← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 17 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 17 Ch. 195-196

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၉၅

မာတလင်က အဒေါ်ရှုရဲ့ ပုံစံကို အိမ်ရဲ့ ပြတင်းပေါက်ကနေ မြင်လိုက်ရသည့်အခါ သူမကို ပြောဆိုနေခဲ့သည်။ “နင်က တစ်ခြားသူဆီကနေ အမြတ်မထုတ်ရရင် ဘယ်တုန်းကမှ မကျေနပ်ပါဘူး။ နင်က ရစ်ငှက်တွေကို မြင်တဲ့အခါဆိုရင် သူတို့အနောက် အမြဲတမ်း လိုက်သွားနေကြပဲလေ။”

မာတလင်က ဆဲဆိုနေရင်း အလုပ်လုပ်နေခဲ့ပြီး သူမရဲ့ ချွေးမ နှစ်ယောက်ကလည်း အတော်လေးကို စိတ်မရှည် ဖြစ်နေခဲ့ကြသည်။

မိသားစုထဲရှိ အကြီးဆုံး ကလေးသုံးယောက်ကလည်း ကျောင်းကို သွားကြပြီဖြစ်ပြီး အိမ်မှာ အငယ်ဆုံး သုံးယောက်ကို ထားခဲ့သည်။ အကုန်လုံးက သောင်းကျန်းတဲ့ အရွယ်ဖြစ်သည့် တစ်နှစ်နှင့် သုံးနှစ်ကြားတွေ ဖြစ်ကြသည်။ ချွေးမ နှစ်ယောက်က ကလေးတွေကို စိတ်ပျက်စွာ ကြည့်ပြီး သူတို့ရဲ့ အလုပ်ကို စိတ်တစ်ဝက် နှစ်ထားခဲ့ကြသည်။

ခနကြာပြီးနောက် အကြီးဆုံး ချွေးမက ထုံးစံအတိုင်း ပြောခဲ့သည်။ “အမေ၊ ကောတန်ရဲ့ အသံက မနေ့ညက ငိုပြီး လည်ချောင်းနာချင်သလို ဖြစ်နေပြီ။ နေ့လည်စာအတွက် သူ့ကို နှမ်းဆီလေးနဲ့ ကြက်ဥ ပေါင်းပေးလိုက်ရင်ရော ဘယ်လိုလဲ။”

သူမ အဲ့လို ပြောလိုက်တာနဲ့ ဒုတိယမြောက် ချွေးမက စိတ်ဆိုးသွားခဲ့သည်။ “အမေ၊ မောင်တန့်ကလည်း စကား မပြောဘူး။ ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက မိုင်မိုင့်က အပူလောင်ထားတယ်။ ကလေးတွေ အားလုံးအတွက် ကြက်ဥပေါင်း လုပ်ပေးလိုက်ရင်ရော ဘယ်လိုလဲ။”

'ငါတို့ကို ဒီအတိုင်းထားပြီး စားစရာ အားလုံးကို စားချင်နေကြတာလား။ မရဘူး။'

မာတလင်သည် သူမ ချွေးမနှစ်ယောက် ပြောလိုက်သည့် စကားများကြောင့် စိတ်ရှုပ်ပြီး ပြန်ပြောလိုက်သည်။ “စားကြ၊ စားကြဟေ့၊ စားကြ။ နင်တို့က စားဖို့လောက်ပဲ သိကြတယ်။ နင်တို့အိမ်မှာ ကြက်ဥတွေ အများကြီးရှိတယ်ဆိုတော့လေ၊ နင်တို့က အဲ့ဒါတွေ အားလုံးကို ဖြုန်းတီးပစ်ချင်နေတာလား။ နင်တို့ လည်ချောင်းနာတဲ့အချိန် ကြက်ဥတွေ စားကြမယ်ဆိုတော့ သူတို့အတွက်ဆို ကြက်ဥ ဘယ်နှစ်လုံးမှ လောက်မှာလဲ။”

မျက်ရည်ဝဲနေသည့် မာတလင်ရဲ့ မျက်လုံးတွေက သူမရဲ့ ချွေးမနှစ်ယောက် အကြားမှာ မျက်ရည် ကျသွားခဲ့ရသည်။ “ငါ့ကို လာကြည့်မနေကြနဲ့။ နင်တို့နှစ်ယောက်။ ငါ့မှာ နင်တို့ကို ကျွေးဖို့ ကြက်ဥတွေ အများကြီး မရှိဘူး။ တကယ်လို့ နင်တို့ ကြက်ဥ စားချင်တယ်ဆိုရင် ကိုယ့်ဘာသာ ပိုက်ဆံရှာကြ။ နင်တို့ နှစ်ယောက်က ဘာလို့ လမ်းထဲက ရုံးကို သွားပြီး မီးခြစ်ဆံဗူး သွားမလုပ်ကြတာလဲ။”

သူမရဲ့ ချွေးမက ရှက်သွားချင်ယောင်ဆောင်ပြီး ပြောခဲ့သည်။ “အမေ၊ ကျွန်မ ကလေးက နို့စို့အရွယ်ပဲ ရှိသေးတာ။ ပြီးတော့ ကျွန်မက ဒီကလေး နှစ်ယောက်ကို ချီထားရတာ လက်တွေ မအားဘူးလေ။ ကျွန်မတို့ အကြီးဆုံး ယောင်းမလို ဖြစ်ဖို့ ဆုတောင်းမိတယ်။ အကြီး နှစ်ယောက်က ကျောင်းသွားပြီး ကျွန်မ ဘေးနားမှာ အငယ်လေး တစ်ယောက်ပဲရှိတယ်။ သူမမှာက အားတဲ့အချိန်တွေ ပိုရှိတယ်။”

ထိုစကားရဲ့ အဓိပ္ပါယ်က အရမ်းကို ရှင်းသည်။ အကြီးဆုံး ချွေးမက အသက်ကို ဝအောင်ရှုပြီး ပြောလိုက်သည်။ “အမေ၊ ဒါ ကျွန်မ မသွားချင်တာ မဟုတ်ဘူး။ အဲ့တုန်းက ကောတန် ခနလောက် နေမကောင်းဖြစ်သွားတာ အခုထိ ပြန်မသက်သာသေးဘူး။ ကလေးကို ထားခဲ့ပြီး ကျွန်မကို အလုပ်သွားခိုင်းလို့ မရဘူး၊ ဟုတ်တယ်မလား။ ကောတန်သာ တစ်ခုခုဖြစ်သွားရင် ကျွန်မနဲ့ ယုံကျင်း စကားများလိမ့်မယ်မလား။”

'ဘာ၊ သူမကို အလုပ် လုပ်ဖို့အတွက် သွားပြောရင် သူမက အဲ့ဒါကို လုပ်မှာ မဟုတ်ဘူး။'

မာလတင်ရဲ့ ခေါင်းကိုက်ရတဲ့ဒဏ်က သူမရဲ့ ချွေးမအငယ်ကြောင့် ဖြစ်ခဲ့ရသည်။ သူမရဲ့ ချွေးမအကြီးက အဲ့လို ပြောလိုက်သည့်အခါ သူမ ချက်ကောင်းကို ထိသွားသလို ပွစိပွစိ လုပ်နေခဲ့သည်။

“နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ။ ကောတန် နေမကောင်းဖြစ်နေတာ ရက်တွေအများကြီး ရှိနေပြီလေ။ ကလေး နေမကောင်းတာက နင့်အတွက် ဘယ်လောက် ပြဿနာကြီး တစ်ခု ဖြစ်နေရတာလဲ။ နင် အပျင်းတစ်နေတာ တော်လောက်ပြီ။ သွား၊ လမ်းထဲက ရုံးကို သွားပြီးတော့ ပစ္စည်းတွေ သွားတောင်းချည်။ ဒီနေ့ ငါ့အတွက် စက္ကူဗူးတွေ သွားလုပ်ပေး။”

အကြီးဆုံး ချွေးမက သူမရဲ့ ယောင်းမကို ရန်သူ တစ်ယောက်လို စိုက်ကြည့်နေခဲ့သည်။ ထိုအချိန်မှာ ချွေးမ အငယ်က ပြုံးပြီး ဘာကိုမှ မပြောခဲ့ပါ။

မာတလင်သည် သူမရဲ့ ချွေးမကြီးကို ဖိနှိပ်နိုင်လိုက်ပြီဟု တွေးမိပြီး ပစ္စည်းတွေ ဝယ်ဖို့ ကုန်စုံဆိုင်ကို အနိုင်ရသည့် ပုံစံမျိုးဖြင့် ထွက်သွားခဲ့ကာ နေ့လည်စာ ပြင်ခဲ့သည်။

အဒေါ်ရှုက ထေ့ငေါ့သလို ပြုံးပြလိုက်သည်။ 'ဟဟ၊ ဒီအရူးမကြီးက အိမ်မှာရော အပြင်က ကိစ္စတွေ အားလုံးကို တာဝန်ယူနေရတယ်လို့ ထင်နေတဲ့ပုံပဲ။ ဒါပေမယ့် တကယ်တော့ သူမက အိမ်အလုပ် အများစုကိုတောင် မလုပ်ဘူး။'

