← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 17 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 17 Ch. 197-198

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၉၇

ဆေးရုံကို မြင်ပြီးတာတောင် ကျန်းနာက မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။

ဝမ့်ရင်းက ရုတ်တရက် သတိရသွားခဲ့သည်။ “ဒါနဲ့၊ နင် မီးဖိုကို ဘယ်လို ဝယ်တာလဲ။”

သူမက ကျန်းနာမှ တံခါးလေးနှင့် မီးဖို တစ်ခုအကြောင်း ပြောတာကို ကြားခဲ့ရပြီး သူမလည်း တစ်ခု ဝယ်ချင်နေခဲ့သည်။

ဒါက ဆောင်းတွင်းမှာ ကန်စွန်းဥနှင့် ပြောင်းဖူး မီးဖုတ်ဖို့ အဆင်ပြေသည်။

“နင် မီးဖိုတစ်လုံး ဝယ်ဖို့အတွက် လက်မှတ်တစ်ခု လိုတယ်။ ငါတို့ ရုံးကို နောက်မှ သွားပြီး တစ်ယောက်ယောက်မှာ ရှိလားဆိုပြီး သွားမေးလို့ ရတယ်။ တကယ်လို့ နင် တစ်ခုမှ မရဘူးဆိုရင် နောက်လအထိ စောင့်ပြီး ပို့ဆောင်ရေး ဌာနကို တစ်ခု တောင်းကြည့်လိုက်။ လက်မှတ်တွေက ပစ္စည်း မပြတ်ဘူး။ အဲ့ဒါကြောင့် နင် တစ်ခုလောက်တော့ ရသင့်ပါတယ်။”

ဝမ့်ရင်းက ခေါင်းငြိမ့်ပြပြီး ဆေးရုံ တံခါးနားမှာ လူတစ်စု စုနေတာကို ရုတ်တရက် မြင်လိုက်သည့်အခါ တစ်ခုခု ပြောဖို့အတွက် လုပ်လိုက်သည်။

ဝမ့်ရင်းနဲ့ ကျန်းနာ ရောက်လာတာကို မြင်သည့်အခါ အဖွဲ့က စိတ်သက်သာရာ ရသွားခဲ့သည်။

“ကျန်းနာ၊ နောက်ဆုံးတော့ နင် ပြန်လာပြီ။ နင် နင့်ရဲ့ သော့တွေ ယူလာခဲ့လား။”

ငါ ဝမ့်ရင်းကို မမေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒါက ဝမ့်ရင်းရဲ့ ပထမဆုံး နေ့လည်း ဖြစ်နေတော့ သူမမှာ သော့ မရှိဘူးဆိုတာ သိသာနေခဲ့တယ်ဆိုတော့ အဲ့ဒါက သူမကို မေးလို့ မရပါ။

ကျန်းနာက သူမရဲ့ ခေါင်းကို ခါပြလိုက်သည်။ “ငါ အဲ့ဒါကို မယူသွားဘူး။”

သူမ အပြင်ကနေ သီချင်းသံ ကြားလိုက်တာနဲ့ သူမက ၀မ့်ရင်းကို ဆွဲပြီး ပြေးသွားကာ သော့ယူဖို့ သွားတောင် မသွားတော့ပါ။

ဒါက အောက်တိုဘာလ အကုန်ကို ရောက်လာခဲ့ပြီ ဖြစ်ပြီး လူအများစုက အနွေးထည် အထူကြီးကို ဝတ်ကြသည်။ နေ့လည်စာ အချိန် ရောက်မှသာ ချွတ်လိုက်သည်။ အထူးသဖြင့် နေ့လည်စာ စားဖို့အတွက် ထွက်လာခဲ့တဲ့ လူတိုင်းက သူတို့က အပြင်ဝတ်တွေကို ချွတ်ပြီး ရှပ်အင်္ကျီ တစ်ထည် ဒါမှမဟုတ် အောက်က ဆွယ်တာ အပါးလေး တစ်ထည်ကိုသာ ဝတ်ကြသည်။

ခနလောက် စောင့်ပြီးတော့ သူတို့လည်း ခဲနေပြီ။

တစ်ယောက်က ဒေါသတကြီး ပြောခဲ့သည်။ “အဲ့ဒါက ဘယ်သူလဲ။ သော့မရှိဘဲ တံခါးပိတ်ပြီး နင်တို့က ထွက်သွားကြတယ်။”

သူက တံခါးကို ဒေါသတကြီး ကန်လိုက်သည်။ လူတိုင်းက အဝတ် ပါးပါးလေးတွေကို ဝတ်ပြီး သူက ပိုပြီးတောင် ပါးပြီး အင်္ကျီ လက်တိုလေး တစ်ထည်ကိုသာ ဝတ်ထားခဲ့သည်။ သူ အခုလေးတင် ထွက်သွားသည့်အခါ သူက ဘာကိုမှ မခံစားခဲ့ရသော်လည်း အခုဆိုရင် သူက ငုံးလေးတစ်ကောင်လို ခဲနေခဲ့သည်။

အရပ်ပုပုနဲ့ ခန့်ညားသည့် ကောင်လေး ရှောင်ကျိုးက မပျော်နေခဲ့ပါ။ လူတိုင်းက ညစာ စားချိန် အတွင်းမှာ အစောကြီး ထွက်သွားခဲ့ကြပြီး သူနှင့် ရှောင်ဖေးတို့က နောက်ဆုံးမှ ထွက်သွားခဲ့ကြသည်။ ရှောင်ဖေးက ဘယ်သူ့ကို ဝေဖန်နေတာလဲ။

“ငါ နင့်နောက်ကနေ လိုက်ခဲ့တာ။ ပြီးတော့ ရုံး အနောက်မှာ တစ်ယောက်မှ မရှိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ တံခါးကို ပိတ်ခဲ့တာ ငါ မဟုတ်ဘူးနော်။”

ဝမ့်ရင်းက အေးတိအေးစက် စူးစမ်းနေခဲ့သည်။ ဒီရုံးမှာ ဆရာဝန်ကျင့်ကို ကျေးဇူးတင်လိုက်။ သူက ပြဿနာ ရှာတဲ့သူလေ။ ဒါကို မိန်းမတွေက ပိုပြီး လုပ်တတ်တဲ့ပုံပဲ။ ဒါပေမယ့် အခုဆိုရင် ဒီလူငယ် ယောက်ျား နှစ်ယောက်က အတော်လေးကို မတူဘူး ဟုတ်တယ်မလား။ သူတို့ ပြောသမျှ စကားတိုင်းက အညှောင့်တွေ အပြည့်ပဲ။

ဆရာဝန်ယန် - “တကယ်လို့ နင်တို့တစ်ယောက်ဆီမှာမှ မရှိဘူးဆိုရင် ပို့ဆောင်ရေး ဌာနကို သွားပြီး အပိုသော့ကို သွားယူလိုက်။”

ဝမ့်ရင်းက သူမရဲ့ စိတ်ထဲမှာတော့ ဆရာဝန်ယန်ကို ချီးကျူးနေခဲ့သည်။ သူက ခေါင်းဆောင် တစ်ယောက် ဖြစ်နေတာ မထူးဆန်းတော့ပါ။ သူ့စွမ်းရည်တွေက ချီစွမ်းအင်တွေ ပြည့်နေခဲ့ပြီး တစ်ခြားသူတွေထက် ပိုသာသည်။

လူတစ်စုက မြေးလေးတွေလို ခဲနေကြသည်။ သူတို့က ဘယ်သူ တံခါးပိတ်ပြီး ဘယ်သူ မပိတ်တာလဲဆိုတာ ငြင်းခုံနေခဲ့ကြသည်။ “အရင်သွား၊ အဲ့ဒါကို နောက်မှ စကားပြောကြမယ်။”

ဆရာဝန်ယန်က ရှောင်ကျန်းကို ပို့ဆောင်ရေး ဌာနကို တာဝန် ချပေးပြီး ကျန်းနာက ပျော်ပျော်ကြီး ခပ်မြန်မြန် သွားလိုက်သည်။

ထို့နောက် ဝမ့်ရင်းသည် ကျန်းနာရဲ့ အမေက ပို့ဆောင်ရေး ဌာနမှာ အလုပ် လုပ်တယ်ဟု အခုလေးတင် ပြောခဲ့တာကို သတိရသွားခဲ့သည်။ 'ကျွတ်၊ အဲ့ဒါကို တစ်ခုခု ရအောင် လုပ်ဖို့ ခက်ခဲမှာ သေချာလိမ့်မယ်။'

ဒီအချိန်မှာ ဆရာဝန်ကျင့်က ပြန်လာခဲ့သည်။

သူမသည် အပြင်ဘက်က ငုံးအုပ်ကို မျက်မှောင်ကြုတ်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။ “နင်တို့က ဘာလို့ လမ်းမှာ ပိတ်နေကြတာလဲ။”

ဝမ့်ရင်းမှ - ၆၆၆၊ နင့်ကို ကြည့်လိုက်ဦး၊ ဘယ်လိုတောင် အကျိုးအကြောင်း မဆီလျော်ရတာလဲ။ သူက ရောက်လာပြီး တစ်ခြားသူတွေက သူ့ရဲ့ လမ်းကို ပိတ်နေတဲ့အကြောင်း တိုင်လိုက်တယ်။

