← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 17 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 17 Ch. 199-200

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၉၉

ကျောက်ကျွင်း ထွက်သွားတာနဲ့ လူတစ်ယောက်က တီးတိုး ပြောခဲ့သည်။ “ဒါက ပထမဆုံး အကြိမ်ပဲ။ ငါ့အထင် လက်ထောက် ခေါင်းဆောင်ကျောက်က ဒါကို ဒီလို အချိန်မှာ လုပ်မှာ မဟုတ်လောက်ဘူး။ သူ့ရဲ့ ဒီကလေး နှစ်ယောက်က အရူးလုပ်ဖို့ မလွယ်ဘူး။”

“အဲ့ဒါတော့ ဟုတ်တယ်။ အရင်တစ်ခေါက်က ငါတို့ အမျိုးသမီး အုပ်ချုပ်ရေးပိုင်းက အစ်မမာက သူ့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်လို့ ငါကြားထားတယ်။ ငါ့အထင် သူက မိန်းမကောင်းလေးပါ။ ပြီးတော့ ပထမဆုံး အိမ်ထောင်ပြုမှာလေ။ နောက်ပြီး သူက ကြည့်ကောင်းပြီး သဘောလည်း ကောင်းတယ်။ ဒါပေမယ့် သူက အစ်မမာရဲ့ အိမ်မှာ တွေ့ဖို့ ပေါ်လာပြီး စီစဉ်ခဲ့ဝာာ။ ဒါပေမယ့် ကလေး နှစ်ယောက်က ထွက်လာပြီး ပြဿနာရှာ၊ ငိုကြနဲ့။ ပြီးဝောာ့ သူ့ကို မောင်းထုတ်လိုက်ကြတာ။”

“အဲ့ဒါတင် ဘယ်ကမလဲ၊ အရင် တစ်ခေါက်တုန်းက ပို့ဆောင်ရေး ဌာနက အစ်မထျန်းကလည်း ပြောတယ်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် စားသောက်ဆိုင်မှာ တွေ့ဖို့ စီစဉ်ထားကြတာတဲ့။ ဒါပေမယ့် ကလေး နှစ်ယောက်က သူတို့ အဖေကို ရှာမတွေ့တော့ ပြတင်းပေါက်ဘောင်မှာ ထိုင်ပြီး ငါတို့တွေ့ ဘယ်လိုပဲ ချော့ခေါ်ခေါ် အဲ့အပေါ်ကနေ ဆင်းဖို့ ငြင်းနေတာ။ အဲ့လိုနဲ့၊ သူတို့က ကောင်မလေးကို ထပ်ပြီး ကြောက်အောင် လုပ်လိုက်ကြပြန်ရော။”

“ကလေးတွေ အကြောင်းကို မပြောနဲ့ဦး။ လက်ထောက် ခေါင်းဆောင်ကျောက် ကိုယ်တိုင်ကလည်း တကယ်တော့ အရမ်း ရွေးလွန်းနေတာလေ။ မနှစ်ကဆို သူ မိန်းမတွေ အများကြီးနဲ့ ချိန်းတွေ့ခဲ့တာ။ အဲ့ထဲက အများစုကို သူက မချိန်းတွေ့ချင်ဘူးလေ။”

“အဲ့ဒါ အမှန်ပဲလား။ လက်ထောက် ခေါင်းဆောင်ကျောက်က ဒီလောက် ရွေးလွန်းတဲ့သူမျိုးနဲ့ မတူပါဘူး။”

“နင် လာတာ နောက်ကျလို့ပါ။ မနှစ်က ဒီကို လက်ထောက် ခေါင်းဆောင်ကျောက် ပထမဆုံး တာဝန်ကျတုန်းက ငါ အရင်တုန်းက တွေ့ဖို့ မိတ်ဆက်ပေးတဲ့ လူတွေကိုဆို ငြင်းပစ်တာလေ။ သူက အဲ့လူတွေကို နောက်မှ တဖြည်းဖြည်းနဲ့ စပြီး တွေ့ခဲ့တာလေ။ ဒါပေမယ့် အဲ့ထဲက အများစုက သူနဲ့ အဆက်အသွယ် မလုပ်ချင်ကြတော့ဘူး။ ဒါ မနှစ်က သူ့ရဲ့ အဆင့်အတန်း နိမ့်နေလို့လေ။”

“ငါက မိန်းမ တစ်ယောက် ရှာမတွေ့ဘူးဆိုပေမယ့် သူများတွေက တစ်ယောက်တောင် ရွေးပြီးသွားကြပြီ။ လူတွေမှာ ကံတရားက မတူဘူးဆိုတာ အမှန်ပဲ။”

…..

လုံခြုံရေး ဌာန ခေါင်းဆောင်က စိတ်ပျက်နေပုံ ရသည်။ “မင်းတို့တွေ ဘာလို့ အရမ်း စကားများကြတာလဲ။ မင်းတို့က ကိစ္စတိုင်းကို နားပူနားဆာ လုပ်နေကြတယ်။ မြန်မြန်လုပ်၊ တာဝန် သွားရမယ့်သူက တာဝန်ကို သွားလုပ်။ အိမ်ကို ပြန်ရမယ့်သူက ပြန်တော့။ မင်းတို့ မထွက်သွားခင် စက်ရုံကို သေချာ လိုက်စစ်ခဲ့ကြ။ ဘာပြဿနာမှ မဖြစ်စေနဲ့။ အဲ့တော့ ရှောင်ကျင်း မင်း ဒီနေ့ အဆင်ပြေရဲ့လား။ တကယ်လို့ အဆင်ပြေရင် လက်ထောက် ခေါင်းဆောင်ကျောက်ရဲ့ တာဝန်ကို ယူပေးလိုက်ပါ။ မင်းရဲ့ အလှည့်ကျရင် သူ့ကို ယူခိုင်းလိုက်။”

လုံခြုံရေး ဌာနရဲ့ ခေါင်းဆောင်က အော်လိုက်ပြီးတဲ့နောက် စိုးရိမ်နေခဲ့သည်။ ကျောက်ကျွင်း ပထမဆုံးအကြိမ် ဒီကို တာဝန်ကျတုန်းက သူသည် ကျောက်ကျွင်းအကြောင်းကို အတော်လေး မျက်မှန်းတန်းမိခဲ့သည်။

ပထမ အကြောင်းပြချက်ကတော့ ခေါင်းဆောင်ကျောက်ကျွင်းက စိတ်အားထက်သန်ပြီး အခြားသူတွေထက် ပိုတော်သည်။ နောက်ထပ် အကြောင်းပြချက် တစ်ခုကတော့ ကျောက်ကျွင်းက သူ့လိုပဲ စစ်သားတစ်ယောက် အဖြစ်ကနေ အနားယူလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် တာဝန်ခံ ခေါင်းဆောင်က ‌ကျောက်ကျွင်းကို လေ့ကျင့်ပေးချင်သည်မှာ သဘာဝကျသည်။ သူသည် နှစ်အနည်းငယ်အတွင်း အနားယူတော့မည် ဖြစ်သည်။ ထို့နောက် ကျောက်ကျွင်းက ဉာဏ်ကောင်းပြီး ကြိုးစားသ၍ သူသည် လုံခြုံရေး ဌာနရဲ့ တာဝန်တွေကို သူ့အား လွှဲပြောင်းပေးလို့ ရနိုင်မည် ဖြစ်သည်။

သို့သော် သူသ‌ဘောကျသည့် အလားအလာရှိတဲ့ လူငယ်မှာ အခြား ရည်ရွယ်ချက်တွေ ရှိနေသေးသော်လည်း သူသည် သူ့အိမ်က ကိစ္စတွေကိုတောင် မကိုင်တွယ်နိုင်ပါ။

သူ့ရဲ့ ကလေး နှစ်ယောက်က သူ့ကို အတော်လေး စိတ်ပူပြီးရင်း ပူရအောင် လုပ်ပြီး သူက တစ်ခါတစ်လေ အလုပ်ကနေ အစောကြီး ပြန်ရတာ ဒါမှမဟုတ် အလုပ်ကို နောက်ကျမှ လာရတာမျိုး ရှိတတ်သည်။ တစ်နှစ် ကြာပြီးနောက် သူသည် သူ့ရဲ့ လုံခြုံရေး ဌာနမှ လုပ်ဖော်ကိုင်ဖက်တွေနဲ့တောင် အဆက်အသွယ် မလုပ်နိုင်ခဲ့ပါ။ သူက လက်ထောက်ခေါင်းဆောင် ဖြစ်သော်လည်း သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းကို ပြဖို့အတွက် ဘာကိုမှ မလုပ်နိုင်သည့်အတွက် ထုံးစံအတိုင်း ဘယ်သူကမှ သူ့ကို မလေးစားကြပါ။