'ဒါက ငါ့အတွက်တော့ ကွဲပြားတယ်။ ငါက အိမ်မှာရော၊ အပြင်မှာရော ချွေးမ နှစ်ယောက်လုံးရဲ့ စကားတွေကို နားထောင်ပေးပုံရပေမယ့် ပိုက်ဆံရှာပြီး အလုပ်လုပ်နေတာ ကျန်းယန်မဟုတ်လား။'

အဒေါ်လျှိုက သူမရဲ့ ခေါင်းကို ခါပြီး သူမရဲ့ ချွေးမကို ပြောလိုက်သည်။ “နေ့လည်စာ စားပြီးရင် ဘေးခြံကို သွားပြီး မီးခြစ်ဆံဗူးတွေ သွားလုပ်ရအောင်။”

သူမရဲ့ ကိုယ်ပိုင်ခြံအကြောင်းကို မေ့ထားလိုက်သော်လည်း ထိုမိသားစု နှစ်စုကို ကြည့်လိုက်ရုံနဲ့ သူမကို ဆိုးရွားတယ်ဟု ခံစားရစေခဲ့သည်။ သူမက ပစ္စည်းတွေကို ပြန်ယူလာခဲ့ရင် မိန်းမကြီး နှစ်ယောက်က သူမရဲ့ အိမ်ကို ရောက်လာပြီး သူမနှင့် ရန်ဖြစ်ရမှာ သေချာသည်။ ထို့အပြင် သူမရဲ့ ဒေါသအတွက် လျော်ကြေးပေးဖို့ ပိုက်ဆံလည်း လုံလုံလောက်လောက် မရှိပါ။

မစ္စထျန်က ပြန်တုံ့ပြန်ခဲ့သည်။ “ဟုတ်ပါပြီ။”

သူတို့မှာ ကလေး နှစ်ယောက်ရှိပြီး တစ်ယောက်ကို ကျောင်းပို့ပြီး နောက်တစ်ယောက်ကို နေ့ကလေးထိန်းကျောင်း ပို့ထားခဲ့သည်။ တစ်မနက်လုံး အိမ်အလုပ်တွေ ရှုပ်‌ပြီးနောက် သူတို့က ထပ်ပြီး အားသွားခဲ့ကြသည်။

ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူမ အားသည့်အခါ သူမရဲ့ ယောက္ခမက ခြံ‌ထဲမှာ နေရတာ မကြိုက်ဘဲ ဘေးအခန်းရှိ အိမ်နီးချင်းများထံ သွားလည်ဖို့ အမြဲတမ်းလိုလို သူမကို ခေါ်သွားခဲ့သည်။

၀မ့်ရင်းအတွက်ကတော့ သူရဲ့ စက္ကူလုပ်ငန်း ပြီးဖို့အတွက် စက်ရုံက ရုံးကို အရင်ဆုံး သွားခဲ့သည်။ အစပိုင်းမှာတော့ သူမက သူမရဲ့ ရွာက အိမ်ထောင်စု စာရင်းကို ထိန်းထားစဉ် မြို့ကို ပြောင်းလို့ ရမယ်ဟု တွေးထားခဲ့သည်။ နောက်ပိုင်းမှာ ဒါက ရိုးရှင်းတဲ့ အိပ်မက်တစ်ခုဆိုတာ သူမ သိသွားခဲ့သည်။

အခုချိန်မှာ မြို့နှင့် ရွာတွေရဲ့ အိမ်ထောင်စု စာရင်းတွေက လုံး၀ကို မတူညီတဲ့ စနစ်နှစ်ခု ဖြစ်သည်။ သူမတို့ မြို့မှာ အလုပ် ရသွားပြီဆိုကတည်းက သူမတို့ရဲ့ အိမ်ထောင်စု စာရင်းကို အဲ့နေရာဆီ ပြောင်းရမှာပဲ။

သူမတို့ ဒီနေရာကို မပြောင်းဘူးဆိုရင် မြို့က နင်တို့ကို ဆန်နဲ့ ဆီ လက်မှတ်တွေ ပေးမှာ မဟုတ်ဘူး။

ဆန်နဲ့ ဆီစာအုပ် မရှိဘူးဆိုရင် လတိုင်း သူမတို့ ရှာလို့ရတဲ့ ပိုက်ဆံ နည်းနည်းလေးနဲ့ ဘာမှ ၀ယ်လို့မရပေ။ ဘာလို့လဲဆိုတော့ သူမတို့ကို ဆန်လက်မှတ်နဲ့ တစ်ခြား လက်မှတ်‌တွေ ပေးမှာ မဟုတ်ပေ။ ပြီးတော့ သူမတို့တွေ လုပ်ရင်တောင် အဲ့ဒါတွေကို သုံးလို့ရမှာ မဟုတ်ချေ။

ထို့ကြောင့် ၀မ့်ရင်းက အဲ့အကြောင်းကို တွေးလိုက်ပြီး တပ်မဟာနှင့် စာရွက်စာတမ်း တစ်ခုမှာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့သည်။ အဲ့ထဲမှာ ခြံနဲ့ အိမ်က သူမရဲ့ အပိုင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့သည်။

သူမ မြို့ကို ပြောင်းပြီး နှစ်အနည်းငယ် အကြာမှာ ရွာက သူမရဲ့ အိမ်နှင့် ခြံကို အခြားသူတွေ အပိုင် သိမ်းသွားတဲ့အထိ မစောင့်ချင်ခဲ့ပါ။

ဒီအိမ်ကို ပြင်တုန်းက သူမရဲ့ စုငွေ များစွာကို သုံးခဲ့ရသည်။

အလုပ် အခြေကျပြီးနောက် စက်ရုံရုံးက ဆေးရုံအတွက် တာ၀န်ခံမယ့်လူကို ခေါ်ခဲ့သည်။

“ဆရာ၀န်ယန်၊ ဒါက တပ်သား ၀မ့်ရင်းပါ။ ဆရာ့ရဲ့ ဆေးခန်းမှာ တာ၀န်ကျတဲ့ လူသစ်ပါ။ တပ်မဟာ ဆေးခန်းမှာ တပ်သား ၀မ့်ရင်းက အလွတ်တမ်း ဆရာ၀န် အနေနဲ့ လုပ်ကိုင်ခဲ့တာပါ။ ဒီတစ်ခေါက်တော့ သူက ဆရာ၀န် တစ်ယောက် အနေနဲ့ လေ့ကျင့်ဖို့ ဒီကို ရောက်လာခဲ့တာပါ။”

ဆရာ၀န်ယန်က မငယ်တော့ပါ။ သူက လေးဆယ်ကျော်၊ ငါးဆယ် အရွယ်လောက် ရှိနေပြီ ဖြစ်သည်။ သူသည် ဆံပင်ကို သေချာ ဖြီးထားပြီး အနောက်ကို သပ်ထားခဲ့သည်။ သူသည် ဘယ်တော့မီ မပြုံးတဲ့ လူတစ်ယောက်လို ဖြစ်နေခဲ့သည်။

၀မ့်ရင်းက မိတ်ဆက်ပြီး သူမကိုယ်သူမ မိတ်ဆက်ခဲ့သည်။

ဆရာ၀န်ယန်က ဘာမှ မပြောဘဲ သူမကို ဆေးခန်းသို့ ပြန်ခေါ်သွားခဲ့သည်။

ဒါမှမဟုတ် ဒီရက်တွေမှာ လူတိုင်းက မြို့မှာ နေချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ နိုင်ငံပိုင် စက်ရုံတွေက လစာ ကောင်းသည်။ စက်ရုံက ကျယ်ပြီး ကန်တင်းတွေတောင် အများကြီး ပါရှိသည်။ နန့်ရှောင်မြို့တွင် အကြီးဆုံးဖြစ်သည့် သကြားစက်ရုံမှာ လူထောင်ပေါင်းများစွာကို ခန့်ထားပြီး အကုန်လုံး ရှိသည်။

လုံခြုံရေးဌာန၊ ဆေးရုံ၊ ကန်တင်း၊ အရောင်းဌာန - …..

