← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 18 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 18 Ch. 209-210

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၀၉

မြည်းဥလေးက ယောက်ျားလေးတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ မိသားစုထဲမှာ ကလေးတွေ အများကြီး ရှိသည့်အတွက် သူက သိပ်အရေးမပါခဲ့ပါ။ လူကြီးတစ်ယောက်က သူ့ကို လေးလေးနက်နက် စကားလာပြောတာမျိုးတာ သူ့အတွက် ပထမဆုံး အကြိမ် ဖြစ်သည်။ သူသည် သူ့ရဲ့ အင်္ကျီထောင့်ကို ဆွဲပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ဦးလေးတို့ရဲ့ စုံစမ်းမှုကို ကူညီပေးရမှာလား။”

ရဲသားကြီး - “ဟုတ်တယ်။ မင်းမှာ ဆန္ဒရှိလားဆိုတာ ငါသိချင်မိတယ်။”

မြည်းဥလေးက ရှက်ရှက်ဖြင့် ခေါင်းငြိမ့်ပြခဲ့သည်။

ရဲသားက ဘောပင်နှင့် စာရွက်ကို ယူပြီး ပြောခဲ့သည်။ “ဟုတ်ပြီ။ ကလေး၊ ငါတို့ မေးချင်တာက မင်း ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲ။”

ကလေးကို ရှာတွေ့ပြီးကတည်းက မြည်းဥလေးကို သူ့အမေက ရိုက်ပြီး သူ့အဖေကလည်း နဖူးကို နှစ်ချက် ရိုက်လိုက်သည်။ သူက အရမ်းကို ကြောက်နေပြီး သူက စကားတစ်ခွန်း ပြောဖို့တောင် မပြောရဲဘဲ မှားသွားမှာကို စိုးရိမ်နေသည်။ နောက်ဆုံးမှာတော့ လူတစ်ယောက်က သူ့ကို ဘာလို့ ပျောက်သွားလဲဆိုပြီး မေးလာခဲ့ပြီ ဖြစ်သည်။ မြည်းဥလေးက သူ့အမေကို ကြောက်ကြောင်ဖြင့် ကြည့်လိုက်သည်။

“ငါ၊ ငါ၊ ကစားနေရင်း ရုတ်တရက်ကြီး အရမ်း အိပ်ချင်လာတယ်။ ပြီးတော့ ငါလည်း ကောက်ရိုးပုံ တစ်ခုကို တွေ့ပြီး လှဲချလိုက်တာ…. ဒါပေမယ့် ငါ ကောက်ရိုးပုံရဲ့ အနောက်ဘက်ကို မသွားခဲ့ပါဘူး။”

မြည်းဥလေးက အတော်လေး လွဲနေတာကို ခံစားမိခဲ့ရသည်။ သူတို့ အားလုံးက ပြေးတိုင်း၊ လိုက်တိုင်း ကစားနေကြတာ။ လူနှစ်ယောက်က ဖမ်းပြီး ကျန်တဲ့ လူတွေက ပြေးကုန်ကြတယ်။ ကံမကောင်းဘဲ၊ ဒီနေ့ သူ့ရဲ့ မောင်နှမ နှစ်ယောက်က သူ့ကို လိုက်ဖမ်းနေကြတော့ သူက သူနှင့် အတော်ကို ခင်သည့် ရှုတပေါင်နှင့် ပုန်းနေခဲ့သည်။ ထို့အပြင် သူက အိပ်ချင်နေခဲ့သော်လည်း တကယ်လို့ သူက ပြန်လာခဲ့ရင် သူ့ရဲ့ မောင်နှမတွေက သူ့ကို ဖမ်းမိမှာ ကြောက်နေခဲ့သည်။ ထို့ကြောင့် သူက မပြန်ခင် အချိန် အနည်းငယ်အထိ ထိုနေရာတွင်သာ နေပြီး စောင့်နေခဲ့သည်။ ထိုနည်းနဲ့မှသာ သူက နိုင်မှာ သေချာသည်။

ကောက်ရိုးပုံထဲကို ဝင်ဖို့ကတော့ သူက အဲ့လိုမျိုး မလုပ်ရဲပါ။ မိသားစု တစ်စုမှ ကလေး တစ်ယောက်က ကောက်ရိုးပုံထဲ ဝင်သွားပြီးနောက် နောက်ထပ် ဆိုးသွမ်းတဲ့ ကလေး တစ်ယောက်က ကောက်ရိုးပုံကို မီးရှို့လိုက်သည့် အကြောင်းကို လူကြီးတွေက သူ့အား ပြောပြခဲ့ဖူးသည်။ အထဲတွင် ရှိနေသည့် ကလေးက မသိလိုက်ဘဲ မီးလောင်ပြီး သေသွားခဲ့သည်။

ဒီပုံပြင်က တကယ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ကိစ္စမရှိဘဲ မြည်းဥလေးကို ကြောက်အောင် လုပ်နိုင်ခဲ့တာ သေချာသည်။ ထို့ကြောင့် သူသည် ကောက်ရိုးပုံထဲတွင် ဘယ်တော့မှ ပုန်းလိမ့်မည် မဟုတ်ပါ။ ကောက်ရိုးတွေနှင့် လုံးဝ ဖုံးနေခဲ့ရင် အပြင်ဘက်ရှိ ဘယ်သူကမှ အဲ့ဒါကို မြင်နိုင်လိမ့်မည် မဟုတ်ပါ။

ရဲက ထိုစကားကို ကြားသည့်အခါ သူ့ရဲ့ ပုံစံက မပြောင်းသွားခဲ့သော်လည်း သူ့ရဲ့ လေသံကတော့ အနည်းငယ် လေးနက်လာခဲ့သည်။

“ကောင်လေး၊ ဒီနေ့ မင်း အပြင်ထွက်ပြီး ကစားတော့ လူစိမ်းတွေ ဘာတွေများ တွေ့ခဲ့သေးလား။”

မြည်းဥလေးက ခနလောက် တွေးပြီးနောက် ပြောခဲ့သည်။ “ဟင့်အင်း၊ ငါ ဒီနေ့ ဘယ်လူကြီးနဲ့မှ မတွေ့ခဲ့ပါဘူး။”

ရဲနှစ်ယောက်က အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး သူတို့ရဲ့ စိတ်ထဲမှာ ထစ်ခနဲ ဖြစ်သွားခဲ့သည်။

တင်းကျောက်တိသည် ဘာကို ပြောလိုက်လဲဆိုတာ နားမလည်သော်လည်း သူမသည် ရဲတွေရဲ့ ပုံစံကို တွေ့သည့်အခါ မြည်းဥလေးက လိမ်နေတယ်ဟု တွေးလိုက်မိခဲ့သည်။ ထို့ကြောင့် သူမက ကလေးရဲ့ ခေါင်းကို ထပ်ရိုက်လိုက်သည်။

“ဒီကလေးကတော့၊ နင် မသွားဘူးဆိုရင် အဲ့အထဲကို နင်က ဘယ်လိုလုပ် ရောက်နေမှာလဲဟဲ့။ နင့်ကို ဘယ်သူက အဲ့ထဲ အတင်းကြီး ဝင်ခိုင်းလို့လဲ။”

မြည်းဥလေးက ငိုချလိုက်သည်။ “ငါက အမှန်တိုင်း ပြောနေတာ။ ငါ တကယ်ကို ဒီနေ့ ဘယ်သူနဲ့မှ မတွေ့ခဲ့တာပါ။”

“ငါ့ကိုပြော၊ အကုန်လုံး ငါ့ကို ပြောပြ။ ငါ့ကို မလိမ်နဲ့။”

“ငါမလိမ်ဘူးလို့….”

