အခန်း (၂၀၃-၂၀၄)
Vol. 17 Ch. 203-204
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၀၃
သူမက အိပ်ရာပေါ်မှာ လှဲပြီးနောက် ရှုရွှမ်း ဝင်လိုက်၊ ထွက်လိုက် လုပ်နေတာကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေခဲ့သည်။ အိမ်ကို ယူလာသည့် ဆောင်းတွင်းအတွက် သိုလှောင်ထားမည့် ဂေါ်ဖီတွေကို ချက်ချင်း သိုလှောင်ပြီး စားလို့ မရနိုင်သော်လည်း တိကျ သေချာသည့် လုပ်ဆောင်ချက်တွေကို အဆင့်ဆင့် ဖြတ်ကျော်ပြီး လုပ်ရမည် ဖြစ်သည်။
ရှုရွှမ်းက အရင်ဆုံး ဂေါ်ဖီတွေကို အခြောက်ခံဖို့အတွက် ခေါင်မိုးပေါ်မှာ ချိတ်လိုက်သည်။ အရွက်တွေ နွမ်းသွားတာနဲ့ သူက အပြင်ဘက်ရှိ ပုပ်နေသော အရွက်ကို ဖယ်ပြီးနောက် ကြိုးဖြင့် စည်းကာ လေဖြင့် အခြောက်ခံဖို့ ထုတ်လိုက်သည်။ ပေါင်တစ်ရာကျော်က ကြည့်ရတာ အဆင်ပြေသော်လည်း တစ်ခါတစ်လေ ဝမ့်ရင်းက အဒေါ် မာတရဲ့ အိမ်ကို ချောင်းကြည့်ပြီး မနေနိုင်ဘဲ အံ့ဩသွားခဲ့သည်။
ဂေါ်ဖီ သုံးရာ ကီလိုဂရမ်ကျော်ကို စုပုံထားလိုက်ပြီး အဲ့ဒါက အရမ်းကို အံ့ဩဖို့ ကောင်းနေခဲ့သည်။
အဒေါ်လျှိုရဲ့ မိသားစုက သိပ်ပြီး အထင်ကြီးစရာ မကောင်းလောက်ပါ။ မိသားစုတိုင်းက တံခါးပေါက်မှာ ဂေါ်ဖီ တောင်ကြီး တစ်လုံးလို တည်ဆောက်ထားခဲ့သည်။
ကုန်ကုန်ပြောရရင် ခြံတစ်ခုလုံး၌ ဆောင်းတွင်းမှာ စားစရာ သိုလှောင်ဖို့အတွက် ဝင်မပါသည့် တစ်ယောက်တည်းသောသူမှာ ချမ့်တုန် ဖြစ်သည်။ သူသည် နောက်ဖေးခြံမှာ တစ်မိသားစုလုံးကို ကျွေးနိုင်သည့် တစ်ယောက်တည်းသောသူ ဖြစ်သည်။
ချမ့်တုန်က ကင်ထားသော ငါးကင် ကြွပ်ကြွပ်လေးကို တူဖြင့် ယူကာ တစ်ကိုက် စားလိုက်ပြီး သူ့တပည့်ရဲ့ အပြုအမူကို ကြည့်လိုက်သည်။ “မင်းက ဘာလို့ အဲ့ဒါတွေကို သိုလှောင်နေရတာလဲ။ ဆောင်းတွင်း တစ်တွင်းလုံး မင်းတို့တွေ ဂေါ်ဖီတွေချည်းပဲ စားနေရင် အဲ့ဒါတွေကနေ မင်းတို့ရဲ့ မျက်နှာတွေက စိမ်းကုန်မှာ။”
ဝမ့်ရင်းက အနည်းငယ် တွေဝေသွားခဲ့သည်။ နှစ်အနည်းငယ် ချမ့်တုန်နှင့် အတူတူ ရှိနေခဲ့သည့် နောက်ဆုံးမှာတော့ ချမ့်တုန်သည် ဘာလို့ ထင်ကြေးပေးပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့ နေရာမှာ အတော်လေး ဝါသနာပါလဲဆိုတာကို သူမ နားမလည်ခဲ့ပါ။
ထိုအဖိုးကြီးက သားသတ်လွတ်သမား မဟုတ်ပါ။
နွေဦးနှင့် နွေရာသီမှာ စုဆောင်းထားသည့် သူ့ရဲ့ ပိုက်ဆံတွေကို ဆောင်းတွင်းမှာ အများဆုံး သုံးရမည် ဖြစ်သည်။
သူသည် စားသောက်ဆိုင်မှာ စားရုံသာမက အသားနှင့် အဓိက မဟုတ်တဲ့ စားစရာ လက်မှတ်တွေကို သွားယူဖို့ မှောင်ခိုစျေးကိုလည်း အမြဲတမ်း သွားလေ့ရှိသည်။ ဆောင်းတွင်း ရောက်လာသည့်အခါ သူသည် နောက်ဖေး ခြံထဲမှာ နည်းလမ်းမျိုးစုံဖြင့် သူ့အတွက်သူ ချက်စားမည် ဖြစ်သည်။
ဝမ့်ရင်း -“ဆရာ၊ ကျေးဇူးပြုပြီး ပိုပြီး ခေါင်းအေးအေး ထားပေးပါ။ ကျွန်မတို့ နှစ်ယောက်လုံးက မြို့ကို ပြောင်းလာတာဆိုတော့ နောက်နှစ်ကျရင် ကျွန်မတို့က တောင်ပေါ်ထွက် ပစ္စည်းတွေကို ရနိုင်တော့မှာ မဟုတ်ဘူး။”
ဝမ့်ရင်းသည် အချိန်အတော်ကြာ ထိုကိစ္စကို ရှုရွှမ်းနှင့် ဆွေးနွေးထားပြီး ဖြစ်သည်။
အရင်တုန်းက ထိုကိစ္စတွေဟာ လုပ်ဖို့ အဆင်ပြေသည်။ သို့သော် ကျေးလက်ဒေသက တောင်ရဲ့ အနီးအနားမှာ ရှိနေသည့်အတွက် ဖြစ်သည်။ မြို့ကို သွားသည့် လူနှစ်ယောက်က ဆွေမျိုးတွေဆီ အလည်လာတာဟု သတ်မှတ်လို့ ရသည့်အတွက် သူတို့နှင့်အတူ ပစ္စည်းအချို့ ယူလာတာက အပိုတွေ လုပ်နေတာမျိုး မဟုတ်ပါ။
သို့သော် အခုဆိုရင် သူတို့ နှစ်ယောက်က မြို့ကို ရောက်လာခဲ့သည်။ ပထမဆုံး သူတို့ရဲ့ အချိန်က တွက်ခြေကိုက်ဖို့ အတော်လေးကို ကွာခြားပြီး သူတို့ နှစ်ယောက်လုံးက ပစ္စည်းတွေ အများကြီး ယူကာ အိမ်ကို ပြန်လာခဲ့သည်။ အဲ့အချိန်ကျရင် သံသယစိတ်တွေက မြင့်တင်လာလိမ့်မည် ဟုတ်တယ်မလား။
သူတို့နှစ်ယောက်က သူတို့ရဲ့ အိမ်ထောင်စု စာရင်းကို မြို့ရဲ့ အိမ်ထောင်စု စာရင်းအနေနဲ့ ပြောင်းလဲသွားခဲ့သည်။ တကယ်လို့ သူတို့ကို သတင်းပေးလိုက်ရင် သူတို့ရဲ့ အလုပ်တွေ ပြုတ်သွားလိမ့်မည် ဖြစ်သည်။
ကျေးလက်ဒေသမှာဆို စူးစမ်းပြီး ခေါင်းပုံဖြတ် အမြတ်ယူတာကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာမျိုး မရှိပါ။ တကယ်လို့ သူတို့ကိုသာ ဖမ်းမိသွားရင် ပိုက်ဆံတွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းသွားမည် ဖြစ်သည်။ သို့သော် အဲ့ဒါက မြို့ထဲမှာနှင့် ကွာခြားသည်။ ထိုနေရာမှာ ရာထူးတစ်ခုကို စောင့်ကြည့်နေသညိ့ လူတွေများစွာ ရှိနေသည့်အတွက် တကယ်လို့ လူတစ်ယောက် ထွက်သွားပြီဆိုရင် ရာထူးအသစ် တစ်ခုကို ဖယ်ထားလို့ ရနိုင်သည်။