အခြေခံအားဖြင့် အဲ့မှာ အလုပ်သမားတွေရဲ့ မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်း အစရှိသည့် နေ့စဉ်ဒူ၀ ဖြစ်ရပ်တွေ ရှိနေခဲ့သည်။

၀မ့်ရင်းသည် တစ်လျှောက်လုံး ဆရာ၀န်ယန်ရဲ့ အနောက်ကို လိုက်သွားခဲ့သည်။ ဆရာ၀န်ယန်က ဘာမှသိပ်ပြီး မပြောပါ။ သို့သော် သူသည် လမ်းတစ်လျှောက် တွေ့ရတဲ့ အရာတွေကို ပြောနေရင်း သူ့ရင်ထဲကနေ ဂုဏ်ယူနေခဲ့သည်။

“ဒါ ငါတို့ စက်ရုံရဲ့ လုံခြုံရေးဌာန။ သူတို့ကို လုံခြုံရေး ဌာနလို့ ခေါ်တယ်ဆိုပေမယ့် သူတို့က စက်ရုံက ပညဿနာတွေ အားလုံးနီးပါးကို ကိုင်တွယ်ထားတာ။”

၀မ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ သူမရဲ့ အတိတ်ဘ၀မှာ သူမသည် တစ်ခါတစ်လေ ရဲစခန်းလို တာ၀န်ယူထားရသည့် နိုင်ငံပိုင် စက်ရုံကြီးရဲ့ လုံခြုံရေး ဌာနတွေကို သိနေခဲ့သည့် လူကြီးများနှင့် ပြောဆို ဆက်ဆံဖို့ ရောက်လာခဲ့သည်။ အလုပ်သမားတွေ ပြဿနာ ဖြစ်ကြသည့်အခါ သူတို့ရဲ့ ပထမဆုံး တုံ့ပြန်ချက်က စက်ရုံကို သွားကြမည် ဖြစ်ပြီး ရဲကို သွားမခေါ်ကြပါ။

နောက်ပိုင်း မျိုးဆက်တွေက စက်ရုံ လုံခြုံရေးတွေကို တစ်ခါတစ်လေ အထင်သေးကြသော်လည်း နိုင်ငံပိုင် စက်ရုံရဲ့ လုံခြုံရေး ဌာနမှာ အလုပ်လုပ်ရတာက အရမ်းကို အားကျဖို့ ကောင်းသည်။

ဆရာဝန်ယန်က ဝမ့်ရင်းကို အချိန်အတော်ကြာ လှည့်လည် ခေါ်သွားပြီး စက်ရုံရဲ့ နေရာအများစုနှင့် အကျွမ်းတ၀င် ဖြစ်ပြီးနောက် သူမကို ဆေးရုံသို့ ခေါ်လာခဲ့သည်။

သကြားစက်ရုံရဲ့ ဆေးပေးခန်းက စက်ရုံရုံး အနီးနားက နှစ်ထပ် အဆောက်အဦမှာ တည်ရှိသည်။ ဒုတိယထပ်က ဝါဒဖြန့်တဲ့ ဌာနဖြစ်ပြီး ပထမထပ်က ဆေးပေးခန်း ဖြစ်သည်။

နေရာက မီတာ နှစ်ရာပတ်လည် ကျယ်ဝန်းပြီး ဆေးရုံ ကုတင်တွေ အများကြီးနှင့် ဆရာဝန်နှင့် ဆွေးနွေးခန်း နှစ်ခန်းနှင့် ရုံးခန်းကြီး တစ်ခန်း ပါရှိသည်။

ဆရာဝန်ယန်က ဝမ့်ရင်းကို ရုံးခန်းထဲသို့ ခေါ်သွားပြီး အဲ့ထဲမှာ လူရှစ်ယောက် ထိုင်နေခဲ့သည်။

ဆရာဝန်ယန်က သူတို့ကို တစ်ယောက်ချင်း လိုက်လ့ မိတ်ဆက်ပေးခဲ့သည်။ “ငါတို့ စက်ရုံမှာ ဆရာဝန် သုံးယောက် ရှိပြီးတော့ မင်းပါ အပါအ၀င်ဆို ငါတို့ လေးယောက်ပေါ့။ ယောက်ျားလေး နှစ်ယောက်နဲ့ မိန်းကလေး နှစ်ယောက်ပေါ့။ ငါတို့က မိန်းမနှစ်ယောက်ရှိပြီး ယောက်ျား နှစ်ယောက်က ဆရာဝန် ကျောက်နဲ့ ဆရာဝန်စွန်း။ သူတို့က သူနာပြုတွေ၊ ရှောင်ကျန်းနဲ့ ရှောင်းယန်။ ပြီးတော့ ဒီမှာက ငါတို့ရဲ့စာရေး ရှောင်ဖေး၊ ရှောင်ကျိုး။ သူတို့က အရောင်းအ၀ယ် ဌာနမှာ အလုပ်လုပ်တာ။ ဒါက ငါတို့ရဲ့ ထိန်းသိမ်းတဲ့သူ ရှောင်ကျင့်။”

ဝမ့်ရင်းသည် လူတစ်ယောက်ရဲ့ နောက်ဆုံး နာမည်တွေကို မှတ်မိဖို့က ခက်ခဲသော်လည်း လူတစ်ယောက်ရဲ့ မျက်နှာကို မှတ်မိဖို့ဆိုတာက ပြဿနာတစ်ခု မဟုတ်ဘူးဟု သူမရဲ့ စိတ်ထဲကနေ တွေးနေခဲ့သည်။

အမျိုးသား ဆရာ၀န် နှစ်ယောက်လုံးက အသက်ပိုကြီးပြီး ဆရာဝန်ယန်နှင့် အသက်အရွယ် တူတူလောက် ရှိသည်။ သူတို့ကြားမှာ ဘာမှ ထူးထူးခြားခြား ကွာခြားချက်မျိုး မရှိဘဲ နှစ်ယောက်လုံးက သာမန် ပုံစံတွေသာ ဖြစ်သည်။

သူနာပြု နှစ်ယောက်လုံးက သိပ်ပြီး အသက် မကြီးသေူပလ။ သူတို့က အသက် နှစ်ဆယ်တောင် မရှိသေးတာ သေချာသည်။ ရှောင်းယန်လို့ခေါ်သည့် သူနာပြုက ဆရာဝန်ယန်နှင့် အနည်းငယ် ဆင်သည်။ သူတို့က အမျိုး‌ တော်လားဆိုတာ ငါလည်း မသိတော့ပါဘူး။

အခြား နှစ်ယောက်က သွေးသား မတော်စပ်ဘဲ နှစ်ယောက်လုံးက လူငယ်တွေ ဖြစ်သည်။ သူတို့ကို ကြည့်ရတာ သိပ်ပြီး အသက် မကြီးသေးပါ။ တစ်ယောက်က မျက်နှာမှာ ဝက်ခြံအပြည့် ရှိနေပြီး အခြားတစ်ယောက်က အနည်းငယ် ခန့်သော်လည်း အတော်လေး အရပ်ပုသည်။ သူက ၁.၆ မီတာလောက်သာ ရှည်သည်။

ဝမ့်ရင်းသည် ရှောင်ကျင့်ဟု ခေါ်သည့် နောက်ဆုံး အထိန်းကြောင့် အတော်လေး သဘောကျသွားခဲ့ရသည်။ အကြောင်းကတော့ ဆရာဝန်က သူမကို မြင်သည့်အခါ မေးငေါ့ပြလိုက်ပြီး “ငါ မင်းကို အထင်သေးတယ်” ဆိုသည့် စကားတွေက သူ့ရဲ့ မျက်နှာပေါ်မှာ ရေးထိုးထားသလို ဖြစ်နေခဲ့သည်။

ဘယ်လိုပဲ ဖြစ်နေပါစေ၊ မကြာခင်မှာပဲ ဆရာဝန် ရှောင်ကျင့်ရဲ့ မိသားစု ‌ကျောထောက်နောက်ခံက သိပ်ပြီး မဆိုးဘူးဆိုတာ သိသွားခဲ့ရသည်။

သူက နာရီ တစ်လုံးကို ဝတ်ထားပြီး အဲ့ဒါက အတော်လေး ဈေးကြီးပုံရပြီး သူရဲ့ အဖြူရောင် ကုတ်အင်္ကျီကလည်း အနီရောင် သိုးမွှေးသားနှင့် လုပ်ထားကြောင်း ပြသခဲ့သည်။

ဒီခေတ်မှာ ကုန်ကြမ်း ပစ္စည်းတွေ ဝယ်ဖို့ဆိုတာ အရမ်း ခက်တာ နင် သိသင့်တယ်။ တပ်သား မိသားစုတွေကတောင် ကောင်းတဲ့ ကုန်ကြမ်း ပစ္စည်းတွေအတွက် လက်မှတ်တွေ ရဖို့ဆိုတာ မလွယ်လောက်ဘူး။ ဒီလို အနီရောင် တောက်နေတဲလ အရောင်ကို ဒီတိုင်းပဲ ထားလိုက်ပါ။

ဝမ့်ရင်းရဲ့ စိတ်ထဲမှာ အတွေးတွေ ချာချာလည်သွားခဲ့သည်။ ထို့နောက် သူမက အခြေအနေကို ချက်ချင်း နားလည်သွားသည်။

သကြားစက်ရုံရဲ့ ဆေးရုံမှာ နည်းပညာပိုင်း ရာထူးတွေကို ခန့်အပ်ထားခံရဖို့ဆိုတာ မလွယ်ကူပါ။ ထို့အပြင် လူနာတွေကို ကုသပေးတာက အခြားအရာတွေနဲ့ ဘာမှ ကွဲပြားမှု မရှိပါ။ တကယ်လို့ သူတို့က လူနာတွေကို ကုသတဲ့ နေရာမှာ တကယ် မကျွမ်းကျင်ဘဲ ဒီရာထူးကို တာ၀န် ပေးခံလိုက်ရရင် သူတို့က အလုပ်သမားတွေ သတင်းပေးတာကို စောင့်နေကြရုံသာ ဖြစ်သည်။

သို့သော် အောက်မှာရှိတဲ့ သူနာပြုနှင့် ပို့ဆောင်ရေး ရာထူးတွေကို လူငယ်တွေ ခန့်ထားပြီး ငါ့အထင်တော့ သူတို့ရဲ့မိသားစုတွေက သူတို့ကို ဒီနေရာမှာ အလုပ်ရအောင် လုပ်ပေးဖို့ နည်းလမ်းတွေ တွေ့သွားကြပုံပဲ။