“နင် မလိမ်ဘူးဆို ဘာလို့ အဓိပ္ပါယ် မရှိနေရတာလဲ။ နင် တစ်ခုခု မေ့နေတာပဲ ဖြစ်ကို ဖြစ်ရမယ်။”

……

တင်းကျောက်တိက ထပ်ပြီး ရိုက်ချင်သော်လည်း ရဲသားကြီးက သူမကို တားလိုက်သည်။

“တပ်သား၊ သူ့ကို ရိုက်နေတာ ရပ်လိုက်ပါတော့။ ကလေးက လိမ်နေရင် ဒါတွေက အသုံးမဝင်ဘူး။ အဲ့မှာ တစ်ခြား အကြောင်းပြချက်တွေလည်း ရှိကောင်း ရှိနေနိုင်တယ်။”

တင်းကျောက်တိသည် သူမရဲ့ စိတ်ခံစားချက်တွေ အတက်အကျ ဖြစ်ပြီးနောက် လန့်ပြီး စိတ်ရှုပ်နေကာ ကလေးက အခြားသူတွေရဲ့ အရှေ့မှာ မသင့်တော်တဲ့ စကားတွေ ပြောမိမှာ စိုးရိမ်နေတာကို အဒေါ်လျှိုက သိနေခဲ့သည်။ ထို့ကြောင့် သူမက မြန်မြန် တားပြီး ပြောခဲ့သည်။

“ ကျောက်တိ၊ နင် ဘာတွေ လုပ်နေတာလဲ။ ကလေးက အခုလေးတင်မှ အိမ်ကို ပြန်ရောက်တာလေ။ ဘာမှ မလုပ်နဲ့တော့။ တကယ်လို့ အခုချိန် နင်ငိုနေရင် ညသန်းခေါင်ကြီး နင် သူ့ကို နှိုးသလို ဖြစ်သွားလိမ့်မယ်။”

ဆရာမာကလည်း မျက်မှောင်ကြုတ်လိုက်သည်။ “မင်း ဘာလို့ ဒါကို လုပ်နေတာလဲ။ ရဲက အခုထိ မေးခွန်းတွေ မေးလို့ မပြီးသေးဘူးလေ။”

လူကြီးတွေက စိတ်ရှုပ်နေသလို ကလေးတွေကလည်း ကြောက်နေကြတာပဲလေ။ မင်း မျက်နှာ မပျက်ရရုံအတွက်နဲ့ မင်းကလေးတွေကို နှိပ်စက်လို့ မရဘူး။

မာတလင်က အနောက်ကနေ မဝံ့မရဲ ရပ်နေခဲ့ကာ စကား မပြောရဲသော်လည်း သူမက တင်းကျောက်တိရဲ့ ဘက်ခြမ်းမှာ မသိမသာလေး ရှိနေခဲ့သည်။

မြည်းဥလေးက ငတုံးတစ်ယောက်သာ ဖြစ်ပြီး သူက ဘယ်လိုလုပ် မှတ်မိ နေမှာလဲ။ ဒီလို ကျက်သရေ မရှိတာမျိုးက သူ့ရဲ့ အဖေလိုမျိုးပဲ။

အာဏာရှိသည့် လူတွေက စကားပြောနေခဲ့ပြီး တင်းကျောက်တိက စကားကို ထိန်းပြီး ပြုံးပြကာ ပြောလိုက်သည်။ “ရန်မဖြစ်နဲ့တော့။ ရန်မဖြစ်ကြနဲ့။ ငါက စိတ်ရှုပ်နေရုံပါပဲ။”

ရဲသားကြီးက ပြောလိုက်သည်။ “ဟုတ်ပြီ၊ ကလေး၊ ငါတို့ မင်းကို ထပ်ပြီး မေးမယ်နော်။ ဒီနေ့ မင်းတို့ ဘယ်နေရာမှာ ကစားဖို့ သွားခဲ့ကြတာလဲ။”

မြည်းဥလေးက တိုင်ပြောလိုက်သည်။ “အဲ့နေရာက ငါ မကြာခဏ သွားလေ့ရှိတဲ့ နေရာပဲ။ ဟွေ့ဟွာ လမ်းကြားထဲက နေရာလွတ်ကြီး တစ်ခုမှာပဲ။ ကျွမ်းကျွမ်းနဲ့ တစ်ခြားသူတွေ အားလုံးက အဲ့မှာပဲ နေကြတာ။”

“ကျွမ်းကျွမ်းက ဘယ်သူလဲ။”

“ငါ့ရဲ့ အတန်းဖော်တွေ၊ သူ့ရဲ့ အိမ်နီးချင်းတွေ၊ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ သူ့ညီလေးတစ်ယောက်ရယ်။”

“ဟုတ်ပြီ။ မင်းတို့ အဲ့နေရာမှာ ဘယ်လောက်ကြာအောင် ဆော့ခဲ့ကြတာလဲ။”

“ခါတိုင်းလိုပဲ။ ကျောင်းဆင်းတော့ ငါတို့တွေ အပြင်ကို ထွက်ပြီး ကစားကြတာ။ အဲ့ဒါပြီးတော့ ကျွမ်းကျွမ်းရဲ့ အမေက ငါတို့ကို ညစာ စားဖို့အတွက် ခေါ်တော့ ပြန်လာခဲ့ကြတာပဲ။”

……

ရဲသားနှစ်ယောက်က မေးပြီး မှတ်တမ်းတွေ ယူကာ နောက်ဆုံးမှာတော့ နှစ်ယောက်လုံးက သက်ပြင်း ချလိုက်ကြသည်။

အဲ့ထဲတွင် အသုံးဝင်သည့် သတင်းတွေ လုံးဝ မပါလာခဲ့ပါ။

သို့သော် ဝမ့်ရင်းက တစ်ခုခု လွဲနေတယ်ဟု ခံစားလိုက်ရသည်။

“ဟုတ်ပါပြီ။ အဲ့ဒါပါပဲ။ ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ အခုတော့ ငါတို့တွေ သွားလိုက်ပါဦးမယ်။”

ရဲနှစ်ယောက်က နှုတ်ဆက်စကားပြောကာ ထွက်သွားခဲ့ကြသည်။

ရှုရွှမ်းနှင့် ချမ့်တုန်က တံခါးနားသို့ ရောက်လာသည့်အခါ သူတို့က အခုမှ အလုပ်ကနေ ပြန်ရောက်လာခဲ့ကြသည်။ ခြံထဲသို့ ရဲတွေ ဝင်လာတာကို မြင်သည့်အခါ ရှုရွှမ်းရဲ့ ရင်ထဲမှာ စို့နင့်သွားခဲ့သည်။ သူသည် ထိုလူတွေအတွက် ပတ်သက်ဖို့ ဘာလမ်းကြောင်းမှ မရှိသည့်အတွက် ပြေးဝင်သွားခဲ့သည်။

ရဲသားကြီး - “ဒါက ဘာတွေလဲ။”

ချမ့်တုန်က သူ့စိတ်ထဲကနေ သူ့တပည့်ကို ဆဲနေခဲ့သည်။ “မင်းကလည်း ရဲကို တွေ့တော့မှပဲ ထွက်ပြေးသွားတယ်။ မင်းက ကိုယ့်ဘာသာ အေးဆေး မနေဘဲ မင်းကိုယ်မင်း ညစ်ပတ်တဲ့ ရေကို လောင်းချလိုက်တာ၊ ဟုတ်တယ်မလား။”

“ငါတို့က ဒီခြံထဲမှာ နေနေတာ။ ပြီးတော့ သူ့မိန်းမက ကိုယ်ဝန်ရှိနေတာဆိုတော့ သူလည်း နည်းနည်းလေး စိုးရိမ်သွားတာ။”

ရဲတွေက ခေါင်းငြိမ့်ပြပြီး ဘာကိုမှ မပြောခဲ့ကြပါ။

ရဲတွေက ထွက်သွားပြီး ခြံဝန်းထဲရှိ အငြင်းပွားစရာက စပြီးသွားပြီ ဖြစ်သည်။

“ရှုမိသားစု၊ မင်းတို့ အားလုံးက အိမ်မှာ သေနေကြပြီလား။ ဒီကနေ ထွက်သွားကြတော့။”