ချမ့်တုန်ရဲ့ အနေအထားက အတော်လေးကို မြင့်သည့်အတွက် ဘယ်သူကမှ သူ့ကို မထိရဲကြပါ။ ထို့ကြောင့် သူတို့နှစ်ယောက်က ဘာကိုမှ လုပ်လို့ မရနိုင်တာ သေချာသည်။
ချမ့်တုန်သည် လုံးဝ ငါးစားချင်စိတ် မရှိတော့ပါ။ သူက ပွစိပွစိ ပြောလိုက်သည်။ “ငါ မင်းတို့ နှစ်ယောက်ကို မြို့ထဲ သွားခွင့်ပေးလိုက်မယ်။”
ဒီတစ်ခေါက် သူ့တပည့် မြို့ရောက်လာတော့ သူက တစ်ခါတစ်လေ သူ့တပည့်ရဲ့ အချက်အပြုတ်တွေကို သဘောကျတယ်ဆိုပေမယ့် ရုတ်တရက်ကြီး ပိုက်ဆံ ပြတ်သွားပြီ။
ဝမ့်ရင်း - “ဟုတ်ပါပြီ။ ဆရာ စားပြီးသွားရင် အိပ်ရာပေါ် လှဲလိုက်။ ကျွန်မ ဆရာ့ရဲ့ သွေးပေါင်ချိန်ကို တိုင်းပေးမယ်။ မကြာခင် ဆောင်းတွင်းလည်း ရောက်တော့မယ်ဆိုတော့ ဆရာ့အတွက် ကိုယ်အလေးချိန် ချဖို့ အခွင့်အရေးကောင်း တစ်ခုပဲ။”
ချမ့်တုန်ရဲ့ ကျန်းမာရေးက ပြန်မကောင်းသေးဘဲ ဝမ့်ရင်းသည် သူ့ရဲ့ ကျန်းမာရေး အခြေအနေတွေကို တိုးတက်အောင် လုပ်ဖို့အတွက် ဒါကို အခွင့်အရေး ယူရန် စီစဥ်ရမည် ဖြစ်သည်။
ချမ့်တုန်က သနားစရာကောင်းတယ်ဟု ခံစားလိုက်ရသည်။ “မင်း ငါ့ကိုတော့ သားသတ်လွတ် စားစရာတွေပဲ နေ့တိုင်း စားခိုင်းမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား။”
အဲ့လိုသာဆိုရင် သူက သူ့တပည့် ရှုရွှမ်းနှင့် ဆရာ တပည့် ဆက်ဆံရေးကို ဖြတ်တောက်မှာ သေချာသည်။
ဝမ့်ရင်း - “မဟုတ်ပါဘူး။”
ချမ့်တုန်က စိတ်သက်သာရာ ရသွားပြီး ဆက်ပြီး စားသောက်ခဲ့သည်။
ဝမ့်ရင်းက ရှုရွှမ်းကို တစ်ချက် ကြည့်လိုက်သည်။ စားစရာ ရှိတာကို စားပြီးနောက် သူမသည် အဖိုးကြီး ချမ့်တုန်အတွက် စားစရာ တစ်မျိုး လုပ်ပေးဖို့အတွက် ဆုံးဖြတ်ခဲ့သည်။
ဘယ်လိုပဲ ဖြစ်နေပါစေ၊ ရှုရွှမ်းက စားသောက်ဆိုင်ထဲမှာ ရှိနေခဲ့ပြီး သူ့ရဲ့ ဆရာကို နေ့ရော၊ ညရော မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။
ဆောင်းတွင်း ရောက်လာဖို့က ကြာတော့တဲ့ အရာတစ်ခု မဟုတ်တော့ဘူး။ ဒါပေမယ့် တစ်နေ့နေ့ မင်း အစောကြီး နိုးလာတဲ့အချိန်ကျရင် ရုတ်တရက်ကြီး အပြင်ဘက်မှာ နှင်းတွေ ကျနေတာကို တွေ့ရလိမ့်မည်။
ဝမ့်ရင်းက သူမရဲ့ လက်ကို ပွတ်ပြီး အသက်ကို ရှူထုတ်လိုက်သည်။ “တပ်မဟာထဲက လမ်းတွေ ပိတ်ပြီလား မသိဘူး။”
သူတို့သည် အရင်က နှစ်ခါ ပြန်သွားပြီး ဖြစ်ကာ အမျိုးသမီးကြီး မစ္စရှုကို မြို့ဆီ လာဖို့ ဖြောင်းဖျခဲ့သည်။ သူမက ငြင်းနေဆဲ ဖြစ်ကာ သူမက ကျေးလက်ဒေသမှာ အဆင်ပြေတယ်ဟု ပြောနေဆဲ ဖြစ်သည်။ သူမမှာ အပ်ချုပ်စက်တစ်လုံး ရှိနေခဲ့ပြီး အနီးအနားရှိ တပ်မဟာမှ လူတွေကလည်း တစ်ခါတစ်လေ သူတို့ရဲ့ အဝတ်တွေကို ချုပ်ဖို့နှင့် ဖာထေးဖို့အတွက် ရောက်လာခဲ့သည်။
အဝတ်တွေကို ဖာပေးဖို့အတွက် ကြက်ဥတစ်လုံး ပေးရသော်လည်း တစ်ခါတစ်လေ အဝတ်တွေကို ချုပ်ဖို့ ကြက်ဥဆယ်လုံး ပေးရသည်။
သူတို့နှစ်ယောက်လုံး မြို့ကို ပြန်လာသည့်အခါ အမျိုးသမီးကြီး မစ္စရှုက သူတို့အတွက် ကြက်ဥ တစ်ကဒ်ဆီ ထည့်ထားသည့် ခြင်းတောင်းကြီး တစ်လုံးကို ယူလာခဲ့သည်။
ရှုရွှမ်း - “အဲဲဒါတွေ ပိတ်သင့်ပြီ။ ငါတို့ တပ်မဟာက နှစ်တိုင်း နှင်းကျတဲ့ အချိန်ဆို အမြဲတမ်း နှင်းတွေ ဖုံးတယ်။ ဒီနေ့မနက် မင်း ဘာစားချင်လဲ။”
ဝမ့်ရင်းသည် စောနကလေးတင် ဗိုက်ဆာတယ်ဟု ခံစားခဲ့ရပြီး တစ်ခါတစ်လေ ညသန်းခေါင်ကြီးမှာတောင် ဗိုက်ဆာတတ်သည်။ အဲ့ဒါက သူမသည် မြို့ကို ပြောင်းလာသည့်အတွက် သူမရဲ့ ရွှေလက်ကလေးက ပတ်ဝန်းကျင်ကြောင့် သက်ရောက်မှု ရှိမလားဆိုတာကို သိချင်နေသည်။ သူမရဲ့ ဗိုက်ဆာတတ်တဲ့ အခြေအနေက သူမ ဒီကို ပထမဆုံးအကြိမ် ဒီကို ရောက်လာပြီး သူမရဲ့ ခန္ဓာကိုယ်ကို အာဟာရရှိအောင် လုပ်ဖို့ထက်တောင် ပိုဆိုးနေခဲ့သည်။
“ကြက်ဥပေါင်းနဲ့ ခေါက်ဆွဲပြုတ်ဆိုရင်ရော ဘယ်လိုလဲ။”
ရှုရွှမ်း - “မင်း ခေါက်ဆဲပြုတ်ကို အစပ် စားချင်လား။”
“ဟုတ်ပြီ။”
ရှုရွှမ်းက ရပ်လိုက်သည်။ ဝမ့်ရင်းက စကားတွေက နောက်ပိုင်း အရမ်းကို နူးညံ့ပြီး အဆုံးသပ်က ကပ်သပ်ကာ ပြီးစလွယ် ဖြစ်နေပြီး ရှုရွှမ်းကို ကြိမ်ဖန်များစွာ သတိပေးနေသလို ဖြစ်နေခဲ့သည်။
“ငါ ခေါက်ဆွဲကို စပ်စပ်လေး ပြုတ်ပြီး ကြက်ဥကြော်နဲ့ စားချင်တယ်။”
အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းကို ကြက်ဥတွေ အများကြီး ပေးခဲ့သည့်အတွက် သူမက မတုံ့မဆိုင်းဘဲ အဲ့ဒါတွေကို စားလိုက်သည်။
ရှုရွှမ်းက ခေါင်းငြိမ့်ပြီး သူမရဲ့ အနောက်ပိုင်းမှာ အနည်းငယ် အလုပ်ရှုပ်နေသလို ရှိနေခဲ့သည်။
