← Chapters

သူမမှာ ဧကရာဇ်မင်းတစ်ပါးရဲ့ ကံကြမ္မာ ရှိတယ်

Vol. 42 Ch. 616

သူမမှာ ဧကရာဇ်မင်းတစ်ပါးရဲ့ ကံကြမ္မာ ရှိတယ်

Vol. 42 Ch. 616

"ဒီမိန်းခလေးရဲ့ မျက်နှာအသွင်အပြင်က အရမ်းထူးခြားတယ်"

တာအိုကျင့်ကြံသူက စူးချင်း၏ပင်ကိုယ်စရိုက်ကို မထုတ်ဖော်နိုင်ဖြစ်နေပုံရသည်။ ထိုအစား သူက စူးချင်းထံတွင် မြူလွှာတစ်ခု ဖုံးလွှမ်းနေသောကြောင့် သူမကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သလိုမျိုး ဂရုတစိုက်ကြည့်နေပြီး သူ့ဘာသာသူ တစ်ယောက်တည်း ရေရွတ်နေသည်။

"ဘယ်လို ထူးဆန်းတာလဲ?"

ရှောင်းကျဲယွိက ရုပ်ဖျက်ထားသည့် စူးချင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ချင်းအာက ဒီတာအိုကျင့်ကြံသူရဲ့ အရည်အချင်းကို စမ်းသပ်ချင်တာကြောင့် သူနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ပုံပဲ။

“ဒီမိန်းခလေးက လူ့အသက်ပေါင်းများစွာကို သတ်ခဲ့ဖူးတယ်။ သူ(မ)က သူမရဲ့အရင်ဘဝမှာရော အခုဘဝမှာပါ လူတွေ အများကြီး သတ်ခဲ့ဖူးတယ်၊ ဒါပေမယ့် လူအသက်ပေါင်းများစွာကိုလည်း ကယ်တင်ပေးခဲ့တယ်၊ အဲ့ဒါကြောင့် ကောင်းချီးတွေနဲ့ ကံကြမ္မာကောင်းတွေ အများကြီး စုဆောင်းနိုင်ခဲ့တယ်။ သူ(မ)မှာ ဧကရာဇ်တစ်ပါးရဲ့ ကံကြမ္မာ ရှိတယ်။ သူ့(မ)ရဲ့ခေါင်းပေါ်က ခရမ်းရွှေရောင်အလင်းတန်းက အရမ်းကို တောက်ပလွန်းတယ်။ သူ(မ)သာ ဆန္ဒရှိရင် ဧကရာဇ်မင်းမြတ်ရဲ့ ပလ္လင်က သူ(မ)အပိုင် ဖြစ်လာမယ်လို့တောင် ပြောလို့ရတယ်”

စိတ်ထားသေးသိမ်သော ဧကရာဇ်တစ်ပါးအနေဖြင့် ထိုတာအိုကျင့်ကြံသူ၏ စကားကို ကြားရလျှင် မကျေမနပ်ဖြစ်သွားမည်မှာ အသေအချာပင်။ ထိုဧကရာဇ်က သူ့ထီးနန်းကို ကာကွယ်ရန် စူးချင်းကိုပင် ချက်ချင်း သတ်ပစ်ပေလိမ့်မည်။ ဤကျင့်ကြံသူ၏စကားများက စူးချင်းအတွက် ဘယ်တော့မှ ပြန်မလှည့်နိုင်သည့် အောက်ခြေမဲ့တွင်းကြီး တူးပေးလိုက်ခြင်းနှင့် ညီမျှပေသည်။

ရှောင်းကျဲယွိက စူးချင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ စူးချင်း၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ့ကို ပေါ့ပေါ့ပါးပါး ပြန်ကြည့်နေသည်။ သူမက ထိုကျင့်ကြံသူ၏စကားကြောင့် ထိတ်လန့်သွားခြင်းမျိုး မရှိသလို သူမကိုယ်သူမ ကာကွယ်ရန် အလျင်စလို ခုခံကာကွယ်ငြင်းဆန်ခြင်းမျိုးလည်း မလုပ်ခဲ့ပေ။

"သူ့ရဲ့ခန့်မှန်းချက်က တော်တော်လေး တိကျသားပဲ"