ဝမ့်ရင်းက ဆရာဝန်ကျင့်ကို မီးခြစ်ဟူသည့် နာမည်ပြောင် တစ်ခုကို ပေးလိုက်သည်။

မီးထလောင်ဖို့ မီးပွားလေး နည်းနည်းလောက်ပဲ လိုတယ်။ ပြီးတော့ အဲ့ဒါက မီးခြစ်ဖို့ မရတဲ့အချိန်မျိုးဆို မီးခြစ်ရဲ့ ခြစ်နေတဲ့ အသံမျိုးက စစိတ်ရှုပ်ရစေတယ်။

ဆရာဝန်ယန် - “ရှောင်ကျင့်၊ နင်က အချိန်မှီရုံလေးပဲ။ နေ့လည်က နောက်ဆုံးမှ ထွက်သွားတာ နင်လား။”

မီးခြစ် ဆရာဝန်ကျင့်က ထိုစကားကို ကြားသည့်အခါ ပိုပြီးတောင် မပျော်ခဲ့ပါ။ “အို၊ ငါတို့ ဆေးခန်းမှာ လူတိုင်းက ကြေညာသံကို ကြားလိုက်တာနဲ့ စားဖို့ အလုပ်ရှုပ်နေကြတာ။ နေ့တိုင်း အတိအကျဆုံး အချိန်က စားပြီး အလုပ်ကနေ ထွက်သွားကြတာ။ ဟုတ်တယ်မလား။ တကယ်လို့ ငါတို့က မထွက်သွားခင် ခနလောက် မနေဘူးဆိုရင် နေ့လည်ပိုင်း ဆေးခန်းမှာ ဘယ်သူမှ ရှိနေမှာ မဟုတ်ဘူးလား။ တကယ်လို့ လူနာ တစ်ယောက်က ဝင်လာရင် နင် သူတို့ကို ကိုယ့်ဘာသာ ကုခိုင်းမလို့လား။”

ဆရာဝန်ယန်ရဲ့ မျက်နှာက ရုတ်တရက် အကျည်းတန်သွားပြီး သူမက အခုလေးတင် ညစာ စားပြီးလို့ ပြန်လာတဲ့ ဆရာဝန်ကျောက်ကို စိုက်ကြည့်လိုက်သည်။

သူမက အခုလေးတင် ဝင်လာတဲ့ သူ့ကို မေးလိုက်သည်။ ဒီနေ့ နေ့လည် တာဝန်က ဆရာဝန်ကျောက်ရဲ့ အလှည့်ပဲ။ သူက အခြားသူတွေထက် စားတာ နာရီဝက် နောက်ကျသည်။ ဆရာဝန်ကျောက်က သူ့ရဲ့ သော့တွေကို ယူသွားဖို့ ဘာလို့ မေ့သွားရတာလဲ။ ဆရာဝန်ကျောက်က သူ့ဘာသာ အိမ်သာထဲ သွားလို့ မေ့သွားတယ်ဟု ပြောခဲ့သည်။

ဒီအချိန်မှာ အဲ့ဒါက ဆရာဝန်ကျင့်ကြောင့် ဖြစ်သွားတာကို ပြသနေခဲ့သည်။

ဆရာဝန်ကျောက်မှာ ပြောစရာ ဘာမှမရှိဘဲ ဆရာဝန်ယန်ကလည်း ဆရာဝန်ကျင့်ကို အပြစ်တင်ဖို့ နေရာ ပျောက်သွားခဲ့သည်။

အခန်း တံခါးကို ဆရာဝန်ကျင့် ပိတ်လိုက်တာ သေချာသော်လည်း ဒါဟာ ဆရာဝန်ကျောက်က သူ့ရဲ့ တာဝန်တွေကို လျစ်လျူရှုထားသည့်အတွက်ကြောင့် ဖြစ်သည်။

သူမက စကားပြောတာ ရပ်လိုက်သော်လည်း ဆရာဝန်ကျင့်ကတော့ ဆက်ပြောနေဆဲ ဖြစ်ကာ ဆေးရုံထဲရှိ လူတွေက ကိုယ်တိုင် စည်းကမ်းမရှိဘဲ အလုပ်ကို အစောကြီး ထွက်သွားဖို့ကိုသာ စိတ်လောနေကြတယ်ဟု ထပ်ခါထပ်ခါ ပြောခဲ့သည်။

ဝမ့်ရင်းက နားထောင်နေရင်း ဖြတ်ပြောခဲ့သည်။

“တကယ်လို့ နင်က အလုပ်ဆင်းတဲ့ချိန် တက်တက်ကြွကြွ မရှိဘူးဆိုရင် နင့်အတွေးတွေက တစ်ခုခုတော့ မှားနေပြီ။”

"အခု ကိစ္စကိုပဲ ပြောကြရအောင်။ ဒါပေမယ့် အလုပ်ဆင်းချိန် တစ်ခြားသူတွေက အရမ်း တက်ကြွနေတာကို ဘာလို့ စောဒက တက်နေရတာလဲ။"

"တကယ်လို့ ငါက စိတ်ကသိကအောင် ဖြစ်ချင်နေခဲ့ရင် ဘာလို့ ဆေးရုံကြီး တစ်ခုကို မသွားရတာလဲ။ ငါက ဒီမှာ ခြေချဖို့ ရောက်လာတာလေ။"

"ပြီးတော့ ဒီနေ့ နေ့ခင်းပိုင်းမှာ လူနာတွေလည်း တစ်ယောက်မှ မရှိဘူးဆိုတော့ ငါတို့က ဘာအတွက် အချိန်မမှီ စားရမှာလဲ။"

မီးခြစ် ဆရာဝန်ကျင့်ကို ဝမ့်ရင်းရဲ့ စကားတွေက မွန်းကြပ်သွားစေပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို သိသွားချိန်မှာ ဒေါသတွေ ပေါက်ကွဲထွက်သွားခဲ့သည်။

“မင်း ဘာပြောလိုက်တာလဲ။”

ဝမ့်ရင်းက မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ဒါက တကယ်ကို မီးခြစ်သာဆိုရင် အခုချိန်မှာ မီးတောက်တွေက ခြေလှမ်း သုံးလှမ်းလောက် အကွာမှာပဲ ရှိနေတော့မှာ သေချာသည်။

“ငါက နင့်ကို ပြောနေတာလေ။ တကယ်လို့ နင်က အလုပ် ဆင်းတဲ့အချိန်မှာ တက်တက်ကြွကြွ မရှိဘူးဆိုရင် နင့်ရဲ့ အတွေးတွေက တစ်ခုခု လွဲနေလို့လေ။”

မီးခြစ်ကျင့် - “မင်း၊ မင်း၊ မင်း။ မင်း ဘာကို ပြောနေတာလဲ။ ငါတို့ အားလုံး စက်ရုံက အလုပ်သမားတွေပဲ။ ပြီးတော့ ငါတို့ အားလုံးက စက်ရုံထဲက အရာရာကို ဘယ်လို လုပ်ရမလဲ ဆိုတာကိုပဲ တွေးနေသင့်တာ။ အခက်အခဲတွေနဲ့ ပင်ပန်းမှာတွေကို ဘယ်လိုလုပ် ကြောက်နေရမှာလဲ။ ငါတို့တွေ တာဝန်ကို သိတတ်ပြီး အလုပ်တွေ ကြိုးစားရမှာလေ။ ဆရာဝန်ဝမ့်၊ ငါမြင်တာတော့ မင်းက ဒီနေ့မှ ရောက်လာတာဆိုတော့ မင်း သေချာ နားလည်ရမယ့် အရာတွေ ရှိနေသေးတာပဲ။ ဒါက စက်ရုံ၊ မင်း နေခဲ့တဲ့ ရွာ မဟုတ်ဘူး။ မင်းက အလုပ် ဆင်းတဲ့ အချိန် မတက်ကြွတာကို ပြဿနာ လုပ်နေတာဆိုတော့ မင်းရဲ့ အတွေးတွေက ပြဿနာ ရှိနေပုံပဲ။ မင်းရဲ့ အတွေးတွေက ပြဿနာ တစ်ခုပဲ။”