တာဝန်ခံ ခေါင်းဆောင်က ဆေးလိပ် တစ်လိပ်ကို ဖွာလိုက်သည်။ သူ့မှာ အချိန် အများကြီး မကျန်တော့ဘဲ အောင်မြင်တဲ့ လူတစ်ယောက်ကို လေ့ကျင့်ပေးဖို့ကလည်း ဘယ်သူကမှ မမှိခိုရဲကြပါ။ တကယ်လို့ ကျောက်ကျွင်းရဲ့ မိသားစု ကိစ္စတွေကိုသာ မဖြေရှင်းနိုင်ရင် သူက အခြား တစ်ယောက်ကို ရွေးရတော့မည် ဖြစ်သည်။

ကျောက်ကျွင်းက သဘောတူထားတဲ့ နေရာကို ရောက်သည့်အခါ မှောင်မဲနေပြီ ဖြစ်သည်။ အဲ့နေရာမှာ အောင်သွယ်တော် တစ်ယောက်သာ ရှိနေခဲ့ပြီး အမျိုးသမီးရဲ့ အရိပ်ကို ဘယ်နေရာမှာမှ မတွေ့ခဲ့ရဘဲ ဆံချည်တစ်မျှင်ကိုတောင် မတွေ့ခဲ့ရပါ။

‌အောင်သွယ်တော်က ကျောက်ကျွင်းကို မြင်သည့်အခါ ဆက်ခနဲ ရိုက်လိုက်သည်။ “တပ်သားကျောက်၊ မင်းက ငါ့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ပြောလို့ ငါလုပ်ပေးတယ်။ ဒါပေမယ့် မင်း ငါ့အပေါ်မှာ ဒီလို လှည့်စားတာမျိုး မလုပ်နိုင်ဘူး ဟုတ်တယ်မလား။ အခု အချိန်ကိုလည်း ကြည့်လိုက်ဦး။ ငါတို့ သဘောတူထားတာ ခြောက်နာရီခွဲလေ။ ဒါပေမယ့် နင်က ခုနစ်နာရီခွဲမှ လာတယ်။ နင်က ဒီမှာ လူတစ်ယောက်ကို တွေ့ဖို့အတွက်လား။ ဒါမှမဟုတ် ကောင်မလေးကို အရှက်ရအောင် လုပ်မလို့လား။”

ကျောက်ကျွင်းက မြန်မြန်ပဲ ရှင်းပြခဲ့သည်။ “ငါ တကယ်ကို တောင်းပန်ပါတယ်။ ဒီနေ့ ငါ့မှာ တာဝန်ရှ်ိတာကို မေ့နေလို့ ခနလောက် နေနေရလို့ပါ။ မနက်ဖြန် ထပ်ချိန်းရင်ရော ဘယ်လိုလဲ။ သူ ဘာလိုချင်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်တာပါ။ ဘယ်မှာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ပြီးတော့ ငါ အချိန်မှီ အဲ့ကို လာခဲ့ပါ့မယ်။”

သူရဲ့နဖူးပေါ်က ချွေးတွေကို ကြည့်လိုက်သည့်အခါ သူက အောင်သွယ်တော်ကို လှည့်စားဖို့ လုပ်နေတာ မဟုတ်ဘူး ဆိုတာကို သိသွားခဲ့ပြီး သူက တစ်လမ်းလုံး တကယ်ကြီး ပြေးလာတာ သေချာသည်။ သူ့ရဲ့ ဒေါသတွေက နည်းနည်း လျှော့သွားခဲ့သော်လည်း ပြောလိုက်သည်။

“မရဘူး။ အဲ့ဒါက အလုပ် မဖြစ်ဘူး။ ဒီ‌လို မတွေ့ဖူးဘဲ ချိန်းတွေ့တာမျိုးမှာ နင်က ပထမအကြိမ် အဆင်မပြေဘူးဆိုရင် ဒုတိအကြိမ် လုပ်ဖို့ဆိုတာက ခက်တယ်။ အမျိုးသမီးဘက်က စိတ်ပျက်သွားပြီဆိုတော့ ထပ်ကြိုးစားဖို့ဆိုတာက အကြံကောင်း တစ်ခုတော့ မဟုတ်ဘူး။”

ကျောက်ကျွင်းက စိတ်ရှုပ်သွားပြီး အောင်သွယ်တော်ကို ပြောခဲ့သည်။”ဒါဆို နောက်တစ်ယောက် ထပ်ရှာကြတာပေါ့။ တကယ်လို့ နင် သင့်တော်တဲ့ လူတစ်ယောက် တွေ့ခဲ့ရင် ငါ့ကို အသိပေးလေ။”

ထိုစကားကို ပြောပြီးနောက် သူက သူ့ရဲ့ အိတ်ကပ်ကို ထိပြီး ဒီနေ့ သူ့ရဲ့ကံက တကယ်ကို ဆိုးတာပဲဟု သူ့ကိုယ်သူ တွေးလိုက်သည်။ သူ့ရဲ့ အိတ်ကပ်ထဲမှာ ဘာပိုက်ဆံမှ မရှိဘဲ အသေးဆုံး တစ်ခုအနေဖြင့် မဖြဲရသေးတဲ့ တစ်ယွမ် ဘေစာရွက်လေးသာ ရှိသည်။

သူက အံကိုကြိတ်ပြီး တစ်ယွမ်ကို ထုတ်ကာ အောင်သွယ်တော်ကို ပေးလိုက်သည်။ “မင်းက အတော်ဆုံး အောင်သွယ်တော်လို့ လူတိုင်းက ပြောကြတယ်။ ပြီးတော့ မင်းက တော်တော်လေး အောင်မြင်တယ်တဲ့။ မင်းလည်း ငါ့မိသားစုရဲ့ အခြေအနေကို နားလည်ပေးတာမလို့ ကျေးဇူးတင်ပါတယ်။”

အောင်သွယ်တော်က တစ်ယွမ်ကို မြင်သည့်အခါ မျက်ခုံးကို ပင့်လိုက်သည်။ တစ်ယွမ်ကို ယူပြီးနောက် သူမက ရင်ဘက်ကို ပွတ်ပြီး ပြောလိုက်သည်။ “မပူပါနဲ့။ ဒီမှာရှိတဲ့ လူတိုင်းက ငါ့ရဲ့ ဂုဏ်သတင်းကို အောင်သွယ်တော်ဆိုပြီး သိကြပါတယ်။ နင်နဲ့ သင့်တော်တဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ငါ ကတိပေးပါတယ်။”

ကျောက်ကျွင်းက အောင်သွယ်တော်ကို ကျေးဇူးတင်ပြီး မထွက်သွားခင်မှာ လက်ဖက်ရည်ဖိုး ပေးလိုက်သည်။ အောင်သွယ်တော်က သူ့ကို မျက်နှာချို ဆက်သွေးခဲ့သည်။

“တကယ်တော့ တပ်သားကျောက်က တော်တော်လေး သင့်တော်တဲ့သူပါ။ နင့်မှာ ကလေးတွေ ရှိတယ်ဆိုပေမယ့် မြို့မှာ ယောက်ျား မရှ်ိတော့တဲ့ မုဆိုးမတွေ အများကြီးပဲ။ ငါ့မှာ အဲ့လိုလူတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ ယောက်ျားတွေက အစောကြီး ဆုံးသွားပြီး သူတို့ရဲ့ ကလေးတွေကို သူတို့ဘာသာ စောင့်ရှောက်ရတာက ခက်ခဲတယ်လေ။ အို့၊ နင် ဘာလိုချင်လဲ ငါသိပါတယ်။ ကလေး မရှိဘဲ ပထမဆုံးအကြိမ် လက်ထပ်မယ့်သူကို သေချာပေါက် ဦးစားပေး ရှာပေးမှာပေါ့။ ဒါပေမယ့် ရိုးရိုးသားသား ပြောကြရအောင်။ တကယ်လို့ အဲ့လို သင့်တော်တဲ့သူ မရှိဘူးဆိုရင်တောင် ကလေးရှိတဲ့သူကို တွေ့ဖို့ အကြံကလည်း မဆိုးပါဘူး။ နင်ရော အဲ့လို မတွေးမိဘူးလား။”

ကျောက်ကျွင်းက အောင်သွယ်တော်ကို အိမ်ပြန်ပို့ပေးပြီး ပြုံးပြကာ အိမ်ကို လမ်းလျှောက် ပြန်သွားခဲ့သည်။

သူ စက်ရုံဂိတ်ကို ရောက်တော့ ညစာ မစားရသေးတာကို သတိရသွားသည်။ သူ့ရဲ့ အိတ်ကပ်ထဲကို ရှာကြည့်တော့ ပေါက်စီအတွက် စားစရာ လက်မှတ် ‌နှစ်စောင်ကို တွေ့လိုက်ရသည်။ ထို့နောက် ကန်တင်း အသေးလေးရဲ့ ပြတင်းပေါက်ကနေ ပေါက်စီနှစ်လုံး ဝယ်ပြီး အိမ်ကို ပြန်သွားခဲ့သည်။