ခေါက်ဆွဲပြုတ် စပ်စပ်လေးက ရှုရွှမ်းရဲ့ အိမ်လုပ် အနီရောင် ခေါက်ဆွဲ အစပ် ဖြစ်သည်။ ဝမ့်ရင်းသည် မကြာခင်ကမှ ငရုတ်သီးမှုန့်တွေကို သဘောကျလာကတည်းက ထုံးစံအတိုင်းပဲ သူသည် ငရုတ်သီးမှုန့်တွေကို တွေ့ပြီး အနီရောင် အစပ် အဆီနှင့် ရောလိုက်သည်။ သူက မနက်ပိုင်း အလျင်လိုနေသည့် အချိန်တိုင်းမှာ သူက ခေါက်ဆွဲ လက်တစ်ဆုပ်စာကို ထည့်ပြီး အစပ်တွေကို တစ်ဇွန်းအပြည့် ထည့်ခဲ့သည်။ ထို့နောက် စွပ်ပြုတ် ပူပူစပ်စပ်လေးက အတော်လေးကို ကျေနပ်စရာ ကောင်းနေခဲ့သည်။
ဝမ့်ရင်းသည် ရှုရွှမ်း စွပ်ပြုတ်အစပ် လုပ်သည့်အချိန်တွင် အမဲသား နုတ်နုတ်စဥ်းပြီး ထည့်တာမျိုး၊ ငရုတ်သီးနှင့် ငရုတ်ပွ ထည့်တာမျိုး အစရှိသည့် အကြံများစွာကို သူ့အား ပေးနေခဲ့သည်။ သို့သော် သူမသည် အကြံ ပေးရုံသာ ပေးပြီး အဲ့ဒါကို မလုပ်ခင် ရှုရွှမ်းက ကြိမ်ဖန်များစွာ ကြိုးစားကြည့်ခဲ့ပြီး ဖြစ်သည်။
ဝမ့်ရင်းက ခေါက်ဆွဲပြုတ် ပူပူလေးကို ကိုင်ပြီး အထဲမှာ နီပြီး စပ်ကာ ထုံသည့် ဆီတွေ ရှိနေခဲ့သည်။ မနက်ပိုင်း စားမယ့် ပန်းကန် တစ်ပန်းကန်က သူမရဲ့ နဖူးကို ချွေးထွက်သွားစေခဲ့သည်။ ကြက်ဥပေါင်း တစ်ပန်းကန်နှင့် သူမရဲ့ စားစရာရှိတာကို စားပြီးနောက် သူမက အဲ့ဒါကိုပါ ဆက်စားလိုက်သည်။
မနက်စာကို စားပြီးနောက် သူတို့ နှစ်ယောက်က အတူတူ အလုပ်ကို သွားခဲ့ကြသည်။
သူမတို့ တံခါးဆီကို လမ်းလျှောက်သွားတော့ ကျန်းယွင်ရဲ့ အမျိုးသား ရှုလဲ့ကို ရပ်နေတာကို တွေ့လိုက်ရတယ်။ သူက သပ်သပ်ရပ်ရပ်လည်း ဝတ်ထားသည်။ သူတို့ သုံးယောက်က တံခါးမှာ တွေ့လိုက်ကြသည်။
ရှုလဲ့က အရပ် မပုပါ။ ထိုခေတ်အခါတုန်းက လူတွေက ပုံမှန်ဆိုရင် အဟာရ ပြည့်ပြည့်ဝဝ မစားခဲ့ရဘဲ သူကတော့ အရပ် ၁.၈ မီတာလောက် ရှည်သည်။ ရှုလဲ့က ခန့်ညားသည်။ ရှုရွှမ်းရဲ့ ထက်မြတ်မှုနှင့် ခန့်ညားသည့် ပုံစံနှင့် ယှဥ်လိုက်ရင် သူ့ရဲ့ မျက်နှာက ပိုပျော့ပုံ ရပြီး ပိုလည်း နူးညံ့သည်။
ဝမ့်ရင်းသည် သူခန့်ညားတာ ကောင်းတဲ့ အရာတစ်ခုဟု တွေးလိုက်ပြီး အဲ့လိုမှ မဟုတ်ရင် ကျန်းယွင်က သူ့ကို စိတ်ဝင်စားမည် မဟုတ်လောက်ပါ။ ရှုလဲ့သည် သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကြောင့် နေထိုင်ရတာဟု ပြောလို့ရသည်။
သူတို့ တွေ့ဖို့ ဖြစ်လာသည့်အခါ ရှုရွှမ်းက သူ့ကို နှုတ်ဆက်လိုက်သည်။ “မင်း အလုပ် သွားတော့မလို့လား။”
ဝမ့်ရင်းက ချက်ချင်း သဘောတူလိုက်သည်။ “မဟုတ်ဘူးလား။ အကိုရှု၊ သူက တစ်ခုခုရှိလို့ အပြင်ကို သွားမှာမလား။”
ရှုလဲ့ရဲ့မျက်လုံးတွေက ပေကလပ် ပေကလပ် လုပ်နေခဲ့သည်။ “ဟုတ်တယ်။ ငါတို့တွေ အပြင်သွားပြီး သူငယ်ချင်း တစ်ယောက်နဲ့ သွားတွေ့မလို့။”
ဝမ့်ရင်းက အနည်းငယ် တွေဝေသွားခဲ့သည်။ ထိုနေရာတွင် အကြာကြီး နေပြီးသည့်နောက် သူမသည် ကျေးလက်ဒေသရှိ အမျိုးသမီးများနှင့် ရင်းနှီးလာခဲ့သည်။ ယောက်ျားများ အတွက်ကတော့ သူမသည် သူတို့ထဲရှိ အများစုနှင့် ဘယ်တုန်းကမှ စကား မပြောခဲ့ဖူးပါ။ ထို့အပြင် သူတို့ အားလုံးက အလုပ် သွားရမည် ဖြစ်သည့်အတွက် နေ့တိုင်း သူတို့ဆီကို အပြေး လာရမည့် အခွင့်အရေးက အတော်လေးကို နည်းသည်။
ခြံဝန်းထဲရှိ အမျိုးသားတွေ အားလုံးမှာ တက်ရမည့် အတန်း တစ်တန်း ရှိသည်။
ရှုလဲ့ကသာ အသုံးမကျ ဖြစ်နေသော်လည်း သူက အိမ်မှာပဲ နေတာ ဒါမဟုတ် သူတစ်ခုခု လုပ်သည့်အခါ သူ ဘယ်ကို သွားနေလဲဆိုတာ ဘယ်သူကမှ မသိပါ။
ရှုလဲ့နှင့် ပတ်သက်သည့် ဝမ့်ရင်းရဲ့ ဗဟုသုတတွေ အကုန်လုံးက ကျန်းယွင်နှင့် အဒေါ်ရှုဆီကနေ လာသည်။ အန်တီရှုကို မဆိုထားနှင့် ကျန်းယွင်ကတောင် သူမရဲ့ အမျိုးသား အကြောင်းကို နေ့တိုင်း ကြွားပြောသည်။
သူမသည် ရှုလဲ့က သူမအပေါ် ဘယ်လောက် ကောင်းလဲနှင့် သူတို့ ဘယ်လို အတူတူ ရှိကြလဲဆိုတဲ့ အကြောင်းကိုသာ ပြောပြသည်။ သူတို့သည် နှစ်တွေ အကြာကြီး လက်ထပ်ပြီးသော်လည်း ကျန်းယွင်က ရှုလဲ့အကြောင်း ပြောသည့်အခါ သူမရဲ့ မျက်နှာက ပန်းရောင် သန်းနေခဲ့သည်။
ရှုလဲ့က အဲ့လောက် ကောင်းတယ်ဟု ဝမ့်ရင်း မထင်ပါ။ တကယ်လို့ သူသာ ယောက်ျားကောင်းတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် သူက အိမ်မှာ နေပြီး စားစရာတွေကို အဆင်သင့် စားနိုင်မှာလား။
ကျန်းယွင်မှာ အနည်းငယ် အဖက် မလုပ်ဘဲ မဝံ့မရဲတဲ့ စိတ်မျိုး ရှိသော်လည်း သူမရဲ့ ယောက္ခကို အပြစ်မရှိတဲ့ ကျက်သရေရှိတဲ့ပုံမျိုးဖြင့် ဆက်ဆံခဲ့သည်။ တစ်ခါတစ်လေ ဝမ့်ရင်းက သူမအတွက် ကြိုးစားပြီး သူမမှာ နားဖို့အတွက် အချိန်မရှိဘဲ ဆက်တိုက်ဆိုသလို အလုပ်ရှုပ်နေခဲ့သည်။
ယှဥ်ကြည့်မယ်ဆိုရင် ရှုမိသားစုရဲ့ ကျန်လူတွေဖြစ်သော အဖိုးကြီးရှုက နေ့တိုင်း ထပြီး သူက အိမ်နီးနားချင်းရဲ့ ခြံထဲမှာ အပေါင်းအသင်းများနှင့် ငါးဖမ်းတာ ဒါမှမဟုတ် chess ထိုးတာမျိုး ဆော့လေ့ရှိသည်။ ရှုလဲ့ကလည်း အိမ်မှာ အိပ်နေတာ ဒါမှမဟုတ် ဘာမှန်းမသိဘဲ တစ်ခုခု အပြင်ထွက်ပြီး လုပ်နေတတ်တာမျိုး ရှိသည်။ အဒေါ်ရှုက ပိုပြီး ကြီးကျယ်ကာ အိမ်မှာ ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေခဲ့သည်။ သူမရဲ့ အတွေးတွေ အားလုံးက သူမရဲ့ ချွေးမကို လျှို့ဝှက် ကြံစည်နေလေ့ ရှိသည်။