“မာတလင်၊ အရမ်းကြီး ပြင်းပြင်းထန်ထန် လုပ်မနေနဲ့။ အခု ကလေးကို ပြန်ရှာတွေ့ပြီဆိုတော့ အကုန်လုံး အဆင်ပြေသွားပြီမလား။”

“ငါ သူ့ကိုတော့ တွေ့ပါပြီ။ ဒါပေမယ့် နင်တို့ရဲ့ ရှုတပေါင်က တကယ်ကို သတ္တိမရှိတဲ့သူပဲ။ ငါ ပြန်မလာသေးတာကို ငါက မြင်တော့ ငါ့ကို စကားတောင် မပြောရဲဘူးမလား။”

“နင်တို့ရဲ့ မြည်းဥလေး ပြန်မလာသေးတာကို ငါ့ရဲ့ တပေါင်က ဘယ်လိုလုပ် သိမှာလဲ။”

“နင်က ဘာတွေ ပြောနေတာလဲ။ ငါ့ရဲ့ မြည်းဥလေးကို ရှာတွေ့ပြီလားဆိုပြီး ငါ ခြံထဲမှာ ဒီလောက်ထိ အော်မေးနေခဲ့တာလေ။ နင့်ရဲ့ နားတွေထဲကို မြည်းမွှေးတွေနဲ့ စို့ထားတာလား။”

“အဒေါ်မာ၊ ဒီနေ့က ငါတို့ တပေါင်လေးရဲ့ အမှားပါ။ ငါတို့ နင့်ကို တောင်းပန်ပါတယ်။”

“သား၊ မင်း ဘာလို့ တောင်းပန်နေရတာလဲ။ ငါတို့က မိသားစုလေးမလို့ သူတို့က ငါတို့ကို အနိုင်ကျင့်နေကြတာလေ။ ဘုရားရေ၊ နင်တို့ အားလုံးက ငါတို့အပေါ်မှာ အထင်သေးနေတာကို ငါသိတယ်။ ငါတို့က ဆင်းရဲတယ်။ ပြီးတော့ ငါတို့ရဲ့ မျိုးဆက် သုံးဆက်လုံးမှာ သားတစ်ယောက်ပဲ ရှိတယ်။ နင်က ငါ့ကို အသေသတ်ဖို့ ကြိုးစားနေတာပဲ။”

မာမိသားစုနှင့် ရှုမိသားစုမှ တာဝန်ရှိသူ မိန်းမကြီးများက သူတို့ရဲ့ ခါးကို ထောက်ပြီး အချင်းချင်း ကျိန်ဆဲနေခဲ့ကြသည်။ ရှုလဲ့ ဘယ်အချိန် ပြန်လာလဲဆိုတာကို ဘယ်သူကမှ မသိကြသော်လည်း သူက အိမ်ထဲမှာတော့ မပုန်းနေခဲ့ပါ။ အဲ့အရာက ရှားပါးတဲ့ ကိစ္စတစ်ခု ဖြစ်သည်။ ထိုအစား သူက မျက်နှာပေါ်မှာ တည်ငြိမ်သော အကြည့်မျိုးဖြင့် အရှေ့မှာ ရပ်နေခဲ့သည်။

သူမရဲ့ သားက သူမရဲ့ ရန်သူကြီးကို ခါးညွန့်နေတာ မြင်သည့်အခါ အဒေါ်ရှုက အရမ်းကို ဒေါသထွက်လာသည့်အတွက် သူမက သူမရဲ့ သနားတဲ့ ပုံစံကို ပြဖို့တောင် မလုပ်ခဲ့ဘဲ ချက်ချင်း မာတလင်နှင့် ရန်ထဖြစ်ခဲ့သည်။

ဘယ်လိုလုပ် တင်းကျောက်တိက သူမရဲ့ ယောက္ခမ ခံစားနေရတာကို ကြည့်နေနိုင်ရတာလဲ။ သူမက မြည်းဥလေးကို ချပြီး သူတို့ကို ခွဲထုတ်ဖို့အတွက် စပြီး လုပ်ခဲ့သည်။

သူမရဲ့ ယောက္ခမက နေရာကနေ ထွက်သွားတာနှင့် အခုလေးတင် အိမ်ကို ပြန်လာသည့် ကျန်းယွင်က သူမရဲ့ စက်ဘီးကို နေရာထားပြီး ဆင်းလာခဲ့သည်။

“နင်က ဘယ်လိုလုပ် ငါ့ယောက္ခမကို အနိုင်ကျင့်ရဲရတာလဲ။”

သူမက လူတွေရဲ့ ဆရာမတစ်ယောက် ဖြစ်သည့်အတွက် သူမမှာလည်း ဒေါသထွက်တတ်သည်။

ချမ့်တုန်က တံခါးနားမှာ ရပ်နေခဲ့ပြီး ထိုပြဿနာထဲကို ဝင်မပါချင်ခဲ့ပါ။ သူသည် သူ့ရဲ့ အိတ်ကပ်ထဲမှာ နေကြာစေ့ရော၊ မြေပဲရော ရှာမတွေ့တော့ဘူးဟု ခံစားခဲ့ရသည်။ သူသည် ဝမ့်ရင်းနှင့် ရှုရွှမ်းသည် မကြာခင်ကမှ သူ့ရဲ့ စားစရာတွေကို ယူဖို့ ဘယ်လောက် တားထားကြောင်းကို သတိရသွားခဲ့သည်။ ထို့နောက် သူက ထိုမိသားစု နှစ်စုရဲ့ ရန်ပွဲကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။

သူသည် အမြဲလိုလို အနောက်ခြံထဲမှာသာ နေလေ့ရှိပြီး အရှေ့ခြံထဲရှိ ပြဿနာတွေထဲကို ဝင်ပါလေ့ မရှိပါ။ သို့သော် သူသည် အရင်တုန်းက ဒီလောက် ကြီးမားတဲ့ မြင်ကွင်းမျိုးကို မမြင်ခဲ့ဖူးပါ။

မာမိသားစုရဲ့ မိန်းမကြီးကို ကြည့်လိုက်ပါဦး။ သူမရဲ့ ဆံပင်တွေ အကုန်လုံး ရှုပ်ပွနေပြီ။

ကျွတ်၊ ကျွတ်။ ကျန်းယွင်ရဲ့ မျက်လုံးတွေ အကုန်လုံးက ညိုမည်းနေပြီ။ မနက်ဖြန် သူမ အလုပ်တောင် သွားနိုင်ပါ့မလားဆိုတာ ငါတော့ မသိပါဘူး။

အို၊ မစ္စရှုက လဲကျသွားပြီ။

ဟုတ်ပြီ၊ ရှုလဲ့ကလည်း လှဲချလိုက်ပြီ။ သူက သုံးစားမရတဲ့ လူတစ်ယောက်ပဲ။ သူက သူ့မိန်းမရဲ့ ရန်ဖြစ်နိုင်စွမ်းကိုတောင် မမှီဘူးပဲ။

မိသားစု နှစ်စုကြားမှာရှိတဲ့ ပြဿနာမှာ မာမိသားစုက အနိုင်ရပြီး ပြီးသွားသည်။

မာမိသားစုက လူများသည့်အတွက် သူတို့မှာ ဒီလို အခြေအနေမျိုးကို အနိုင်ယူဖို့ အခွင့်အရေးတစ်ခု ရှိသည်။

ခေါင်းပေါ်မှာ ညိုမည်းနေသည့် ဒဏ်ရာလေး တစ်ခုနှင့် မာတလင်က ဆဲဆိုပြီး ပြောလိုက်သည်။ “နင်တို့ရဲ့ တပေါင်ကို ပြောလိုက်။ ငါတို့ရဲ့ ကလေးတွေနဲ့ ဘယ်တော့မှ ထပ်ပြီး လာမဆော့နဲ့လို့။ နင်တို့က သုံးနှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ကို ကြည့်ပြီး သူ့ရဲ့ အနာဂတ်ကို ပြောနိုင်တယ်လေ။ သူ့မှာ ကောင်းတဲ့အရာ ဘာတစ်ခုမှ မရှိဘူး။”