ရှောင်းကျဲယွိကလည်း စူးချင်းကို ကြည့်နေရင်း အပြုံးဖြင့်ပင် စနောက်နေသေးသည်။ စူးချင်းကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ်၊ ဒါက တကယ်ပဲ တိကျလွန်းတယ်"

ဒီလူပြောတာတွေက မှန်တော့ မှန်သားပဲ။ သူမသာ ထီးနန်းကို လိုချင်ခဲ့ရင် အဲ့နေရာကို ဘယ်သူမှ ရနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူမ မလိုချင်ဘူးလေ။ အဲ့ပုလ္လင်ပေါ်မှာ ထိုင်ပြီး လုပ်ရမယ့်အလုပ်တွေရဲ့ ပင်ပန်းဆင်းရဲမှုတွေ၊ ဖိစီးလာမယ့် စိုးရိမ်ပူပန်မှုတွေကို တွေးကြည့်ရုံနဲ့တင် သူမ အဲ့နေရာကို မလိုချင်တော့ဘူး။ သူမဘာသာ ကောက်နှံတွေ စိုက်ပျိုးရင်း စီးပွားရေးလုပ်နေရတဲ့ သက်တောင့်သက်သာရှိမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ထီးနန်းဆိုတာက ဘာမှမဟုတ်တော့ဘူး။ သူမရဲ့ ခြံနဲ့ ဖန်လုံအိမ်တွေထဲက ဟင်းသီးဟင်းရွက်တွေနဲ့ ပန်းတွေကို ကြည့်ရတာက စိတ်အေးလက်အေးရှိပြီး သက်တောင့်သက်သာ အရှိဆုံးပဲ။ အဲ့လိုဘဝကမှ သာယာတယ်လို့ ပြောနိုင်တာလေ။

အနီးအနားတွင် ရပ်နေသည့် လီဖူဟိုင်ကတော့ အလွန်ထိတ်လန့်ကြောက်ရွံ့နေပြီး သူ့အင်္ကျီလက်အနားစဖြင့် ချွေးသုတ်နေသည်။

ဧကရီက ဘယ်လောက် စိတ်တိုလွယ်ပြီး သူမရဲ့ဒေါသက တောက်လောင်နေတဲ့မီးတောက်နဲ့ တူတယ်ဆိုတာကို သူ သိတယ်၊ အခု သူက သူမကို ချောက်ချဖို့ ဒီတာအိုကျင့်ကြံသူကို ရှာလာတယ်လို့ ဧကရီ ထင်သွားမှာကို သူ အကြောက်ဆုံးပဲ။ အဲဒီလိုဖြစ်သွားရင် သူ သူ့ခေါင်းကို ထိန်းသိမ်းနိုင်တော့မှာ မဟုတ်ဘူး။

သို့သော် သူ ပိုကြောက်လာလေလေ သူ့၏အာရုံစူးစိုက်မှုက ပိုအားကောင်းလေလေ ဖြစ်လာသည်။ စူးချင်းက သူ့ကို အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်သော်လည်း လီဖူဟိုင်ကို အလွန်ထိတ်လန့်သွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

"ဧကရီမယ်မယ်၊ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ။ ဒီတာအိုကျင့်ကြံသူက ဒီလိုအဓိပ္ပါယ်မဲ့တဲ့ စကားတွေ ပြောမယ်ဆိုတာ ကျွန်တော်မျိုး မသိခဲ့ပါဘူး။ ကျွန်တော်မျိုး အခု ချက်ချင်း သူ့ကို နှင်ထုတ်လိုက်ပါ့မယ်"

"ဘာလို့လဲ? သူက အရည်အချင်း ရှိပါတယ်၊ ဘာလို့ နှင်ထုတ်မှာလဲ? သူ့ကို ဆက်နေခိုင်းလိုက်"

စူးချင်းက ဘာအမူအရာမှ မရှိဘဲ လီဖူဟိုင်ကို ခပ်တည်တည် စိုက်ကြည့်ရင်း အမိန့်ပေးလိုက်သည်။

သူ ဒီလောက် ကြောက်ရွံ့တုန်လှုပ်နေပုံကို ကြည့်လိုက်တာနဲ့ ဒီတာအိုကျင့်ကြံသူက သူ စီစဥ်ထားတဲ့သူ မဟုတ်မှန်း သူမ သိပြီးသားပါ။