ကျောက်ကျွင်းသည် အဝေးကနေတောင် အနံ့ မွှေးမွှေးလေးကို ရနေခဲ့သည်။ အဆောက်အဦက လှုပ်ရှားနေသံများဖြင့် ဆူညံနေခဲ့သည်။ ကလေးတွေက ရန်ဖြစ်လိုက်၊ ကစားလိုက်နှင့် မိသားစုတွေကလည်း လမ်းမမှာ မီးဖိုများဖြင့် ချက်ပြုတ်နေကြသည်။ အချိန်တိုင်း သူက လူတွေ သူတို့ရဲ့ ကလေးတွေကို ဆူနေသည့် အသံကို ကြားနေရသည်။

“မျောက်ကလေး၊ သွားကစားချည်။ ဒီမှာ ပြဿနာ လာရှာနေတာ ရပ်တန်းက ရပ်တော့။”

“တရှန်၊ ညစာစားဖို့ ပြန်လာတော့။”

“ရင်းကျီ၊ အပြင်မှာ ပေါတောတောတွေ လုပ်မနေနဲ့၊ ကောင်မလေး။ မြန်မြန် ပြန်လာပြီး လက်ဆေးပြီး စားစရာ ရှိတာကို လာစား။”

……

ကျောက်ကျွင်းက စင်္ကြံလမ်းကနေ လျှောက်သွားသည့်အခါ အချိန်တိုင်း လူတွေက သူ့ကို နှုတ်ဆက်နေခဲ့ကြသည်။ အခုခေတ်မှာ လူတွေက နီးနီးကပ်ကပ် နေကြ‌ပြီး လမ်းက သိပ်ပြီး မကျယ်ပါ။ ကျောက်ကျွင်းက သတိထားပြီး လမ်းလျှောက်လာကာ သူ့ဘေးနားရှိ ဆူညံသံတွေက သူ့ကို စိတ်ရှုပ်စေခဲ့သည်။

တော်တော်လေး အားစိုက်ထုတ်ပြီးမှ သူ့ရဲ့ အခန်းကို ရောက်တော့သည်။ စင်္ကြံလမ်းမှာရှိတဲ့ အချို့ အိမ်တွေရဲ့ ဆူညံပွက်လောရိုက်သံနဲ့ ယှဉ်လိုက်ရင် ကျောက်မိသားစုရဲ့ အိမ်က ဘာမှ မရှိဘဲ ခြောက်ကပ်နေခဲ့သည်။

ကျောက်ကျွင်းက မီးဖိုတစ်လုံးကိုသာ ဝယ်ပြီး အိမ်မှာ ထားထားခဲ့သည်။ အစတုန်းက သူ့မိသားစုပိုင်သည့် လမ်းပေါ်က ဟင်းချက်စရာ နေရာကို သူ့ရဲ့ အိမ်နီးချင်းက အပိုင်သိမ်းသွားခဲ့သည်။

အိမ်နီးချင်းက ကျောက်ကျွင်း ပြန်လာတာကို မြင်သည့်အခါ အင်တင်တင်နှင့် နှုတ်ဆက်လိုက်သည်။ “လက်ထောက် ခေါင်းဆောင်ကျောက်၊ ပြန်လာပြီလား။ စားပြီးပြီလား။ မစားရသေးဘူးဆိုရင် ဘာလို့ ငါတို့နဲ့ အတူတူ တစ်ခါတည်း မစားသွားတာလဲ။”

သူက အဲ့လို ပြောလိုက်သော်လည်း ဒါဟာ ပုံမှန် နှုတ်ဆက်တာပဲဆိုတာကို ကျောက်ကျွင်းက သိနေခဲ့သည်။

“ငါ စားပြီးပြီမလို့ မစားတော့ပါဘူး။”

အိမ်နီးချင်းက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ကာ မြန်မြန် ထပ်ပြောလိုက်သည်။ “ဟုတ်ပါပြီ။ ငါ ချက်ပြီးတာနဲ့ နင့်အတွက် ဖယ်ထားလိုက်မယ်။”

ကျောက်ကျွင်းက ခေါင်းငြိမ့်ပြပြီး သူ့အိမ်ထဲကို ဝင်သွားခဲ့သည်။

အခန်းက ရှုပ်ပွနေခဲ့သည်။ ကလေးတစ်ယောက်ရဲ့ ဖိနပ်က အိပ်ရာပေါ်မှာ၊ လွယ်အိတ်က စားပွဲခုံပေါ်မှာနှင့် ခွက်ကလည်း လဲနေခဲ့သည်။ ကျောက်တုန်နှင့် ကျောက်ရှီတို့ မောင်နှမ နှစ်ယောက်က အိပ်ရာ ခြေရင်းမှာ အိပ်နေခဲ့ပြီး သူတို့ရဲ့ လက်ထဲတွင် လျှောက်ခြစ်ထားသော ပုံကို ဆုတ်ကိုင်ထားခဲ့သည်။ အိမ်က ခြေချစရာ နေရာမရှိအောင် ရှုပ်ပွနေခဲ့သည်။ နေ့လည်စာ ထမင်းဗူးတွေကိုလည်း ကြမ်းပြင်ပေါ် ပစ်ချထားခဲ့သည်။

တံခါးဖွင့်သံ ကြားသည့်အခါ ကျောက်တုန်က မော့ကြည့်ပြီး သူ့ကို မြင်သည့်အခါ သူက မနှုတ်ဆက်ဘဲ ပြန်လှည့်သွားခဲ့သည်။

ထိုအစား၊ ကျောက်ရှီက သူမရဲ့ မျက်လုံးတွေကို ပွတ်ပြီး “အဖေ”ဟု ညှင်သာစွာ‌ ခေါ်လိုက်သည်။

ကျောက်ကျွင်းက သူ့ရဲ့ မျက်လုံးကို ပွတ်ပြီး သူ စိတ်ရှုပ်မှာ မဟုတ်ဘူးဆိုတာကို သူ့ကိုယ်သူ အကြိမ်တစ်ထောင်လောက် ပြောနေခဲ့သည်။

သူသည် သူ့ရဲ့ ကလေးတွေကို ရွာမှာ အမျိုးတွေနဲ့ ထားခဲ့ဖို့ ရွေးချယ်စရာ မရှိဘဲ မြန်မြန် ထွက်သွားခဲ့ရသည်။ ခြောက်လကြာပြီးနောက် သူ့ရဲ့ တပ်ထဲရှိ အလုပ်တွေ အားလုံး ပြီးသွားချိန်မှာ ပြန်ရောက်လာခဲ့သည်။

ဒီခြောက်လဟာ ကျောက်တုန်နှင့် ကျောက်ရှီကို အတော်လေး ပြောင်းလဲသွားအောင် လုပ်ဖို့အတွက် အချိန် လုံလုံလောက်လောက် ရှိနေခဲ့သည်။

ကျောက်ကျွင်းတို့ မိသားစုက သူ့ရဲ့ ဦးလေးကို တွေ့ရှိခဲ့ကြသည်။ သူသည် တစ်လကို တစ်ဆယ့်ငါးယွမ် ယူပြီး သူ တပ်ကနေ နားသည်အထိ ကလေးတွေကို စောင့်ရှောက်ပေးဖို့ သဘောတူခဲ့သည်။ မထွက်သွားခင်မှာ ကျောက်ကျွင်းက သူ့အစ်ကိုတွေနှင့် စကားပြောဖို့ကို‌တောင် ကြိုးစားခဲ့သေးသည်။ အရာရာကို ဆွေးနွေးဖို့အတွက် အကြံပေးခဲ့ပြီး ကလေးတွေက သူတို့ရဲ့ တူတွေ ဖြစ်သည့်အတွက် သူပဲ ဂရုစိုက်တာက ပိုကောင်းလိမ့်မည် ဖြစ်သည်။

သို့သော် ကျောက်ကျွင်းသည် သူ့ရဲ့ အကိုတွေက မေးခွန်းလေး တစ်ခုတောင် မမေးဘဲ သွားခွင့်ပေးမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။

ထို့အပြင် သူ့ဦးလေး မိသားစုက သူထင်ထားသလို အေးအေးချမ်းချမ်း ရှိမနေခဲ့ပါ။ ကလေးနှစ်ယောက်သည် ဆယ့်ငါးလအတွင်း သူတို့က မြို့မှာ အေးအေးဆေးဆေးသာ နေခဲ့ရမယ်ဆိုရင် ဒါက လိုတာထက်တောင် ပိုလုံလောက်သည်။ ကျောက်ကျွင်းသည် သူက ကောင်းမွန်တဲ့ သဘောတူညီမှုတွေကို လုပ်ခဲ့တယ်ဟု ခံစားမိခဲ့သည်။ ထို့အပြင် ပိုက်ဆံသာ လုံလုံလောက်လောက် ရှိနေသ၍ ကလေးတွေကို ဂရုစိုက်ဖို့ လွယ်ကူလိမ့်မည် မဟုတ်ပါလား။