ဝမ့်ရင်းက မီးခြစ်ရဲ့ စကားကို နားထောင်ပြီးနောက် လက်ခုပ်တီးကာ ပြောလိုက်သည်။ “ဆရာဝန်ကျင့်၊ ရှင်မှန်တယ်။ ဒါပေမယ့် ရှင့်ကို ကျွန်မ နည်းနည်းတော့ ထောက်ပြချင်တယ်။ ကျွန်မတို့က အခက်အခဲတွေနဲ့ ပင်ပန်းမှာတွေကို ကြောက်နေတာလို့ ရှင်ပြောလိုက်တယ်နော်။ အချိန်မှန် အလုပ်ဆင်းတာကို အခက်အခဲတွေ၊ ပင်ပန်းတာတွေကို ကြောက်လို့ မဟုတ်ဘူးဆိုတာ ရှင့်ကို ပြောပြချင်တယ်။ ငါတို့က ဒီမှာ လူနာတွေကို ကုပေးပြီး အသက်တွေ ကယ်ပေးဖို့အတွက် ရှိနေကြတာ ဟုတ်တယ်မလား။ ဒါက ကျွန်မတို့ ‌သေချာ စံထားပြီး လုပ်ရမှာ မဟုတ်ဘူးလား။ နေ့လည်စာ စားတာနဲ့ အလုပ်ကို အချိန်မှန် ဆင်းတာကို ဆက်နွယ်လိုက်တာက ရှင့်အတွက် မသင့်တော်ဘူး။ ရှင်က တကယ်ကို ရှင့်ရဲ့ အချက်တွေကို လိုက်နာချင်တယ်ဆိုရင် အလုပ်ကနေ မသွားနဲ့၊ မစားနဲ့။ အဲ့ဒါကိုပဲ တောင့်ခံထားလိုက်။ ဒါက စက်ရုံနဲ့ ဆိုင်တာလား။ ရှင် အဲ့ဒါကို ရက်နည်းနည်းလောက်ပဲ သည်းခံလိုက်မယ်ဆိုရင် လူနာတွေကို သူတို့ဘာသာပဲ ကုခိုင်းလိုက်မယ်ဆိုရင် ရှင်ကိုယ်တိုင် အဲ့လိုအရာတွေကို မလုပ်နိုင်မှာ ကျွန်‌မတော့ စိုးရိမ်မိတယ်။ ဆရာဝန် တစ်ယောက်အနေနဲ့ ရှင့်ရဲ့ ကျန်းမာရေးကိုတောင် မထိန်းသိမ်းနိုင်ဘူးဆိုရင် သင့်တော်တဲ့ အချိန်ကို ရောက်ရင် ရှင်က ဘယ်လို တောက်ပပြီး ဝင်လုပ်နိုင်တော့မှာလဲ။”

ဆရာတန်ကျင့် - “မင်းက အဓိပ္ပါယ် မရှိတာတွေ ပြောနေတာပဲ။ မင်းက အကြောင်းတွေကို လိုက်ပြီး အစားထိုးနေတာ။ မင်း၊ မင်း၊ မင်း၊ မင်းက အတွေးတွေကို လျှောက်ပြောနေတာ။ ဒါက ကံကို ပုံချနေတာပဲ။”

ဝမ့်ရင်း - “ဆရာဝန်ကျင့်၊ ဇွတ် အပြစ်တင်နေတာတွေကို ရပ်လိုက်ပါတော့လား။ ကျွန်မက ရှင့်ကို ဘာမှတောင် မပြောရသေးဘူး။ အလုပ် အချိန်မှန် ဆင်းတာက မကောင်းဘူးလို့ ရှင်ထင်နေပေမယ့် အဲဒါက ကျွန်မတို့ အလုပ် ဆက်လုပ်သင့်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ ကျွန်မက ရှင့်ကို အကြောင်းပြချက်တွေ ပေးနေတယ်လို့ ရှင်ပြောပေမယ့် ကျွန်မက ရှင့်ရဲ့ အရင်းရှင် အတွေးကို အပြစ်တင်နေဝာာ။ အရင်းရှင်တွေကပဲ အလုပ်သမားတွေကို သေတဲ့အထိ အလုပ် လုပ်ခိုင်းမှာ။ သူတို့က နေ့ရော၊ ညရော အလုပ်သမားတွေကို အလုပ်ရုံထဲမှာပဲ ရှိနေစေချင်ကြတာ။ ကျွန်မတို့ စက်ရုံက လူတွေ စုစည်းထားတာ ဟုတ်တယ်မလား။ ရှင်က စက်ရုံရဲ့ နောက်ကွယ်မှာ ကျွန်မတို့ကို ဘာကြောင့် ကျွန်ခံခိုင်းနေရတာလဲ။”

ကျင့်လင်က ဝမ့်ရင်းရဲ့ စကားတွေကြောင့် သူ့ရဲ့စိတ်ထဲမှာ နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ အထူးသဖြင့် ဝမ့်ရင်းရဲ့ အရင်းရှင် အတွေးက သူ့ကို ဝန်လျှော့စေခဲ့သည်။

သူ့ကို မြို့ငယ်လေးမှ ဆရာဝန် တစ်ယောက်ရဲ့ စကားတွေက ခြောက်လှန့်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပါ။ သူက သူတို့ကို ဒီလို ယုံကြည်ချက်မျိုးဖြင့် ခုခံနိုင်သည်။

ကျင့်လင်က ရွေးချယ်စရာ မရှိဘဲ အရှုံးပေးကာ ပြောလိုက်သည်။ “ငါ မင်းနဲ့ စကားဆက်ပြီး မပြောတော့ဘူး။” ဟုဆိုကာ လှည့်ထွက်သွားခဲ့သည်။

ဝမ့်ရင်းက နှာခေါင်းရှုံ့လိုက်သည်။ ဒီလောက် မရှိမဲ့ ရှိမဲ့ လုပ်နိုင်စွမ်းလေးနဲ့ နင်က ဘယ်လိုလုပ် တစ်ခြားသူတွေကို အပြစ်လာတင်ရဲရဝာာလဲ။

မီးမတောက် တတောက်နဲ့ အသုံးမဝင်တဲ့ မီးခြစ်လေး တစ်ခုပါပဲ။

ဝမ့်ရင်းက သူမရဲ့ အရည်အချင်းကို ပြသခဲ့သည့်အခါ ဆေးရုံထဲရှိ လူတိုင်းက အံ့ဩသွားခဲ့ရသည်။

ဆရာဝန်ယန်က သူ့ရဲ့ စိတ်ထဲမှာ အော်ဟစ်နေခဲ့သည်။ 'ငါ မင်းကို ဘာပြောခဲ့လဲ။ ငါ မင်းကို ဘာပြောထားလဲ။ နောက်ထပ် အရူးတစ်ယောက် ရောက်လာပြန်ပြီ။'

သူမရဲ့ စကားတွေကြောင့် ကျင့်လင်ကတောင် ကြောက်သွားခဲ့ရသည်။ ဒီကောင်မလေးက ဘယ်လောက် လုပ်နိုင်ရတာလဲ။

ကျန်းနာ ပြန်ရောက်လာသည့်အခါ လူတိုင်းက ဝမ့်ရင်းကို ရိုရိုသေသေ ဆက်ဆံနေကြတာကို တွေ့ခဲ့ရသည်။

“ဝမ့်ရင်းရေ၊ ငါ့အမေရဲ့ ရုံးထဲက အဒေါ်ကြီးတွေက မြေပဲကြော်တွေ ပေးလိုက်တယ်။ ဒီမှာ မြည်းကြည့်။”

ကျန်းနာက ဝမ့်ရင်းနားကို ကပ်သွားခဲ့သည်။ သူမက ရှောင်ယန်ကို ရုံးမှာ သိတာကြာပြီ ဖြစ်သော်လည်း သူမနှင့် ဝမ့်ရင်းက ပိုပြီး ပေါင်းဖြစ်ကြသည်။

ဝမ့်ရင်းက ကောင်မလေးရဲ့ အနောက်ရှိ အမြှီးလေးကို မြင်ရလုနီးပါး ဖြစ်လိုက်သည့်အခါ သူမက အဲ့ဒါကို ပြုံးပြီး ယူလိုက်သည်။

“မွှေးနေတာပဲ။”

ကျန်းနာက ပျော်ပျော်ကြီး ပြောလိုက်သည်။ “ငါ တစ်ခု စမ်းစားကြည့်ပြီးပြီ၊ အရသာ ရှိတယ်။ ဒါပေမယ့် ဒါက နည်းနည်းတော့ ခြောက်ကပ်ကပ်နဲ့။ သူတို့ ငရုတ်သီး အမှုန့်လေး နည်းနည်းလောက် ထည့်လိုက်ရင် ပိုကောင်းမှာ။”

ဝမ့်ရင်းက ထပ်ပြောလိုက်သည်။ “စမုန်စပါး အရသာက သိပ်ပြီး မပြင်ဘူး။ ရောပြီး ကြော်လိုက်ရင် ပိုပြီးတောင် စားကောင်းသွားမှာ။”

ကျန်းနာ - “ဟုတ်တယ်။ ငါ သော့ ပြန်သွားပေးပြီး နောက်တစ်ခါ အကြော်ထဲမှာ ငရုတ်သီးနဲ့ စမုန်စပါး ပိုထည့်ဖို့ ပြောလိုက်မယ်။”

ရုံးထဲရှိ လူတွေက ဝမ့်ရင်းကို ကြည့်နေခဲ့ကြသည်။ စောနကတင် စက်သေနတ် ပစ်သလို ပြောနေသည့် သူမက အခုချိန်မှာ ကျန်းနာကို ရင်းနှီးတဲ့ မျက်နှာထားဖြင့် ကြည့်လိုက်သည်။

'ငါတို့ တကယ် အဲ့ဒါကို မကြည့်နိုင်ဘူး။'

ဝမ့်ရင်းက ဆေးရုံမှာ သာယာတဲ့ နေ့တစ်နေ့ကို ကုန်ဆုံးခဲ့သည်။ သူမက နေ့တစ်နေ့ ပြီးတဲ့အထိ စောင့်နေခဲ့သော်လည်း မီးခြစ်က ဆေးရုံကို ပြန်လာတာ မမြင်မိပါ။