ထိုစကားတွေက ကျန်းယွင်ရဲ့ ချက်ကောင်းကို ထိသွားတာ သေချာသည်။ ကျန်းယွင်ရဲ့ မျက်လုံးက နီရဲသွားပြီး သူမက သေလောက်အောင် ရန်ဖြစ်ချင်နေပုံ ရသည်။

စီနီယာ အုပ်ချုပ်ရေးမှူးရဲ့ မျက်နှာက ဒေါသအပြည့် ဖြစ်သွားခဲ့သည်။ သူက တကယ်ကို ရှုံ့မဲ့သွားခဲ့သည်။ အခုလေးတင် မိသားစု နှစ်စုက ရန်ဖြစ်ကြသည့်အခါ သူက အသံအကျယ်ပြီး အော်နေခဲ့တာတောင် ဒါက အလုပ်မဖြစ်ခဲ့ပါ။ သူတို့က ညမမှောင်ခင်အထိ သူ့ရဲ့ အရှေ့မှာ ရန်ဖြစ်နေခဲ့ကြသည်။ ထိုလူတွေကလည်း သူ့ကို လုံးဝ အရေးတယူ မလုပ်ခဲ့ကြပါ။

သူသည် သူတို့ရဲ့ ကလေးတွေကို ကူရှာဖို့အတွက် လူတစ်စုနှင့် သေချာ ရှာပေးခဲ့သည်။ သို့သော်လည်း သူပြန်လာတဲ့အချိန်မှာ သူ့ကို ကျေးဇူးတောင် မတင်ဘဲ ရန်ပွဲတစ်ခုကိုသာ ထိုင်ကြည့်နေခဲ့ရသည်။

“အခုကနေ စပြီးတော့ မင်းတို့ကျောင်းနဲ့ ပတ်သက်ပြီး ဘာအတွက်နဲ့မှ ငါ့ဆီ မလာကြနဲ့။ မနက်ဖြန်ကျရင် မင်းတို့ကို ခွဲဖို့ ငါ လမ်းထဲက ရုံးကို သွားမယ်။ ထောဟုန်ရင်း၊ အခုကနေ စပြီးတော့ မင်းက ကျောင်းရဲ့ တာဝန်ခံပဲ။”

အဒေါ်လျှိုက ခနလောက် ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်။ သူမသည် စီမံခန့်ခွဲရေး အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် လုံးဝကို မဖြစ်ချင်တာ ဟုတ်တယ်မလား။

ရန်ဖြစ်ပြီးတော့ မောနေတဲ့ မိသားစု နှစ်စုကို ထပ်ပြီး ကြည့်လိုက်မိတော့ သူမ ပိုပြီးတော့တောင် ပင်ပန်းသွားပြီ။

ထို့အပြင် ဆရာမာသည် မာမိသားစုနှင့် ပတ်သက်မှု ရှိသည့်အတွက် သူက သတ္တိနည်းစွာဖြင့် ချောင်းဟန့်လိုက်သည်။ သူက အနောက်ခြံမှာနေပြီး အခုဆိုရင် အနားယူလိုက်ပြီးသော်လည်း သူနှင့် တကွမ်းယွမ်က အမြဲတမ်းလိုလို အတူတူ ရှိနေခဲ့သည်။

“ဒေါသမထွက်ပါနဲ့။ အကိုကြီးရယ်။ မင်းက ဘာလို့ ဒီလူငယ်တွေကို ဒေါသထွက်နေရတာလဲ။ လာစမ်းပါ။ ငါ့မှာ ဝက်ခေါင်းသား ရှိတယ်။ ဒီနေ့ ကလေးကို ကူရှာဖို့ဆိုတာ မင်းအတွက် ခက်ခဲသွားရပြီ။ အသားလေး နည်းနည်းလောက်စားပြီး သောက်ကြရအောင်။”

သူသည် မာတလင် မိသားစုရဲ့ ချို့ယွင်းမှုအတွက် လုပ်ပေးဖို့ ရှိနေဆဲ ဖြစ်သည်။ ထို့အပြင်၊ တကယ်လို့ သူတို့ရဲ့ ဆက်ဆံရေးက ဆိုးနေခဲ့ရင်တောင် သူတို့က သွေးသားအရင်း ဆွေမျိုးတွေအဖြစ် ရှိနေဆဲ ဖြစ်သည်။

ဆရာမာက တကွမ်းယွမ်ကို ဆွဲခေါ်သွားပြီး လမ်းတစ်ဝက်လောက် လမ်းလျှောက်သွားပြီးနောက် အရိပ်မဲကြီး တစ်ခုက ရုတ်တရက်ဆိုသလို ပေါ်လာခဲ့သည်။

“သေစမ်း၊…. အဖိုးကြီးချမ့်၊ နင် ဘာလုပ်နေတာလဲ။”

ဒါက အရမ်းကို လန့်ဖို့ကောင်းတာပဲ။ တံခါးနားမှာ မကောင်းတဲ့ လူတစ်ယောက် ပုန်းနေတာမျိုး ရှိတာကို နင် မသိဘူးလား။

ချမ့်တုန်က သွေးနားထင်ရောက်ပြီး ပြုံးပြလိုက်သည်။ “ လူအိုကြီးမာ၊ ငါတို့ တွေ့ထားတာတောင် ခနလေးပဲ ရှိသေးတာ။ အနားယူပြီးတဲ့နောက်ပိုင်း မင်း ဘာတွေ လုပ်နေတာလဲ။ မင်းရဲ့ ကလေးတွေကရော မင်းကို သားသမီး ဝတ္တရား ကျေပွန်ရဲ့လား။ အခုရော မင်းသားက စားသောက်ဆိုင်မှာ ချက်ဖို့၊ ပြုတ်ဖို့ကို လေ့လာနေတုန်းလား။ သူလေ့လာနေတာကရော ဘယ်လို အခြေအနေမျိုး ရှိသေးလဲ။”

ဆရာမာက လုံးဝကို ဝေခွဲမရ ဖြစ်သွားခဲ့သည်။ “ဆရာချမ့်၊ မင်း နေမကောင်း မဖြစ်ဘူး၊ ဟုတ်တယ်မလား။ ရှေ့ရက်လောက်တုန်းကပဲ ငါတို့ အတူတူ ငါးသွားဖမ်းခဲ့တာလေ။”

“ငါတို့ မတွေ့ရတာ ကြာပြီ” ဆိုတာက မင်း ဘာကို ဆိုလိုချင်တာလဲ။ အကောင်းဆုံးက ငါတို့တွေ နေ့တိုင်း စားသောက်ဆိုင်မှာ မျက်နှာချင်းဆိုင် မတွေ့ရတဲ့အတိုင်းပဲ။

ချမ့်တုန် - “အို၊ ဒါက အရေးမကြီးပါဘူး။ လာစမ်းပါ။ အတူတူ သွားကြရအောင်၊ အစ်ကိုကျီရာ။ ငါတို့တွေ နောက်ဆုံး တွေ့ထားတာမှ သိပ်တောင် မကြာသေးဘူး။ စကားလေးဘာလေး ကောင်းကောင်း ပြောကြရအောင်။”

အဒေါ်မာ - “ငါ မင်းကို အချိန် အကြာကြီး မတွေ့ရသေးဘူးလေ။”

ချမ့်တုန် - “ဟေ့၊ သွားကြရအောင်။”

သူက အတော်လေးကို ဗိုက်ဆာနေသည့်အတွက် သူ့ရဲ့ အစာအိမ်က ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့သည်။ သူသည် ဝက်ခေါင်းသားကို ငါးရက်၊ သို့မဟုတ် ခြောက်ရက်လောက် မစားရသေးပါ။ သူသည် အခုချိန်မှာ သူ့တပည့် မအားတာကို အခွင့်အရေး ယူပြီး ပြန်ကာ သွားစားချင်နေခဲ့သည်။

သူက မှန်ကန်စွာ ခန့်မှန်းလိုက်နိုင်ပြီး ထိုအချိန်မှာ ရှုရွှမ်းက တကယ်ကို အချိန် မပေးနိုင်ခဲ့ပါ။