သို့သော် သူပြန်လာသည့်အခါ ကျောက်တုန်နှင့် ကျောက်ရှီက ဝိတ်ကျသွားတာ၊ ဒါမှမဟုတ် ထူးထူးခြားခြား ဖြစ်နေတာမျိုး မရှိသော်လည်း သူတို့ရဲ့ မျက်လုံးတွေက ရှောင်ဖို့အတွက် ကြိုးစားနေခဲ့ပြီး သူတို့သည် အရင်လို တက်တက်ကြွကြွနှင့် အဆော့သန်သည့် ပုံစံမျိုးကနေ ပြောင်းသွားခဲ့သည်။

ကလေးတွေက ရှက်တယ်ဟု သူ့ဦးလေး မိသားစုက ပြောခဲ့သော်လည်း ရွာထဲကို ပတ်မေးပြီးနောက် သူ့ဦးလေး မိသားစုကို ပေးလိုက်သည့် ၁၅ ယွမ်ကို မပေးဘဲ ယူထားကြောင်း သိလိုက်ရသည်။ ဒါက သိပ်ပြီး မများသော်လည်း သူ့ဦးလေးက ပိုက်ဆံကို ယူထားပြီး သူ့ရဲ့ ဝမ်းကွဲတွေကို ပေးဖို့အတွင် ငြင်းဆန်ခဲ့သည်။ ဒါဟာ သူ့ဝမ်းကွဲတွေရဲ့ မိန်းမတွေ အကြားမှာ ပြဿနာတစ်ခု ဖြစ်စေခဲ့သည်။ ထို့အပြင် သူတို့သည် ပါးစပ် အပို နှစ်ပေါက်ကို ရှာကျွေးဖို့ တာဝန်နှင့် အခက်အခဲတွေကို ရင်ဆိုင်နေရသည့်သူတွေ ဖြစ်သည်။ ထိုအချိန်မှာ ပိုက်ဆံက လူအို လင်မယားထံမှာ ကျန်ရှိနေခဲ့သည်။

မိသားစုကို ခွဲဝေမပေးဘူးဆိုရင် လူကြီးတွေရဲ့ လက်ထဲမှာ ပိုက်ဆံ ကျန်ရှိနေမှာက ပုံမှန်သာ ဖြစ်သည်။

ဒါပေမယ့် ဒါက ဆယ့်ငါးယွမ်လေ။

တစ်လကို ဆယ့်ငါးယွမ်လေ။

ကျောက်ကျွင်းသည် သူပေးလိုက်သည့် ပိုက်ဆံတွေက သူ့ဦးလေးရဲ့ အိမ်မှာပဲ ပြဿနာတွေ ဖြစ်စေမယ်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါ။ သူ့ဝမ်းကွဲတွေရဲ့ မိန်းမတွေက ဆက်တိုက် ရန်ဖြစ်နေကြပြီး တစ်ယောက်က သူမရဲ့ မိဘအိမ်ကို ပြန်သွားကာ နောက်ထပ် နှစ်ယောက်က ထပ်ပြီး ရန်ဖြစ်ခဲ့ကြသည်။

ဒီလို ပတ်ဝန်းကျင်မှာ ကျောက်တုန်နှင့် ကျောက်ရှီတို့က သူတို့ရဲ့ မိထွေးသည် မြေပဲတွေကို စားပြီး သူတို့ရဲ့ အဖေက သူတို့ကို မလိုချင်တော့ဘူးဆိုသည့် စကားတွေကိုသာ ထပ်ခါထပ်ခါ ကြားနေခဲ့ရပြီး သူတို့က တစ်နေကုန် ပိုပိုပြီး တိတ်ဆိတ်လာခဲ့ကြသည်။

ခြောက်လတည်းနဲ့ ကျောက်တုန်နှင့် ကျောက်ရှီတို့က ရုတ်တရက် သုန်မှုန်ပြီး စိတ်ဓာတ်ကျလာခဲ့ကြသည်။ ထို့အပြင် သူတို့က ကျောက်ကျွင်းကို မြင်သည့်အခါ သူ့ကို “အဖေ” ဟုတောင် မခေါ်ကြတော့ပါ။

ကျောက်ကျွင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်နေခဲ့သော်လည်း သူ့မှာ အပြစ်တင်စရာလူ မရှိနေခဲ့ပါ။

ဆယ့်ငါးယွမ်ဆိုတာ သူ့ရဲ့ ကိုယ်ပိုင် ဈေးနှုန်းတစ်ခုသာ ဖြစ်သည်။ သူ့အကိုက နဂိုကတည်းက လဲကျနေပြီးသား။ အဲ့ဒါကြောင့် သူက သူတို့ကို ကြားဝင်ဖို့ စိတ်ကူး မရှိဘူး။ သူ့ဦးလေး မိသားစုက နားငြီးပေမယ့် သူတို့ စားဝတ်နေရေးအတွက်တော့ ခြစ်ကုတ်နေတာမျိုး မရှိဘူး။

ဒါက ဘယ်လိုလုပ် တရားမှာလဲ။

ကျောက်ကျွင်းက သူ့ရဲ့ အတိတ်ဘဝကို ပြန်တွေးမိခဲ့သည်။ သူသည် အရမ်းကို အလုပ်ရှုပ်လွန်းလို့ ကလေးတွေရဲ့ ပညာရေးကိုတောင် သေချာ အာရုံမစိုက်နိုင်ခဲ့ပါ။ သို့သော် သူက အဲ့ဒါတွေကို လျစ်လျူမရှုခဲ့ပါ။ သူ အိမ်ကို ပြန်လာသည့် အခါတိုင်း သူ့ရဲ့ ကလေးတွေကို စကား ပြောခဲ့သည်။ ကျောက်တုန်နှင့် ကျောက်ရှီတို့က အဲ့နောက်မှာ သူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံခဲ့သည်။

သူမက သူ့ကို မြင်သည့်အခါ “အဖေ”ဟု ခေါ်လိုက်သည်။ သူက မြို့မှာ အလုပ်ကို ကြိုးစားပြီး လုပ်နေကြတာကို သူမက သိနေသည့်အတွက် သူမက သူပြန်လာသည့်အခါ သူ့ဖို့ လက်ဖက်ရည် ယူလာပြီး သူမ ကျောင်းမှာ သင်ခဲ့ရသည့် စာတွေအကြောင်း ပြောပြခဲ့သည်။ တစ်ခါတစ်လေဆို ကလေးတွေ အမှားတစ်ခုခု လုပ်မိသည့်အခါ ကလေးကို အမှန် ပြင်ပေးဖို့ သူက ဝမ့်ရင်းကို သတိပေးလေ့ ရှိသည်။

ကလေး တစ်ယောက်ကို ပြုစုပျိုးထောင်ရတာက သိပ်ပြီး လွယ်ကူတယ်ဟု ကျောက်ကျွင်းက အမြဲလိုလို တွေးခဲ့သည်။ စားဝတ်၊ နေရေးအတွက် ဂရုစိုက်ပေးရတာ ဘယ်လောက် ခက်ခဲမှာမလို့လဲ။ သူက ပညာရေးနှင့် ဆက်စပ်သည့် လမ်းကြောင်းများကို အဓိက အခြေချထားခဲ့သည်။ သူ့ရဲ့ လက်တွဲဖော်က သူ့ရဲ့ လမ်းကြောင်းကိုသာ လိုက်ပြီး ကလေးတွေရဲ့ အခြေအနေတွေကို ဂရုစိုက်ပေးဖို့သာ လိုအပ်သည်။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၀၀

ကျောက်တုန် တက္ကသိုလ်ကနေ ဘွဲ့ရသည့်အခါ ကျောက်ကျွင်းသည် ထူးချွန်သော ကျောင်းသားများ၏ မိဘများ ကိုယ်စားပြု တစ်ယောက်အနေဖြင့် စင်ပေါ်မှာ ပြောခဲ့ရသည်။ သူဟာ ယုံကြည်ချက်ရှိရှိနှင့် သူ့ရဲ့ အုပ်ထိန်းမှု စိတ်ပညာ အကြောင်းကို ဝေမျှပေးခဲ့သည်။ သူ့ကို မီဒီယာ များစွာက အင်တာ‌ဗျူးခဲ့ပြီး “ကလေးတွေရဲ့ ပညာရေး အကောင်းဆုံး ရင်းနှီးမြှုပ်နှံခဲ့တဲ့သူ” ဟု မိဘများ အကြားမှာ လူသိများလာခဲ့သည်။