ယှဥ်ကြည့်ရင် ခြံဝန်းထဲရှိ မာမိသားစုက ဆူညံနေပုံရသည်။ သို့သော် အနည်းဆုံးတော့ မိသားစု တစ်စုလုံးက ဝီရိယရှိရှိ လုပ်ကိုင်ကြသည်။
ဝမ့်ရင်းနှင့် ရှုရွှမ်းက လမ်းထောင့်မှာ လမ်းခွဲသွားကြပြီး ဝမ့်ရင်းက သူမရဲ့ စက်ဘီးကို စီးပြီး အလုပ်သွားခဲ့သည်။
သူမ ဆေးရုံရဲ့ တံခါးနားကို ရောက်တော့ ကျန်းနာရဲ့ အသံနဲ့ တူတဲ့ ဆူညံသံ တစ်သံကို ကြားလိုက်ရသည်။
ဝမ့်ရင်း အံ့ဩသွားခဲ့သည်။ ကျန်းနာက အမြဲတမ်းလိုလို သဘောကောင်းနေတာ မဟုတ်ဘူးလား။ ဒီနေ့မှ ဘာဖြစ်သွားတာလဲ။
ဝမ့်ရင်း ဝင်လာသည့်အခါ ကျန်းနာနှင့် ကျန်းလင်းက နည်းနည်း ဝေးဝေးကနေ ရပ်နေတာကို တွေ့ခဲ့ရသည်။
ကျန်းနာက ဒေါသထွက်နေခဲ့ပြီး ဘာစကား တစ်ခွန်းမှ မပြောခဲ့ပါ။ ကျန်းလင်းက ဝမ့်ရင်း လာနေတာကို မြင်သည့်အခါ အေးတိအေးစက်နှင့် နှာခေါင်းရှုံ့ကာ ထွက်သွားခဲ့သည်။
ဝမ့်ရင်းသည် ကျန်းလင်းကို ဂရုမစိုက်ခဲ့ပါ။ အရင်တစ်ခေါက် သူမသည် ကျန်းလင်းနှင့် ပြဿနာ တစ်ခု တက်ပြိးကတည်းက ကျန်းလင်းသည် သူမရဲ့ အပေါ်မှာ ဘယ်တော့မှ ထပ်ပြီး မကောင်းပြတော့ပါ။
“နင်နဲ့ ကျန်းလင်းနဲ့ကြားမှာ ဘာဖြစ်ကြတာလဲ။ စောနက အပြင်မှာ နင်တို့ စကားများနေတာကို ငါကြားလိုက်မိတယ် ထင်နေတာ။”
ကျန်းနာက တိုင်ပြောခဲ့သည်။ “သူက ငါ့အကြောင်း အတင်းတုပ်နေတာလေ။”
ဝမ့်ရင်းက သူမကို စိတ်လျှော့ခိုင်းပြီး သူမအတွက် လက်ဖက်ရည် ပူပူလေး တစ်ခွက်ကို ငှဲ့ပေးလိုက်သည်။ “ငါ့ကို ဖြည်းဖြည်းချင်း ပြောပြ။”
ကျန်းနာက ဝမ့်ရင်းအား ကိစ္စ တစ်ခုလုံးကို ဒေါသတကြီး မပြောပြခင် ရေနွေးကို နှစ်လုပ် သောက်လိုက်သည်။
“နင် ငါတို့ ဆေးရုံကို ဆေးကုဖို့ ရောက်လာတဲ့ လုံခြုံရေး ဌာနက လက်ထောက်ခေါင်းဆောင်ကျောက်ကို မှတ်မိလား။”
ဝမ့်ရင်းရဲ့ စိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွားခဲ့သည်။ “ငါသိတယ်။”
ကျန်းနာ - “ငါတို့က လက်ထောက် ခေါင်းဆောင်ကျောက်နဲ့ တစ်ထပ်တည်း နေကြတာ။ အဲ့တော့ ငါတို့ တစ်ယောက်ကို တစ်ယောက် တွေ့လိုက်ရင် နှုတ်ဆက်စကားက ပြောကြတာပဲလေ။ နင် မသိလောက်ပေမယ့် လက်ထောက် ခေါင်းဆောင်ကျောက်က တစ်ခါတစ်လေ အလုပ်ကို အတော်လေး နောက်ကျမှ ဆင်းတာ။ သူက ကျောင်းဆင်းရင် သူ့ကလေး နှစ်ယောက်ကို အဆာပြေ စားဖို့ နေ့တိုင်း မုန့်စျေးတန်းကို ခေါ်သွားပြီးမှ ပြန်တာ။ သူတို့ နည်းနည်း ရှက်တတ်တာ သေချာလောက်ပေမယ့် မြို့ကို ပြောင်းလာပြီးကတည်းက သူတို့က တစ်ခြား ကလေးတွေနဲ့ ဆော့ရတာမျိုးကို မကြိုက်ဘဲ အမြဲတမ်း အိမ်မှာပဲ နေတယ်။”
“သူ့လို အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်က ကလေးတွေကို စောင့်ရှောက်ဖို့ မလွယ်ဘူးဆိုတာကို ငါတို့ အထပ်မှာရှိတဲ့ လူတိုင်းက သိကြပါတယ်။ အဲ့ဒါကြောင့် တစ်ခါတစ်လေ တစ်ခြားလူတွေ ဟင်းချက်ပြီဟေ့ဆိုရင် ကလေးနှစ်ယောက်ကို လာခဲ့ဖို့ ပြောလေ့ရှိတယ်။”
“လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက လက်ထောက် ခေါင်းဆောင် ကျောက်ရဲ့ ကလေးက ဖျားနေတာမလား။ သူက ဆေးရုံမှာ အကြီးကောင်လေးကို ဂရုစိုက်ပေးရင်း အလုပ်ရှုပ်နေတော့ အငယ်မလေးကို သိပ်ပြီး ဂရုမစိုက်နိုင်ဘူး။ ငါ့အမြင်တော့ သူ့သမီးလေးက ချစ်စရာလေး။ အဲ့ဒါကြောင့် ငါက သူ့ကို မြင်တဲ့အခါ သကြားလုံးတွေ ပေးလေ့ရှိတယ်။”
“ငါ့လုပ်ရပ်က စည်းမကျော်ဘူးလေ၊ ဟုတ်တယ်မလား။”
ဝမ့်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ ဒါဟာ ကျန်းနာက သူမနှင့် ကျောက်ကျွင်းတို့ ကြားမှာရှိသည့် ကိစ္စကို မသိဘူးဆိုတာ သေချာသည်။ အဲ့ဒါကြောင့် သူမအတွက် ပုံမှန်အတိုင်းပဲ အခြားသူရဲ့ ကလေးကို သေချာ ကူညီပေးလိုက်ခြင်း ဖြစ်သည်။
ဝမ့်ရင်းသည် ထိုကဲ့သို့သော လိုင်းခန်းမျိုးမှာ ဘယ်တုန်းကမှ မနေခဲ့ဖူးသော်လည်း အဲ့ဒါက ဘာနှင့် တူလဲဆိုတာကို သူမက သိနေခဲ့သည်။
ထိုနေရာသည် မိသားစုတွေ အချင်းချင်း ရိုင်းပင်း ကူညီပြီး နေရသည့် နေရာမျိုး ဖြစ်သည်။
၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၂၀၄
ကျန်းနာက ဒေါသတကြီး ပြောလိုက်သည်။ “အဲဲဒါတွေက သာမန် ကိစ္စ တစ်ခုပါပဲ။ ဒါပေမယ့် ငါ ဒီနေ့ အစောကြီး ရောက်တဲ့အချိန် ငါက လက်ထောက် ခေါင်းဆောင် ကျောက်ကို သဘောကျနေလို့ သူ့ရဲ့ သမီးနဲ့ အဆင်ပြေအောင် ကြိုးစားနေတာဆိုပြီး ကျန်းလင်းက လူတွေကို လိုက်ပြောနေတာ ငါကြားခဲ့ရတယ်။”
ဝမ့်ရင်း - …..