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၂၁၀

သူက ခြံထဲကို ပြေးဝင်သွားပြီး ဝမ့်ရင်းက ဘေးနားမှာ ရပ်နေတာကို တွေ့လိုက်ရသော်လည်း သူက စိတ်သက်သာရာ မရဘဲ သူမကို အတင်း အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။

ဝမ့်ရင်းက ငိုရမလား၊ ရယ်ရမလားဆိုတာ မသိတော့ပါ။ “ဒါက ဘာမှ မဟုတ်ပါဘူး။ ကျွန်မက ပျော်စရာတွေကို ကြည့်ချင်ရုံပါပဲ။”

ရှုရွှမ်း - “အခု မင်းက ကိုယ်ဝန်ရှိနေတာလေ။ ဒီလို ပျော်စရာ ကိစ္စမျိုးကို ဝင်မပါတာက ပိုကောင်းပါတယ်။”

ဉာဏ်ကောင်းတဲ့ လူတွေက အဆင်ပြေကြသည်။ အကြောင်းမှာ သူတို့က ဘယ်ဟာက အရေးကြီးလဲ ဆိုတာကို သိကြသည်။ သို့သော် တုံးအတဲ့ လူတွေက အဆိုးဆုံး ဖြစ်သည်။ သူတို့ ဒေါသထွက်ပြီး စတင် ရန်ဖြစ်ကြသည့်အခါ သူ ဘယ်ဘက်ကနေ ပါမှာလဲ ဆိုတာကို ဘယ်သူကမှ မပြောနိုင်ပါ။

ဝမ့်ရင်းက အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။ “ သူတို့ ရန်ဖြစ်ကြဦးမှာလား။”

ရှုရွှမ်း - “…အခုတော့ မဟုတ်သေးပါဘူး။”

ဝမ့်ရင်း - “ကျွန်မ အပြင်ကို မထွက်ပါဘူး။ ပြတင်းပေါက် ဖွင့်ပြီး အထဲကနေ ထိုင်ကြည့်နေတာ။”

ရှုရွှမ်း - ……

ဝမ့်ရင်းက မတည်မငြိမ် လုပ်ခဲ့သည်။ “ကျွန်မ တကယ်ကို အပြင် မထွက်ပါဘူးလို့ဆိုနေမှ။ အပြင်ဘက်မှာက အေးနေတာလေ။ ကျွန်မလည်း အပြင်မှာ ထပ်ပြီးလည်း မနေချင်ပါဘူး။ ကျွန်မက ပြတင်းပေါက်နားမှာ ရပ်ပြီး ကြည့်နေရုံပါပဲ။”

ရှုရွှမ်းက အင်တင်တင်နှင့် သဘောတူလိုက်သည်။ “ကြည့်ရုံပဲ ကြည့်နေနော်။ နောက်တစ်ခါ သူတို့ စကားများတဲ့အခါကျရင် အရှေ့ကနေ မသွားနဲ့။”

ဒီပြဿနာက ကလေးတစ်ယောက်ကြောင့် ဖြစ်ရတာကို သူ ကြားထားပြီး ဖြစ်ကာ နောက်ပိုင်း ထိုမိသားစု နှစ်စုကြားရှိ ဆက်ဆံရေးက အဆင်မပြေတော့မှာကို စိုးရိမ်နေသည်။

ဝမ့်ရင်းက ဗျာများကာ ခေါင်းကို ငြိမ့်လိုက်သည်။ “ကျွန်မကို ကြည့်ခွင့်ပေးနော်။”

ရှုရွှမ်းက သူမအတွက် ခုံအမြင့် တစ်လုံးကို ပြတင်းပေါက်နားသို့ ရွှေ့လိုက်ပြီး သူ့ရဲ့ အနွေးထည်ကို ချွတ်ကာ သူမကို ယုန်မွှေးဖြင့် လုပ်ထားသော စောင်ဖြင့် ပတ်ပေးလိုက်သည်။ ထို့နောက် သူမကို ပြတင်းပေါက်နားမှာ လုံခြုံစွာ နေရာ ချထားပေးလိုက်သည်။

"ကိုယ် မီးလင်းဖိုကို အပူပေးပြီး ချက်လိုက်ဦးမယ်။"

ဝမ့်ရင်းက ငေးကြည့်နေခဲ့သည်။ “အာ့၊ အို့၊ ဘုရားရေ….”

အပြင်ဘက်ရှိ ရန်ပွဲ ပြီးသွားသည့် အချိန်မှာပဲ ရှုရွှမ်းရဲ့ စားစရာတွေက အဆင်သင့် ဖြစ်သွားပြီ ဖြစ်သည်။

ဝမ့်ရင်းသည် နေ့လည်တုန်းက စားသောက်ဆိုင်မှာ စားပြီးပြီ ဖြစ်သော်လည်း အခုဆိုရင် သူမက အရမ်းကို မြန်မြန် ဗိုက်ဆာနေပြီ ဖြစ်သည်။ ပုံမှန်ဆို သူမက တစ်နေ့ကို လေးနပ်လောက် စားပြီး သူမ အလုပ်ကို သွားသည့်အခါ သူမရဲ့ အိတ်ကပ်ထဲတွင် သကြားလုံးနှင့် ဘီစကွတ်တွေတောင် ရှိနေခဲ့သည်။

ရှုရွှမ်းက ကြက်ဥကို မှိုမဲ၊ မုန်လာဥနီ၊ ပဲကြာဇံ နည်းနည်းဖြင့် မွှေကြော်ထားသည်။ ထည့်ထားသည့် ငရုတ်သီးကလည်း ဟင်းပွဲကို အရသာ စူးစူးနှင့် အစပ်အနံ့ မွှေးနေခဲ့သည်။ အဓိက စားစရာက ဝဥ ပေါက်စီကို နို့အရသာဖြင့် လုပ်ထားခဲ့သည်။

သူတို့ နှစ်ယောက်က ဆေးစစ်ဖို့ ဆေးရုံကို သွားပြီး တကယ်လို့ အခြေအနေတွေက အဆင်ပြေခဲ့ရငအ သူတို့က သူတို့ရဲ့ စားစရာတွေကို သုံးလေးမျိုး ခွဲစားသင့်တယ်ဟု ဆရာဝန်က ပြောထားခဲ့သည်။ ထို့အပြင် အခုဟာက ဆောင်းတွင်းဖြစ်ပြီး လတွေ အများစုက ချမ်းစိမ့်နေခဲ့သည်။ တစ်ချိန်လုံး ဂေါ်ဖီနှင့် မုန်လာဥတွေကို စားနေရတာက ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် မကောင်းပါ။ ဆရာဝန်ရဲ့ အကြံပေးမှုအရ ရှုရွှမ်းသည် ဝမ့်ရင်းရဲ့ စားသောက်မှုကို ခွဲပေးဖို့ နည်းလမ်းများစွာကို တွေးနေခဲ့ရသည်။

သူတို့ မြို့ကို သွားသည့်အခါ သူတို့က အရွက်ခြောက် အချို့၊ မှိုခြောက်နှင့် ကြက်ဥများကို ယူလာခဲ့ကြသည်။ သို့သော် ဒီနှစ်မှာတော့ ချဥ်ဖက်နှင့် ဂေါ်ဖီထုပ်ချဥ် အများကြီး မရှိဘဲ တစ်မျိုးကို တစ်အိုးတည်းသာ ရှိသည်။

ယုတ္တိရှိရှိ ပြောရရင် ထိုလက်မှတ် အမျိုးအစားက မလွယ်သော်လည်း ရှုရွှမ်းက ရှားပါးသည့် လက်မှတ်များကို စုဖို့အတွက် ဖြစ်နိုင်သည့် နည်းလမ်း အားလုံးကို ကြိုးစားနေဆဲ ဖြစ်သည်။