ကျောက်ကျွင်းသည် သူသံသယ ဝင်ခဲ့ဖူးသည့် ပညာရေး လမ်းကြောင်းက တစ်နေ့နေ့မှာ သူ့ကို ဂုဏ်ယူရအောင် လုပ်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။

ကျောက်တုန်နှင့် ကျောက်ရှီ မြို့ကို ရောက်လာပြီးနောက် သူသည် ကလေးနှစ်ယောက် ကျေနပ်အောင် အချိန်တွေ အများကြီး ကုန်ဆုံးခဲ့သည်။ ကျောက်ရှီက အဆင်ပြေပြီး သူမက ငါးနှစ်၊ ခြောက်နှစ်လောက်သာ ရှိသေးသည့်အတွက် ဘာကိုမှ အများကြီး မမှတ်မိခဲ့ပါ။

သို့သော် ကျောက်တုန်က အဆင်မပြေပါ။ သူဟာ အသက် ရှစ်နှစ်ရှိပြီဖြစ်ပြီး ဒီနှစ်မှာ ကိုးနှစ် ပြည့်တော့မည် ဖြစ်သည်။ ဒါက ပြဿနာတွေ အများဆုံး အရွယ်တစ်ခု ဖြစ်သည်။

ကျောက်ကျွင်းက သူ့ကို ချော့ဖို့အတွက် ဘယ်လိုပဲ ကြိုးစားနေပါစေ၊ သူ့အပေါ် အမြင် မကြည်ခဲ့ပါ။

ကျောက်ကျွင်းက မနေနိုင်ဘဲ သူ့ရဲ့ အားလပ်သည့် အချိန်တွေမှာဆို ကျောက်တုန်က သူ့ရဲ့ အရင် ဘဝမှာ ဘယ်လောက် ‌စပ်စပ်ထိမခံဘဲ အလွယ် လိုက်ခဲ့လဲဆိုတာကို သိချင်နေခဲ့သည်။ သူ့ဘေးနားရှိ အောင်မြင်ပြီးသား ရင်းနှီးမြှုပ်နှံသူများ အကြားမှာ ကျောက်ကျွင်းလို ရည်မှန်းချက် မြင့်တဲ့သူမျိုး မရှိပါ။ ချမ်းသာသည့် ဒုတိယ မျိုးဆက် ကလေး အများစုသည် ရုတ်တရက် ချမ်းသာလာပြီး အငတ်ဘေးမှ လွတ်ခဲ့ရသည်။ သူ့ရဲ့ ကလေး နှစ်ယောက်ကလည်း အတော်ကို ရည်မှန်းချက် ရှိသည်။ ကျောက်တုန်သည် မိသားစု စီးပွားရေးကို မြှုပ်နှံခဲ့ရုံသာမက အဲ့ဒါကိုလည်း ချဲ့ထွင်ခဲ့သည်။ ထိုအချိန် ကျောက်ရှီက အောင်မြင်မှု တစ်ခုကို ရနေခဲ့ပြီးဖြစ်ကာ ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူ့ရဲ့ အရင်ဘဝက လမ်းကြောင်းအတိုင်း ဆက်လုပ်ခဲ့ရင် အရာအာလုံး အဆင်ပြေမှာကို ဒီဘဝမှာ ဒီကလေးက ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။

‌ကျောက်ကျွင်းက အခန်းကို မြန်မြန်ပဲ သန့်ရှင်းရေးလုပ်ပြီး ရေနွေးနွေးလေးဖြင့် သူ့ကိုယ်သူ ရေချိုးကာ ရေနွေးနှင့် ပေါက်စီကို စားခဲ့ကြသည်။

ရုတ်တရက် ကျောက်တုန်ရဲ့ ခါးခါးသီးသီး အသံ တစ်သံကို ငါကြားလိုက်ရတယ်။ “ခဗျား မသိတဲ့ လူတစ်ယောက်နဲ့ တွေ့ဖို့ ထပ်ပြီး သွားပြန်ပြီ။”

‌

ကျောက်ကျွင်းက ဘာတစ်ခွန်းမှ မပြောခဲ့ပါ။ သူတစ်ခုခု ပြောလိုက်ရင် သူ့ရဲ့ ဒေါသကို မထိန်းနိုင်ဘဲ ကျောက်တုန်ကို ထပ်ပြီး ရိုက်မိမှာ စိုးရိမ်နေခဲ့သည်။

ကျောက်တုန်က သူ့အဖေရဲ့ ပုံစံကို နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ပါ။ သူသည် အိပ်ရာပေါ်ကနေ ထပြီး သူ့အဖေကို အော်လိုက်သည်။ “ခဗျား ကျွန်တော့်ကို ထပ်ပြီး မိထွေး တစ်ယောက် ရှာပေးရင် ကျွန်တော် ဘယ်တော့မှ ပြန်မလာတော့ဘူး။”

ကျောက်မိသားစုဆီ ထပ်ခါထပ်ခါ သည်းခံခဲ့ရပြီး နောက်ဆုံးမှာတော့ နေ့တစ်နေ့ရဲ့ နောက်ဆုံးအချိန်ကို အတော်လေး ခုခံပြီး ကျော်ဖြတ်ခဲ့ရသည်။

“ကျောက်တုန် မင်းက ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ။ ဘာလို့ မင်းအဖေရဲ့ ကိစ္စတွေကို ဝင်ပါနေရတာလဲ။”

ကျောက်တုန်ရဲ့ မျက်ဝန်းတွေက မျက်ရည်ဝဲသွားခဲ့သည်။ “ငါ ဂရုမစိုက်ဘူး။ တကယ်လို့ မိထွေး တစ်ယောက်သာ ထပ်ရှာမယ်ဆိုရင် ငါ ထွက်သွားမယ်။ ခဗျားက ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကို လုံးဝ မချစ်ဘူး။ ခဗျားက လက်ထပ်ဖို့ မိန်းမ တစ်ယောက်ကိုပဲ ရှာ‌ချင်နေတာ။ ပြီးတော့ လက်ထပ်မယ်။ အဲ့ဒါပြီးရင် ခဗျားက ကျွန်တော်တို့ရဲ့ အဖေ လုံးဝ မဟုတ်တော့ဘူး။”

ကျောက်ကျွင်းက အဲ့ဒါကို မယုံနိုင်ခဲ့ဘဲ သူ့ရဲ့ ရင်ထဲမှာ နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ “ငါက ဘာလို့ မိန်းမ တစ်ယောက်ကို ရှာရမှာလဲ။ အဲ့ဒါတွေက မင်းတို့ နှစ်ယောက်ကြောင့်ကွ။”

ကျောက်တုန် - “အဖေ မဟုတ်ပါဘူး။ အဖေက ဒါကို အဖေ့အတွက်ပဲ လုပ်နေတာလေ။ ကျွန်တော်တို့အတွက် ရှာပေးတဲ့ မိထွေးဆိုတာကလည်း အဖေ့အတွက်ပဲ။ အဖေ ကျွန်တော့်ကို မေးတောင် မမေးခဲ့ပါဘူး။ အဖေ ရှာလာတဲ့ မိထွေးက အဖွားကို ဒေါသထွက်ပြီး သေအောင် လုပ်ခဲ့တာ။ ကျွန်တော် မိထွေး မလိုချင်ဘူး။ ကျွန်တော့်ရဲ့ အဖွားကိုပဲ လိုချင်တယ်။”

ဆုံးပါးသွားသည့် အမျိုးသမီးကြီးကျောက် အကြောင်းကို ပြောလိုက်သည့်အခါ ကျောက်ကျွင်းရဲ့ ဒေါသတွေက ပြေသွားခဲ့ပြီး အကုန်လုံး ငြိမ်သွားခဲ့သည်။

‌

ကျောက်ကျွင်းက ငိုနေခဲ့သော်လည်း အပြင်ဘက်မှာတော့ တိတ်ဆိတ်နေခဲ့သည်။ အပြင်က နားထောင်နေသည့် နားတွေ အများကြီး ရှိနေတာကို ကျောက်ကျွင်းက သိနေခဲ့သည်။

သူက အားငယ်စွာ ပြောလိုက်သည်။ “မင်း နားမလည်ပါဘူးကွာ။ ဒါတွေက လူကြီးတွေရဲ့ ကိစ္စပါ။”

ထိုအချိန်မှာ ကျောက်တုန်သည် ဘာကိုမှ မသိတော့ဘဲ ငိုသာ ငိုချင်နေခဲ့သည်။ သူက မျက်လုံးတွေကို စုံမှိတ်ပြီး ရင်ထဲက‌နေ လှိုက်နေအောင် အော်ငိုနေခဲ့သည်။