“ဒါက အရမ်း လွန်တာပဲ။”
သကြားစက်ရုံ တစ်ခုလုံးမှာတောင် ကျန်းနာရဲ့ အနေအထားက အတော်ကို အဆင်ပြေသည့်အတွက် သူမက ဘာလို့ ကလေးနှစ်ယောက်နှင့် ကွာရှင်းထားသည့် ယောက်ျား တစ်ယောက်ကို သဘောကျရမှာလဲ။
“အဲ့လိုဆိုတော့။ ဒီကောလဟာလတွေ ပိုပြန့်သွားခဲ့ရင် ငါက နောက်ပိုင်း ဘယ်လို လက်တွဲဖော် ရှာရတော့မှာလဲ။ ဒီတစ်ခေါက်တော့ ကျန်းလင်းက အရမ်း လွန်သွားပြီ။ ငါက သူ့ကို အဲ့အကြောင်း မေးရုံပဲ မေးလိုက်တာကို သူက ‘ကွဲရာမရှိတဲ့ ကြက်ဥကို ဘယ်ယင်ကောင်ကမှ မကိုက်ဘူး' ဆိုတဲ့ ပုံစံအတိုင်း လုပ်သွားတယ်။ အဲ့ဒါက လူတွေ အဲ့ဒါကို ပြောနေတာကို စိတ်မဝင်စားတာကြောင့်ပဲ။ အမရင်းရယ်၊ သူက အဲ့ထက် ပိုပြီး ဆိုးလာမယ်လို့ နင်ထင်လား။”
ကျန်းနာပြောတာကို ကြားပြီးနောက် ဝမ့်ရင်းက အတော်ကို တွေးမိသွားခဲ့သည်။
ကျန်းနာက ဆက်ပြီး တိုင်ပြောခဲ့သည်။ “ဒီလူက ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ။ ငါ့အထင်တော့ သူက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ ဖြစ်ရမယ်။ ငါက နင်နဲ့ တပူးတတွဲတွဲ ရှိနေလို့ သူက ရည်ရွယ်ချက်ရှိရှိ ငါ့ကို ချောက်ချနေတာပဲ။ ငါ မကြာခင် ဒါရိုက်တာယန်ကို သွားတိုင်မယ်။ သူ့ဦးလေးက စက်ရုံရဲ့ ဒါရိုက်တာ ဖြစ်တော့ရော ဘာဖြစ်လဲ။ ငါ့အဖေကလည်း စက်ရုံမှာ အဆင့်ခုနစ်ရှိတဲ့ အလုပ်သမား တစ်ယောက်ပဲလေ။ ဒါက အနိုင်ကျင့်တာပဲလေ၊ မဟုတ်ဘူးလား။ ငါ အရမ်းကို ဒေါသထွက်တာပဲ။”
ဝမ့်ရင်းက မျက်မှောင်ကို ကြုတ်ပြီး ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ခုခု ပိုပြီး ရှုပ်ထွေးနေပုံရတာကို အတော်လေး သိနေခဲ့သည်။
ကျန်းနာသည် သူမက ဆရာဝန်ယန်ကို တိုင်ပြောတော့မယ်ဟု ပြောသံကို ဝမ့်ရင်းမှ ကြားသည့်အခါ သူမက ကျန်းနာကို မြန်မြန် ဆွဲသွားခဲ့သည်။
“မသွားနဲ့ဦး။ နင်က အရမ်း တုံးတာပဲ။ အစတုန်းကတော့ ဒီကောလဟာလကို လူတွေအများကြီးကတော့ သိကြမှာ မဟုတ်ဘူးဆိုပေမယ့် တကယ်လို့ နင် အဲ့အကြောင်းကို ဖြန့်လိုက်ရင် လူတွေက အဲ့အကြောင်း ပိုသိသွားလိမ့်မယ်။ တကယ်လို့ အဲ့ဒါသာ နင် ထပ်ပြီး ဖြန့်လိုက်မယ်ဆိုရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူက သိမှာလဲ။ အရမ်းကြီး မတုံးပါနဲ့။”
ကျန်းနာက မကျေမနပ် ပြန်ပြောခဲ့သည်။ “ငါတို့က အဲ့ဒါကို ဒီအတိုင်း ဖြစ်ခွင့်ပေးတော့မလို့လား။ နင် မသိဘူးလား။ သူ စောနက ဘာတွေ အများကြီး ပြောသွားလဲဆိုတာ။ အဲ့ဒါကို ပြောသွားတဲ့ လူက သူတစ်ယောက်တည်း မဟုတ်ဘူး၊ အခြားသူတွေလည်း ပြောကြတာပဲ။ သူ့ကို ကြည့်လိုက်ဦး။ သူက ဒီအတင်းတုပ်တာကိုတောင် ဝန်မခံနိုင်ဘူး။”
ဝမ့်ရင်းက ကျန်းနာကို စိုက်ကြည့်လိုက်သည်။ “ကျန်းလင်း ပြောသွားတာ မမှားလောက်ဘူးလို့ ငါ ထင်တယ်။ အဲ့အကြောင်းကို တွေးကြည့်လိုက်။ သူက နင်နဲ့ အဆောက်အဦ တစ်ခုတည်းမှာ မနေဘူးလေ၊ ဟုတ်တယ်မလား။ ပြီးတော့ သူက နင် ကလေးတွေကို သကြားလုံး ပေးတာ သူ့ရဲ့ မျက်လုံးတွေနဲ့ မမြင်ဘူးလေ။ အဲ့တော့ အဲ့ဒီ့ ကောလဟာလတွေကို ဖြန့်တဲ့သူက သူတစ်ယောက်တည်း မဟုတ်နိုင်ဘူး။ ဒါပေမယ့် သူက ဖြန့်တဲ့သူတွေထဲက တစ်ယောက်ပဲ ဖြစ်ကိုဖြစ်ရမယ်။”
ကျန်းနာက စိတ်ရှုပ်သွားခဲ့သည်။ “အဲ့တော့….. နင် ပြောချင်တာက ငါ့အကြောင်းကို အတင်းတုပ်တဲ့ သူတွေထဲက တစ်ယောက်ဖြစ်ရမယ်ဆိုတာမလား။ ဘယ်သူက အဲ့လောက်တောင် ယုတ်မာနိုင်ရတာလဲ။”
ဘုရားသခင်ဆိုတာ ငါ့ရဲ့ မျက်မြင်သက်သေပဲ။ သူမက ကျောက်ကျွင်းကို လုံးဝ ခံစားချက်တွေ မရှိခဲ့ပါ။
သူ့မှာ မိန်းမ မရှိသည့်အတွက် အရွယ်ရောက်ပြီးသည့် လူတစ်ယောက်အနေဖြင့် ကလေးနှစ်ယောက်ကို စောင့်ရှောက်ဖို့ဆိုတာ မလွယ်ကူပါ။ သို့သော် သူက မသန်စွမ်း မဟုတ်ပါ။ ကျောက်ကျွင်းသည် ဒီကလေး နှစ်ယောက်ကို ထိန်းရငိး အခြေခံ သန့်ရှင်းမှူတွေကိုတောင် မထိန်းသိမ်းနိုင်ခဲ့ပါ။
တစ်ခါတစ်လေ အဝတ်အစားတွေမှာတောင် ပေနေတဲ့ အရာတွေကို မလျှော်ရသေးဘဲ တွန့်ကြေနေခဲ့သည်။ ကလေး နှစ်ယောက်က နောက်တစ်နေ့မှာတောင် ထိုအဝတ်တွေကို ဆက်ဝတ်နေရဆဲ ဖြစ်သည်။
ကျန်းနာသည် ထိုကဲ့သို့သော လူမျိုးကို အထင်သေးတာ သေချာသည်။