သူသည် လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ မြေပဲနှင့် နှမ်းစေ့တွေကို လဲခဲ့ပြီး သကြားညိုနှင့် အနီရောင် စွံပလွံသီးတွေကိုလည်း ဝယ်လာခဲ့သည်။ မကြာသေးခင်က ကြာရိုးနှင့် ဝဥတွေကို စားသောက်ဆိုင်သို့ လာပို့ထားပြီး ရှုရွှမ်းက သူ့ရဲ့ စိတ်မရှည်မှုကို ထပ်ပြပြီး ဘယ်စက်ရုံက ပို့ဖို့အတွက် တာဝန်ရှိလဲဆိုတာကို မေးခဲ့သည်။

သူသည် တိတ်တဆိတ်ဖြင့် မှောင်ခိုစျေးထဲကို မကြာခန သွားပြီး သူ့ရဲ့ ဆရာကို မေးလိုက်သည်။ ချမ့်တုန်သည် သူ့ရဲ့ တပည့်ကို အဲ့ဒါတွေ ရှာပေးဖို့ ကူညီပေးခဲ့သည်။ နောက်ဆုံးမှာတော့ သူသည် ဝဥနှင့် ကြာရိုးတွေကို အိမ်မှာ အများကြီး သိမ်းဆည်းထားခဲ့သည်။

ရှုရွှမ်းသည် ဝဥက စားလို့ကောင်းတယ်ဆိုတာကို ကြားထားသည်။ အထူးသဖြင့် ဝမ့်ရင်းသည် နောက်ကျမှ အရမ်း စားလေ့ရှိသည်။ ဝမ့်ရင်းက အဲ့ဒါတွေ စားပြီး အစာမကြေ ဖြစ်မှာကို စိုးရိမ်ပြီး သူက ဝဥကို ပေါက်စီနှင့် ပေါင်းပြီး လူတစ်ယောက်ကို နို့တစ်ပုလင်း သွားယူဖို့တောင် ပြောခဲ့သည်။ နို့နှင့် ပေါက်စီတွေက အရမ်းကို ချိုပြီး ထိုအနံ့က ဘေးနားရှိ ကလေးတွေကို မျက်ရည်ဝဲအောင် လုပ်နေခဲ့သည်။

ဝမ့်ရင်းသည် နို့အရသာ ဝဥပေါက်စီကို အစပ်ကြော်ထားသော ဟင်းပွဲများနှင့် စားပြီးနောက် သူမရဲ့ ညလယ်စာကို ပျော်ရွှင်စွာ စားလိုက်ပြီ ဖြစ်သည်။

အပြင်ဘက်ရှိ အခြား မိသားစုတွေကလည်း ငြိမ်သွားကြပြီ ဖြစ်သည်။ ရှုမိသားစုက ဆဲဆို စောင်းပြောနေကြသည်။ ထိုအချိန်မှာ မာမိသားစုက မြည်းဥလေးကို ဆူနေခဲ့သည်။ လျှိုမိသားစုကတော့ အဆင်ပြေသည်။ လျှိုကျီကောနှင့် လျှိုကျီယွမ်တို့က တစ်နေ့လုံးနီးပါး လိုက်ရှာဖို့ ကူညီပေးထားခဲ့ရပြီး သူတို့ ပြန်လာချိန်မှာ အတော်ကို ပင်ပန်းနေပြီ ဖြစ်သည့်အတွက် ရေချိုးကာ စောစောစီးစီး အိပ်ရာ ဝင်ခဲ့ကြသည်။

ဝမ့်ရင်းက ဆေးကြောပြီး ရှုရွှမ်းနှင့်အတူ လှဲပြီး အိပ်ရာ ဝင်ချိန်တွင် ဝမ့်ရင်းက အိပ်မရခဲ့ပါ။

သူမက ရှုရွှမ်းရဲ့ လက်မောင်းပေါ်မှာ ဟိုလှိမ့်ဒီလှိမ့် လုပ်နေခဲ့သည်။ “ကျွန်မတော့ တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်။”

ရှုရွှမ်း - “ဘာကိုလဲ။”

ဝမ့်ရင်းမှ တိုးတိုးလေး ပြောလိုက်သည်။ “ဒီနေ့ ကလေး ပျောက်သွားတဲ့ ကိစ္စက ထူးဆန်းတယ်လို့ ရှင်ရော မထင်ဘူးလား။”

သူမက လက်ချောင်းတွေကို ချိုးပြီး ရေတွက်နေခဲ့သည်။ “ကလေးက ဘယ်လောက်ပဲ အိပ်ချင်နေပါစေ၊ သူတို့က အဲ့လိုတွေ အိပ်ငိုက်မှာတော့ မဟုတ်ဘူး။ သူတို့က လမ်းဘေးမှာ ဒီတိုင်းကြီး အိပ်ပျော်သွားတာ။ အဲ့လိုမျိုးက ဖြစ်နိုင်လို့လား။ ပြီးတော့ ဘာလို့ လူတစ်ယောက်က သူ့ကို ကောက်ရိုးပုံရဲ့ အနောက်မှာ သွားထားရတာလဲ။ သူတို့က တကယ် ကြင်နာနိုင်လို့လား။ ဘယ်လို ကြင်နာတဲ့ နှလုံးသားရှိနဲ့သူက အဲ့လိုမျိုး လုပ်မှာလဲ။ ဘေးမှာ တစ်ခြားအရာတွေကို တင်တာမျိုးက တကယ်လို့ ကျွန်မတို့သာ တစ်ယောက်ယောက်က လမ်းပေါ် အိပ်ပျော်နေတာကို မြင်ရင် ကျွန်မတို့ ပထမဆုံး လုပ်မယ့်အရာက ကလေးကို နှိုးမှာပဲ မဟုတ်ဘူးလား။ ဒါမှမဟုတ်လည်း တကယ်လို့ အဲ့မှာ တစ်ခုခု မှားနေတာမျိုး ရှိတယ်ဆိုရင် ကျွန်မတို့က ရဲကို ခေါ်တာ၊ ဒါမှမဟုတ် ကလေးကို ဆေးရုံဆီ ခေါ်သွားမှာ၊ ဟုတ်တယ်မလား။”

ရှုရွှမ်းသည် သူတို့ စားနေကတည်းက ဝမ့်ရင်းရဲ့ ဒီကိစ္စ တစ်ခုလုံးအပေါ် ဖြေရှင်းချက်ကို နားထောင်ပြီး ဖြစ်ကာ သူမရဲ့ ပုခုံးကို အသာလေး ပုတ်ပေးလိုက်သည်။ “ဒါပေမယ့် ရဲတွေကလည်း ဘာကိုမှ ရှာမတွေ့ဘူးလေ၊ ဟုတ်တယ်မလား။”

ဝမ့်ရင်းက ပိုပြီးတော့တောင် အံ့ဩသွားခဲ့သည်။ “ရဲတွေ ရောက်လာတာကိုက ထူးဆန်းနေတာ။”

သူမ မာတလင်ကို ရဲရှာဖို့ ပြောခဲ့ပြီး အရင်ဆုံး သူမက သူတို့ဆီ စာရင်းသွင်းကာ မြန်မြန်လာမယ်လို့ မထင်ထားခဲ့ပါ။ ထို့အပြင် အခုချိန်မှာ ကလေး တစ်ယောက်ကို ပျိုးထောင်ရတာက အရင်ကနှင့် မတူတော့ပါ။ မြို့မှာရှိသည့် ကလေးတွေက နေရာတိုင်း လျှောက်ပြေးပြီး ထိန်းချုပ်ဖို့ ခက်ခဲသည်။ ကလေး တစ်ယောက်က သူတို့ဘာသာ ပျောက်သွားနိုင်ခြေက အတော်လေး များသည်။ မာတလင် ရောက်လာတာနဲ့ ရဲတွေက ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ။