ဆရာဝန်ယန်က မထွက်သွားခင် အချိန် အတော်ကြာ တုန်လှုပ်နေခဲ့ပြီး ဝမ့်ရင်းကို စကားသွားပြောခဲ့သည်။

“ကျင့်လင်က ငါတို့ လက်ထောက် ဒါရိုက်တာရဲ့ တူမလေ။”

ဝမ့်ရင်းက တွေဝေသွားခဲ့သည်။ သူမက တူမပဲကို ဘာလို့ စက်ရုံထဲမှာ အရမ်း မောက်မာနေရတာလဲ။

ဆရာဝန်ယန် - “သူက စက်ရုံ လက်ထောက် ဒါရိုက်တာရဲ့ အိမ်မှာပဲ ငယ်ငယ်ကတည်းက နေပြီး ကြီးလာခဲ့တာ။”

ဝမ့်ရင်း - ကျွန်မ နားလည်ပြီ။ သူက သူမကို သမီး တစ်ယောက်လို ဆက်ဆံတာ ဟုတ်တယ်မလား။ လက်ထောက် ဒါရိုက်တာရဲ့ သမီးလို ဖြစ်နေတော့ မောက်‌မာနေတာပေါ့။

ဝမ့်ရင်း - “စက်ရုံမှာ လက်ထောက် ဒါရိုက်တာက ဘာလုပ်တာလဲ။”

ဆရာဝန်ယန် - “ထုတ်လုပ်ရေး တာဝန်ခံ။”

ဝမ့်ရင်း - “သူက ဆေးရုံကို သိပ်ပြီး ထိန်းချုပ်စရာ မရှိဘူး၊ ဟုတ်တယ်မလား။”

ဆရာဝန်ယန် - ???

ဝမ့်ရင်း - “ဒါပဲလေ။”

ဆရာဝန်ယန်က လမ်းလျှောက်ရင်း တွေဝေနေခဲ့သည်။ သူမရဲ့ အစောပိုင်းရှိ စကားတွေက ဝမ့်ရင်းကို သတိပေးဖို့ ဆိုလိုခြင်း ဖြစ်သည်။ ကျန်းလင်က ဒေါသကြီးသော်လည်း အဆက်အသွယ်ကောင်းတွေ ရှိတယ်ဟု သွယ်ဝိုက်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးမှာတော့ ဝမ့်ရင်းရဲ့ နောက်ဆုံး လက်ခံထားတဲ့ အကြောင်းအရာက သူမကို အဲ့အကြောင်း သိအောင် လုပ်ပေးခဲ့သည်။

အဲ့ဒါတော့ ဟုတ်တယ်။ ဆေးရုံက လက်ထောက် ဒါရိုက်တာကျင့်ရဲ့ လက်အောက်မှာ မဟုတ်ဘူး။ သူက သူ့ရဲ့ တူမအတွက် ဆေးရုံမှာ အလုပ် စီစဉ်ပေးလို့ ရပေမယ့် ကျင့်လင်က အဲ့လို မတွေးဘဲ သူမကိုယ်သူမ ဆေးရုံရဲ့ သူဌေးလို့ ထင်နေတာ ဟုတ်တယ်မလား။

ဆရာဝန်ယန်က ကျင့်လင်အပေါ် သူ့ရဲ့ လုပ်ရပ်တွေကို ထိန်းဖို့ ဆုံးဖြတ်လိုက်သည်။

ဝမ့်ရင်းက သူမရဲ့ ပစ္စည်းတွေကို သိမ်းစည်းပြီး အလုပ်က ပြန်ဖို့ ပြင်ဆင်ခဲ့သည်။ သူမက သူမရဲ့ စက်ဘီးကို တွန်းပြီး အလုပ် ဆင်းဖို့အတွက် လူအုပ်ကြားထဲကနေ လမ်းလျှောက် ထွက်သွားခဲ့သည်။

'သူမ အလုပ်မှာတုန်းက အဲ့ဒါကို မခံစားမိပေမယ့် အလုပ်ဆင်းတာနဲ့ အချိန်မှန် ဗိုက်ဆာတာကို ခံစားမိတယ်။'

သူမ စားထားတဲ့ နေ့လည်စာက အစာခြေပြီးပြီ ဖြစ်ကာ အခုဆိုရင် ဝမ့်ရင်းက အတော်လေးကို ဗိုက်ဆာနေခဲ့ပြီ ဖြစ်သည်။

ကျန်းနာက ဝမ့်ရင်းနှင့် အလုပ် အတူတူ မပြန်ခဲ့ပါ။ - သူမက သကြား စက်ရုံရဲ့ အိမ်ရာဝန်းထဲကို ပြန်သွားခဲ့သည်။ စက်ရုံရဲ့ အခြား တစ်ဖက်မှာ ခြောက်ထပ် အဆောက်အဦမြင့်များ ရှိသည်။ စက်ရုံက ပထမဆုံးအချိန် အိမ်ရာတွေ ဝေပေးတုန်းက သူတို့က အပြင်ဘက်ရှိ အိမ်တွေမှာသာ နေခဲ့ရသည်။ လွန်ခဲ့သော နှစ်တွေတုန်းက သူတို့ကို ပေးလိုက်သည့် အဆောက်အဦ အားလုံးက အထပ်မြင့်များသာ ဖြစ်သည်။

အလုပ်လုပ်ရမည့် ‌ရက်တွေ ပြီးသွားသည့်နောက် လူအုပ်က နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ တစ်ဖွဲ့က စက်ရုံကနေ ထွက်သွားပြီး တစ်ဖွဲ့က စက်ရုံရဲ့ တစ်ဖက်မှာ ရှိနေသည့် မိသားစု လိုင်းခန်းကို ဦးတည်ပြီး သွားခဲ့ကြသည်။

ဝမ့်ရင်းက စက်ရုံကနေ ထွက်သွားပြီး သူမရဲ့ စက်ဘီးကို စီးသွားဖို့ ပြင်လိုက်သည်။

သူမ ရုတ်တရက်ကြီး လူအုပ်ကြားထဲမှာ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

သူမက မယုံကြည်နိုင်ဘဲ သူမရဲ့ မျက်လုံးတွေကို ပွတ်လိုက်သည်။

အဲ့မှာ လုံခြုံရေး ဝတ်စုံကို ဝတ်ထားတဲ့သူက ကျောက်ကျွင်းမလား။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၉၈

ထိုအချိန်တွင် မြင်လိုက်ရသည့် ကျောက်ကျွင်းသည် ဝမ့်ရင်းရဲ့ အတိတ်ဘဝတုန်းက ကျောက်ကျွင်းနှင့် ‌အတော်ကို ကွာခြားသည်။

ဝမ့်ရင်းသည် သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့ခဲ့သည့် နောက်ဆုံးအချိန်ကို မှတ်မိနေဆဲ ဖြစ်ပြီး ကျောက်ကျွင်းရဲ့ ပုံစံကို သူမက သေသေချာချာ မှတ်မိနေဆဲ ဖြစ်သည်။

သူတို့ နှစ်ယောက်လုံးက မုတ်ဆိတ် မရိတ်ထားဘဲ ဖရိုဖရဲ ဖြစ်နေသော်လည်း ထိုအချိန်တုန်းက ကျောက်ကျွင်းသည် ဝမ့်ရင်းထက် ပိုပြီး သာတယ်ဆိုသည့် အတွေးမျိုး ရှိခဲ့တာကို သူမ ကိုယ်တိုင်က သတိမထားမိခဲ့ပါ။

နောက်ပိုင်းမှာတော့ ဝမ့်ရင်းက ကျောက်ကျွင်းနှင့် တွေ့ခဲ့တာကို မှတ်ထားခဲ့သည်။ သဘာဝကျကျ ပြောရမယ်ဆိုရင် သူမက သူဆုံခဲ့ဖူးသည့် ဝမ့်ရင်းနှင့် မတူဘူးဆိုတာကို သတိပေးဖို့ မလိုပါ။ သူမက ကိစ္စတွေကို နည်းနည်းချင်း ဒီအတိုင်းပဲ ချန်ထားခဲ့လိုက်သည်။

ကျောက်ကျွင်းက သူ့ရဲ့ ပြိုင်ဘက်ကို လိုက်ရှာဖို့ စိတ်အား ထက်သန်သည့်သူမျိုး မဟုတ်ဘူးဟု ထင်ရသည်။

သို့သော် ဝမ့်ရင်းက အဲ့ဒါကို မကူညီပေးနိုင်ခဲ့ပါ။

ပြန်တွေးကြည့်လိုက်ရင် ဝမ့်ရင်းသည် သူမရဲ့ ကိုယ်ထဲမှာ မူလ ပိုင်ရှင်ရဲ့ မှတ်ဉာဏ်အချို့ ရှိနေ‌ပုံရသည့် အချက်ကို ပြဿနာ တစ်ခုအနေနဲ့ သတ်မှတ်ထားခဲ့သည်။