'သူ့မှာ မိန်းမ မရှိဘူးဆိုရင် ဘဝတစ်ခု မရှိတော့ဘူးလား။သူက အိမ်အလုပ်တွေ မလုပ်ဘဲ အိမ်ထောင်ပြုပြီး သူ့ရဲ့ မိန်းမကိုပဲ အဲ့ဒါတွေ လုပ်ခိုင်းမလို့လား။ ဒီလူက ဘယ်လို လူမျိုးလဲ။ အိမ်ထောင် ပြုမယ်၊ အိမ်ထောင် ပြုမယ်။ အဲ့တော့ သူက မိန်းမ နောက်တစ်ယောက် ထပ်ယူဖို့ စီစဥ်နေတာလား။ '
သူမက ကျောက်ကျွင်းကို အတော်လေး အထင်သေးသည့်အတွက် ကျန်းနာက ကျန်းလင်း သူမရဲ့ မကောင်းကြောင်း ပြောတာကို ကြားတဲ့အခါ ကျန်းနာက သူ့ကို ချက်ချင်း ရင်ဆိုင်ခဲ့တာ အဲ့လိုသာ ဖြစ်သည်။
သူမ မိသားစုရဲ့ အခြေအနေတွေက မဆိုးတာကို ပြောဖို့ မဆိုထားနှင့် သူမက တစ်ဦးတည်းသော သမီး ဖြစ်သည်။ တကယ်လို့ သူမမှာသာ ထိုအလုပ် မရှိခဲ့ဘူးဆိုရင်တောင် သူမ မိသားစုရဲ့ အခြေနေတွေက ပုံမှန်အတိုင်းပဲ ဖြစ်နေမယ်ဆိုရင် သူမ ကျောက်ကျွင်းကို မရွေးလောက်ဘူး၊ ဟုတ်တယ်မလား။
လူတစ်ယောက်ရဲ့ မိထွေး ဖြစ်ဖို့လောက်ထိ ရူးနေတာလား။
ဝမ့်ရင်း - “အဲဲဒါကို အခု တွေးကြည့်။ ကျောက်မိသားစုရဲ့ ကလေးတွေကို နင် သကြားလုံး ပေးတယ်ဆိုတာ ဘယ်သူ မြင်လိုက်လို့လဲ။ နင်က သူတို့ကို ဘယ်နှစ်ခါလောက် ပေးခဲ့လို့လဲ။ နင့်အကြောင်း အတင်းတုပ်လိုက်တဲ့ လူက နင့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ငါထင်တယ်။”
ကျန်းနာသည် ဝမ့်ရင်းရဲ့ ဝေဖန်မှုတွေကို ချက်ချင်းပဲ လန့်သွားခဲ့သည်။ “ငါ့ရဲ့ အတင်းတွေကို လိုက်ဖြန့်တဲ့ လူက ကျောက်ကျွင်း ဖြစ်လိမ့်မယ်လို့ နင်ပြောချင်တာလား။”
ဝမ့်ရင်း - “အဲ့လူ ဖြစ်ရမယ်လို့တော့ ငါပြောချင်တာ မဟုတ်ပါဘူး။ အဲ့ဒါက တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ်။”
တကယ်တမ်းမှာတော့ အဲ့ဒါက ကျောက်ကျွင်းဖြစ်မယ်လို့ သိပ်ပြီး မထင်ခဲ့ပါ။ ကျောက်ကျွင်းက ကျန်းနာအပေါ်မှာ စိတ်ဝင်စားမှု ရှိနေခဲ့ပြီး သူမ သဘောကျတာကို ဝန်ခံဖို့ အတင်းတုပ်လိမ့်မည် ဖြစ်သည်။ ကျန်းနာသည် သာမန် မိသားစု တစ်စုမှ မဟုတ်ပါ။ သူမက သူတို့ရဲ့ တစ်ဦးတည်းသော သမီး ဖြစ်သည်။ တကယ်လို့ သူမရဲ့ ဂုဏ်သတင်း မကောင်းခဲ့ရင်တောင် သူမရဲ့ မိဘတွေက ဂုဏ်သတင်း တစ်ခုတည်းအတွက် သူမကို ကွာရှင်းပြီးသား ယောက်ျား တစ်ယောက်နှင့် လက်ထပ်ခိုင်းလိမ့်မည် မဟုတ်ပါ။
ဒါဟာ ရန်သူ တစ်ယောက်အဖြစ် ပြောင်းသွားဖို့ အခွင့်အရေး ပိုကြီးသည်။
ထို့အပြင် ကျောက်ကျွင်းရဲ့ မောက်မာမှုက သူ့မှာ အေးဆေး နေတတ်သည့် ဝမ့်ပေါင်ချွမ်းလို မိန်းမမျိုး သူ့ဘာသာ ရနိုင်မယ်ဟု အထင်နေတာဟု ဝမ့်ရင်းက ခံစားမိလိုက်သည်။ ကျန်းနာလို အခြေအနေကောင်းတွေ ရှိနေသည့် မိန်းကလေးမျိုးက သူ့ရဲ့ အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်သည်။
ဒီလို အတင်း စကားမျိုးအတွက် ရည်ရွယ်ချက်က တစ်ခုတည်းသာ ရှိပြီး အဲ့ဒါက ကျန်းနာရဲ့ ဂုဏ်သတင်းကို ဖျက်စီးဖို့ ဖြစ်သည်။
ကျန်းနာရဲ့ လက်ထပ်မှုကို အဆင်မပြေ လုပ်ချင်တာထက် တစ်ဖက်လူကို မနာလိုစိတ်ဖြင့် ပိုပြီး တွန်းအားပေးတာ သိသာနေခဲ့သည်။
ကျန်းနာက ဂရုတစိုက် တွေးလိုက်သည်။ “ငါ ကျောက်ရှီကို သကြားလုံး ပေးတုန်းက ငါ သူ့ကို လှေကားမှာ နှစ်ခါလောက် ဆုံလိုက်ရသေးတယ်။ အဲ့အချိန်တုန်းက အနားမှာ အိမ်နီးနားချင်းတွေတော့ ရှိနေတာ။ ပြီးတော့ ငါက လမ်းကနေ သူ့ဆီကို ပြေးသွားလိုက်တာ။ နှစ်ခါလုံး ငါက ယန်ကျင်းနဲ့ပဲ ရှိနေတာ။”
ကျန်းနာက စိတ်ပျက်သွားခဲ့သည်။ “ငါ အဲ့ဒါကို ထပ်ပြီး မတွေးနိုင်တော့ဘူး။ အဲ့မှာ အိမ်နီးနားချင်းတွေ အများကြီး ရှိနေတာ။ သူတို့က ဘယ်သူတွေလဲဆိုတာကို ငါ သိပ်ပြီးတောင် မမှတ်မိတော့ဘူး။”
ဝမ့်ရင်း - “ဒါဆိုလည်း အဲ့ဒါကို မေ့ထားလိုက်။ နင့်ရဲ့ အမေကို သွားရှာပြီး ငါတို့ ဆွေးနွေးထားတဲ့ ဟာတွေကို ပြောပြလိုက်။ အဲ့ဒါကို ဖြေရှင်းဖို့ သူ့ကို အကူအညီ တောင်းလိုက်။”
ကျန်းနာက မျက်နှာကြီး စူပုပ်နေခဲ့သည်။ “ငါ့အမေက ငါ တစ်ခြားသူရဲ့ ကိစ္စကို ဝင်ပါလို့ ငါ့ကို ဆူမှာ သေချာတယ်။ ဒီပြဿနာ အားလုံးကို ဖြစ်အောင် လုပ်သွားခဲ့တာက ငါပဲလေ။”
သူမက အဲ့ဒါကို ပြောခဲ့သော်လည်း ကျန်းနာကလည်း အိမ်ကို ပြောတဲ့အတိုင်း ပြန်သွားကာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ သူမရဲ့ အမေကို ပြောလိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ကျန်းနာသည် သူမရဲ့ မျက်နှာပေါ်မှာ အတော်လေး အံ့ဩနေသည့် အကြည့်ဖြင့် ဝမ့်ရင်းကို ကြည့်လိုက်သည်။ “ငါ့အမေက ငါ့အတွက် လူတစ်ယောက်နဲ့ ချိန်းတွေ့ဖို့ စီစဥ်ပေးတယ်။”