‌ကျောက်ကျွင်းက စိတ်ပျက်သွားခဲ့သည်။ သူက သူ့ရဲ့သားကို မချော့နိုင်ဘဲ သူ့သမီးကလည်း သူ့အကိုနှင့်အတူ ငိုနေသည်။ သူသည် မိန်းမတစ်ယောက် ထပ်မရှာဖို့ ကတိကို အတည်နိုင်ခဲ့ပါ။ သူသည် သူ့မိသားစုရဲ့ အဓိက ပြဿနာကို သိနေခဲ့သည်။ - အိမ်မှာ သူ့ကို ထောက်ပံ့ပေးမယ့် မိန်းမ တစ်ယောက် ရှိမနေခြင်း ဖြစ်သည်။

ကျောက်ကျွင်းက သူ့ရဲ့ ဆံပင်ကို ပွတ်ပေးခဲ့သည်။ သူ မြို့ကို ရောက်လာတာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း သူ့ရဲ့ အလုပ်ကို အခုထိ မျှော်မှန်းလို့ မရသေးပါ။

သူ့ရဲ့ အတိတ်ဘဝမှာတုန်းက သူသည် တစ်နှစ် နောက်ကျမှ အနားယူခဲ့ပြီး သမဝါယ‌မဈေးမှာ ရောင်းဝယ်ရေး တာဝန်ခံ အဖြစ် လုပ်ကိုင်ခဲ့သည်။ ဒီဘဝမှာတော့ သူသည် တစ်နှစ် စောပြီး အနားယူခဲ့သော်လည်း တပ်မဟာက ပေးသည့် တစ်ခုတည်းသော ရာထူးသည် သကြားစက်ရုံရဲ့ လုံခြုံရေး ဌာနနှင့် စက်ရုံလေးရဲ့ ပို့ဆောင်ရေး ဌာနတွင်သာ ဖြစ်သည်။

ကျောက်ကျွင်းက မေးလိုက်သည့်အခါ သူ့ရဲ့ တပ်ရင်းမှူးက ဝမ့်လင်းလင်းရဲ့ အမှုသည် သူ့ကို အတော်လေး သက်ရောက်မှု ရှိသည်ဟု မသိမသာလေး ပြောပြခဲ့သည်။ ဒါဟာ နေရာကောင်း တစ်ခုကို ထပ်ပြီး ရနိုင်ချေ သိပ်မရှိဘူး ဖြစ်သည်။

သို့သော် တပ်ရင်းမှူးသည် သူ့အတွက် မြေနေရာ အကျိုး ခံစားခွင့်ရအောင်လည်း ခုခံပေးခဲ့သည်။ သူသည် အနားယူပြီး မွေးရပ်မြေကို ပြန်သည့်အခါ စစ်တပ်က သူရဲ့ လုပ်သက်တွေကြောင့် အိမ်တစ်လုံး နေရာချ‌ထားပေးမယ့် ယူနစ်တွေအတွက် ပြောင်းလဲပေးဖို့ လုံလောက်သည်။

တိုးတက်ဖို့ ဘာမျှော်လင့်ချက်မှ မရှိတာကို ကျောက်ကျွင်းက သိနေခဲ့သည့်အတွက် သူ့မှာ ရွေးချယ်စရာ မရှိဘဲ ရာထူး နှစ်ခုထဲမှာ သကြားစက်ရုံ လုံခြုံရေး ဌာနကို လက်လွှဲ ယူခဲ့သည်။

စက်ရုံလေးရဲ့ ပို့ဆောင်ရေး ဌာနက ထုံးစံအတိုင်း သက်သာသော်လည်း နောက်ပိုင်း မူဝါဒ အသစ်တွေ ထုတ်ပြန်သည့်အခါ ထိုကဲ့သို့သော စက်ရုံလေးတွေက ဒေဝါလီ ခံရလိမ့်မည် ဖြစ်သည်။ ထိုအချိန်မှာ စက်ရုံကြီးတွေက တည်ဆောက်ပုံ‌ ပြောင်းလဲပြီး လွတ်မြောက်သွားကြလိမ့်မည် ဖြစ်သည်။ အထူးသဖြင့် ဒါဟာ နန့်ရှောင် သကြားစက်ရုံ၏ အစစ်အမှန် ဖြစ်သည်။ အဲ့ဒါက အောင်အောင်မြင်မြင် ပြန်လည် တည်ဆောက်ပြီး နှစ်နှစ်ဆယ် ကြာပြီးနောက်မှာ ကောင်းကောင်း ဆက်ပြီး တည်ရှိနေခဲ့သည်။

လမ်းကြောင်းက အရေးကြီးသည်။

ကျောက်ကျွင်းသည် သူသာ သမဝါယမဈေးကို မသွားနိုင်ရင် သူ့ရဲ့ အတိတ်ဘဝက သူသိခဲ့သည့် အရာများကို အခြေခံပြီး သကြားစက်ရုံမှာ အခွင့်အလမ်း ရှာလို့ရနိုင်ဦးမည်ဟု တွေးမိခဲ့သည်။

သူက အဲ့ဒါတွေ အားလုံးကို ဖြေရှင်းခဲ့သည်။ ပထမဆုံး ခြေလှမ်းက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို တည်ဆောက်ပြီး လုံခြုံရေး ဌာနရဲ့ ခေါင်းဆောင် ရာထူးကို ရနိုင်ဖို့ ဖြစ်သည်။ သူက ထိုရာထူးကို ရလိုက်တာနှင့် သူက သကြားစက်ရုံကို ခေါင်းဆောင်ဖို့ ခွင့်ပြုချက် ရလိမ့်မည် ဖြစ်သည်။

ထို့နောက် သူသည် သူတို့နဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ပြီး သူ့ရဲ့ အတိတ်ဘဝမှာလည်း ထိုကဲ့သို့ပဲ လုပ်ဆောင်ခဲ့သည်။ သို့မှသာ သူက တကယ့် ခွန်အား တစ်ခုဖြင့် ဌာန တစ်ခုကို ပြောင်းနိုင်မည် ဖြစ်သည်။

သူသည် အင်အားကြီးသည့် ဌာနတွေမှာ အဆက်အသွယ် အချို့ကို တည်ဆောက်သင့်သည့်အတွက် စီးပွားရေးတွေ လမ်းကြောင်း ပြန်ပွင့်လာသည့်အခါ သူသည် စီးပွားရေးထဲကို ဝင်ပြီး သူ့ အဆက်အသွယ်များရဲ့ အကူအညီဖြင့် ထိပ်ဆုံးသို့ တိုးတက်အောင် လုပ်နိုင်မည် ဖြစ်သည်။

စိတ်ကူးယဉ်တာက လှပသော်လည်း လက်တွေ့မှာတော့ ခက်ခဲ ကြမ်းတမ်းသည်။

သူသည် ဒီမှာရှိတာ တစ်နှစ်လောက်ရှိပြီ ဖြစ်သော်လည်း သူသည် မိသားစု ပြဿနာများ ကြားထဲမှာ အတော်လေး ပိတ်မိနေခဲ့သည့်အတွက် သူ့မှာ နားဖို့ အချိန်တောင် မရှိပါ။ ဘာလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကောင်းတွေလဲ။ ဘာတာဝန်ခံ ရာထူးတိုးဖို့လဲ။

ဒီလိုမျိုးသာ ဆက်သွားနေမယ်ဆိုရင် သူ့ရဲ့ လုံခြုံရေး ဌာနရဲ့ လက်ထောက် ခေါင်းဆောင် ရာထူးက သူ့ကို အနှေးနဲ့ အမြန်ပဲ သေသည်အထိ ဆွဲချသွားလိမ့်မည်ကို ကျောက်ကျွင်းက ကောင်းကောင်း သိနေခဲ့သည်။

ထို့ကြောင့် သူက အသည်းအသန် မိန်းမတစ်ယောက် ရှာဖို့ လိုအပ်နေခဲ့သည်။

ခနလောက် ကျောက်တုန်နှင့် ကျောက်ရှီက ငိုနေကြပြီး မကြာခင်မှာပဲ အိမ်နီးချင်း တစ်ယောက်က တံခါးကို လာခေါက်ခဲ့သည်။

“လက်ထောက်‌ ခေါင်းဆောင်ကျောက်လား။ ဘာလို့ တုန်တုန်နဲ့ ရှီရှီက ငိုနေတာလဲ။ နင် ကလေးတွေကို ရိုက်လိုက်လို့လား။ ပြဿနာ သေးသေးမွှားမွှားတွေကို လက်မပါနဲ့။ သူတို့ကို ချော့ပြော….”