အလုပ်ရုံမှာ အလုပ် ကြိုးစားရတာနဲ့ ယှဥ်လိုက်မယ်ဆိုရင် ရုံးခန်း တစ်ခန်းထဲမှာ ထိုင်ပြီး လုပ်ရတဲ့ အလုပ်တစ်ခု လုပ်ပြီး သူတို့ရဲ့ ကလေးတွေကို သက်တောင့်သက်သာ ပိုက်ဆံရှာလို့ ရစေချင်တဲ့ မိသားစုတွေအတွက်ကတော့ ပုံမှန်ပဲ ဖြစ်သည်။

ဝမ့်ရင်းက လူတိုင်းကို ပြုံးပြီး နှုတ်ဆက်ခဲ့ကာ ဆရာဝန် ရှောင်ကျင့်ကလွဲလို့ လူတိုင်းက သူမကို ရင်းနှီးတဲ့ အပြုအမူမျိုးဖြင့် ပြန်ပြီး နှုတ်ဆက်ခဲ့ကြသည်။

ဝမ့်ရင်းကို သာမန် အလုပ်သမားအဖြစ် ခန့်ထားခဲ့သည်။ သာမန် အလုပ်သမားဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ။

အဓိပ္ပါယ်ကတော့ စက်ရုံမှာ ဘာမတော်တဆမှ မရှိရင်တောင် သူတို့ အသက်ကြီးလာတဲ့အထိ စက်ရုံထဲမှာ အလုပ် လုပ်ရမည် ဖြစ်သည်။

အဲ့လိုကိစ္စမျိုး ရှိနေကတည်းက ချက်ချင်းကြီး ကြံ့ကြံ့ခံ နေဖို့ မလိုအပ်ပါ။ စိတ်ဝင်စားစရာ ပြဿနာမျိုး မရှိသည့်အတွက် တစ်လျှောက်လုံး ဒီအတိုင်းသာ ရှိနေခဲ့သည်။ ထို့အပြင် သူတို့က ဆယ်စုနှစ်များစွာ တစ်ယောက်ကို တစ်ယောက် တွေ့နေရဦးမည် ဖြစ်သည်။

သူနာပြု နှစ်ယောက်က အတော်လေး ကျေနပ်နေတာ သိသာသည်။ ဆေးရုံထဲတွင် မိန်းမတွေသာ ရှိပြီး သူတို့က ဆရာဝန်ယန်၊ ဆရာဝန်ကျင့်နှင့် သူတို့နှစ်ယောက်မှာ ဆရာဝန်ယန်က အသက် ပိုကြီးပြီး ဆရာဝန် ရှောင်ကျင့်က သူတို့ကို အမြဲတမ်း အထင်သေးတတ်သည်။ အခုဆိုရင် အသက် မတိမ်းမယိမ်းရှိသည့် ဆရာဝန် တစ်ယောက်က ရောက်လာပြီးရောက်လာပြီး သူတို့က ထပ်ပြီး ပတ်သက်ရမည် ဖြစ်သည်။

“ဆရာဝန် ရှောင်ဝမ့်၊ ကျေးဇူးပြုပြီး ဒီမှာ ထိုင်ပါနော်”

သူနာပြု ရှောင်ကျန်းက မျက်နှာဝိုင်းပြီး လူကြီးတွေ သဘောကျတဲ့ အသွင်အပြင်မျိုး ရှိသည်။ သူမက ပြတင်းပေါက်ဘေးမှာ ဝမ့်ရင်းအတွက် အခန်းတစ်ခန်း လူပ်ပေးခဲ့သည်။

ဝမ့်ရင်းက သူမကို ကျေးဇူးတင်ပြီး သူမရဲ့ အိတ်ကို ချွတ်ကာ သူမ တာဝန်ပေးခံထားရတဲ့ အဖြူရောင် ကုတ်အင်္ကျီကို ဝတ်လိုက်သည်။

အဖြူရောင် ကုတ်အင်္ကျီကို ဝတ်ပြီးနောက် ဝမ့်ရင်းက ထုံးစံအတိုင်းပဲ သူမ အိတ်ကပ်ထဲက သကြားလုံး လက်တစ်ဆုပ်စာကို ထုတ်ပြီး ရှောင်ကျန်းရဲ့ လက်ထဲသို့ ထည့်ပေးခဲ့သည်။ ထို့နောက် သူမက စက္ကူအဖြူ တစ်စကို ရှာတွေ့ပြီး သူမရဲ့ အိတ်ကပ်ထဲက သကြားလုံး လက်နှစ်ဆုပ်စာကို အဲ့ပေါ်သို့ တင်လိုက်သည်။

“ကျွန်မက ဒီကို ရောက်ခါစပဲ ရှိသေးတာ။ ပြီးတော့ နောက်ပိုင်း ကျွန်မ ရှင်တို့ရဲ့ အကူအညီကို လိုလာလိမ့်မယ်။ ဒီသကြားလုံးတွေကို စိတ်ချလက်ချ ယူပြီး အချိုလေး စားလိုက်ပါ။”

ဝမ့်ရင်းက သကြားလုံးကို အလယ်မှာ ချက်ချင်း ထားခဲ့သည်။ ရှောင်ကျန်းက တစ်လုံးကို ကျေကျေနပ်နပ် အခွာခံပြီး စားနေခဲ့သည်။ “ဆရာဝန်ဝမ့်၊ ရှင်က နို့သကြားလုံး ယူလာတာပဲ။ အဲ့ဒါက တကယ်ကို စားကောင်းတယ်။”

သူမက သူနာပြု ရှောင်းယန်ကို နှစ်လုံး ပေးလိုက်သည်။ အဲ့ဒါတွေနဲ့ နောက်ထပ် နှစ်လုံးကို ထပ်ယူပြီး အခြားသူတွေကလည်း ပျော်ရွှင်စွာ ရောက်လာပြီး သကြားလုံး အချို့ကို ယူစားခဲ့ကြသည်။

ဆရာဝန်ယန်က ဝမ့်ရင်းကို စိုက်ကြည့်နေကာ သကြားလုံး နှစ်လုံးကို ယူဖို့အတွက် ရောက်လာခဲ့သည်။

ဝမ့်ရင်းယူလာတဲ့ သကြားလုံးတွေ အားလုံးက နို့သကြားလုံးတွေ ဖြစ်သည်။ ဒါတွေက ယုန်ဖြူလေးတွေ မဟုတ်သော်လည်း ရှားပါးသည်။

ဆေးခန်းက ခနလေးအတွင်းမှာပဲ လူကုန်သွားခဲ့ကာ အတွေ့အကြုံရှိသည့် ဆရာဝန် များစွာတို့ကလည်း ဝမ့်ရင်းနှင့် ရင်းနှီးသွားခဲ့သည်။

ဖျက်လိုဖျက်စီး လုပ်ချင်သည့် လူတစ်ယောက်သာ ရှိသည်။

“သွားပြီး ခယနေကြတဲ့သူတွေ။”

ရှောင်ကျင့်က မျက်လုံးကို ဖွင့်ကြည့်ပြီး တစ်ခုခုကိုပြောကာ လမ်းလျှောက် ထွက်သွားခဲ့သည်။

သူနာပြု ရှောင်ကျန်းက အသက်တောင် မရှူရဲဘဲ သူမရဲ့ ပါးတွေက သကြားလုံးတွေကြောင့် ဖောင်းကားနေခဲ့ပြီး ရှဥ့်လေးတစ်ကောင်လို ဖြစ်နေခဲ့သည်။ တစ်ဖက်တွင် သူနာပြု ရှောင်းယန်က သူမရဲ့ မျက်လုံးတွေက ပျော်နေပုံ ရသော်လည်း တိတ်ဆိတ်နေခဲ့သည်။

ဆရာဝန်ယန်က ကိစ္စတွေကို အဆင်ပြေသွားအောင် လုပ်ပေးလိုက်တာပဲ ဟုဆိုကာ ဝမ့်ရင်းက ထပြောလိုက်သည်။

“ဆရာဝန် ရှောင်ကျင့်က ဘယ်သူ့အကြောင်း ပြောနေတာလဲ။ သူက ဘာလို့ ရုတ်တရက်ကြီး ဆဲဆိုပြီး လမ်းလျှောက် ထွက်သွားရတာလဲ။ သူက မျက်နှာလို မျက်နှာရဖြစ်အောင် မြှောက်ပင့်တဲ့သူတွေကို သွားပြီး စာရင်းရှင်းတော့မလို့လား။”

ဆရာဝန်ယန် - ……

'နင့်ကို သူဆူသွားတာ နင်မသိလိုက်ဘူးဆိုတာကိုတော့ ငါမယုံဘူး။'

ဝမ့်ရင်းက ဘာမှမသိပုံရသည်။ “ငါက အခုလေးတင်မှ ဒီကို ရောက်လာတာနော်။ ဆရာဝန် ရှောင်ကျင့်က အမြဲတမ်း အခုလိုပဲလား။”

သူမက စကားတွေကို ထိန်းလိုက်သည်။ “အမြဲတမ်း အခုလို ရန်ဖြစ်ချင်တဲ့ စိတ်ကပဲ ဖုံးလွှမ်းနေတာလား။”

ဆရာဝန်ယန် - ……..