ရဲတွေရဲ့ ဖိအားက အခုထက် ပိုပြီး အဆင်မပြေလာပါ။ ခရိုင်ရှိ တစ်ခုတည်းသော ရဲစခန်းမှာ ရဲက လေး၊ ငါးယောက်သာ ရှိသည်။ လူတွေမှာ ပြဿနာ ရှိသည့်အခါ သူတို့က စက်ရုံကိုသာ သွားကြလိမ့်မည် ဖြစ်သည်။ လူအနည်းငယ်ကသာ ရဲစခန်းကို သွားကြသည်။

ဝမ့်ရင်းက သေသေချာချာ သိနေခဲ့သည်။ “အဲ့မှာ တစ်ခုခု မှားနေတာ ဖြစ်ကို ဖြစ်ရမယ်။”

စားစရာတွေ ဆွဲသွားသလို အချို့သော အရာတွေက ဖုံးကွယ်ထားတယ်ဟု ရှုရွှမ်းကို ဝမ့်ရင်းက အသေးစိတ် ရှင်းပြထားခဲ့သည်။ “ဆေးက ကုပြီး အသက်တွေကို ကယ်တင်နိုင်ပေမယ့် အချို့အရာတွေက မှားသွားရင် အရမ်း အန္တရာယ် များလိမ့်မယ်။ ဥပမာ၊ တကယ်လို့ လူတစ်ယောက်က ကလေးကို သကြားလုံးတွေ ပေးမယ်ဆိုရင် အဲ့ထဲမှာ ဘာတွေပါလဲဆိုတာ ရှင်လည်း သိမှာမှ မဟုတ်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ မြည်းဥလေး အိပ်ငိုက်တာက ပုံမှန်တော့ မဟုတ်ဘူး။”

ရှုရွှမ်းက သူမရဲ့ လက်ကို ကိုင်လိုက်သည်။ “အဲဲဒါကို မင်းရဲ့ စိတ်ထဲမှာပဲ ထားထား။ ရဲတွေဆီကိုတော့ မသွားနဲ့။”

လူတွေကို ပြန်ပေးဆွဲတဲ့သူတွေက တစ်ခြား ရာဇဝတ်သားတွေနဲ့ ဘာမှ မကွာဘူး။ တကယ်လို့ သူတို့ကို တစ်ခါထဲ မဖမ်းနိုင်ဘဲ တစ်ယောက်၊ နှစ်ယောက်လောက် အပြင်ကို လွတ်သွားမယ်ဆိုရင် သူတို့တွေက ပြန်ပြီး လက်တုံ့ပြန်လိမ့်မည်။

ဝမ့်ရင်းက ပျင်းရိနေတဲ့ပုံ ဖြစ်သော်လည်း ကိစ္စတွေ ကြီးကြီးမားမား ဖြစ်လာသည့်အခါ အဲ့ဒါတွေက အမြဲလိုလို ပုံမှန်မဟုတ်သည့် အရာတွေ ရှိတာကို ရှုရွှမ်းက သိနေခဲ့သည်။ ဥပမာ၊ တပ်မဟာထဲတွင် မူလတန်းကျောင်း ဖွင့်တုန်းကလည်း အရှေ့သို့ ထွက်ရတာ မကြိုက်သည့် သူမက အရှေ့ကနေ ဦးဆောင်ပြီး အဲ့ကိစ္စကို ဖြစ်အောင် လုပ်ခဲ့သည်။

နောက်ပိုင်းမှာတောင် သူတို့က ဆေးဖက်ဝင် အပင်များကို စတင် စိုက်လာသည့်အခါ ရှုရွှမ်းသည် သူ့ရဲ့ မိန်းမက ရွာရဲ့ မူလတန်းကျောင်း ဝင်ခွင့် နည်းနေတာကို သူမက စိတ်ခွန်အား ပေးလာခဲ့ပြီး လူတိုင်းရဲ့ ဝင်ငွေ တိုးလာအောင် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးစားခဲ့သည်။ သူတို့ တပ်မဟာကနေ ထွက်လာသည့် အချိန်မှာ ခုနစ်ခုမြောက် တပ်မဟာထဲရှိ ကလေးတိုင်းက ကျား၊ မ မရွေး ကျောင်းကို တက်ကြရသည်။

လက်ဆောင်တွေ မပေးသည့် ဘယ်သူမဆို ဝေဖန်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။

ခုနစ်ခုမြောက် တပ်မဟာက ဆေးဖက်ဝင် အပင်တွေကို စိုက်ပျိုးရင်း ပိုက်ဆံရှာတာဖြစ်ကြောင်း လူတိုင်းက သိနေခဲ့သည်။ ကလေး တစ်ယောက်စီတိုင်းက ကျောင်းကိုသွားဖို့ တစ်ယွမ်ဆီ ရကြပြီး သူတို့က စာရွက်နှင့် ဘောပင်တွေကို ရကြမည် ဖြစ်သည်။ ကလေးတွေကို ကျောင်းသို့ သွားခွင့်မပေးတဲ့ လူတွေကလည်း ရှိနေသေးသည်။ သူတို့က အတော်လေး ရက်စက်တာ သိသာသည်။

စုပေါင်းပြီး ပြောရရင် ရှုရွှမ်းသည် ဝမ့်ရင်းရဲ့ စိတ်က အတော်ကို ကြင်နာတတ်သည့် လူတစ်ယောက် ဖြစ်တယ်ဆိုတာကို အမြဲတမ်း ခံစားမိခဲ့သည်။ သူမက ကိုယ့်ကျင့်တရားကောင်းသည့် လူတစ်ယောက်နှင့် တွေ့သည့်အခါတိုင်း သူမရဲ့ လုပ်ရည်ကိုင်ရည်ဖြင့် ထိုလူကို ကူညီပေးပုံရသည်။

ရှုရွှမ်း - “တကယ်လို့ မင်း ဒီကိစ္စကို ဂရုစိုက်ချင်ရင် နောက်ပိုင်း အဲ့ဒါကို ကိုယ်လုပ်ပေးမယ်။ မင်း အဲ့ဒါကို သွားပြောဖို့ မလိုဘူး။”

ဝမ့်ရင်းက သူ့ကို ပုတ်ပြီး ပြောလိုက်သည်။ “ရှင်က တကယ်ကို အရမ်း တွေးနေတာပဲ။ ကျွန်မက အဲ့လို ဂရုမစိုက်တဲ့သူမျိုး မဟုတ်ပါဘူး။ ကျွန်မက ဒါကို ရှင်နဲ့ ဆွေးနွေးကြည့်ရုံပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်မက အဲ့ဒါကို အဖြေရှာလို့ မရလို့။”

“ကြည့်လိုက်လေ။ ဒါက အရမ်း ထူးဆန်းတဲ့ အရာတစ်ခုပဲ။ အဒေါ်လျှိုက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မြို့ထဲမှာ ကလေးတစ်ယောက် ပျောက်သွားတယ်ဆိုပြီး ပြောတယ်။ ပြီးတော့ အဲ့ကိစ္စကလည်း အခုထိ မဖြေရှင်းရသေးဘူး။”

“အဲ့နှစ်ယောက်က အဆက်အသွယ် ရှိနေလားဆိုတာ ကျွန်မ သိချင်မိတယ်။”

ရှုရွှမ်း - “မင်းက ဒီတစ်ခေါက် ကလေးကို လူတစ်ယောက်က ပြန်ပေးဆွဲချင်နေတယ်ဆိုပြီး တွေးနေတုန်းပဲ၊ ဟုတ်တယ်မလား။”

ဝမ့်ရင်းက တုံ့ဆိုင်းနေဟန်ဖြင့် ခေါင်းငြိမ့်ပြခဲ့သည်။ “ဒါပေမယ့် နောက်ဆုံး အဲ့လူက ဘာလို့ လက်လျှော့လိုက်လဲဆိုတာ ကျွန်မလည်း နားမလည်တော့ဘူ”

ရှုရွှမ်းက ခနလောက် တွေးပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရဲတွေ ရောက်လာတော့ မြည်းဥလေးက တစ်ယောက်ယောက်နဲ့ တွေ့ခဲ့လားဆိုပြီး ရဲတွေက မေးတယ်ဆိုပြီး မင်း ပြောတယ်။ ပြီးတော့ မြည်းဥလေးကလည်း မတွေ့ခဲ့ဘူးတဲ့။ အဲ့ဒီ့တော့ အဲ့လူက လူကြီးတစ်ယောက် မဟုတ်ဘဲနဲ့ ကလေးတစ်ယောက်များ ဖြစ်နေနိုင်မလား။”