‌ကျောက်ကျွင်းက တံခါးကို ဖွင့်ကာ ပြုံးပြီး သူ့ရဲ့ အိမ်နီးချင်းကို ကျေးဇူးတင်လိုက်သည်။ “ငါ တောင်းပန်ပါတယ်။ ငါ မင်းကို စိတ်အနှောက်ယှက် ဖြစ်စေမိပြီ။ ငါ မင်းကို စိတ်ရှုပ်စေမိလို့ တောင်းပန်ပါတယ်။”

“နင်က ငါ့ကို ဘာလို့ နှောက်ယှက်ရမှာလဲ။ ငါက ကလေးရဲ့ လည်ချောင်းတွေ နာကုန်မှာကို စိုးရိမ်လို့ပါ။ မနက်ဖြန် သူ ကျောင်းရှိတယ်။ ပြီးတော့ ငိုပြီး နေမကောင်းဖြစ်ရင် သူ့ကို နာကျင်စေလိမ့်မယ်။ သူ့ကို ဂျင်းနဲ့ သကြားနဲ့ ကျိုထားတာကို တိုက်လိုက်။ ပြီးရင် ကလေးကို ထပ်မရိုက်နဲ့တော့။”

ကျောက်ကျွင်းက “ဟမ်” “အာ” ဟုသာ တုံ့ပြန်ခဲ့ပြီး အိမ်နီးချင်းကို ကောင်းကောင်း ပြန်လိုက်ပို့ပေးခဲ့သည်။

“ကျောက်တုန်၊ ငါ မင်းကို ဒီအကြောင်း ပြောတာ နောက်ဆုံး အခေါက်ပဲ။ တကယ်လို့ မင်း ဒါကို ထပ်ပြီး ပြဿနာ ရှာဦးမယ်ဆိုရင် နောက်တစ်ခေါက်ကျရင် ငါမင်းကို တကယ် ရိုက်မှာ။”

ကျောက်ကျွင်းက ဒေါသတကြီး အတော်ကြာကြာ လိုက်ပတ်ရမ်းပြီး နောက်ဆုံးမှာတော့ သူက လုံလောက်သွားခဲ့သည်။ သူက သူ့ရဲ့သားကို သတိပေးပြီး အိမ်ကို သန့်ရှင်းရေး လုပ်ခဲ့သည်။ သူက စားပွဲခုံကို သုတ်ပြီး အိပ်ရာပေါ်က အဝတ်စားတွေကို ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ဒီအပတ် ပိတ်ရက် အားသည့်အခါ အဝတ်တွေကို လျှော်ဖို့ စီစဉ်ထားခဲ့သည်။

ကျောက်တုန်သည် ကျောက်ကျွင်းရဲ့ ရှားပါးပြီး လေးနက်တဲ့ သတိပေးချက်ကြောင့် ကြောက်သွားကာ အငို ရပ်သွားခဲ့သည်။ ကျောက်ရှီက အတော်လေး ကြောက်ပြီး ဘာစကားမှ မပြောရဲတော့ပါ။ ကလေး နှစ်ယောက်က သူတို့ မျက်နှာကို သစ်ပြီး ခြေထောက်၊ လက်ထောက်‌ ဆေးကာ တစ်ယောက်လက်ပေါ်မှာ တစ်ယောက် အိပ်ပျော်သွားခဲ့ကြသည်။

ကျောက်ကျွင်းကလည်း ထုံးစံအတိုင်း ခြေထောက် ဆေးပြီး လှဲချလိုက်သည်။

ရလဒ်အနေဖြင့် ညလယ်ခေါင်ကြီး ကျောက်တုန်က ကိုယ်တွေ ပိုပိုပြီး ပူလာကာ သူ့ရဲ့ မျက်လုံးကို ဖွင့်ကာ ကြည့်လိုက်သည်။

ကျောက်တုန်က ကိုယ်တွေပူပြီး လူတိုင်းကို တွေးမရ ဖြစ်သွားစေခဲ့သည်။

ကျောက်ကျွင်းက လန့်သွားပြီး သူ့အိမ်နီးချင်းရဲ့ တံခါးကို မြန်မြန်ပဲ သွားခေါက်ခဲ့သည်။

အိမ်နီးချင်းက ထွက်လာပြီး အ‌ပူချိန်ကို မြင်သည့်အခါ သူက အံ့ဩသွားခဲ့သည်။ “ဘုရားရေ၊ ကိုယ်ပူချိန်က ၃၉ ဒီဂရီ ဆဲဆီးယပ်တောင် ရှိနေပြီ။ နင် ကလေးကို ဂျင်းနဲ့ သကြား ကျိုပြီး မတိုက်ဘူးလား။ မြန်မြန်လုပ်၊ သူ့ကို ဆေးရုံ ခေါ်သွားတော့။”

ကျောက်ကျွင်းက ကျောက်တုန်ကို အင်္ကျီဖြင့် ပတ်ပြီး ဆေးရုံကို ခေါ်သွားခဲ့သည်။ အိမ်နီးချင်းကလည်း အရမ်းကို စိတ်ပူနေခဲ့သည်။ “မြန်မြန်လုပ်။ လူကြိးကျီ၊ လူကြီးကျီ။ လက်ထောက် ခေါင်းဆောင်ကျောက်က ငါတို့ စက်ဘီးကို ခန ငှားသွားမလို့။”

ကျောက်ကျွင်းက သူ့ကို မြန်မြန်ပဲ ကျေးဇူးတင်ကာ ကျောက်ရှီကို သူ့ရဲ့ အိမ်နီးချင်းနှင့် ထား၍ ကျောက်တုန်ကို ဆေးရုံသို့ မြန်မြန် ခေါ်သွားခဲ့သည်။

ကျောက်ကျွင်း ထွက်သွားပြီးနောက် အိမ်နီးချင်းက သက်ပြင်းချပြီး တံခါးကို ပိတ်လိုက်သည်။

ကျောက်မိသားစုရဲ့ ဘဝတွေက တကယ်ကို သနားဖို့ ကောင်းတာပဲ။

ဝမ့်ရင်းက ကျင့်လင်းနှင့် ရင်ဆိုင်ပြီးကတည်းက သူမက ဆေးရုံမှာ အေးအေးဆေးဆေး နေခဲ့ရသည်။

ယေဘူယျအားဖြင့် ပြောရရင် ပတ်ဝန်းကျင် အသစ် တစ်ခုကို ရောက်ရင် ဒီလိုတွေ ဖြစ်ရတာ အမြဲတမ်းပါပဲ။ နင် အံဝင်ခွင်ကျဖြစ်ဖို့ လိုတယ်ဆိုပေမယ့်လည်း နင့်ကို တစ်ယောက်ယောက်က လှောင်ပြောင်တာမျိုး လုပ်လို့ မရဘူး ဆိုတာကို လူတွေကို သိစေရမယ်။

ဝမ့်ရင်းက သူမရဲ့ ပန်းတိုင်ကို အောင်အောင်မြင်မြင်နှင့် ရခဲ့ပြီး သူမက နေမကောင်းတဲ့အခါ ဆရာဝန်ဆီ သွားပြလို့ ရပြီး သူမ ကျန်းမာနေချိန်မှာ အားလပ်ချိန် ရမည် ဖြစ်သည်။

ကျန်းနာက အတော်လေး အားကျနေခဲ့သည်။ “ဆရာဝန် တစ်ယောက် ဖြစ်ရတာက အကောင်းဆုံးပဲ။”

သူနာပြုတစ်ယောက် ဖြစ်ရတာကလည်း ကောင်းပေမယ့် စက်ရုံမှာရှိတဲ့ လူတွေက ကောင်စီမြို့က ဆေးရုံကနေ သူတို့ရဲ့ ဆေးညွှန်းတွေကို ဒီကို ယူလာခဲ့ကြသည်။ ရလဒ်အနေဖြင့် ဆေးရုံရှိ သူနာပြု နှစ်ယောက်က နေ့ရော ညပါ အလုပ်လုပ်ရသလို ဖြစ်နေသည်။ ဆရာဝန်တွေနဲ့တော့ မတူကြပါ။ သကြားစက်ရုံရှိ လူအများက အသေးစား ဖျားနာမှုမျိုးဆို ဆေးရုံသို့ သွားပြီး ကြီးမားတဲ့ ကိစ္စမျိုးဆို ကောင်စီ ဆေးရုံကို ချက်ချင်း ပို့ခဲ့ကြသည်။

ရလဒ်အနေဖြင့် ဆေးရုံမှာရှိသည့် ဆရာဝန် လေးယောက်က အသက်သာဆုံး ဖြစ်ကြသည်။ သူတို့က လူနာကို ကြည့်ပြီးရင်တောင် ဒါတွေက ခေါင်းကိုက်တာ၊ အအေးမိတာ၊ ဖျားနာတာမျိုးသာ ဖြစ်သည်။