ရှောင်းကျဲယွိက ဂုဏ်သိက္ခာရှိပြီး တည်ကြည်သော အမူအရာဖြင့် အမိန့်ပေးလို့သည်။

"သင်္ချိုင်းပြောင်းရွှေ့ခြင်းအခမ်းအနားအတွက် ကောင်းမွန်သော မြေနေရာကို ရှာဖွေပေးပါ၊ ပြီးရင် နေ့ကောင်းရက်မြတ်ကိုပါ ရွေးချယ်ပေးပါ"

တာအိုကျင့်ကြံသူက ရှောင်းကျဲယွိကို ဦးညွှတ်လိုက်ပြီး ချက်ချင်း ပြန်အစီရင်ခံလိုက်သည်။

“ဒီအညတရကျင့်ကြံသူက ဖုန်း‌ရွှေကောင်းတဲ့နေရာတစ်ခု ရွေးချယ်ထားပြီးပါပြီ၊ သူတို့ရဲ့သားစဉ်မြေးဆက်တွေအတွက် မြင့်မားတဲ့ရာထူးတွေနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ရရှိနိုင်မှာ သေချာပါတယ်”

"ကျန်းက အခုမှ မင်းကို ဖုန်း‌ရွှေကောင်းတဲ့နေရာတစ်ခု ရွေးချယ်ဖို့ ပြောတာလေ၊ မင်းက ရွေးတောင် ရွေးပြီးသွားပြီလား?"

ရှောင်းကျဲယွိက ထိုတာအိုကျင့်ကြံသူကို အေးတိအေးစက် စိုက်ကြည့်နေသည်။

ဒီလူကို ကြည့်လေလေ သူက လူလိမ်တစ်ယောက်လို့ ပိုပြီး တွေးမိလာလေလေပဲ။

“ဒါက တိုက်ဆိုင်မှုတစ်ခုပါ အရှင်မင်းမြတ်၊ ဒီအညတရကျင့်ကြံသူက လောကတစ်ဝှမ်း လှည့်လည်သွားလာနေပြီး သန့်ရှင်းတဲ့ စိတ်ဝိညာဉ်မြေကို ရှာတွေတိုင်း အဲ့နေရာကို တကူးတကွ သွားလေ့လာရတာကို နှစ်သက်တယ်။ အခု ဒီကို လာတဲ့လမ်းမှာ ဖုန်း‌ရွှေကောင်းတဲ့ နေရာတစ်ခု ရှာတွေ့ခဲ့တယ်”

ထိုတာအိုကျင့်ကြံသူက ရှောင်းကျဲယွိ၏အကြည့်ကြောင့် ကြောက်ရွံ့သွားပုံမရဘဲ အပြုံးဖြင့် ပြန်ဖြေလာခဲ့သည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း မင်း စီစဥ်စရာရှိတာကို စီစဥ်လိုက်တော့"

သူ့၏စကားများထဲ၌ အမှားအယွင်း မပါသောကြောင့် ရှောင်းကျဲယွိက အလွယ်တကူ လက်ခံလိုက်သည်။ သူက ကျုံးယုံအား ထိုတာအိုကျင့်ကြံသူအား ခေါ်ဆောင်သွားစေပြီး မွေးစားအမေနှင့် မွေးစားအဖေ၏အုတ်ဂူမျာ ပြောင်းရွှေ့ရန် ကိုင်တွယ်ခွင့်ပြုလိုက်သည်။

“ဒီအညတရကျင့်ကြံသူရဲ့ ကြိုတင်တွက်ချက်မှုအရ ဒီတစ်ခေါက် သင်္ချိုင်း ရွှေ့ပြောင်းပေးရမယ့်သူတွေက ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသွားတဲ့သူတွေလို့ သိခဲ့ရတယ်။ သူတို့ရဲ့နာကြည်းမှုတွေက အရမ်းပြင်းထန်လွန်းတယ်။ သူတို့က ဒီအညတရကျင့်ကြံသူရဲ့နောက်ကို လိုက်ဖို့ ဆန္ဒမရှိမှာကို စိုးရိမ်မိတယ်။ ဧကရာဇ်မင်းတစ်ပါး ဒါမှမဟုတ် မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ဦး ရှိနေမှ ဒီသင်္ချိုင်းတွေကို ချောချောမွေ့မွေ့ ရွှေ့ပြောင်းနိုင်လိမ့်မယ်”

