စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် မဖြေရှင်းနိုင်သည့်အရာ ဘာမှမရှိ
Vol. 12 Ch. 158
အနားယူသည့် နေရာတွင် ခွမ်းရီသည် ခြေတင်ပျဉ်ခွေကာဖြင့် ထိုင်နေသည်။ ထို့နောက် စွမ်းအင်ပြန် လည်ဖြည့်တင်းခြင်း ဆေးလုံးအား မြိုချလိုက်သည်။
ဂိုဏ်းသား များစွာသည် သူ့အားဝန်းရံကာ ချီးကျူး မြှောက်ပင့်သည့် စကားများ ပြောဆိုနေကြသည်။
“အစ်ကို ခွမ်းရီရဲ့ ဓားမော့နည်း စနစ်က အရမ်းစွမ်းအားကြီးတာပဲ ….” ဂိုဏ်းသားတစ်ဦးမှ ဦးစွာ ပြောသည်။
“ဟုတ်ပ … အစ်ကို ခွမ်းရီကတော့ ကမ္ဘာစိတ်ဝိညာဉ် တောင်ထိပ်ရဲ့ လုရမ်ကို အနိုင်ယူလိုက်တာ။ သူက အခွံထဲ ပြန်ပေးပုန်းတဲ့ လိပ်ကြနေတာပဲ ပြေးတာများ …” နောက်ထပ် ဂိုဏ်းသားတစ်ဦးမှ ပြောပြန်သည်။
“တောက်ခ်” သူမ၏ သူရဲကောင်းလေးအား မဟုတ်မမှန် စကားများဖြင့် အသရေ ဖျက်နေသည့် စကားများအား ကြားလိုက်သည့် အခါတွင် ဂိုဏ်းသူတစ်ဦးမှာ ချက်ချင်းထွက်ခွာ သွားတော့သည်။
“အစ်ကို ခွမ်းရီ တိုက်ခိုက် သွားပုံအတော့ အစ်ကိုက အနိုင်ရဖို့ သေချာသလောက် ဖြစ်နေပြီ။ အရုဏ်ဦး ကောင်းကင် တောင်ထိပ်အတွက် ဂုဏ်ယူစရာဆိုတာ သေချာနေပြီ။” ဂိုဏ်းသား တစ်ဦးသည် ခွမ်းရီအား လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
ခွမ်းရီသည် မတုန်မလှုပ် အမူအရာဖြင့် သူ၏ထိုင်ခုံတွင် ထိုင်လျက် ရှိနေသည်။ လည်ဆန့်ကာဖြင့် နားဖာချေးအား လက်ဖြင့်နှိုက်နေ လိုက်သေးသည်။
ထိုအချိန်တွင် ခန့်ညား ချောမောသည့် လူငယ်တစ်ဦးသည် သိမ်သိမ်မွေ့မွေ့ ဟန်ပန်ဖြင့် လျှောက်လှမ်း လာသည်။ “မင်္ဂလာပါ ရောင်းရင်း ခွမ်းရီ … ကျွန်တော့်နာမည်က အန်လင်းပါ။”
ခွမ်းရီသည် သူ၏ နီရဲနေသော မျက်လုံးများအား ဖွင့်ကြည့်လိုက်သည်။ “ခင်ဗျားကို ကျုပ်အစောကတည်းက သတိပြုမိနေတာ။ သခင်လေး ရွှမ်ယွမ်ရဲ့ သူငယ်ချင်းလေ။ ခွေးစီးစစ်သည်တော် …”
အန်လင်းသည် ခွမ်းရီ၏ စကားလုံးများကြောင့် ရှုံ့မဲ့သွားရသည်။ ဒါဘယ်လို နာမည်ကြီးတုန်း။ ထားပါလေ။ ယခုအချိန်သည် ထိုအသေးအဖွဲလေး များအား ငြင်းခုန်နေရန် မဟုတ်။ သူ့ထံတွင် အလုပ်ကိစ္စ ရှိနေသည် မဟုတ်ပါလား။
အားတင်းကာ ပြုံးလိုက်ပြီးနောက် “ကိစ္စလေးရှိလို့ နှစ်ယောက်တည်း ပြောချင်တယ်ဗျ”
ခွမ်းရီသည် ပျင်းရိပျင်းတွဲ အမူအရာဖြင့် ဆက်လက်ရှိနေပြီး အန်လင်း တစ်ဦးတည်းထံသို့ စိတ်ဖြင့် အသံပို့လွှတ် လိုက်သည်။ “ဘာကိစ္စလဲ”