ဥပမာအားဖြင့် မကြာသေးခင်က အအေးမိ ဖျားနာတာ‌တွေ များလာသည့်အခါ ဆေးထ်ိုးပေးရမယ့် လူနာတွေ များလာသည့်အတွက် အထက်က ဆရာဝန်တွေက ဆေးတွေ ညွှန်ပေးပြီး သူတို့ကို ဒီအတိုင်း ထားခဲ့ကြသည်။ တစ်ဖက်မှာ သူမနှင့် ရှောင်းယန်က IV ချိတ်ဖို့နှင့် ဆေးထိုးဖို့ကို တာဝန် ယူထားရပြီး ထိုင်ရခဲသည်။

ဝမ့်ရင်းသည် ကျန်းနာနှင့် ခနလောက် ရယ်နေခဲ့ပြီးနောက် ကျန်းနာကို ရှုရွှမ်း လုပ်ပေးလိုက်သည့် မြေပဲနှင့် ငါးအရေခွံကြော် လက်တစ်ဆုပ်စာကို ထည့်ပေးလိုက်သည်။ အဲ့ဒါက ကျန်းနာကို သူမရဲ့ ပင်ပန်းတဲ့ ဒဏ်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ပြီး သူမကို အားအင် အပြည့် ဖြစ်‌သွားအောင် လုပ်ပေးနိုင်ခဲ့သည်။

“အစ်မရင်း၊ နင်က အရမ်း ကောင်းတာပဲ။”

အချိန် အချို့ကို အတူတူ ခနလောက် ဖြတ်သန်းပြီးနောက် အခုဆိုရင် ကျန်းနာက ဘာလမ်းညွှန်ချက်မှ မရှိဘဲ ကျန်းနာက သူမရဲ့ အစ်မရင်းကို ခေါ်ပြီး လေ့လာခဲ့သည်။

ဝမ့်ရင်းက သူမ ပြောတာကို ပြုံးပြီး လက်ခံခဲ့ကာ ရှောင်းယန်က အတော်လေး စိတ်ညစ်နေပုံရတာကို သူမရဲ့ မျက်လုံးထောင့်ကနေ သတိထားမိခဲ့သည်။

အခုဆိုရင် ရုံးနှင့် ရင်းနှီးလာပြီး ဝမ့်ရင်းကလည်း လူတိုင်းနှင့် ရင်းနှီးလာခဲ့သည်။ သူမသည် သူနာပြု ရှောင်းယန် တစ်ယောက်တည်းနှင့်သာ မရင်းနှီးသေးပါ။ ထိုကောင်မလေးက ငြိမ်ပြီး သူမရဲ့ ပုံစံက အတော်လေးကို ကြောက်ဖို့ကောင်းသည်။

“ဆရာဝန် ဝမ့်ရင်း၊ ဒီကို လာလေ။ စောနကလေးတင် ဖျားနေတဲ့ လူနာတစ်ယောက် ငါတို့ဆီ ရောက်လာတယ်။”

ဝမ့်ရင်းက တုံ့ပြန်ပြီး ထွက်သွားခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆရာဝန်ယန့်သည် သူမရဲ့ ကျွမ်းကျင်တဲ့ စွမ်းရည်ကို မြင်ခဲ့ရသည်။ ထို့ကြောင့် အခုဆိုရင် သူမက အရမ်းကို ကျေနပ်နေခဲ့ပြီး လူနာရောက်လာသည့် အချိန်ဆို သူက သူမကိုသာ အရင်ဆုံး သွားခေါ်လေ့ ရှိသည်။

ဝမ့်ရင်းက ဂရုမစိုက်ခဲ့ပါ။ ဒါက အလုပ်က အလုပ်ပဲ ဖြစ်သည်။ သူမက အလုပ်ကို ကောင်းကောင်း လုပ်လိမ့်မည် ဖြစ်သည်။ သူမသည် ရုံးခန်းထဲမှာပဲ လှဲမနေနိုင်ပါ။ စကားပြောတာနှင့် အလုပ်လုပ်တာက အတူတူပဲ ဖြစ်သည်။

သူမ ထွက်လာသည့်အခါ သူမသိတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရသည်။

ကျောက်ကျွင်းက ဆေးခန်းကို သူ့ကလေးနှင့် ရောက်လာခဲ့သည်။

အကြောင်းမှာ လွန်ခဲ့သော အချိန်တုန်းက ကျောက်ကျွင်းကို တံခါးနားမှာ မြင်လိုက်ရသည့်အတွက် ဝမ့်ရင်းသည် သူမရဲ့ စိတ်ကို သူနဲ့တွေ့ဖို့ ထပ်ပြီး ပြင်ဆင်ထားခဲ့သည်။

ထို့ကြောင့် သူမက ထွက်ကျလုနီးပါး ဖြစ်နေသည့် ကျောက်ကျွင်းရဲ့ မျက်လုံးတွေကို လျစ်လျူရှုထားပြီး တည်တည်ငြိမ်ငြိမ်နှင့် ဆရာဝန်ယန်ထံမှ ဆေးမှတ်တမ်း စာအုပ်ကို ယူလိုက်သည်။

“တပ်သား၊ ရှင့်ရဲ့ အခြေအနေ ကျွန်မကို ပြောပြပေးပါ။”

ကျောက်ကျွင်းက လုံးဝကို တုန်လှုပ်သွားခဲ့သည်။ သူသည် ရွာမှာ ရှိတုန်းက သူမက အလွတ်တမ်း ဆရာဝန် တစ်ယောက် ဖြစ်ခဲ့ကြောင်း သူသိနေတာကို သူက ဝမ့်ရင်းအား မေးလိုက်သည်။ ထို့အပြင် သူမရဲ့ အတိတ် ဘဝတုန်းက ဆုံးသွားသည့် သူ့ယောက္ခမကလည်း အလွတ်တမ်း ဆရာဝန် တစ်ယောက် ဖြစ်သည့်အတွက် အမေရဲ့ ခြေရာကို နင်းဖို့ဆိုတာ သမီးတစ်ယောက်အတွက် ကြီးကြီးမားမား ကိစ္စတစ်ခုတော့ မဟုတ်ပါ။

ဒါပေမယ့် ဝမ့်ရင်းက ဘာလို့ ဒီမှာ ရှိနေရတာလဲ။

သူမက မြို့ကို ဘယ်လို ရောက်လာတာလဲ။ ပြီးတော့ သူမက ငါနဲ့ ဘယ်လိုလုပ်ပြီး စက်ရုံ တစ်ခုတည်းမှာ လာဆုံရတာလဲ။

“ဝမ့်ရင်း၊ မင်း……”

“တပ်သား” ဝမ့်ရင်းက လေးလေးနက်နက် ပြောခဲ့သည်။ “ဘာ အဆက်အသွယ်မှ လုပ်ဖို့ မကြိုးစားပါနဲ့။ ငါတို့ ဆရာဝန်တွေ အားလုံးက လူနာတွေ အားလုံးကို သာတူ ညီမျှပဲ ကုသပေးတာပါ။ အခြေအနေကိုပဲ မြန်မြန်လေး ပြောပြပေးပါ။”

အရင်တစ်ခေါက်တုန်းက သူမရဲ့ ခန္ဓာကိုယ်က ပြဿနာ တက်နေတာကို မူလပိုင်ရှင်ရဲ့ မသိစိတ်ထဲကနေ အနည်းငယ် သိနေခဲ့သည်။ ဒီတစ်ခေါက်မှာတော့ ဝမ့်ရင်းက မူလပိုင်ရှင်ရဲ့ မသိစိတ်ကို ထပ်ပြီး ထိန်းချုပ်ဖို့အတွက် မရည်ရွယ်ထားခဲ့ပါ။

အကြောင်းမှာ သူမက ကျောက်ကျွင်းမှာ ခက်ခဲတဲ့ အချိန်တစ်ခု ရှိနေတာ သေချာသည့်အတွက် သူမက သူ့ကို နှစ်သိမ့်လို့ မရတာကို သိနေခဲ့သည်။

အရင်က အဆက်ဟောင်းကို တွေ့တဲ့အခါ ဘယ်သူက ရှုံးလဲဆိုတာ တစ်ချက် ကြည့်လိုက်ရုံနဲ့ အားလုံးကို သိနိုင်တယ်လို့ လူတွေက ပြောကြတယ်။

ဝမ့်ရင်းသည် သူမ အခုချိန် ဘာကိုမှ မပြောရင်တောင် တစ်ချိန်က ထိပ်ဆုံးကို ရောက်ခဲ့သည့် သူ့ကိုယ်သူ ဂုဏ်ယူသည့် ကျောက်ကျွင်းရဲ့ စိတ်က ရုတ်တရက်ဆိုသလို အပိုင်းပိုင်း ကွဲကြေသွားမယ်ဆိုတာကို ခံစားမိနေခဲ့သည်။

ဟားဟား၊ ဒီလိုပါပဲ။

All Chapters