ဝမ့်ရင်းက ထိုအကြောင်းကို ခနလောက် တွေးပြီးနောက် နားလည်သွားခဲ့သည်။
အခြားသူတွေက ကျန်းနာအပေါ် ဘာကြောင့်ပဲ မကျေနပ်နေပါစေ ကိစ္စမရှိဘဲ၊ ချိန်းတွေ့တဲ့ စျေးကွက်မှာ သူမက ကွာရှင်းပြီးသား လူတစ်ယောက်နှင့် ချိန်းတွေ့တယ်ဆိုသည့် ကောလဟာလသာ ပြန့်သွားရင် ကျန်းနာရဲ့ တန်ဖိုးက ကျသွားမှာ သေချာပြီး သူမက ကောင်းတဲ့ လက်တွဲဖော် တစ်ယောက်ကို ရှာနိုင်ဖို့ မျှော်လင့်ထားလိုက်သည်။
ကျန်းနာရဲ့ အမေက ရှင်းပြတာကို ဖြတ်မပြောခဲ့ပါ။ သူမသည် သူမရဲ့ သမီးအတွက် ထုံးစံအတိုင်း ချိန်းတွေ့မှု များစွာကို သွားဖို့အတွက် စီစဥ်ထားခဲ့ပြီး သူမရဲ့ သမီးက ဒုတိယ အိမ်ထောင်ပြုမည့် ယောက်ျားနှင့် ချိန်းတွေ့မယ်ဆိုသည့် သတင်းတွေ အားလုံးက အမှားတွေ ဖြစ်ကြောင်း လူတိုင်းကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ပြောပြခဲ့သည်။ တကယ်လို့ သူမရဲ့ သမီးက နောက်အိမ်ထောင်ပြုမည့် ယောက်ျား တစ်ယောက်ကို သဘောကျသွားခဲ့ရင် သူမက ဘာလို့ ချိန်းတွေ့မှုတွေကို သွားဖို့အတွက် ဆန္ဒ ရှိနေရမှာလဲ။
“ငါ့အမေက ငါ့ကို ယန်ကျင်းနဲ့ ဝေးဝေးနေဖို့လည်း ပြောလိုက်တယ်။” ကျန်းနာက မတုံ့မဆိုင်းဘဲ ပြောခဲ့သည်။ “ငါ့အမေက ဒီကောလဟာလတွေကို ယန်ကျင်း ဖြန့်လိုက်တာဆိုပြီး တွေးမိနေပုံပဲ။”
ဝမ့်ရင်း - “နင့်အမေက ခန့်မှန်းနေရုံပါပဲ။ ဒါပေမယ့် ပိုပြီး ဂရုစိုက်လိုက်လို့လည်း မကောင်းတဲ့ အရာတစ်ခု မဟုတ်လောက်ပါဘူး။ နင်အဲ့လို မတွေးမိဘူးလား။”
ကျန်းနာက ခေါင်းငိုက်စိုက်ကျသွားပြီး ပြောခဲ့သည်။ “ငါ နားမလည်ဘူး။”
“အစ်မရင်း၊ နင်မလာခင်တုန်းက ငါက ယန်ကျင်းနဲ့ လက်ပွန်းတတီး အရှိဆုံးပဲ။ ယန်ကျင်းက အမြဲတမ်း အရမ်းကို နူးညံ့မှုရှိတယ်…. သူမက ဘယ်လိုလုပ် ငါ့ရဲ့ မကောင်းကြောင်းတွေကို ပြောနိုင်ရမှာလဲ။”
ဝမ့်ရင်းက တိတ်ဆိတ်သွားခဲ့သည်။ လူတွေက အဲ့လိုပဲ ရှုပ်ထွေးတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
သူတို့ရဲ့ ဆေးရုံရှိ အမျိုးသမီးကြီးတွေက မကောင်းတဲ့ ပုံစံမျိုး ရှိမနေခဲ့ပါ။ ကျန်းလင်း တစ်ယောက်တည်းကပဲ ဖြစ်သမျှ အရာအားလုံး သူမရဲ့ မျက်နှာပေါ်မှာ တိတိကျကျ ဖော်ပြသည်။ “ငါ့မှာက အဆက်အသွယ်တွေ ရှိတယ်။” တစ်ဦးတည်းသော သမီးဖြစ်သူ ကျန်းနာသည် မိဘ နှစ်ယောက်လုံးက အလုပ်လုပ်နေသည့် အဆင်ပြေသော မိသားစု တစ်စုမှ ဆင်းသက်လာသူ ဖြစ်သည့်အတွက် သူမသည် တရားဝင် အဆင့်မြင့်သည့် မိသားစု တစ်ခုမှ လူတစ်ယောက်ကို လက်ထပ်မှာက အံ့ဩစရာတော့ မဟုတ်ပါ။ ယန်ကျင်းက ကျန်းလင်းနှင့် ကျန်းနာကဲ့သို့ အတော်လေး အဆင်မပြေသော်လည်း သူမတွင် ဆေးရုံမှာ အလုပ်ဆင်းနေသည့် အဒေါ် တစ်ယောက် ရှိနေပြီး သူမသည် စက်ရုံရဲ့ ကုန်ပို့ဆောင်တဲ့ ဒါရိုက်တာရဲ့ သားနှင့် ချိန်းတွေ့နေတယ်ဆိုသည့် ကောလဟာလ ထွက်နေခဲ့သည်။
ဝမ့်ရင်းသည် ကျန်းလင်းရဲ့ တည့်တိုး ပြောတတ်သည့် အကျင့်နှင့် ယှဥ်လိုက်သည့်အခါ ယန်ကျင်းက ပိုပြီး ပြဿနာ ရှာတတ်တယ်ဟု တွေးမိလိုက်သည်။
ကျန်းနာနှင့် ယန်ကျင်းက ဆက်တိုက် ဝေးကွာလာခဲ့ပြီး အမြဲတမ်းလိုလို ရုံးထဲမှာ တစ်ယောက်ကို တစ်ယောက် ယဥ်ယဥ်ကျေးကျေးပဲ ဆက်ဆံလေ့ ရှိသည်။
ယန်ကျင်းက ကြိမ်ဖန်များစွာ ကျန်းနာကို စကားပြောချင်ပုံရတာကို ဝမ့်ရင်းက ကြည့်မိခဲ့သော်လည်း ကျန်းနာက အချိန်တိုင်းလိုလို သူမကို ရှောင်နေခဲ့သည်။
ဝမ့်ရင်းသည် မနေနိုင်ဘဲ ဆေးပေးခန်းလေးထဲမှာ သက်ပြင်းချလိုက်ပြီး လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အတွေးလေးတွေ ရှိနေခဲ့သည်။
ဆောင်းတွင်း ရောက်လာသည့်အခါ နှင်းကျတဲ့ ရက်တွေက ပိုပြီး များလာခဲ့သည်။
အထူးသဖြင့် နှင်းကျပြီး ဒုတိယမြောက်နေ့မှာ ဆေးရုံက ချော်လဲထားသည့် လူနာများစွာကို လက်ခံခဲ့ရသည်။
ဒဏ်ရာ အများစုက အသေးအမွှားသာ ဖြစ်ပြီး ထုံစံအတိုင်း သူတို့က ဆူးပန်းဆီ တစ်ဗူးကို ဝယ်ပြီး သူတို့ဘာသာ လူးလိုက်ကြကာ ခြစ်ရာတွေလောက်ပဲ ဖြစ်နိုင်ချေ ရှိသည်။ လူကြီးပိုင်းတွေက အထူးတလည် ဂရုစိုက်ဖို့ လိုအပ်ပြီး လဲကျမှု တစ်ခုက ကျန်းမာရေး ပြဿနာ များစွာကို ဖြစ်ပွားသွားနိုင်သည်။