အန်လင်း သည်လည်း စိတ်ဖြင့်အသံ ပို့လွှတ်ကာဖြင့် ပြန်ဖြေလိုက်သည်။ “နောက်တစ်ပွဲကျ သက်သက်ညှာညှာ တိုက်ခိုက်ပြီး တန်ရှီယွမ်ကို အနိုင်ပေးလို့ ရမလားဗျ။ ကျွန်တော်က စိတ်ဝိညာဉ်ကျောက်တုံး လေးသောင်းနဲ့ ကမ်းလှမ်းပါ့မယ်။”
အန်လင်းသည် တွက်ချက်မှုအချို့အား ပြုလုပ်ထားပြီး ဖြစ်သည်။ ခွမ်းရီသည် ဒုတိယ နေရာအား ရရှိမည်ဆိုလျှင် အခြေခံအဆင့် စိတ်ဝိညာဉ် လက်နက် တစ်ခုနှင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းအား ဆုလာဘ်အဖြစ် ရရှိမည် ဖြစ်သည်။ သူကမ်းလှမ်းသည့် စိတ်ဝိညာဉ် ကျောက်တုံး လေးသောင်းအား ထည့်ပေါင်း မည်ဆိုလျှင် စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ခြောက်သောင်း ရရှိမည် ဖြစ်သည်။ ဤသည်မှာ ချန်ပီယံ ရရှိမည့် ပမာဏ၏ နှစ်ဆ ဖြစ်သည်။
ခွမ်းရီ၏ ခန္ဓာကိုယ်သည် တုန်ခါလာပြီးနောက် မျက်လုံး များသည်လည်း ပို၍ပင် ပြူးကျယ် လာလေသည်။ “ဘယ်လိုသောက် အဓိပ္ပာယ် မရှိတာမျိုးလဲ။ ကျုပ်က ငွေနဲ့ဝယ်လို့ရတဲ့ လူစားမျိုး မဟုတ်ဘူးဗျ။ မေ့လိုက်တော့။”
အန်လင်း : “စိတ်ဝိညာဉ်ကျောက်တုံး ရှစ်သောင်း”
ခွမ်းရီသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာသည်။ “ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေးပွဲမှာ ကျုပ်လိုချင်တဲ့ တစ်ခုတည်းသော ဂုဏ်သရေက ချန်ပီယံ ဖြစ်ဖို့ပဲဗျ။ ကျုပ်က ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေတာ ခင်ဗျားရဲ့ ညစ်ပတ်တဲ့ ပိုက်ဆံတွေအတွက် မဟုတ်ဘူးဗျ။”
အန်လင်း : “စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း။ ဒါနောက်ဆုံး ကမ်းလှမ်းချက်ပဲ။”
ခွမ်းရီ၏ ခန္ဓာကိုယ်သည် တုန်ရီနေမှုများ ရပ်တန့်သွားပြီးနောက် ယခင်အတိုင်း ပျင်းတွဲသည့် အမူအရာဖြင့် “လက်ခံတယ်”
ထို့ကြောင့် အန်လင်းနှင့် ခွမ်းရီတို့သည် သီးသန့်နေရာ တစ်ခုသို့လာကာ လျှို့ဝှက် သဘောတူခြင်းများ ပြုလုပ်ကာ လဲလှယ်ကြသည်။
ခွမ်းရီ၏ အမူအရာသည် ချီကျောက်တုံး ၁၀တုံးအား မြင်လိုက်သည့် အခါတွင် ပြောင်းလဲ သွားပြီးနောက် အန်လင်းအား နားလည် သဘောပေါက်သည့် အပြုံးတစ်ခု ပေးကာ ခေါင်းညိတ် လိုက်သည်။
“စိတ်ချမယ်နော်။ လူတွေ မသိပါစေနဲ့။”
“စိတ်မပူပါနဲ့။ ကျုပ်ရဲ့ သရုပ်ဆောင်ချက်က လုံးဝ ပါဖက်ထ်ပဲ။”
