲ့ကြောင်းကို သူတို့ အားလုံးက သိနေခဲ့ကြသည်။ သူမသည် သူမရဲ့ အသက်ကြီးနေသည့် ယောက္ခမဟောင်းကို စောင့်ရှောက်ပေးဖို့သာမက သူမရဲ့ မြေးတွေကိုပါ ဂရုစိုက်ပေးဖို့ ချော့ပြောချင်နေခဲ့သည်။

All Chapters