ထိုတာအိုကျင့်ကြံသူက ချက်ချင်း ထွက်မသွားဘဲ ကျုံးယုံ၏ မိဘများအတွက် သင်္ချိုင်းကူရွှေ့ပေးရန် ရှောင်းကျဲယွိအား တောင်းဆိုနေသည်။

"ကောင်းပြီလေ၊ မင်းက ကျန်းကို လိုအပ်တယ်ဆိုမှတော့ ကျန်းကိုယ်တိုင် လိုက်ခဲ့ပေးမယ်"

ရှောင်းကျဲယွိက သဘောတူလိုက်ပြန်သည်။

ဒီတခေါက် သူနဲ့ ချင်းအာက သူတို့ရဲ့ မွေးစားအဖေနဲ့ မွေးစားအမေကို ကူညီပေးဖို့ ပြန်လာခဲ့ကြတာလေ၊ အဲ့လိုဆိုမှ‌တော့ သူ အတူလိုက်သွားတာက အကောင်းဆုံးပဲ။ သူလည်း ဖုန်း‌ရွှေအကြောင်း အနည်းအကျဥ်း သိထားတော့ အဲ့နေရာက တကယ်ကောင်း မကောင်း စစ်ကြည့်ဖို့ အခွင့်အရေး ရှိလာနိုင်တယ်။

“အော့မိတော့ဖော့၊ ကျွန်တော်မျိုး အရင် ပြန်သွားပြီး ပြင်ဆင်ထားလိုက်ပါ့မယ်”

ရှောင်းကျဲယွိထံမှ တိကျသောအဖြေကို ရရှိသွားသည့်အတွက် ထိုတာအိုကျင့်ကြံသူလည်း ကျေနပ်သွားပုံရသည်။ သူက ရှောင်းကျဲယွိကို ဦးညွှတ်ပြီး ပြန်ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူက သူ မသွားခင် စူးချင်းကို ကြည့်ကာ ထပ်ပြောလိုက်သေးသည်။

“ဧကရီမယ်မယ်၊ ဒီအညတရကျင့်ကဲ့သူရဲ့ အကြံဉာဏ်ကို နားထောင်ပေးတော်မူပါ၊ မယ်မယ်အနေနဲ့ ဒီဆယ်ရက်အတွင်း သတ်ဖြတ်မှုတွေကို ရှောင်ကြဥ်ရပါမယ်"

စူးချင်းက သူ့ကို ဂရုမစိုက်သလို ခပ်ပေါ့ပေါ့ ပြန်ကြည့်နေပြီး ဘာမှတ်ချက်မှ ပြန်မပေးခဲ့ပေ။

သူမက အပျော်သဘောနဲ့ လူလိုက်သတ်နေတဲ့ စိတ္တဇလူသတ်သမားမဟုတ်ဘူး။ ရွေးချယ်စရာမရှိလို့သာ ဘာမှ မတတ်နိုင်ဘဲ သတ်ဖြတ်တာတွေ လုပ်ခဲ့ရတာ။

ပြီးတော့ ဒီနှစ်တွေအတွင်းမှာ သူမ ဘယ်သူကိုမှ မသတ်ခဲ့ဘူး။ ဒါပေမယ့် သူမကို အန္တရာယ်ပေးလာရင်တော့ သူမက ဒီအတိုင်း ငုတ်တုတ်အသေခံမယ့်လူစားမျိုး မဟုတ်ဘူး။

ထိုတာအိုကျင့်ကြံသူကလည်း စူးချင်း၏တုံ့ပြန်မှုကို မစောင့်ဘဲ ဦးညွှတ်ကာ ပြန်ထွက်သွားတော့သည်။

"ခုန သူ ပြောခဲ့တာနဲ့ပတ်သတ်ပြီး ရှင် ဘာကိုမှ မတွေးမိဘူးလား?"