***
အန်လင်းသည် ရွှမ်ယွမ်ချန် ရှိလာသို့ ပြန်လာခဲ့သည်။ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချ လိုက်ပြီးနောက် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
မှန်ပေသည်။ လောကတွင် စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် မဖြေရှင်းနိုင်သည့် ပြဿနာဟူ၍ မရှိချေ။
အစ်ကိုယ်၍ ရှိနေမည်ဆိုလျှင် သေချာပေါက် လုံလောက်သည့် စိတ်ဝိညာဉ် ကျောက်တုံး အရေအတွက်ဖြင့် ကမ်းလှမ်းခဲ့ခြင်းမျိုး မရှိ၍သာလျှင် ဖြစ်ပေလိမ့်မည်။
ခေတ္တမျှ ကြာပြီးသည့် နောက်တွင် အများမျှော်လင့် နေကြသည့် ချန်ပီယံလုပွဲစဉ် စတင်ပြီ ဖြစ်သည်။
တန်ရှီယွမ်သည် ဝတ်စုံဖြူ ဝတ်ဆင်ကာဖြင့် စင်မြင့်ထက်တွင် တည်ငြိမ်စွာ ရပ်နေလေသည်။
ခွမ်းရီသည် သူ၏ ဓားမော့အား ထုတ်ယူ လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အဖျက်အဆီး စွမ်းအားများ ထွက်ပေါ်လာသည်။
ဘုန်း …
တိမ်ဓားနှင့် ဓားမော့တို့၏ ရင်ဆိုင် တွေ့ဆုံမှုကြောင့် ထွက်ပေါ်လာသည့် ကျယ်လောင်သော ပေါက်ကွဲသံသည် ကွင်းပြင် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ တိုက်ပွဲ စတင်လေပြီ။
“တိမ်ဓားမျှော်စင်” တိုးဖွဖွ အော်ဟစ် လိုက်ပြီးနောက် တန်ရှီယွမ်၏ ခန္ဓာကိုယ်သည် တိမ်တိုက်သဖွယ် လွင့်မျောကာ ခွမ်းရီထံသို့ ပြေးဝင် သွားလေသည်။
ခွမ်းရီ၏ ဓားမော့သည် စွမ်းအားကြီးသည့် အနီရောင် ဓားမော့ အငွေ့အသက်များ ပါဝင်သော ခုတ်ချက်များအား စဉ်ဆက်မပြတ် ထုတ်လွှတ် နေလေသည်။
ထိုသည်ကား သူ၏ သင်္ကေတ ဓားမော့နည်းစနစ် ဖြစ်သည့် ပေါက်ကွဲလှိုင်း တစ်ဆယ့်ရှစ်ချက် ဖြစ်ပြီး လှိုင်းတစ်လှိုင်းချင်းစီသည် ယခင်လှိုင်း များထက် ပိုမိုကာ အင်အားကြီး လာကြသည်။
ခွမ်းရီ၏ ဓားမော့ တိုက်ခိုက်မှုများတွင် ပါဝင်သည့် စွမ်းအား များသည် ပိုမိုအင်အား ကောင်းလာကြသည်။ တန်ရှီယွမ်သည် ခွမ်းရီ၏ တိုက်ခိုက်မှုများအား ရင်ဆိုင် တိုက်ခိုက်ဖို့ မဝံ့ရဲသည့်အတွက် ဆက်တိုက် ဆိုသလို ရှောင်တိမ်း နေရသည်။
“မင်းရဲ့ တိမ်တိုက် ကကြိုးကို သုံးလေ။ မဟုတ်ရင် ငါ့ကို နိုင်ဖို့ အလားအလာ မရှိဘူး။” ခွမ်းရီ၏ မျက်လုံးများသည် ကြောက်မက်ဖွယ် ကောင်းအောင် ပြူးကျယ် လာလေသည်။ တစ်ချိန်တည်းမှာပင် ထူးဆန်ကာ ထည်ဝါ သည်ဟုလည်း ထင်ရသည်။