သူ့မှာ ကျောက်မိသားစုနှင့် ပတ်သက်ပြီး လေးနက်တဲ့ မှတ်ဉာဏ်တွေ ရှိနေခဲ့သည်။

ကျောက်ကျွင်းသည် သူ့ကိုယ်သူ သတိမထားမိလိုက်သည့် မောက်မာမှုတွေကို ထုတ်ပြလိုက်သည့်အခါ အဲ့ဒါက ဒီမှတ်ဉာဏ်ရဲ့ ထိပ်ဆုံးသို့ ရောက်သွားခဲ့ရသည်။

သို့သော် ဝမ့်ရင်းက လုံးဝ နောင်တမရခဲ့ပါ။ သူမသည် မူလ ပိုင်ရှင်ရဲ့ မကျေနပ်ချက်တွေက မမှားဘူးဟု ခံစားမိခဲ့သည်။ သူမသည် သူမရဲ့ တစ်ဘဝလုံး ကံ‌မကောင်းခဲ့ရပါ။ အပြင်လူတွေက သူမကို မက်မောဖို့ ကောင်းတယ်ဟု မြင်ပြီး သူမက လူကောင်း တစ်ယောက်ကို လက်ထပ်ခဲ့ရသည်။ တကယ်တမ်းမှာတော့ သူမရဲ့ ခွန်အားတွေက အထင်သေးခံရပြီး သူမရဲ့ အောင်မြင်မှုတွေကို ဖျက်စီးခံခဲ့ရသည်။

မိထွေးတစ်ယောက် ဖြစ်ရတာက ဘယ်လိုလုပ် အရမ်း လွယ်ကူနေမှာလဲ။ စိတ်ဝင်စားစရာတွေကို ပြောရရင် ဝမ့်လင်းလင်းက ကျောက်ကျွင်း ကလေးတွေရဲ့ မိထွေးဆိုသည့် ဂုဏ်ပုဒ်ကို သည်းမခံနိုင်ခဲ့ပါ။ တစ်စုံတစ်ယောက်က မူလပိုင်ရှင်ရဲ့ အတိတ်ဘဝတွင် ခံစားခဲ့ရသည့် အခက်အခဲတွေကို စိတ်ကူးကြည့်လို့တောင် ရနိုင်သည်။

ဝမ့်ရင်းသည် သိပ်မနီးမဝေးမှာ ရှိနေသည့် ကျောက်ကျွင်းကို ကြည့်လိုက်သည့်အခါ သူ့ရဲ့ အင်္ကျီပေါ်မှာ အစွန်းအထင်းတွေ ရှိနေခဲ့ပြီး ဆံပင်တွေက ရှုပ်ပွနေသည်။ ထို့အပြင် အလုပ် ဆင်းပြီးတာတောင် တံခါးနားမှာ အမိန့်တွေကို နာခံနေရဆဲ ဖြစ်သည်။

'ဟဟ၊ အိမ်မှာနေပြီး သူ့အတွက် ကိုယ့်ကိုကိုယ် မြှုပ်နှံပေးမယ့် မိန်းမတစ်ယောက် မရှိနေဘူးဆိုရင် တစ်ဖက်လူရဲ့ ဘဝက အရမ်းကြီး အဆင်ပြေနေပုံ မရဘူး။'

'နင်က ကောင်းကောင်း အလုပ် မလုပ်တာကို သိရတော့ ငါလည်း စိတ်သက်သာရာ ရပါတယ်။'

ဝမ့်ရင်းက လေသံ တိုးတိုးနှင့် ရေရွတ်ကာ သူမရဲ့ စက်ဘီးပေါ်ကို တက်ပြီး နိုင်ငံပိုင် စားသောက်ဆိုင်ကို တည့်တည့် သွားလိုက်သည်။

သကြားစက်ရုံနှင့် စားသောက်ဆိုင်က သိပ်မဝေးပါ။ စက်ဘီးနဲ့ဆို ခြောက်မိနစ်၊ ခုနှစ်မိနစ် သို့မဟုတ် ခြေကျင်သွားရင် မိနစ် နှစ်ဆယ်လောက်သာ ကြာသည်။ ဝမ့်ရင်းက စက်ဘီးကို စားသောက်ဆိုင်သို့ မြန်မြန် နင်းသွားကာ ဆိုင်ရှေ့မှာ စက်ဘီးကို ရပ်ပြီး အထဲသို့ ဝင်သွားခဲ့သည်။

ဒါမှမဟုတ် ဒါက မြို့မှာ အကြီးဆုံး စားသောက်ဆိုင်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ရှီးဖိုမြို့က ညစာ စားချိန်ရဲ့ စားပွဲဝိုင်း နှစ်ဝိုင်း သို့မဟုတ် သုံးဝိုင်းလောက်နှင့် ယှဉ်ကြည့်လိုက်ရင် ကောင်စီမြို့ရဲ့ စားသောက်ဆိုင်က အတော်ကို အသက်ဝင်သည်။

လူပျို အနည်းငယ်က သောက်စားဖို့ စုဝေးခဲ့ကြပြီး မိသားစုတွေက ပျော်ပွဲရွှင်ပွဲ လုပ်နေပုံရကာ တပ်သား တစ်ယောက် ဖြစ်ပုံရသည့် ယောက်ျား တစ်ယောက်က လူတစ်ယောက်နှင့် စီးပွားရေး အကြောင်းကို လူချင်းတွေ့ပြီး ဆွေးနွေးနေခဲ့သည်။

တက်ရောက်ကြတဲ့ လူနှုန်းထားက ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းကြား ရှိသည်။

ဝမ့်ရင်းက မကြာခဏ စားသောက်ဆိုင်ကို လာလေ့ရှိသည့်အတွက် သူမ ဝင်လာသည့်အခါ လူတစ်ယောက်က သူမကို လာနှုတ်ဆက်ခဲ့သည်။

“ခယ်မလေးလား။ စားဖိုမှူးရှုကို လာရှာတာလား။”

ဝမ့်ရင်းက လည်ပင်းကို စောင်းလိုက်သည်။ ဝိုး၊ ရွာမှာဆို ဘယ်သူကမှ သူမကို ခယ်မလေးဟု မခေါ်ကြသော်လည်း သူမ မြို့ကို ရောက်လာတာနှင့် လူတစ်ယောက်က သူမကို ခယ်မလေးဟု ခေါ်ခဲ့သည်။

“ဟုတ်တယ်။ သူ မီးဖိုချောင်ထဲမှာ ရှိလား။”

“သူရှိတယ်။ ငါ သွားခေါ်လိုက်မယ်။”

ဝမ့်ရင်း - “ဟင့်အင်း၊ ဟင့်အင်း။ အရင်ဆုံး သူ လုပ်စရာ ရှိတာ လုပ်ပါစေ။ ကျွန်မ ခနလောက် ထိုင်နေလိုက်မယ်။”

စားပွဲထိုး - “ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ခယ်မလေး လာတဲ့အခါကျရင် သူ့ကို လာခေါ်ဖို့ စားဖိုမှူးရှုက ငါ့ကို ပြောထားတယ်။”

ထိုစကားကို ပြောပြီးနောက် သူက မီးဖိုချောင်ထဲကို တန်းပြီး ဝင်သွားခဲ့သည်။ ခနကြာပြီးနောက် ဝမ့်ရင်းက ရှုရွှမ်း ထွက်လာတာကို တွေ့ခဲ့ရသည်။

“မင်း အလုပ်ဆင်းပြီလား။ မင်း ပင်ပန်းနေပြီလား။ မင်း ဘာစားချင်လဲ။”

ဝမ့်ရင်း - “ငါ အဆင်ပြေပါတယ်။ ရှင် လုပ်စရာရှိတဲ့ အလုပ်တွေ အရင် သွားလုပ်လိုက်ပါ။ လူပါးသွားတဲ့ နောက်တော့မှ ငါတို့တွေ စကားပြောကြမယ်လေ။”

ဆိုင်ထဲမှာ ဒီလောက် လူတွေ အများကြီး ရှိနေသည့်အတွက် မီးဖိုချောင်ထဲတွင် အတော်လေး အလုပ်ရှုပ်နေလိမ့်မယ်ဟု သူမက တွေးနေခဲ့သည်။

ထုံးစံအတိုင်း ရှုရွှမ်းက သူမဘေးမှာ ထိုင်ပြီး ပြောခဲ့သည်။ “ဒီနေ့က အလုပ်မှာ ကိုယ့်ရဲ့ ပထမဆုံးနေ့လေ။ ပြီးတော့ စားစရာ စာရင်းတွေကို အခုထိ မပြောင်းရသေးဘူးဆိုတော့ ကိုယ့်အပိုင်း မဟုတ်တော့ဘူးလေ။”

ပိုကြီးတဲ့ ဆိုင်က ပိုကောင်းတယ်လို့ ပြောလို့ရတယ်။ အနည်းဆုံးတော့ စားဖိုမှူးတွေ အများကြီး ရှိသည့်အတွက် တစ်ယောက်ယောက် ခွင့်ယူတဲ့အခါ အစားထိုးမယ့်သူ မရှိမှာ စိတ်ပူဖို့ မလိုတော့ပါ။