'ဟုတ်ပြီ။ ဒီမှာ နောက်ထပ်တစ်ခု ရောက်လာပြီဟေ့။'

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၉၆

ဝမ့်ရင်းက ထိုစကားကို ပြောလိုက်သည့်အခါ ရုံးခန်းကြီးက ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားခဲ့သည်။

ဒါ……

“ ဖွီ၊ ဟဟဟဟဟ….”

“ဟ ဟ ဟ ဟ……..”

လူငယ်တွေက ရယ်တာကို မရပ်နိုင်ကြတော့ပါ။

အဲ့ဒါတော့ မှန်သည်။ ဆရာဝန်ကျင့်ရဲ့ မောက်မာတဲ့ အကျင့်သည် သူ့ရဲ့ ရန်ဖြစ်ချင်တဲ့ စိတ်ကို ပြနေခဲ့သည်။ သူက မီးပွားတစ်ခုလို ဖွာခနဲ လုပ်ဖို့အတွက် စောင့်နေခဲ့ရုံသာ ဖြစ်သည်။ ထို့နောက် ဆရာဝန်ကျင့်က ချောင်းပြီး တစ်ရုံးလုံးကို ပေါက်ကွဲတော့မည် ဖြစ်သည်။

သို့သော် အဲ့ဒါကို ပြောရမယ်ဆိုရင် ဘယ်သူကမှ ဆရာဝန်ကျင့်နှင့် တည့်တိုးကြီး ရန်မဖြစ်ဖူးခဲ့ကြပါ။

အကြောင်းမှ ဆရာဝန်ကျင့်ရဲ့ တင်းမာတဲ့ အပြစ်တွေသာ မရှိရင် အမြဲတမ်း သူက ဒီလူတွေနှင့် ထိပ်တိုက် စကား ပြောရသည့်အခါ အထင်သေးလေ့ ရှိသည်။ ထို့ကြောင့် သူသည် ရုံးက လူများနှင့် စကားများဖို့ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ပါ။ အရင်ကလိုပဲ ဆရာဝန်ကျင့်ရဲ့ ပုံမှန် လှုပ်ရှားမှုတွေကြိ စကားတစ်လုံးဖြင့် အခြားသူတွေက ကျော်သွားပြီး သူ့ရဲ့ အထင်သေးမှုကို ဖော်ပြလေ့ ရှိသည်။ တစ်ခါတစ်လေ သူက ရှာတွေ့ထားသော အမှန်တရား အချို့ကို ပွစိပွစိ ပြောပြီး အခြားသူတွေကို ပြောစရာ စကားမရှိအောင် လုပ်ပြီး ထွက်သွားတတ်သည်။

'ဘာ ဆူညံသံတွေလဲ။ ငါတို့ သူ့ကို မောင်းထုတ်သင့်လား။'

ဝမ့်ရင်းသည် ဆရာဝန်ကျင့်ရဲ့ ဒေါသကိုရော၊ သူ့ရဲ့ မိသားစု နောက်ခံကိုလည်း ဂရုမစိုက်ခဲ့ပါ။ သူမ ရောက်လာသည့်အခါ သူမက တာဝန်ခံ ဆရာဝန် လေးယောက်ထဲက တစ်ယောက် ဖြစ်နေခဲ့သည်။

လုပ်နိုင်စွမ်းရှိတဲ့ သူမတို့လို လူတွေအတွက်ကတော့ သူမတို့က ဒေါသကြီးတာမျိုး မရှိရင်တောင် ဒါက လုံလောက်ပြီလေ။ ပြီးတော့ သူမတို့က အဲ့ဒါကို တောင့်ခံထားတုန်းမလား။ မဖြစ်နိုင်ပါဘူး။

အဲ့ဒါအပြင် အကိုကြီးတွေလို ဂုဏ်ပုဒ်ရှိသည့် အလုပ်သမားတွေက ဒီရက်တွေမှာ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ နိုင်ငံပိုင် စက်ရုံရှိ အဆင့်မြင့် နည်းပညာ အလုပ်သမားတွေက စက်ရုံ ဒါရိုက်တာရဲ့ အရှေ့ရှိ စားပွဲမှာတောင် အပြစ်ပြောလို့ ရသည့်အတွက် ဘယ်သူက ဘယ်သူ့ကို ထပ်ပြီး ဖားယားလို့ ရနိုင်မှာလဲ။

အခြားသူတွေရဲ့ အတွေးကို မကြည့်ဘူးဆိုရင် ဝမ့်ရင်းရဲ့ လုပ်ရပ်က ရုံးခန်းထဲက ဆရာဝန်ကျင့်ကို သိပ်ပြီး မတွေးပေးတဲ့ ဆရာဝန်ယန်နှင့် ပြဿနာ ဖြစ်စေသည်။

သူက ဒီကို အတွေ့အကြုံ ရယူဖို့အတွက်သာ ရောက်လာပြီး သူ့မှာ အရည်အချင်း နည်းနည်းသာ ရှိသော်လည်း ဒေါသ ကြီးသည့်အတွက် သူမက သူ့ကို သူမရဲ့ နေ့စဉ် ဘဝမှာ လျစ်လျူရှုထားခဲ့သည်။

“၀မ့်ရင်း နောက်ပြီးရင် နင့်ရဲ့ စားစရာ လက်မှတ်တွေကို သွားလဲလိုက်ဦး။ ငါတို့ စက်ရုံ ကန်တင်းမှာ နေ့လည်စာဖို့ အတွင်းက စားစရာ လက်မှတ်တွေကို သုံးကြတယ်။ နင်က ဒီနေရာမှာ လူသစ်ဆိုတော့ အခုထိ ဘာမှ သိပ်ပြီး မ၀ယ်ရဘူးဘူးပေါ့။ အဲ့ဒါ သွားယူလိုက်။ စက်ရုံမှာ ကန်တင်း နှစ်ခု ရှိတယ်။ အကြီးတစ်ခု၊ အသေးတစ်ခု။ နေ့လည်မှ ရှောင်ကျန်း နင့်ကို လိုက်ပြမယ်။”

ပြောရမယ်ဆိုရင် တတိယလူနဲ့ စကားပြောလို့ အဆင်မပြေရတဲ့ အဓိက အကြောင်းဟာ လူနှစ်ယောက် အကြားရှိ ဆက်ဆံရေးကို မြဲအောင်အောင် လုပ်ဖို့အတွက် ဖြစ်သည်။ အခုလေးတင် ဝမ့်ရင်း ပြောလိုက်သည့် ဟာသ နှစ်ခုသည် သူမရဲ့ အလုပ်နေရာသို့ ဝင်ရောက်လာခဲ့သည်။

ဒါဟာ ဆရာဝန်ကျင့်က ဒေါသကြီးလို့ မဟုတ်ဘဲ ရုံးထဲတွင် သူနဲ့ ပတ်သက်သည့် လူဆိုလို့ ဘယ်သူမှ ရှိမနေခြင်းကြောင့် ဖြစ်သည်။

ဝမ့်ရင်းက ပြုံးပြီး ဆရာဝန်ယန်နှင့် သဘောတူလိုက်သည်။ “ဟုတ်ပါပြီ။ ကျွန်မတို့ နေ့လည်စာ အတူတူ စားကြတာပေါ့။”

ရှောင်ကျန်းက ပိုပြီးတော့တောင် ပျော်နေခဲ့သည်။ သူမက စားရတာကို သဘောကျပြီး သူမ ကန်တင်းမှာ ရှိနေသည့် အချိန်တိုင်း ဒီဟာ စားချင်တယ်၊ ဟိုဟာ စားချင်တယ် ဖြစ်နေခဲ့သော်လည်း အမြဲတမ်း တုံ့ဆိုင်းနေခဲ့သည်။ သို့သော် တစ်ယောက်ယောက်က သူမနှင့် အတူတူ ရှိသည့်အခါ သူမက မပြောပြတတ်လောက်အောင် ပျော်နေခဲ့သည်။

သူမ အလုပ်ရဲ့ ပထမဆုံးနေ့မှာ ဝမ့်ရင်းရဲ့ အဓိက အလုပ်သည် ဆေးခန်း တစ်ခုလုံး၊ ဆေးပုံးများနှင့် ဆေးပစ္စည်း အမျိုးမျိုးနှင့် သူမကိုယ်သူမ ရင်းနှီးအောင် လုပ်ဖို့အတွက် ဖြစ်သည်။ သူမသည် ဆေးခန်းရဲ့ ဆေးဝါး မှတ်တမ်းများ၊ လူနာနှင့် တိုင်ပင်ရသည့် ကိစ္စများနှင့် စာရွက်စာတမ်း စီမံခန့်ခွဲတာတွေကို လေ့လာခဲ့သည်။

နေ့တစ်နေ့ရဲ့ နေ့လည် ရောက်သည်အထိ အသေးအဖွဲ ကိစ္စများနှင့် ကုန်ဆုံးခဲ့ရသည်။ “ငါတို့ အလုပ်သမားတွေက အင်အားကြီးတယ်” ဆိုသည့် သီချင်း ရေဒီယိုကနေ အသံ ထွက်လာသည့်အခါ ရှောင်ကျန်းက ၀မ့်ရင်းကို ဆွဲပြီး အတူတူ အပြင်ထွက်ဖို့အတွက် မစောင့်နိုင်တော့ပါ။