ခွမ်းရီ၏ စိတ်ထဲတွင် အရာအားလုံးအား အစ်ကိုတွက်ချက်ပြီး ဖြစ်သည်။ တန်ရှီယွမ် သူမ၏ တိမ်တိုက် ကကြိုးအား အသုံးပြုပြီး မကြာမီတွင် သူရှုံးနိမ့်သွား ဟန်ဆောင်မည် ဖြစ်သည်။
တန်ရှီယွမ်၏ တိမ်တိုက် ကကြိုးသည် အလွန်စွမ်းအား ကြီးသည့်အတွက် သူသည်ပင်လျှင် ရင်ဆိုင်နိုင်စွမ်း မရှိချေ။
ထို့ကြောင့် သူ၏ ရှုံးနိမ့်မှုသည် ပို၍ လက်တွေ့ကျကာ အစစ်အမှန်ဟု ထင်မြင်ရစေရုံ သာမက ရှုံးနိမ့်ရခြင်းကြောင့် အရှက်ကွဲခြင်းလည်း မဖြစ်နိုင်တော့ချေ။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခတ် လိုက်ခြင်းပင်။
ခွမ်းရီ၏ ပေါက်ကွဲလှိုင်း တစ်ဆယ့် ရှစ်ချက်သည် နောက်ဆုံးလှိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် အလွန်တောက်ပသည့် အနီရောင်ဓားချက် ပေါ်လာသည်။ မြေပြင်အား ဆုတ်ဖြဲ လိုက်ပြီးနောက် လေပြင်းများ ဖြစ်ပေါ် လာစေသည်။
အလွန်အမင်း အားကောင်းသည့် ဓားခုတ်ချက်နှင့် ရင်ဆိုင် ရသော်လည်း တန်ရှီယွမ်သည် ရှောင်လွှဲခြင်း မပြုချေ။ သူမ၏ ဓားကို မြှောက်လိုက်ပြီးနောက် အဖြူရောင် ဓားချက်များ ထုတ်လွှတ်ကာ ခုခံလိုက်သည်။
ဘုန်း …
ဓားမော့ခုတ်ချက်နှင့် ဓားခုတ်ချက်တို့ ရင်ဆိုင်မိရာမှ အနီအဖြူ ရောစပ်သည့် စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာပြီး တိုက်ပွဲပြင်အား တိတိပပ ပိုင်းဖြတ် လိုက်သည်။
အဖြူရောင် ပုံရိပ်လေးသည် နှုတ်ခမ်းတွင် သွေးများ စီးကျလျက် လေထဲတွင် လွင့်ပျံ သွားလေသည်။ သူမ၏ နူးညံ့သည့် သွင်ပြင်မှာလည်း ရုတ်တရက် ဆိုသလို အလွန်ဖျော့တော့ သွားသည်။ သူမ၏ တိမ်ဓားသည် လက်ထဲမှ လွတ်ထွက် သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျ သွားလေသည်။
တန်ရှီယွမ်သည် မြေပြင်တွင် လဲလျောင်းလဲဖြင့် သူမရင်ဘတ်အား လက်ဖြင့် ဖိထားသည်။ နာကျင်သည့် အမူအရာဖြင့် “အရှုံးပေးတယ်။”
သူမ၏ ကြည်ရှင်း တောက်နေသော အသံလေးသည် ကွင်းပြင် တစ်ခုလုံးတွင် ပဲ့တင် ထပ်ကာဖြင့် လူတိုင်း၏ နားအတွင်းသို့ ရောက်ရှိ သွားလေသည်။
ခွမ်းရီသည် ဖြစ်ပျက်သွားသည့် အခြေအနေကြောင့် လုံးဝ ကြောင်အနေမိပြီး သူ၏ မျက်လုံး များသည်လည်း ပို၍ပင် နီရဲလာကြသည်။
ခဏလေး … ဘာတွေဖြစ်သွားတာလဲ။ သူအခု နိုင်သွားတာလား။
တန်ရှီယွမ်သည် ထိုမျှလောက် အားမနည်းသည်မှာ သေချာပေသည်။
သူမသည် မည်သည့် အတွက်ကြောင့် ပေါက်ကွဲလှိုင်း တစ်ဆယ့်ရှစ်ချက်အား မခုခံနိုင် ရသနည်း။ မှားယွင်း နေပေပြီ။