နောက်ဆုံးမှာတော့ ဝမ့်ရင်းက စိတ်သက်သာရာ ရသွားခဲ့သည်။ “ကျွန်မလည်း အဆင်ပြေပါတယ်။ ပြီးတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကလည်း သိပ်ပြီး ခင်ဖို့ ကောင်းကြတယ်။ ဒါနဲ့၊ ကျွန်မ ခေါက်ဆွဲ စားချင်တယ်။”

တစ်နေ့တာ အလုပ်တွေ ပြီးသွားတဲ့နောက်မှာ သူမက ဗိုက်ဆာနေခဲ့ပြီ ဖြစ်သည်။

ရှုရွှမ်းက ထရပ်ပြီး မေးလိုက်သည်။ “မင်း ငရုတ်သီးရော ထည့်မှာလား။”

ဝမ့်ရင်း - “ထည့်မှာပေါ့။”

ကျေးလက်ဒေသနှင့် ယှဉ်လိုက်မယ်ဆိုရင် မြို့မှာက ဟင်းပွဲတွေ ပိုပြီး များများစားစားရှိကာ အထူးသဖြင့် ကျေးလက်နေ လူတွေအကြားမှာ ရေပန်းစားနေသည့် ခေါက်ဆွဲဖြစ်သည်။

ခေါက်ဆွဲသေးသေး၊ အနှစ်တွေနှင့် လုပ်ထားပြီး ပဲစေ၊ ဝက်သားနှင့် ပဲ‌ပင်ပေါက်ကို အပေါ်မှာ တင်ထားသည့် ခေါက်ဆွဲ ပန်းကန်ကြီးက အတော်လေးကို မွှေးသည်။

ဝမ့်ရင်းက သူမရဲ့ ခေါက်ဆွဲကို စားပြီးနောက် သူမက ရှုရွှမ်း အလုပ်ဆင်းတာကို စောင့်နေခဲ့သည်။

အလုပ်ရဲ့ ပထမဆုံးနေ့မှာ သူမက အလုပ်ကို အတူတူ သွားပြီး အတူတူ ပြန်ချင်ခဲ့သည်။

ရှုရွှမ်းကလည်း သူမကို အကြာကြီး မစောင့်ခိုင်းခဲ့ပါ။ သူက အထုပ်တွေကို ပြင်ဆင်ပြီး ၈:၃၀ လောက်မှာ ထွက်လာခဲ့သည်။

သူတို့ နှစ်ယောက်က လမ်းမှာ လမ်းလျှောက်သွားကြပြီး ဒီနေ့ အလုပ်မှာ သူတို့ မြင်သမျှ ကြားသမျှတိုင်းကို အသေးစိတ် ပြန်ပြောခဲ့သည်။

ရှုရွှမ်းရဲ့ ဘက်မှာတော့ ကိစ္စတွေက မချောမွေ့ပါ။ သူက စားဖိုမှူး အကြီးအကဲ ဖြစ်ပြီး သူ့မှာ အတွေ့အကြုံ နည်းနည်းပဲ ရှိသော်လည်း ချမ့်တုန်က အနားမှာ ရှိနေသည့်အတွက် ဘယ်သူကမှ သူ့ကို မပြောရဲကြပါ။

ရှုရွှမ်း - “ကိုယ် အလုပ်ဆင်းတော့ ကိုယ့်ဆရာက ကိုယ့်ရဲ့ အိတ်ထဲကို နေ့လည်စာ ခေါက်ဆွဲ တစ်ဝက်ကို ထည့်ပြီး မနက်ဖြန် မနက်ကျရင် ကိုယ်တို့နဲ့အတူ မနက်စာ စားချင်တယ်လို့ ပြောတယ်။”

ဝမ့်ရင်း - “ဒီအလုပ်မှာလား”

ရှုရွှမ်း - “ဆရာက အမြဲ အဲ့လိုပဲ ပြောလေ့ရှိတယ်။ စားသောက်ဆိုင်က ကြီးတယ်။ ပြီးတော့ ဖက်ထုပ်တွေ အများကြီး ကျန်သေးတယ်။ နေ့တိုင်း အဲ့လိုကြီးပါပဲတဲ့။ စားဖိုမှူးတွေက သူတို့ လိုချင်ရင် ယူသွားလို့ရတယ်တဲ့။”

ဝမ့်ရင်းက ထိုအကြောင်းကို တွေးမိကာ နားလည်သွားခဲ့သည်။ ထို့အပြင် ဒါက ကျေးလက်ဒေသ မဟုတ်ပါ။ မြို့မှာဆိုရင် ကျန်ခဲပြီး ပုံမှန်ဆိုရင် ရှုရွှမ်းက တစ်နေ့နဲ့ တစ်နေ့ ဘယ်လောက် ပြင်ထားရမလဲဆိုတာကို စီစဉ်ထားတတ်သည်။ အဲ့မှာဆိုရင် ရောင်းဖို့တောင် မလောက်ဘဲ ဘယ်တော့မှ အများကြီး ပိုလျှံမနေခဲ့ပါ။

သို့သော် ကောင်စီမြို့ကတော့ အတော်လေး ကွာခြားသည်။

စားသောက်ဆိုင်ရဲ့ အရှေ့နှင့် အနောက်မှာ လူတွေ အများကြီး ရှိနေခဲ့ပြီး စားစရာတွေကို မြှုပ်နှံထားသည့် လူတွေကသာ ဝယ်ကြသည်။ ပမာဏကို ထိန်းချုပ်ဖို့ ခက်ခဲပြီး အကျန်များကိုလည်း သေသေချာချာ မထိန်းသည့်အတွက် သူတို့က မျက်ကန်းအဖြစ် ပြောင်းသွားခဲ့ကြသည်။

ဘယ်လိုပဲ ဖြစ်နေပါစေ၊ စားသောက်ဆိုင်တွင် အလုပ်လုပ်လို့ ရသည့် လူအနည်းစုသည် အတော်လေး ငွေကြေး မလုံလောက်သည့် အ‌ခြေအနေမျိုးရှိသည့် မိသားစုများမှ ရောက်လာကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့က ငွေတွေ အများကြီးကို မျက်တောင်တစ်ဆုံး ကြည့်တဲ့သူမျိုး ဖြစ်ကြလိမ့်မည် မဟုတ်ပါ။

“ဟုတ်ပါပြီ။ ဒါဆိုလည်း မနက်ဖြန် မနက်ကျရင် ဆန်ပြုတ် လုပ်ကြရအောင်။ ပြောင်းဆန်ပြုတ်နဲ့ ခေါက်ဆွဲ။”

ရှုရွှမ်းက ခေါင်းငြိမ့်ပြခဲ့ပြီး ဝမ့်ရင်းဘက်က အခြေအနေကို မေးလိုက်သည်။

ဝမ့်ရင်းကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ “သကြား စက်ရုံက တကယ်ကို အကြီးကြီးပဲ။ ကျွန်မတို့ ရုံးထဲမှာ ကျွန်မ အပါဆို ကိုးယောက် ရှိတယ်။ ဆရာဝန် လေးယောက်နဲ့ သူနာပြု နှစ်ယောက်။ ပြီးတော့ ဝန်ထမ်း နှစ်ယောက် ရှိတယ်။ ကျွန်မတို့ အားလုံး အဆင်ပြေကြပါတယ်။”

ဝမ့်ရင်းက မီးခြစ် ဆရာဝန်ကျင့်ရဲ့ အကြောင်း၊ ဒီနေ့ရဲ့ စကားအခြေအတင် ပြောကြချိန် ရှုံးသည့်အကြောင်းနှင့် အဆက်အသွယ်တွေ အများကြီးရှိသည့် ရုံးထဲက လူတစ်ယောက် အကြောင်းကို ပြောခဲ့သည်။

ရှုရွှမ်း - “တကယ်လို့ မင်း စိတ်ခုနေရင် ကိုယ့်ကို ပြောလေ။ မင်းမှာ ဘယ်လို အဆက်အသွယ်မျိုးပဲ ရှ်ိနေပါစေ၊ တကယ်လို့ သကြားစက်ရုံက ဆက်ဆံရေးတွေအကြောင်း တကယ် ပြောမယ်ဆိုရင် ကိုယ်တို့တွေ မဆိုးလှပါဘူး။”

ဝမ့်ရင်း - “အာ့”

ရှုရွှမ်း - “သကြားစက်ရုံက ဆရာ ပိုင်သလိုပဲလေ။ လက်ရှိ စက်ရုံဒါရိုက်တာနဲ့ ဆရာတို့က သူငယ်ချင်းတွေလေ။ နှစ်သစ်ကူးရောက်တိုင်း သကြားစက်ရုံက ဆရာ့ကို လက်ဆောင်တစ်ခု ပေးတယ်။ စက်ရုံရဲ့လက်ထောက် ဒါရိုက်တာတွေက စက်ရုံကို‌ ထောင်ခဲ့တဲ့သူတွေပဲ။ သူတို့ နှစ်ယောက်လုံးကို ဆရာ သိတယ်။”

ဝမ့်ရင်း - !!!! 'ဝိုး၊ ငါကလည်း အဆက်အသွယ်တွေနဲ့ လူဆိုတာ ပေါ်လာပြီပဲ။'