ဝမ့်ရင်းသည် မနက်ကနေ ညနေအထိ အလုပ်ရှုပ်နေရင်း သူမက ရုတ်တရက် မူးဝေသွားခဲ့သည်။
ဆရာဝန်ယန်က မြန်မြန်ပဲ သူမကို လှမ်းဆွဲလိုက်ပြီး မေးခဲ့သည်။ “မင်း ဘာဖြစ်တာလဲ။ ပင်ပန်းနေပြီလား။”
ဝမ့်ရင်းက မူးသွားခဲ့ကာ မူးနေတဲ့အတိုင်းပဲ ပြောလိုက်သည်။ “ဒါက ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။”
အရင်က အလုပ် ပင်ပန်းတာနှင့် ယှဥ်လိုက်ရင် ဒီအလုပ်က ဘာမှ မဟုတ်ပါ။ သူမရဲ့ ကျန်းမာရေးကိုလည်း လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကောင်းအောင် ထိန်းသိမ်းထားခဲ့ပြီး ဖြစ်သည့်အတွက် ဒီလို အလုပ်ရှုပ်သည့် ရက်တစ်ရက်ကြောင့် သူမက ဘယ်လိုလုပ် ဒီလို ရုတ်တရက်ကြီး မခံမရပ်နိုင် ဖြစ်သွားနိုင်ရမှာလဲ။
ဝမ့်ရင်း - “ကျွန်မ နည်းနည်း ပင်ပန်းနေလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါက အဆင်ပြေပါတယ်။ ကျွန်မ ခနလောက် ထိုင်ပြီး နားလိုက်မယ်။”
ဝမ့်ရင်းက ရုံးခန်းထဲမှာ ထိုင်ပြီး အရင်တုန်းက သူမရဲ့ အခြေအနေတွေကို စပြီး ပြန်တွေးနေခဲ့သည်။
တကယ်လို့ အဲ့မှာသာ ထူးခြားချက် တစ်ခုခု ရှိနေခဲ့ရင် သူမ ဗိုက်ဆာလို့နဲ့ နောက်ကျမှ အိပ်လို့ပဲ ဖြစ်မှာပါ။ သူမ ငရုတ်သီးတွေ ကြိုက်ပေမယ့် ရိုးရိုး စားစရာတွေကိုတော့ မကြိုက်ဘူး….
ဝမ့်ရင်းက မယုံနိုင်စွာဖြင့် သူမရဲ့ မျက်လုံးက ပြူးသွားပြီး သူမရဲ့ သွေးပေါင်ချိန်ကို မြန်မြန်ပဲ ချိန်ကြည့်လိုက်သည်။
ဝမ့်ရင်းက သူမရဲ့သွေးပေါင်ချိန်ကို လက်နှစ်ချောင်းဖြင့် တိုင်းလိုက်ပြီး ခနလောက် စောင့်ကာ အနည်းငယ် အသက်ရှူပြီး သူမရဲ့ စိတ်ထဲက စိတ်လှုပ်ရှားမှုတွေကို ထိန်းမနိုင် ဖြစ်နေခဲ့သည်။
“ဆရာဝန်ယန်၊ ကျွန်မ ဒီနေ့ တစ်ရက်လောက် ခွင့်ယူလို့ ရနိုင်မလား။ ကျွန်မ နည်းနည်း နေမကောင်းလို့ပါ။ သွေးစစ်ချက် သွားယူဖို့ ဆေးရုံကို တစ်ချက်လောက် သွားချင်လို့။”
သူတို့ရဲ့ ဆေးဌာနမှာ ဆေးစစ်ဖို့ ပစ္စည်းကိရိယာတွေ မရှိသော်လည်း တကယ်လို့ ဒီနေ့မှာ ဝမ့်ရင်းက သူမရဲ့ သွေးကို ဖောက်စစ်ဖို့ တောင်းဆိုမယ်ဆိုရင် သူမ ဆေးစစ်ချက် ရဖို့အတွက် မနက်ဖြန်အထိ စောင့်ရမည် ဖြစ်သည်။ သို့သော် သူမ မစောင့်နိုင်ခဲ့ပါ။
သူမက တော်တော်လေးကို သေချာအောင် လုပ်ချင်နေခဲ့သည်။
ဆရာဝန်ယန်ကို အဲ့ဒါကို ထူးထူးဆန်းဆန်း တွေ့ခဲ့သော်လည်း သူက သူမကို မတားဘဲ ဝမ့်ရင်းကို ခွင့်ပေးဖို့ ချက်ချင်း လက်ခံပေးခဲ့သည်။
ထို့ကြောင့် ဝမ့်ရင်း ဆေးရုံကနေ ပြန်လာသည့်အခါ သူမက အတော်လေးကို ပျော်နေခဲ့သည်။
ဒါက နှစ်လကျော်နေပြီဆိုတော့ သူမတို့ မြို့ကို ရောက်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်ရတယ်လို့ ထင်သည်။
အလုပ်ကနေ ဆင်းပြီး အိမ်ကို ပြန်ရောက်လာသည့် ရှုရွှမ်းသည် အသက်ကို ဝအောင် မရှူနိုင်ခင်မှာပဲ သူက ထိုသတင်းကြောင့် မှင်သက်သွားခဲ့သည်။
ဝမ့်ရင်းသည် နေရာမှာတင် ရုတ်တရက် မှင်သေနေပုံရတဲ့ ရှုရွှမ်းကိို ထုံးစံအတိုင်းပဲ တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူမက သူ့ကို ဆွဲကာ ပြောလိုက်သည်။ “ရှင် ဘာလုပ်နေတာလဲ။”
နောက်ဆုံးမှာတော့ ရှုရွှမ်းက တုံ့ပြန်ခဲ့သည်။ သူသည် ဝမ့်ရင်းကို ဖက်ချင်ခဲ့သော်လည်း သူ့ရဲ့ လက်ကို ပြန်ဖယ်လိုက်သည်။ သူက ခနခန တုံ့ဆိုင်းနေပြီး နောက်ဆုံးမှာတော့ သူက ဝမ့်ရင်းရဲ့ ဗိုက်ကလေးကို ထိလိုက်သည်။
“မင်း မသက်မသာ ဖြစ်နေတာမျိုးရှိလား။”
ကမ္ဘာပေါ်ကို နောက်ထပ် ဘဝသစ် တစ်ခုက ရောက်လာတော့မည် ဖြစ်ပြီး အမေတစ်ယောက်ရဲ့ အလုပ် ကြိုးစားမှုတွေက တကယ်ကို ပြင်းထန်တဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ရှုရွှမ်းရဲ့ ပထမဆုံး တုံ့ပြန်ချက်က ဝမ့်ရင်းရဲ့ အခြေအနေကို မေးဖို့သာ ဖြစ်သည်။
ဝမ့်ရင်း - “ကျွန်မ အဆင်ပြေပါတယ်။”
ကျွန်မ ဒီရက်ပိုင်းအတွင်းမှာ နည်းနည်းတော့ ပင်ပန်းတယ်ဆိုပေမယ့် အခုတော့ ကျွန်မ လုံးဝ အဲ့လို မခံစားရတော့ဘူး။
“နည်းနည်းလေး ဗိုက်ဆာနေရုံပါပဲ။”
ရှုရွှမ်းသည် သူ့ရဲ့ ဘဝမှာ ပထမဆုံးအကြိမ် စိတ်အား ထက်သန်မှုတွေကို ထုတ်ပြကာ ချက်ပေးခဲ့ခြင်း ဖြစ်သည်။ “ကိုယ် မင်း ဘာပဲ စားချင်၊ စားချင် လုပ်ပေးမယ်။”