“ဂိုဏ်းအချင်းချင်း ချစ်ကြည်ရေး ပွဲစဉ်၏ ဗိုလ်လုပွဲတွင် အနိုင်ရရှိသူ ခွမ်းရီ ဖြစ်ပါတယ်။” အကြီးအကဲသည် ဒိုင်လူကြီး တစ်ဦး၏ ဟန်ပန် အပြည့်ဖြင့် ဗိုလ်လုပွဲတွင် အနိုင်ရရှိ သူအား ကြေညာ လိုက်သည်။
ကွင်းပြင်အတွင်း၍ ကျယ်လောင်သည့် အားပေးမှုများ ထွက်ပေါ်လာသည်။ အထူးသဖြင့် အရုဏ်ဦး ကောင်းကင် တောင်ထိပ်မှ ဂိုဏ်းသားများသည် ခွမ်းရီ၏ အမည်အား စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်ဟစ်အားပေး နေကြလေသည်။
တန်ရှီယွမ်၏ ပရိသတ် ဖြစ်ကြသော ဂိုဏ်းသား အချို့သည် ခွမ်းရီ၏ အနိုင်ရရှိမှု အပေါ် မကျေနပ်ကြပေ။ သို့သော်လည်း ထိုနှစ်ဦးကြားမှ စွမ်းအား ကွာဟချက်ကြောင့် မည်သည့် စကားမျှ မဆိုကြချေ။
ကွင်းပြင် တစ်ခုလုံးတွင် အန်လင်း တစ်ဦးတည်းသာလျှင် ခွမ်းရီနှင့် တူညီသည့် အမူအရာ ရှိနေခြင်း ဖြစ်သည်။
တန်ရှီယွမ်အား ဗလာ မျက်လုံးများဖြင့် ကြည့်နေပြီးနောက် ပါးစပ် အဟောင်းသားဖြင့် ရှိနေလေသည်။ တုန်လှုပ်မှုအား မထိန်းချုပ်နိုင်သေးချေ။
(တင်းတောင် … လက်ခံသူသည် အထူး တာဝန်အား ပြည့်မြောက်ရန် ရှုံးနိမ့်သည့် အတွက် ချီကျောက်တုံး ၁၀တုံး လျှော့ချခံလိုက်ရပြီ ဖြစ်ပါသည်။)
စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။
သိုလှောင်လက်စွပ်အတွင်း၍ ချီကျောက်တုံး ၉၀သာလျှင် ကျန်ရှိတော့သည်။ ၁၀တုံးသည် အလဟဿ ဖြစ်ခဲ့ရလေပြီ။
ယခုအခါတွင် အန်လင်းသည် ကျရှုံးလိုက်ရပြီ ဟူသည့် အရှိတရားအား ရင်ဆိုင်ရန်သာ ကြိုးပမ်း ရတော့မည်။
တန်ရှီယွမ်သည် သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် ပေနေသည့် သွေးများအား သုတ်လိုက်ပြီး မြေပြင်မှ ထလိုက်သည်။ ထို့နောက်တွင် အရုဏ်ဦး ကောင်းကင် တောင်ထိပ်မှ အကြီးအကဲစွန်း ထံသို့ သူမ၏ အစ်ကိုအား ပို့လိုက်သည်။
သူတို့နှစ်ဦးသည် တစ်ချိန်တည်းမှာပင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
အရုဏ်ဦးကောင်းကင် တောင်ထိပ်မှ အစ်ကိုကြီး အစ်ကိုစွန်းသည် ဗိုလ်လုပွဲစဉ်တွင် အရှုံးပေးရန် အတွက် တန်ရှီယွမ်အား စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းဖြင့် ကမ်းလှမ်းခဲ့သည်။
ထိုသို့သော ကမ်းလှမ်းမှုမျိုးကို မည်သူကမျှ ငြင်းပယ် နိုင်လိမ့်မည် မဟုတ်ချေ။