လူငယ် လင်မယားက လေအေးတိုက်နေချိန်မှာ အိမ်ကို ပြန်လာခဲ့ကြသည်။ သူတို့ အိမ်ကို ရောက်လာတာနှင့် လူတစ်ယောက်က သူတို့ကို တံခါးနားကနေ စိုက်ကြည့်နေခဲ့သည်။ ရှုရွှမ်းက သူ့ကို ကန်မိလုနီးပါး ဖြစ်နေခဲ့သည်။

အနီးကပ် ကြည့်လိုက်မှ အဲ့ဒါက အန်တီရှု ဖြစ်နေသည်။

ဝမ့်ရင်းက သူမရဲ့ ရင်ဘက်ကို ပုတ်ပြီး ပြောလိုက်သည်။ “အ‌ဒေါ်ရှု၊ ဒီမှာ ဘာလုပ်နေတာလဲ။ ကျွန်မ မသိပါဘူး။ အဒေါ့်ကို သူခိုးမှတ်လို့။”

အဒေါ်ရှုသည် သူမရဲ့ ထေ့ငေါ့သည့် စကားများကို စိတ်ထဲက ပြောနေခဲ့သော်လည်း မေးလိုက်သည်။ “ငါ ရှောင်းယန်ကို ဒီမှာ စောင့်နေတာ။ တပ်သားရှောင်ဝမ့်၊ နင် တစ်နေကုန် ဘယ်ရောက်နေတာလဲ။ ဘာလို့ အိမ်မှာ မရှိနေတာလဲ။”

သူမ ဘယ်လောက် အကြာကြီး စောင့်ပြီး တံခါးတွေ ခေါက်နေခဲ့လဲဆိုတာ ဘုရားကသာ သိလိမ့်မည်။ သို့သော် လူက အိမ်မှာ ရှိ‌မနေဘဲ သူမ ဘယ်သွားလဲဆိုတာကိုလည်း မသိနေခဲ့ပါ။

အဒေါ်ရှုက ဝမ့်ရင်းကို အထင်သေးသည်။ ငယ်ရွယ်သော ဇနီးတစ်ယောက်အနေနဲ့ သူမက အိမ်မှာနေပြီး ကလေးတွေကို ဂရုစိုက်ဖို့ ရှိမနေဘဲ တစ်နေကုန် အပြင် ထွက်နေခဲ့သည်။ ဒါကို ဘဝလို့ ဘယ်လိုလုပ် သတ်မှတ်လို့ ရနိုင်မှာလဲ။

သူမက သူတို့ လင်မယား ရန်ဖြစ်ထားတာလားဟု မျှော်လင့်ကာ မသိမသာလေး မျက်လုံးကို ပွတ်လိုက်သည်။

ဝမ့်ရင်း - “အဒေါ်ရှု၊ ရှင်က ကျွန်မကို တကယ် ဂရုစိုက်တာပဲ။ တစ်နေ့လုံး ကျွန်မ အိမ်မှာ မရှိတာကို ရှင်က သိသားပဲ။ အစ်မယန်က အလုပ် ကြိုးစားတယ်လို့ ရှင်က ပြောတော့ ကျွန်မက ရှင် အရမ်း အားနေတယ်လို့ ထင်မိခဲ့တာ။ တကယ်လို့ ရှင်သာ အလုပ် မရှုပ်ဘူးဆိုရင် အမယန်ကို ကူညီပေးလို့ ရတာပဲလေ။ နေ့ပိုင်းမှာဆို သူက အလုပ် လုပ်ရတယ်။ ညပြန်လာရင် ချက်ရ ပြုတ်ရတယ်။ ရှင် သူ့ကို သနားသင့်တယ်။”

အဒေါ်ရှု - .......

သူမရဲ့ မျက်နှာပေါ်က အပြုံးသည် သိပ်အကြာကြီး မခံတော့ဘဲ သိုဝှက်နေရတာ ပင်ပန်းလာကာ‌ ပြောခဲ့သည်။ “အာ့၊ ငါက အလုပ်တွေ အများကြီး လုပ်ထားပြီးပြီလေ။ ငါက ကျန်းမာရေး မကောင်းလို့ သိပ်အများကြီး မလုပ်နိုင်ဘူး။ ငါက ရှောင်းယန်အတွက် ပြဿနာတစ်ခု ဖြစ်စေမိပြီ။”

ဝမ့်ရင်းက နှာခေါင်းရှုံ့ပြီး ဘာမှ မပြောတော့ပါ။

အဒေါ်ရှုက လက်မလျှော့သေးပါ။ သူမက ဝမ့်ရင်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။ “နင်ကရော ဒီနေ့ ဘယ်သွားတာလဲ။ နင် ဈေးဝယ်ထွက်တာလား။ ဒါမှမဟုတ် စားသောက်ဆိုင်မှာ သွားစားနေတာလား။ နင်က တော်တော် ပိုက်ဆံ သုံးတာပဲ၊ ဟုတ်တယ်မလား။ လူတိုင်းအတွက် ဘဝဆိုတာ ခက်ခဲတယ်လေ။ ပြီးတော့ ရှောင်ရှုကလည်း အလုပ်ရှုပ်နေတာ ငါမြင်တယ်။ နင်သာ စောစော ပြန်လာပြီး လူတိုင်းအတွက် ချက်ပြုတ်ထားရင် ပိုကောင်းလောက်မှာ။ ရှောင်ရှုက သူပြန်လာရင် အဆင်သင့် စားလို့ရတယ်လေ။ နင်က ငယ်ပြီး ဘာမှ မသိတဲ့ပုံပဲ။ စားဝတ်နေကေးအတွက် ရှိနေဖို့က မလုံလောက်ဘူး။ ဒါပေမယ့် အစီအစဉ် မရှိတာက နင်တို့ကို ဆင်းရဲသွားစေတယ်။ နင် သဘောမတူဘူးလား။”

သူမက ဂရုစိုက်တတ်တဲ့ မိန်းမကြီးလို ပြုမူနေခဲ့သော်လည်း သူမ ပြောသမျှ စကားလုံးတိုင်းက လုပ်ကြံနေခဲ့သည်။

ဝမ့်ရင်း - “အန်တီ၊ ရှင်က တကယ်ကို အရူးတစ်‌ယောက်လိုပဲ။ ဒီမှာ လူကြီးတွေပြောတဲ့ အရင်က ဆိုရိုးစကား တစ်ခု ရှိတယ်။ ‘ခွေးက ကြွက်ကို ဖမ်းတယ်’ ပြီးတော့ နောက်ဆုံး စကားလုံးက ဘာပါလိမ့်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ အဓိပ္ပါယ်ကတော့ အတူတူပါပဲ။ ကျွန်မရော၊ ကျွန်မ ယောက်ျားရောက အလုပ်တွေ ကိုယ်စီ ရှုပ်နေကြတာ။ အဲ့ဒါကြောင့် ကျွန်မတို့ ပြန်မလာနိုင်ကြတာ ပုံမှန်ပဲ မဟုတ်ဘူးလား။”

အဒေါ်ရှုက မျက်လုံးပြူးသွားခဲ့သည်။ “ဘာ။ နင့်မှာ အလုပ် ရှိတာလား။”

'သေစမ်း။ သူမက မြို့ကို ယောက်ျားနောက်ကနေ လိုက်လာရုံပဲ မဟုတ်ဘူးလား။ အခုချိန်မှာ အလုပ်ရှာရတာ အဲ့လောက် လွယ်လို့လား။'

အတူတူ ရပ်နေသည့် လိုက်ဖက်တဲ့ လူနှစ်ယောက်ကို ထပ်ပြီး ကြည့်လိုက်ချိန်မှာ သူတို့ရဲ့ လက်ထဲတွင် နေ့လည်စာ ထမင်း‌ဗူးတွေ ကိုယ်စီ ကိုင်ထားပြီး စက်ဘီး တစ်စီးကို တွန်းလာခဲ့ကြသည်။ သူတို့ နှစ်ယောက်လုံးက ကိုယ်စီ အလုပ်တွေ လုပ်ကာ ကလေး မရှိကြသေးပါ။ သူတို့ကို ကြည့်ရတာ လွတ်လပ်ပြီး သက်တောင့်သက်သာ ရှိသည်။ အဒေါ်ရှုက အတော်လေးကို မနာလို ဖြစ်နေခဲ့သည်။

အကုန်လုံးက သူမ မိသားစုထက် ပိုအဆင်ပြေကြသည်။ ဒါဟာ အလုပ်ကို ပိုပြီး ကြိုးကြိုးစားစား မလုပ်သည့် ကျန်းယန်ရဲ့ အပြစ် ဖြစ်သည်။ သူမက တစ်လကို ပိုက်ဆံ နည်းနည်းသာ ရှာနိုင်သည်။ တကယ်လို့ သူမသာ ပိုပြီး ရှာနိုင်ခဲ့မယ်ဆိုရင် သူမရဲ့ မိသားစုသည် ခြံဝန်းရဲ့ အောက်ဆုံးမှာ ရှိနေလိမ့်မည် မဟုတ်ပါ။