စူးချင်းက ရှောင်းကျဲယွိကို ကြည့်ကာ မေးလိုက်ပြန်သည်။

ဧကရာဇ်တစ်ပါးအနေနဲ့ အကြောက်ဆုံးအရာက ဘာလဲ? ဒီမေးခွန်းက မေးစရာမလိုအောင် အဖြေရှိပြီးသား မေးခွန်းလေ။ ဒါက ကိုယ်ပိုင်ဆိုင်ထားတဲ့ ရာဇပုလ္လင်ကို အခြားလူတစ်ယောက် လုယူမှာကိုပဲ။ အဲ့လူက သူ့ရဲ့ အရင်းနှီးဆုံး ဆွေမျိုးဖြစ်ရင်တောင် သူ ဒေါသထွက်မှာ သေချာတယ်။

"ကိုယ်က ဘာကို တွေးရမှာလဲ? မင်းက ဘယ်တုန်းကမှ ဧကရာဇ် မဖြစ်ချင်ခဲ့ဘူးလေ။ မင်းသာ ဧကရာဇ်ဖြစ်ချင်ရင် ကိုယ် အခု ဒီနေရာမှ ဘယ်လို ရှိနေနိုင်မှာလဲ?"

ရှောင်းကျဲယွိက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

သူက သူ့ရဲ့ချင်းအာကို ကောင်းကောင်း နားလည်ထားတဲ့သူလေ။ သူမက လယ်လုပ်ဖို့ပဲ ဆန္ဒရှိပြီး တိုင်းရေးပြည်ရေးတွေကို စိတ်မဝင်စားဘူး။ ဘယ်သူကပဲ ချင်းအာ ဧကရာဇ်ဖြစ်ချင်နေတယ်လို့ လာပြောပါစေ သူကတော့ လုံးဝ ယုံကြည်မှာ မဟုတ်ဘူး။

ဒီနဂါးပလ္လင်ရဲ့သွေးဆောင်မှုက ချင်းအာအပေါ်ကို ငွေရှာရတာလောက်တောင် သက်‌ရောက်မှု မရှိဘူး။ လယ်ယာလုပ်နေရင်း ပျော်ရွှင်နေတဲ့ သူမရဲ့ပျော်ရွှင်မှုူနဲ့ဆိုရင်တော့ နှိုင်းယှဥ်ဖို့တောင် မလိုဘူး။

"ဟုတ်တယ်၊ ရှင်က မင်းဆိုးမင်းယုတ် မဟုတ်တာ ရှင် ကံကောင်းတယ်လို့ ပြောလို့ရတယ်"

စူးချင်းကလည်း ပြုံးနေခဲ့သည်။ သူမ၏ အေးစက်သော မျက်လုံးများထဲတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ဆွဲဆောင်မှုရှိသော အရိပ်အယောင်လေးများ တောက်ပလာသည်။ ရှောင်းကျဲယွိက သူ့နှလုံးသားကို လက်တစ်စုံဖြင့် ညင်သာစွာ ပွပ်သပ်နေသလို ခံစားနေရပြီး မနေ့ညက အလွန်စိတ်အားထက်သန်နေသည့် သူ့ချင်းအာကို ပြန်တွေးနေမိသည်။ သူ့ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းလာပြီး သူ့သွေးများက တစ်နေရာတည်းကို စီးဆင်းသွားသလို သူ ခံစားနေရသည်။

နှစ်ယောက်သား မနက်စာစားပြီးနောက်တွင် သက်တော်စောင့်တစ်ယောက် ရောက်လာပြီး သတင်းပို့လာခဲ့သည်။

"အရှင်မင်းမြတ်၊ လီတာ့နျိုက အရှင်မင်းမြတ်ကို တွေ့ဖို့ တောင်းဆိုနေပါတယ်"

“သူ့ကို ဝင်ခွင့်ပြုလိုက်”

ရှောင်းကျဲယွိက သက်တော်စောင့်ကို အမိန့်ပေးလိုက်ပြီး လီတာ့နျိုကို ခေါ်လာခိုင်းလိုက်သည်။ တစ်ဆက်တည်းမှာပင် သူက စူးချင်းဘက်သို့ လှည့်ကာ အပြုံးဖြင့် မေးလာခဲ့သည်။

"ချင်းအာ၊ မနေ့က ကိုယ် တာနျို့ကို မေးဖို့ အခွင့်အရေး မရခဲ့ဘူး။ သတို့သမီးက ဘယ်ကလဲ"

“ဟုတ်သားပဲ၊ ကျွန်မလည်း မမေးမိဘူး”

စူးချင်းက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ သူမက အတင်းအဖျင်းပြောရခြင်းနှင့် စပ်စုခြင်းကို မကြိုက်သောကြောင့် ထိုကိစ္စကို လုံးဝ စိတ်မဝင်စားခဲ့ပေ။ သို့သော် ရှောင်းကျဲယွိက သူ့၏ဉီအစ်ကိုကောင်းအတွက် စိုးရိမ်နေပုံရပြီး စူးစမ်းချင်နေဟန်ရှိသည်။