ဝမ့်ရင်းက နွေးထွေးသည့် အိပ်ရာထဲတွင် ရှိနေသော်လည်း သူမက ကြက်သီးတွေ ထလာခဲ့သည်။

“မင်း ပြောချင်တာက….. မြည်းဥလေးနဲ့ ဆော့နေတဲ့ ကလေးတွေကိုလား။”

ရှုရွှမ်း - “ကြည့်လိုက်ဦး။ ကိုယ်တို့တွေ ဒါကို မထင်ထားခဲ့ဘူး။ မြည်းဥလေးက တစ်ချိန်လုံး ကလေး နည်းနည်းလေးနဲ့ပဲ ဆော့နေတယ်ဆိုပြီးပဲ ပြောခဲ့တာ။ အဲ့ဒါအပြင် အဲ့ကလေးတွေက ငါတို့ရဲ့ ခြံထဲက ကလေးတွေပဲ။ အဲ့မှာ ကျွမ်းကျွမ်းနဲ့ သူ့ရဲ့ သူငယ်ချင်းတွေလည်း ရှိနေတာတဲ့။ ကလေးတွေက သူတို့ ဆော့နေတဲ့ အချိန်မှာ သူတို့ ဘယ်ကနေ ရောက်လာကြလဲဆိုတာလည်း မမေးခဲ့ကြဘူး။ တကယ်လို့ သူတို့ထဲမှာရှိတဲ့ ကလေးတစ်ယောက်က ကလေး အချင်းချင်း လုပ်တာဆိုရင်တော့ ဒါက ပြဿနာကြီး တစ်ခုတော့ မဟုတ်ဘူး။ မြည်းဥလေးက အဲ့ဒါကို စိတ်ထဲမှာ မထားခဲ့ဘူး။ ကလေးတွေက အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် စားစရာတွေ ဝေမျှပေးဖို့ဆိုနာ မခက်ခဲတဲ့ အရာတစ်ခုပဲ။ မြည်းဥလေး ပင်ပန်းတဲ့အခါ ကလေးတွေက သူ့ကို ဖွက်ထားခဲ့တာ။ ကလေးတွေ အားလုံး အိမ်ကို ပြန်သွားကြသည့်အခါ လူတစ်ယောက်က ကလေးကို အဝေးသို့ ခေါ်သွားခဲ့တယ်။ အဲ့တစ်ခုခု အကြောင်းကို ဘယ်သူမှ မသိလိုက်တဲ့ပုံပဲ။”

ဝမ့်ရင်းက ဆက်ခနဲ ဖြစ်သွားခဲ့သည်။ “အံသြစရာ မရှိဘူး။ မအံ့ဩတော့ဘူးယ ကလေး တစ်ယောက်က ကောက်ရိုးပုံအကြောင်းကို ပြောပြီးတဲ့နောက်မှပဲ လူတွေက သွားရှာခဲ့ကြတာ။ ဒါက အဲ့ကလေးပဲ ဖြစ်လိမ့်မယ်။”

ဝမ့်ရင်းက ရှုရွှမ်းရဲ့ လက်ကို ဆွဲပြီး ပြောလိုက်သည်။ “ရှင်ရော ကျွန်မရော ဒီကိစ္စထဲကို ဝင်ပါဖို့ မလိုဘူး။ ရဲစခန်းမှာ အဆက်အသွယ်တွေ ဘာတွေများ ရှိလားဆိုတာ ရှင့်ရဲ့ ဆရာကို မေးလိုက်။ ပြီးရင် တိတ်တိတ်လေး ဒီအကြောင်းကို ပြောပြလိုက်။ ဒါကို မကြာခင်မှာ လုပ်ဖို့တော့ လိုတယ်။”

ဝမ့်ရင်းက သူမရဲ့ ဗိုက်လေးကို ကိုင်လိုက်သည်။ “တကယ်လို့ ဒါ အရင်ကတည်းက ဖြစ်ခဲ့တယ်ဆိုရင် ကျွန်မ အရှေ့ကို ထွက်လာပြီး အဲ့အကြောင်း ကျွန်မကို လာပြောရင်တောင် ကျွန်မ နောက်ဆုတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့မှာလည်း ကလေး တစ်ယောက် ရနေပြီပဲကို။ ဒီလူတွေက သူတို့ ဘယ်လောက် ယုတ်မာ၊ ရက်စက်လဲဆိုတာ ပြဖို့ ဒီလို နှလုံးသား မရှိတဲ့ ကိစ္စမျိုးအတွက် ကလေး တစ်ယောက်ကို လူတွေက အသုံးချနေတယ်ဆိုပြီးပဲ တွေးကြည့်လိုက်။ အဲ့ဒါအပြင် သူတို့က ကလေးကို ဒီအချိန်မှာ ပြန်ပေးမဆွဲဘူးဆိုတော့ သူ့ကို ဖမ်းဖို့ အခွင့်အရေးက သိပ်မရဘူး။ ကျွန်မတို့တွေ စွန့်စားမှု မလုပ်နိုင်ဘူး။ ဆရာ့ကို အကူအညီတောင်းပြီး ဒီသတင်းကို လက်ဆင့်ကမ်းပေးလိုက်။ ကျွန်မတို့ ကြားထဲမှာ ရှိနေမှာတော့ မဟုတ်ဘူး။”

ထို့နောက် ဝမ့်ရင်းက တစ်ဖက်လူသည် ကလေးကို ပြန်ပေးဆွဲဖို့ လက်လျှော့လိုက်တာကလည်း ထူးဆန်းနေတယ်ဟု ဝမ့်ရင်းက မပြောပြခဲ့ပါ။

ကလေးကို လိုက်ရှာနေတဲ့ လူတွေက သူ့ကို ရှာမတွေ့တာကို သူတို့က ဘာလို့ လက်လျှော့ခဲ့တာလဲ။

ဒါဟာ လူတစ်ယောက်က ရဲတွေကို ခေါ်လိုက်လို့များလား။

အဲ့ဒါဆို သူတို့က ဒါကို ဘယ်လိုလုပ် သိသွားကြတာလဲ။ ရဲစခန်းထဲမှာ သူတို့ သူလျှို ထားထားသည့် လူတစ်ယောက် ရှိနေတာလား။ ဒါမှမဟုတ် သူတို့မှာ သတင်းရတဲ့ အခြား အကြောင်းအရင်းတွေများ ရှိနေလို့လား။

ဒါတွေ အားလုံးကို မသိဘူးဆိုပေမယ့် ဒါက အံ့သြဖို့ လုံလောက်နေခဲ့သည်။

ရှုရွှမ်းက တကျည်ကျည် လုပ်နေခဲ့သည်။ “မပူပါနဲ့။ ဆရာ့ရဲ့ အဆက်အသွယ်တွေက မင်းထင်တာထက် ပိုပြီးတောင် ကြီးသေးတယ်။ မနက်ဖြန် အလုပ်မှာ ကိုယ် ဒီအကြောင်း ဆရာ့ကို ပြောလိုက်မယ်။ သူက စိတ်ချရတဲ့ ဖြေရှင်းချက် တစ်ခုကို ရှာပေးမှာ သေချာတယ်။”

ဝမ့်ရင်းက စိတ်သက်သာရာရပြီး သက်ပြင်း ချလိုက်သည်။ “မကြာခင် ပြန်ပေးသမားတွေကို ဖမ်းမိဖို့ ကျွန်မတော့ မျှော်လင့်တယ်။”

အဲ့လိုမှ မဟုတ်ရင် သူမရဲ့ ကလေးကို မွေးပြီးတဲ့နောက် အမြဲတမ်း စိုးရိမ်နေရမည် ဖြစ်သည်။

All Chapters