မည်သို့ပင် ဆိုစေကာမူ တန်ရှီယွမ်သည် ခွမ်းရီအား အနိုင်ရရှိရန် ရာနှုန်း၂၀သာလျှင် ရှိသည်။ ထို့ကြောင့် အကြီးအကဲစွန်းသည် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းဖြင့် ကမ်းလှမ်း လာခဲ့သည့် အခါတွင် ဆုရရှိမည့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းနှင့် ထည့်ပေါင်း မည်ဆိုပါက သူမသည် စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး လေးသောင်း ရရှိသွားပြီ ဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းသည် ချန်ပီယံ ဖြစ်ခွင့်ထက် ပို၍တန်ကြေး များပေသည်။
ထိုမျှလောက် အစ်ကို ကျေးဇူး များလွန်းသည့် ကမ်းလှမ်းမှုအား ရူးနှမ်းနေသော သူများမှသာလျှင် ငြင်းပယ်လိမ့်မည် ဖြစ်သည်။
ချန်ပီယံဖြစ်လာဖို့ ဂုဏ်သရေအတွက် တိုက်ခိုက် ရမည်လား။ နားလိုက်စမ်းပါ။
သူတို့ အားလုံးသည် ဂိုဏ်းခေါင်းဆောင်၏ တပည့်သားမြေး ဂိုဏ်းသား များသာလျှင် ဖြစ်ကြသည်။ ဂုဏ်သရေအား မည်သည့်နေရာတွင် အသုံးပြု ရမည်နည်း။
တန်ရှီယွမ်သည် တောက်ပစွာ ပြုံးလိုက်သည်။ သူမထံတွင် ရှိနေသည့် စိတ်ဝိညာဉ် ကျောက်တုံး သုံးသောင်းနှင့် ယခုရရှိမည့် စိတ်ဝိညာဉ် ကျောက်တုံး လေးသောင်းအား ပေါင်းလိုက်မည် ဆိုလျှင် အခြေခံအဆင့် အစ်ကိုာအစ်ကိုွယ်စိတ်ဝိညာဉ်ပစ္စည်း ဝယ်ယူဖို့ လုံလောက်ပေလိမ့်မည်။ ဆုလာဘ်အဖြစ် ရရှိမည့် အခြေခံအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်လက်နက်နှင့်ဆိုလျှင် သူမထံတွင် တစ်စုံ ရှိလာမည် ဖြစ်သည်။
ယင်းတို့၏ အပေါင်းအစပ်သည် လွန်စွာပြည့်စုံ လှပေသည်။
အရုဏ်ဦးကောင်းကင် တောင်ထိပ်မှ အကြီးအကဲစွန်းသည် အပြုံးကြီးကြီး တစ်ခုအား ချိတ်ဆွဲ ထားလေသည်။ ဤလောကကြီးတွင် စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် မဖြေရှင်း နိုင်သည့်အရာ ဘာမှမရှိချေ။
အစ်ကိုယ်၍ ရှိနေမည်ဆိုလျှင် သေချာပေါက် လုံလောက်သည့် စိတ်ဝိညာဉ် ကျောက်တုံး အရေအတွက်ဖြင့် ကမ်းလှမ်းခဲ့ခြင်းမျိုး မရှိ၍သာလျှင် ဖြစ်ပေလိမ့်မည်။
အန်လင်းသည် အကြီးအကဲစွန်း၏ အတွေးများကို သိရှိသွား မည်ဆိုလျှင် ဒေါသထွက်လွန်းသဖြင့် သွေးအန် နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ သူသည် ပိုများသော စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ကမ်းလှမ်းခဲ့သူ မဟုတ်ပါလား။
***