သိပ်မကြာခင်မှာပင် သက်တော်စောင့်တစ်ယောက်က လီတာ့နျိုကို ခေါ်လာပေးခဲ့သည်။ သူ့၏သတို့သမီးအသစ်လေးကလည်း သူနှင့်အတူ လိုက်ပါလာသည်။

"ရွှေ့ရှန့်"

လီတာ့နျိုက ထောင်ဟွားဝူတွင် သူတို့ ခေါ်ပြောခဲ့သည့်အတိုင်း ရှောင်းကျဲယွိကို နှုတ်ဆက်လိုက်သည်။ သူက တောက်ပသော မျက်လုံးများဖြင့် သူ့ဇနီးကို ကြည့်နေပြီး သူ့မျက်နှာပေါ်တွင် ပျော်ရွှင်နေပုံရသည့် အပြုံးတစ်ခု ချိတ်ဆွဲထားသည်။ သူက ရှောင်းကျဲယွိနှင့် စူးချင်းတို့ကို သူ့ဇနီးနှင့် မိတ်ဆက်ပေးလာသည်။

"ဒါ ငါ့မိန်းမ... ဝမ်ရှို့တဲ့၊ မနေ့က ဝမ်ရှို့က မင်းတို့ကို မတွေ့လိုက်ရလို့ ဂါရဝပြုဖို့ ခေါ်လာခဲ့တာ”

"ဒီနိမ့်ကျတဲ့မိန်းခလေးက ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ်ကို နှုတ်ခွန်းဆက်သပါတယ်"

လီတာ့နျို၏မိတ်ဆက်ပေးသံ ဆုံးသွားသည်နှင့် ဝမ်ရှို့က ရှောင်းကျဲယွိနှင့် စူးချင်းတို့အား နှုတ်ဆက်ရန် ဒူးထောက်လိုက်သည်။ သူမက စည်းမျဥ်းစည်းကမ်းများကို ကောင်းစွာသိနေပုံရပြီး ကောင်းမွန်သော အပြုအမူကို ပြသနိုင်ခဲ့သည်။

“စည်းမျဥ်းစည်းကမ်းတွေ မလိုအပ်ပါဘူး”

ရှောင်းကျဲယွိက သူမကို မတ်တပ် ပြန်ရပ်ခိုင်းလိုက်သည်။ စူးချင်းကတော့ သတို့သမီးကို အကဲခတ်သလို ကြည့်နေပြီး ဘာမှမပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။

ဇနီးအသစ်လေးက ဖူးသစ်စ ပန်းပွင့်လေးကဲ့သို့ ချစ်စဖွယ်ကောင်းလှသည်။ သူမ၏ မျက်နှာက ဖြူစင်လွန်းသဖြင့် ညှစ်လိုက်လျှင် ရေများ ထွက်ကျလာနိုင်သည်ဟုပင် ထင်ရစေသည်။ သူမ၏ မျက်ဝန်ကျယ်ကျယ်လေးများက တောက်ပနေပြီး အလွန်တရာ လှပနေသည်။ သူမက ကမ္ဘာပေါ်တွင် အနှိုင်းမဲ့အလှပိုင်ရှင်ဟုပင် တင်စားခံရသင့်ပေသည်။

သူမ သူမ၏နှုတ်ခမ်းလေးများကို ခပ်ဖွဖွဖိကာ ပြုံးလိုက်တိုင်း သူမ၏ပါးပြင်ပေါ်မှ ပါးချိုင့်လေးများက သူမကို ပို၍ ချစ်စရာကောင်းလာစေသည်။

စူးချင်းကတော့ တစ်ခုခု ထူးဆန်းနေသလို ခံစားနေရသည်။

ဒီလို အနှိုင်းမဲ့အလှပိုင်ရှင်တစ်ယောက်က ဘာလို့ လီတာ့နျိုကို လက်ထပ်ခဲ့ရတာတုန်း?