“ငါတို့ ကန်တင်းက မစ္စတာလျှိုကလေ ကြာဇံချက် လုပ်တဲ့နေရာမှာ တကယ်ကို တော်တာ။ တကယ်လို့ နင်သာ အရမ်း နောက်ကျပြီးမှ ရောက်သွားမယ်ဆိုရင် ဘာကိုမှ စားရမှာ မဟုတ်ဘူးနော်။”

ဝမ့်ရင်းက ထိုစကားကို ကြားသည့်အခါ ချက်ချင်း ထရပ်လိုက်သည်။

အစားအသောက်နှင့် ပတ်သက်တဲ့အခါ တုံ့ဆိုင်းနေတာမျိုးက အစားအစာကို မလေးစားရာ ရောက်သည်။

သူမသည် သူမရဲ့ နေ့လည်စာ ထမင်းဗူး အသစ်လေးကို ယူပြီး ရှောင်ကျန်းနှင့်အတူ ဆေးရုံထဲကနေ ထွက်သွားပြီး မသွားရသေးတဲ့သူတွေကို ဘာလို့ ကန်တင်းကို မသွားကြသေးတာလဲဟုတောင် မမေးတော့ပါ။

ဆရာဝန်ယန်ကလည်း ထရပ်ပြီး ထွက်သွားကာ သူနာပြု ရှောင်းယန်ကို ပြောလိုက်သည်။ “ဒီနေ့ ညကျရင် ညစာ စားဖို့ အိမ်ကို လာခဲ့။ နင့်ဦးလေးက ကြာစွယ် ကောင်းကောင်းတွေ ဝယ်လာမယ်လို့ ပြောတယ်။ ဒီနေ့ည ငါတို့ ကြာစွယ် ဟင်းချို လုပ်သောက်ကြမယ်။”

ရှောင်းယန်က မတုံ့မဆိုင်းဘဲ ပြောလိုက်သည်။ “ဟုတ်ကဲ့။”

ဆရာဝန်ယန် ထွက်သွားပြီးနောက် ရှောင်းယန်က သူမကိုယ် သူမ မှန်ထဲကို ကြည့်လိုက်ပြီး သူမရဲ့ အဝတ်တွေကို ဖြန့်ကာ ထွက်သွားခဲ့သည်။

ရုံးခန်းထဲက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေ အကုန်လုံး ထွက်သွားတာကို မြင်သည့်အခါ အကြီးနှစ်ယောက်က ထရပ်ပြီး အတူတူ ထွက်သွားခဲ့သော်လည်း ကန်တင်းကို တန်းပြီး မသွားခဲ့ကြပါ။

နောက်ဆုံးမှ ထွက်သွားကြတဲ့သူတွေက ရှောင်ဖေးနှင့် ရှောင်ကျိုး ဖြစ်သည်။

ရုံးခန်းထဲရှိ လူတိုင်းက ထွက်သွားခဲ့ကြသည်။ ဒီတစ်ခေါက်မှာ တိတ်ဆိတ်တဲ့ လူနာဆောင်ထဲမှာ ပုန်းနေသည့် ဆရာဝန်ကျင့်က ထွက်လာခဲ့သည်။ ဘယ်သူမှ မရှိတဲ့ အခန်းလွတ်ကြီးက သူ့ကို ဒေါသထွက်စေပြီး အံကို ကြိတ်ထားခဲ့သည်။

“ဟူးး”

သူက ‌လူနာဆောင်ထဲမှာ ပုန်းနေခဲ့သော်လည်း ဒီလူတွေက သူတို့ ညစာ ထွက်စားတာတောင် သူ့ကို မခေါ်ကြဘူးလား။

ဆရာဝန်ကျင့်က ဒေါသတကြီး လမ်းလျှောက်ကာ ထွက်သွားပြီး သူ့နောက်က ဆေးရုံ တံခါးကို ပိတ်လိုက်သည်။

ဝမ့်ရင်းနှင့် ရှောင်ကျန်းက လူတန်း အရှည်ကြီး ရှိနေသည့် ကန်တင်းကို တန်းသွားခဲ့သည်။ ဝမ့်ရင်းနှင့် ရှောင်ကျန်းက တစ်တန်းပြီး တစ်တန်းမှာ ဝင်ဝန်းစီခဲ့ပြီး ရှောင်ကျန်းနှင့် ဝမ့်ရင်းက မိသားစု အကြောင်းတွေ ဆွေးနွေးဖို့အတွက် အခွင့်အရေး ရခဲ့ကြသည်။

“ငါ့နာမည်က ကျန်းနာပါ။ ငါ့ကို မနှစ်ကမှ ငါတို့ဆေးရုံမှာ တာဝန်ချထားတာ။ ငါ့အသက်က ဆယ့်ကိုးနှစ်ပါ။ ငါ့မိဘတွေက စက်ရုံမှာ အလုပ်လုပ်တာ။ အဖေက အဆင့် ခုနစ်ရှိတဲ့ စက်ပစ္စည်း တပ်တဲ့သူ။ အမေက ပို့ဆောင်ရေး အပိုင်းမှာ လုပ်တာ။”

ဝမ့်ရင်းက ဆွံ့အသွားခဲ့သည်။ “ညီမလေး၊ နင်တို့က နင်တို့ရဲ့ ချမ်းသာတာတွေ အားလုံးကို ချက်ချင်း လွှင့်ပစ်နေသလိုပဲ။ နင်တို့တွေ တကယ်ကို အလိမ်မခံရဘူးလား။”

“ငါ ငါရဲ့ အခြေအနေကို ရုံးမှာ ရှင်းပြထားပြီးပါပြီ။ ငါက ၂၂နှစ် ရှိနေပြီ။ လက်ထပ်ထားတာလည်း နှစ်တွေကြာပြီ။”

ကျန်းနာက စပ်စုချင်နေပုံရသည်။ “နင့်ရဲ့ အမျိုးသားကရော ငါတို့ စက်ရုံကပဲလား။”

ထိုခေတ်တုန်းက လင်မယားတွေသည် အလုပ် အတူတူ လုပ်ကြပြီး အလုပ်ရုံ တစ်ခုတည်းမှာ အလုပ်များစွာကို လုပ်ကိုင်ကြသည်။ အထူးသဖြင့် အလုပ်ရုံ တစ်ခုမှာ အလုပ် အတူတူ လုပ်ဖို့ဆိုတာ စုံတွဲတွေအဖို့ ပုံမှန်သာ ဖြစ်သည်။ အဲ့ဒါက လုံးဝကို သာမန်သာ ဖြစ်သည်။

ကျန်းနာ ကိုယ်တိုင်က သကြားစက်ရုံမှာ သူမနှင့် အတူတူ အလုပ်လုပ်သည့် လူတစ်ယောက်ကို ရှာချင်နေခဲ့သည်။ ဒါဟာ လင်မယားတွေ အိမ်ခွဲနေဖို့အတွက် ပိုပြီး လွယ်ကူလိမ့်မယ်ဟုလည်း သူမရဲ့ မိဘတွေက ပြောခဲ့သည်။

ဝမ့်ရင်းက ခေါင်းခါပြလိုက်သည်။ “မဟုတ်ဘူး။ သူက တစ်ခြား နေရာမှာ အလုပ် လုပ်တာပါ။ နိုင်ငံပိုင် စားသောက်ဆိုင်တစ်ခုမှာလေ။”

ကျန်းနာ - “တကယ်လား။ နေ့တိုင်း သူက အရသာရှိတဲ့ စားစရာတွေကို စားလို့ရတယ်လို့ ဆိုလိုတာလား။ သူက စားဖိုမှူး တစ်ယောက်လား။ သူက ဘယ်လို ဟင်းပွဲတွေကို ချက်တာလဲ။ အဲ့ဒါက ဘာဟင်းတွေလဲ။ သူက အိမ်မှာပဲ ချက်တာလား။”

ဝမ့်ရင်း - “နေ့တိုင်းတော့ ငါလည်း သိပ်မသိဘူး။ ဟုတ်တယ်။ သူက အများကြီး ချက်တယ်။ အိမ်မှာဆို ငါက ဟင်းပွဲတွေ အများကြီး မှာပြီး သူက အဲ့ဒါတွေကို ချက်ပေးတယ်။ ဒါပေမယ့် ငါက အလုပ်ကို လာနေရတော့ သပ်သပ်စီ စားနေရတယ်။”