လေစိမ်းတိုက်နေချိန် ဝမ့်ရင်းက သူမနှင့်အတူ တံခါးနားမှာ ရပ်ဖို့ စိတ်မရှည်တော့သည့်အတွက် သူမက ပြောခဲ့သည်။ “တကယ်လို့ ရှင် အဆင်ပြေမယ်ဆိုရင် ကျွန်မတို့ အရင် ပြန်သွားတော့မယ်”သူမ ရှုရွှမ်းကို အိမ်ထဲသို့ ပြန်ပြီး ဆွဲခေါ်သွားခဲ့သည်။

အိမ်ကို ပြန်ကာ တံခါးကို ပိတ်ပြီးနောက် ဝမ့်ရင်းသည် အဒေါ်ရှုက ခနလောက် တံခါးနားမှာ ပုလွေ မှုတ်နေတာကို ပြတင်းပေါက်ကနေ တွေ့ခဲ့ရသည်။ ထို့နောက် သူမက သူမရဲ့ ခေါင်းကို လှည့်ပြီး သူမရဲ့ အိမ်ကို ပြန်သွားကာ မာမိသားစုကို လှည့်ကြည့်လိုက်သည်။

ဝမ့်ရင်း - “ကျွတ်၊ ကျွတ်။ ကံကောင်းလို့ပေါ့။ ကျွန်မတို့ နှစ်ယောက်လုံး အလုပ်ကိုယ်စီ သွားနေရလို့။ တကယ်လို့ ရှင်သာ ကျွန်မကို တစ်နေ့လုံး ခြံထဲမှာ နေခိုင်းမယ်ဆိုရင် တော်တော်လေးကို အဆင်မပြေလောက်ဘူး။”

အိမ်နီးချင်းတိုင်းက စိတ်ညစ်စရာပဲ။

ရှုရွှမ်းက သူ့ရဲ့ နှုတ်ခမ်းကို သပ်လိုက်သည်။ ဒီအပတ် သူ့ရဲ့ အားလပ်ရက်မှာ အသားတွေကို ထပ်ချက်ဖို့အတွက် ဆုံးဖြတ်ခဲ့သည်။

ရှုမိသားစုမှ ကလေး တစ်ယောက်က မနာလိုဖြစ်ပြီး ငိုနေခဲ့သည်။

ကျောက်ကျွင်း အလုပ်ဆင်းတဲ့အချိန်က ညနေ ခုနစ်နာရီခန့် ရှိပြီ ဖြစ်သည်။ သူက နာရီကို ကြည့်ပြီး တစ်ခုခု လွဲနေတာကို သတိထားမိသွားသည့်အတွက် သူ့ရဲ့ အဝတ်အစားတွေကို လဲပြီး ထွက်သွားဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။

လုံခြုံရေး ဌာနရဲ့ ခေါင်းဆောင်က သူ့ကို တားလိုက်ပြီး ပြောခဲ့သည်။ “ကျောက်ကျွင်း၊ ဒီနေ့က မင်းရဲ့ တာဝန် မဟုတ်ဘူးလား။”

လုံခြုံရေး ဌာနရဲ့ အလုပ်တွေက တိကျသည်။ သူတို့ထဲရှိ အများစုက ပုံမှန် အလုပ်ချိန်အတိုင်း လုက်နေကြချိန်မှာ စက်ရုံ လုံခြုံရေးအတွက် ညတိုင်း လူနှစ်ယောက်က ညဆိုင်းကို တာဝန်ကျသည်။ ထိုတာဝန်တွေမှာ စက်ရုံကို လိုက်စစ်ပြီး ညသန်းခေါင်ကြီး ကင်းလှည့်တာတို့ ပါဝင်သည်။ ခက်ခဲနေချိန်မှာ တာဝန်တွေက ခနခန ထပ်မနေခဲ့ဘဲ နှစ်ပတ်တစ်ခါ လုံခြုံရေး ဌာနမှ လူတိုင်း ဒီတာဝန်ကို အလှည့်ကျ ဆင်းရသည်။

ကံမကောင်းစွာဖြင့် ဒီနေ့က ကျောက်ကျွင်းရဲ့ တာဝန် ဖြစ်သည်။

အစပိုင်းမှာတော့ ကျောက်ကျွင်းက မှင်သက်သွားခဲ့သည်။ ထို့နောက် သူ့ရဲ့ မျက်နှာက နောင်တများနှင့် ပြည့်သွားကာ ပြောလိုက်သည်။ “ငါ့ကိုလည်း ကြည့်ပါဦး။ ငါမေ့သွားတယ်။ ဟုတ်ပါပြီ၊ အကိုရှီ၊ ငါ့မှာ ဒီနေ့ အရေးတကြီး လုပ်စရာလေး ရှိနေလို့… ငါ့အတွက် အချိန်လေး လဲပေးလို့ ရနိုင်မလား။ ငါ့အိမ်မှာ ကလေး နှစ်ယောက် ကျန်ခဲ့တာ။ ပြီးတော့ သူတို့ကို ကြည့်ပေးမယ့်သူလည်း မရှိလို့ပါ။”

အထက်လူကြီးက တစ်ခုခုကို ပြောချင်ခဲ့သော်လည်း သူက ကလေးတွေအကြောင်း ပြောသံကို ကြားသည့်အခါ သက်ပြင်းသာ ချနိုင်ပြီး သူ့ရဲ့ ပုခုံးကို ပုတ်ကာ သဘောထားကြီးကြီး ပြောလိုက်သည်။

“ရှောင်ကျောက်၊ ငါ မင်းရဲ့ အခြေအနေကို နားလည်ပါတယ်။ ဒါက တော်တော် ခက်ခဲပါတယ်။ တကယ်လို့ မင်းသာ ငါ့ကို မေးမယ်ဆိုရင် မင်း အမြန်ဆုံး မိန်းမတစ်ယောက် ရှာသင့်တယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီပြဿနာက မင်းရဲ့ အလုပ်တွေကို နှောင့်နှေးစေလိမ့်မယ်။ ငါတို့ အလုပ်က သိသိသာသာရှိပုံ မရပေမယ့် စက်ရုံထဲမှာရှိတဲ့ လူတွေရဲ့ လုံခြုံရေးက အဲ့ဒါ အပေါ်မှာပဲ မူတည်တာ။ မင်းသာ မင်းမိသားစု ကိစ္စတွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူးဆိုရင် မင်းရဲ့ အလုပ်ကို မင်း ဘယ်လို အာရုံစိုက်လို့ ရနိုင်မှာလဲ။ ပြီးတော့ အဲ့ဒါက မင်းရဲ့ ကလေးတွေအတွက် လုံးဝကို မကောင်းဘူး။ မင်းရဲ့ မရီးက ငါ့ကို လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ပြောတယ်။ သူ့မှာ ယောက်ျား ဆုံးသွားတဲ့ အဝေးက ဆွေမျိုး တစ်ယောက် ရှိတယ်တဲ့။ သူ့မှာ ကလေး တစ်ယောက်ကို မွေးပြီး ခက်ခဲတဲ့ အချိန် ရှိတယ်တဲ့။ ပြီးတော့ သူက အခု လမ်းထဲမှာ မီးခြစ်ဆံဗူးတွေ လုပ်ပြီး နေနေရတာတဲ့။ တကယ်လို့ မင်း စိတ်ဝင်စားတယ်ဆိုရင် မင်းအတွက် စီစဉ်ပေးဖို့ မင်းခယ်မကို ငါ မေးလိုက်မယ်။ မပူပါနဲ့။ သူက လူကောင်း တစ်ယောက်ပါ။ သူ့မှာ မြို့က သန်းခေါင်စာရင်း ရှိတယ်ဆိုတော့ ဆန်ရုံးကို မင်း သူနဲ့ လိုက်သွားလို့ ရတယ်။ ကလေး သုံးယောက်ကို ကျွေးမွေးဖို့က အရမ်းကြီးလည်း မခက်ခဲပါဘူး။”

ကျောက်ကျွင်းက စိတ်ကသိကအောက် ဖြစ်သွားသော်လည်း သူ့ရဲ့ အကြီးအကဲကို အဲ့လို မလုပ်သင့်ကြောင်း သူက သိနေခဲ့သည်။ သူက ပြုံးပြီး ပြောလိုက်သည်။ “သူဌေး ပြောဝာာ မှန်ပါတယ်။ ငါ အဲ့ဒါကို ဒီနေ့ပဲ လုပ်ခဲ့တာ။ ပြီးတော့ ကောင်မလေးက သေချာပေါက် စောင့်နေတော့မှာ။”

လုံခြုံရေး ဌာနရဲ့ ခေါင်းဆောင်က သူ့ပေါင်သူ ရိုက်ပြီး ပြောလိုက်သည်။ “မင်း အဲ့ဒါကို ဘာလို စောစောစီးစီးက မပြောတာလဲကွ။ အခု သွားတော့။ မစောင့်‌ရစေနဲ့။ အဲ့ဒါကို မကြာခင် ဖြေရှင်းလိုက်နိုင်ရင် နောက်ပိုင်း ငါတို့တွေ အေးအေးဆေးဆေး နေလို့ရပြီ။”

ကျောင်ကျွင်းက မြန်မြန်ပဲ တုံ့ပြန်ကာ ထုပ်ပိုးပြီး ထွက်သွားခဲ့သည်။

All Chapters