လီတာ့နျိုက လူကောင်းတစ်ယောက် ဆိုရင်တောင် သူက ယဉ်ကျေးသိမ်မွေ့တဲ့သူမျိုး မဟုတ်ဘူး။ သူက ရိုးရိုးရှင်းရှင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း နေထိုင်တတ်တဲ့ သူမျိုးပဲ။ သူ့မိသားစုကို ကြည့်လိုက်ရင်လည်း သူတို့ အခု ချမ်းသာလာပြီ ဆိုပေမယ့် ဆွေမျိုးစဥ်ဆက် ချမ်းသာလာတဲ့ ဂုဏ်သိက္ခာရှိ မိသားစုတစ်ခု မဟုတ်သေးဘူး။ သူက ဒီတိုင်း သာမန်အရပ်သားတစ်ယောက်ပဲ။

ဒီမိန်းခလေးကို တစ်ချက်ကြည့်လိုက်တာနဲ့ သူမက အချိန်အတော်ကြာအောင် အလိုလိုက်ခံရပြီး ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရမှန်း အတက်ပြောနိုင်တယ်။ သူမရဲ့ အပြုအမူတွေက လုပ်ယူထားတာမျိုး မဟုတ်ဘူး။ သဘာဝကျကျ ကျက်သရေရှိနေပြီး မြင့်မြတ်တဲ့အသွင်အပြင်မျိုးဖြစ်နေတာက ပေါ်လွင်နေလွန်းတယ်။ သူမ စာအုပ်တွေ အများကြီး ဖတ်ပြီး ပညာကောင်းကောင်းသင်ခဲ့ရတာ သိသာနေတယ်။ သူမက လီတာ့နျိုနဲ့ မတူသူကွဲပြားတဲ့ အဆင့်အတန်းကနေ လာတာ သေချာတယ်။

စူးချင်းက ဝမ်ရှို့အား အကဲခတ်နေချိန်တွင် ဝမ်ရှို့ကလည်း သူမကို ပြန်ကြည့်နေသည်။ သူမ၏အပြုံးက လတ်လတ်ဆတ်ဆတ် ပွင့်နေသော နှင်းပန်းလေးကဲ့သို့ လန်းဆန်းနေပြီး လှပနေသည်။ သူမ၏မျက်လုံးများက အဝါရောင်သန်းနေပြီး ထိုမျက်လုံးများက စူးချင်းအတွက် နားမလည်နိုင်လောက်အောင် ရင်းနှီးနေသလို ခံစားရစေသည်။

“ဧကရီမယ်မယ်၊ ကျွန်တော်မျိုးမ တာ့နျိုဆီကနေ မယ်မယ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေအကြောင်း အများကြီးကြားခဲ့ရတယ်။ မယ်မယ်က မိန်းမတွေ အများကြီးကြားထဲက သူရဲကောင်းပဲ။ ကျွန်တော်မျိူးမ မယ်မယ့်အကြောင်း ကြားပြီးကတည်းက မယ်မယ့်ကို လေးစားပြီး အမြဲတမ်း အားကျနေခဲ့ရတာပါ၊ ဒီနေ့ မယ်မယ့်ကို မြင်လိုက်တာနဲ့ မယ်မယ်ရဲ့ ရဲရင့်ပြီး သူရဲကောင်းဆန်တဲ့ အမူအရာကိုတောင် မြင်ယောင်လာမိပါတယ်”

ဝမ်ရှို့၏စကားလုံးများက နားဝင်ချိုလှပြီး နှစ်သက်ဖွယ်ဖြစ်နေသည်။ သို့သော် စူးချင်းကတော့ ဘာကိုမှ ဂရုမစိုက်ပုံဖြင့် သူမကိုသာ စိုက်ကြည့်နေသည်။ သူမ၏မျက်နှာတွင် မြှောက်ပင့်ခံရခြင်းအပေါ် ကျေနပ်သွားသည့် အမူအရာလုံးဝ မရှိဘဲ နဂိုအတိုင်း လုံးဝ တည်ငြိမ်နေဆဲဖြစ်သည်။ ဝမ်ရှို့၏ အပြုအမူများကလည်း အေးအေးသက်သာ ဖြစ်နေပြီး သူမ ဘဝကျကျ လှုပ်ရှားနေမှန်း သိသာနေသည်။ သို့တိုင်အောင် သူမ၏ လှုပ်ရှားမှုတိုင်းက ဘာကြောင့်မှန်းမသိ ရင်းနှီးနေသလို စူးချင်း ခံစားနေရသည်။

All Chapters