ကျန်းနာက အတော်လေးကို အားကျနေခဲ့သည်။ “ငါလည်း စားဖိုမှူး တစ်ယောက်လောက် လိုချင်လိုက်တာ။ ဒါပေမယ့် ငါ့မိဘတွေက စားဖိုမှူးတွေဆိုတာ အလုပ် မဖြစ်ဘူးလို့ ပြောကြတယ်။ တစ်နေကုန် ချက်ပြုတ်နေရတဲ့ သူတွေက သူတို့ ပြန်လာတဲ့အချိန်ဆို အိုးခွက်တွေကို ထိတောင် မထိချင်ကြဘူးတဲ့။ ဒါက မှန်တယ်လို့ ငါထင်ထားခဲ့တာ။ စားဖိုမှူးတစ်ယောက် ရှိတာက‌ မကောင်းဘူးလို့ပေါ့။ တကယ်လို့ သူက ငါ့အတွက် မချက်ပြုတ်ပေးရင် ငါက သူ့အတွက် ချက်ပေးရမှာလား။ အဲ့ဒါက ဆုံးရှုံးမှုကြီး တစ်ခု မဟုတ်ဘူးလား။ ပြီးတော့ စားဖိုမှူးတွေ အားလုံးကို ကြည့်ရတာ….. သူတို့က ကြည့်ကောင်းတယ်ဆိုရင်တောင် သူတို့က ၀တယ်လို့ ငါ့အမေက ပြောတယ်။ စားဖိုမှူးတွေ အားလုံးမှာ မျက်နှာဝိုင်းဝိုင်း၊ လည်ပင်းတုတ်တုတ်နဲ့ သူတို့က အသက်ကြီးလာရင် ကြည့်ကောင်းမှာ မဟုတ်ဘူးလို့ ငါ့အဖေက ပြောတယ်။”

ဝမ့်ရင်း - “အဲ့လို ကြည့်မကောင်းတာတော့ မဟုတ်ပါဘူး။”

ရိုးရိုးသားသား ပြောရရင် သူမက ရှုရွှမ်းကို အပေါ်ယံမှာ ရုပ်ဆိုးတယ်ဟု မတွေးမိခဲ့ပါ။ အဓိက အကြောင်းပြချက်မှာ သူတို့ အတူတူ ရှိနေချိန်မှာ ရှုရွှမ်းက ကြည့်ကောင်းသည့် ပုံစံမျိုးရှိပြီး မျက်နှာက ဝတ်စုံ ပြောင်းလိုက်ရုံဖြင့် နောက်ပိုင်း ပြေးလမ်းမှာတောင် လျှောက်လို့ ရသည်။ သူ့ကို ဝမ်ရင်းက လမ်းပေါ်မှာ တွေ့လိုက်သည့်အခါ သူက ဘာအလုပ် လုပ်လဲဆိုတာကို ခန့်မှန်းလို့ မရနိုင်သည့် လူမျိုး ဖြစ်သည်။ စားဖိုမှူးတိုင်းရဲ့ ပုံစံက ချမ့်တုန်လိုမျိုး ဝတဲ့ ပုံစံမျိုး ဖြစ်သော်လည်း ရှုရွှမ်းက နှစ်တွေအကြာကြီး သူ့ရဲ့ ပုံစံကို ထိန်းထားနိုင်ခဲ့သည်။

ရှုရွှမ်း ဝလာသည့်အခါ ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲဆိုတာ ဝမ့်ရင်းက သူမတို့ စိတ်ထဲမှာ ပုံဖော်နေခဲ့သည်။

ဟူး….

အဲ့ဒါကို မဆိုထားနှင့် ဒါက အတော်လေး ချဉ်ပြီး လတ်ဆတ်သည်။

ကျန်းနာက စာကလေး တစ်ကောင်လို အချိန် အတော်ကြာ စကားတွေ ပြောနေခဲ့သည်။ ထို့နောက် ရုတ်တရက် သူမက အသိပြန်ကပ်သွားသည့်အခါ သူမရဲ့ မျက်နှာက နီရဲသွားသည်။

“ငါ၊ ငါ၊ ငါ နင့်ရဲ့ အမျိုးသားက အဲ့လိုမျိုး ဖြစ်သွားမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။”

ဒါက သူမ စကားပြောတဲ့ ပုံစံမျိုး ဖြစ်သည်။ သူမ လူတွေနှင့် စကား စပြောတာနှင့် တစ်ပြိုင်နက် သူမသည် သူမကိုယ်သူမ မထိန်းနိုင်ဘဲ အရာအားလုံးက စတင် ထုတ်ပြောခဲ့သည်။ အခုဆိုရင် သူမက သူမရဲ့ သူငယ်ချင်း အသစ်ကို စော်ကားမိတော့မလို ဖြစ်သွားခဲ့သည်။

ဝမ့်ရင်းသည် သူမရဲ့ မျက်နှာက ပန်းသီးနီနီလေး တစ်လုံးလို နီရဲလာတာကို မြင်လိုက်ရသည်။ ထို့နောက် မျက်မှောင်ကြုတ်ပြီး သူမရဲ့ပါးကို ဆွဲလိုက်သည်။ “နင် အဲ့လို ဆိုလိုတာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်။”

ငယ်ရွယ်ပြီး ရိုးသားတဲ့ ကောင်မလေးက သူမ အဖေနှင့် အမေ ပြောတာကို ပြန်ပြောခဲ့ရုံသာ ဖြစ်သည်။ နင် သူမကို တစ်ချက် ကြည့်လိုက်ရုံနဲ့ သူမက ပျော်စရာကောင်းတဲ့ မိသားစု တစ်စုက နာခံတတ်တဲ့ ကောင်မလေးဆိုတာကို ပြောနိုင်ပြီး သူမကလည်း တစ်ခြားသူတွေနဲ့ ပတ်သက်တဲ့သူ မဟုတ်ပါ။

ကျန်းနာက ၀မ့်ရင်းရဲ့ လက်ကို ဖက်လိုက်သည်။ “နင်က အရမ်း ကြင်နာတတ်တာပဲ။”

ဝမ့်ရင်းက သက်ပြင်းချလိုက်သည်။ “ငါက ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် အခုတော့ နင် သွားလို့ရပါပြီ။”

ကျန်းနာ - “ဘာလို့လဲ။ နင် ငါ့ကို မခင်တော့ဘူးလား။”

ဝမ့်ရင်းမှ “အရှေ့ကို ကြည့်လိုက်။”

အရှေ့တွင် စားစရာကို စောင့်နေသည့် မိန်းမကြီးက မပျော်ပုံ ရသည်။

ကျန်းနာ - !!!

“ငါက ကြာဇံချက် တစ်ပန်းကန်၊ ဂေါ်ဖီကြော် တစ်ပန်းကန်နဲ့ ဂျုံဖြူနဲ့ လုပ်ထားတဲ့ ပေါက်စီ တစ်လုံး လိုချင်တာ။”

ကျန်းနာသည် သူမ စားချင်တာတွေ ပြောတာကို ကြားသည့်အခါ ရှက်သွေးဖြာသွားခဲ့ပြီး စားစရာ လက်မှတ်ကို ပေးလိုက်သည်။

ဝမ့်ရင်းက အနောက်ကနေ ကပ်ပြီး လိုက်သွားကာ တစ်ချက် မြန်မြန် ကြည့်လိုက်သည်။ “ငါလည်း ကြာဇံချက် တစ်ပန်းကန်၊ ခရမ်းသီးကို ဆော့စ်နဲ့ တစ်ပန်းကန်၊ ပြီးတော့ ဂျုံဖြူနဲ့ ပေါက်စီ တစ်လုံး။”

မိန်းမကြီးက ရလာသော စားစရာများကို ဝမ့်ရင်း ပေးလိုက်သည့် နေ့လည်စာ ထမင်းဗူးထဲ မြန်မြန် ထည့်ပေးလိုက်ပြီးနောက် ပေါက်စီ ပူပူကြီးကို လက်ကမ်းပေးလိုက်သည်။

ဝမ့်ရင်းသည် သူမ ဗိုက်မဝမှာကို စိုးရိမ်သည့်အတွက် သူမက ပေါက်စီတွေရဲ့ အရွယ်အစားကို ကြည့်ပြီး ဒါတွေ မလောက်ဘူးဆိုရင် နောက်တစ်ခု ထပ်မှာဖို့ တွေးနေခဲ့သည်။ သို့သော် သူမက ပေါက်စီတွေကို မြင်သည့်အခါ စိတ်ပြောင်းသွားခဲ့သည်။ နိုင်ငံပိုင် စက်ရုံက ရက်ရောပြီး ပေါက်စီတွေကို အစဉ်လိုက်၊ ကြီးကြီးနှင့် တစ်လုံးဆို လုံလောက်ပြီး တစ်၀က်သည် နိုင်ငံပိုင် စားသောက်ဆိုင်မှ ဖြစ်သည်။

ဝမ့်ရင်းသည် နေ့လည်စာ ထမင်းဗူးကို ယူပြီး စားဖို့အတွက် နေရာ သွားရှာရန် မစောင့်နိုင်တော့ပါ။

ကြာဇံချက်ထဲမှာ အသားမပါသော်လည်း ဝမ့်ရင်းက အသားဟင်းအတွက် လက်မှတ် တစ်စောင် ရခဲ့သည်။ အဲ့ဒါက နေရာ မရှိနေပုံ မရပါ။ ဟင်းပွဲတွေရဲ့ ဝက်ဆီ အနံ့သည် မွှေးနေပြီး များပြားတဲ့ ပမာဏ တစ်ခုကို အကြံပြုနေခဲ့သည်။

သူမ ပွစိပွစိ လုပ်နေချိန်မှာ ကျန်းနာက နှစ်လုပ်လောက် စားပြီးပြီ ဖြစ်သည်။ “ဒါက ငါတို့ ကန်တင်းထဲမှာ ဘယ်လို ရှိနေလဲဆိုတာပဲ။ ငါတို့က ဟင်းပွဲတွေထဲကို ဝက်ဆီ ထည့်ချက်ပြီး အဲ့ဒါကို အသားဟင်းတစ်ပွဲ အနေနဲ့ သတ်မှတ်ကြတယ်။ အသားတူတဲ့ ဟင်းပွဲ နှစ်ပွဲ။ ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းလိုက်လဲ။”

ဝမ့်ရင်းက ကြာဇံချက်ကို ဖယ်လိုက်သည်။ အဲ့ဒါကို ကြာဇံချက်ဟု ခေါ်သော်လည်း တကယ်တမ်း ဂေါ်ဖီ၊ တို့ဟူး၊ မုန်လာဥနှင့် ဝက်ဆီ အကျန် အနည်းငယ် အစရှိသည့် အရံ ဟင်းပွဲတွေ ပါရှိသည်။

ကြာဇံချက်က အတော်လေးကို စိတ်၀င်စားဖို့ ကောင်းသည်။ အတည်းငယ် အလုံးကြီးသည့် ကြာဇံမှာ ဝက်ဆီရဲ့ အနံ့ ရှိပြီး အဆီတစ်ဝင်းဝင်း ပုံစံမျိုး ရှိနေခဲ့သည်။

ဝမ့်ရင်းက တစ်လုပ် စားလိုက်သည်။ ကြာဇံက အိစက်ပြီး နူးညံ့ကာ အစပ်အရသာ အနည်းငယ် ပါရှိသည်။ အရွက်ကို ဆီဖြင့် ကြော်ထားပြီး မွှေးနေခဲ့သည်။ ဝမ့်ရင်းသည် ပစ္စည်း နှစ်မျိုးဖြင့် အကောင်းဆုံး ဟင်းပွဲတွေကို ကောင်းကောင်း သိနေခဲ့သည်။ ထို့နောက် အရသာရှိပြီး အနည်းငယ် စပ်ပြီး ချိုလည်း ချိုသည့် ငရုတ်သီး ဆော့စ်လေး ပါသည်။

ကျန်းနာ - “အဲ့ဒါက အရသာ ရှိလို့လား။”

ဝမ့်ရင်းက ကြာဇံချက်နှင့် ပေါက်စီ ဖြူဖြူကြီးကြီးကို တစ်လုပ် စားလိုက်သည်။ “စားကောင်းလိုက်တာ။”

ခရမ်းသီး အနှစ်က ပုံမှန်ပဲ ဖြစ်သော်လည်း ကြာဇံချက်က တကယ်ကို စားကောင်းသည်။

ဝမ့်ရင်းသည် သူမရဲ့ လုပ်ငန်း ဘဝမျိုးကို ဆက်ပြီး ကြည့်နေဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ သူမသည် သူမရဲ့ နေ့လည်စာ ပြင်ပေးဖို့အတွက် ရှုရွှမ်းအား မပြောခဲ့ပါ။

“ဆရာဝန်ယန် ပြောသွားတဲ့ အသေးဆုံး ကန်တင်းက ဘယ်နားမှာလဲ။”

ဝမ့်ရင်းက စားစရာ ရှိတာကို စားပြီးနောက် ကျန်းနာကို အပြန်လမ်း မေးခဲ့သည်။

ဝမ့်ရင်းက သူမရဲ့ စားစရာတွေကို စားပြီးနောက် ပြောခဲ့သည်။ “လာခဲ့၊ အချိန်ရသေးတယ်။ ကန်တင်းကို သွားကြရအောင်။”

ကျန်းယန်က ကန်‌တင်းလေးကို အလည် ခေါ်သွားခဲ့သည်။ “တွေ့လား။ ဒီမှာရှိတဲ့ ကန်တင်းက ဘာနဲ့တူလဲဆိုတာ။ အပြင်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက် တစ်ပေါက်ပဲ ရှိတယ်။ ပြီးတော့ ထိုင်စားဖို့ နေရာလည်း မရှိဘူး။ နင် စားစရာ ရပြီးတာနဲ့ နင်နဲ့အတူ ယူသွားပြီး စားဖို့အတွက် နေရာ တစ်နေရာ ရှာရမှာ။ အစတုန်းကတော့ ငါတို့ စက်ရုံက အချိန်ပို အလုပ် လုပ်တဲ့ လူတွေအတွက် အဆင်ပြေအောင် ပြတင်းပေါက် ဖွင့်ပေးတာ။ ပြီးတော့ ညဘက်ဆိုလည်း အတူတူပဲ။ ငါတို့ စက်ရုံက မနားတမ်း ပြေးနေရတာလေ။ အခုတော့ မလိုသေးပါဘူး။ ဒါပေမယ့် နောက်လကျရင်တော့ နင် တွေ့မှာပါ။ အဲ့ဒါက ရာသီကောင်း တစ်ခုပဲ။ ပြီးတော့ ငါတို့ စက်ရုံက မရပ်တမ်း အလုပ် လုပ်ရတော့မယ်။ ညပိုင်း အလုပ် လုပ်တဲ့သူတွေက ဒီကို လာပြီး ဗိုက်ဖြည့်ဖို့ ပေါင်မုန့်တို့၊ ပေါက်စီတို့ လာဝယ်ကြလိမ့်မယ်။ သူတို့က အဲ့ဒါတွေကို ကန်တင်းကြီးမှာ လုပ်လို့ မရဘူးလေ။”

ဝမ့်ရင်းက ပြတင်းပေါက် ကန်တင်းကနေ အထဲကို တစ်ချက် ကြည့်ပြီး မေးလိုက်သည်။ “ကန်တင်းထဲက စားစရာတွေကရော ဘယ်လိုလဲ။”

ကျန်းယန်က ခနလောက် တွေးလိုက်သည်။ “တစ်ခါတစ်လေ ကောင်းပေမယ့် တစ်ခါတစ်လေတော့ မကောင်းဘူး။ ငါ အရင်က အဲ့ဒါကို စမ်းစားဖူးပေမယ့် ပုံမှန်ပဲလို့ ထင်တာပဲ။ ဒါပေမယ့် တစ်ချို့ လုပ်ဖော်ကိုင်ဖက်တွေက တစ်ခါတစ်လေ စားကောင်းတယ်လို့ ပြောကြတာပဲ။ ဒါပေမယ့်လေ ဆောင်းတွင်းမှာ ချက်တဲ့ ကိတ်မုန့်တွေက ချိုပြီး အရသာ ရှိတယ်။ အဲ့ဒါက ပူ‌ပူလေးစားတာ အကောင်းဆုံးပဲ။”

ဝမ့်ရင်းက တံတွေး မျိုချပြီး ပြောလိုက်သည်။ “ငါတော့ ဆောင်းတွင်း မြန်မြန်လေး ရောက်ဖို့ မျှော်လင့်နေပြီ။”

ကျန်းနာ - “ဟုတ်လား။ ငါလည်း ဆောင်းတွင်းကို ကြိုက်တယ်။ ဆောင်းတွင်းရောက်ရင် ငါတို့က တို့ဟူး ဟင်းချိုနဲ့ ကန်စွန်းဥ မီးဖုတ်တွေကို အိမ်မှာ စားလို့ရတယ်။ ငါ့အမေက မီးဖိုထဲ ကန်စွန်းဥတွေကို ထည့်လိုက်တာလေ။ ငါတို့ မနှစ်က တံခါးလေးပါတဲ့ မီးဖိုတစ်ခုကို ဝယ်လိုက်တာ။ အဲ့တော့ ငါတို့က ကန်စွန်းဥတွေကို မီးဖိုထဲ တန်းပြီး ထည့်လိုက်တာ။ မီးဖုတ်ပြီးလည်း အပြင်ဘက်က မမဲသွားဘူး။ ကန်စွန်းဥ အခွံရဲ့ အထဲက အလွှာ မာမာလေးက စားလို့ အကောင်းဆုံးပဲ။ တို့ဟူး စွပ်ပြုတ်အဖို့ ငါတို့က ကြေးနီ ဇလုံထဲကို အဲ့ဒါတွေ ထည့်ပြီး အပူပေးလိုက်တယ်။ အဲ့ထဲကို အရွက်တွေ ထည့်တယ်။ ပြီးတော့ ငါ့အဒေါ်ကနေ အမေ့ဆီ ပို့ပေးလိုက်တဲ့ ကြက်သားနဲ့ မှို ဆီနည်းနည်းကို ထည့်လိုက်တယ်။ ပြီးတော့ ငါတို့က အဲ့ထဲကို အိမ်မှာ လုပ်ထားတဲ့ တို့ဟူး ပူပူလေးကို ထည့်ပြီး ရေနွေး ‌ဖြောလိုက်တယ်။ အဲ့ဒါက အရသာ ရှိချက်ပဲ။”

၀မ့်ရင်းက ကျန်းနာ ပြောတာကို နားထောင်ပြီး အချိန်တိုင်း စကား အနည်းငယ် ပြန်ပြောခဲ့သည်။ သူတို့ နှစ်ယောက်က မိသားစု အကြောင်းတွေကို သိပ်ပြီး မပြောသော်လည်း သူတို့က စကားတွေကို အားရပါးရ ပြောနေကြဆဲ ဖြစ်သည်။

All Chapters